အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း ၂၉ မမက ကျွန်တော့်အတွက် စိတ်ပူနေတာလား
ရွှီလင်းက မိတ်ဆက်ပေးပြီးနောက် ဆရာဝန်ဟုက ရု တ်တရက် ပြောလိုက်၏။
"ဪ... ချုံရှန်းရွာက ဆရာဝန်လေးကိုး”
ပြောပြီးသည်နှင့် သူသည် ရန်ကွမ်းကို စိုက်ကြည့် ကာ ဆက်ပြောလိုက်သည်။
"ရွာကလူတွေကို ဆေးပေးတာကတော့ ထားပါတေ ာ့ အခု မြို့အထိတက်ပြီး လူနာကုနေတာလား..မင်း မှာ ဆေးကုသခွင့်လိုင်စင်ရော ရှိလို့လား"
ထိုဆရာဝန်ကို တစ်ချက်ကြည့်ကာ ရန်ကွမ်းက ခပ် အေးအေးပင် ပြန်ပြောလိုက်သည်။
"လုပ်နေတုန်းပဲ..မကြာခင် ကျလာတော့မှာပါဗျ.."
"မကြာခင် ကျမယ်ဆိုတော့ အခုထိ မရှိသေးဘူးပေါ့ ဟုတ်လား…"
ဆရာဝန်ဟုက လှောင်ပြုံးပြုံးလိုက်ပြီးနောက် မျက် နှာထားချက်ချင်းပြောင်းကာ ခက်ထန်စွာ ပြောလိုက် သည်။
"ဒါဆိုရင် နေရာက ဖယ်လိုက်စမ်း. ဒီနေရာမှာ ဆေး ကုဖို့ မင်းမှာ ဘာအရည်အချင်းမှ မရှိဘူး..”
ရန်ကွမ်းက ပြန်ကြည့်ကာ ပြောလိုက်၏။
"ခင်ဗျားမှာကော ဘယ်လောက် အရည်အချင်းရှိလို့ လဲ..တစ်ယောက်ယောက်က အရေးပေါ် အကူအညီ လိုနေတာကို သိလျက်နဲ့ အစည်းအဝေးပြီးမှ ရောက် လာတာလား.. ခင်ဗျားကိုယ်ခင်ဗျား ဆရာဝန်လို့ ခေ ါ်ဖို့ကော အရည်အချင်း ပြည့်မီရဲ့လား..”
"မင်း.."
ဆရာဝန်ဟုသည် ထိုကောင်လေးက ပြန်ခံပြောမည် ဟု လုံးဝ မမျှော်လင့်ထားပေ။သူ ခေတ္တမျှ ဆွံ့အသွာ းပြီးမှ ဒေါသတကြီး ပြန်အော်လိုက်သည်။
"ငါ အလုပ်လုပ်တဲ့ကိစ္စမှာ မင်းက လာပြီး လက် ညှိုးထိုးစရာမလိုဘူး..အခုချက်ချင်း မင်း ထွက်သွား စမ်း..ကုသမှု နောက်ကျသွားလို့ တစ်ခုခုဖြစ်ရင် မင်း တာဝန်ယူနိုင်မှာလား.."
"ဆောရီးပဲ၊ ကျွန်တော်ကတော့ အချိန်ဆွဲနေဖို့ အားမ နေဘူး..ဟမ့်.
ရန်ကွမ်းက နှာခေါင်းရှုံ့ကာ လက်ကိုလွှတ်ပြီး မတ် တပ်ရပ်လိုက်သည်။
"ဒါပေမဲ့ ဒီမှာ လာပြီး ဟန်ဆောင်မနေနဲ့.. လာရာ လမ်းအတိုင်းသာ ပြန်လှည့်သွားလိုက်တော့.."
ဆရာဝန်ဟုက ပြန်မေးလိုက်၏။
"ဘာလဲ.. လူနာက သေသွားပြီလား"
ရန်ကွမ်းက ထိုဆရာဝန်ကို စိုက်ကြည့်ရင်း ဒေါသတ ကြီး အော်ပြောလိုက်သည်။
"ခင်ဗျားသာ သေမှာ.. လူနာက အကောင်းကြီးရှိသေ း တယ်.."
"မဖြစ်နိုင်တာ…”
ဆရာဝန်ဟုမှာ ကြောင်အမ်းသွားရသည်။
"မင်းက ဆေးတောင် မတိုက်ရသေးဘဲနဲ့ သူ့ကို ကု ပြီးသွားပြီလား…"
"ခဗျား..ယုံချင်ယုံ..မယုံချင်နေ.."
ရန်ကွမ်းက မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ရွှီလ င်း၏အနားသို့ တိုးလာကာ ပြောလိုက်၏။
"မမ... ရွာလူကြီးဟဲ မကြာခင် နိုးလာတော့မှာပါ"
ခုနက ကုသပေးနေစဉ်အတွင်း သူသည် ခန္ဓာကိုယ် အတွင်းရှိ ချီကို အသုံးပြု၍ လူနာ၏ ဦးနှောက်အတွ င်း ပိတ်ဆို့နေသော သွေးစက်ကလေးကို ရှင်းလင်း ပေးခဲ့သည်။သွေးခဲ၏ ဖိအားမရှိတော့သည့်အတွက် လူနာမှာ သဘာဝအတိုင်း ပြန်လည်ကောင်းမွန်လာ ပေလိမ့်မည်။
ရန်ကွမ်း ပြောပြီးသည်နှင့်ပင် ရွာလူကြီးဟဲသည် မျ က်လုံးများပွင့်လာပြီး ခေါင်းထောင်ကာ ပတ်ဝန်းကျ င်ကို ဝေ့ကြည့်လိုက်၏။
"အမ်..ငါကဘာဖြစ်တာလဲ... အိပ်ပျော်သွားတာလာ း"
အတွင်းရေးမှူးလီက ရှေ့သို့တိုးကာ ဝင်ပြောလိုက် သည်။
"ဟဲကြီးရာ... ခင်ဗျား ခုနက ကျွန်တော်တို့ကို တော် တော်လန့်အောင် လုပ်တာပဲ..အခုလို ပြန်ကောင်းလာ တာ ဘုရားမလို့သာပဲဗျာ..”
