← Chapters

အပိုင်း(၂၄၆)-တစ်ယောက်ယောက်ရဲ့ ခြေထောက်ကိုကျောက်တုံးဖြင့် ရိုက်ခြင်း

Vol. 003 Ch. 246

အပိုင်း(၂၄၆)-တစ်ယောက်ယောက်ရဲ့ ခြေထောက်ကိုကျောက်တုံးဖြင့် ရိုက်ခြင်း

Vol. 003 Ch. 246

“ဘိုးဘိုး ယူလန်လည်းလာပါပြီ၊ ဘိုးဘိုးနိုးလာမှတော့ ဇလုံထဲမှာ ကိုယ်တုံးလုံးကြီးမနေနဲ့တော့” ရှီမာယူယူ ဆက်ပြောသည်။

“ဟမ်း”

ရှီမာတိုင်သည် ဇလုံမှထွက်ကာ အဝတ်များဝတ်လိုက်သည်။ ထိုမှသာ ရှီမာယူယူနှင့် ရှီမာယူလန်တို့ ဝင်လာကြသည်။

“ဘိုးဘိုး” ရှီမာယူလန်သည် လေးစားစွာအရိုအသေပေးလိုက်သည်။

ရှီမာတိုင် သူမအား ခေါင်းညိတ်ပြကာ ရှီမာယူယူအားကြည့်ပြီး သူ့စိတ်ထဲမှ သံသယများ တစ်ဖန်ဝင်လာသည်။

ဒီကောင်လေးက အခုမှ အသက်နှစ်ဆယ်တောင် မပြည့်သေးတာမလား၊ အခု သူ့ဒဏ်ရာတွေ အရှင်းပျောက်သွားပြီ သူက တကယ်ပဲ ဒဏ်ရာတွေကို ကုပေးတာလား။

ရှီမာတိုင်၏ မျက်နှာမှ နီရဲသော လက်ရာအား ရှီမာယူယူကြည့်ပြီး ကျိတ်ရယ်ကာ တလေးတစားပြောလိုက်သည် “ဘိုးဘိုး ဘိုးဘိုးရဲ့ဒဏ်ရာတွေ တော်တော်ပျောက်သွားတဲ့ပုံပါပဲ၊ မျိုးနွယ်သခင်က ဘိုးဘိုးရဲ့ ဒဏ်ရာတွေကို တော်တော်စိတ်ပူနေတာ၊ ဘိုးဘိုး နိုးလာတာကို သူ့ကို အခုသွားပြောလိုက်မယ်”

သူ ပြန်ဖြေသည်ကို မစောင့်ပဲ သူမ ချက်ချင်းပင် လှည့်ထွက်ခဲ့သည်။

သူမ ထိုနေရာတွင် ဆက်နေနေပါက သူမ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့မှာ အသေအချာပင်။

သူမ အပြင်ထွက်ပြီး လမ်းလျှောက်ရာ အနည်းငယ်အဝေးသို့ရောက်သည်နှင့် အစောင့်အားမြင်လိုက်သည်။ မျိုးနွယ်ခေါင်းဆောင်အား လာရန် မှာကြားလိုက်သည်။

မျိုးနွယ်ခေါင်းဆောင်အား သွားခိုင်း လာခိုင်းရဲသည်ကို ထိုအစောင့်သည် ကြောင်သွားသော်လည်း သူပြောပေးသည်။ အစပိုင်းတွင် သူသည် မျိုးနွယ်ခေါင်းဆောင်မှ သူ့အား အပြစ်ပေးမည်ဟု ထင်ထားသော်လည်း ထိုသတင်းကြားသည်နှင့် ရှီမာယူယူ ရှိရာသို့ ပြေးသွားလေသည်။ သူသည် သက်ကြီးဝါကြီးပုဂ္ဂိုလ်ကိုပါ ဝင်ခေါ်လိုက်သေးသည်။

