အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း ၂၁ ငါ ဘယ်သူလဲဆိုတာ မင်းသိလား
ချူရွှမ်း၏ အမူအရာမှာ ရိုင်းပျလွန်းလှသဖြင့် ချီချ င်းရွှေ၏ စိတ်ထဲတွင် မနှစ်မြို့မှုများ ဖြစ်ပေါ်လာသ ည်။
သို့သော်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိ သူပီပီ ထိုမကျေနပ်မှုအား နှလုံးသားထဲ၌သာ မြိုသိ ပ်ထားပြီး မျက်နှာပြင်ထက်သို့ အရိပ်အယောင်မျှပ င် မထွက်ပေါ်စေခဲ့ပေ။
ယန်ကွမ်းမှာမူ သူမနှင့် မတူပေ။မဖိတ်ခေါ်ဘဲ ရော က် လာရုံမျှမက အခန့်သား ဝင်ထိုင်လိုက်သည့် ထို လူအား ကြည့်ကာ ပြန်ဖြေလိုက်၏။
"ကျွန်တော့်က ကျေးလက်တောရွာက သာမန် ဆရာ ဝန်လေးတစ်ယောက်ပါပဲ..ခင်ဗျားကရော ဘာများ လုပ်ကိုင်ပါသလဲ…."
"ဟမ့် ရွာက ဆရာဝန်တဲ့လား.."
ချူရွှမ်းမှာ ခဏမျှ မှင်သက်သွားပြီးနောက် နှာခေါင် းရှုံ့၍ လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
"ဒါကို အသက်မွေးဝမ်းကျောင်း အလုပ်လို့ ခေါ်နိုင် သေးတာလား..တကယ့်ကို ရယ်စရာကောင်းလှချည် လားကွာ..ဟားဟားဟား..”
ချီရင်ရွှေးသည် ထိုစကားကို ကြားသောအခါ ဆက် လက်၍ သည်းမခံနိုင်တော့ဘဲ ကြားဖြတ်ပြောလိုက် ၏။
"ချူရွှမ်း..နင် အဲ့လို မပြောပါနဲ့..ယန်ကွမ်းရဲ့ ဆေး ကုသမှုက တကယ်တော်တယ်ဟ..”
"ရပါတယ် အစ်မချင်းရွှေ... ဒီကိစ္စ ကျွန်တော့်ကိုပဲ လွှတ်ထားလိုက်ပါ.."
ထိုသို့ လိုက်ပြီးနောက် ချူရွှမ်း၏ လှောင်ပြောင်မှု များ ပြည့်နှက်နေသည့် မျက်နှာကို စိုက်ကြည့်ကာ တည်ငြိမ်စွာပင် ယန်ကွမ်း ပြန်ပြောလိုက်သည်။
"ကျွန်တော်နဲ့ ခင်ဗျားနဲ့က ခင်မင်ရင်းနှီးမူ ရှိလို့လား”
ချူရွှမ်းက ပြန်ဖြေလိုက်၏။
"မင်းကို ငါက သိတောင် မသိတာ..ဘယ်လိုလုပ်ပြီး ခင်မင်ရမှာလဲ.."
"အဲဒါပေါ့... ခင်လည်း မခင်ဘဲနဲ့ ကျွန်တော့်အပေါ် ဘာလို့ ဒီလောက်တောင် ရိုင်းစိုင်းနေရတာလဲ.."
ယန်ကွမ်းက အေးချမ်းစွာ ပြုံးနေသော်လည်း စကား လုံးများမှာမူ ထက်ရှနေသည်။
"ကြည့်ရတာ ခင်ဗျားက မိဘမဲ့ တစ်ဦးထင်တယ်.. ဟုတ်တယ်မလား..လူဖြစ်လာပေမဲ့ သွန်သင်ဆုံးမမဲ့
သူ ကင်းမဲ့နေပုံရတယ်..အခြေခံအကျဆုံး လူ့ယဉ် ကျေးမှုကိုတောင် ခင်ဗျားက မသိဘူးပဲ.."
"မင်း..."
ထိုစကားကြောင့် ချူရွှမ်း၏ ဒေါသအဟုန်က ငယ် ထိပ်သို့ ဆောင့်တက်လာခဲ့သည်။သူသည် နေရာမှ ဝု န်းကနဲ ထရပ်လိုက်ပြီး ယန်ကွမ်း၏ မျက်နှာနားသို့ လက်ညှိုးထိုးကာ ပြောလိုက်၏။
"ကောင်လေး... မင်း ငါ့ကို ဒီလောက်အထိ စော်ကား ရဲတယ်ပေါ့.. ငါ ဘယ်သူလဲဆိုတာ မင်းသိလို့လား.."
"ခင်ဗျား ဘယ်သူဖြစ်ဖြစ် ကျွန်တော်နဲ့ ဘာမှမဆိုင် ဘူး..ခင်ဗျားကိုယ်တိုင်က အရှက်မရှိ ရောက်လာပြီး အစော်ကားခံနေတာပဲ..အဲဒါကို ကျွန်တော့်ကို အပြ စ်တင်လို့ ရမလား.."
ယန်ကွမ်းက မျက်လုံးတစ်ချက် ပင့်ကြည့်လိုက်ပြီး အေးအေးဆေးဆေး ဆက်ပြောလိုက်၏။
"ခဗျား အရှက်တကွဲ ထပ်မဖြစ်ချင်ရင် အမြန်ဆုံး ထွက်သွားတာ အကောင်းဆုံးပဲ..နောက်ကျရင် ခဗျာ းအတွက် ပိုဆိုးလာလိမ့်မယ်.."
"စောက်တောသားကများ..”