ရွာလူကြီးဟဲက ဇဝေဇဝါဖြင့် မေးလိုက်၏။
"ခုနကအထိ ငါ အကောင်းကြီးပါ..ဘာလို့ ရုတ်တရ က်ကြီး ဘာမှမသိတော့တာလဲ မသိဘူး.."
"သွေးတွင်းသကြားဓာတ် နည်းသွားလို့ ခေတ္တသတိ လစ်သွားတာလေ…”
ဆရာဝန်ဟုက ရန်ကွမ်းကို မျက်စောင်းထိုးကြည့်ရ င်း ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
"တချို့လူတွေကတော့ သူတို့ပဲ ကုလိုက်သလိုလိုနဲ့ ဆရာဝန်ကြီးတွေလို ဟန်ဆောင်နေကြတာပဲ.."
ရန်ကွမ်းမှာ ထိုစကားကိုကြားတော့ ဘာပြောရမှန်း မသိ ဆွံ့အသွားရသည်။လူနာက သက်သာသွားသေ ာ်လည်း ယခုအချိန်တွင် ရွာလူကြီးဟဲမှာ ဦးနှောက် သွေးကြောပေါက်သည်ဟူ၍သာ သူ ပြောလိုက်လျှင် ပင် တစ်ဖက်လူများက စစ်ဆေးတွေ့ရှိနိုင်မည် မဟု တ်ပေ။
သက်သေမရှိဘဲ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်၍ မ ရနိုင်သဖြင့် ရန်ကွမ်းလည်း ပြုံးကာ ပြန်ပြောလိုက် ၏။
"အေးလေ... ခင်ဗျားတို့ ပျော်ရင်ပြီးတာပါပဲဗျာ..”
ထို့နောက် ရွာလူကြီးဟဲကို တစ်ချက်ကြည့်ကာ ရှေ့ သို့တိုး၍ ရန်ကွမ်း သတိပေးလိုက်သည်။
"ခင်ဗျားရဲ့ ခုနကအခြေအနေက တော်တော် အန္တရာ ယ်များခဲ့တာပဲ အခု သွေးခဲကို ကျွန်တော် ဖယ်ရှား လိုက်ပြီဆိုပေမဲ့ ခေတ္တခဏတော့ ခေါင်းကိုက်တာ၊မူး ဝေတာနဲ့ ခြေလက်တွေ ထုံကျင်တာမျိုး ဖြစ်နိုင်တ ယ်.. ဒါကြောင့် ခဗျား ပြန်ရောက်ရင် ဆေးအချို့ ဝ ယ်သောက်ဖို့ လိုလိမ့်မယ်.. ကျွန်တော် နောက်မှ ဆေ းညွှန်းရေးပေးမယ်.."
"ပါးစပ်ပိတ်ထားစမ်း..”
ရုတ်တရက် ဆရာဝန်ဟုက ဒေါသတကြီးဖြင့် ရန်ကွ မ်းကို လက်ညှိုးငေါ့ကာ အော်ပြောလိုက်၏။
"မင်းက အခုထိ ဆေးညွှန်း လျှောက်ပေးချင်နေတု န်းလား..မင်းကို ရွာဆရာဝန်အဖြစ်ကနေ ထုတ်ပစ် အောင် ငါလုပ်နိုင်တယ်ဆိုတာ ယုံလား…"
ထိုဆရာဝန်သည် ရန်ကွမ်းကိုသာ တောက်လျှောက် ပစ်မှတ်ထားနေသည်ကို မြင်သောအခါ ရွှီလင်းလ ည်း စိတ်မရှည်တော့ဘဲ အသံကျယ်ကျယ်ဖြင့် မေး လိုက်သည်။
"ဆရာဝန်ဟု... ခုနက ရွာလူကြီးဟဲက ရုတ်တရက် ကြီး တက်ပြီး သတိလစ်သွားတာပါ..သူ့ရဲ့ သူငယ် အိမ်တွေ ကျုံ့သွားတာကိုလည်း ကျွန်မ တွေ့လိုက်ရ တယ်.. ဒါဟာ ဦးနှောက်သွေးကြောပေါက်တဲ့ လက္ခ ဏာပဲ..အခု ရန်ကွမ်းက သူ့ကို သက်သာအောင် လုပ် ပေးထားတယ်ဆိုပေမဲ့ နောက်တစ်ခါ ထပ်မဖြစ်ဘူး လို့ ဘယ်သူမှ အာမမခံနိုင်ဘူး..ရှင်က အခုလို တစ်ဖ က်သတ် ဆေးကုသမှုကို ပိတ်ပင်နေတာ... တစ်ခုခု ဖြစ်လာရင် ရှင် တာဝန်ယူရဲလို့လား…"
ဆရာဝန်ဟုက ရွှီလင်းကို တစ်ချက်ကြည့်ကာ သံသ ယများဖြင့် ပြန်မေးလိုက်၏။
"နင်က ဘယ်သူလဲ"
"ကျွန်မက ချုံရှန်းရွာရဲ့ ပထမအတွင်းရေးမှူး ရွှီလင် းပဲ…”
ရွှီလင်းက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီးနောက် လေသံမာမာဖြင့် ဆက်ပြောလိုက်သည်။
"ရန်ကွမ်းရဲ့ ဆေးပညာက အံ့ဩစရာကောင်းလော က်အောင် တော်တာပါ.. ရှင်တို့ မမြင်ဖူးပေမဲ့ ကျွန်မ ကိုယ်တိုင် ကြုံဖူးတယ်..အခု သူက အသက်အန္တရာ ယ်နဲ့ နီးနေတဲ့ ရွာလူကြီးကို ကယ်တင်လိုက်ပြီလေ.. ဒါကို ရှင်တို့က ဘာဖြစ်လို့ မယုံသင်္ကာ ဖြစ်နေကြတ ာလဲ…"
"နင်နဲ့ စကားအများကြီး မပြောချင်ဘူး..”
