← Chapters

အခန်း (၈၅၇)

Vol. 62 Ch. 857

အခန်း (၈၅၇)

Vol. 62 Ch. 857

အခန်း ၈၅၇ ရှောင်ဟွမ်

အသူရာ နဂါးကြီးထံမှ ကြေကွဲဖွယ်ရာ မြည်တမ်းသံတစ်ချက် ထွက်ပေါ်လာသည်။ သူသည် အစွမ်းကုန် နွမ်းနယ်နေပြီဖြစ်၏။ ခန္ဓာကိုယ်အတွင်း၌လည်း ခွန်အားဟူ၍ အကြွင်းအကျန် အနည်းငယ်မျှသာ ရှိတော့သည်။ မိမိပိုင်ဆိုင်သမျှ အစွမ်းများ အားလုံးကို အဓမ္မသိမ်းယူခြင်း ခံလိုက်ရပြီးနောက် ဤနတ္တိအနှစ်သာရ နယ်မြေအတွင်းသို့ ပို့ဆောင်ခြင်းခံခဲ့ရသည့် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်အတွင်း သူ့ဘဝသည် ဆင်းရဲဒုက္ခအဖုံဖုံတို့ဖြင့်သာ ပြည့်နှက်နေခဲ့ရရှာသည်။ အမှန်စင်စစ် ပြင်းထန်လှသော ဒဏ်ရာဒဏ်ချက်များကြောင့် သေမင်းနှင့် ရင်ဆိုင်ခဲ့ရသည့် အကြိမ်ပေါင်းလည်း မနည်းခဲ့ပေ။

အကယ်၍သာ သူ၏ ခန္ဓာကိုယ်အတွင်း၌ ကိုယ်ကာယခွန်အား အကြွင်းအကျန် အနည်းငယ်မျှ ရှိမနေခဲ့ပါက ထို့ပြင် သူ ဤနေရာသို့ ပြည်နှင်ဒဏ်အပေးခံရစဉ်က အခြားသော အသူရာနဂါးများက သူတို့၏ ဘိုးဘေးနှင့် အစစ်အမှန် ယင်လောက၏ အလိုကို ဆန့်ကျင်၍ သူ့ကိုယ်သူ ကာကွယ်ရန် နည်းလမ်းအချို့ကို တိတ်တဆိတ် ချန်ထားပေးခဲ့ခြင်း မရှိခဲ့ပါက သူသည် ဟိုးယခင်ကတည်းကပင် မြေကြီးထဲသို့ ရောက်နေလောက်ပြီ ဖြစ်၏။

အကြောင်းမူကား သူ၏ ချီစွမ်းအင် အားလုံးအား စုစည်းပေးပြီး ကြီးမားလှသော ခန္ဓာကိုယ်ခွန်အားကို ပိုင်ဆိုင်စေသည့် နဂါးကြောမှာ သူ့ခန္ဓာကိုယ်အတွင်းမှ ဆွဲထုတ်ခြင်း ခံထားရသောကြောင့် ဖြစ်၏။ ထိုနဂါးကြော မရှိတော့သည့်နောက်တွင်မူ သူသည် နဂါးဘဝမှ မြွေတစ်ကောင်အဆင့်သို့ လျှောကျသွားသလို ဖြစ်သွားရပြီး ပိုင်ဆိုင်သမျှ အရာအားလုံး ဆုံးရှုံးခဲ့ရတော့သည်။

ယခုအခါတွင်မူ သူသည် လူသားကျင့်ကြံခြင်းနယ်ပယ်ရှိသူတစ်ဦးနှင့်သာ ညီမျှသော အစွမ်းကိုသာ ထုတ်ဖော်နိုင်တော့သည်။ ဤသည်မှာလည်း သူ၏ အမျိုးအနွယ်များက တိတ်တဆိတ် ကူညီပေးခဲ့သောကြောင့်သာ ဖြစ်ပေသည်။ ထိုနှစ်ပေါင်းတစ်ထောင်အတွင်း သူသည် ပြင်းထန်လှသော ဝေဒနာများကြားတွင် အသက်ရှင်သန်နိုင်ရန် ရုန်းကန်ခဲ့ရပြီး အစပိုင်းတွင် လက်နက်မချလိုသော ဇွဲစိတ်များ ရှိခဲ့သော်လည်း နောက်ဆုံးတွင်မူ မျှော်လင့်ချက်မဲ့ခြင်း ချောက်ကမ်းပါးသို့သာ နစ်မြုပ်သွားခဲ့ရရှာသည်။