ချူရွှမ်းသည် မည်သို့လျှင် အရှုံးပေးမည့်သူ ဖြစ်ပါ အံ့နည်း။ ထိုစကားကို ကြားကြားချင်းပင် လက်သီး ကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ယန်ကွမ်း၏ မျက် နှာတည့်တည့်သို့ ထိုးလိုက်၏။
"မလုပ်နဲ့.."
ချီချင်းရွှေက ထိတ်လန့်တကြား အော်ဟစ်လိုက်သေ ာ် လည်း တားဆီးရန် အချိန်မမီတော့ပေ။
သို့သော်လည်း "ဘုန်း" ကနဲ မြည်သံနှင့်အတူ သူမ၏ လှုပ်ရှားမှုများမှာ ရုတ်တရက် တုံ့ခနဲ ဖြစ်သွားရသ ည်။
အဘယ်ကြောင့်ဆိုသော် ချူရွှမ်း၏ လက်သီးမှာ ယ န်ကွမ်းအား ထိမိခြင်း မရှိဘဲ ယန်ကွမ်းက အသာအ ယာ ရှောင်တိမ်းလိုက်သဖြင့် နောက်မှာရှိသော နံရံ ကိုသာ ထိမှန်သွားသောကြောင့် ဖြစ်၏။
“အား..နာတာကွာ…
ချက်ချင်းဆိုသလိုပင် ချူရွှမ်း၏ နာကျင်စွာ အော် ဟစ်သံ ထွက်ပေါ်လာပြီး သူ၏ မျက်နှာမှာလည်း ဖြူလျော့သွားပေသည်။ယန်ကွမ်းက ခပ်ပြုံးပြုံး ဖြ င့် သူ့ လက်ဖဝါးကို ကြည့်ကာ ပြောလိုက်၏။
"အမ်..အားလေးနည်းနည်းသုံးရသေးတယ်..”
"မင်း... မင်း.."
ချူရွှမ်းသည် သူ့ ညာဘက် လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပြီး နာကျင်လွန်းလှသဖြင့် ချွေးစေး များ ထွက်လာခဲ့သည်။
ယန်ကွမ်းက သူ့အား ကြည့်ကာ ပြောလိုက်သည်။
"ကျွန်တော့်ကို ဘာပြောချင်လို့လဲ..ခင်ဗျားဘာသာ နံရံကို ထိုးမိတာ ကျွန်တော့်ကို အပြစ်တင်လို့ မရဘူး လေ ဟုတ်တယ်မလား..ခင်ဗျားကို အကြံပေးချင်တ ာက ဆေးရုံကို အမြန်ဆုံးသွားဖို့ပဲ မဟုတ်ရင် အချိ န်ကြာသွားလို့ ခဗျားလက်က သုံးမရပဲ ဖြစ်သွားလိမ့် မယ်.."
"မင်း.. စောင့်ကြည့်နေလိုက်..”
သူမှားနေသည်ကို ချူရွှမ်းက သိရှိပြီးသားဖြစ်၏။ ရဲတိုင်လျှင်လည်း သူကသာ အရေးနိမ့်မည် ဖြစ်သ ဖြင့် ယန်ကွမ်းအား ရန်ငြိုးတကြီး ကြည့်ကာ လှည့် ထွက်သွားလေတော့သည်။
သီးသန့်ခန်းအတွင်း နှစ်ဦးတည်း ကျန်ရစ်သောအခါ ချီချင်းရွှေက ယန်ကွမ်းအား ငေးကြည့်ရင်း ပြောလို က်၏။
"မောင်လေးက တော်တော်လေး စွမ်းတာပဲ ဘယ်လို လှုပ်ရှားလိုက်လဲတောင် မသိရဘဲ အဲ့လက်သီးကို ရှောင်လိုက်နိုင်တယ်နော်.."
"ဒါက အသေးအဖွဲလေးပါ အစ်မရာ..”
ယန်ကွမ်းက ပြုံးလျက်ပင် ဆက်ပြောလိုက်၏။
"အဆင့်မရှိတဲ့ လူတစ်ယောက်ကြောင့် ကျွန်တော်တို့ ထမင်းစားတဲ့ စိတ်အနှောင့်အယှက် မဖြစ်ပါစေနဲ့ ဆက်စားကြရအောင်လေ အစ်မ..”
"အင်းပါ.."
ချီချင်းရွှေ၏ မျက်ဝန်းအစုံမှာ အရောင်တလက်လ က် တောက်ပသွားပြီး ခေါင်းကို အသာအယာ ညိတ် လိုက်သည်။သူမသည် ထမင်းဆက်စားရင်း ယန်ကွ မ်းအား ကြည့်ကာ မေးလိုက်သည်။
"မောင်လေးက နေ့လယ် ပြန်မှာလား..”
ယန်ကွမ်းက ခေါင်းညိတ်ပြလျက် ပြန်ဖြေလိုက်၏။
"ဟုတ်တယ် အစ်မ..ကျွန်တော်မြို့ပေါ် ရောက်နေတ ာ ကြာနေပြီလေ..”
"ဒါဆို မမ လိုက်ပို့ပေးရမလား.."
ချီချင်းရွှေသည် စကားကို လွှတ်ခနဲ ပြောလိုက်မိပြီး မှ နောင်တရသွားသော်လည်း ပြန်လည် ရုပ်သိမ်းရန် အချိန်နှောင်းသွားခဲ့သည်။
ယန်ကွမ်းမှာ အံ့အားသင့်သွားပြီးနောက် ပြုံးကာ ပြောလိုက်၏။
"အစ်မအတွက် ပိုပြီး အလုပ်ရှုပ်မနေဘူးလား..ပြီး တော့ တောင်ပေါ်လမ်းက ချိုင့်ခွက်တွေနဲ့ သွားရတာ သိပ်မလွယ်ဘူးလေ"
"ကိစ္စမရှိပါဘူး.. လမ်းကြမ်းမောင်းတဲ့ ကားတစ်စီးနဲ့ လဲလိုက်ရင် ရတာပဲ…"
ချီချင်းရွှေက ဆက်ပြောလိုက်သည်။
"ဒါနဲ့ အတော်ပဲ..ရွှီလင်းနဲ့လည်း အစ်မ မတွေ့တာ ကြာပြီလေ သူ့ဆီကိုလည်း တစ်ခါတည်း ဝင်ကြည့် ရတာပေါ့..”