ဆရာဝန်ဟုက မျက်စောင်းထိုးလိုက်ပြီး ရွာလူကြီး ဟဲဘက် လှည့်ကာ ပြောလိုက်သည်။
"ခင်ဗျား ကျွန်တော်နဲ့အတူ မြို့နယ်ဆေးရုံကို အရင် လိုက်ခဲ့..သေချာ စစ်ဆေးမှု လုပ်မှရမယ်..”
ရွာလူကြီးဟဲမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေဆဲပင်။ခုနက ဘာဖြစ်သွားမှန်း သူသေချာမ သိသော်လည်း ရွှီလင်း၏ လေသံကို ကြားရသည်မှာ သူ့အခြေအနေမှာ အတော်ပင် ဆိုးရွားခဲ့ပုံရသဖြင့် ခေါင်းညိတ်လိုက်၏။
"ကောင်းပါပြီဗျာ..…"
"ကဲ... လာ.. သွားကြစို့..”
ဆရာဝန်ဟုက ခေါင်းညိတ်ကာ အစည်းအဝေးခန်း ထဲမှ ထွက်ရန် ပြင်လိုက်သည်။မထွက်ခွာမီ ရန်ကွမ်း ကို လက်ညှိုးထိုးကာ ခြိမ်းခြောက်သွားသေး၏။
"ဒီနေ့တော့ ထားလိုက်တော့မယ်..နောက်တစ်ခါသာ လိုင်စင်မရှိဘဲ ဆေးလျှောက်ကုနေတာ မိရင်တော့ ငါ မင်းကို အလွတ်မပေးဘူး”
ရန်ကွမ်း: "..."
ရန်ကွမ်း၏ မချိပြုံးနှင့် အပြစ်ကင်းစင်သော မျက်နှ ာပေးကို မြင်သောအခါ ရွှီလင်းက အလျင်အမြန် အားပေးစကား ပြောလိုက်သည်။
"မကြောက်နဲ့နော် ရှောင်ကွမ်း.. အဲဒီလူက ဘာမှ လု ပ်နိုင်တာ မဟုတ်ဘူး..နင့်ကို လန့်အောင် ခြောက်နေ တာ.."
ရန်ကွမ်းက ရယ်ကာ ပြန်ပြောလိုက်၏။
"ကျွန်တော် သူ့ကို မကြောက်ပါဘူး..ဒါပေမဲ့ ဘာပြေ ာရမှန်းမသိအောင် အံ့ဩမိလို့ပါ.. ဒီလူက ဆေးပ ညာမှာ သိပ်မတော်ပေမဲ့ လူပါးဝတဲ့နေရာမှာတော့ တော်တော်ဆရာကျတာပဲနော် ခွီး.."
ရုတ်တရက် အရေးပေါ်အခြေအနေ ဖြစ်ပွားခဲ့သဖြင့် အစည်းအဝေးကို ဆက်လက်ကျင်းပရန် မဖြစ်နိုင် တော့ပေ။ထို့ကြောင့် အတွင်းရေးမှူးလီက ယနေ့အစ ည်းအဝေး ပြီးဆုံးကြောင်း ကြေညာလိုက်ရာ ရွာအ သီးသီးမှ လူကြီးများလည်း လူစုကွဲသွားကြသည်။
ရန်ကွမ်းနှင့် ရွှီလင်းတို့လည်း အပြင်သို့ ထွက်လာ ခဲ့ ပြီး လျှပ်စစ်စက်ဘီး အရောင်းဆိုင်ရှိရာသို့ အတူတူ ထွက်ခွာခဲ့၏။
ရန်ကွမ်းက စက်ဘီးနှစ်စီး တကယ်ဝယ်လိုက်သည် ကို မြင်သောအခါ ရွှီလင်းက ပိုက်ဆံပေးရန် အတ င်းအကျပ် ပြောလိုက်သည်။နောက်ဆုံးတွင်မူ နှစ်ဦ းသား မျက်နှာများနီရဲသည်အထိ အခြေအတင် ငြင်းခုံကြပြီးနောက် ရန်ကွမ်းမှာ သူမလွှဲပေးသည့် ငွေကို လက်ခံလိုက်ရသည်။
အချိန်မှာ မွန်းတည့်စပြုနေပြီဖြစ်ရာ ရွာသို့ပြန်ရန် မလောတော့ဘဲ မြို့ထဲရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် နေ့လယ်စာစားပြီးမှ ပြန်ရန် ရန်ကွမ်း ဆုံးဖြတ်လိုက် ၏။
ရန်ကွမ်းက အမဲသားခေါက်ဆွဲ နှစ်ပွဲမှာလိုက်သည်။ စားဖိုမှူး ခေါက်ဆွဲချက်နေသည်ကို စောင့်ဆိုင်းနေစ ဉ် ရွှီလင်းက မေးလိုက်သည်။
"ဟဲ့ နင့်ရဲ့ ဆေးကုသခွင့် လက်မှတ်က ဘယ်တော့ ကျမှာလဲ.."
ရန်ကွမ်းက ခေါင်းကုတ်ရင်း ပြန်ဖြေလိုက်၏။
"အာ..ကျွန်တော်လည်း သေချာမသိဘူး မမရွှီလင်း ရ ပြီးခဲ့တဲ့ အခေါက်က ခရိုင်ထဲသွားပြီး စာမေးပွဲ ဖြေထားတာဆိုတော့ နောက် တစ်လ၊နှစ်လ လော က်ဆို ကျမယ်ထင်တာပဲဗျ ဟီး.."
