အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အခန်း ၂၅ စိတ်ဆိုးသွားပြီလား..
သူတို့သုံးယောက်၏ ပျာပျာသလဲ ဖြစ်သွားသော အ မူအရာများကို မြင်သောအခါ ရန်ကွမ်းသည် သူ့အ ပေါ် အလေးထားကြသည်ကို သိရှိသွားပြီး စိတ်ထဲ တွင် ပီတိဖြစ်ခဲ့ရသည်။
ထို့ကြောင့် သူက ရယ်မောရင်း အလျင်အမြန်ပင် ချော့လိုက်၏။
"ဟီးဟီး..ကျွန်တော်က စတာပါဗျာ..အခုမှ လိုက် သွားရင်လည်း ဘယ်မီတော့မလဲဗျ...."
"ဟင်း..ဒီကောင်လေးကတော့လေ.."
ဝူရှောင်လျန်းသည် သက်ပြင်းအရှည်ကြီး ချကာ ပြောလိုက်သည်။
"ဟူး..နောက်တစ်ခါ ဒီလိုမျိုး လူကို လန့်အောင် လာ မလုပ်နဲ့ဟဲ့..”
"ဟုတ်ကဲ့ပါ မရီးရ..”
ရန်ကွမ်းက ပြုံးရွှင်စွာ ပြောလိုက်၏။
"ကဲ... အားလုံး.မြန်မြန်စားကြရအောင်.. အရိုက် ခံ ရတာက ကျွန်တော်ပါ..ဘာလို့ အားလုံးက မျက်နှာ မကောင်း ဖြစ်နေကြတာလဲဗျာ.."
သူ၏ စကားတစ်ခွန်းကြောင့် ရွှီလင်းနှင့် ချီချင်းရွှေ တို့မှာ ရယ်မိသွားကြပြီး ပတ်ဝန်းကျင်၏ တင်းမာမှု များလည်း ချက်ချင်း ပြေလျော့သွားပေသည်။
ထို့နောက် ထမင်းစားနေရင်း ရွှီလင်းက စပ်စုချင်စိ တ်ဖြင့် မေးလိုက်၏။
"ဒါနဲ့ ရန်ကွမ်း... နင်က ဘယ်လိုဖြစ်လို့ ဒီလောက် တောင် တိုက်ခိုက်တာ ကောင်းနေရတာလဲ လူလေး ယောက်စလုံးကို ခဏလေးနဲ့ အလဲထိုးနိုင်တာ တ ကယ်တော်တာပဲဟယ်…
"ဘာလို့လဲဆိုတော့ ကျွန်တော်က တော်လို့ပေါ့ဗျာ.."
ရန်ကွမ်းသည် သူ့ ပုံစံအတိုင်း ပြန်လည် ကြွားဝါလို က်ပြန်သည်။
"ဒါက အပျော့လေးပါဗျာ.. ဒီလိုလူမျိုး ဆယ်ယော က်ကျော်လောက်လာရင်တောင် ကျွန်တော့်ကို ယှဉ် နိုင်မှာ မဟုတ်ဘူး ဟဲဟဲ..”
ရွှီလင်းက စိတ်တိုတိုနှင့် ပြန်ပြောလိုက်၏။
"အေးပါ... နင်တော်တာ ငါတို့သိပါတယ်.. ဒါပေမဲ့ ငါ မေးတာက ဘာကြောင့်လဲလို့လေ.. နင်က စကားလ မ်းကြောင်း လွဲနေပြန်ပြီ.."
ရန်ကွမ်းက ရယ်ရင်း ပြောလိုက်၏။
"အာ ထွေထွေထူးထူးတော့ မရှိပါဘူး..ကျွန်တော် အိ မ်မက်မက်တာလေ... အိမ်မက်ထဲမှာ နတ်ဘုရားအဖို းအိုတစ်ပါးက ကျွန်တော့်ကို တန်ခိုးကြီးတဲ့ ကိုယ် ခံပညာတွေ သင်ပေးသွားတာဗျ ဟီး"
ယန်ကွမ်း လျှောက်ပြောနေသည်ကို ရွှီလင်း သိနေ သဖြင့် မျက်စောင်းထိုးကာ ပြောလိုက်သည်။
"တော်ပြီဟာ... မမေးတော့ဘူး.."
