← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း ၂၃ အိမ်တိုင်ရာရောက် ရောက်လာခြင်း

ယန်ကွမ်းသည် ချက်ချင်း အဖြေမပေးဘဲ တမင်သ က်သက် အချိန်ဆွဲထားလိုက်သည်။ပြီးနောက် ချီချင် းရွှေကို ကြည့်ကာ ပြောလိုက်၏။

"မမ... မမပဲ ပြောပြလိုက်ပါလား"

"မောင်လေးကတော့နော်..."

ယန်ကွမ်းသည် တမင် စနောက်နေခြင်းဖြစ်မှန်း သိ သဖြင့် ချီချင်းရွှေက မျက်စောင်းတစ်ချက် ထိုးလို က်သည်။ထို့နောက် စပ်စုချင်စိတ် ပြင်းပြနေသော ရွှီလင်းနှင့်နှင့်ဝူရှောင်လျန်း တို့ကို ကြည့်ကာ ရှင်းပြလိုက်သည်။

"အဲဒီရွှေတုံးကို အစ်မချင်းရွှေပဲ ဝယ်လိုက်တာ.. သူက ယွမ် ကိုးသိန်း ပေးခဲ့တယ်လေ"

"ဘာ... ဘာပြောတယ်..”

အမျိုးသမီးနှစ်ဦးစလုံးမှာ တစ်ပြိုင်နက်တည်း ဆွံ့အ သွားကြသည်။

"အဲဒီလောက်တောင် များတာလား.."

ဝူရှောင်လျန်းမှာ အံ့ဩလွန်းသဖြင့် အသံပင် တုန်နေ ၏။ရွှီလင်းမှာလည်း အံ့အားသင့်ကာ ပါးစပ်အဟော င်း သား ဖြစ်ကာ ချီချင်းရွှေအား ကြည့်၍ ပြောလို က်သည်။

"မမချင်းရွှေ... အဲဒီရွှေတုံးက တကယ်ပဲ အဲဒီလော က် တန်ဖိုး ရှိတာလား..ရှောင်ကွမ်းကို မျက်နှာသာ ပေးပြီး တမင် ပိုပေးလိုက်တာတော့ မဟုတ်ပါဘူး နော်"

"မဟုတ်ရပါဘူးအေ..”

ချီချင်းရွှေမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး သူမ ကို စိုက်ကြည့်ကာ ရှင်းပြလိုက်၏။

"အစ်မတို့က ရွှေဆိုင်မှာ သွားပြီး ဈေးဖြတ်ခဲ့ပြီး အစ်မက ပေါက်ဈေးထက် နှစ်ဆပေးပြီး ဝယ်လိုက် တာ..ဒီလောက် ကြီးမားတဲ့ သဘာဝရွှေက စုဆောင်း သူတွေအတွက် တကယ့်ကို တန်ဖိုးဖြတ်မရတဲ့ အရာ ပဲလေ.. ဒါကို တခြားတစ်ယောက်ကို လက်ဆောင် ပေးဖို့ မမ စီစဉ်ထားတယ်.."

"အဲဒါကို ဟိုလူ့ကို ပေးမလို့လား..."

စကားမဆုံးမီမှာပင် ရွှီလင်း၏ စကားကို ကြားဖြတ် ကာ ချီချင်းရွှေပြောလိုက်၏။

"အရမ်း စပ်စုမနေနဲ့တော့..မမ လက်ဆောင်ပေးဖို့ ဝယ်ထားတယ်ဆိုတာ သိရင် ရပြီ.."

"အင်းပါ... အင်းပါ.."

မမချီချင်းရွှေအနေဖြင့် ထိုကိစ္စကို အသေးစိတ် မ ပြောချင်မှန်း ရိပ်မိလိုက်သဖြင့် ရွှီလင်းက စကားလ မ်းကြောင်း လွှဲလိုက်သည်။

"ဒါကြောင့်လည်း ယန်ကွမ်းက ချမ်းသာပြီလို့ ပြော တာကိုး..တစ်ခါတည်းနဲ့ ယွမ်ကိုးသိန်းတောင် ရလို က်တာဆိုတော့ တကယ်များတာပဲနော်..”

ယန်ကွမ်းက ပြုံးနေကာ မည်သည့် ထူးခြားမှုကိုမျှ သတိမထားမိဘဲ ပြောလိုက်၏။

"ဒါကြောင့် ဖန်လုံအိမ် ဆောက်ဖို့က ပြဿနာမရှိတေ ာ့ဘူးလေ.. ကဲ... ကျွန်တော်တို့ရဲ့ စီမံကိန်းကြီးကို စတင်ကြတော့မလား.."

"စ လို့ရတာပေါ့.."

ရွှီလင်းက ခေါင်းညိတ်ထောက်ခံပြီးမှ ဆက်မေးလို က်သည်။

"ဒါနဲ့ မင်းရဲ့ ဆေးမြစ်စိုက်မယ့်ကိစ္စကရော ဘယ်လို လဲ.."

ယန်ကွမ်းက အေးအေးဆေးဆေးပင် ပြုံးကာ ပြန် ဖြေလိုက်၏။

"အဲဒါက လွယ်ပါတယ်.. နောက်ဖေး တောင်ပေါ်မှာ ဂူတစ်ခုရှိတယ်.. ကျွန်တော် အင်တာနက်မှာ ရှာကြ ည့်တော့ ဒီအပင်က အရိပ်ကြိုက်တယ်တဲ့ အဲဒီဂူထဲ မှာ စိုက်မယ်ဆိုရင်တော့ အတော်ပဲပေါ့.."