"ဒါဆို နင်က တကယ်ပဲ လိုင်စင်မရှိဘဲ ဆေးကုနေ တာပေါ့.. မတော်လို့ တစ်ခုခုဖြစ်ရင် နင် အပြစ်ပေးခံ ရမှာနော်.."
ရန်ကွမ်းက ပြုံးကာ ပြန်ပြောလိုက်၏။
"အဲလောက်ကြီး မဟုတ်ပါဘူးဗျာ.. ရွာတော်တော် များများက ဆရာဝန်တွေက ဒီလိုပါပဲ.. ဆေးပညာ တော့ တတ်ကြတယ်.. ဒါပေမဲ့ ဘွဲ့လက်မှတ်မရှိတော့ စာမေးပွဲအောင်ဖို့ ခက်တယ်လေ.." ဟ
ရွှီလင်းက သက်ပြင်းတစ်ချက်ချပြီးနောက် ခေတ္တစ ဥ်းစားကာ ပြန်ပြောလိုက်သည်။
"နင် သွားမေးကြည့်ဦး..မဟုတ်ရင် ဟိုဆရာဝန်ဟု က နင့်ကို ထပ်ပြီး ဒုက္ခပေးနေဦးမယ်.. အဲဒီလူက အ ငြိုးအတေးကြီးမယ့် လူစားမျိုးလို့ ငါခံစားရတယ်.."
ထိုစကားကို ကြားသောအခါ ရန်ကွမ်း၏ရင်ထဲတွင် နွေးထွေးသွားရသည်။သူက ရွှီလင်းကို စိုက်ကြည့် ရင်း ပြုံးကာ မေးလိုက်၏။
"မမက ကျွန်တော့်အတွက် စိတ်ပူနေတာလားဗျ ဟဲဟဲ.."
ရွှီလင်းမှာမူ ခေတ္တမျှ မှင်သက်သွားပြီး ကြည့်လိုက် ရာ ရန်ကွမ်းက ပြုံးစိစိဖြင့် ကြည့်နေသည်ကို တွေ့ သောအခါ သူမ ရှက်သွေးဖြာကာ ပြန်ဖြေလိုက်၏။
"နင် ပေါက်တတ်ကရ လျှောက်မတွေးနဲ့..နင် တစ်ခု ခုဖြစ်မှာကို ငါက စိုးရိမ်တာလေ..ဒါက ပုံမှန်ပဲ မဟု တ်လား.."
ရန်ကွမ်းက ပုခုံးတွန့်ပြကာ စနောက်လိုက်သည်။
"ဟုတ်ပါပြီ.. ပုံမှန်ပဲလို့ ကျွန်တော်လည်း ထင်ပါတ ယ်.. ဒါပေမဲ့ မမက ဘာလို့ မျက်နှာကြီး နီနေရတာ လဲဗျ.."
"နင်... နင်ကတော့လေ.."
ရွှီလင်မှာ နေရာမှပင် ထရပ်တော့မတတ် ဖြစ်သွားပြီ း ရန်ကွမ်းအား မျက်ထောင်နီဖြင့် ကြည့်ကာ အော် လိုက်သည်။
"နင် ထပ်ပြီး စ မနေနဲ့.. နောက်တစ်ခါ ထပ် စရင် ငါ တကယ် ပြန်သွားမှာနော်…”
ရန်ကွမ်းက အမြန်ပင် အလျှော့ပေးကာ တောင်းပန် လိုက်ရသည်။
"မလုပ်တော့ပါဘူး..မလုပ်တော့ပါဘူး.ကျွန်တော်က.. စတာပါဗျာ.."
ထိုအချိန်မှာပင် အငွေ့ထွက်နေသော ခေါက်ဆွဲနှစ်ပွဲ ရောက်လာသည်။အပေါ်တွင် အမဲသားတုံးအချို့ ပေါလောပေါ်နေသည်ကို ရန်ကွမ်းက သူ၏တူဖြင့် ကောက်ယူကာ ရွှီလင်း၏ ပန်းကန်ထဲသို့ အကုန်ထ ည့်ပေးလိုက်၏။
ထိုမြင်ကွင်းကို မြင်သောအခါ ရွှီလင်းက အံ့အားသ င့်စွာဖြင့် မေးလိုက်သည်။
"ဒါက ဘာလုပ်တာလဲ"
ရန်ကွမ်းက ရယ်မောရင်း ပြောလိုက်၏။
"ခုနက လူနာကုနေတုန်းက မမတစ်ယောက်ပဲ ကျွန် တော့်ဘက်က ကူညီပေးခဲ့တာလေ..ကျွန်တော် တက ယ် စိတ်လှုပ်ရှားမိလို့ပါဗျာ..ဟီး"
ရွှီလင်းမှာမူ ဆွံ့အသွားရသည်။
"ဟွန့် နင်က စိတ်လှုပ်ရှားလို့ အမဲသားတုံးလေး နှစ် တုံး သုံးတုံးနဲ့ ကျေးဇူးဆပ်တာလား…"
ရန်ကွမ်းက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
”ကျွန်တော်က မမကို တစ်ဘဝလုံး ကျေးဇူးဆပ်ချင် တာပါ မမရွှီလင်းရယ်..”
သူ စကားမပြောရသေးမီ ဆိုင်တံခါးဝမှ လူနှစ်ဦး ဝင်လာခဲ့သည်။ထိုလူတွေက ပတ်ဝန်းကျင်ကို ဝေ့ ကြည့်ပြီးနောက် ရန်ကွမ်းတို့ဆီသို့ ခပ်မြန်မြန် လျှော က်လာခဲ့ပေသည်။
.
