အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အခန်း ၂၇ လမ်းမပေါ်တွင် တွေ့ခြင်း
ထိုကဲ့သို့သော မြင်ကွင်းမျိုးကို ရွှီလင်းက တစ်ခါမျှ မကြုံဖူးချေ။
အရွယ်အစားမျိုးစုံရှိသော ကျောက်တုံးကြီးငယ်တို့ သည် တောင်ပေါ်မှ တရှိန်ထိုး လိမ့်ဆင်းလာကြရာ သူမမှာ နေရာတင် မှင်သက်ကာ ကြောက်လန့်နေပေ သည်။
ကံကောင်းထောက်မစွာပင် ရန်ကွမ်း၏ တုံ့ပြန်မှုက မြန်ဆန်လှသဖြင့် သူမကို ပွေ့ချီ၍ တစ်ချက်တည်း ခုန်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း မီတာ ၂၀ ကျေ ာ်ခန့် ဝေးရာသို့ ရောက်ရှိသွားပြီး ပြိုကျလာသော ကျောက်တုံးများဘေးမှ နှစ်ဦးသား လွတ်မြောက် သွားခဲ့သည်။
ခေတ္တမျှ ထိတ်လန့်သွားပြီးနောက် တောင်စောင်းမှ လိမ့်ဆင်းလာသော ကျောက်တုံးများကို လှည့်ကြ ည့်ရင်း ရန်ကွမ်းက သက်ပြင်းချကာ ရေရွတ်လိုက် ၏။
"ဟူး..တော်တော် အန္တရာယ်များတာပဲဗျာ..”
ရွှီလင်းလည်း ကံကောင်းသည်ဟု ခံစားလိုက်ရသ ည်။အကယ်၍ ရန်ကွမ်းသာ အချိန်မမှီဘဲ မရှောင် တိမ်းနိုင်ခဲ့ပါက သူမတို့နှစ်ဦးစလုံး ကျောက်တုံးများ ထိမှန်ပေတော့မည်။
ရွှီလင်းက စိတ်တည်ညိမ်အောင် ပြန်ထိန်းလိုက်စဥ် ရန်ကွမ်း၏ ရင်ခွင်ထဲသို့ ရောက်နေဆဲဖြစ်ကြောင်းနှ င့် သူမ ခါးကိုလည်း ယန်ကွမ်းက တင်းကြပ်စွာ ဖက် ထားကြောင်း သတိပြုမိသွားသည်။ထို့ကြောင့် စိတ် ထဲမှ ကူကယ်ရာမဲ့စွာ စိတ်ထဲမှ ရွှီလင်း ရေရွတ်လို က်၏။
"အမ်..ငါ နောက်တစ်ခါ ထပ် အဖက်ခံလိုက်ရပြန် ပြီ"
ထို့ကြောင့် ရွှီလင်းက ရန်ကွမ်းကို ကြည့်ကာ မေးလို က်ရသည်။
"ဟဲ့... နင့် လက်ကလေး လွှတ်ပေးလို့ ရမလား"
ရန်ကွမ်းမှာ အံ့အားသင့်သွားပြီး ရယ်ကာ လွှတ်ပေး လိုက်၏။
“အာ... ဆောရီး..ဆောရီး မမရွှီလင်း ဟီး..”
အမှန်တကယ်တွင်လည်း ရန်ကွမ်းသည် အန္တရာယ် ကင်းမှန်း သိပြီးသား ဖြစ်သော်လည်း မလွှတ်ချင်သ ဖြင့်ဆက်၍ ဖက်ထားခြင်းပင် ဖြစ်သည်။ယခုမူ ရွှီ လင်းက သတိထားမိသွားပြီဖြစ်သဖြင့် သူ ဆက်၍ မဖက်ထားရဲတော့ပေ။
သို့သော်လည်း ရန်ကွမ်းက မနေနိုင်ဘဲ ရယ်မောရင်း စလိုက်၏။
"မမ ခန္ဓာကိုယ်က တော်တော် မွှေးတာပဲနော် ဟီး"
ရွှီလင်: "..."
သူမ စိတ်ဆိုးချင်သော်လည်း စိတ်ဆိုး၍ မရဘဲ ရန် ကွမ်းအား မျက်စောင်းသာ ထိုးလိုက်သည်။နှစ်ဦးသ ား ခရီးအနည်းငယ် ဆက်လျှောက်လာပြီးနောက် သူမသည် ရန်ကွမ်း၏ နှုတ်သွက်လျှာသွက် စနော က်မှုများကြောင့် ခုနက အဖြစ်အပျက်ကို မေ့ပျော က်သွားကာ ယန်ကွမ်းနှင့်အတူ ပြန်လည် စနောက် လာခဲ့သည်။
လူငယ်တို့၏ ကမ္ဘာမှာ ဤမျှပင် ရိုးရှင်းလှပေသည်။
စကားတပြောပြော၊ ရယ်တမောမောဖြင့် မကြာမီမှ ာပင် ဟုန်ချီမြို့သို့ ယန်ကွမ်းတို့ ရောက်လာခဲ့ကြ သည်။အချိန်မှာ အနည်းငယ် နောက်ကျနေသဖြင့် ရွှီလင်းနှင့် ရန်ကွမ်းတို့ လမ်းခွဲလိုက်ကြပြီး သူမမှာ မြို့နယ်အုပ်ချုပ်ရေးရုံးသို့ အပြေး သွားလိုက်၏။
ရန်ကွမ်းသည်လည်း ချန်ကျန့်ကော်၏ ဆေးဆိုင် ရှိ ရာသို့ သွားလိုက်၏။ဆိုင်ထဲသို့ ဝင်ဝင်ချင်း ချန်ကျန့် ကော်ကို မြင်သည်နှင့် ရန်ကွမ်းက ချက်ချင်းပင် မေးမြန်းလိုက်သည်။
"အစ်ကိုချန်... အစ်မဟယ်ဟွာရဲ့ မိဘအိမ်က ဘယ် မှာလဲဗျ.."