"ဒါဆိုရင်လည်း ကောင်းတာပေါ့.ဟီး."
ယန်ကွမ်း၏ စိတ်ထဲတွင်မူ ထိုသို့တွေးကာ ကျေနပ် နေမိ၏။
“လခွမ်း မိန်းမလှလေး တစ်ယောက် ဇိမ်ခံကား တစ် စီးနဲ့ အတူလိုက်ပါခွင့်ရတာထက် ပိုကောင်းတာ ဘာ ရှိဦးမှာလဲကွာ.. ရွာကိုပြန်ရောက်လို့ ရွာသားတွေ ဒါ ကိုမြင်ရင် တစ်ရွာလုံး အားကျနေကြတော့မှာပဲကွာ ဟီးဟီး”
ချီချင်းရွှေက ပြုံးလျက် ဖုန်းတစ်ချက် ဆက်လိုက် ပြီးနောက် မကြာမီမှာပင် ကားတစ်စီး လာရောက် ပို့ ဆောင်ပေးခဲ့သည်။နေ့လယ်စာ စားသောက်ပြီးနော က် နှစ်ဦးသား အောက်ထပ်သို့ ဆင်းလာကြရာ မြင့် မားလှသော ကားကြီးတစ်စီး ရောက်နေသည်ကို ယ န်ကွမ်း တွေ့လိုက်ရ၏။
ထိုကားကို လူငယ်တစ်ဦးက မောင်းလာကာ ကား သော့ကို ရိုသေစွာပင် ချီချင်းရွှေထံ ပေးလိုက်သည်။ ထိုသူသည် အစမှအဆုံးတိုင် ယန်ကွမ်းအား တစ်ချ က်ကလေးမျှပင် မကြည့်ခဲ့ပေ။
ကားပေါ်သို့ ရောက်သောအခါ ယန်ကွမ်းက မနေနိုင် ဘဲ မေးမိလိုက်၏။
"အစ်မချင်းရွှေ... ခုနကလူက ဘယ်သူလဲဟင်..”
"အိမ်က ကားဆရာပါ.."
ယန်ကွမ်းမှာ မှင်သက်သွားရသည်။
"အာ... မမတို့ မိသားစုက ဘာတွေလုပ်တာလဲ.."
သူ့စိတ်ထဲတွင်လည်း ထိုသို့ တွေးနေမိ၏။
“အံ့ဩစရာပဲ.. ကိုယ်ပိုင်ကားဆရာတောင် သီးသန့် ရှိ နေတယ်ဆိုတော့ ဒါက ဘယ်လိုမျိုး မိသားစုလဲဟ ..”
ချီရင်ရွှေးက ပြုံးလျက် ယန်ကွမ်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဘာမှထွေထွေထူးထူး မဟုတ်ပါဘူး..မောင်လေးရဲ့
ရိုးရိုးစီးပွားရေး လုပ်ငန်းရှင်တွေပါပဲ.."
"ဒီလိုဖြစ်နေလို့ မောင်လေးက အစ်မကို အမြင်မကြ ည်မလင်ဖြစ်သွားတာတော့ မဟုတ်ဘူးမလား.."
"အာ အစ်မကလည်းဘယ်လိုလုပ်ပြီး ဖြစ်ရမှာလဲဗျာ .."
ယန်ကွမ်းက ပြုံးကာ ဆက်ပြောလိုက်သည်။
"အစ်မကလည်း နောက်နေပြန်ပြီ..ကျွန်တော်က ဆ င်းရဲသားလေးတစ်ယောက်ပါဗျာ..အစ်မလို လူမျိုးနဲ့ ဆုံရတာက ကျွန်တော့်အတွက် ဂုဏ်ယူစရာကြီးပါ"
ချီချင်းရွှေမှာမူ အလွန်ပင် ပျော်ရွှင်သွားပြီး သူမ၏ မျက်နှာထက်တွင် ပန်းပွင့်လေးများ ပွင့်သွားသကဲ့ သို့ ပြုံးရွှင်နေပေသည်။
"မောင်လေးကတော့ စကားတွေ တတ်လွန်းနေပြီ.."
ကားလေးသည် မြို့ပေါ်မှ ထွက်ခွာလာပြီး ချုံရှန်းရွာ သို့ ဦးတည်လာစဉ် သူမသည် ယန်ကွမ်း၏ မိသားစု အခြေအနေကို အသေးစိတ် မေးမြန်းရင်း ယန်ကွမ်း အကြောင်းအား ပိုမိုသိရှိလာခဲ့သည်။
ဟုန်ချီမြို့နယ်ကို ကျော်လွန်လာသောအခါ လမ်းမျာ းက စတင်ဆိုးရွားလာ၏။ကားမောင်းနေရင်း ချီချ င်းရွှေက ညည်းတွားလိုက်သည်။
"ဒီက လမ်းတွေက တကယ့်ကို မကောင်းဘူးပဲနော်.."
ယန်ကွမ်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"ဟုတ်ပ အစ်မရယ်..ကျွန်တော် ပိုက်ဆံတွေ အများ ကြီး ရှာနိုင်တဲ့တစ်နေ့ကျရင် အရင်ဆုံး ဒီလမ်းကို အ ရင်ပြင်ပစ်မယ်.."