တစ်ယောက်တည်း ရှိနေချိန်များ၌ ကောင်းကင်ယံသို့ ဦးတည်၍ ထပ်တလဲလဲ ဟိန်းဟောက်မြည်တမ်းခြင်းနှင့် ထွက်ပြေးတိမ်းရှောင်ရခြင်းများက သူ၏နှလုံးသားကို ရူးသွပ်မှုနှင့် မုန်းတီးမှုများဖြင့် ပြည့်နှက်စေခဲ့သည်။ ထိုရူးသွပ်မှုမှာ ယုရွှမ်အပေါ်၌ မဟုတ်သလို ထိုအမုန်းတီးမှာလည်း ယင်မရဏနယ်မြေရှိ မာန်မျိုးနွယ်များအပေါ်တွင် မဟုတ်ပေ။ အမှန်စင်စစ် ၎င်းမှာ... အသူရာ အင်ပါယာ၏ မဟာလောကနှင့် အသူရာနဂါးတို့၏ ဘိုးဘေးအပေါ်သို့သာ ဦးတည်နေခြင်း ဖြစ်၏။

ထိုနဂါးကြီးသည် ယွီရွှမ်ကို ပြန်လည်ခေါ်ဆောင်လာနိုင်ရန် သူ၏အသက်ကို ရင်းခဲ့သော်လည်း နောက်ဆုံးတွင် ဤသို့သော ဘဝဆိုးနှင့်သာ နိဂုံးချုပ်ခဲ့ရသည်။ သူသည် အသူရာနဂါးမျိုးနွယ်အပေါ် သစ္စာရှိခဲ့သော်လည်း သူ၏ နဂါးကြောမှာမူ ခန္ဓာကိုယ်မှ ဆွဲထုတ်ခြင်း ခံခဲ့ရသည်။ သူသည် အသူရာ အင်ပါယာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဂုဏ်ယူခဲ့သော သတ္တဝါတစ်ကောင် ဖြစ်သော်လည်း သူ၏ အစွမ်းသတ္တိများမှာမူ ထိုအင်ပါယာ၏ လက်ချက်ဖြင့်ပင် အပြီးတိုင် ဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။

သူသည် ထိုသူတို့ကို မုန်းတီးလှ၏။

သို့ရာတွင် မုန်းတီးနေရုံမှအပ သူ မည်သည်ကိုမျှ မတတ်နိုင်ခဲ့ပေ။ အကြောင်းမှာ သူ့တွင် လုံလောက်သော ခွန်အား မရှိသောကြောင့် ဖြစ်၏။ လူသားကျင့်ကြံခြင်းနယ်ပယ်နှင့်သာ ညီမျှသော ကျင့်ကြံခြင်းအဆင့်ဖြင့် သူသည် နတ္တိအနှစ်သာရ နယ်မြေအတွင်း မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်း မရှိခဲ့ပေ။ သူ၏ နဂါးကြော ဆုံးရှုံးသွားခဲ့ရသဖြင့် သူ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ဤနှစ်ပေါင်းတစ်ထောင်အတွင်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်လာခြင်း အလျင်းမရှိခဲ့ချေ။

သူသည် ဤနတ္ထိနယ်မြေများထဲတွင်သာ သူ့ဘဝ နေဝင်ချိန်ကို စောင့်စားနေရတော့သည်။

အကယ်၍သာ သူသည် နဂါးတစ်ကောင် မဟုတ်ခဲ့ပါက အခြေအနေများမှာ ယခုထက် အနည်းငယ် ပိုကောင်းနိုင်မည် ဖြစ်သည်။ သို့ရာတွင် သူသည် လူအသွင်သို့ မပြောင်းလဲနိုင်ဘဲ သနားစရာကောင်းလှသော အသူရာနဂါးအသွင်ဖြင့်သာ ရှိနေခဲ့သည်။ ဤအချက်မှာ ဤနယ်မြေအတွင်းရှိ လူအများအတွက်မူ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရတနာများဖြင့် ပြည့်နှက်နေသည်ဟု အဓိပ္ပာယ်ရနေပေသည်။