ယန်ကွမ်းသည် တောင်သုံးလုံးဆေးမြစ်ကို ဂူထဲတွင် စိုက်ပျိုးရန် စဉ်းစားခြင်းမှာ လျှို့ဝှက်ချက်ကို ထိန်း သိမ်းရန်အတွက် လည်း ဖြစ်၏။ ယန်ကွမ်းအနေဖြင့် ငွေကြေး အရေးတကြီး လိုအပ်နေသဖြင့် အထူးန ည်း လမ်းများကို အသုံးပြုကာ အပင်ကြီးထွားမှုကို အရှိန်မြှင့်တင်ရန် ရည်ရွယ်ထားခဲ့သည်။

ထိုသို့ဆိုလျှင် သူသည် အချိန်တိုအတွင်း အောင်မြင် စွာ စိုက်ပျိုးနိုင်မည် မဟုတ်ပါလား။

ဤနည်းဖြင့် ငွေလည်းရနိုင်သလို၊ လောင်းကြေးကို လည်း အနိုင်ရရှိမည်ဖြစ်ရာ တစ်ချက်ခုတ် နှစ်ချက် ပြတ်ပင် ဖြစ်ပေသည်။

ယန်ကွမ်း စကားကို ကြားပြီးနောက် ရွှီလင်းက ခေါ င်းညိတ်ကာ သဘောတူလိုက်သည်။

"ဒါဆိုရင်လည်း မင်းရဲ့ စိတ်ကူးအတိုင်းပဲ လုပ်ကြ တာပေါ့.. ဖန်လုံအိမ် ကိစ္စကို မမ တာဝန်ယူမယ် ဆေ းမြစ်စိုက်တဲ့ကိစ္စကိုတော့ မင်းဘာသာမင်း အဆင် ပြေအောင် လုပ်လိုက်တော့"

"ဟုတ်.. ခဏနေရင် ကျွန်တော် မမဆီကို ပိုက်ဆံ လွှဲ ပေးမယ်နော်..အဲ့ ပိုက်ဆံကိုတော့ သိပ်ပြီး ချွေတာမ နေနဲ့နော် မမရွှီလင်း.."

ထိုစကားကို ကြားသောအခါ ရွှီလင်းနှင့် ဝူရှောင်လျ န်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြိုင်တူ ပြုံး လိုက်ကြသည်။

ထို့နောက် ဝူရှောင်လျန်းက ပြောလိုက်၏။

"မောင်လေးက ပိုက်ဆံကို ခက်ခက်ခဲခဲ ရှာထားရတ ာဆိုတော့ အပို မကုန်တာ အကောင်းဆုံးပါပဲ”

"ကျွန်တော် သိပါတယ် မရီးရဲ့ ဒါကြောင့်လည်း ပို က်ဆံအားလုံးကို မရီးလက်ထဲပဲ အပ်ထားတာပေါ့ စာရင်းတွေကိုလည်း အစ်မပဲ ကူလုပ်ပေးပါလား..”

ထိုစကားကြောင့် ဝူရှောင်လျန်းမှာ အံ့အားသင့်သွား ပြီး တအံ့တဩ မေးလိုက်မိသည်။

"ဟင်.. အစ်..အစ်မက လုပ်နိုင်ပါ့မလား.."

ယန်ကွမ်းက ရယ်ရင်း ပြောလိုက်၏။

"အစ်မ မလုပ်ရင် ဘယ်သူလုပ်မှာလဲဗျ ဒါက ကျွန် တော်တို့ သုံးယောက်စလုံးနဲ့ ဆိုင်တာပဲ မဟုတ်လာ း.."

ထိုစကားကို ကြားလိုက်ရသည့်အခါ ဝူရှောင်လျန်း ၏ ရင်ထဲတွင် နွေးထွေးမှုများ လှိုက်တက်လာခဲ့သ ည်။ညစာအတွက် အားလုံး ဝိုင်းဝန်းပြင်ဆင်ကြရာ မကြာမီမှာပင် စားပွဲဝိုင်းလေးတွင် ဟင်းပွဲများ စုံလ င်နေ၏။

ဟင်းသီးဟင်းရွက်ကြော်ကို ချီချင်းရွှေ မြည်းစမ်း ကြည့်ပြီးနောက် အံ့အားသင့်စွာဖြင့် မော့ကြည့်ကာ ချီးကျူးလိုက်သည်။

"ဝိုး အရသာက တကယ့်ကို ထူးခြားတာပဲ.. အစ်မ ဆိုင်က စားဖိုမှူးလက်ရာထက်တောင် မလျော့ဘူးပဲ"

ရွီလင်းက ပြုံးကာ ပြောလိုက်၏။

"မမချင်းရွှေက အစားအသောက်နဲ့ ပတ်သက်ရင် ကျွမ်းကျင်သူလေ..မမရှောင်လျန်း... ဒါက မမအတွ က် အမြင့်ဆုံး ချီးကျူးစကားပဲ.."

ဝူရှောင်လျန်းမှာမူ မျက်နှာလေး နီမြန်းသွားကာ ရှက်ကိုးရှက်ကန်း ပြန်ပြောလိုက်သည်။

"အိမ်ချက် ဟင်းလေးတွေပါပဲရှင် အဲဒီလောက်အ ထိလည်း မဟုတ်ပါဘူး"

ယန်ကွမ်းကလည်း ရယ်ကာ ထောက်ခံလိုက်သည်။

"ရှက်မနေပါနဲ့ မရီးရဲ့.. မရီးရဲ့ လက်ရာက တကယ့် ကို ကောင်းတာပဲဗျ ဟီး.."