သူမ၏ ချစ်စဖွယ် မျက်စောင်းလေးကို မြင်လိုက် သောအခါ ရန်ကွမ်၏ ရင်ထဲတွင်မူ ဒိန်းခနဲ ဖြစ်သွား ပြီး စိတ်ထဲမှ တိတ်တိတ်လေး ရေရွတ်လိုက်၏။
"ဒီပုံစံလေးက တကယ် လှတာပါဟ.. “
ထမင်းစားသောက်ပြီးချိန်တွင်မူ ညနေ ၆ နာရီခန့် ရှိ နေသည်။တောင်ပေါ်ဒေသဖြစ်၍ နေအဝင် စောသ ဖြင့် ချုံရှန်းကျေးရွာတွင်မူ ယခုအချိန်၌ နေရောင်ခြ ည် မရှိတော့ပေ။
ချီချင်းရွှေက ပြန်ရန်ပြင်ဆင်လိုက်၏။သူမအနေဖြ င့် ဟိုတယ်လုပ်ငန်းများဖြင့် အလုပ်ရှုပ်နေမည်ကို ရ န်ကွမ်းနှင့် ဝူရှောင်လျန်းတို့က သိထားကြသဖြင့် သူ မ ပြန်မည်ပြုသောအခါ အတင်းအကျပ် ဆွဲမထား တော့ဘဲ ကားလေးထွက်ခွာသွားသည်အထိ အားလုံး က လိုက်ပို့ပေးခဲ့သည်။
သို့သော်လည်း မပြန်မီတွင် နောက်ရက်နည်းနည်း ကြာလျှင် ရန်ကွမ်းတို့အားလုံး ခရိုင်မြို့သို့ လာခဲ့ရန် နှင့် စားသောက်ပွဲဖြင့် ဧည့်ခံရန် ချီချင်းရွှေက ကတိ ပေးခဲ့သေးသည်။
အိမ်ထဲသို့ ပြန်ရောက်သောအခါ ရွှီလင်းက လုပ်ငန်း မှတ်တမ်းရေးရန် ပြင်ဆင်နေကာ ရန်ကွမ်းလည်း အ ခန်းသို့ပြန်ကာ ကျင့်စဉ်များကို ဆက်လက်လေ့ကျင့် ရန် ပြင်ဆင်လိုက်၏။
ယနေ့ လူငါးယောက်ကို သူ တစ်ပြိုင်နက် အလဲထိုး နိုင်ခဲ့ခြင်းက "ရှန်နူန်းကျွယ် “ကျင့်စဥ်ကြောင့် ဖြစ်သ ဖြင့် ပိုက်ဆံရှာသည့်အလုပ်ပြီးလျှင် ဤကျင့်စဉ် လေ့ကျင့်ခြင်းမှာ ယန်ကွမ်းအတွက် အရေးအကြီး ဆုံး ကိစ္စ ဖြစ်လာခဲ့သည်။
“ဒေါက် ဒေါက် ဒေါက် “
သို့သော်လည်း သူ ထိုင်ရုံရှိသေး တံခါးခေါက်သံနှင့် အတူ ဝူရှောင်လျန်းက အခန်းထဲသို့ ဝင်လာ၏။မရီး ဖြစ်သူကို မြင်သည်နှင့် ယန်ကွမ်းက ထရပ်ကာ မေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ မရီး.."
"အော် အစ်မ တစ်ခုလောက် မေးမလို့ပါ.."
ဝူရှောင်လျန်းက ပြုံးကာ ကုတင်ခြေရင်းတွင် ဝင်ထို င်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။
"နင် ဒီနေ့ အရမ်းလှတဲ့ အစ်မတစ်ယောက်နဲ့ ထပ်ဆုံ ပြန်ပြီပေါ့..ငါ့မောင်က တကယ်ကို မခေဘူးပဲ.."
ရန်ကွမ်းလည်း ခေါင်းကုတ်ကာ ရယ်ရင်း ပြန်ပြော လိုက်သည်။
"ဟီး..အဲ့လောက်လည်း မဟုတ်ပါဘူး မရီးရာ ကံ ကောင်းလို့ တွေ့တာပါဗျာ..”
"မဟုတ်တာ... မစ္စချီက တစ်နေ့တစ်နေ့ လူပေါင်းစုံနဲ့ တွေ့နေတာလေ.. ဘာလို့ နင့်ကိုမှ မောင်လေးအဖြစ် အတင်းအကျပ် အသိအမှတ်ပြုချင်ရတာလဲ.. နင့် ဆီမှာ သူ့ကို စွဲဆောင်နိုင်တဲ့ ထူးခြားချက်တစ်ခုခု ရှိလို့နေမှာပေါ့ဟ.."
ဝူရှောင်လျန်းက ပြောရင်း သက်ပြင်းတစ်ချက် ချ ကာ ဆက်ပြောလိုက်၏။
"နှမြောစရာကောင်းတာက ငါတို့မိသားစု အခြေအ နေက အရမ်းဆင်းရဲလွန်းတော့ သူ့ကို ချွေးမအဖြစ် တင်တောင်းဖို့ဆိုတာ အိမ်မက်သက်သက်ပဲ ဖြစ်မှာ ပါ…"
"ဗျာ..ဘယ်လို.."
ရန်ကွမ်းမှာမူ ကြောင်အမ်းအမ်းဖြစ်သွားပြီး မရီးဖြ စ်သူကို အံ့ဩတကြီး ကြည့်ကာ ပြောလိုက်၏။
"မရီးက. ဘာတွေ ပြောနေတာလဲ..ဘယ်သူ့ကို အိမ် ခေါ်လာမှာလဲဗျ..”
"ဒီတုံးအတဲ့ကောင်လေး.."
ဝူရှောင်လျန်းက ယန်ကွမ်းကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
"မစ္စချီက ဒီလောက်လှပြီး ထက်မြက်တာ..မင်းရဲ့ ဇနီးဖြစ်လာရင် မကောင်းဘူးလားလို့လေ..”
"မရီးရာ တွေးနေပြန်ပြီဗျာ.."
ရန်ကွမ်းမှာမူ ဘာပြန်ပြောရမှန်းမသိဘဲ ဝူရှောင်လျန် း၏ ပြုံးဖြီးဖြီးမျက်နှာကို ကြည့်ကာ ဆက်ပြောလို က်သည်။
"ကျွန်တော်က သူနဲ့ တွေ့တာမှ ခဏလေးရှိသေးတာ ကို မရီးက ကျွန်တော့် ဇနီးအဖြစ် တင်တောင်းဖို့ အ ထိတောင် စဉ်းစားနေပြီလား."
"ငါက နင့်ရဲ့ အစ်မလေ.. ငါကမှ နင့်ကိစ္စကို ဂရုမစို က်ရင် ဘယ်သူက ဂရုစိုက်မှာလဲဟဲ့..နင်လည်း အရွ ယ်ရောက်နေပြီ..တခြားရွာက နင့်အရွယ် ကောင်လေ းတွေတောင် စေ့စပ်ကုန်ကြပြီ နင်သိလား.."