အခန်း ၃၀ ဂူအတွင်းမှ အသံများ
ရန်ကွမ်းသည် ထိုအမျိုးသမီးနှစ်ဦးကို သတိပြုမိ ပြီးသား ဖြစ်သည်။
တစ်ဦးမှာ အသက် ၄၀ ဝန်းကျင်ခန့်ရှိပြီး ကျန်တစ်ဦ းမှာ အသက်၂၀ ခန့်သာ ရှိသေးသည်။သူတို့သည် မြို့ပေါ်မှ သို့မဟုတ် အနီးနားရှိ ရွာများမှ ရွာသူရွာသ ားများ ဖြစ်ပုံရ၏။
ထိုအမျိုးတွေက သူ့ ဆီသို့ လျှောက်လာသည်ကို မြ င်သောအခါ ရန်ကွမ်းလည်း ကိုင်ထားသော တူကို ချ လိုက်သည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက မေးလိုက် ၏။
"ခုနက ဟဲကြီးကို ကုပေးလိုက်တဲ့သူက မောင်ရင်ပဲ လား.."
ရန်ကွမ်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ် အဒေါ်တို့က ဘယ်သူများလဲခင်ဗျ"
ထိုအမျိုးသမီးက ရှင်းပြလိုက်၏။
"အဒေါ်က ဟဲကြီးရဲ့ မိန်းမပါ..ဒါက သူ့သမီး လေ သူ့အဖေ တစ်ခုခုဖြစ်သွားပြီလို့ ကြားကြားချင်း ရွာ ကနေ ချက်ချင်း လိုက်လာခဲ့ကြတာပါ.."
ရန်ကွမ်းက သံသယဖြင့် မေးလိုက်သည်။
"ဪ... အဲဒီလိုကိုး..ဒါပေမဲ့ ရွာလူကြီးဟဲကို တွေ့ ချင်ရင် မြို့နယ်ဆေးရုံကို လိုက်သွားလေ.. အဒေါ် တို့က အဲဒီကိုမသွားဘဲ ဘာလို့ ကျွန်တော့်ဆီ လာရ တာလဲ"
ရွာလူကြီးဟဲ၏ ဇနီးဖြစ်သူက ခပ်ဖွဖွလေး ပြုံးကာ ပြန်ဖြေလိုက်၏။
"တခြားလူတွေ ပြောတာ ကြားရတာတော့ ဆရာဝန် လေးသာ မရှိရင် ကျွန်မတို့ ဟဲကြီးက အသက်အန္တ ရာယ် ရှိနိုင်တယ်ဆိုလို့ပါ..နောက်တော့ ဆရာဝန်လေ းက ဆေးညွှန်းပေးချင်ပေမဲ့ ဟိုဆရာဝန်ဟုက ပိတ် ပင်လိုက်တယ်လို့ ကြားတာနဲ့ ကျွန်မလည်း ဆရာဝ န်လေးရန်ဆီကို လာခဲ့တာပါ..ကျွန်မတို့ လူကြီး အ တွက် ဆေးလေးဘာလေး ရမလားလို့လေ"
ထိုအခါမှသာ ရန်ကွမ်းနှင့်ရွှီလင်းတို့ အခြေအနေကို နားလည်သွားကြသည်။
သို့သော်လည်း ရန်ကွမ်းက ဘယ်လိုဆေးမျိုး ဝယ်ရ မည်ကို ပြောပြရန် ပြင်လိုက်စဉ်မှာပင် ရွှီလင်းက သူ့ ကို မျက်စောင်းထိုးလိုက်ပြီး ရွာလူကြီးဟဲ၏ ဇနီးဘ က်သို့ လှည့်ကာ ပြောလိုက်၏။
"အစ်မဟဲ... ဒီဆေးကိစ္စကို ရန်ကွမ်းကို မေးနေစရာ မလိုပါဘူး မြို့ထဲက ဆေးဆိုင်ကိုသာ တိုက်ရိုက်သွာ းလိုက်ပါ..ဆိုင်ကလူတွေကို ဦးနှောက်သွေးကြော ပေါက်တဲ့လူအတွက် ဆေးလိုချင်တယ်လို့ ပြောလို က်ရင် သူတို့ စီစဉ်ပေးပါလိမ့်မယ်..”
ရွှီလင်းမှာမူ သူ့ကို ကာကွယ်ပေးရန်အတွက် ထိုသို့ ပြောခြင်းဖြစ်ကြောင်း ရန်ကွမ်း သိလိုက်သဖြင့် ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။
"ဟုတ်ပါတယ် ကျွန်တော့်မှာလည်း ထူးခြားတဲ့ ဆေ းစွမ်းကောင်း မရှိပါဘူး.. ကျွန်တော်ပြောမယ့်ဆေး က ဆေးဆိုင်မှာ ဝယ်ရမယ့်ဆေးနဲ့ အတူတူပါပဲ.."
"ဪ..."
ရွာလူကြီးဟဲ၏ ဇနီးမှာ သိသိသာသာပင် စိတ်ပျက် သွားဟန် ရှိသော်လည်း စကားအများကြီး ဆက်မ ပြောတော့ပဲ ခေါင်းညိတ်ကာ ပြန်ရန် နူတ်ဆက်လို က်သည်။
"ဟုတ်ကဲ့ပါ.. ဒါဆိုရင်လည်း ဆရာဝန်လေးရန်ကို.. ကျေးဇူးတင်ပါတယ်ရှင်..ကျွန်မတို့ ဟဲကြီး နေကော င်းသွားတဲ့အခါ ကိုယ်တိုင်ကိုယ်ကျ လာပြီး ကျေးဇူး ဆပ်ပါ့မယ်ရှင့်.."