ချန်ကျန့်ကော်က ပြန်မေးလိုက်၏။
"အမ် မင်းက ဒါကို ဘာလို့မေးတာလဲ"
ရန်ကွမ်းက ရယ်ကာ ရှင်းပြလိုက်သည်။
"အစ်မဟယ်က ချုံရှန်းရွာကနေ ထွက်သွားပြီလေ.. ကျွန်တော် သူ့ကို သွားရှာချင်လို့ပါဗျာ..ဟီး"
ချန်ကျန့်ကော်က ယန်ကွမ်းကို အထက်အောက် ကြ ည့်ရင်း ဆက်မေးလိုက်၏။
"မင်းက သူ့ဆီမှာ ဘာကိစ္စရှိလို့လဲဟ.."
ရန်ကွမ်းက မချိပြုံးလေးဖြင့် တောင်းဆိုလိုက်သည် ။
"အာ... ကိစ္စလေးတစ်ခု ရှိလို့ပါ အစ်ကိုချန်ရာ ကျွန် တော့်ကိုသာ ပြောပြစမ်းပါ.."
"အေးလေ... ထားပါတော့…"
ချန်ကျန့်ကော်က စကားအရှည်ကြီး မပြောတော့ဘဲ ပြုံးကာ ပြောလိုက်သည်။
"ဒါပေမဲ့ ငါပြောပြလည်း အပိုပဲ ဖြစ်မှာပါ ဟယ်ဟွာ က အိမ်ကို ပြန်မလာဘူးလေ.."
"ဘာ... ဘာပြောတယ်ဗျ.."
ရန်ကွမ်းမှာမူ အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပင် ပြူးကျယ်သွားရ၏။
"ဒါဆို သူ ဘယ်ကို သွားလိုက်တာလဲ.."
"သူ မြို့တော်ကြီးကို သွားတယ်ကွ.."
ထိုသို့ပြောပြီးနောက် ချန်ကျန့်ကော်က ဝမ်းနည်းစွာ ဆက်ပြောလိုက်သည်။
"ကွာရှင်းဖို့ကလည်း မဖြစ်နိုင်သေးဘူးလေ..ဒါကြော င့် ဟယ်ဟွာက ကလေးကို အိမ်မှာထားခဲ့ပြီး သူတစ် ယောက်တည်း မြို့တော်ကို အလုပ်သွားလုပ်တာ…"
"ဒီလောက်တောင် မြန်လှချည်လား"
ရန်ကွမ်းက စိတ်ထဲမှ ရေရွတ်မိလိုက်၏။
“တစ်ရက်ပဲ ရှိသေးတာကို အစ်မဟယ်က ဘယ်လို လုပ် မြို့တော်အထိ ရောက်သွားရတာလဲဗျာ..”
ချန်ကျန့်ကော်က ရှင်းပြလိုက်သည်။
"အမှန်တော့ သူက ကြိုတင်စီစဉ်ထားပြီးသားလေ.. ငါ့မယားညီအစ်ကို ဖူကျန့်ဟွာက တကယ်တော့ လူ ကောင်းမဟုတ်ဘူး.. ဟယ်ဟွာကလည်း သူ့ အပြင် က ကိစ္စအချို့ကို ကြားထားပုံရတယ်ကွ.. ဒီတစ်ခေါ က် သူ ရုတ်တရက် ထွက်သွားတာကို ငါတို့ မျှော်လ င့်ထားပြီးသားပါ.."
ရန်ကွမ်းက ထပ်မံမေးမြန်းကြည့်သောအခါ အစ်မ ဟယ်ဟွာသည် ဖူကျန့်ဟွာကို ဆက်သွယ်၍မရသဖြ င့် ကွာရှင်းရန် နည်းလမ်းမရှိသောကြောင့် မြို့တော် ရှိ ဆွေမျိုးများထံသို့ တိုက်ရိုက်သွားခြင်း ဖြစ်ကြော
င်း ရန်ကွမ်း သိလိုက်ရ၏။
ထိုစကားကို ကြားရသောအခါ ရန်ကွမ်းသည် ဝိညာ ဉ်လွင့်သွားသကဲ့သို့ စိတ်ပျက်အားငယ်သွားကာ တိုး တိုးလေး ရေရွတ်မိလိုက်သည်။
"ချီးပဲ..... တကယ်ပဲ ပြောက်သွားပြီလားကွာ..."
ချန်ကျန့်ကော်က သူ့ကို ပြုံးစိစိဖြင့် ကြည့်နေသည် ကို မြင်သောအခါ ယန်ကွမ်းက အမြန်ပင် စကားလ မ်းကြောင်းလွှဲကာ ပြောလိုက်၏။
"အစ်မဟယ်ကို ပေးဖို့ ကျန်နေသေးတဲ့ ဆေးတွေ ရှိ နေသေး လို့ပါဗျာ.. ပိုက်ဆံကလည်း အကုန်ယူထား ပြီးပြီလေ…"
ချန်ကျန့်ကော်က ရယ်ကာ ပြန်ပြောလိုက်သည်။
"ရပါတယ်ကွာ..ဘယ်လိုဆေးမျိုးပဲဖြစ်ဖြစ် မြို့တေ ာ်မှာ ဝယ်မရတာ ရှိလို့လားကွ ဟားဟား..”
ရန်ကွမ်းက ထပ်မံမေးမြန်းလိုက်၏။
"ဒါနဲ့ အစ်ကိုချန်... အကို့ဆီမှာ အစ်မဟယ်ဟွားရဲ့ ဖု န်းနံပါတ်ရှိလားဗျ..နံပါတ်အဟောင်းက ပိတ်ထား တယ်ဆိုတော့ သူက နံပါတ်အသစ် ပြောင်းသွားတာ လားဟင်..”
ချန်ကျန့်ကော်က ခေါင်းခါကာ ပြန်ဖြေလိုက်သည်။
"ဖြစ်နိုင်တယ်..ဒါပေမဲ့ သူ့ အိမ်ကို ဖုန်းမဆက်ရသေ းတော့ ငါလည်း မသိဘူး ရှောင်ကွမ်းရ..”