သူ၏ အသားမှာ အာဟာရဓာတ်များကို ပေးစွမ်းနိုင်ပြီး သူ၏ နဂါးကြေးခွံများအား မှော်ရတနာများအဖြစ် ဖန်တီးနိုင်ပေသည်။ သူ၏ သွေးမှာ ခြောက်သွေ့သွားသည့်အခါ ဝိညာဉ်ကျောက်တုံးတစ်တုံးနှင့် ညီမျှသော စွမ်းအားရှိပြီး သူ၏ အရိုးများမှာမူ အစွမ်းထက်သော မှော်လက်နက်များအဖြစ် သွန်းလုပ်နိုင်သောကြောင့်ပင်။ သူ၏ ဝိညာဉ်ပင်လျှင် မှော်ရတနာတစ်ခုအတွင်း ပိတ်လှောင်ကာ ရတနာဝိညာဉ်အဖြစ် အသုံးချခြင်း ခံရနိုင်ပေသေးသည်။

မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်း မရှိသော ဤအသူရာ နဂါးကြီးသည် နှစ်ပေါင်းတစ်ထောင်တိုင်အောင် အသက်ရှင်နေထိုင်နိုင်ခဲ့ခြင်းမှာ အံ့ဖွယ်တစ်ပါးပင် ဖြစ်၏။

ဤကာလအတွင်း နဂါးကြီးသည် သေဆုံးရန် အကြိမ်ပေါင်းများစွာ ကြံစည်ခဲ့ဖူးသည်။ အစပိုင်းတွင် ရှိခဲ့သော ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုများမှာ တဖြည်းဖြည်းနှင့် ထုံထိုင်းအေးစက်မှုသို့ ပြောင်းလဲသွားခဲ့ပြီး နောက်ဆုံးတွင်မူ သေခြင်းနှင့် ရှင်ခြင်းမှာ သူ့အတွက် အရေးမပါတော့ပေ။ ဤကဲ့သို့ ဝေဒနာများကြားတွင် အသက်ရှင်နေရသည်ထက် သေဆုံးသွားပြီး လွတ်လပ်မှုကို ရှာဖွေခြင်းက ပို၍ ကောင်းမြတ်ဦးမည်ဟု သူ ထင်မြင်မိသည်။

သို့ရာတွင် ထိုကဲ့သို့သော အတွေးများ ဝင်လာတိုင်း သူသည် ပြည်နှင်ဒဏ် မပေးခံရမီလေးတွင် သူ့ကို ကူညီခဲ့သော အသူရာနဂါးတစ်ကောင်၏ စကားအား အမြဲတစေ ပြန်လည်ကြားယောင်မိတတ်သည်။ မင်နက်ရောင်ဂြိုဟ်၏ နောက်ကွယ်မှ နဂါးငွေ့တန်းအတွင်း၌ ထူးဆန်းသော အမျိုးအနွယ်များစွာ ရှိကြသော်လည်း... ထိုနေရာ၌ ပုပ်ပွပျက်စီးနေသော အရာကိုပင် အံ့ဖွယ်အဖြစ်သို့ ပြောင်းလဲပေးနိုင်သော အခွင့်အထူးတစ်ခု ရှိနေပေသည်။ အကယ်၍ ဤနတ္တိအနှစ်သာရ နယ်မြေအတွင်း၌ သူ၏ ကျင့်ကြံခြင်းအဆင့်ကို ပြန်လည်ရရှိစေနိုင်မည့် နေရာဟူ၍ ရှိမည်ဆိုပါက... ၎င်းမှာ နတ္တိအနှစ်သာရ ကြယ်ပင်လယ်သာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်ပင် ဤနှစ်ပေါင်းတစ်ထောင်အတွင်း နဂါးကြီးသည် မရပ်မနား ပျံသန်းနေခဲ့ခြင်း ဖြစ်သည်။ သူသည် မင်နက်ရောင်ဂြိုဟ်သို့ ရောက်ရှိရန်နှင့် ထိုမှတစ်ဆင့် နတ္တိအနှစ်သာရ ကြယ်ပင်လယ်ဆီသို့ သွားရန် အလိုရှိခဲ့သည်။