ရန်ကွမ်းက ရယ်မောရင်း ပြောလိုက်၏။
"ဒီလောက်အထိ အားနာမနေပါနဲ့ဗျာ..လူနာကို ကုသ ကယ်တင်ရတာ ကျွန်တော့်တာဝန်ပဲဥစ္စာ.ဟီး..."
သူတို့ စကားပြောနေစဉ်အတွင်း ရွာလူကြီးဟဲ၏ သ မီးဖြစ်သူမှာ တစ်ခွန်းမျှမဟဘဲ တိတ်ဆိတ်နေခဲ့သ ည်။သူမသည် ရန်ကွမ်းကို ရှုပ်ထွေးသော မျက်ဝန်း အစုံဖြင့် စိုက်ကြည့်နေပြီး သူမ ဘာတွေတွေးနေသ ည်ကိုမူ မည်သူမျှမသိနိုင်ပေ။
အစမှအဆုံးတိုင်အောင် သူမသည် စကားတစ်လုံးမှ မပြောခဲ့ဘဲ သူမ၏မိခင် ထွက်ခွာသွားသည်ကို မြင် သောအခါမှ နောက်မှ တိတ်တဆိတ် လိုက်ပါသွား ပေသည်။
သူတို့နှစ်ဦး ထွက်သွားသည်ကို ကြည့်ရင်း ရန်ကွမ်း က ရွှီလင်ဘက် လှည့်ကာ ပြောလိုက်၏။
"မမက ကျွန်တော့်အပေါ် တကယ်ကောင်းတာပဲနော်"
"လာပြန်ပြီ ဒီစကား..”
ရွှီလင်းက ရန်ကွမ်းကို မျက်စောင်းထိုးလိုက်ပြီး ဆက်ပြောလိုက်သည်။
"နင်ကတော့လေ... ပလီပလာတအား ပြောတတ် လွ န်းတယ်..”
ပြောပြီးသည်နှင့် သူမက ခေါင်းငုံ့ကာ တိုက်တွန်းလို က်၏။
"မြန်မြန်စားဟဲ့.. နေ့လယ် ရွာပြန်ရောက်ရင် ငါလုပ် စရာတွေ အများကြီးရှိသေးတယ်"
ရန်ကွမ်းက စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဘာတွေများ အလုပ်ရှုပ်နေလို့လဲ"
"မြို့နယ်က ရွာထဲမှာရှိတဲ့ ဆင်းရဲနွမ်းပါးသူဦးရေ စာ ရင်းကို တောင်းထားလို့လေ.အဲဒါကို သေသေချာချာ စုံစမ်းစစ်ဆေးပြီး အမြန်ဆုံး အစီရင်ခံစာ တင်ရမှာ ဟ"
"ဪ... ဒါဆိုရင်တော့ သေသေချာချာ စစ်ဆေးမှ ဖြစ်မယ်နော်.. အရင်က ရွာထဲမှာ ဆင်းရဲနွမ်းပါး စာ ရင်းဝင်တဲ့လူတွေက စွန်းကော်ရင်းတို့ မိသားစုရဲ့ အ မျိုးတွေချည်းပဲ..တချို့အိမ်တွေဆို ပိုက်ဆံ သောင်း နဲ့ချီပြီး စုဆောင်းထားတာတောင်မှ အစိုးရထောက်ပံ့ ကြေးကို မျက်နှာပြောင်တိုက်ပြီး ယူနေကြတာဗျာ.."
ရွှီလင်းက အခိုင်အမာ ပြန်ပြောလိုက်၏။
"ငါလည်း အဲဒီအကြောင်းတွေ ကြားထားပါတယ်.. အခု အသစ်ပြန်လျှောက်တဲ့အခါမှာတော့ တကယ် ခံ စားခွင့်ရှိတဲ့သူတွေပဲ ရစေရမယ်.. ဒီလိုလူစားမျိုး တွေကို အခွင့်ကောင်းယူခွင့် မပေးနိုင်ဘူး.."
ရန်ကွမ်းလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်သ ည်။
"ကောင်းပြီလေ..မမ ရွာပြန်ရောက်လို့ တစ်ယောက် ယောက်က လာရှုပ်ရင် ကျွန်တော့်ကိုပြော ကျွန်တော် ရိုက်လွှတ်ပေးမယ်…"
"လူက်ုရိုက်တာက အဖြေမဟုတ်ဘူးလေ.."
ရွှီလင်းက ရန်ကွမ်းကို နောက်တစ်ကြိမ် မျက်စောင်း ထိုးလိုက်ပြန်သည်။သူမ၏ အကြည့်မှာ ဆိုးသွမ်း သော မောင်ငယ်လေးကို ကြည့်နေသည့် အစ်မတစ် ဦးကဲ့သို့ အားမလိုအားမရ ဖြစ်နေပုံရသည်။
နေ့လယ်စာစားပြီးနောက် အပြင်ဘက်တွင် တစ်နေ့ တာ၏ အပူဆုံးအချိန်သို့ ရောက်နေသော်လည်း လျှ ပ်စစ်စက်ဘီးကို စီးနင်းလိုက်သည့်အခါ လေတိုက်ခ တ်သဖြင့် အပူဒဏ်ကို ရန်ကွမ်းတို့ သိပ်မခံစားရပေ။ ထို့ကြောင့်နှစ်ဦးသား ဟုန်ချီမြို့မှ ထွက်ခွာကာ ချုံ
ရှန်းရွာသို့ ဦးတည်ကာ မောင်းလာခဲ့ကြသည်။
နှစ်ဦးသား လမ်းတစ်လျှောက် စကားတပြောပြော ၊ရယ်ရယ်မောမောဖြင့် ကီလိုမီတာ အနည်းငယ်မျှ ဝေးသော ခရီးကို မကြာမီမှာပင် ရောက်လာခဲ့၏။
အိမ်ပြန်ရောက်သောအခါ လျှပ်စစ်စက်ဘီး အသစ် စက်စက် နှစ်စီးအား ခြံထဲသို့ မောင်းဝင်လာခဲ့သည် ။အိမ်ထဲတွင်ရှိနေသော ဝူရှောင်လျန်းသည် ယာယာ လေးကို ပွေ့ချီကာ အိမ်ရှေ့ဝရန်တာသို့ ထွက်လာပြီး ပြုံးကာ ပြောလိုက်၏။
"အလိုလေး... တစ်ခါတည်း နှစ်စီးတောင် ဝယ်လာ တာလား ရှောင်ကွမ်းရ.."