ရန်ကွမ်းက ဇွဲမလျှော့ဘဲ ထပ်မေးပြန်သည်။
"ဒါဆို သူသွားနေတဲ့ ဆွေမျိုးတွေဆီကရော.. သူတို့ ဆီကတစ်ဆင့် ဆက်သွယ်လို့ရနိုင်တယ် မဟုတ်လာ း"
ယန်ကွမ်းကို စိုက်ကြည့်ကာ ချန်ကျန်းကော်က မေး လိုက်၏။
"မင်းက ငါ့ညီမဝမ်းကွဲကို ဘာလို့ ဒီလောက်တောင် အသည်းအသန် တွေ့ချင်နေရတာလဲကွ.."
"အာ... မဟုတ်ပါဘူးဗျာ..”
တစ်ဖက်လူက တစ်ခုခုကို ရိပ်မိသွားပုံရသဖြင့် ရန် ကွမ်းလည်း “'ငါ အစ်မဟယ်ဟွာအတွက် ပြဿနာ မရှာပေးသင့်ဘူး” ဟူ၍ တွေးကာ အမြန်ပင် စကား လမ်းကြောင်းလွှဲလိုက်သည်။
"ရပါတယ်.. ရှာမရရင်လည်း ထားလိုက်ပါတော့.. နောက်မှ အခွင့်ကြုံမှပေါ့ဗျာ..”
ဆေးဆိုင်အတွင်းရှိ ဆေးဘက်ဝင်အပင် အမျိုးမျိုး ကိုယန်ကွမ်း ဝေ့ကြည့်ရင်း ဆက်၍မေးလိုက်၏။
"ဒါနဲ့ အစ်ကိုချန်... ပြီးခဲ့တဲ့တစ်ခေါက်ကလေ မန်နေ ဂျာမူက သူတို့ အိမ်မှာ ဆေးဖက်ဝင်အပင်တွေ စိုက် တယ်ဆို ဟုတ်လား.."
"အေးလေ... ငါ မင်းကို မပြောပြဖူးဘူးလား"
ချန်ကျန့်ကော်က ယန်ကွမ်းကို ကြည့်ကာ ဆက်ပြေ ာလိုက်သည်။
"မင်းက ဒါကို ဘာလို့မေးတာလဲ..မင်း ကတိဖျက် ချင်လို့တော့ မဟုတ်ပါဘူးနော်.."
"ကတိဖျက်တာလား မဟုတ်တာဗျာ..”
ရန်ကွမ်းက လှောင်ပြုံးပြုံးကာ ရင်ဘတ်ကို ပုတ်က ာ ပြောလိုက်သည်။
"ကျွန်တော်က လောင်းကြေးထပ်ထားတဲ့လူလေဗျာ. ရှုံးရင်တောင် ကတိမဖျက်ပါဘူးဗျ.."
"ဒါဆိုရင်တော့ မင်း သွားပြီပဲ..ဟားဟားဟား"
ချန်ကျန့်ကော်က တဟားဟားရယ်ကာ ရှင်းပြလိုက် ၏။
"အဲဒီတုန်းက ငါ မင်းကို အကြံ ဝင်ပေးချင်တာကွ တောင်သုံးလုံး ဆေးမြစ်စိုက်ဖို့ မလွယ်တာကို ထား ဦး..သုံးလဆိုတဲ့ အချိန်က သူ့ရဲ့ ကြီးထွားနှုန်းအတွ က် မလုံလောက်ဘူးလေ..မင်း ဘယ်လိုလုပ် စိုက်နိုင် မှာလဲကွ.."
"အာ ကျွန်တော့်မှာ နည်းလမ်းရှိပါတယ် အကိုချန်ရ"
ရန်ကွမ်းကလည်း ပြုံးကာ ဆက်ပြောလိုက်သည်။
"ဒါတွေ ထားလိုက်ပါတော့.. မူရှောင်ဝမ်ကလည်း ဆေးဖက်ဝင်အပင်တွေနဲ့ ပတ်သက်နေတာဆိုတော့ သူ့ဖုန်းနံပါတ်လေး ကျွန်တော့်ကို ပေးပါလား အကို ချန် နောက်ပိုင်း ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စလေး တွေ ရှိရင် မေးကြည့်ချင်လို့ပါ.."
"မင်းကတော့လေ... အေးပါ၊ ပေးပါ့မယ်"
ချန်ကျန့်ကော်မှာမူ ရန်ကွမ်း၏ စကားကြီးစကားကျ ယ်များကို နားထောင်ကာ ဆွံ့အသွားသော်လည်း ဘ ာမှမပြောတော့ဘဲ မူရှောင်ဝမ်၏ နံပါတ်ကို ရှာပေး လိုက်သည်။
နံပါတ်ကို မှတ်သားပြီးနောက် ဆေးဆိုင်မှ ရန်ကွမ်း ပြန်ထွက်လာခဲ့ပြီး မြို့ထဲရှိ လျှပ်စစ်စက်ဘီး အရော င်းဆိုင်သို့ လာလိုက်၏။ထိုနေရာတွင် ဆိုင်နှစ်ဆိုင်ရှိ ပြီး ညီအစ်ကိုနှစ်ဦး ခွဲဖွင့်ထားခြင်းဖြစ်ကာ တစ်ဆိုင် မှာ နှစ်ဘီးတပ် လျှပ်စစ်စက်ဘီးဖြစ်ပြီး အခြားတစ် ဆိုင်မှာ သုံးဘီးတပ်များ ဖြစ်ပေသည်။
အခြေအနေကို ရန်ကွမ်း စုံစမ်းကြည့်ရာ ဆိုင်ရှင်က သုံးဘီးစက်ဘီးမှာ ခရိုင်မြို့အထိ သွားနိုင်သည်ဟု ဆိုသော်လည်း သူကမူ အသွားအလာ မလွယ်ကူမ ည်ကို စိုးရိမ်သဖြင့် စက်ဘီး နှစ်စီးကိုသာ ဝယ်ရန် ဆုံးဖြတ်လိုက်၏။
