အခန်း ၁၁၁၁
Vol. 112 Ch. 1111
အခန်း (၁၁၁၁) အမည်ခံစစ်သူကြီးလား၊ စမ်းသပ်ကြည့်ဖို့ အယောက် ၂၀ လောက်နဲ့ စလိုက်ကြရအောင်
သို့သော် နောက်ဆက်တွဲအနေဖြင့် တစ်ဖက်လူက ညင်သာစွာခေါင်းခါလျက် ဆက်လက်ပြောဆိုသည်ကို သူ မြင်တွေ့လိုက်ရသည်။ "ဒါပေမယ့် အများကြီးတော့မဟုတ်ပါဘူး"
ယန်လန်ထင် ရုတ်တရက်မျက်လုံးများ ပွင့်လာပြီး နောက်ကိုလှည့်ကာ ရှန်းယီကို စူးစိုက်ကြည့်လိုက်၏။ ဝူရှန်းကလည်း သူ၏ကုတင်ပေါ်မှနေ၍ အံ့အားသင့်စွာ ပါးစပ်ဟသွားခဲ့သည်။
လက်ရှိ အခြေအနေများအောက်တွင် နတ်ဘုရားမင်းဆက်၌ဆက်လက်နေထိုင်ရန် တက်ကြွစွာ ရွေးချယ်နေသေးသူ တစ်ဦး ရှိနေသေးသည်လော။
ဤတစ်ကြိမ်မှာ ဗောဓိဂိုဏ်းက အမည်ခံစစ်သူကြီးတစ်ဦးကိုပင် ချုံခိုတိုက်ခိုက်ရဲလျှင် နောက်တစ်ကြိမ်မှာ တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ်ကို လုပ်ကြံဖို့ဝန်လေးနေမှာ မဟုတ်ပါဘူး။
နန်ယန်က အားကောင်းသော်လည်း စတုတ္ထအဆင့်အတွင်း၌သာ ရှိသေး၏။ ဗောဓိဂိုဏ်းမှ ထို ဗောဓိသတ္တနတ်ဘုရားဘိုးဘေးများ၏ရှေ့မှောက်တွင် မည်သည့် အဓိပ္ပါယ်ရှိနိုင်မည်နည်း။
ရှန်းယီက သူ၏ကယ်တင်ရှင် ဖြစ်သော်လည်း ဤကဲ့သို့သော ပုံမှန်မဟုတ်သည့် ရွေးချယ်မှုမျိုးအောက်တွင် ဝူရှန်းတစ်ဖက်လူက နတ်ဘုရားအမိန့်တော်တစ်ခုကိုလက်ခံလာပြီး ပြန်လာခြင်းလောဟု မသင်္ကာဖြစ်မိသည်မှာ အမှန်ပင်။
"..."