လေးဦးသား စားပွဲဝိုင်းတွင် ဝိုင်းထိုင်လိုက်ကြသည်။ ယာယာမှာမူ ဆော့ကစားလွန်းသဖြင့် ပင်ပန်းကာ အ တွင်းခန်းထဲ၌ အိပ်ပျော်နေပြီဖြစ်ရာ သူမကို စိတ်ပူစ ရာမလိုဘဲ အားလုံး အေးအေးဆေးဆေး စားနိုင်ခဲ့ ၏။

ချီချင်းရွှေသည်လည်း အမှန်တကယ်ပင် ပျော်ရွှင် နေသဖြင့် အထက်တန်းလွှာ အမျိုးသမီးတစ်ဦး၏ ဟန်ပန်များကို ခဏဘေးဖယ်ကာ အားရပါးရ စား သောက်နေပေသည်။

လူအားလုံး စားရင်း စကားလက်ဆုံ ကျနေကြစဉ်မှာ ပင် ခြံဝင်းထဲမှ စိတ်အနှောင့်အယှက်ဖြစ်စရာ အသံ တစ်သံ ထွက်ပေါ်လာ၏။

"ဟိတ်ကောင် ယန်ကွမ်း..မင်း. ထွက်ခဲ့စမ်း.."

ထိုအသံကို ကြားလိုက်ရသဖြင့် ယန်ကွမ်း ခဏမျှ ကြောင်သွားပြီးမှ လက်ထဲမှ တူကို ချကာ အပြင်သို့ ထွက်ကြည့်လိုက်သည်။ထိုအခါ ခြံဝတွင် လူငယ် လေးငါးဦးခန့် ရပ်နေသည်ကိုသူ တွေ့လိုက်ရ၏။

ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာမှာ ရင်းနှီးနေသဖြင့် ယန်ကွမ်း ခဏမျှ စဉ်းစားကြည့်လိုက်ရာမှ မှတ်မိ သွားပြီးနောက် ပြုံးကာ မေးလိုက်သည်။

"အိုး..ဒါ ဟုန်ချီမြို့က အစ်ကိုဟောက် မို့လား.. ကျွန် တော့်အိမ်ကို ဘာကိစ္စနဲ့များ ကြွလာတာလဲဗျ.."

ကျိုးဟောက်က လှောင်ပြုံးပြုံးရင်း မျက်မှောင်ကြု တ်ကာ မေးလိုက်သည်။

"ယန်ကွမ်း... မင်း ဒီရက်ပိုင်း တော်တော်လေး အဆ င်ပြေနေတယ်လို့ ငါကြားတယ်နော်…"

ထိုလူ၏ ရန်လိုနေသော ပုံစံကို မြင်လိုက်ရသဖြင့် ယ န်ကွမ်း၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ရိပ်မိလိုက်ပြီး ပြုံးလျက်ပင် ပြန်မေးလိုက်၏။

"ဘယ်လိုတွေ ပြောနေတာလဲဗျာ.. ကျွန်တော် ကြား တာကတော့ အစ်ကိုဟောက်က ဟုန်ချီမြို့မှာ ဘယ် သူမှ မထိရဲတဲ့ လူမိုက်ကြီးလို့ သိထားတာ.. အစ်ကို ဟောက်က လူကောင်လည်း အကြီးကြီးပဲဗျာ..”

ကျိုးဟောက်က ခနဲ့ပြုံး ပြုံးလိုက်ရင်း ယန်ကွမ်းအာ း လက်ညှိုးထိုးကာ ပြောလိုက်သည်။

"ငါ့နာမည်ကို မင်းသိနေတာပဲ.. ဒါဆိုရင်တော့ ပြော ရ ဆိုရ ပိုလွယ်သွားတာပေါ့..ဟဲဟဲ.."

"မင်း ဒီကိုလာစမ်း..တစ်ယောက်ယောက်က ငါ့ကို အကူအညီတောင်းထားလို့ မင်းရဲ့ခြေထောက်တစ်ဖ က်ကို ငါယူရလိမ့်မယ်.."

ထိုသို့ပြောပြီးနောက် သူက စကားလမ်းကြောင်းလွဲ ကာ ပြောလိုက်၏။

"ဒါပေမဲ့လည်း ငါတို့က နယ်ခံအချင်းချင်းတွေဆို တော့ မင်းကို ဒုက္ခိတတော့ မဖြစ်စေချင်ပါဘူး.. ဒီ တော့ ဒီလိုလုပ်ကြရအောင်... မင်းခြေထောက်အစား ပိုက်ဆံနဲ့ပဲ အစားထိုးလိုက်လေ..ဟီးဟီး..ငါ ကြားထ ားတာ မင်း ဒီရက်ပိုင်း ပိုက်ဆံတွေ တော်တော်ရထ ား တယ်ဆို.."

ထိုစကားကို ကြားလိုက်ရသဖြင့် အံ့အားသင်ကာ ယန်ကွမ်း ပြန်မေးလိုက်သည်။

"ပိုက်ဆံနဲ့ အစားထိုးရမယ်.. ဘာအတွက် ကျွန်တေ ာ်က အစားထိုးရမှာလဲ.."

ကျိုးဟောက်က ရယ်ကာ ပြောလိုက်၏။

"တုံးလိုက်တာကွာ ငါ့ညီအစ်ကိုတွေရဲ့ ခြေကြွခနဲ့.. မ င်းရဲ့ခြေထောက် မကျိုးစေဖို့အတွက်ပေါ့ကွ.. ငါ့ကို ပိုက်ဆံနည်းနည်းလောက် ပေးလိုက်ရင် အကုန် ပြီး သွားပြီလေကွာ..ဟီးဟီးဟီး..”

သူ့နောက်မှ လူမိုက်များကလည်း လက်ထဲရှိ သစ်သ ားတုတ်များနှင့် သံပိုက်များကို ရိုက်ပုတ်ပြရင်း ဝို င်း ရယ်နေကြသည်။

"နင်တို့တွေ လွန်မလာနဲ့နော်…"

ထိုငေါက်ငမ်းသံနှင့်အတူ ရွှီလင်းက အိမ်ထဲမှ ထွက် လာပြီး ကျိုးဟောက်နှင့် အပေါင်းအပါများကို စိုက် ကြည့်ကာ အော်ပြောလိုက်၏။

"နင်တို့ ရူးနေတာလား.. ဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစ ည်းမှာ ဒီလိုလုပ်ဖို့ ဘယ်သူက နင်တို့ကို ဒီလိုလုပ်ဖို့ သတ္တိပေးလိုက်တာလဲ.."