“အဲလူက အဲလောက်တောင် လွှမ်းမိုးနိုင်တာလား၊ မျိုးနွယ်ခေါင်းဆောင်တောင် လူကိုယ်တိုင်သွားရတယ်” ထိုအစောင့်သည် သူတို့ထွက်သွားသည်ကို ကြည့်ရင်း ရေရွတ်နေခဲ့သည်။

ရှီမာလင်းသည် လျင်မြန်စွာပင် ရှီမာယူယူ၏ အိမ်သို့ရောက်သွားကာ တံခါးအနားတွင် မှီနေသော သူမအား တွေ့လိုက်ရသည်။ သူတို့လျှောက်သွားကာ မေးလိုက်သည် “သူ နိုးပြီလား”

“နိုးပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“ဒါဆို မင်းဒီမှာ ဘာလုပ်နေတာလဲ” ရှီမာလင်းမေးလိုက်သည်။

“လူကြီးမင်းတို့နှစ်ယောက်ကို စောင့်နေတာပါ” ရှီမာယူယူ အပြုံးဖြင့် ပြောလိုက်သည် “ဘိုးဘိုးကြီးက အထဲမှာ ကျွန်တော်ခေါ်သွားပေးမယ်”

အချိန်တွေအများကြီးပေးခဲ့ပြီးပြီ သူမကို ငြင်းမနေတော့ဘူးလေ ဟုတ်တယ်မလား။

ရှီ်မာယူယူ သူတို့အား ဘာကြောင့်စောင့်နေသည်ကို ရှီမာလင်းနှင့် သက်ကြီးဝါကြီးပုဂ္ဂိုလ်တို့ မသိသော်လည်း ကောင်းတဲ့ကိစ္စတစ်ခုခုဖြစ်လိမ့်မည်ဟု ခန့်မှန်းနေကြသည်။

သူတို့ထင်ထားသည့်အတိုင်းပင် ဝင်သွားသည်နှင့် ရှီမာတိုင်၏ မျက်နှာတွင် လက်ရာများတွေ့သောအခါ ပါးစပ်အဟောင်းသားများဖြင့် သူမအား ကြည့်လိုက်ကြသည်။

ရှီမာယူယူသည် တကယ်ပင် အပြစ်ကင်းသည်။ သူမ ပြောရုံသာပြောခဲ့သည်။ သို့သော် ရှီမာယူလင်း ကဲ့သို့ ဖြတ်ထိုးဉာဏ်ကောင်းသော လူတစ်ယောက်သည် ဒီတစ်ကြိမ်တွင် အမှားလုပ်မိမည်ဟု ထင်မထားခဲ့ပေ။

“မျိုးနွယ်သခင်ကို နှုတ်ဆက်ပါတယ်” ရှီမာလင်းသည် နှုတ်ဆက်လိုက်သည်။

ရှီမာတိုင်သည် လက်ဝေ့ပြကာ ပြောလိုက်သည် “ငါတို့မျိုးနွယ်အကြောင်းကို ယူလင်း အကျဉ်းချူပ် ပြောပြီးပြီ၊ မင်းက အခုမျိုးနွယ်ခေါင်းဆောင်ပဲ ငါ့ကို အရိုအသေပေးဖို့မလိုပါဘူး”

“မဟုတ်ဘူး၊ ကျွန်တော်က မျိုးနွယ်ခေါင်းဆောင်အတွက် ရပ်တည်နေတာပါ၊ အခု ခေါင်းဆောင်က သတိပြန်ရလာပြီဆိုတော့ မျိုးနွယ်သခင်နေရာက ခေါင်းဆောင်အတွက်ပါ” ရှီမာလင်း ပြောလိုက်သည် “ငါက ဒီနေရာကို မကြိုက်သလို ငါနဲ့လည်း မလိုက်ဘူးဆိုတာ မင်းသိသားပဲ”

ရှီမာယူယူ ခေါင်းငုံ့ကာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည် “ဒါဆို သူ့ကို နိုးလာအောင် လုပ်ပေးဖို့ အပေးအယူလုပ်ခဲ့တာက မျိုးနွယ်ခေါင်းဆောင်မလုပ်ချင်လို့လား”