နောင်တွင် ခရိုင်မြို့သို့ ကုန်ပစ္စည်းများ ပို့ဆောင်ရန် အတွက်မူ ကားတစ်စီး ဝယ်လိုက်ခြင်းက ပို၍ စိတ် ချရလိမ့်မည်ဟု ရန်ကွမ်း တွေးမိလိုက်သည်။စက် ဘီးများကို သေချာကြည့်ရှုပြီး ဈေးနှုန်းမေးမြန်းက ာ ရန်ကွမ်းက ငွေချေကာ နှစ်စီးလုံးကို တစ်ခါတ ည်း ဝယ်လိုက်၏။
စက်ဘီးများကို ဆိုင်တွင် ခေတ္တအားသွင်းထားခဲ့ပြီး မြို့ထဲတွင် တစ်ယောက်တည်း လျှောက်လာကာ မြို့ နယ်ရုံးရှေ့တွင် ရွှီလင်းထွက်လာသည်ကို စောင့်ရန် အတွက် ရန်ကွမ်း ထွက်လာခဲ့သည်။
သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် မနေ့က တွေ့ခဲ့သော ကျိုးဟောက်တို့ အဖွဲ့နှင့် ထိပ်တိုက် တွေ့လိုက်ရ၏။နှစ်ဖက်စလုံးမှာ တစ်ဦးနှင့်တစ်ဦး မျ က်နှာချင်းဆိုင် လျှောက်လာကြရာ ကျိုးဟောက်သ ည်လည်း ရန်ကွမ်းကို မြင်သောအခါ ရှောင်လွှဲရန် အ ခွင့်မသာတော့ပေ။
ရန်ကွမ်းက ကျိုးဟောက်ကို စိုက်ကြည့်ရင်း ပြုံးက ာ နူတ်ဆက်လိုက်၏။
"ဟေး... ဒါ အစ်ကိုဟောက် မဟုတ်လား အုပ်စုလို က်ကြီးပါလား..ဒီနေ့ကော ဘယ်သူ့ကို ဗိုလ်ကျမလို့ လဲဗျ ဟဲဟဲ.."
ကျိုးဟောက်က အံကြိတ်၍ ပြန်ပြောလိုက်၏။
"ဟိတ်ကောင်ရန်ကွမ်း... ငါ မင်းကို မနိုင်ဘူးဆိုတာ ဝန်ခံပါတယ်၊ ဒါပေမဲ့ ငါ့ကို ဒီလောက်အထိတော့ ဗို လ် လာမကျနဲ့ကွ..”
"ငါက မင်းကို ဗိုလ်ကျနေလို့လား ဟဲဟဲ..”
ရန်ကွမ်းက နှာခေါင်းရှုံ့ကာ ဆက်ပြောလိုက်သည်။
"ငါသာ တကယ် ဗိုလ်ကျချင်ရင် မင်း ငါ့ကိုမြင်တာနဲ့ ငိုနေရလောက်ပြီကွ..ဟီးဟီး.."
"မင်း... မင်း…"
ကျိုးဟောက်မှာ ဒေါသကြောင့် မျက်နှာတစ်ပြင်လုံး နီမြန်းသွားသော်လည်း ဘာမှမတတ်နိုင်သဖြင့် ကိုယ့် ကံကြမ္မာကိုသာ အပြစ်တင်ကာ ခေါင်းငုံ့ပြီး ထွက် သွားရန် ပြင်လိုက်၏။သို့သော်လည်း ထိုအချိန်မှာ ပင် ကားတစ်စီး ရုတ်တရက် ထိုးရပ်သွားကာ မှန်တံ ခါး ပွင့်၍ အော်ပြောသံ ထွက်လာသည်။
"ကျိုးဟောက်.. မင်း အဲ့မှာ..ဘာလုပ်နေတာလဲ"
"အာ အစ်ကိုကျားပါလား.. "
ကားထဲမှလူကို မြင်လိုက်ရသည်နှင့် ကျိုးဟောက်၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး အပြေးအလွှား သွားကာ ပြောလိုက်၏။
"အစ်ကိုကျား... အချိန်ကိုက် ရောက်လာတာပဲဗျာ.. မနေ့က ကျွန်တော်တို့ကို ရိုက်ခဲ့တဲ့လူက ဒီမှာဗျ.. သူ့ နာမည်က ရန်ကွမ်းတဲ့…"
ရန်ကွမ်းသည် ထွက်သွားရန် ပြင်နေသော်လည်း ထို စကားကို ကြားသောအခါ လှည့်ကြည့်လိုက်သည်။
ထို'အစ်ကိုကျား'ဆိုသူ၏ မျက်လုံးများနှင့် ဆုံလိုက် သောအခါ တစ်ဖက်လူ၏ မျက်လုံးထဲတွင် ထောင် လွှားသော အရိပ်အယောင်များကို ယန်ကွမ်း မြင်လို က်ရ၏။
ထိုလူမှာ သာမန်လူတစ်ယောက် မဟုတ်ဘဲ ဝါရင့်သ မ္ဘာရင့်ရှိသူတစ်ဦး ဖြစ်ပုံရသည်ဟူ၍ ရန်ကွမ်း စိတ် ထဲမှ ခံစားလိုက်ရသည်။ထိုအချိန်တွင်ပင် အစ်ကို ကျားဆိုသူသည် ကားပေါ်မှ ဆင်းလာခဲ့၏။
သူသည် အရပ် ၆ ပေနီးပါးမြင့်ပြီး အနက်ရောင် လ က်ပြတ်အင်္ကျီကို ဝတ်ဆင်ထားရာ ပုခုံးပေါ်မှ တော င့်တင်းသော ကြွက်သားများက အထင်အသား ပေါ် လွင်နေပြီး လမ်းလျှောက်ပုံမှာလည်း အလွန်ပင် ခန့် ညားလှသည်။
ကျိုးဟောက်သည် အစ်ကိုကျား၏နောက်မှနေ၍ ရ န်ကွမ်းဘက်သို့ ပြုံးစိစိဖြင့် လျှောက်လာ၏။
တစ်ချိန်တည်းမှာပင် သူ့ မျက်လုံးထဲတွင် ရန်ကွမ်း အရှက်ရတော့မည်ကို ကြည့်ချင်ဇောဖြင့် အောင်နိုင် သူတစ်ဦးကဲ့သို့ အရိပ်အယောင်များ ပေါ်နေခဲ့သည် ။