ဝူရှောင်လျန်းက အလေးအနက် ပုံစံဖြင့် ခဏမျှ စဉ် းစားပြီးနောက် ဆက်ပြောလိုက်၏။
"ဟူး..မစ္စချီက ငါတို့နဲ့ အဆင့်အတန်းထက် မြင့်လွန် းနေတယ်ဟ. အတွင်းရေးမှူးရွှီလင်းကိုရော နင် ဘ ယ်လိုသဘောရလဲ.."
"..."
သူ့အပေါ် စေတနာထားသော မရီး၏ စိတ်ရင်းကို နာ းလည်သော်လည်း ရယ်ချင်စိတ်မူ ရန်ကွမ်းအောင့် ထားရသည်။ထို့ကြောင့် ယန်ကွမ်းက မျက်လုံးလေး ကလည်ကလည်လုပ်ကာ ပြုံးစစဖြင့် မေးလိုက်၏။
"သူကလည်း တကယ်ကို အပြစ်ပြောစရာမရှိအောင် လှတာပါပဲ.. ဒါမှမဟုတ်... ကျွန်တော် နှစ်ယောက်လုံ းကိုပဲ ယူလိုက်ရမလား..မရီး ဘယ်လိုသဘောရလဲ "
ဝူရှောင်လျန်းမှာ ခဏမျှ ကြောင်အမ်းသွားပြီးမှ ယန် ကွမ်းကို စိုက်ကြည့်ကာ ငေါက်လိုက်သည်။
"သွားစမ်းပါ... နင်က လျှောက်ပြောနေပြန်ပြီ.. ငါက အတည်ပြောနေတာကို..”
"အို... မရီးရာ.. အရမ်းလည်း စိတ်ပူမနေပါနဲ့ဦး ကျွန် တော်က အခုမှ တစ်ဆယ့်ကိုးနှစ်ပဲ ရှိသေးတာ.. ဘာ လို့ ဒီလောက်တောင် လောနေရတာလဲ.. ချောတဲ့ မိန် း ကလေး မြင်တိုင်း ကျွန်တော့်မိန်းမ လုပ်ခိုင်းလို့ ဘယ်ဖြစ်မလဲဗျာ.."
ရန်ကွမ်က ပြုံးကာ ဆက်ပြောလိုက်၏။
"ဒါ့အပြင် အခုလောလောဆယ် ကျွန်တော့်မှာ ပိုက် ဆံ သိပ်မရှိသေးပေမဲ့ ဖန်လုံအိမ်တွေဆောက်ပြီး ဆေးမြစ်တွေ စိုက်လိုက်ရင် ပိုက်ဆံရဖို့က မခက်ခဲ တော့ပါဘူး..အဲ့ဒီကျမှ မိန်းမယူဖို့ လုပ်ကြတာပေါ့ဗျ ာ..”
"ငါက စိုးရိမ်လို့ပါအေ.."
ဝူရှောင်လျန်းက သက်ပြင်းချရင်း ဆက်ပြောလိုက် သည်။
"ဟူး..နင် လုပ်ငန်း ထူထောင်ချင်တာကို ငါ အပြည့် အဝ ထောက်ခံပါတယ် ဒါပေမဲ့ အဲ့ဒီ ယွမ်ကိုးသိန်း က တစ်ခါတည်းနဲ့ ကုန်သွားမှာလေ.. တကယ်လို့ ပို က်ဆံ ပြန်မရရင် ဘယ်လိုလုပ်မလဲ…"
"ဘယ်လိုလုပ် အဲ့လိုဖြစ်မှာလဲဗျ..”
ရန်ကွမ်းက လည်ပင်းကို ဆန့်ကာ အားတက်သရော ပြောလိုက်၏။
"အဲ့ဒါကိုတော့ မရီး စိတ်မပူပါနဲ့..ကျွန်တော်က ပိုက် ဆံရှာရုံတင် မဟုတ်ဘူး..အခု ဒီဖန်လုံအိမ်လေးတွေ ကနေစပြီး တဖြည်းဖြည်းနဲ့ ခရိုင်ထဲမှာ အချမ်းသာ ဆုံး၊ပြည်နယ်မြို့တော်မှာ အချမ်းသာဆုံး၊အဲ့ဒီကနေ တစ်နိုင်ငံလုံးမှာ အချမ်းသာဆုံးသူဌေးကြီး ဖြစ်အေ ာင် လုပ်ပြမှာ မရီးရ…"
ဝူရှောင်လျန်းမှာ အံ့ဩသွားပြီး ရန်ကွမ်း၏ နဖူးကို စမ်းရန် လက်လှမ်းလိုက်သည်။
"ရှောင်ကွမ်း... နင် ဖျားနေတာလား.."
မရီး၏ နူးညံ့သော လက်ဖဝါးလေးနှင့် ကိုယ်သင်းနံ့ လေးကြောင့် ရန်ကွမ်း၏ ရင်ထဲတွင်မူ နှလုံးခုန်သံ များ မြန်ဆန်လာ၏။သို့သော်လည်း ဝူရှောင်လျန်း ကမူ ဘာမှသတိမထားမိဘဲ အပူရှိန်မရှိသည်ကို သိ ရသောအခါ စိတ်ထဲမှ ရေရွတ်လိုက်သည်။
"ကိုယ်လည်း မပူပါဘူး.. ဘာလို့ ဒီကောင်လေး ပေါ က်ကရတွေ လျှောက်ပြောနေတာလဲမသိဘူး.."