"တစ်စီးက မမလင်း (ရွှီလင်း)စီးဖို့၊ နောက်တစ်စီးက တော့ မရီးရော၊ကျွန်တော်ရော စီးလို့ရအောင်လို့လေ အခုဆို သွားရလာရတာ တော်တော်လေး အဆင်ပြေ သွားပြီ..ဟီး.."
ရန်ကွမ်းက ရယ်မောရင်း ပြောလိုက်သည်။စကား ပြောနေရင်းပင် သူသည် ငွေထုပ်နှစ်ထုပ်ကို ထုတ် ကာ ပေးလိုက်၏။
"မရီး.. ဒါက မရီးအတွက်..ဟိုလူတွေ ပိုက်ဆံလာ တောင်းရင် အရင်ဆုံး ယွမ် ၁၀,၀၀၀ ပေးလိုက်ပါ ကျန်တာကိုတော့ မရီး သုံးလိုက်နော်..”
ငွေပမာဏမှာ ယွမ် ၂၀,၀၀၀ ခန့်ရှိနေသည်ကို မြင် သောအခါ ဝူရှောင်လျန်းက အမြန်ပင် လက်ခါကာ ငြင်းဆန်လိုက်သည်။
"အမလေး... ဒီလောက်အများကြီး မလိုပါဘူး.."
"ပိုက်ဆံရှိနေတာကို သုံးရမှာပေါ့ မရီးရ.. မနက်ဖြန် ကျရင် မြို့ဈေးကို သွားလိုက် မရီးနဲ့ ယာယာအတွ က် အဝတ်အစားသစ်တွေဝယ်.. ကစားစရာတွေ ဝ ယ်ပြီး.. စိတ်ကြိုက်သာ သုံးစမ်းပါဗျာ..”
ဝူရှောင်လျန်: "..."
သူမမှာ ပိုက်ဆံရှိလျှင်ပင် ထိုကဲ့သို့ မဖြုန်းသင့်ကြေ ာင်း ပြောချင်သော်လည်း စကားမပြောရသေးခင် မှာပင် ရွှီလင်းက ကြားဖြတ်၍ ပြောလိုက်၏။
"ဟုတ်တယ် အစ်မဝူ.. ကိုယ့်ကိုယ်ကိုယ်လည်း ဂရု စိုက်ဦးမှပေါ့..ဒါက ကိုယ့်ပိုက်ဆံကိုယ် သုံးတာပဲ.. ဘာမှ စိုးရိမ်မနေနဲ့.."
ဘာမှပြော၍မရတော့သဖြင့် ဝူရှောင်လျန်းမှာ ထို ငွေများကို လက်ခံလိုက်ရသည်။သူမ၏ ရင်ထဲတွင် မူ နွေးထွေးမှုများ ပြည့်လျှံလာကာ ဝမ်းသာလွန်း သဖြင့် မျက်ရည်ပင် ကျချင်လာ၏။
သို့သော်လည်း အားလုံး၏ ပျော်ရွှင်မှုကို မဖျက်ဆီး ချင်သဖြင့် အားတင်းကာ ထိန်းထားလိုက်သော်လည် း သူမ၏ မျက်ဝန်းအစုံမှာမူ ရွှန်းလဲ့တောက်ပနေ ပေသည်။
ထို့နောက် ရွှီလင်းမှာ ရွာရုံးသို့ ထွက်သွားပြီး ရန်ကွမ် းမှာမူ ရွာအနောက်ဘက်ရှိ တောင်ကုန်းဆီသို့ ထွက် လာခဲ့သည်။
အချိန်မှာ အနည်းငယ် နောက်ကျနေပြီဖြစ်သလို သုံး လ လောင်းထားသည့် ကာလမှာလည်း မျက်စိတစ်မှိ တ်အတွင်း ရောက်လာတော့ပေမည်။သို့သော် သူ၏ စိုက်ပျိုးရေး လုပ်ငန်းမှာမူ ယခုထိ စပင်မတင်ရသေ းပေ။
ရန်ကွမ်းသည် ပူပြင်းလှသော နေရောင်အောက်တွင် တောင်ကုန်းအနောက်ဘက်ရှိ ချုံနွယ်ပိတ်ပေါင်းများ ကို ဖြတ်ကျော်ကာ ဂူပေါက်ဝတစ်ခုသို့ ရောက်လာခဲ့ သည်။
ထိုဂူမှာ အလွန်ကြီးမားပြီး ရွာထဲမှ ကလေးငယ်များ မှာ ငယ်စဉ်ကတည်းက ဤနေရာတွင် လာရောက် ကစားလေ့ရှိကြသည်။အဘယ်ကြောင့်ဆိုသော် နွေရ ာသီတွင် ဂူအတွင်း၌ လေအေးပေးစက် ဖွင့်ထားသ ကဲ့သို့ အေးမြနေသဖြင့် အလွန်ပင် နေလို့ကောင်း သောကြောင့် ဖြစ်၏။
သို့သော်လည်း နောက်ပိုင်းတွင်မူ ကျောက်ခဲများ ပြို ကျသည့် ဖြစ်ရပ်အချို့ ရှိခဲ့သဖြင့် ရွာသားများမှာလ ည်း ဤနေရာသို့ မလာရဲကြတော့ပေ။
အချိန်အတော်ကြာလာသည်နှင့်အမျှ ဂူပေါက်ဝမှာ ချုံနွယ်ပိတ်ပေါင်းများနှင့် ပိတ်လုနီးပါး ဖြစ်နေသည် ။
ဂူပေါက်ဝကနေ ရန်ကွမ်း ရပ်ကြည့်လိုက်သောအခါ အတွင်းဘက်တွင် မှောင်မည်းနေသဖြင့် ရန်ကွမ်းသ ည် ဓာတ်မီးကို ထုတ်ယူကာ ဂူထဲသို့ တိုးဝင်လိုက်သ ည်။