ထိုနှစ်ဦး၏အကြည့်များကို ရင်ဆိုင်ရချိန်တွင် ရှန်းယီ၏အမူအရာမှာ ပြောင်းလဲခြင်းမရှိခဲ့သလို မည်သည့်အရာကိုမျှ ရှင်းပြရန်လည်း မရွေးချယ်ခဲ့ပေ။
နောင်တရခြင်းမှာ ဤအမည်ခံက သူ့အတွက် ကန့်သတ်ချက်တစ်ခု ဖြစ်လာခဲ့သောကြောင့် ဖြစ်၏။
လူတို့သည် ရှေ့သို့ ပိုမိုဝေးကွာလာသည်နှင့်အမျှ များသောအားဖြင့် ရွေးချယ်စရာများ ပိုမိုများပြားလာပြီးပိုမိုကျယ်ပြန့်သော ကမ္ဘာကြီးတစ်ခု ရှိလာကြ၏။ အတိတ်က ပြဿနာများနှင့် နာကြည်းမှုများသည် သူတို့၏မျက်လုံးထဲသို့ ဝင်ရောက်လာခြင်း မရှိတော့ဘဲ သူတို့၏လက်ရှိအခြေအနေကို ထိခိုက်စေသည့် အတိတ်က သူတို့ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်အချို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာတတ်ကြသည်။
ရှန်းယီလည်း ချွင်းချက်မဟုတ်ပေ။
သို့သော် ထိုနောင်တရစရာကောင်းသော ဆုံးဖြတ်ချက်က ထိုအချိန်က သူရွေးချယ်နိုင်သည့် တစ်ခုတည်းသောလမ်းကြောင်းဖြစ်ကြောင်းကို သူ မမေ့လျော့သေးချေ။
စားပြီးမှ ခွက်ကိုအပြစ်ရှာနေဖို့ဆိုတာ သဘာဝမကျပါဘူး။
"မင်း.." ယန်လန်ထင်က လူငယ်လေး၏ကြည်လင်သော မျက်လုံးနက်များကို တိုက်ရိုက်စိုက်ကြည့်နေခဲ့၏။ ရာထူးမြင့်မားသော တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ်ပင်လျှင် ဤအခိုက်အတန့်တွင် ဝူရှန်းကဲ့သို့ တူညီသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ရှင်းလင်းလှသည်။
အစပိုင်းတွင် မျောက်နတ်ဆိုးဖြစ်ရပ်မှတစ်ဆင့် သူသည် ဤလူငယ်လေးနှင့် ဆက်သွယ်မိခဲ့ပြီး ရှန်းယီက သူ၏အကြိုက်နှင့် ကိုက်ညီကြောင်း ခံစားခဲ့ရ၏။
ထို့နောက်ပိုင်းတွင် ရှန်းယီက သူ့ကို စိတ်ပျက်အောင် ဘယ်သောအခါမျှ မလုပ်ခဲ့ရုံသာမက နတ်ဆိုးဖိနှိပ်ရေးမျှော်စင်ကိစ္စတွင် အဘိုးကြီးယန်အတွက်ကြီးမားသော ဂုဏ်ကျက်သရေကိုပါ ယူဆောင်လာပေးခဲ့သည်။
သို့သော် နတ်ဘုရားများနှင့် မသေမျိုးအရှင်မြတ်များ၏နည်းဗျူဟာများကို ရင်ဆိုင်ရချိန်တွင် အရာများစွာကို လူတစ်ဦး၏မူလရည်ရွယ်ချက်တစ်ခုတည်းဖြင့် ခုခံကာကွယ်၍ မရနိုင်တော့ချေ။
"မင်းတို့အားလုံး အစွမ်းကုန် ကြိုးစားကြပါ" ယန်လန်ထင် သူ၏စကားများကို ပြောင်းလဲလိုက်ပြီး မတ်တပ်ထရပ်ကာ လက်များကို နောက်ပစ်လျက် လှည့်လိုက်၏။