ထို့နောက် ရန်ကွမ်းထံမှ ဘာသံမှ ထွက်မလာသဖြင့် ဝူရှောင်လျန်းက မော့ကြည့်လိုက်သည်။သူမ ကြည့် လိုက်တော့မှ ထိုကောင်လေးမှာ သူမ၏ ရင်ဘတ်ဆီ သို့ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ဝူရှောင်လျန်း ငုံ့ကြည့်လိုက်ရာ သူမ အင်္ကျီ၏ ကြယ် သီးတစ်လုံးမှာ မည်သည့်အချိန်က ပြုတ်ထွက်နေသ ည်မသိဘဲ ဖြူဖွေးသော အသားအရေအချို့ ပေါ်လွ င်နေသည်ကို တွေ့လိုက်ရသည်။
သူမမှာ ပျာပျာသလဲဖြင့် ရင်ဘတ်ကို အမြန်ဖုံးလိုက် ပြီး ရန်ကွမ်းကို စိုက်ကြည့်လိုက်၏။နှစ်ဦးသား မျက် လုံးချင်း ဆုံသွားကြပြီးနောက် အခန်းထဲတွင် ခဏ မျှ တိတ်ဆိတ်သွားကာ အခြေအနေမှာ အတော်လေ း နေရခက်သွားရသည်။
ဝူရှောင်လျန်း၏ မျက်နှာလေးမှာ ဖြူဝင်းနေရာမှ ပန် းရောင်သန်းလာပြီးနောက် ချက်ချင်းပင် နီမြန်းလာ ၏။
"အကျင့်မကောင်းတဲ့ ကောင်စုတ်လေး..”
သူမက ခပ်တိုးတိုး ကျိန်ဆဲလိုက်ပြီးနောက် အမြန် ထကာ အခန်းထဲမှ ပြေးထွက်သွားသည်။ရန်ကွမ်းက အတွေးထဲ၌ မိန်းမောနေရာမှ သတိပြန်ဝင်လာပြီး တံခါးမှာ ပွင့်လျက်သား ကျန်ခဲ့သည်ကို မြင်လိုက်ရ သည်။
ရန်ကွမ်းက စိတ်ထဲကနေ စဥ်းစားနေမိ၏။
"အမ် မရီးစိတ်ဆိုးသွားပြီလား မသိဘူး..ငါ သွားပြီး တောင်းပန်သင့်သလား.."
"ငါ..ခုနက တမင်ကြည့်တာ မဟုတ်ပါဘူးကွာ.. မ တော်တဆ မြင်လိုက်ရတာကို.. ဒါပေမဲ့ သတိမထား မိဘဲ မျက်လုံးက မခွာနိုင်အောင် ဖြစ်သွားတာလေ ကွာ..ပြဿနာပဲ..”
ထပ်ခါ တလဲလဲ စဉ်းစားပြီးနောက် တောင်းပန်တာ က အကောင်းဆုံးဖြစ်မည်ဟု ရန်ကွမ်း ဆုံးဖြတ် လို က်သည်။ ဘာပဲဖြစ်ဖြစ် သူတစ်ပါးအပေါ် လေးစား မှု ရှိသင့်သည်လေ။
အမှန်တကယ်တွင်မူ ဝူရှောင်လျန်းမှာ ရန်ကွမ်းနှင့် မရီးတော်သော်လည်း ရန်ကွမ်းထက် တစ်နှစ်သာကြီ း ပြီး ယခုနှစ်တွင် သူမက အသက် ၂၀ မျှသာ ရှိ သေးသည်။
အခန်းထဲမှ ရန်ကွမ်း ထွက်လာရင်း စိတ်ထဲမှ တွေး နေမိ၏။
“မရီးက တကယ် စိတ်ဆိုးနေရင်လည်း အော်ချင် အော်.. ရိုက်ချင်ရိုက်ကွာ သူ စိတ်မဆိုးရင် ပြီးတာ ပဲ"
သို့သော်လည်း ဝူရှောင်လျန်း၏ အခန်းတံခါးဝသို့ ရောက်သောအခါ တံခါး ပိတ်ထားသည်ကို ယန်ကွ မ်း တွေ့လိုက်ရသည်။တံခါး ခေါက်ရန် သူ ရွယ်လိုက် စဉ်မှာပင် အခန်းထဲမှ သီချင်းညည်းသံလေး ထွက် ပေါ်လာသည်ကို ယန်ကွမ်း ကြားလိုက်ရ၏။
ထိုအသံမှာ သိပ်မကျယ်သော်လည်း အလွန်ပင် လန် းဆန်းတက်ကြွနေသည်။ထိုသီချင်းမှာ မရီးဖြစ်သူ အနှစ်သက်ဆုံးနှင့် စိတ်ကြည်လင်သည့်အခါမှသာ ညည်းတတ်သော သီချင်းလည်း ဖြစ်၏။
ပုံမှန်အားဖြင့် သူမ စိတ်အခြေအနေ ကောင်းနေမှ သာ ထိုသီချင်းကို သီဆိုလေ့ရှိသည်။
ထို့ကြောင့် ရန်ကွမ်းက ကြောင်အမ်းအမ်းဖြစ်ကာ တံခါးဝတွင် ဘာလုပ်ရမှန်းမသိဘဲ ရပ်နေမိ၏။သူ့ စိတ်ထဲတွင်လည်း သံသယများ ပြည့်နှက်နေသည်။ ကြည့်ရသည်မှာ မမလေးက စိတ်ဆိုးနေပုံ မရပေ။
”ငါ ကြည့်မိတာကို မရီးက စိတ်မဆိုးဘူးနဲ့တူတယ် “
ရန်ကွမ်း တစ်ယောက်တည်း ရောင်ချာချာ တွေးနေ စဉ်မှာပင် ဘေးခန်းမှ တံခါးဖွင့်သံ ထွက်ပေါ်လာသ ည်။အခန်းထဲမှ ရွှီလင်း ထွက်လာရင်း ရန်ကွမ်း တစ် ယောက်တည်း ရပ်နေသည်ကို မြင်သောအခါ အံ့အာ းသင့်ကာ မေးလိုက်၏။
"နင်..."