“လင်း မင်းဒီသုံးနှစ်ကို ကောင်းကောင်းဖြတ်သန်းခဲ့ပြီပဲ” ရှီမာတိုင် ပြောလိုက်သည်။

ရှီမာလင်း ခေါင်းရမ်းကာ ပြောလိုက်သည် “ခေါင်းဆောင်သာမဟုတ်ရင် မျိုးနွယ်က ဒီအခြေအနေဖြစ်မှာ မဟုတ်ပါဘူး၊ ကျွန်တော်က ခေါင်းဆောင်ကို သုံးနှစ်စောင့်ရှောက်ခဲ့တာ အခု ပြန်ပေးပါမယ်”

သူ ပြောပြီးနောက် သေတ္တာတစ်လုံးထုတ်ပြီး ရှီမာတိုင်အား လက်လွှဲပေးလိုက်သည်။

ရှီမာယူယူ ချောင်းကြည့်ပြီးနောက် ထိုအရာသည် မျိုးနွယ်ခေါင်းဆောင် ဖြစ်သည့်အတွက် သင်္ကေတ ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။

“အဲဒီ သေတ္တာက အဖိုးတန်ပစ္စည်း…” သူမ လွှတ်ခနဲထွက်သွားသော်လည်း သူမအား အုပ်စုလိုက် လှည့်ကြည့်ကြသည်။

သူမ နောက်တွန့်သွားကာ ထပ်မပြောတော့ပေ။

“မျိုးနွယ်ခေါင်းဆောင် ဒီကလေးက လိုင်ရဲ့မျိုးဆက်လေ၊ လိုင်က သူ့ကို မွေးစားထားတာ” ရှီမာလင်း ပြောလိုက်သည်။

“ဆေးပညာကတော့ အထင်ကြီးလောက်ပါတယ်” ရှီမာတိုင်သည် ရှီမာယူယူအား ကြည့်လိုက်သည်။ သူသည် သူ့အား ကယ်ခဲ့ရုံသာမက သူ့အင်အားသည် မနည်းသည်ကိုလည်း တွေ့ခဲ့ရသည်။ သူသိသလောက် ထိုကဲ့သို့ ဆေးပညာရှိသော သမားတော်မရှိပေ။

“ချီးကျူးတဲ့အတွက် မျိုးနွယ်ခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်” ရှီမာယူယူ ခါးကိုင်းကာ အရိုအသေပေးပြီး ကျယ်လောင်စွာ ပြောလိုက်လေသည်။

“ငါမပြီးသေးဘူး” ရှီမာတိုင် ပြောလိုက်သည် “ဆေးပညာကတော့ အထင်ကြီးစရာပဲ ဒါပေမယ့် စရိုက်ကတော့ သွန်သင်မှုမရှိဘူး၊ မင်းကို သေချာမသင်ပေးတာ အဲလူ လိုင်ပဲဖြစ်လိမ့်မယ်”

“မျိုးနွယ်ခေါင်းဆောင် ချက်ကောင်းကိုထိတာပဲ” ရှီမာယူလန်သည် အပြုံးဖြင့် ပြောလိုက်သည် “အဘိုးလိုင်က သူ့ကို ကလေးလို အလိုလိုက်ထားတယ်လို့ ကျိရွှီနဲ့ တခြားသူတွေကပြောတယ်၊ သူ့အစ်ကိုတွေက သူ့ကို ပိုတောင် အလိုလိုက်သေးတယ်”

ရှီမာယူယူ သူမနှာခေါင်းအား ထိလိုက်သည်။ ရှီမာတိုင်၏ စကားများကြားပြီးနောက်တွင် ထိုထက်ပို၍ နောက်မှလိုက်ရန် အစီအစဉ်မရှိတော့ပေ။