"မင်းတို့ဘာအကြွေးမှမတင်ဘူးလို့ ခံစားကြပါ။ အင်ပါယာခုံရုံးဆီကရတဲ့ လစာနဲ့ထိုက်တန်သရွေ့၊ မင်းတို့ရဲ့မူလရည်ရွယ်ချက်အပေါ် သစ္စာရှိနေသရွေ့... တကယ်လို့ ထွက်သွားရမယ့် အချိန်ရောက်လာရင်တောင် ဒီလူအိုကြီးဆီကို သတင်းစကားလေးပါးပြီး အခြေအနေကို ရှင်းပြဖို့ မှတ်ထားပါ"
ထိုသို့ပြောပြီးနောက် လူအိုကြီးက အခန်းထဲမှ တိုက်ရိုက် ထွက်သွားခဲ့သော်လည်း ပြင်းထန်သော ဒဏ်ရာများကို ခံစားနေရသော သူ၏ခန္ဓာကိုယ်က ယခုအခါတွင် ထူးဆန်းစွာ နောက်တစ်ကြိမ် ကိုင်းညွှတ်သွားခဲ့၏။
အင်ပါယာခုံရုံးမှ လစာမှာ များပြားလှသော်လည်း ထိုက်ယီအစစ်အမှန်မသေမျိုးတစ်ပါး၏ အသက်ကိုတော့ သေချာပေါက်ဝယ်ယူ၍မရနိုင်ချေ။
ဤအတွေးအခေါ်အတိုင်းဆိုလျှင် ဝူရှန်းက ရွှေရောင်အလင်းစီရင်စုရှိ အခြေအနေမျိုးနှင့် နောက်တစ်ကြိမ်ကြုံတွေ့ရပါက ရိုးရှင်းစွာ လမ်းလျှောက်ထွက်သွားနိုင်သည်။
ဤအရာက တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ်က သူ၏အလားအလာအကောင်းဆုံး လက်အောက်ငယ်သားကို ရင်ဆိုင်ရချိန်တွင် လမ်းစဉ်သုံးသွယ်၏အနည်းငယ်သော ကြိုးပမ်းအားထုတ်မှုဖြင့် သူ့ကိုဖျက်ဆီးပစ်နိုင်ကြောင်း ပြသနေပြီး ထို့ကြောင့် နတ်ဘုရားမင်းဆက်၏ အနာဂတ်အတွက် သူ မည်သည့် မျှော်လင့်ချက်မျှ မရှိတော့ကြောင်းကိုသာ ပြသနေခြင်းဖြစ်၏။
သူ၏ရွေးချယ်မှုနှင့် ရန်မင်လီ၏ရွေးချယ်မှုတွင် ဘယ်အရာက မှားယွင်းနိုင်ပြီး ဘယ်အရာက မှန်ကန်နိုင်မည်နည်း။ နှစ်ခုစလုံးက လမ်းဆုံးများဖြစ်နေသည်သာ ဖြစ်သည်။
ထို့ပြင် ဤသည်မှာ ရှန်းယီအတွက် ထွက်ပေါက်တစ်ခုဖန်တီးပေးခြင်းအဖြစ်လည်း မှတ်ယူနိုင်၏။ အကယ်၍ ဗောဓိဂိုဏ်းက အမိန့်တစ်ခုခုထုတ်ပြန်လာပါက သူထွက်ခွာရန် ရွေးချယ်နိုင်ပါသည်။
အကယ်၍ သူ မထွက်ခွာဘဲ နတ်ဘုရားမင်းဆက်အပေါ်သို့ကပ်ဘေးများကို ဆက်လက် ယူဆောင်လာမည်ဆိုပါက ယန်လန်ထင်ကို ကရုဏာကင်းမဲ့သည်ဟု သူ အပြစ်တင်၍ မရနိုင်တော့ချေ။
"အာ" ဝူရှန်း သူ၏လက်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။
"ငါ မင်းတို့နှစ်ယောက်လုံးကို ဒုက္ခတွေပေးမိပြီ"