သူမ စကားတစ်ခွန်းပင် မဆုံးချိန်တွင် မျက်စိရှေ့၌ ဝေဝါးသွားပြီး ယန်ကွမ်းက အနားသို့ လျှင်မြန်စွာ ရောက်လာကာ ရွှီလင်း၏ ပါးစပ်အား အုပ်လိုက်သ ည်။
"ရှူး... ဘာမှမပြောနဲ့..အစ်မရွှီလင်း.."
အခန်း ၂၆ အိပ်မက်မက်ခြင်း
ရွှီလင်းမှာမူ အံ့အားသင့်သွားပြီး သူမ၏ မျက်လုံးဝို င်းကြီးများမှာ ချက်ချင်းပင် ပြူးကျယ်သွားပေသ ည်။
အခန်းထဲသို့ ဝင်လာပြီးနောက် ရန်ကွမ်းသည် ရွှီလင် း လန့်သွားမည်စိုးသဖြင့် လက်ကို အမြန်လွှတ်ပေး ကာ ပြောလိုက်၏။
"မမရွှီလင်း.. အထင်မလွဲပါနဲ့ဗျာ..မရီးကြားသွားမှာ စိုးလို့ပါ.."
ရွှီလင်း၏ မျက်လုံးများထဲတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ဟင်..ဘာဖြစ်လို့လဲ.."
ရန်ကွမ်းက ရှင်းပြသည်။
"ကျွန်တော် ခုနက မရီးကို စိတ်ဆိုးအောင် လုပ်မိလို့ တောင်းပန်မလို့လေ ဒါပေမဲ့ မဝင်ခင်မှာ မမအရင် ထွက်လာတာနဲ့ တိုးတာ.."
ယန်ကွမ်းကို သံသယမျက်လုံးများဖြင့် ကြည့်ကာ ရွှီလင်းမေးလိုက်သည်။
"ဪ..ဒါဆိုလည်း တောင်းပန်လေ..ဘာလို့ ဒီလေ ာက်တောင် ပျာပျာသလဲ ဖြစ်နေရတာလဲဟဲ့.."
ရန်ကွမ်းက မချိပြုံးပြုံးရင်း ပြောလိုက်၏။
"အဲ..အခု. မရီးက သိပ်ပြီး စိတ်မဆိုးတော့ဘူး ထ င်လို့ ကျွန်တော် ပြန်စဉ်းစားနေလို့ဟီး.."
ရွှီလင်းက စပ်စုချင်စိတ်ဖြင့် အမြန် မေးလိုက်သည်။
"နင် ဘာတွေများ လုပ်လိုက်လို့လဲ.."
"အာ... ဘာမှမဟုတ်ပါဘူး.. ဘာမှမဟုတ်ဘူး.."
ရန်ကွမ်းက ရယ်ကျဲကျဲဖြင့် လက်ကာပြပြီး ဆက် ပြောလိုက်သည်။
"စောစောအနားယူတော့နော် မမရှီလင်း..ကျွန်တော် အခန်းပြန်တော့မယ်..”
ပြောပြီးသည်နှင့် ယန်ကွမ်းက အလျင်အမြန် ထွက် သွားတော့ရာ ရွှီလင်းမှာမူ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ပြီး ယန်ကွမ်း၏ ကျောပြင်ကို ကြည့်ကာ တိုးတိုးလေး ရေရွတ်မိလိုက်သည်။
"ဒီကောင်လေးတော့လေ..”
အခန်းထဲ ပြန်ရောက်သောအခါ ရန်ကွမ်းသည် ကျ င့်စဉ်ကျင့်ရန် စိတ်မပါတော့သဖြင့် ကုတင်ပေါ်သို့ ပစ်လှဲလိုက်သည်။သူသည် ဝေဝေဝါးဝါးဖြင့် အိပ် ပျော်သွားပြီး အိပ်မက်ထဲတွင်မူ အစ်မဟယ်ဟွားကို မြင်လိုက်ရသည်။
သူမကို မြင်လိုက်ရသည့်အခါ ရန်ကွမ်း၏ မျက်လုံး များမှာ နီရဲလာ၏။
အမှန်တကယ်တွင်မူ အစ်မဟယ်ဟွာသည် သူနှင့် ပ ထမဆုံးအကြိမ် ရင်းနှီးကျွမ်းဝင်ခဲ့ရသည့် အမျိုးသ မီးလည်း ဖြစ်ပေသည်။သူမ၏ ပုံရိပ်များက ရန်ကွမ် း၏ နှလုံးအိမ်ထဲတွင် ဖျောက်ဖျက်၍မရနိုင်သော ပန်းချီကားတစ်ချပ်နှယ် ခိုင်မာစွာ စွဲထင်နေခဲ့၏။
နှမြောစရာကောင်းသည်မှာ အိပ်မက်ကမ္ဘာထဲမှ အ စ်မဟယ်ဟွားသည် စကားတစ်ခွန်းမျှ မပြောပဲ အမြဲ ပြုံးရွှင်နေတတ်ခြင်းပင်။
အသ်မဟယ်ဟွားသည် သူ့ကို ကြင်နာယုယသော မျ က်ဝန်းအစုံဖြင့်သာ စိုက်ကြည့်နေတတ်သည်။ရန်ကွ မ်းက ရှေ့သို့တိုးကာ သူမ၏လက်ကို ဆုပ်ကိုင်ရန် ကြိုးစားသော်လည်း အကြောင်းပြချက်တစ်စုံ တစ် ရာ မရှိဘဲ သူမအနားသို့ ချဉ်းကပ်၍ မရနိုင်ခဲ့ပေ။
အချိန်မည်မျှ ကုန်လွန်သွားသည်မသိ ယန်ကွမ်း ရု တ်တရက် လန့်နိုးလာကာ ကုတင်ပေါ်တွင် ထ ထိုင် လိုက်မိသည်။ကောင်းကင်ယံမှာ အလင်းရောင်ခပ် ဖျော့ဖျော့ သန်းစပြုနေပြီဖြစ်သော်လည်း အချိန်မှာ မူ လေးနာရီကျော်သာ ရှိသေး၏။
နာရီကို ကြည့်ရှုရင်း ရန်ကွမ်းက တိုးတိုးလေး ရေရွ တ်မိလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ... အစ်မဟယ်ဟွား ဒုက္ခရေ ာက်နေတာလားမသိဘူးကွာ...”