"ဟော... ဒီကောင်မလေးက တော်တော်ချောတာပဲ ကွ ငါကြိုက်တယ်ကွာ ဟီး.. "

ရွီလင်းကို မြင်လိုက်ရသည့်အခါ ကျိုးဟောက်မှာ မျ က်တောင်မခတ်တမ်း ငေးကြည့်နေမိသည်။သူသ ည် မျက်လုံးကစားရင်း ယန်ကွမ်းဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ဟေ့ကောင်... ဒါ မင်းရဲ့ မိန်းမလား…"

ဒေါသကြောင့် မျက်နှာလေး နီမြန်းနေသော ရွှီလင်း က အကျယ်ကြီး အော်ပြောလိုက်သည်။

"ဘာတွေ လျှောက်ပြောနေတာလဲ..အခုချက်ချင်း ရှ င်တို့ ထွက်သွားကြ..မဟုတ်ရင် ရဲတိုင်လိုက်မယ်.."

ထိုအချိန်တွင် ချီချင်းရွှေနှင့် ဝူရှောင်လျန်းတို့လည်း အိမ်ထဲမှ ထွက်လာကြပြီး ရှေ့မှ မြင်ကွင်းကို အံ့အား သင့်စွာ ကြည့်နေကြသည်။

ကျိုးဟောက်နှင့် အပေါင်းအပါများမှာမူ အိမ်ထဲတွင် နောက်ထပ် နတ်သမီး နှစ်ပါး ရှိနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြပေ။ထိုနှစ်ဦးကို မြင်လိုက်ရသည့်အ ခါ ကျိုးဟောက်က မျက်လုံးများ ကျွတ်ကျမတတ် ငေးကြည့်နေ၏။

ထို့နောက် သူက ယန်ကွမ်းအား အံ့အားသင့်စွာ ကြ ည့်ကာ ပြောလိုက်သည်။

"မင်းက ဘယ်လိုကောင်လဲဟ..မင်းအိမ်မှာ ဘာလို့ အလှလေးတွေ ဒီလောက်တောင် များနေရတာလဲ"

"ဒါ ခင်ဗျား အလုပ်မဟုတ်ဘူး.."

ကျိုးဟောက်က အမျိုးသမီးများကို ကြည့်နေသည့် အကြည့်များမှာ စော်ကားလွန်းလှသဖြင့် ယန်ကွမ်း မှာ စိတ်တိုသွားပြီး ပြန်ပြောလိုက်၏။

"ခင်ဗျားကို လူလို့သတ်မှတ်လို့ 'အစ်ကိုဟောက်' လို့ ခေါ်နေတာ.. လူလို့ မသတ်မှတ်ရင်ရော ခင်ဗျားက ဘာမို့လို့လဲ.."

"ဟေ့ကောင်... မင်း ခြေထောက်ကို မလိုချင်တော့ဘူ းပေါ့လေ ဟုတ်လား.."

ယန်ကွမ်းက ဤမျှအထိ ပြောလိမ့်မည်ဟု မမျှော်လ င့်ထားသဖြင့် ကျိုးဟောက်က ဒေါသအလိပ်လိုက် ထွက်သွားရသည်။အလှလေး သုံးဦးရှေ့တွင် သတ္တိ ကို ပြလိုသဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆု ပ်ကာ ယန်ကွမ်း၏ မျက်နှာတည့်တည့်သို့ ထိုးပစ်လို က်၏။

ထိုမြင်ကွင်းကို မြင်ရသဖြင့် ရွီလင်းနှင့် အခြားသူမျ ားမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

“အား..မလုပ်နဲ့..”

ယန်ကွမ်းမှာ တစ်ဦးတည်းဖြစ်ပြီး တစ်ဖက်တွင်

လေးငါးဦးရှိနေ၏။ရန်ဖြစ်ကြမည်ဆိုလျှင် ယန်ကွမ် းသာ ခံရမည် မဟုတ်ပေလော။

သို့သော်လည်း ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီ းနောက်တွင်မူ ယန်ကွမ်း၏ ကိုယ်ဟန်က လျှပ်စီး ကဲ့သို့ လှစ်ခနဲဖြစ်သွားပြီး သူ့ဆီဝင်လာသည့် လက် သီးကို ရှောင်လိုက်ကာ ကျိုးဟောက်၏ အနောက် သို့ ရောက်သွားသည်ကို လူတိုင်း တွေ့လိုက်ရသည်။

ထို့နောက် ယန်ကွမ်းက ကျိုးဟောက်၏ တင်ပါးကို အားရပါးရ ကန်ပစ်လိုက်၏။

"ဘုန်း... ဒုန်း..ဝုန်း...."

ကျိုးဟောက်မှာမူ ဟန်ချက်မထိန်းနိုင်ဘဲ ခြံဝင်းအ နောက်ဘက်ရှိ စွန့်ပစ်ထားသော ဝက်ခြံဟောင်းထဲ သို့ ခေါင်းစိုက်ကာ ကျသွားသည်။

"ဟာ..အစ်ကိုဟောက်.."

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ နောက်လိုက် ငယ်သားများမှာမူ ထိန်လန့်တကြား အနားသို့ သွားကြည့်လိုက်၏။

ယန်ကွမ်းက အေးအေးဆေးဆေးပင် ရယ်မောရင်း ခနဲ့ လိုက်ပေသည်။

"ဝက်ခြံက သန့်နေတာ နမြောစရာပဲကွာ.. အထဲမှာ ဝက်ချေးတွေသာ ရှိနေရင် ပို ကြည့်ကောင်းမှာပဲကွာ ..ဟီးဟီး..”