ချီချင်းရွှေက စိတ်ရင်းမှန်သော မျက်ဝန်းများဖြင့် ပြုံးကာ ပြောလိုက်၏။
"မောင်လေး အောင်မြင်မှာပါလို့ အစ်မ ယုံကြည်တ ယ်"
ရွာအဝင်သို့ ကားလေး ရောက်သောအခါ ယန်ကွမ်း က ဆေးခန်းဘက်သို့ ညွှန်ပြလျက် ပြောလိုက်သည်။
"အဲဒါ ကျွန်တော် အလုပ်လုပ်တဲ့ နေရာလေးလေ..”
"ဩော်... နေရာလေးက သိပ်တော့ မကျယ်ဘူးပဲနော် "
"ဟုတ်တယ်အစ်မ.. ရွာထဲမှာ လူသိပ်မများဘူးလေ တချို့ရက်တွေဆို တစ်နေကုန်နေလို့ တစ်ယောက်မှ မလာတဲ့နေ့တောင် ရှိသေးတယ်ဗျ..”
ယန်ကွမ်းက ထိုသို့ပြောပြီးနောက် ပြုံးကာ ဆက်ပြေ ာလိုက်၏။
"အဲ့ဒါက ပိုတောင် ကောင်းပါသေးတယ်.. လူနာမ လာဘူးဆိုတာ ဘယ်သူမှ နေမကောင်းမဖြစ်ဘူးလို့ ဆိုလိုတာပဲ မဟုတ်လား…”
"အင်.."
ထိုစကားကို ကြားသောအခါ ချီရင်ရွှေးမှာ ယန်ကွမ် းကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ယနေ့ခေ တ် ဆေးဝါးလောကတွင် အရောင်းမြှင့်တင်ရေးနှင့် ဖောက်သည်များအား ဆေးဝါးများများ ဝယ်ယူစေ ချင်ကြသည်ချည်းသာ ဖြစ်၏။ယန်ကွမ်းကဲ့သို့သော တွေးခေါ်နိုင်သည့် ဆရာဝန်ဟူသည် အလွန်ပင် ရှား ပါးလှပေသည်။
ယန်ကွမ်း၏ အတွေးအခေါ်သည် ဆရာဝန်ကောင်း တစ်ဦး၌ ရှိအပ်သော 'လူနာအပေါ် မိဘသဖွယ် ထား ရှိသည့် မေတ္တာတရား' ပင် ဖြစ်ကြောင်း သူမ သိလို က်ရ၏။
ထို့ကြောင့် ချီချင်းရွှေသည် နှုတ်မှဖွင့်ဟမပြော သော်လည်း စိတ်ထဲတွင်မူ ယန်ကွမ်းအပေါ် အမြင် တစ်မျိုးဖြင့် အထင်ကြီး လေးစားသွားမိပြန်သည်။
ကားလေး ရွာထဲသို့ မောင်းဝင်လာသည့်အခါ ရွာသူ ရွာသားများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရ၏။
ယန်ကွမ်း၏ အိမ်ရှေ့တွင် ကားရပ်လိုက်သည်ကို မြ င်သောအခါ ရွာသားများ၏ တိုးတိုးတိတ်တိတ် ပြေ ာနေကြသည်။ဝူရှောင်လျန်းသည်လည်း ခြံထဲတွင် ယာယာကို ပွေ့ချီထားစဉ် ယန်ကွမ်း ကားပေါ်မှ ဆင်း လာသည်ကို မြင်လိုက်ရ၏။
ယန်ကွမ်း၏နောက်တွင် ချောမောလှပသော မိန်းက လေးတစ်ဦး ပါလာသည်ကို တွေ့သောအခါ သူမက အမြန်ပင် ထွက်၍ ကြိုဆိုလိုက်သည်။ယန်ကွမ်း၏ မိတ်ဆက်ပေးမှုအပြီးတွင် ဝူရှောင်လျန်းက ချီချင်း ရွှေအား နူတ်ဆက်လိုက်၏။
"မင်္ဂလာပါအစ်မချီ.. ယန်ကွမ်းကို အိမ်အထိ လိုက် ပို့ ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ရှင်.."
"ယန်ကွမ်းက ရှင့်ကို အစ်မလို့ ခေါ်တာဆိုတော့ ကျွန် မလည်း အဲဒီအတိုင်းပဲ လိုက်ခေါ်ပါရစေနော်.”
ချီရင်ရွှေးက ရယ်မောရင်း ပြောလိုက်သည်။
“ခစ်ခစ်ခစ် သိပ်ပြီး အားနာမနေပါနဲ့ အစ်မရယ်.. ယန်ကွမ်းက တကယ့်ကို လိမ္မာတဲ့ကောင်လေးပါ.. ကျွန်မကတော့ သူ့ကို မောင်လေးအဖြစ်တောင် သ တ်မှတ်လိုက်ပြီ..”
"ဟင်... ဟုတ်လား.."
ထိုစကားကို လုံးဝမမျှော်လင့်ထားသဖြင့် ခဏမျှ မှ င်သက်သွား၏။
ယန်ကွမ်းက ရယ်ကာ ပြောလိုက်၏။
"မရီး.. ကြောင်မနေနဲ့ဦး.. သတင်းကောင်းတစ်ခု ပြောပြရဦးမယ်.. ကျွန်တော်တို့ ချမ်းသာပြီဗျ ဟီး"
"ဟုတ်... ဟုတ်လို့လား.."
ဝူရှောင်လျန်း သတိပြန်ဝင်လာပြီးနောက် ယန်ကွမ်း အနေဖြင့် ရွှေတုံးကို ရောင်းချနိုင်ခဲ့ပြီဖြစ်၍ ထိုသို့ ပြောခြင်းဖြစ်မည်ဟူ၍ ချက်ချင်း တွေးမိသွားသည် ။
သို့သော်လည်း ချီချင်းရွှေ၏ ရှေ့တွင်ဖြစ်သဖြင့် မ ည်မျှဖြင့် ရောင်းချခဲ့ရသနည်းဟု မေးရန် သူမ အား နာနေမိသည်။ထို့ကြောင့် ခေါင်းညိတ်ပြကာ စနောက်လိုက်၏။
"အဲဒါဆိုရင်တော့ ကောင်းတာပေါ့ နင့်မှာ ပိုက်ဆံရှိ ပြီဆိုတော့ နင် မိန်းမယူလို့ရပြီလေ..”