ထိုသို့ တွေးတောမိသည်နှင့် ယန်ကွမ်း စိတ်ထဲတွင် ဂ နာမငြိမ်နိုင်တော့ပေ။သို့သော်လည်း သူ့ ခေါက်ဖုန်း ထဲတွင် အစ်မဟယ်ဟွား ဆက်သွယ်ရန် ဖုန်းနံပါတ် ရှိမနေသဖြင့် ယန်ကွမ်း မည်သို့မျှ ဆက်သွယ်၍ မရ နိုင်ခဲ့ပေ။
တစ်ခြားသူများကို လှမ်းမေးရန်ကလည်း လူအများ နိုးထလာမည့်အချိန်ကို စောင့်ဆိုင်းရဦးမည် မဟုတ် ပေလော။
ထို့ကြောင့် ရန်ကွမ်းမှာ နေ ထွက်လာမည်ကို စောင့် ရင်း ကုတင်ပေါ်တွင် ထိုင်ကာ ငေးမောနေရုံမှ အပ အခြားမရှိတော့ပေ။ကျေးရွာ၏ အိမ်ခေါင်မိုးများထ က်တွင် မီးခိုးငွေ့များ စတင်ထွက်ပေါ်လာချိန်၌ ရန် ကွမ်းက အဒေါ်နွားတို့ အိမ်သို့ ရောက်လာခဲ့သည်။
မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော အဒေါ်နွားက ရန်ကွမ်းကို မြင်သည်နှင့် ပြုံးရွှင်စွာ နှုတ်ဆက်လို က်၏။
"အလို... ရန်ကွမ်းပါလား. ဘယ်ကလေတိုက်လို့ ဒီကို ရောက်လာရတာလဲဟ.."
ရန်ကွမ်းက မေးမြန်းလိုက်သည်။
"အဒေါ်နွား..ခဗျားဆီမှာ အစ်မဟယ်ဟွားရဲ့ ဖုန်းနံပါ တ် မရှိဘူးလားဗျ.. “
အဒေါ်နွားက ယန်ကွမ်းအား အကဲခတ်ကြည့်ရင်း သိလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
"ရှိတာပေါ့ဟဲ့.ဒါနဲ့.နင်က ဘာကိစ္စရှိလို့ သူ့ဆီ ဖုန်း ဆက်ချင်ရတာလဲ"
ရန်ကွမ်းက အကြောင်းပြချက် ပေးလိုက်သည်။
"အော်... အရေးတကြီးတော့ မဟုတ်ပါဘူးဗျာ.. ပြီး ခဲ့တဲ့တစ်ခေါက်က သူ ကျွန်တော့်ဆီမှာ ဆေးလာကု ထားတာကို သတိရလို့ပါ.. သူ့ရောဂါ အခြေအနေ လေး မေးကြည့်ချင်လို့ပါဗျာ.."
အဒေါ်နွားက ယန်ကွမ်း၏ မျက်လုံးများကို သေချာ စိုက်ကြည့်ကာ မယုံကြည်သကဲ့သို့ ထပ်မေးလိုက်၏ ။
"ဟယ်ဟွာက ရွာမှာ မရှိတော့တာကို နင်က ဒီလော က်တောင် ဂရုစိုက်နေတာလား.. နင်တို့နှစ်ယောက် ကြားမှာ တစ်ခုခု ရှိနေတာတော့ မဟုတ်ပါဘူးနော်"
ရန်ကွမ်းက မချိပြုံးပြုံးရင်း ပြန်ဖြေလိုက်သည်။
"အာ..အဒေါ်ကလည်း လျှောက်မတွေးပါနဲ့ဗျာ..အစ် မဟယ်ဟွာက ကျွန်တော့်လိုလူကို စိတ်ဝင်စားပါ့မ လားဗျ.."
"အေးလေ ဒါလည်း ဟုတ်တာပဲ…"
"..."
ရန်ကွမ်းမှာမူ ဆွံ့အသွားရသည်။အဒေါ်နွားက တခိခိ ရယ်မောရင်း ပြောလိုက်၏။
"စတာပါအေ.. နေဦး... ငါ နံပါတ် ရှာပေးမယ်…"
ရန်ကွမ်းက ခေါင်းညိတ်ပြလိုက်မိသည်။
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ဗျာ"
မကြာမီအချိန်၌ အစ်မဟယ်ဟွာ၏ အသံကို ကြား ရတော့မည်ဟု တွေးကာ သူ့ ရင်ထဲတွင် ရုတ်တရက် ခုန်ပေါက်လာခဲ့၏။
သို့သော်လည်း အဒေါ်နွားဆီမှ နံပါတ်ရရချင်း အိမ် အပြန်လမ်းတွင် သူ ခေါ်ဆိုကြည့်သောအခါ ဖုန်းပိ တ်ထားကြောင်းသာ အကြောင်းပြန်သဖြင့် ရန်ကွမ်း မှာမူ မှင်သက်သွားရသည်။
သူသည် လမ်းလယ်တွင် ရပ်တန့်နေမိပြီး ဘာဆက် လုပ်ရမည်ကို မသိတော့ပေ။ထိုသို့ ယန်ကွမ်းတစ် ယောက် ငိုင်တိုင်တိုင် ဖြစ်နေစဉ်မှာပင် စွန်းကော်ရင်း က ထိုလမ်းမှ ဖြတ်လာကာ ခနဲ့လိုက်၏။
"ဘာဖြစ်လို့ ရုတ်တရက်ကြီး ငုတ်တုတ်မေ့နေတာ လဲ ကောင်လေးရ.."
