← Chapters

အပိုင်း(၂၄၇)-ဆုပေး၊ဒဏ်ပေး

Vol. 003 Ch. 247

အပိုင်း(၂၄၇)-ဆုပေး၊ဒဏ်ပေး

Vol. 003 Ch. 247

ရှီမာတိုင်သည် ရှီမာယူယူ၏ မျက်နှာထားကို ကျေနပ်စွာကြည့်ပြီး လေးနက်စွာပြောလိုက်သည် “အဲဒါ သဘာဝပဲလေ၊ ငါက ဆုပေး ဒဏ်ပေးစနစ်ကို မျှမျှတတလုပ်တယ်”

“ဆုက ဘာလဲဆိုတာ အရင်ပြောပြပေးပါ” ရှီမာယူယူ ပြောလိုက်သည်။

“ငါတို့ရှီမာမျိုးနွယ်က နှစ်တိုင်းရွေးချယ်ပွဲကြီး လုပ်တာ မင်းလည်းကြားမှာပေါ့” ရှီမာတိုင် မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူတို့ ဒုံချန်းတိုင်းပြည်တွင် ရှိစဉ်အခါက ရှီမာမျိုးနွယ်တွင် ကြီးမားသော ပွဲဆင်နွှဲလေ့ရှိကြောင်းနှင့် တော်ရုံလူ မပါဝင်နိုင်ကြောင်းကို ရှီမာလိုင် ပြောပြခဲ့သည်။ နောက်တော့ သူတို့လည်း မကျင်းပသည်မှာ ကြာပြီဖြစ်သည်။

“ရွေးချယ်ပွဲရှိတော့ ဘာဖြစ်လဲအဘိုး ကျွန်တော်နဲ့ ဆက်စပ်မှုရှိလို့လား” ရှီမာယူယူ နားမလည်ပေ။

“လွန်ခဲ့တဲ့ ၃နှစ်က ရွေးချယ်ပွဲလုပ်ခဲ့တယ်၊ ဒါပေမယ့် ငါ ဒဏ်ရာရပြီး သတိမေ့သွားတော့ သူတို့ အဲနေရာကို မဖြည်နိုင်ဘူး၊ အဲဒါကြောင့် ရွေးချယ်ပွဲက နောက်တစ်ဆင့်ကို မတက်တော့တာ” ရှီမာတိုင် ပြောလိုက်သည်။

“နောက်တစ်ဆင့်က ဘာလဲ”

“ဘိုးဘွားပိုင် နယ်မြေကိုဝင်ပြီး မင်းရဲ့အမွေအနှစ်ကို ရှာရမှာ” ရှီမာတိုင် ထိုစကားပြောသည်နှင့် သူ့မျက်နှာသည် ဖုံးဖိ၍မရနိုင်အောင် စိုးရိမ်မှုတွေနှင့် ပြည့်နှက်ကာ မျက်နှာပျက်သွားသည်။

“ကျွန်တော်ကိ အဲဒါကို ဘာလုပ်ပေးရမလဲ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်က ရွေးချယ်ပွဲဝင်လို့ မရဘူးလေ”

“ဒါက မင်းကို ငါပေးတဲ့ဆုပဲ” ရှီမာတိုင်သည် စိတ်မရှည်စွာ ဖြည်းညင်းစွာ ပြောလိုက်သည် “ဒီတစ်ခေါက် ဘိုးဘေးပိုင်နယ်မြေကို မင်းနဲ့ မင်းအစ်ကိုတွေ သွားလို့ရတယ်၊ အထူးသဖြင့် မင်းပဲ တကယ်တော့ ငါတို့သွေးသားမဟုတ်တဲ့သူက ဝင်လို့မရဘူး၊ ဒါပေမယ့် ငါ စည်းကမ်းဖောက်ပြီး မင်းကိုဝင်ခွင့်ပေးမယ်”