အခန်း ၂၄ ခဗျားကို ဘယ်သူ ခိုင်းတာလဲ

ဝက်ခြံထဲသို့ ပက်လက်လန်ကျသွားသော ကျိုးဟော က်ကို သူ့တပည့်များက မနည်းဆွဲထုတ်ခဲ့ရသည်။

ယခုအချိန်တွင်မူ ကျိုးဟောက် ၏မျက်နှာမှာ မျော က်ဖင်ကဲ့သို့ နီမြန်းလျက်ရှိ၏။မိန်းမပျိုလေးများ၏ ရှေ့မှောက်တွင် ထိုမျှအရှက်ရရခြင်းမှာ သူ့အတွက် မူ အလွန်တရာ ခံပြင်းစရာပင်။

ထို့ကြောင့်ပင် တင်ပါးမှ နာကျင်မှုကိုပင် သတိမမူ နိုင်တော့ဘဲ ဒေါသများဖြင့် တပည့်ဖြစ်သူများကို ကျိုးဟောက် အမိန့်ပေးလိုက်တော့သည်။

"သွားစမ်း..အဲ့ဒီကောင်ကို သတ်ပစ်စမ်းကွာ"

ရုတ်တရက် တုတ်ကိုယ်စီကိုင်ဆောင်ထားသော လူ သန်ကြီးလေးဦးသည် ရန်ကွမ်းထံသို့ အငြိုးတကြီး ပြေးဝင်လာ၏။

ဝူရှောင်လျန်းနှင့်ချီချင်းရွှေ ရွှီလင်းသည်လည်း စိုး ရိမ်တကြီး သတိပေးလိုက်သည်။

"ရှောင်ကွမ်း သတိထားဦး…"

တစ်ဦးနှင့် လေးဦး ရင်ဆိုင်ရခြင်းဖြစ်၍ ရန်ကွမ်းတ စ်ယောက် အထိနာတော့မည်မှာ သေချာလှ၏

သို့သော်လည်း ပြေးဝင်လာသော လူလေးဦးကို ကြ ည့်၍ ရန်ကွမ်းရောက် လျင်မြန်သော ကိုယ်ဟန်ဖြင့် တုတ်ချက်များကို ရှောင်တိမ်းလိုက်သည်။ထို့နောက် လျင်မြန်လှသော လက်သီးချက်များဖြင့် ခဏလေး အတွင်းမှာပင် ထိုလူလေးဦးအား မြေပြင်ပေါ်သို့ လဲကျသွားစေခဲ့၏။

မိန်းကလေးသုံးဦးမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ် အဟောင်းသား ကျန်ရစ်ခဲ့သည်။မိန်းကလေးများ၏ အံ့ဩမှင်သက်နေသော အကြည့်များအောက်တွင် ရ န်ကွမ်းသည် လက်နှစ်ဖက်ကို ခါကာ ပြောလိုက်၏။

"ဒီကောင်တွေက အရက်အိုး ထမင်းထုတ်တွေလိုပဲ နောက်ထပ် ခုနစ်ယောက် ရှစ်ယောက် လောက်လာ လည်း အေးဆေးပဲ…"

ရွှီလင်းက အနားသို့တိုးကာ စိုးရိမ်တကြီး မေးမြန်း ရှာသည်။

"နင် ဘာမှမဖြစ်ဘူးမလား ရှောင်ကွမ်း.."

"ဘာမှတော့ မဖြစ်ပါဘူးဗျာ..ဒါပေမဲ့ သူတို့ကြောင့် ကျွန်တော့် လက်သီးတွေတောင် နာသွားပြီ..အားယိုး

"

ရန်ကွမ်းက ရယ်မောရင်း မြေပြင်ပေါ်တွင် လူးလိမ့် နေသူများကို လှည့်ကြည့်လိုက်သည်။ရွှီလင်းမှာမူ ဘာပြန်ပြောရမှန်းမသိဘဲ ယန်ကွမ်းအား မျက်စော င်းတချက် လှမ်းထိုးလိုက်သည်။

"ဟဲ့ စနောက်မနေနဲ့တော့..ဒီလူတွေကို ဘယ်လိုလုပ် မလဲ"

"ကျွန်တော် မေးကြည့်လိုက်ဦးမယ်…"

ရန်ကွမ်သည် ကျိုးဟောက်ရှေ့သို့ ခပ်တည်တည်ဖြ င့် လျှောက်လာ၏။ကျိုးဟောက်က သူ့ကို ကြောက် လန့်တကြား ကြည့်နေသည်ကို မြင်သောအခါ ရန်ကွ မ်းက ပြုံးစစဖြင့် မေးလိုက်သည်။

"ကဲ... ထပ်ချချင်သေးလား.."

"မချတော့ပါဘူး... မချတော့ပါဘူးကွာ..မင်းက ငယ် င ယ်လေးနဲ့ ဒီလောက် တိုက်ခိုက်ရေးကျွမ်းမယ်လို့ ငါ တကယ်မထင်ထားမိဘူး.."

ကျိုးဟောက်သည် ယန်ကွမ်းကို ထပ်မံ၍ အထင်မ သေးရဲတော့ဘဲ လေသံကို ချက်ချင်း ပြောင်းလိုက်ရ သည်။

"ကျွန်တော်က အစတည်းက တော်ပြီးသား..ဒါပေမဲ့ လူမသိအောင် ခပ်အေးအေးပဲ နေတတ်လို့လေ ဟဲ.."