အခန်း ၂၂ ဆုံးရုံးခြင်း
ယန်ကွမ်းက အားတုံ့အားနာဖြင့် ပြုံးလိုက်ပြီး စကား လမ်းကြောင်း လွှဲသည့်အနေဖြင့် ပြန်မေးလိုက်၏။
"ဒါတွေ ထားလိုက်ပါဦး မရီးရဲ့..အစ်မရွှီလင်းရော ဘယ်သွားလဲ.."
"သူ ရွာကော်မတီရုံးကို သွားတယ်လေ.. မောင်လေး ပြန်လာတာ မြင်ရင်တော့ သူလည်း ပြန်လာပါ"
ဝူရှောင်လျန်း စကားပင် မဆုံးသေးမီမှာပင် ခြံထဲသို့ ရွီလင်း ဝင်လာ၏။
ချီချင်းရွှေ မြင်သည်နှင့် သူမက ချက်ချင်းပင် ပြုံးရွှ င်စွာ နူတ်ဆက်လိုက်သည်။
"ဟယ်..မမချင်းရွှေ... တကယ်ကို မမပါလား.”
ချီရင်ရွှေးက ပြုံးကာ သူမ၏လက်ကို ဆုပ်ကိုင်ကာ ပြန်ပြောလိုက်သည်။
"ဒီကောင်မလေးကတော့နော်... မြို့ကိုရောက်တုန်း မမဆီ လာမတွေ့ဘဲ ရွာကို တန်းလာတာလား.."
ယန်ကွမ်း၏ အိမ်၌ ဖြစ်နေသောကြောင့် ရွှီလင်းက လောကဝတ်စကားများကို ရှည်ရှည်ဝေးဝေး မပြော ဘဲ လိုရင်းသာ ပြောလိုက်၏။
"ကျွန်မ အရင်ဆုံး အခြေချချင်လို့ပါ မမရယ်.. ကဲ... အထဲဝင်ပြီးမှ အေးအေးဆေးဆေး စကားပြောကြ ရအောင်လေ.."
"ကောင်းပြီလေ.."
ချီချင်းရွှေက ခေါင်းညိတ်ပြပြီးနောက် အိမ်ထဲသို့ လူတိုင်း ဝင်လာခဲ့သည်။အိမ်လေးမှာ အပြင်ဘက် မှကြည့်လျှင် အနည်းငယ် ဟောင်းနွမ်းနေသော်လ ည်း အထဲတွင်မူ အရာအားလုံးက သန့်ရှင်းသပ်ရပ် နေသည်ကို တွေ့ရသဖြင့် သူမ အနည်းငယ် အံ့အား သင့်သွားမိသည်။
သို့သော်လည်း ချက်ချင်းဆိုသလိုပင် ထိုသို့သပ်ရပ် နေခြင်းမှာ ဝူရှောင်လျန်း၏ လက်ရာဖြစ်မည်ဟု သူ မ ရိပ်မိလိုက်၏။အိမ်တစ်အိမ်တွင် အမျိုးသမီး တစ် ဦး ရှိနေခြင်းက အမှန်တကယ်ပင် ကွာခြားလှပေသ ည်။
ထိုစဉ်မှာပင် ယန်ကွမ်းက ဝူရှောင်လျန်းအား ကြည့် ကာ ပြောလိုက်၏။
"မရီးတို့.. စကားပြောနှင့်ကြဦးနော်..ကျွန်တော် အပြ င် ခဏ သွားဦးမယ်.."
ဝူရှောင်လျးန်က သတိပေးလိုက်သည်။
"အေးအေး... သွားလေ..ဦးလေးစွန်း အိမ်ကိုလည်း ဝင်ဖို့ မမေ့နဲ့ဦးနော်.."
"သိပါပြီဗျ.."
ပြောပြီးနောက် ယန်ကွမ်းလည်း လှည့်ထွက်လာခဲ့ ၏။မရီးနှင့်မတ်ဖြစ်သူတို့ ၏ စိတ်ကူးမှာ တူညီနေ ကြသည်။ အိမ်တွင် ဧည့်သည်ရောက်နေသည်ဖြစ်ရ ာ ဧည့်ဝတ်ကျေပွန်စွာဖြင့် ထမင်းတစ်နပ် ကျွေးမွေ းရမည် မဟုတ်ပေလော။
ဦးလေးစွန်း၏ မိသားစုမှာ သားသတ်သမားများ ဖြ စ်သဖြင့် သူတို့အိမ်တွင် လတ်ဆတ်သော ဝက်သား များ အဆင်သင့် ရှိနေတတ်၏။
ယန်ကွမ်းသည်လည်း ဦးလေးစွန်းတို့အိမ်သို့ တန်းတ န်းမတ်မတ် လာခဲ့သော်လည်း လမ်းခုလတ်တွင် အ ဒေါ်နွားက လှမ်းတားလိုက်သည်။
"ယန်ကွမ်း... နင့်အိမ်ကို ရောက်နေတာ ဘယ်သူလဲ ဟဲ့.."
ယန်ကွမ်းက ပြုံးကာ ပြန်ဖြေလိုက်သည်။
"သူငယ်ချင်းပါဗျ.."
သူမက စပ်စုချင်နေမှန်း သိသာလှသဖြင့် ယန်ကွမ်း က ဆက်ပြောလိုက်၏။
"သူက မြို့ပေါ်မှာ စားသောက်ဆိုင်ကြီးတွေ ဖွင့်ထား တဲ့ သူဌေးမကြီးလေဗျာ.."