“မင်းအဘိုးဘယ်မှာလဲ” ရှီမာတိုင် မေးလိုက်သည်။

“အဘိုးနဲ့ တခြားသူတွေ ထွက်သွားပါတယ်၊ သူတို့ဘယ်အချိန်ပြန်လာမလဲ ကျွန်တော်လည်းမသိဘူး၊ ကျွန်တော် သွားရှာလိုက်ပါမယ်” ရှီမာယူယူ ပြောလိုက်သည်။

“သွားရှာပြီး သူတို့ကို ခန်းမဆီကိုပဲ တန်းတန်းမတ်မတ် ခေါ်လာခဲ့” ရှီမာတိုင်သည် ပြောပြီးနောက် ထွက်သွားရာ သူ့နောက်တွင် ရှီမာလင်းနှင့် သက်ကြီးဝါကြီးပုဂ္ဂိုလ်တို့ လိုက်သွားကြသည်။

ရှီမာယူလန်သည် သူမ နှုတ်ခမ်းတွန့်ကာ ရှီမာယူယူအား ကြည့်လိုက်သည်။ သူမသည် သူမအား ရယ်မိတုန်းပင်ဖြစ်သည်။

ရှီမာယူလင်း လျှောက်သွားကာ သူမအား ပြင်းထန်စွာရိုက်ရန် လက်မြှောက်လိုက်သော်လည်း သူမ ခေါင်းပေါ်တွင် ရပ်တန့်သွားကာ သူမ နားရွက်အား ဆိတ်လိုက်သည်။ ထိုသည်မှာ သူမကို အပြစ်ပေးခြင်းဖြစ်သည်။

“နောက်တစ်ခါ မဖြစ်စေနဲ့” ပြောပြီးနောက်တွင် သူလည်း ထွက်သွားလေသည်။

ခိုကိုးရာမဲ့နေသော သူ့မျက်လုံးများကို မြင်သည်နှင့် သူထွက်သွားချိန်တွင် သူမ လျှာထုတ် ပြောင်လိုက်သည်။ သို့သော် သူ မထင်မှတ်ပဲ ပြန်လှည့်လာကာ သူမ ထိုကဲ့သို့ပြုမူနေသည်ကို မြင်သည်နှင့် မဲ့ပြုံးပြုံးကာ ထွက်သွားလေတော့သည်။

သူလှည့်လာချိန်တွင် ရှီမာယူယူ ကြောင်သွားသော်လည်း သူထွက်သွားသည့်တိုင်အောင် အာရုံမစုစည်းနိုင်ပေ။ ထိုမှသာ သူမ ရင်ဘတ်အား ပုတ်ပြီး ခြေဆောင့်မိသည်။ အဲလူက ဘာလို့ပြန်လှည့်လာတာလဲ…

သူမ ပုံရိပ်… သွားပါပြီ…

“ဟူး…” ရှီမာအိမ်မှ ထွက်သည်နှင့် သူမ သက်ပြင်းရှည်ချမိတော့သည်။ သူမ တစ်နေရာရောက်သောအခါ ရှီမာလိုင်နှင့် တခြားသူများကို ခေါ်ထုတ်လိုက်သည်။

“တစ်ခုခုဖြစ်လို့လား” ရှီမာလိုင် မေးလိုက်သည်။

“ဘိုးဘိုး သမီး မျိုးနွယ်ခေါင်းဆောင်အဟောင်းကို ကုပေးလိုက်ပြီး အဘိုးလင်းက သူ့ကို ခေါင်းဆောင်နေရာ ပြန်ပေးလိုက်တယ်၊ သူက ဘိုးဘိုးတို့ကို အခုတွေ့ချင်နေတယ်” ရှီမာယူယူ ပြောလိုက်သည်။

သူမ ရှီမာတိုင်အား ကုပေးမည်ကို ရှီမာလိုင်နှင့် တခြားသူများ သိပြီးရာ သူမ၏ ဆေးပညာကို အပြည့်အဝ ယုံကြည်ချက်ရှိခဲ့သည်။ ရှီမာတိုင် ပြန်ကောင်းလာသည်ဟု ကြားသည်နှင့် သူတို့မအံ့သြမိတော့ပေ။