ရှန်းယီကို ထားလိုက်ပါ၊ အဘိုးကြီးယန် ဘာပဲပြောပြောနောက်ဆုံးတွင် သူက ရှန်းယီကို လွတ်လမ်းချန်ထားရစ်ခဲ့သေး၏။ ဤကိစ္စကြောင့် နောက်ပိုင်းတွင် ကြီးမားသောပြဿနာတစ်ခုခုဖြစ်ပေါ်လာပြီး သိလျက်နှင့် သတင်းမပို့ပါက အင်ပါယာမြို့တော်သို့ ရောက်ရှိသွားသည်နှင့် သူ၏အိုမင်းနေတဲ့အသက်ကြီးမှာ အမှန်တကယ်ပင် ဆုံးရှုံးသွားလိမ့်မည်။
"ငါ့နေရာမှာ အရင်ကုသဖို့ပြန်သွားရအောင်" ရှန်းယီက ထိုစကားပြောဆိုမှုတွင်မပါဝင်ခဲ့ဘဲ ဝူရှန်းကို အတင်းအကျပ်ခေါ်ဆောင်ကာ ထိုက်ရွှီနယ်ပယ်ထဲသို့ ဝင်ရောက်သွားခဲ့၏။
သူ၏အကြီးမားဆုံး အဟန့်အတားမှာ သူ၏အသက်ကို အခြားသူများက ထိန်းချုပ်ထားခြင်းပင်။
သို့တိုင်အောင် မသေမျိုးသုံးပါးဂိုဏ်းနှင့် ဗောဓိဂိုဏ်းတို့က တူညီသော ရွေးချယ်မှုကို ပြုလုပ်ခဲ့ကြ၏။
ဤအချိန်မှစ၍ ရှန်းယီက လမ်းစဉ်သုံးသွယ်အပေါ် ရိုးသားစွာရင်းနှီးမြှုပ်နှံနိုင်ခြင်း မရှိတော့ရုံသာမက သူ အနိုင်ရလိုစိတ်လည်း ရှိနေဆဲပင်။
အနည်းဆုံးတော့ သူ့ကို ချည်နှောင်ထားသည့် သံကြိုးနှစ်ချောင်းကိုပထမဆုံးစွာဖြတ်ပြီး ထိုမြင့်မားပြီးကြီးမြတ်သည့်နတ်ဘုရားများ နှင့် မသေမျိုးအရှင်မြတ်များ၏လည်ပင်းတွင် ရစ်ပတ်ပစ်လိုက်မည်။
...
ကျန်းယန်စီရင်စု၊ရှန်းစံအိမ်တွင်...
ယဲ့လန်က သူမလွမ်းဆွတ်တမ်းတနေသော ပုံရိပ်ကို နောက်ဆုံးတွင်ပြန်လည်ကြိုဆိုနိုင်ခဲ့သော်လည်း ရှန်းယီမှတစ်ဆင့် သူ၏ဘေးရှိ ဝူရှန်းထံသို့ အကြည့်များရွှေ့သွားသောအခါ နောက်လူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများနှင့် နှိုင်းယှဉ်ပါက သူမကို ပို၍ အံ့အားသင့်စေသောအရာမှာ သူ၏သဘောထားပင်။
"အဲဒါက... သခင်နန်ယန်... နည်းနည်းလောက် ကျိုးကြောင်းဆီလျော်အောင်လုပ်လို့ မရဘူးလား"
"ကျွန်တော့်ကိုကျန်းယန်ဆီ တိုက်ရိုက်ခေါ်လာတော့ ကျွန်တော့်ရဲ့စီရင်စုသုံးခုက ဘယ်လိုလုပ်မလဲ"
စွပ်စွဲသည့် စကားလုံးများရှင်းလင်းစွာ ဖြစ်သော်လည်း ဝူရှန်း၏အမူအရာမှာ ဝမ်းနည်းနေပုံရပြီးအသံကျယ်ကျယ်မပြောရဲချေ။
ယဲ့လန်က တစ်ခဏမျှအံ့အားသင့်သွားပြီးနောက် လျင်မြန်စွာသတိပြန်ဝင်လာကာ တဖြည်းဖြည်း နားလည်လာခဲ့၏။