ရန်ကွမ်းက ကိုယ့်ကိုယ်ကိုယ် ပြန်လည်မြှောက်ပင့် ပြောဆိုပြီးနောက် ဆက်လက်၍ မေးမြန်းလိုက်သည် ။

"ကဲ...ခဗျား မချတော့ဘူးဆိုရင်လည်း ကျုပ်တို့ စ ကားကောင်းကောင်း ပြောကြရအောင်…"

စကားအဆုံးတွင်မူ ရန်ကွမ်းသည် မြေပြင်ပေါ်တွင် လူးလိမ့်နေသူများကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ကျိုးဟောက်ကို ပြုံးကာ ဆက်ပြောလိုက်၏။

"အာ ခဗျားတို့ ငါးယောက်မှာ ခြေထောက် ငါးစုံ ရှိ တာပဲ..အခုလောလောဆယ်တော့ အဲ့ဒီခြေထောက် တွေကို မချိုးသေးပါဘူး..ဒါပေမဲ့ ကျုပ်ကို လျော် ကြေးပေးသင့်တယ် မို့လား..”

"အဲဒါက..."

ကျိုးဟောင်သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိ သည်။ခုနလေးတင်မှ သူသည် သူတစ်ပါးအပေါ် ဗို လ်ကျစိုးမိုးရန် ကြိုးပမ်းခဲ့သော်လည်း ယခုမူ ဝဋ်သ ည် သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာလိ မ့်မည်ဟု အိပ်မက်ပင်မမက်ခဲ့မိပေ။

ကျိုးဟောက် ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသ ည်ကို မြင်သောအခါ ရန်ကွမ်းက မျက်မှောင်ကြုတ် ကာ ငေါက်လိုက်၏။

"ဘာလဲ... မလျော်ချင်ဘူးလား.. ခဗျားတို့က ကျုပ်

အိမ်ထဲကို အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်လာ တာလေ.. ခဗျားတို့ ခြေထောက်တွေကို ကျုပ်ချိုးပ စ်ရင်တောင် အပြစ်မရှိဘူးဆိုတာ သိရဲ့လား.."

ကျိုးဟောက်က တုန်တုန်ယင်ယင်ဖြင့် ပြန်ပြောလို က်သည်။

"သိ... သိပါတယ်..ဒါပေမဲ့ ကျွန်တော့်မှာ ပိုက်ဆံ တ စ်ပြားမှ မပါလာလို့ပါဗျာ.."

"ဟုတ်လို့လား..ဟုန်ချီမြို့ရဲ့ နာမည်ကျော် အကိုဟေ ာက် ဆိုတဲ့လူက ပိုက်ဆံမရှိဘူးဆိုတာ ယုံချင်စရာ ပဲကွာ..”

ရန်ကွမ်သည် မကျေမနပ်ဖြစ်သွားပြီး ကျိုးဟောက် ၏ ဘောင်းဘီအိတ်ထဲသို့ လက်နှိုက်ကာ ရှာလိုက် သည်။

အနားသို့ ရောက်လာသော ရွှီလင်းက ထိုမြင်ကွင်း ကို ကြည့်မနေနိုင်တော့ဘဲ စိတ်ပျက်လက်ပျက် ပြေ ာလိုက်၏။

"ဟဲ့.. နင် ဘာတွေလုပ်နေတာလဲ..ဒီလူတွေကို ဘယ် သူခိုင်းလိုက်တာလဲဆိုတာ အရင်မေးရမှာလေ.."

"နေပါဦး.အစ်မရွှီရဲ့.... အပိုဆုလေး ဘာလေးလည်း ရအောင်လို့ပါဗျာ..ဟီး”

ရန်ကွမ်းက ပြုံးစိစိဖြင့် ပြောရင်း ကျိုးဟောက်၏

အိတ်ထဲမှ ကြေနေသော ငွေစက္ကူအချို့ကို ဆွဲထုတ် လိုက်သည်။စုစုပေါင်းမှ ယွမ်တစ်ရာပင် မပြည့်ပေ။

သို့သော်လည်း "ခြင်ခြေထောက်လည်း အသားပဲ"ဆို သည့်အတိုင်း ယန်ကွမ်းက ထိုငွေများကို အိတ်ထဲသို့ အသာအယာ ထည့်လိုက်လေသည်။ရွှီလင်းမှာမူ ဘ ာမှပြန်မပြောနိုင်တော့ဘဲ ခေါင်းကိုသာ ခါယမ်းလို က်ပြီး ကျိုးဟောက်ကို ကြည့်ကာ မေးလိုက်၏။

"ရှင်တို့က ဟုန်ချီမြို့နယ်ကဆိုရင် ရန်ကွမ်းအိမ်ကို ဘာကိစ္စလာတာလဲ.ရှင်တို့ကို..ဘယ်သူက ခိုင်းလိုက် တာလဲ"

ရန်ကွမ်ကလည်း ဘေးမှ ထောက်ခံလိုက်သည်။

"မြန်မြန်ပြောစမ်း..မဟုတ်ရင်တော့ နာတော့မယ်သာ မှတ်.."

"ဟုတ်... ဟုတ်ကဲ့..ကျွန်တော်တို့ကို အကိုမင် ခိုင်း လိုက်တာပါ.."

ကျိုးဟောက်သည် အမှန်အတိုင်း မပြောရဲဘဲ မနေနို င်တော့ပေ။မျက်တောင်တစ်ခတ်အတွင်း သူ့တပည့် လေးဦးကို အလဲထိုးနိုင်ခဲ့သည့် ရန်ကွမ်း၏ ခွန်အား ကို သူ ကောင်းကောင်းကြီး သိသွားခဲ့သည်။

"အကိုမင်" ဆိုသည့်အမည်ကို ကြားသောအခါ ရန် ကွမ်းမှာ ကြောင်အမ်းအမ်းဖြစ်သွားကာ ပြန်မေးလို က်၏။

"သူက ဘယ်သူလဲ.. ငါတော့ အကိုမင်ဆိုတဲ့လူကို မသိပါဘူး.."

ကျိုးဟောက် အနည်းငယ် အံ့ဩသွားပြီးမှ ပြန်ဖြေလိုက်သည်။

"သူက မြို့ကလေ..သူ့ နာမည်ကရန်ဇီမင်တဲ့..မင်း သူ့နာမည် တကယ် မကြားဖူးဘူးလား…"

"မကြားဖူးပါဘူး အဲ့လူက ဘာရောင်းတဲ့လူလဲ.."