"ဟယ်... ဟုတ်လား..”
အဒေါ်နွားမှာ မျက်လုံးအပြူးသားဖြင့် အံ့ဩကာ ပြန်ပြောလိုက်သည်။
"နင်တော့ အတော်ဟုတ်နေတာပဲနော်…”
"အာ မဟုတ်ရပါဘူးဗျာ..”
ယန်ကွမ်းက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးပြပြီး ထွက်သွ ား ရန် ပြင်လိုက်သည်။သို့သော်လည်း အဒေါ်နွားက ဆက်ပြောသောကြောင့် ရန်တန့်လိုက်ရ၏။
"ဟဲ့ နေဦး.. ငါ နင့်ကို ပြောစရာ ရှိသေးတယ်.."
ယန်ကွမ်းက သံသယဖြင့် လှည့်မေးလိုက်သည်။
"အမ် ဘာကိုလည်းဗျ..”
"ဟယ်ဟွာ တစ်ယောက် ဒီနေ့ ရွာက ထွက်သွားပြီဟဲ့ နောင်ကိုလည်း ပြန်လာတော့မှာ မဟုတ်ဘူး ထင်တ ယ်.."
"ဘာ..အစ်မဟယ်ဟွာ ရွာက ထွက်သွားပြီဟုတ်လား ”
ယန်ကွမ်းမှာ ထိတ်လန့်သွားပြီး မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားကာ အလောတကြီး မေးမြန်းလိုက်သ ည်။
"ဘာဖြစ်လို့လဲ..သူက ဘာဖြစ်လို့ ထွက်သွားတာလဲ ဗျ.."
"ငါကြားတာတော့ ဖူကျန့်ဟွာနဲ့ ကွာရှင်းချင်လို့တဲ့..”
အဒေါ်နွားက အတင်းအဖျင်းများ ပြောရသဖြင့် အာ းရကျေနပ်နေပုံရနေ၏။
"သူက ကွာရှင်းပြီးပြီဆိုတော့ ငါတို့ရွာမှာလည်း ဆ က်နေလို့ မရတော့ဘူးပေါ့.. ဟိုတစ်ခါ ဖူကျန့်ဟွာက ပြဿနာ လာရှာတာကို သူက အလျှော့မပေးဘဲ ကွ ာရှင်းမယ် လုပ်နေတာလေ.."
ယန်ကွမ်းမှာမူ ဆက်လက်နားထောင်နိုင်စွမ်း မရှိတေ ာ့ပေ။
သူ့ ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားပြီး မနေ့ညက အစ်မဟယ်ဟွာ ပြောခဲ့သည့် စကားများကို ပြန်လ ည် ကြားယောင်လာမိသည်။ရုတ်တရက် တစ်စုံတစ် ခုကို ယန်ကွမ်း သတိရသွားပြီးနောက် အဒေါ်နွား၏ စကားကိုပင် ဆုံးအောင် နားမထောင်တော့ပဲ အစ်မ ဟယ်ဟွာ၏ အိမ်ဘက်သို့ ပြေးလာလိုက်၏။
"ဟဲ့... ဟဲ့..နင်က ဘာလို့ ဒီလောက်တောင် အလန့် တကြား ပြေးနေရတာလဲ…"
အဒေါ်နွားမှာ စကားပြောလို့ မဝသေးခင် ယန်ကွမ်း က ထွက်ပြေးသွားသဖြင့် နောက်ကျောကိုသာ ကြ ည့်ရင်း ကျန်ရစ်ခဲ့သည်။ဟယ်ဟွာတို့အိမ်သို့ ယန်ကွ မ်း ရောက်လာသောအခါ တံခါးမှာလည်း သော့ခတ် ထားကာ အိမ်တွင် မည်သူမျှ ရှိမနေပေ။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယန်ကွမ်း၏ နှလုံးသားမှာ တစ်စုံတစ်ခုဖြင့် အထိုးခံလိုက်ရသလို ခံစားလိုက်ရပြီး ဆုံးရှုံးမှုဝေဒနာတို့ဖြင့် ပြည့်နှက်လ ာခဲ့သည်။
"မနက်ဖြန် နေ့လယ်ကျရင် နင် အားတယ်ဆိုရင် အစ် မဆီကို လာခဲ့ဖို့ မမေ့နဲ့ဦးနော်..."