"ခင်ဗျားလား..."
ရွာလူကြီးကို ယန်ကွမ်း လှည့်ကြည့်ရင်း ဒေါသမ ထွ က်သော်လည်း စိုက်ကြည့်ကာ ပြန်အော်ပြောလိုက် သည်။
"ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ…"
"မင်း...မင်းကတော့..”
စွန်းကော်ရင်းက ဒေါသတကြီး ပြန်စိုက်ကြည့်သော် လည်း ဘာမှမလုပ်ရဲသဖြင့် လက်ညိုးထိုးကာ ပြန် ပြောလိုက်၏။
"ရန်ကွမ်း... ငါက ဒီချုံရှန်း ရွာရဲ့ ရွာလူကြီးပဲ လူကြီ းမိဘကို ဘယ်လိုလေးစားရမယ်ဆိုတာ မင်း မသိ ဘူးလား"
"လေးစားမှု ဟုတ်လား.ဟား..."
ရန်ကွမ်းက လှောင်ပြုံးပြုံးကာ ဆက်ပြောလိုက်သ ည်။
"ခင်ဗျားတို့သာ လေးစားစရာကောင်းနေရင် အစ်မ ဟယ်ဟွာတစ်ယောက် ရွာကနေ ထွက်သွားစရာ အ ကြောင်းမရှိဘူး.. ခင်ဗျားကို ကျွန်တော် ကြိုပြောထ ားမယ်... တကယ်လို့ သူမသာ တစ်ခုခုဖြစ်ခဲ့ရင် ခ င်ဗျားတို့ သားအဖနှစ်ယောက်လုံးကို ကျွန်တော် လုံး ဝ အလွတ်ပေးမှာ မဟုတ်ဘူး..ဟင်းဟင်း..”
နောက်ဆုံးစကားလုံးများကို ယန်ကွမ်းက အံကြိတ် ၍ ပြောလိုက်ခြင်းဖြစ်သည်။ယန်ကွမ်း၏ မျက်လုံး ထဲမှ ဒေါသများကို မြင်လိုက်ရသဖြင့် စွန်းကော်ရင် း မှာ လန့်ဖျန့်ကာ နောက်သို့ နှစ်လှမ်းခန့် ဆုတ်ပြီးမှ ပြောလိုက်ရ၏။
“မင်း...မင်း.. ဘာတွေပြောနေတာလဲ.. လူသတ်ဖို့အ ထိတော့ မကြံစည်နဲ့နော်…"
"ခဗျား စမ်းကြည့်ချင်လို့လား…"
ရန်ကွမ်းက မျက်မှောင်ကြုတ်လျက် ရှေ့သို့ တစ်လှ မ်း တိုးလိုက်သည်။စွန်းကော်ရင်းသည် ထိတ်လန့် တကြား အော်ဟစ်ကာ အလျင်အမြန် နောက်ဆုတ် လိုက်ရာမှ ကျောက်ခဲတစ်လုံးနှင့် ခလုတ်တိုက်ပြီး မြေကြီးပေါ်သို့ ဖင်ထိုင်လျက် ကျသွားပေသည်။
“အား မလာနဲ့ ငါ့ဆီ မလာနဲ့..”
ရန်ကွမ်းကမူ ဂရုမစိုက်တော့ဘဲ လှည့်ထွက်ကာ အိ မ်သို့ ပြန်လာခဲ့သည်။စွန်းကော်ရင်းမှာမူ ကျန်ရစ်ခဲ့ သည့် ရန်ကွမ်း၏ ကျောပြင်ကို ကြည့်ရင်း သက် ပြင်းချကာ ထိတ်လန့်တကြားပြောလိုက်၏။
"ဒီကောင်လေး... ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ဒီလောက်တောင် ကြောက်ဖို့ကောင်းသွားရတာလဲဟ "
အိမ်ပြန်ရောက်သောအခါ ရွှီလင်းသည် အိပ်ရာမှ နိုးကာစယာယာလေးကို ပွေ့ချီထားပြီး ဝူရှောင်လျန်း ကမူ မနက်စာ ပြင်ဆင်နေသည်။သူတို့နှစ်ဦးစလုံးက ရန်ကွမ်း ဘယ်သွားခဲ့သလဲဆိုသည်ကိုမူ လုံးဝ မမေး မြန်းကြပေ။
သို့သော်လည်း ရန်ကွမ်းက ရှေ့သို့တိုးကာ ပြောလို က်၏။
"ကျွန်တော် ခဏနေရင် မြို့ထဲသွားစရာရှိလို့ မနက် စာ မစားတော့ဘူးနော် မရီး..”
ဝူရှောင်လျန်းက မေးလိုက်သည်။
"ဟင်..ဘာတွေ ဒီလောက်လောနေတာလဲ.. စားပြီးမှ သွားလည်း ရတာပဲကို"
ရွှီလင်းကလည်း ဝင်ပြောလိုက်၏။
"အာ..ဟုတ်သားပဲ ငါလည်း ဒီနေ့ မြို့ပေါ်မှာ အစည် းအဝေးရှိတယ်.. အတူတူသွားကြမယ်လေ ရှောင် ကွမ်း..”