“ဒီလိုဆိုရင် အဘိုးတို့ မျိုးနွယ်ခေါင်းဆောင်ကို သွားတွေ့ကြမယ်လေ” ရှီမာလိုင် ပြောလိုက်သည် “အစ်ကိုကြီးက ငါနဲ့ ငါ့ညီအစ်ကိုတွေကို စောင့်ရှောက်ပေးခဲ့တာ”

“ဘိုးဘိုး သမီး မသွားလို့မရဘူးလား” ရှီမာယူယူ မေးလိုက်သည်။

“ဘာလို့လဲ”

ရှီမာယူလင်းမှ ရှီမာတိုင်အား ရိုက်ရန် သူမ ပြုမူခဲ့သည်ကို ရှီမာယူယူပြောပြပြီး “သူ သမီးကို အပြစ်ပေးမှာ ကြောက်တယ်”

“ရွှတ်”

ရှီမာယူမင်နှင့် သူ့ညီသုံးယောက်တို့သည် ဝါးလုံးကွဲရယ်ကြတော့သည်။

“ဟူး… မင်း ယူလင်းကို စချင်ရင်တောင် ဒီလိုတော့ မလုပ်သင့်ဘူးလေ” ရှီမာယူရန် သူမ ခေါင်းအား ပုတ်လိုက်သည်။

“သူ တကယ်ရိုက်လိမ့်မယ်လို့ သမီးဘယ်လိုလုပ် သိမှာလဲ” ရှီမာယူယူ ကြေကွဲမိသည် “သူက ပုံမှန်ဆို ဉာဏ်ကောင်းတယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ သူတုံးတယ်”

ရှီမာလိုင်ပင် ရယ်မောကာ ပြောလိုက်သည် “သွားရအောင် ဘိုးဘိုးနဲ့ဆိုရင် လက်လွတ်စပယ် မဆက်ဆံစေရဘူး”

နောက်ဆုံးတွင် ရှီမာယူယူ လိုက်ပါသွားရသည်။ သို့သော် ဘယ်သူ့မှ စိတ်ဝင်စားခြင်းကို မခံရပါစေနဲ့ဟု မျှော်လင့်ရင်း အနောက်တွင်သာ ရပ်နေလိုက်သည်။

သို့သော် မျိုးနွယ်ခေါင်းဆောင်အား ကုသပေးသည်မှာ သူမဖြစ်ကာ သတိမထားမိအောင် မနေရန် မဖြစ်နိုင်ပါ။ သူမ မျိုးနွယ်ခေါင်းဆောင်အား ကုသပေးသည့်အကြောင်း ပြောတိုင်းတွင် မျိုးနွယ်ခေါင်းဆောင်၏ မျက်နှာမှ လက်ရာမှာ ပိုနီလာသလိုပင် သူမ ခံစားရသည်။

နောက်ဆုံးတွင် အားလုံးထွက်ခွာသွားရာ ရှီမာယူယူနှင့် ရှီမာတိုင်သာ ကျန်ခဲ့သည်။

“မင်း ယူလင်းကို ငါ့ကိုရိုက်ခိုင်းတယ်ဆို” ရှီမာတိုင် အရင်ပြောသည်။

“ကျွန်တော် ပြောပြီးပါပြီ မဟုတ်လား” ရှီမာယူယူ ညည်းလိုက်သည် “ကျွန်တော် ဘိုးဘိုးကိုတောင် ကယ်ခဲ့တာ”

ရှီမာတိုင် ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါလည်း အမှန်တရားပဲ ဒါပေမယ့် ဒါက သပ်သပ်ပဲ၊ မင်းကို အကြွေးတင်မှတော့ ပြန်ဆပ်မယ်…. အပြစ်ပေးတာလည်းခံရမယ်”

ရှီမာယူယူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည် “ကျွန်တော် အပြစ်ပေးခံရမှာလား”

All Chapters