သို့ရာတွင် ယခုအခါ၌မူ ဤအရာအားလုံးမှာ စိတ်ကူးယဉ် အိပ်မက်တစ်ခုအဖြစ်သို့သာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သို့သော်ငြားလည်း သူ၏နှလုံးသား နက်ရှိုင်းရာ၌မူ အရှုံးမပေးလိုသော ဇွဲစိတ်များ ရှိနေဆဲပင်။ ထိုအညံ့မခံလိုသော စိတ်ဓာတ်မှာ အချိန်ကာလကပင် တိုက်စားနိုင်ခြင်း မရှိသည့် စွဲလမ်းမှုတစ်ခု ဖြစ်၏။ နဂါးကြီးသည် အသူရာ အင်ပါယာကို မုန်းတီးလှပြီး ထိုလောကကြီးအပေါ် ကလဲ့စားချေလိုစိတ် ရှိနေသည်။ သူသည် အသူရာနဂါးမျိုးနွယ်စုထံသို့ ပြန်သွားပြီး နဂါးတို့၏ ဘိုးဘေးကို အနိုင်ယူလိုခဲ့သည်။

သူသည် သူ၏ သခင်မလေးနှင့် နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့ပြီး သူမက သူ့အမည်အား ခေါ်ဆိုသည်ကိုလည်း ကြားလိုသေးသည်။

သို့သော် ၎င်းမှာ မဖြစ်နိုင်ကြောင်း သူ သိရှိပေသည်။ ကျင့်ကြံသူများ၏ လိုက်လံဖမ်းဆီးခြင်း ခံနေရသည့် ဤဘေးဒုက္ခမှပင် သူ လွတ်မြောက်နိုင်စွမ်း မရှိတော့ချေ။

သူ၏နောက်ကွယ်မှ ဟိန်းဟောက်သံများမှာ မရပ်မနား ထွက်ပေါ်နေဆဲ ဖြစ်သည်။ ထူးဆန်းသော အော်ဟစ်သံများနှင့် သတ်ဖြတ်လိုသော အရှိန်အဝါများမှာ နဂါးကြီးအား တင်းကျပ်စွာ ပိတ်ဆို့ထား၏။ သူ၏ အရှိန်မှာ အစကတည်းက မမြန်လှသလို သူ၏ နောက်ကွယ်မှ လူများမှာလည်း သူတို့၏ ခြေဖဝါးအောက်တွင် ပိုးဖလံကြီးများကို အသုံးပြုနေကြသဖြင့်... သူ မည်သို့မျှ လွတ်မြောက်နိုင်မည် မဟုတ်တော့ပေ။

သူ၏ အသိစိတ်မှာ တဖြည်းဖြည်းနှင့် ဝေဝါးလာတော့သည်။ ခန္ဓာကိုယ်အတွင်းမှ နာကျင်မှုများကြောင့် ထိုနာကျင်မှုများ၏ အရင်းအမြစ်ကိုပင် သူ ခွဲခြားနိုင်စွမ်း မရှိတော့ချေ။ သူ၏ ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းတိုင်းသည် နာကျင်မှုလှိုင်းလုံးများအောက်တွင် နစ်မြုပ်နေတော့သည်။ သွေးများမှာ သူ၏ကိုယ်မှ အဆက်မပြတ် စီးကျနေစဉ် နောက်ကွယ်မှ ကျင့်ကြံသူများ၏ ထူးဆန်းသော အော်ဟစ်သံများမှာ သူ့ကို ရှေ့သို့ တွန်းပို့နေသည့်နှယ် ရှိနေပြီး အထူးသဖြင့် ခေါင်းလောင်းသံများမှာမူ သေမင်းအား ခေါ်ဆောင်လာသည့်အလား ပဲ့တင်ထပ်နေတော့သည်။