ထိုစကားကို ကြားသောအခါ ရန်ကွမ်းမှာ ငြင်းဆန် ရန် ခက်ခဲသွားသဖြင့် ခေါင်းညိတ်ကာ သဘောတူ လိုက်ရသည်။
"ဟုတ်..သွားကြတာပေါ့ မမရွှီလင်း…”
ယန်ကွမ်း၏ ရင်ထဲတွင်မူ မည်မျှပင် ပူလောင်နေပါ စေ အစ်မဟယ်ဟွားအတွက် သွားခြင်းဖြစ်သည်ဟု သူတို့ကို မပြောနိုင်သဖြင့် အောင့်အည်းသည်းခံနေရုံ မှတစ်ပါး အခြားမရှိတော့ပေ။
ထို့ကြောင့် မနက်စာစားပြီးနောက် ယန်ကွမ်းနှင့် ရွှီ လင်းတို့သည် အိမ်မှ ထွက်လာခဲ့ကြသည်။သွားလာ ရေး ခက်ခဲလွန်းသောကြောင့် ရန်ကွမ်းက လမ်းတွင် ပြောလိုက်၏။
"မမရွှီလင်း... မြို့ထဲရောက်ရင် လျှပ်စစ်စက်ဘီး နှ စ်စီးလောက် ဝယ်ကြရအောင်.."
ရွှီလင်းက တွေဝေစွာ ပြန်ပြောလိုက်သည်။
"အမ် နှစ်စီးတောင်လား..တစ်စီးဆို မလောက်ဘူးလ ား"
ရန်ကွမ်းက ရယ်ရင်း ပြောလိုက်၏။
"ကျွန်တော်က တစ်စီးသုံးမယ်လေ..မမကလည်း မြို့ ထဲကို မကြာခဏ သွားနေရတာဆိုတော့ တစ်စီးတေ ာ့ ဝယ်ထားမှ ဖြစ်မှာပေါ့ဗျ ဟီး.."
“အွန်း... အဲဒါလည်း ဟုတ်သားပဲ"
ရွှီလင်းက ခေတ္တမျှ စဉ်းစားကြည့်ရာ ဟုန်ချီမြို့သို့ သွားရမည့်ခရီးမှာ အတော်အတန် ဝေးလှပေသည်။ အမြဲတမ်း ခြေကျင်လျှောက်နေရခြင်းမှာ အချိန်ကု န်လှသဖြင့် ယာဥ်တစ်စီးမှာ အမှန်တကယ်ပင် လိုအ ပ်နေ၏။
ထို့ကြောင့် သူမက ချက်ချင်းပင် ပြောလိုက်သည်။
"ဝယ်တာကတော့ ဝယ်လို့ရပါတယ်.. ဒါပေမဲ့ နင့် ပိုက်ဆံချည်းပဲ အကုန်မခံနိုင်ဘူး.. ငါတို့ မျှပြီး ဝယ်
ကြတာပေါ့"
"မလိုပါဘူးဗျာ"
ရန်ကွမ်းက ပြုံးကာ ဆက်ပြောလိုက်သည်။
"ကျွန်တော့်မှာ အဲဒီလောက် ပိုက်ဆံလေးတော့ မရှ ားပါဘူး"
"နင့်မှာ ပိုက်ဆံရှိတာ ငါသိပါတယ်ဟဲ့..ဒါပေမဲ့ ငွေ သောင်းဂဏန်းဆိုတာ နည်းတဲ့ပမာဏမှ မဟုတ်တာ ပြီးတော့ ငါက အလကားယူလိုက်ရင် ဒါက လာဘ် ပေးလာဘ်ယူ လုပ်သလို ဖြစ်သွားမှာပေါ့ဟ.."
"ဟုတ်လို့လားဗျာ…”
ရန်ကွမ်းက ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် ပြုံ းစိစိဖြင့် ဆက်ပြောလိုက်၏။
"ကျွန်တော်တို့က မိသားစုတွေပဲ မဟုတ်လား"
ရွှီလင်း၏ မျက်နှာလေးမှာ နီမြန်းသွားကာ ယန်ကွမ်း ကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။
"ငါက အတွင်းရေးမှူး..နင်က ရွာသားလေ.. ဘယ် သူက နင့်မိသားစု ဖြစ်နေလို့လဲ"
ရန်ကွမ်းက ရယ်မောကာ ပြန်ပြောလိုက်၏။
"ကျွန်တော့်အိမ်မှာ နေနေတာပဲဆိုတော့ မိသားစုလို့ ပြောလို့ရတာပေါ့ဗျာ ဟဲဟဲ.."
"အဲဒါက မဆိုင်ပါဘူးဟယ်..အလွန်ဆုံးရှိလှ အိမ်ရှင် နဲ့ အိမ်ငှား ဆက်ဆံရေးလောက်ပဲ ရှိတာကိုး"
သူမ၏ ရှက်သွေးဖြာနေသော မျက်နှာလေးကို ကြ ည့်ရင်း ရန်ကွမ်း၏ မျက်စိထဲတွင် ရွှီလင်းမှာ ပို၍ပင် လှနေပေသည်။
ယန်ကွမ်းက ဆက်ပြီး စနောက်ဦးမည်အပြုတွင် တောင်စောင်းဘက်မှ အုန်းအုန်းဒိုင်းဒိုင်း အသံကြီး တစ်သံ ထွက်ပေါ်လာ၏။နှစ်ဦးစလုံး မော့ကြည့်လို က်သောအခါ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။
"မကောင်းတော့ဘူး…"
တောင်စောင်းပေါ်မှ ကျောက်တုံးကြီးများ လိမ့်ဆင်း လာသည်ကို မြင်သည်နှင့် ရန်ကွမ်းသည် ဘာမှမစဉ် းစားတော့ဘဲ ရွှီလင်းအား ပြေးပွေ့လိုက်၏။