“ဘိုးဘိုးတို့ မျိုးနွယ်က နှစ်ပေါင်းဒီလောက်ကြာနေပြီ၊ အမွေတွေက တော်တော်များများ ကုန်နေလောက်ပြီ” ရှီမာယူယူ ရေရွတ်လိုက်သည်။ သို့သော် ဘယ်လောက်ပင် သူမ စကားမှာ တိုးပါစေ စံတင်ဝိညာဉ်၏ နားမှ ပြေးမလွတ်ပေ။

ရှီမာတိုင် အားရပါးရပြုံးကာ ပြောလိုက်သည် “ငါ့ရှီမာမျိုးနွယ် ဘိုးဘေးပိုင်နယ်မြေက ဘာလို့အဲလောက် လွယ်လွယ်နဲ့ကုန်မလဲ၊ မင်းအဲဒါကို စိုးရိမ်ဖို့မလိုပါဘူး”

“ဒါဆို ဘိုးဘိုးက ဘာလို့ စိတ်သောကဖြစ်နေတာလဲ” ရှီမာယူယူ မေးလိုက်သည် “အဲဒါကြောင့် မဟုတ်ဘူးလား”

ရှီမာတိုင် သက်ပြင်းချကာ ဖြည်းညင်းစွာ ခေါင်းရမ်းလိုက်သည် “ငါ သောကရောက်နေတာ အဲဒါကြောင့် မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ အဲဒီဘိုးဘေးပိုင် နယ်မြေမှာ အမွေဆက်ခံတဲ့သူ မရှိတာကြာပြီ”

“အမွေဆက်ခံတဲ့သူတွေ မရှိတော့လို့လား” ထိုကဲ့သို့ အင်အားပါဝင်နေသည်ကို ရှီမာယူယူ အံ့သြသွားသည်။

“အဲလိုပြောလို့ရတယ်” ရှီမာတိုင် သက်ပြင်းချသည် “ငါ့ရှီမာမျိုးနွယ်ဝင်တွေက နှစ်တစ်ထောင်လောက် အဆင့်တစ်စွမ်းအားရှိခဲ့တာမဟုတ်ဘူး၊ ငါတို့အမွေဆက်ခံတဲ့သူတွေကို ပျိုးထောင်ပေးခဲ့တာ”

“အဲဒါကြောင့် လက်ရှိရှီမာမျိုးနွယ်က ဒီနေ့မှာ ဆုတ်ယတ်ပြီး တခြားအဖွဲ့တွေရဲ့ ပစ်မှတ်ဖြစ်နေတာ” ရှီမာယူယူ နားလည်လိုက်သည်။

ရှီမာတိုင်သည် ရှီမာယူယူအား ကျေနပ်စွာကြည့်လိုက်သည်။ သူသည် အမှန်တကယ်ပင် ဉာဏ်ကောင်းသည်။ များစွာသော မျိုးနွယ်ဝင်များသည် ထိုအချက်အား သတိမထားမိကြသော်လည်း သူသည် အချိန်တိုအတွင်း ရှီမာမျိုးနွယ်ရင်ဆိုင်နေရသည်ကို နားလည်သည်။

“အရင်မျိုးဆက်က လူတွေက အဆင်ပြေသေးတယ်၊ သူတို့က အဲလောက်အးမနည်းကြဘူး၊ ဒါပေမယ့် ရှီမာလင်းနဲ့ တခြားသူတွေကလွဲရင် နောက်မျိုးဆက်တွေက အဲလောက် အလားအလာကောင်းဘူး” ရှီမာတိုင် စိုးရိမ်စွာပြောလေသည်။ ဆက်ပြောရလျှင် ရှီမာမျိုးနွယ်သည် နောက်နှစ်အနည်းငယ်အတွင်း အန္တရာယ်များ ကျရောက်နိုင်သည်။

“ဘိုးဘိုးတို့ရထားတဲ့ အမွေတွေကို နောက်မျိုးဆက်တွေကို ဒီအတိုင်းပေးလို့မရဘူးလား” ရှီမာယူယူ မေးလိုက်သည်။