ထိုစကားမှာ မနေ့ညက အစ်မဟယ်ဟွာ နောက်ဆုံး ပြောခဲ့သော စကားဖြစ်ကြောင်း ယန်ကွမ်း ပြန်သတိ ရမလိုက်၏။
မနေ့ညက အစ်မဟယ်ဟွာ ပြောခဲ့သည့် စကားများ ကို ပြန်လည်ကြားယောင်ရင်း ယန်ကွမ်းမှာ ကြောင် အမ်းအမ်းဖြစ်ကာ ခြံထဲသို့ အမြန်လျှောက်လာခဲ့သ ည်။ခြံထဲရှိ ခြင်းတောင်းထဲတွင်မူ စာအိတ် တစ်အိ တ်ရှိနေသည်ကို တွေ့ရသဖြင့် ယန်ကွမ်း ထုတ်ယူလို က်သည်။
စာအိတ်ကို သူ ဖွင့်ကြည့်လိုက်သောအခါ အတွင်း၌ စာတစ်စောင် ရှိနေ၏။ထိုစာမှာ အစ်မဟယ်ဟွာက သူ့အတွက် ချန်ထားခဲ့သည့် စာပင် ဖြစ်လိမ့်မည်။
စာထဲတွင် သူမဘက်မှ မားမားမတ်မတ် ရပ်တည်ပေ းခဲ့ပြီး ကူညီခဲ့သည်များအတွက် ကျေးဇူးတင်ကြေ ာင်း ရေးသားထားသည့်အပြင် ချုံရှန်းရွာမှ ထွက် ခွာသွားရခြင်း၏ အကြောင်းရင်းကိုလည်း ရှင်းပြ ထား၏။ဤရွာတွင် ရှိနေစဥ် အတိတ်မှတ်တမ်းများ မှာ သူမအတွက် မကောင်းလှသော်လည်း၊မနေ့ ည က အဖြစ်အပျကိကြောင့် သူမအနေဖြင့် နောင်တ ရစရာ တစ်စုံတစ်ရာ မရှိတော့ကြာင်း ရေးသားထား ပေသည်။
စာကို ဖတ်ပြီးနောက် ယန်ကွမ်း၏ မျက်လုံးများမှာ နီရဲလာ၏။
သူ့ ရင်ထဲတွင်မူ တွယ်တာမူများဖြင့် ပြည့်နှက် နေ သော်လည်း အစ်မဟယ်ဟွာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက်မူ ထိုဖူကျန့်ဟွာနှင့် အဆက် အသွယ် လုံးဝဖြတ်တောက်ရန် လိုအပ်သည်ကို သူ နားလည်ပေသည်။
ထို့ကြောင့်ပင် သူမသည် မိဘများရှိရာ အိမ်သို့ ပြန် သွားရခြင်းဖြစ်ပြီး ချုံရှန်းရွာတွင် ဆက်လက်နေထို င်ရန် မဖြစ်နိုင်တော့ခြင်း ဖြစ်၏။
ယန်ကွမ်း၏ရင်ထဲတွင်မူ ဟာလာဟင်းလင်း ဖြစ်သွ ားသကဲ့သို့ ခံစားရပြီး အစ်မဟယ်ဟွာတို့အိမ်မှ ထွ က်မလာမီ ယန်ကွမ်းတစ်ယောက် ခဏမျှ ငိုင်တိုင်တို င် ရပ်နေမိသည်။ထို့နောက်တွင်မူ ဦးလေးစွန်းတို့အိ မ်သို့ သွား၍ အသားဝယ်ခြင်း၊ကုန်စုံဆိုင်သို့ သွား၍ အချိုရည်ဝယ်ခြင်းတို့ကို လုပ်ဆောင်ခဲ့သော်လည်း တစ်လမ်းလုံး စိတ်နှင့်ကိုယ်နှင့် မကပ်ဘဲ ဖြစ်နေခဲ့သ ည်။
အိမ်ပြန်ရောက်၍ တံခါးဝသို့ ဝင်လာသောအခါ လူ အားလုံးက ယန်ကွမ်း၏ ပုံစံကို မြင်လိုက်ရ၏။ရွှီလ င်းက မနေနိုင်ဘဲ ပြုံးကာ မေးလိုက်သည်။
"မောင်လေး ဘာဖြစ်နေတာလဲ.. ကြည့်ရတာ ဝိညာဉ် ပျောက်နေတဲ့ လူတစ်ယောက်လိုပဲ"
ယန်ကွမ်းက ဝမ်းနည်းစွာ ပြန်ဖြေလိုက်၏။
"အစ်မဟယ်ဟွာ အိမ်က ထွက်သွားပြီ... ကျွန်တော် ဆိုလိုတာက သူ သူ့မိဘတွေဆီ ပြန်သွားပြီလို့ ပြော တာပါ"
"ဩော်..အဲဒီကိစ္စကို အစ်မ သိပြီးသားလေ.. သူ ပြန် သွားတာကပဲ မှန်ပါတယ်.. အဲဒီ ဖူကျန့်ဟွာဆိုတဲ့ လူ က အစကတည်းက လူကောင်းမှ မဟုတ်တာ..”
ရွီလင်းက ဆက်ပြောလိုက်သည်။
"အိမ်ထောင်သည် အချင်းချင်း ကွဲအောင် မပြော ကောင်းဘူးဆိုပေမဲ့ အစ်မအမြင်အရတော့ သူက ဖူ ကျန့်ဟွာနဲ့ ကွာရှင်းလိုက်တာက အကောင်းဆုံးပဲ.. “
ယန်ကွမ်းက ခေါင်းညိတ်ရုံသာ ညိတ်ပြပြီး ဘာမှ ဆက်မပြောတော့ပေ။
ယန်ကွမ်း ပုံစံက ငိုင်တိုင်တိုင် ဖြစ်နေဆဲကို မြင်သော အခါ ရွီလင်းက မနေနိုင်ဘဲ စပ်စုမိပြန်သည်။
"မောင်လေးက ဘာလို့ ဒီလောက်တောင် စိတ်မကော င်းဖြစ်နေရတာလဲ..ဒါက..."
"မဖြစ်ပါဘူး..ဘာမှ မဖြစ်ပါဘူးဗျာ..”
ယန်ကွမ်းသည် ရုတ်တရက် သတိဝင်လာပြီး လက် ကို ဝှေ့ယမ်းကာ ပြောလိုက်၏။
"အာ... မိုးလည်း ချုပ်တော့မယ်..ညစာအတွက် ပြ င်ဆင်ကြရအောင်လေ.."
ရွှီလင်းနှင့် ချီချင်းရွှေတို့သည် တစ်ဦးကိုတစ်ဦး ကြ ည့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားကြသော်လည်း ဘာမှ ထပ်မမေးတော့ပေ။
"တကယ်တော့ အစ်မက ညစာစားပြီးရင် ပြန်မလို့ပဲ ဒါပေမဲ့ ရှောင်လျန်းနဲ့ လင်းအာတို့က မလွှတ်လို့သာ နေလိုက်ရတာ..အနှောင့်အယှက် ဖြစ်သွားရင် အားန ာပါတယ်နော် မောင်လေး.."