ရန်ကွမ်းက ပြန်မေးလိုက်သောအခါ...ကျိုးဟောက် မှာမူ ဆွံ့အသွားပေသည်။

ချီချင်းရွှေကမူ အနားသို့ လျှောက်လာရင်း ပြောလို က်၏။

"ရန်ဇီမင်အကြောင်း ငါကြားဖူးတယ်.. သူက ညက လပ်တစ်ခု ဖွင့်ထားတာ..နောက်ခံအင်အားလည်း တောင့်တင်းပုံရတယ်ဟ.."

ရန်ကွမ်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ခေါင်းကု တ်ကာ ပြန်ပြောလိုက်၏။

"ကျွန်တော်လည်း အဲ့လူကို မသိပဲနဲ့.. သူက ဘာလို့ လူလွှတ်ပြီး ကျွန်တော့်ကို လာနှောင့်ယှက်ရတာလဲ.."

"မော့လီနဲ့များ ပတ်သက်နေမလား.."

ရွှီလင်းက ခဏမျှ စဉ်းစားပြီးနောက် ချီချင်းရွှေဘ က်သို့ လှည့်ကာ မေးလိုက်သည်။

"အစ်မ... အဲ့ဒီ ရန်ဇီမင်က မော့မိသားစုနဲ့ အဆက် အသွယ် ရှိတာလား..”

"အဲ့ဒါတော့ ငါလည်း သေချာမသိဘူး..ဒါပေမဲ့ သူက ခရိုင်ထဲမှာ မျက်နှာပွင့်တဲ့လူလို့တော့ ငါ ကြားဖူးတ ယ်.. လူကုံထံ အသိုင်းအဝိုင်းတော်တော်များများကို သူ သိမှာပေါ့.."

ချီချင်းရွှေက ခန့်မှန်းပြောဆိုပြီးနောက် စပ်စုချင်စိ တ်ဖြင့် ပြန်မေးလိုက်သည်။

"ဟဲ့ မော့လီက ဘယ်သူလဲ..ခရိုင်ထဲက မော့မိသား စုဝင်လား.."

"ဟုတ်တယ်အစ်မချင်းရွှေ.. ကောလိပ်တုန်းက ကျွ န်မရဲ့ ကျောင်းနေဖက်လေ..အဲ့ဒီနေ့က ရန်ကွမ်းကြေ ာင့် သူ အရိုက်ခံလိုက်ရသေးတယ်.."

"ဪ... အဲ့လိုလား"

ချီချင်းရွှေက ရန်ကွမ်းကို ဝေ့ကြည့်လိုက်ရင်း တွေး မိလိုက်သည်။

“ဘုရားရေ…ဒီကောင်လေးက ခဏခဏ ရန်ဖြစ်တ တ်တာလား..”

၎င်းမှာ ကောင်းသော အလေ့အထတစ်ခုတော့ မဟု တ်ပေ။သို့သော်လည်း ရန်ကွမ်းမှာမူ ထိုအကြည့်ကို သတိမမူမိဘဲ ကျိုးဟောက်၏ ပါးကို ခပ်ဖွဖွ ပုတ် နေသည်။

ပါးကို ပုတ်ရင်း ယန်ကွမ်းက ပြောလိုက်၏။

"အကိုဟောက်... ခင်ဗျားက နာမည်တစ်လုံးနဲ့ နေ တဲ့သူပဲ..ဘာလို့ သူများခိုင်းဖတ် လာလုပ်နေရတာလဲ ဗျ..ခင်ဗျားရဲ့ ဂုဏ်သိက္ခာကိုလည်း နည်းနည်းတော့ ငဲ့ဦးမှပေါ့ဗျာ.."

ထိုသို့ ပါးပုတ်လိုက်ခြင်းမှာ သိပ်မနာကျင်သော်လ ည်း ယန်ကွမ်း ပြောလိုက်သည့် စကားများကမူ ရင် ထဲသို့ ဆူးကဲ့သို့ စူးဝင်သွားစေခဲ့သည်။ထို့ကြောင့် ကျိုးဟောင်၏ မျက်နှာမှာ ရှက်လွန်း၍ နီလာလိုက်၊ ပြာလာလိုက် ဖြစ်နေ၏။

နောက်ဆုံးတွင်မူ သူက ဒေါသတကြီး ရုန်းကန်ရင်း ပြန်ပြောလိုက်သည်။

"မင်း ငါ့ကို လာပြီး ဆရာမလုပ်နဲ့..မင်း တကယ် သ တ္တိရှိရင် အကိုမင်ဆီ သွားလေ.. မင်းကို ရှင်းပစ်ဖို့ သူ က ငါ့ကို ခိုင်းလိုက်တာပဲ..”

ရန်ကွမ်းက ပြုံးကာ ပြန်ပြောလိုက်၏။

"အခုတော့ ခင်ဗျားက ကျွန်တော့်ကို မရှင်းနိုင်ဘဲ ကို ယ်တိုင်ပဲ အရှင်းခံလိုက်ရပြီ မို့လား..”

"မင်း..."

ကျိုးဟောက်မှာမူ ဘာပြန်ပြောရမှန်းမသိအောင် ဆွံ့ အသွားပြီး နှုတ်ဆိတ်သွားပေသည်။ရန်ကွမ်းကမူ မ တ်တပ်ရပ်ရင်း အမိန့်ပေးလိုက်၏။

"ကဲ... မင်းတို့လို ကောင်တွေနဲ့ ငါ စကားမများ ချင် တော့ဘူး.. အခုချက်ချင်းထပြီး ငါ့အိမ်ထဲက ထွက် သွားစမ်း.."