အစပိုင်းမှာ သူမလည်း ရှန်းယီနောက်ကို ခရီးစဉ်အနည်းငယ်လိုက်သွားခဲ့ပြီး အထက်လူကြီးဆီကနေ အစေခံလေးတစ်ယောက်ဖြစ်သွားခဲ့သည် မဟုတ်လော။
"နောင်လာမယ့်ပြဿနာတွေအတွက်ပြင်ဆင်တဲ့အနေနဲ့ မင်းရဲ့ဒဏ်ရာတွေကို မြန်မြန်ကုသလိုက်ပါ၊ကျန်တာငါ့ကိုလွှဲထားလိုက်"
ရှန်းယီက ခြံဝင်းထဲသို့ဝင်သွားပြီး ဝူရှန်းကို ကျောက်ခုံပေါ်တွင်ထိုင်ခိုင်းကာ ဘေးရှိ အခန်းကို ညွှန်ပြလျက်ဦးစွာ ဝင်သွားရန် အချက်ပြလိုက်၏။
"ဘာ ပြဿနာတွေလဲ"
ဝူရှန်သည် ရုတ်တရက် မတ်တပ်ရပ်လိုက်၏။ "အဲဒီဘုန်းကြီးတွေမှာ လှည့်ကွက်တွေရှိနေသေးတာလား"
ရှန်းယီက သူ့ကိုလျစ်လျူရှုကာ ယဲ့လန်ကို ကြည့်လိုက်၏။ "လတ်တလော အခြေအနေက ဘယ်လိုလဲ"
ယဲ့လန် မျက်မှောင်ကြုတ်ကာ တစ်ခဏမျှစဉ်းစားပြီးနောက် မော့ကြည့်ကာ ပြောလိုက်သည်။ "နင် ပြောမှပဲ တစ်ခုခုမှားနေတယ်လို့ ခံစားရတယ်။ပြဿနာကြီးတွေတော့ မဟုတ်ပေမယ့် အနီးအနားမှာ နတ်ဆိုးတွေမကြာခဏသောင်းကျန်းနေပြီး အားလုံးက မျက်နှာသစ်တွေချည်းပဲ"
"နားလည်ပြီ"
ရှန်းယီက ခေါင်းညိတ်လိုက်၏။ ရွှေရောင်အလင်းစီရင်စုတွင် ဝူရှန်းအတွက် ဆေးဖော်စပ်ပေးစဉ်က သူလည်း အလားတူသတင်းများ ရရှိခဲ့၏။
စဉ်းစားကြည့်မည်ဆိုလျှင် ကောင်းကင်အောက်တွင် ပရမ်းပတာဖြစ်စေရန် နတ်ဘုရားမင်းဆက်အတွင်းမှဖြိုခွဲခြင်းအပြင် ထိုအသုံးဝင်ဆုံး နတ်ဆိုးများကို မည်သို့မပါဝင်ဘဲနေမည်နည်း။
အတိတ်က မသေမျိုးခုံရုံးနှင့် နတ်ဘုရားမင်းဆက်တို့က လမ်းစဉ်သုံးသွယ်၏အကူအညီဖြင့် ပူးပေါင်းအုပ်ချုပ်ခဲ့ကြပြီး နတ်ဘုရားနယ်မြေကို ခိုင်မာသောအတုံးအခဲတစ်ခုအဖြစ် ဖန်တီးခဲ့ကြ၏။
၎င်းတို့အနက်မှ အစစ်အမှန်နတ်ဘုရားများက ကောင်းကင်ဘုံဥပဒေကို ချိုးဖောက်သူများကိုသာ ကိုင်တွယ်ဖြေရှင်းကြသည်။
အစစ်အမှန်နတ်ဘုရားများ ရှားပါးခြင်းက အကြောင်းရင်းတစ်ခုဖြစ်ပြီး ထိုသို့မဟုတ်လျှင် အခြားဂိုဏ်းနှစ်ခုမြင့်တက်လာရန် အခွင့်အရေးရှိမည်မဟုတ်ပေ။
သို့သော် ယင်းထက်ပို၍ မဟာတာအို၏မူလအဖြစ်ခံယူသူများက လူသားမျိုးနွယ်ဘက်တွင် ရှိနေရန် မလိုဘဲ စကြာဝဠာ၏အစီအစဉ်ကို ထိန်းသိမ်းရန်သာ တာဝန်ရှိကြ၏။
မိစ္ဆာနတ်ဆိုးဆိုသည်မှာ ကောင်းကင်ဘုံဥပဒေကိုချိုးဖောက်သောကျင့်ကြံသူများကို ရည်ညွှန်းခြင်း ဖြစ်သည်။