“အဲအမွေတွေကတော့ ပေးလို့ရတယ် ဥပမာဆိုရင် တစ်ယောက်ယောက်ရဲ့ ကျင့်ကြံနည်းလိုမျိုးပေါ့၊ အဲဒီကနေရတဲ့ ဝိညာဉ်အရည်အချင်းတွေကလည်း နည်းတယ်၊ ဒေါသမီးတောက်ခုတ်ခြင်းက ငါတို့ မျိုးနွယ်လက်ဆင့်ကမ်းလာတဲ့ အမွေပဲ” ရှီမာတိုင် ပြောလိုက်သည် “အဲဒီ အမွေတွေအများကြီး ပျက်ဆီးသွားတာ နှမြောစရာပဲ ဘာလို့လဲတော့ ငါတို့လည်းမသိဘူး၊ လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်းကို ငါတို့ရှီမာမျိုးနွယ်က ဆုံးရှုံးမှုတွေ ကြုံတွေခဲ့ရတယ်”

“အဲဒါက မြင်သာမြင်ရ မကြင်ရလိုဖြစ်နေတယ်” ရှီမာယူယူ ပြောလိုက်သည် “တစ်ယောက်ယောက်က အမွေရခဲ့တာ အချိန်ကြာပြီဆိုတော့ သူတို့ဝင်ဖို့အခွင့်အလမ်းမရှိခဲ့ဘူး၊ ပြီးတော့ ကျွန်တော်ကလည်း ရှီမာမျိုးနွယ်ရဲ့ သွေးသားမဟုတ်ဘူး”

“တကယ်ဉာဏ်ကောင်းတယ်” ရှီမာတိုင်သည် ရှီမာယူယူအား မဲ့ပြုံးပြုံးကာကြည့်နေသည် “အမွေအများစု ကတော့ ရဖို့ဆို ရှီမာမျိုးနွယ်ဖြစ်ဖို့လိုတယ် ဒါပေမယ့် တချို့ကတော့ မဟုတ်ဘူး၊ မင်း ရဖို့မကြိုးစား ကြည့်ချင်ဘူးလား၊ မင်း တစ်ခုခုရလာလိမ့်မယ်လို့ ဘယ်သူသိမလဲ”

ရှီမာယူယူသည် သူမ မေးစေ့အားကိုင်ပြီး နှာခေါင်းထိပ်အားပွတ်ပြီး အချိန်တစ်ခုစဉ်းစားပြီးနောက် ပြောလိုက်သည် “ကောင်းပါပြီ ကျွန်တော့် စရိုက်က သာမာန်ထက်ပိုနေတော့ ဘယ်သူသိမလဲ…. အခွင့်အရေးကောင်းကောင်း ရနိုင်တာပဲ”

ရှီမာတိုင်သည် စကားလုံးမဲ့ဖြစ်သွားသည်။ ဒီကောင်က တကယ်ပဲ ကိုယ့်ကိုယ်ကို အထင်ကြီးတာပဲ။

“ကောင်းပြီ အခု ငါတို့မင်းရဲ့ အပြစ်ပေးတာကိုပြောရအောင် ဟုတ်ပြီလား”

ထိုစကားအားကြားသောအခါ ရှီမာယူယူ ချက်ချင်းပင် မျက်နှာညှိုးသွားပြီး ပြောလိုက်သည် “ကျွန်တော့်ကို ဘယ်လိုအပြစ်ပေးမှာလဲ”

“တကယ်ရိုးရှင်းပါတယ်” ရှီမာတိုင်သည် အခွင့်အရေးကောင်းကို ဆုပ်ကိုင်လိုက်ရသလိုပင် ပြုံးလိုက်သည်။

သူ့အပြုံးအား ရှီမာယူယူတွေ့သည်နှင့် ကြက်သီးထသွားသည်။ ဒါက မြေခွေးအိုကြီးက သူမကို ပစ်မှတ်အဖြစ်ထားလိုက်တာပဲ။

မျှော်လင့်ထားသည့်အတိုင်းပင် ရှီမာယူယူ ခန်းမကြီးမှ ထွက်ခာချိန်တွင် သူမ မျက်နှာသည် ရှုံမဲ့ကာ ပြန်လှည့်ပြီး မိန်းတံခါးပေါက်အား စိတ်ထိခိုက်စွာကြည့်လိုက်သည်။ သူမ သက်ပြင်းချကာ ထွက်သွားသည်။