ကျိုးဟောက်က ထရပ်လိုက်ပြီး သူ၏ တင်ပါးကို ဖု န်ခါကာ ထွက်သွားရင်း လှမ်းအော်ပြောလိုက်သည်။

"ရန်ကွမ်း. ဒီနေ့ကိစ္စက ဒီမှာတင် မပြီးသေးဘူးနော် အကိုမင်က မင်းကို ဆက်ပြီး နှောက်ယှက်နေအုံးမှာ ပဲ..”

ရန်ကွမ်းက လက်ပိုက်ကာ ပြုံးပြုံးကြီး ပြန်ပြောလို က်၏

"အေး... လာရဲရင် လာခဲ့လေ..သူလာရင်လည်း သူ့ ခြေထောက်ကို ငါချိုးပစ်ဖို့ ဝန်မလေးဘူး.."

ကျိုးဟောက်မှာမူ ထိတ်လန့်သွားပြီးမှ ရန်ကွမ်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ ခြိမ်းခြောက်လိုက်သ ည်။

"ကောင်းပြီလေ... မင်းက သတ္တိ အရမ်းရှိနေတယ် ပေါ့ စောင့်နေလိုက်..”

"သွားမှာဖြင့် မြန်မြန်သွားစမ်းပါ စကားတွေက လ ည်း များလိုက်တာကွာ..”

ထိုလူစု အရှက်တကွဲဖြင့် ထွက်ခွာသွားသည်ကို ကြ ည့်ပြီးနောက် ရန်ကွမ်းက ပြုံးရွှင်သောမျက်နှာဖြင့် လှည့်ကာ ပြောလိုက်သည်။

"ကဲ... အချိန်ကုန်တဲ့ လူမိုက်တချို့ပါပဲ.. ကျွန်တော် တို့ ထမင်းဆက်စားကြရအောင်.."

ချီချင်းရွှေက သတိပေးစကား ပြောလိုက်၏။

"မောင်လေး... ရန်ဇီမင်ဆိုတဲ့လူက သာမန်လူတော့ မဟုတ်ဘူးနော်.. နင် သိပ်ပြီး ပေါ့ပေါ့တန်တန် မနေ သင့်ဘူး.. နောက်ကျရင် ငါ လူလွှတ်ပြီး စုံစမ်းကြည့် ပေးမယ်..ဘာကိစ္စကြောင့် နင့်ကို လာနှောင့်ယှက်တ ာလဲဆိုတာ သိရအောင်လို့…"

ထိုအချိန်မှာပင် ရွှီလင်းက ဖုန်းကို ထုတ်ကာ ပြော လိုက်သည်။

"ကျွန်မ မော့လီဆီကို ဖုန်းဆက်ပြီး မေးကြည့်မယ်.. သူနောက်ကွယ်က ကြိုးကိုင်နေတာလားဆိုတာ သိရ တာပေါ့”

"မဆက်နဲ့တော့.. သူလုပ်တယ်ဆိုရင်တောင် ဝန်ခံမှာ မဟုတ်လောက်ဘူး..”

ရန်ကွမ်းက ပြုံးလျက်ပင် ချီချင်းရွှေဘက်သို့ လှည့် ကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်မချင်းရွှေ.. ဒါပေမဲ့ ဒီလို ကိစ္စမျိုးထဲ အစ်မ ဝင်မပါတာ ပိုကောင်းမယ် ထင် တယ်..ရန်ဇီမင်ဆိုတာ လူကောင်းမဟုတ်တော့ အစ် မကို ထိခိုက်မှာ စိုးရိမ်လို့ပါဗျာ..."

ချီချင်းရွှေက ရယ်ရင်း ပြန်ပြောလိုက်၏။

.

"မဖြစ်နိုင်တာ..ငါ့မိသားစု နောက်ခံကြောင့် သူ ဘယ် လိုမှ မလုပ်ရဲပါဘူးဟ.. ခစ်ခစ်ခစ်.."

"ဒါဆိုလည်း ထားလိုက်ပါတော့ဗျာ.. ကျွန်တော့်ဘာ သာ ကျွန်တော်ပဲ ဖြေရှင်းလိုက်ပါ့မယ်.."

ရန်ကွမ်းက ထပ်မံပြုံးပြပြီး တိုက်တွန်းလိုက်သည်။

"ကဲ... အိမ်ထဲပြန်ဝင်ပြီး စားကြရအောင်ပါဗျာ.. ဟင် းတွေ အေးကုန်တော့မယ်ဗျ.."

အားလုံးက အိမ်ထဲသို့ ပြန်ဝင်ခဲ့ကြသော်လည်း စား ပွဲဝိုင်းတွင်မူ ပျော်ရွှင်စရာ အငွေ့အသက်များ ပျော က်ကွယ်သွားခဲ့သည်။ရန်ကွမ်းက ဟာသများနှော၍ ပြောနေသော်လည်း မိန်းကလေးသုံးဦးမှာမူ စိုးရိမ်စိ တ်များကိုယ်စီဖြင့် ငေးငိုင်နေကြဆဲပင်။

နောက်ဆုံးတွင်မူ ရန်ကွမ်းက သက်ပြင်းချကာ ပြော လိုက်၏။

"ဟူး.. ဒီကောင်တွေက ကျွန်တော်တို့ရဲ့ ပျော်စရာ အငွေ့အသက်တွေကို ဖျက်ဆီးလိုက်တာပဲ.. ကျွန် တော် သူတို့နောက်ကို လိုက်သွားပြီး တစ်ခါတည်း အပြတ်ရှင်းလိုက်ရမလား.."

"ဟဲ့..မလုပ်နဲ့လေ.."

ထိုစကားကြားသည်နှင့် ချီချင်းရွှေနှင့် ကျန်မိန်းက လေးများမှာ ထိတ်လန့်တကြားဖြင့် ဝုန်းခနဲ မတ်တ ပ် ထရပ်လိုက်ကြသည်။

All Chapters