အခန်း ၂၈အရေးပေါ်အခြေအနေ
သူ့ကို ခနဲ့တဲ့တဲ့ကြည့်နေသော အစ်ကိုကျားနှင့် ရင် ဆိုင်ရစဉ်တွင် ရန်ကွမ်း၏ နှုတ်ခမ်းအစုံမှာ အနည်း ငယ် တွန့်ကွေးလာခဲ့သည်။
ဤလူသည် ခန္ဓာကိုယ်တောင့်တင်းသောကြောင့် ကို ယ်ခံပညာ တစ်ခုခုကို အသေအချာ လေ့ကျင့်ထား သူတစ်ဦးနှင့် တူလှ၏။ရန်ကွမ်းသည် ယခင်က ထို ကဲ့သို့သော လူမျိုးနှင့် တစ်ခါမျှ မရင်ဆိုင်ဖူးခဲ့ချေ။
မိမိ၏ လက်ရှိအစွမ်းဖြင့် တစ်ဖက်လူကို အနိုင်ယူနို င်ခြင်း ရှိ၊မရှိကိုလည်း သူကိုယ်တိုင်ပင် သေချာမသိ သေးပေ။
သို့သော်လည်း ယနေ့သူသည် ယခင်ကရန်ကွမ်းနှင့်
နှင့် မတူတော့ပေ။ ရှန်နူန်းကျွယ် လျို့ဝှက် ကျင့်စဉ် ကြောင့် သူ့ ကိုယ်ခန္ဓာမှာ များစွာတိုးတက်ပြောင်းလဲ နေပြီဖြစ်ရာ ယန်ကွမ်းက လုံးဝ နောက်ဆုတ်မည် မ ဟုတ်ပေ။
ထို့ကြောင့် အစ်ကိုကျားကို ရင်ဆိုင်ရင်း ရန်ကွမ်းက ပြုံးလျက် မေးလိုက်သည်။
"ဟဲဟဲ..ဘာလဲ... ခင်ဗျားက ကျွန်တော့်ကို စာရင်း လာရှင်းမလို့လား"
အစ်ကိုကျားက ရယ်မောရင်း ပြောလိုက်၏။
"ကောင်လေး... မနေ့က မင်း ကျိုးဟောက်ကို ရိုက် လိုက်တာက ငါတို့ဆရာကြီးကို တော်တော်လေး စိ တ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်.. ငါကလည်း မ င်းကို လိုက်ရှာနေတာ..ဒီနေ့မှ လာတိုးတာပဲ..ဒါဟာ ငါ့ရဲ့ ကံကောင်းမှုလား.. မင်းရဲ့ ကံဆိုးမှုလားတော့ ငါမသိဘူးကွာ ဟီးဟီး.."
"ခင်ဗျား မှားနေပြီထင်တယ်..ကျွန်တော်က ကံကော င်းတဲ့သူဖြစ်ပြီး ခင်ဗျားကမှ ကံဆိုးမယ့်သူပါဗျ.."
ရန်ကွမ်းက ပြုံးကာ ဆက်ပြောလိုက်သည်။
"အရိုက်ခံချင်လို့ ကိုယ်တိုင်ကိုယ်ကျ လာရှာတဲ့သူ တွေ ရှိနေတာပဲ..တော်တော် ရယ်ရတာပဲဗျာ ခွီး..”
အစ်ကိုကျားမှာ အောင့်သက်သက်ဖြစ်သွားပြီးနော က် ဒေါသတကြီး အော်ပြောလိုက်၏။
"ကောင်လေး... စကားတွေ အများကြီး ပြောမနေနဲ့ ငါ့လက်သီးကိုသာ မြည်းကြည့်လိုက်စမ်း ရော့ကွာ"
ထိုလက်သီးကြီးသည် ရန်ကွမ်း၏ မျက်နှာဆီသို့ အရှိန်ဖြင့် ပြေးဝင်လာသည်။လက်သီး၏ လေအဟု န် ကို ခံစားလိုက်ရသည်နှင့် ရန်ကွမ်းသည် နောက် ပြောင်လိုသော စိတ်ကို ပြန်ရုတ်သိမ်းလိုက်ပြီး မျက် လုံးများမှာမူ ချက်ချင်းပင် စူးရှလာခဲ့၏။
သို့သော်လည်း သူသည် နောက်သို့ ရှောင်မထွက်ဘဲ အစ်ကိုကျား၏ လက်သီးကို သူ့ လက်သီးဖြင့် ယန် ကွမ်းက ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
"ဝုန်း.."
လက်သီးနှစ်ခု ထိပ်တိုက်ဆုံမိသောအခါ နှစ်ဦးစလုံး မှာ တုန်ခါသွား၏။
"အိုးဟိုး..ကောင်လေး... မဆိုးဘူးပဲကွ.."
အစ်ကိုကျားသည် သူ့လက်သီးကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
ရန်ကွမ်းသည်လည်း ထို့အတူပင်။
သူ့ လက်ဖမိုးမှာ နာကျင်သွားသော်လည်း ထိုဝေဒနာ ကို အောင့်ထားရင်း ပြုံးကာ ပြန်ပြောလိုက်သည်။
"ခင်ဗျားလည်း မဆိုးပါဘူးဟဲဟဲ..”
အစ်ကိုကျားဆိုသူက ပြုံးကာ မေးလိုက်၏။
"ငါတို့နှစ်ယောက်လုံးက ကျွမ်းကျင်သူတွေဆိုတော့ .. နောက်မှ အချိန်ပေးပြီး သေသေချာချာ ယှဉ်ပြိုင် ကြည့်ကြရင်ရော ဘယ်လိုလဲ.."
"ကောင်းပြီလေ.."