လွန်ခဲ့သော သုံးရက်က ဟင်းလင်းပြင်အတွင်း လွင့်မျောနေသော ဥက္ကာခဲအုပ်စုတစ်အုပ်ကို ဖြတ်သန်းသွားစဉ် ခဏတာမျှ အနားယူလိုခဲ့သည်ကို နဂါးကြီး မှတ်မိနေသေးသည်။ သူသည် မည်သည့် ရန်လိုသည့် စိတ်ထားမျှ မရှိခဲ့သော်လည်း ထိုဥက္ကာခဲများမှာ ကျင့်ကြံသူတစ်စု၏ ဂူဗိမာန် ဖြစ်နေခဲ့သည်။ သူတို့သည် ပိုးဖလံကြီးများကို စီးနင်းလျက် ပေါ်ထွက်လာသည့်အခါ အသူရာနဂါးကြီးသည် သူ၏ ဂုဏ်သိက္ခာကိုပင် လျှော့ချကာ သူတို့၏ အလိုအား လိုက်လျောပြီး ထွက်ခွာခွင့်ပေးရန် တောင်းပန်ခဲ့ဖူးသည်။

သို့သော်ငြားလည်း သူ ပြန်လည်ရရှိခဲ့သည်မှာ သုံးရက်တိုင်တိုင် ကြာမြင့်ခဲ့သော အသက်လု ထွက်ပြေးပွဲကြီးသာ ဖြစ်၏။ လိုက်လံဖမ်းဆီးသူတို့၏ မျက်လုံးများအတွင်းရှိ လောဘဇောနှင့် သတ်ဖြတ်လိုသော အလင်းရောင်များကို ကြည့်ခြင်းအားဖြင့် သူတို့သည် သူက အသူရာနဂါးတစ်ကောင် ဖြစ်ကြောင်း မှတ်မိသွားကြပြီး သူ့ကို အစိမ်းလိုက် ဝါးမြိုပစ်ရန် အလိုရှိနေကြကြောင်း သူ သိလိုက်ရသည်။

ထိုကျင့်ကြံသူများထဲတွင် ကမ္ဘာမြေပြင်နယ်ပယ် အရှင်သခင် လေးဦး ပါဝင်ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာမူ ထိုနယ်ပယ်၏ အလယ်အလတ်အဆင့်သို့ပင် ရောက်ရှိနေသူ ဖြစ်သည်။ နဂါးကြီး အကောင်းဆုံး အခြေအနေတွင် ရှိစဉ်ကပင် ဤအဆင့်သို့ မရောက်ရှိခဲ့ဖူးချေ။ သူ ယင်မရဏ နယ်မြေ၌ ရှိစဉ်က ကမ္ဘာမြေပြင်နယ်ပယ် အစောပိုင်းအဆင့် ပြည့်စုံခြင်းအဆင့်သို့သာ ရောက်ရှိခဲ့ခြင်း ဖြစ်၏။

သို့ရာတွင် ထိုကမ္ဘာမြေပြင်နယ်ပယ် အလယ်အလတ်အဆင့်ရှိသော ပုဂ္ဂိုလ်မှာမူ ဤလိုက်လံဖမ်းဆီးမှုတွင် ကိုယ်တိုင် ပါဝင်ခြင်း မရှိခဲ့ပေ။ အစားထိုးအနေဖြင့် အစောပိုင်းအဆင့်ရှိ အခြားသော ကျင့်ကြံသူ သုံးဦးက ကျင့်ကြံသူ တစ်ရာနီးပါးအား ဦးဆောင်ကာ ဤသုံးရက်တာ အသက်လုပွဲကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