ဂူအပြင်ဘက် ပတ်ဝန်းကျင်ကို ပြုပြင်ရန်မှာ မခက် ခဲလှပေ။
မြေတူးစက်ဖြင့် ရှင်းလင်းလိုက်လျှင် လမ်းတစ်ခု ဖောက်နိုင်မည်ဖြစ်သည်။သို့သော်လည်း ဂူအတွင်း ပိုင်းမှာမူ အမိုးမှ ကျောက်ခဲများ ပြိုကျတတ်သဖြင့် ခိုင်မာအောင် လုပ်ရန် နည်းလမ်းရှာရပေဦးမည်။
ဂူထဲသို့ ဝင်ဝင်ချင်းတွင် အပြင်ဘက်မှ အလင်းရော င် အနည်းငယ် ရနေသေးသဖြင့် ရန်ကွမ်းသည် ဓာ တ်မီးကို ချက်ချင်းမဖွင့်သေးဘဲ ရှေ့သို့ ခြေလှမ်း န ည်းနည်း လှမ်းလိုက်သည်။
ထိုအချိန်၌ ရှေ့သို့ သူ ဆက်တိုးရန် ပြင်လိုက်ရုံရှိ သေး... ဂူအတွင်းပိုင်းမှ ပြင်းထန်သော အသက်ရှူ သံအချို့ကို ရုတ်တရက် ရန်ကွမ်း ကြားလိုက်ရ၏။
"ဟ....."
ရန်ကွမ်း၏ ခြေလှမ်းများ တန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားရသည်။သူက အတွေ့အကြုံရှိပြီးသ ား လူမို့ ထိုကဲ့သို့ တဟဲဟဲ အသက်ရှူသံမျိုးက ဘာ ကိုဆိုလိုမှန်း ကောင်းကောင်းသိနေသည်။
ရန်ကွမ်း၏ မျက်နှာပေးမှာ စိတ်လှုပ်ရှားသွားသည့် ပုံစံသို့ ချက်ချင်းပြောင်းလဲသွားပြီး ခြေသံလုံလုံဖြင့် တိတ်တိတ်လေး ရှေ့သို့ လျှောက်လာခဲ့၏။ထိုအသံ မှာ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် တိတ်တိတ်ပုန်း ကိစ္စတစ်ခုခု လုပ်နေကြခြင်း ဖြစ် ကြောင်း သူ အသေအချာ သိလိုက်ရသည်။
ပြီးတော့ ချင်းရှန်းရွာကလူတွေကလွဲရင် တခြားဘ ယ်သူကများ ဤနေရာကို လာဦးမည်နည်း။ထို့ကြော င့် ရန်ကွမ်းမှာ စပ်စုချင်စိတ် ပြင်းထန်လာပြီး အနား သို့ကပ်ကာ သေသေချာချာ ချောင်းကြည့်ရန် ဆုံးဖြ တ်လိုက်သည်။
ဤဂူမှာ အဖြောင့်ကြီး မဟုတ်ဘဲ အတွင်းဘက်တွင် အကွေ့အကောက် အနည်းငယ် ရှိနေ၏။
ရန်ကွမ်းက ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီး အကွေ့တစ်ခုအရောက်တွင် ခေါင်းပြူကြည့်လိုက်ရ ာ ဖြူဖွေးနေသော ခန္ဓာကိုယ်နှစ်ခုကို ချက်ချင်းပင် မြင်လိုက်ရသည်။
အတွင်းဘက်တွင် အနည်းငယ် မှောင်နေသဖြင့် မည် သူမည်ဝါဖြစ်ကြောင်း အကဲခတ်ရ ခက်သော်လည်း ရစ်ပတ်နှောင်ဖွဲ့နေကြသော ခန္ဓာကိုယ်နှစ်ခုမှာမူ အ ထင်အသားပင်။ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ရန်ကွမ်းမှာ မှင်သက်သွားပြီး စိတ်ထဲမှ ရေရွတ်မိလို က်၏။
"လခွမ်း..ငါထင်တာ တကယ်မှန်နေတာပဲ..ဒါ ဘယ် သူတွေပါလိမ့်"
“နေ့ခင်းကြောင်တောင်ကြီးကိုတောင် မအောင့်နိုင်ဘဲ ဒီနေရာမှာ လာလုပ်နေကြတယ်ဆိုတော့ ဒါက လင် ငယ် မယားငယ် ကိစ္စပဲ ဖြစ်ရမယ် “
ရန်ကွမ်းတစ်ယောက် စိတ်ထဲမှ တွေးတောနေရင်း စဥ်းစားနေမိသည်။
“'ဒီနှစ်ယောက် လန့်သွားအောင် ငါ အော်လိုက်ရင် ကောင်းမလား..ဟီးဟီး....”
သို့သော်လည်း ခေတ္တမျှ ချင့်ချိန်ပြီးနောက် မအော် တော့ဘဲ ခြေရင်းမှ ငန်းဥအရွယ်ခန့်ရှိသော ကျော က်ခဲတစ်လုံးအား ရန်ကွမ်း ကောက်ကိုင်လိုက်သည်။