ရန်ကွမ်းမှာမူ သူ့ အားနည်းချက်ကို မပြဘဲ ခေါင်း ညိတ်ကာ ပြောလိုက်သည်။
"ခင်ဗျားတို့ရဲ့ ဆရာကြီးက ယန်ဇီမင်မဟုတ်လား.. ကျွန်တော့်ကို နှောက်ယှက်ဖို့ ဘယ်သူက ခိုင်းတာလဲ ဆိုတာ သူ့ကို မေးချင်နေတာနဲ့ အတော်ပဲဗျာ..”
"အော် ဒါဆို နောက်သုံးရက်နေရင် ခရိုင်ထဲက မင် ယွဲ့ နိုက်ကလပ်မှာ ငါတို့ တွေ့ကြတာပေါ့"
"ဆောရီးပဲ.နောက်သုံးရက်ဆိုရင် ကျွန်တော် အားမှာ မဟုတ်ဘူး..”
ရန်ကွမ်းက ခေါင်းခါကာ ဆက်ပြောလိုက်၏။
"ကျွန်တော်က အလုပ်များတာ ခင်ဗျားသိပါတယ်.. ဒီလိုလုပ်လေ... ကျွန်တော် အားတဲ့အချိန်ကျမှ ခင်ဗျ ားတို့ဆီ လာခဲ့မယ်.. ဘာပဲဖြစ်ဖြစ် မင်ယွဲ့နိုက်ကလ ပ်က ထွက်ပြေးသွားမှာမှ မဟုတ်တာဗျာ..”
"ပြဿနာမရှိပါဘူး.. ချုံရှန်းရွာက ရန်ကွမ်းကလည်း ထွက်ပြေးမှာမှ မဟုတ်တာပဲ ဟီးဟီး."
အစ်ကိုကျားက သွားဖြဲကာ ရယ်ပြီးနောက် ကျိုးဟေ ာက်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်၏။
"မင်း ငါနဲ့အတူ လိုက်ခဲ့စမ်း..”
"ဗျာ… "
ကျိုးဟောက်မှာမူ ခဏမျှ ဆွံအ သွားပြီးမှ ထိတ်လ န့်သွားရသည်။အစ်ကိုကျား လှည့်ထွက်သွားသည် ကို မြင်သောအခါ သူသည် အနောက်မှ အမှီလိုက် ရင်း မေးလိုက်၏။
"အစ်ကိုကျား... ဒီအတိုင်းပဲ ပြီးသွားပြီလားဗျ"
"မင်းက ဘာသိလို့လဲ ကောင်လေးရာ..”
အစ်ကိုကျား၏ မျက်နှာမှာ ဖြူလျော်နေပြီး အံကြိ တ်ကာ ပြန်ဖြေလိုက်၏။
"ဒီရန်ကွမ်းဆိုတဲ့ကောင်က အတော်လေး အစွမ်းထ က်တယ်.. ငါ့လက်ဖျံရိုး ကျိုးသွားပြီကွ.."
"ဗျာ.."
ကျိုးဟောက်မှာ ဆွံ့အသွားရုံမက မြေကြီးပေါ်သို့ ဖ င်ထိုင် လဲကျမတတ် ဖြစ်သွားရသည်။အစ်ကိုကျား သည် ရန်ကွမ်းကို ဆော်ပလော်တီးလိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း ယခုမူ အစ်ကိုကျားပင် ရှုံး နိမ့်ခဲ့ရ၏။
“ဒီကောင်က အဲ့လောက်တောင် စွမ်းတာလား..”
ကျိုးဟောက်တစ်ယောက် ကြောင်တောင်တောင် ဖြ စ်နေစဉ်မှာပင် အစ်ကိုကျားမှာ ကားပေါ်တွင် ဝင်ထို င်နေပြီဖြစ်ကာ ဒေါသတကြီး လှမ်းအော်လိုက်သည် ။
"မင်းက ဘာရပ်လုပ်နေတာလည်း လာပြီး ကားမော င်းစမ်း..”
"ဟုတ်... ဟုတ်ကဲ့..”
ကျိုးဟောက် သတိဝင်လာပြီး အပြေးအလွှား သွား လိုက်ရသည်။ကားထွက်သွားသည်နှင့် သူ့ လက်အေ ာက်ငယ်သားများမှာလည်း ငှက်တစ်အုပ် ပျံသွား သကဲ့သို့ လူစုကွဲသွားကြရာ ရန်ကွမ်းမှာ တစ်ယော က်တည်း ကျန်ရစ်ခဲ့၏။
သူ့ လက်ဖမိုးကို စမ်းကြည့်လိုက်ရာ ကြွက်သားနှင့် အရိုးအနည်းငယ် ထိခိုက်မိသည်ဟု ခံစားရသော်လ ည်း သိပ်တော့ မစိုးရိမ်ရပေ။အိမ်ပြန်ရောက်မှ ဆေး နည်းနည်း လိမ်းလိုက်လျှင် အဆင်ပြေသွားပေလိမ့် မည်။
ရန်ကွမ်းတစ်ယောက် စိတ်ထဲမှ ပြုံးလိုက်မိသည်။
အစ်ကိုကျားဆိုသူမှာ အတော်လေး ထိခိုက်သွားပုံရ ပြီး စကားအနည်းငယ်ပြောကာ ထွက်သွားခြင်းကို ကြည့်ရုံဖြင့် သူ့လောက် မသန်မာကြောင်း သိသာလှ ၏။ ဤအတိုင်းသာဆိုလျှင် တစ်နေ့နေ့တွင် နိုက်က လပ်သို့ တကယ်သွားရမည်ဟု ရန်ကွမ်း တွေးနေမိ သည်။
သူ့ကို မည်သူက ပစ်မှတ်ထားနေသနည်းဟူသော အ ချက်ကို မသိရသရွေ့ရန်ကွမ်းက စိတ်မအေးနိုင် အောင် ဖြစ်နေရ၏။ထိုသို့ တွေးတောနေစဉ်မှာပင် ဖုန်းမြည်လာခဲ့သည်။
ရွှီလင်၏ နံပါတ်ကို မှတ်သားထားပြီးဖြစ်ရာ သူမ ဆီမှဖြစ်ကြောင်း မြင်သည်နှင့် ရန်ကွမ်းက ချက်ချ င်းပင် ဖုန်းကိုင်လိုက်၏။
"မမရွှီလင်း.. အရေးတကြီး ကိစ္စရှိလို့လားဗျ.."