ခန်းမထဲတွင် ရှီမာတိုင်သည် နီရဲဆဲဖြစ်သော သူ့မျက်နှာအားထိကာ ကျိတ်ရယ်နေသည် “ငါ့မျက်နှာကို ဘယ်သူမှ မရိုက်ဖူးဘူး၊ အဲနှစ်ချက်အရိုက်ခံရတာကို လွယ်လွယ်နဲ့ကျော်သွားမယ်ထင်လား”

သူပြောသည်ကို ရှီမာယူယူကြားပါက သူမ ချက်ချင်းသွေးထွေးထုတ်မည်ဖြစ်သည်။ သူ့အား ရိုက်သည်မှာ သူမ မဟုတ်သော်လည်း ရှီမာယူလီကို သူမ အကျပ်ရိုက်စေသည်။

သူမ အိမ်သို့ပြန်ရောက်ချိန်တွင် ရှီမာလိုင်နှင့် တခြားသူများသည် သူမအား စောင့်နေကြသည်။ သူမ ထွက်လာသည်နှင့် မျက်မှောင်ကြုတ်လာသည်ကို တွေ့သည်နှင့် မေးလိုက်သည် “မျိုးနွယ်ခေါင်းဆောင်က မင်းကို ပွဲကြမ်းလား”

ရှီမာယူယူ ခေါင်းညိတ်ပြီးမှ ခေါင်းရမ်းကာ သက်ပြင်းချလိုက်သည်။

“ညီလေး ၅ မျိုးနွယ်ခေါင်းဆောင်က မင်းကို အကျပ်ရိုက်အောင်လုပ်လား၊ အဲလိုဆိုရင်တော့ ငါတို့မင်းနဲ့အတူ ထွက်သွားမယ်” ရှီမာယူလီပြောလိုက်သည်။

“အဲလိုမဟုတ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “သူက သမီးကို အတင်းအစ်တာပဲရှိတယ်”

“သူ မင်းကို ဘယ်လိုအစ်လဲ” ရှီမာလိုင် အနည်းငယ်သိချင်သွားသည်။ သူသည် ရှီမာတိုင်အား မြေခွေးလေးကဲ့သို့ အမြဲခံစားခဲ့ရသည်။ အခုတော့ သူက မြေခွေးအိုဖြစ်နေလေပြီ။

“သူက မျိုးဆက်သစ်တွေရဲ့ အင်အားကို တစ်ဆင့်ချင်းဆီ တိုးသွားအောင် လုပ်ခိုင်းတယ်” ရှီမာယူယူ ပြောလိုက်သည် “အဲမြေခွေးအိုကြီး သူ့အားနည်းချက်ကိုတွေ့လို့ကတော့..”

“ဟင် ဒါက မင်းကို ဒုက္ခပေးတာပဲမလား” ရှီမာယူလီ စိုးရိမ်သွားသည်။

ရှီမာယူရန်လည်း မျက်မှောင်ကြုတ်သွားကာ ပြောလိုက်သည် “မင်းသူ့အသက်ကို ကယ်ခဲ့တယ်၊ ဒါပေမယ့် သူ့ကို ရိုက်တဲ့နှစ်ချက်က မင်းရိုက်တာမဟုတ်ဘူးလေ”

“လွန်ခဲ့တဲ့ သုံးနှစ်ကလုပ်ခဲ့တဲ့ ဘိုးဘွားပိုင်မြေသွားတာကို မျိုးဆက်သစ်တွေနဲ့ ကျွန်တော် လိုက်သွားရမယ်လို့ သူပြောတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီအပြစ်ပေးတာကို ဆုရတာနဲ့ ချေချင်လည်းရတယ်လို့ သူပြောတယ်…”