အမှန်စင်စစ်အားဖြင့် သူ့ကို ဖမ်းဆီးရန် လူတစ်ရာနီးပါး မလိုအပ်ကြောင်း နဂါးကြီး ခံစားသိရှိနေပေသည်။ ကမ္ဘာမြေပြင်နယ်ပယ် အစောပိုင်းအဆင့်ရှိ ကျင့်ကြံသူ သုံးဦးထဲမှ မည်သူမဆို သူ့ကို မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်နိုင်စွမ်း ရှိကြ၏။ သို့သော်ငြားလည်း သူတို့ ထိုသို့ မလုပ်ဆောင်ခဲ့ကြပေ။ အစားထိုးအနေဖြင့် သူတို့သည် သူ့ကို ရည်ရွယ်ချက်ရှိရှိ ကျီစယ်နေကြသည့်အလား ရှိနေ၏။ သူ၏ ခွန်အားများ ကုန်ခမ်းသွားစေရန်အတွက်သာ သူ့နောက်သို့ လိုက်လံ မောင်းနှင်နေကြခြင်း ဖြစ်သည်။ ယခုအခါတွင်မူ နဂါးကြီးမှာ ငြိမ်းခါနီး မီးစာတစ်ခုကဲ့သို့ ဖြစ်နေပြီး ဗီဇစိတ်အရသာ ရှေ့သို့ အလိုအလျောက် ပြေးလွှားနေရတော့သည်။ သူသည် ပြန်လည် ခုခံနိုင်စွမ်း အားလုံးကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

နဂါးကြီး၏ နောက်ကွယ်မှ ကျင့်ကြံသူ တစ်ရာနီးပါးထံမှ ရယ်မောသံများ ထွက်ပေါ်လာသည်။ ထိုသို့ ရယ်မောနေသူမှာ နဂါး၏ သွေးကို လတ်လတ်ဆတ်ဆတ် သိမ်းဆည်းလိုက်သော လူငယ်တစ်ဦး ဖြစ်ပြီး သူသည် လက်ကောက်ဝတ်၌ ခေါင်းလောင်းများ ချည်နှောင်ထားသည့် ရှေ့ဆုံးမှ အမျိုးသမီးအား ကြည့်ကာ ပျော်ရွှင်စွာ ပြောလိုက်၏။ “သခင်မလေး ယုလော့၊ အသူရာနဂါးရဲ့ အသိစိတ်က ပျောက်ကွယ်တော့မယ်။ ဒီတစ်ခါ အမဲလိုက်ပွဲက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ”

“အသူရာနဂါးတွေဆိုတာ အသူရာ အင်ပါယာမှာ သိပ်ကို အဖိုးတန်တာ။ သူဟာ အင်ပါယာထဲက ဩဇာရှိတဲ့ အင်အားစုတွေကို ပြစ်မှားမိလို့ ဒီနေရာကို အနှင်ခံလိုက်ရတာ နေမှာ”

“မှန်တာပေါ့၊ သူ့မှာ လူသားကျင့်ကြံခြင်းနယ်ပယ်နဲ့ ညီမျှတဲ့ အစွမ်းပဲ ရှိတော့တာ။ သူ့ရဲ့ နဂါးကြောကို ဆွဲထုတ်ခံထားရတယ်ဆိုတာ သိသာလှပါတယ်။ သူဟာ အမှိုက်တစ်စနဲ့ မခြားပါဘူး”

ဟင်းလင်းပြင် အတွင်း၌ ရယ်မောသံများ ပဲ့တင်ထပ်နေတော့သည်။ ကျင့်ကြံသူ တစ်ရာနီးပါးမှာ အသူရာနဂါး၏ အရှိန်မှာ နှေးကွေးသွားသည်ကို မြင်လိုက်ရသဖြင့် ထိုနဂါးကြီးမှာ သူ၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်ကြသည်။

ရှေ့ဆုံးမှ အမျိုးသမီး ယုလော့၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အမူအရာများ ပေါ်ထွက်နေသည်။ သူမသည် နဂါးသွေး သို့မဟုတ် မှော်လက်နက်များအပေါ်တွင် ဂရုမထားပေ။ သူမ အလေးထားသည်မှာ အသူရာနဂါး၏ မှတ်ဉာဏ်များသာ ဖြစ်၏။ သူမသည် ဤပြင်ပကမ္ဘာ၏ မြင်ကွင်းများကို သူ၏ ဝိညာဉ်အတွင်းရှိ မှတ်ဉာဏ်များမှတစ်ဆင့် သိမြင်လိုသောကြောင့်ပင်။