"နင်က ဆရာဝန် မဟုတ်လား..အခုချက်ချင်း မြို့န ယ်ရုံးကို လာခဲ့စမ်း.."
ရွှီလင်း၏ လေသံမှာ အလွန်ပင် အရေးတကြီးဖြစ် နေပုံရပြီး ကြီးမားသော ပြဿနာတစ်ခုခု ကြုံတွေ့ နေရသည့်နှယ် ပျာယာခတ်နေသည်။
သူမ၏ စိုးရိမ်တကြီးဖြစ်မှုကို ကြားရသည်နှင့် ရန် ကွမ်းလည်း တွေဝေမနေတော့ဘဲ ချက်ချင်း ပြန်ပြောလိုက်၏။
"ကျွန်တော် အနားမှာပဲရှိတယ်..အခုချက်ချင်း လာ ခဲ့မယ် ခဏပဲစောင့်မမ.."
ထို့နောက် ရန်ကွမ်း ဖုန်းချကာ မြို့နယ်အုပ်ချုပ်ရေး ရုံးသို့ ပြေးလာလိုက်သည်။မြို့နယ်ရုံးသို့ သူ ရော က်သောအခါ မည်သူ့ကိုမျှ မေးမြန်းနေစရာ မလိုဘဲ ပထမထပ်မှ ဆူညံသံများကို ကြားရသဖြင့် အထဲသို့
ရန်ကွမ်း ပြေးလာခဲ့၏။
ထိုနေရာသို့ သူ ရောက်ရောက်ချင်း လူအုပ်ကြားထဲ တွင် ရွှီလင်းကို အရင်ဆုံး မြင်လိုက်ရသည်။သူမဘ ာ မှမဖြစ်သည်ကို တွေ့မှ ရန်ကွမ်း သက်ပြင်းချကာ အမြန်ပင် ရှေ့သို့တိုး၍ မေးလိုက်၏။
"ဘာဖြစ်လို့လဲ မမရွှီလင်းရ"
ရွှီလင်းက အမြန် ရှင်းပြလိုက်သည်။
"ဒီနေ့ အစည်းအဝေးမှာ ရွာပေါင်းစုံက ရွာလူကြီး တွေလည်း ရောက်နေတာလေ.အဲဒါ ရှာဟဲရွာက ရွာ လူကြီးက ရုတ်တရက်ကြီး သတိလစ်လဲကျသွားလို့ ဟ နင် အမြန်ကြည့်ပေးပါဦး.."
သတိလစ်နေသူကို မမြင်ရသဖြင့် ရန်ကွမ်းက မေး လိုက်သည်။
"ဪ... လူက ဘယ်မှာလဲ"
"အစည်းအဝေးခန်းထဲမှာလေ..ဘယ်သူမှလည်း ရ မ်းသန်းပြီး မရွှေ့ရဲကြဘူး.. သူက စားပွဲပေါ်မှာ မှော က်နေတုန်းပဲဟ.."
"သိပြီ...”
ရန်ကွမ်းက ခေါင်းညိတ်လိုက်သည်။ရုတ်တရက် သ တိလစ်သွားသော လူနာမှာ နှလုံးကြောင့်လား၊ဦးနှော က်ကြောင့်လား မသိနိုင်သဖြင့် လူနာကို မထိခိုက်မိ စေရန်အတွက် ညိမ်ညိမ်လေး ထားခြင်းမှာ အကော င်းဆုံးပင် ဖြစ်၏။မဟုတ်ပါက ဒုတိယအကြိမ် ထိခို က်မှုဖြစ်ကာ အခြေအနေက ပိုမိုဆိုးရွားလာနိုင်ပေ သည်။
အစည်းအဝေးခန်းထဲသို့ အလျင်အမြန် ဝင်သွားရာ အတွင်း၌ လူအနည်းငယ်ကို ရန်ကွမ်း တွေ့ရ၏။ အားလုံးမှာ မြင်ဖူးသလိုရှိသော်လည်း မည်သူမည် ဝါဖြစ်သည်ကိုမူ သူ မမှတ်မိတော့ပေ။မြို့နယ်အ ဆင့် လူကြီးများ ဖြစ်လိမ့်မည်ဟုသာ တွေးကာ ရန် ကွမ်းက စကားများများမပြောဘဲ စားပွဲပေါ်တွင် မှောက်နေသည့် လူနာရှိရာသို့ တိုက်ရိုက် သွားလိုက် သည်။
လူနာမှာ အသက် ၅၀ ကျော်အရွယ်၊အပြာရောင် အ ဝတ်အစားများ ဝတ်ဆင်ထားပြီး ဆံပင်အနည်းငယ် ဖြူနေသူလည်း ဖြစ်၏။လူနာအနားသို့ ရောက်သည် နှင့် ရန်ကွမ်းက လက်ကောက်ဝတ်ကို လှမ်းကိုင်ကာ စမ်းသပ်လိုက်သည်။
ထိုအချိန်မှာပင် မျက်မှန်တပ်ထားသော အသက်လ တ်ပိုင်း အမျိုးသားတစ်ဦးက ရွှီလင်းကို ကြည့်ကာ
မေးလိုက်၏။
"သူက ဒါက ဘယ်သူလဲ.."
ရွှီလင်းက ပြန်ဖြေလိုက်သည်။
"ကျွန်မတို့ရွာက ဆရာဝန်ပါ..နာမည်က ရန်ကွမ်းလို့ ခေါ်ပါတယ်.."
"အမ် ရွာက ဆရာဝန်လား..”
ထိုအမျိုးသားမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် မကျေနပ်ဖြစ်သည့် အရိပ်အယောင်များ ပြလာကာ အော်ပြောလိုက်သည်။
"ဒါက နောက်စရာမှ မဟုတ်တာ.. ဟဲကြီးရဲ့ အခြေ အနေက တော်တော်စိုးရိမ်ရတာ..ရွာက ဆရာဝန်တ စ်ယောက်က ဘာလုပ်နိုင်မှာလဲ.. မြို့နယ် ကျန်းမာ ရေးဌာနက လူတွေလည်း အခုလာနေပြီ..သူ့ကို အခု ဖယ်ခိုင်းလိုက်စမ်း.."
ရွှီလင်းက ကြားဝင်ကာ ပြောလိုက်သည်။
"အတွင်းရေးမှူးလီ ရန်ကွမ်းက ဆေးကုတာ အရမ်း တော်ပါတယ်ရှင့် ပြီးခဲ့တဲ့ အခေါက်က ကျွန်မ ခြေ ထောက် ခေါက်သွားတုန်းကတောင် သူ နှိပ်ပေးတာနဲ့ ချက်ချင်းသက်သာသွားတာ.. သူ့ကို စမ်းကြည့်ခွင့် ပေးလိုက်ပါလား…”
"ခြေထောက်နာတာနဲ့ သတိလစ်နေတာကို နှိုင်းယှဉ် လို့ ရမလားဗျ.."
အတွင်းရေးမှူး လီမှာ သိသိသာသာပင် စိတ်တိုသွား ပြီး အသံကို နှိမ့်ကာ ခပ်ပြတ်ပြတ် ပြောလိုက်၏။
"ကောင်လေး ဒီမှာ လာပြီး ရှုပ်မနေနဲ့ အခုချက်ချင်း ထွက်သွားစမ်း..”
ရန်ကွမ်းမှာမူ လူနာကို စမ်းသပ်ရာတွင် အာရုံစိုက်နေ သဖြင့် သူတို့၏စကားဝိုင်းအား သတိမထားမိပေ။
သူက တုံ့ပြန်မှုမရှိသည်ကို မြင်သောအခါ လီအမည် ရှိသူမှာ ဒေါသတကြီးဖြင့် သူ့အား မောင်းထုတ်ရန် အပြေးအလွှား ရောက်လာတော့မှသာ ရန်ကွမ်းက ခေါင်းမော့ကြည့်ကာ ပြောလိုက်သည်။
"ဒါက ရုတ်တရက် ဦးနှောက်သွေးကြောပေါက်တာ ဗျ..ခင်ဗျား ဒီမှာ ဆက်ရှုပ်နေလို့ လူနာ သေသွားရင်
ခင်ဗျား တာဝန်ယူမှာလား"
"အမ်..ဘာ..ဘာလဲ.."
အတွင်းရေးမှူး လီမှာ လန့်သွားပြီး အံ့အားသင့်ကာ မေးလိုက်၏။
"မင်း..မင်းက ဘယ်လိုလုပ် သိတာလဲ"
"ခင်ဗျား မျက်စိမမြင်ဘူးလား"
ရန်ကွမ်းက လူနာ၏ လက်ကောက်ဝတ်ကို ကိုင်ထား သည့် သူ၏လက်ကို မြှောက်ပြကာ ရှင်းပြလိုက်သ ည်။
"ကျွန်တော် သွေးခုန်နှုန်းကို စမ်းနေတာလေ.."
"မင်း... မင်း…
စော်ကားခံလိုက်ရသဖြင့် အတွင်းရေးမှူးလီမှာ ပို၍ ပင် ဒေါသထွက်သွားပြီး ရွှီလင်းဘက်သို့ လှည့်ကာ ပြောလိုက်၏။
"ဒါလား နင်ပြောတဲ့ ရွာကဆရာဝန် ယဉ်ကျေးမှုဆို တာ အစအနတောင် မရှိတဲ့ကောင်ပဲ.."
ရွှီလင်းမှာလည်း ဘာပြောရမှန်းမသိ ဆွံ့အသွားရ သည်။ရန်ကွမ်းက ရိုင်းလွန်းသည်ဟု သူမ ခံစားလို က်ရသည်၊ လီကျန့်ရှဲဆိုသည်မှာ မြို့နယ်အတွင်းရေး မှူး မဟုတ်ပေလော။
သို့သော်လည်း စကားကလည်း ပြောပြီးသွားပြီဖြစ် ရာ ပြန်ရုပ်သိမ်း၍ မရတော့သဖြင့် သူမက ရန်ကွမ်း ဘက်မှ ကာကွယ်ကာ ပြောလိုက်ရသည်။
"အတွင်းရေးမှူးလီ... စိတ်မဆိုးပါနဲ့ရှင့် ရန်ကွမ်းက လူနာကို ကယ်ချင်ဇောနဲ့ ပြောမိသွားတာပါရှင်"
သူမ စကားပင် မဆုံးသေးမီ အဖြူရောင် ကုတ်အ င်္ကျီဝတ်ထားသူ အချို့ အထဲသို့ ဝင်လာ၏။ခေါင်း ဆောင်ဖြစ်ဟန်တူသူက ပတ်ဝန်းကျင်ကို ဝေ့ကြည့် ကာ မေးလိုက်၏။
"လူနာက ဘယ်မှာလဲ.."
လီကျန့်ရှဲက လက်ညိုးထိုးကာ ပြောလိုက်သည်။
"ဒီမှာ... မြန်မြန်လုပ်ပါ ဆရာဝန်ဟုရာ..သူ သတိလ စ်နေတာ ၁၀ မိနစ်လောက်ရှိပြီ.. ခင်ဗျားတို့ကလည်း ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲဗျ..”
"ဆေးရုံမှာ အစည်းအဝေး ရှိနေလို့ နည်းနည်း နော က်ကျ သွားတာပါဗျာ.."
ဆရာဝန်ဟုသည် ရှေ့သို့တိုးလာရင်း ရန်ကွမ်းက လူ နာ၏ သွေးခုန်နှုန်းကို စမ်းနေသည်ကို တွေ့သောအ ခါ ဇဝေဇဝါဖြင့် မေးမြန်းလိုက်ပေသည်။
"ဒီကောင်လေးက ဘယ်သူလဲ.."