“ဒါဆို မင်းဘာလို့ မချေပစ်လဲ” သူမကို ငတုံးကဲ့သို့ ရှီမာယူလီကြည့်လိုက်သည်။

“ဘိုးဘွားပိုင်နယ်မြေက ဆယ်နှစ်တစ်ခါမှဖွင့်တာတဲ့၊ အခွင့်အရေးရဖို့ခက်တယ်၊ ဘယ်လိုအခွင့်အရေး မျိုးရလာမလဲ ဆိုတာ ဘယ်သူမှမသိဘူးလေ၊ ဘယ်လိုလုပ် အပြစ်ပေးတာကို ချေလို့ရမလဲ” ရှီမာယူယူပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် အဲဒီဆေးတွေအတွက် ပါဝင်ပစ္စည်းတွေယူလာတာ သမီးမဟုတ်ဘူးလေ ပြီးတော့ သမီးက ဆေးဖော်တဲ့နည်းလမ်းနဲ့ ဆေးဖော်ပြီး သားရဲတွေကိုထိန်းကျောင်းတာပဲ ရှိတာ၊ ပြီးတော့ ဝိညာဉ်သားရဲတွေကို ထိန်းကျောင်းရင်း အကျိုးအမြတ်လည်းရသေးတယ်”

သူမသည် ရှီမာတိုင်က သူမအား အပြစ်ပေးခြင်းကို မကျေနပ်ခြင်းမဟုတ်ပဲ ဖိအားပေးခံရသည်ကို မပျော်ရွှင်ခြင်းဖြစ်သည်ကို ရှီမာယူရန်နှင့် တခြားသူများ နားလည်လိုက်သည်။

“ဟူး.. အစ်ကိုတို့အားလုံး ဘိုးဘွားပိုင်နယ်မြေသွားဖို့ သူခေါ်တာစောင့်ရမယ်၊ သမီးကတော့ စိတ်ဒဏ်ရာအတွက် ဟင်းသွားချက်လိုက်ဦးမယ်၊ ဟူး.. သူ့ကိုကယ်ခဲ့တာ ပဲကို၊ တရားမျှတမှုမရှိလိုက်တာ” ရှီမာယူယူသည် ဟင်းချက်ရန် စားဖိုဆောင်သို့သွားရင်း ရေရွတ်လိုက်သည်။

သူမ၏ ရိုင်းစိုင်းသောအပြုအမူအားကြည့်ရင်း ရှီမာယူမင်နှင့် တခြားသူများသည် ရယ်မောလိုက်ကြသည်။ သူမ ၁၅နှစ်တွင် ပြောင်းလဲမှုကြီးဖြစ်ပြီးသည့်နောက်တွင် သူမ ဝမ်းနည်းသည်ကို မမြင်ဖူးခဲ့ပေ။

“ဘိုးဘွားပိုင်မြေက တကယ်ကောင်းတဲ့နေရာပဲ၊ ဝင်သွားရင် ဘယ်လို အခွင့်အေရးတွေရှာတွေ့မလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး၊ အရင်ကတော့ ဝိညာဉ်ဧကရာဇ်ဝင်သွားတာ ပြန်ထွက်လာတော့ ဝိညာဉ်နယ်ရှင် ဖြစ်လာတယ်၊ အဲမှာ ထူးခြားတဲ့ ဝိညာဉ်အရည်အချင်းတွေသင်ပေးတဲ့ဟာ ရှိတယ်” ရှီမာလိုင် ပြောလိုက်သည် “မင်းတို့အားလုံး ရတဲ့အခွင့်အရေးကို ကောင်းကောင်းဆုပ်ကိုင်ရမယ်၊ ဒါက ယူယူက မင်းတို့အတွက် ရအောင်လုပ်ပေးခဲ့တာပဲ”

“ဟုတ်ကဲ့ပါ” သူတို့လေးယောက်ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က အသားခုတ်ထစ်သံထွက်လာပြီး အဲနောက်တွင် အံကြိတ်ကာ ပြောသော အသံတစ်သံထွက်လာသည် “ငါ ဒီနေ့ မြေခွေးအသားလုံးတွေ စားမယ်၊ ငါ ဖြတ်မယ် ဖြတ်မယ်.. ဖြတ်…ဖြတ်..”

All Chapters