ချီရင်ရွှေးက စကားလမ်းကြောင်းလွှဲကာ ပြုံးလျက် ပြောလိုက်သည်။
"ဘယ်က အနှောင့်အယှက် ဖြစ်ရမှာလဲဗျာ..အစ် မ ကိုယ်ပဲ ကျွန်တော့်ကို မောင်လေးအဖြစ် အသိအမှ တ် ပြုထားတာပဲ..မောင်လေးအိမ်မှာ ထမင်းတစ်နပ် စားတာ ဘာဖြစ်လဲဗျ..”
ယန်ကွမ်းက ပြုံးကာ ဆက်ပြောလိုက်၏။
"ဒါပေမဲ့ ကျွန်တော့်အိမ်မှာ စားစရာကောင်းကောင်း သိပ်မရှိဘူးဗျ..ကိုယ်တိုင်စိုက်ထားတဲ့ ဟင်းသီးဟင်း ရွက်လေးတွေပဲ ရှိတယ်.."
"အဲဒါကမှ ပိုတောင် ကောင်းသေးတယ်.. သဘာဝအ တိုင်း စိုက်ထားတဲ့ အသီးအနှံတွေက အရသာ အရှိ ဆုံးပဲ.. အစ်မရဲ့ စားသောက်ဆိုင်မှာလည်း တောင် သူတွေ ကိုယ်တိုင်စိုက်တဲ့ အသီးအနှံတွေကိုပဲ သုံးချ င်တာ. ဒါပေမဲ့ အဲဒီလိုမျိုး လိုက်ဝယ်ဖို့က ခက်နေ တာ"
ပြောသူက ရိုးရိုးသားသား ပြောလိုက်ခြင်း ဖြစ်သော် လည်း နားထောင်သူ ယန်ကွမ်းအဖို့မှာမူ စိတ်ဝင်စား စရာ ဖြစ်သွားခဲ့သည်။
ယန်ကွမ်းက ချက်ချင်းပင် ရွှီလင်းကို ကြည့်ကာ
မေးလိုက်၏။
"ဒါဆို ကျွန်တော်တို့တွေ ဟင်းသီးဟင်းရွက်တွေ စိုက်ပြီး အစ်မချင်းရွှေရဲ့ ဆိုင်ကို ပို့ပေးရင်ရော မဖြ စ်နိုင်ဘူးလား.."
"ဖြစ်တော့ ဖြစ်နိုင်ပါတယ်..ဒါပေမဲ့ အခက်အခဲ နှစ် ခုရှိတယ်.."
ရွှီလင်းက ပြုံးကာ ဆက်ရှင်းပြလိုက်၏။
"မမလည်း ဒါကို စဉ်းစားဖူးပါတယ်.. ပထမအချက် က ကျွန်မတို့က မြောက်ဘက်ဒေသမှာ ရှိနေတာလေ အခု ဟင်းသီးဟင်းရွက် စိုက်မယ်ဆိုရင် ဆောင်းဦး နှောင်းပိုင်းမှ ခူးရမှာ..ပြီးရင် ဆောင်းတွင်းကျရင် စို က်လို့မရတော့ဘူး"
"ဒုတိယအချက်က လမ်းခရီးက ဝေးတဲ့အပြင် လမ်း က အရမ်းဆိုးတယ်.. သယ်ယူပို့ဆောင်ရေးကလည်း ပြဿနာပဲ..အသီးအနှံ အရေအတွက်က သိပ်မများ ဘူးဆိုရင် ကားငှားခနဲ့တင် တန်မှာမဟုတ်ဘူး.."
ယန်ကွမ်းက ဥာဏ်ကောင်းသူဖြစ်ရာ ခဏမျှ စဉ်းစာ းပြီးနောက် မေးလိုက်၏။
"ဒါဆိုရင် ကျွန်တော်တို့ အမိုးအကာနဲ့ စိုက်ပျိုးတဲ့ ဖန်လုံအိမ်တွေ ဆောက်ရင်ကော.."
"အဲဒါကတော့ ဖြစ်နိုင်ခြေရှိတယ်ဒါပေမဲ့ နောက်ထပ် ပြဿနာတစ်ခုက အရင်းအနှီးပဲ.."
ရွှီလငက သူမ၏ လက်ချောင်းလေးများကို ချိုးကာ ရေတွက်ရင်း ရှင်းပြလိုက်သည်။
"မမ အရင်က စုံစမ်းကြည့်ဖူးတယ်..မီတာ ၅၀ ရှိတဲ့ ပလတ်စတစ် Greenhouse တစ်လုံး ဆောက်ဖို့ကို ယွမ် နှစ်သောင်းလောက် ကုန်ကျမယ်..အစ်မတို့ရွာ မှာ အဲဒီလောက်အထိ အရင်းအနှီး ထုတ်နိုင်တဲ့သူ တစ်ယောက်မှ ရှိပုံမရဘူး.."
ထိုစကားကို ကြားလိုက်ရသည့်အခါ ယန်ကွမ်းက ချ က်ချင်းပင် ဝမ်းသာအားရ ဖြစ်လာခဲ့၏။သူသည် ချီ ချင်းရွှေအား မျက်မှိတ်ပြကာ ပြောလိုက်သည်။
"ပိုက်ဆံက အခု ပြဿနာမဟုတ်တော့ဘူးဗျ.."
"ဟင်... ဘာလဲ.."
ရွှေလင်မှာ ထိတ်လန့်သွားပြီးမှ ရွှေတုံးကိစ္စကို သတိ ရသွားကာ အလောတကြီး မေးမြန်းလိုက်သည်။
"ဒါနဲ့ နေပါအုံး အဲဒီ ရွှေတုံးကို နင်က ဘယ်လောက်နဲ့ ရောင်းလိုက်တာလဲ…"