“သခင်မလေး၊ ကျွန်တော်တို့ နောက်ထပ် ကျီစယ်နေလို့ မဖြစ်တော့ဘူး။ ရှေ့မှာက ဟိုမိစ္ဆာအိုကြီး ရွှမ်ယီရဲ့ နယ်မြေ ရှိနေတယ်” အမျိုးသမီး စိတ်လှုပ်ရှားနေစဉ်မှာပင် သူမနောက်မှ သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးထဲမှ တစ်ဦးက သတိပေးလိုက်သည်။

ယုလော့သည် သူမ၏ လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ရာ ခေါင်းလောင်းသံများမှာ ချက်ချင်းပင် ကျယ်လောင်စွာ မြည်ဟည်းသွားတော့၏။ သူမနောက်ကွယ်မှ ကျင့်ကြံသူများ၏ အရှိန်မှာလည်း ချက်ချင်းပင် တိုးတက်လာပြီး အသူရာနဂါးကြီးကို ကျော်တက်ကာ ဝိုင်းရံလိုက်ကြတော့သည်။

“အမဲလိုက်ပွဲ ပြီးဆုံးသွားပြီ။ နဂါးကို သတ်ပြီး သူ့ရဲ့ ဝိညာဉ်ကို သေသေချာချာ ထိန်းသိမ်းထားလိုက်ကြ” ယုလော့က အေးစက်စွာ ပြောလိုက်၏။

အသူရာနဂါးကြီး၏ အသိစိတ်မှာမူ ဝေဝါးနေပြီ ဖြစ်၏။ သူသည် သေဆုံးတော့မည်ကို သိရှိပေသည်။ သူသည် အရှုံးမပေးလိုသော်လည်း မည်သည်ကိုမျှ မတတ်နိုင်ခဲ့ပေ။ သူသည် မျက်လုံးများကို မှိတ်လိုက်၏။ သို့ရာတွင် သူ၏ မျက်လုံးများ ပိတ်ကျသွားသည့် တစ်ခဏမှာပင် နူးညံ့သိမ်မွေ့သော အသံတစ်သံသည် သူ၏ ဝိညာဉ်အတွင်းသို့ ရုတ်တရက် ပဲ့တင်ထပ်သွားတော့သည်။

“ရှောင်ဟွမ်...”

ထိုအသံမှာ သူ့ဝိညာဉ်အတွင်းသို့ ရောက်ရှိသွားသည့် တစ်ခဏ၌ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားရသည်။ သူသည် အလွန်အမင်း တုန်ယင်နေပြီး သူ၏ ဝိညာဉ်ပင်လျှင် လိုက်လံတုန်ခါနေတော့၏။ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော သူ၏ အသိစိတ်များမှာလည်း ရုတ်တရက် ရပ်တန့်သွားတော့သည်။

သူ၏နှလုံးသားအတွင်း၌ အဆုံးအစမရှိသော မိုးကြိုးသံများ ဟိန်းဟောက်သွားသည့်အလား။ ထိုအမည်နာမမှာ သူ၏ မှတ်ဉာဏ်များအတွင်း အဖိုးတန်ဆုံးသော တည်ရှိမှု ဖြစ်၏။ ဤလောကတွင် သူ့ကို ထိုအမည်ဖြင့် ခေါ်ဆိုမည့်သူဟူ၍ တစ်ဦးတည်းသာ ရှိခဲ့ဖူးပြီး သူမမှာ ယွီရွှမ်ဟု ခေါ်သော အမျိုးသမီးငယ်... အသူရာနဂါးကြီး၏ သခင်မလေးပင် ဖြစ်ပေသည်။

နဂါးကြီးသည် ထိုစကားလုံးနှစ်လုံးကို မကြားရသည်မှာ နှစ်ပေါင်းတစ်ထောင်မက ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တုန်ယင်နေသော အသူရာနဂါးကြီး၏ မျက်ဝန်းများမှ မျက်ရည်များမှာလည်း စီးကျလာတော့သည်။ သို့သော်ငြားလည်း သူ့ကို ခေါ်ဆိုလိုက်သောသူမှာ သူ့သခင်မလေး မဟုတ်ကြောင်း သူ သိရှိပေသည်။ ၎င်းမှာ သူနှင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်လှသော... အခြားသော အသံတစ်သံ ဖြစ်ပေသည်။

“ရှောင်ဟွမ်...”

All Chapters