← Chapters

အခန်း ၁၁၁၅

Vol. 112 Ch. 1115

အခန်း ၁၁၁၅

Vol. 112 Ch. 1115

အခန်း (၁၁၁၅) မသေချာသော အနာဂတ်၊ ကောင်းကင်ပါရမီရှင်များ လောကထဲသို့ ဝင်ရောက်လာခြင်း ၃

ယခုအခါ မိမိကိုယ်ကိုပင် ဘေးကင်းအောင် မနည်းကာကွယ်နေရသော ရှန်းယီက စီရင်စုကိုးခုကို စောင့်ရှောက်ရုံဖြင့်ပင် သူ၏ကန့်သတ်ချက်သို့ ရောက်ရှိနေခဲ့ချေ၏။

အခြားကိစ္စများနှင့် ပတ်သက်၍ သူ သိပ်ပြီး မစီမံနိုင်တော့ပေ။

အနက်ရောင် ဝတ်ရုံနှင့် လူငယ်လေးက ရှည်လျားသော လမ်းမကြီး၏အလယ်တွင် လက်များကို ဘေးချကာရပ်နေပြီး သူ၏အတွင်းရှိ တာအိုအသီးအပွင့် နှင့် ဓမ္မအသီးအပွင့်တို့ကို သေချာစွာ စစ်ဆေးရန်မျက်လုံးများကို မှိတ်ထားလိုက်သည့်အပြင်လက်စွပ်အတွင်းရှိ မသေမျိုးတံဆိပ်တုံးကိုပါ စစ်ဆေးလိုက်၏။

ဤအရာများကသာလျှင် သူ့အတွက် လုံခြုံမှုတစ်စိတ်တစ်ပိုင်းကို ပေးစွမ်းနိုင်ပုံရသည်။

သူ၏နတ်အာရုံက ကျားနဂါးဖိနှိပ်ခြင်းအသီးအပွင့်အပေါ်သို့ နောက်တစ်ကြိမ်ဖြတ်သန်းသွားချိန်တွင် ရှန်းယီ ရုတ်တရက်ရပ်တန့်သွားခဲ့၏။ အစပိုင်းတွင် လက်တစ်ထောင် ဗောဓိသတ္တက ဤပယင်းရောင်အလုံးထဲသို့ ပေါင်းစပ်သွားပြီးနောက် ပျောက်ကွယ်သွားကာ အာဟတ်ရွှေရောင်ခန္ဓာပေါ်ရှိ နောက်ထပ် လက်မောင်းလေးဖက်အဖြစ်သို့ ပြောင်းလဲသွားသောတောက်ပသည့် အလင်းစက်လေးတစ်ခုကို ချန်ထားရစ်ခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင် သူက သိမ်မွေ့သော ခြေရာလက်ရာတစ်ခုကို ထောက်လှမ်းမိလိုက်၏။

ပယင်းရောင်အလုံးအတွင်း၌ရှန်းယီက သဟဇာတမဖြစ်သော တည်ရှိမှုတစ်ခုကို တွေ့ရှိလိုက်ရပြီး ၎င်းမှာယခင်က အတင်းအကျပ်ပေါင်းစပ်ထားခဲ့သောအရာဖြစ်ကြောင်း ရှင်းလင်းလှသည်။

သူ၏နတ်အာရုံက ၎င်းနောက်သို့ အလျင်အမြန် လိုက်သွားခဲ့၏။

နောက်ဆုံးတွင် ပုတီးစေ့အတွင်း၌ နွားအမွေးကဲ့သို့သေးသွယ်သော ရွှေရောင်ကြိုးမျှင်တစ်ခုကို သူ ရှာတွေ့သွားခဲ့ချေသည်။

"ဒါပဲ" ရှန်းယီ မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်၏။

ကပ်ဘေးစွမ်းအား၏အရှိန်အဝါနှင့် ကိုက်ညီသော်လည်း လုံးဝထပ်တူကျမနေဘဲ ၎င်းမှာ စတုတ္ထအဆင့်နှင့် တတိယအဆင့်ကြားရှိ ကွာခြားချက်ဖြစ်နိုင်ချေရှိသည်။

အကယ်၍ ၎င်းက မည်သည့်အရာဖြစ်ကြောင်း သူ သိရှိနိုင်မည်ဆိုပါက သူ၏အသက်ကို ကယ်တင်နိုင်ပါလိမ့်မည်။

...

မဟာတောင်ပိုင်းတိုက်ကြီး၊လှပသော ချိုင့်ဝှမ်းတစ်ခုနှင့် ကြည်လင်သော တောင်ကုန်းများအကြားဝယ်..

ကြည်လင်အေးမြနေသော ရေကန်တစ်ခု၏ရှေ့တွင် အပြာရောင်အင်္ကျီနှင့်ဂါဝန်အဖြူကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ဆောင့်ကြောင့်ထိုင်ကာ ရေခဲကဲ့သို့အေးစက်နေသောစမ်းရေကို ခပ်ယူပြီး သူမ၏မျက်နှာကို အသာအယာသစ်နေခဲ့သည်။

တည့်တိုးပြောရမည်ဆိုလျှင် ဤကဲ့သို့သော လူသူကင်းမဲ့သည့် တောရိုင်းဒေသများတွင်သွားလာရဲသူများက များသောအားဖြင့်ကျင့်ကြံခြင်းအချို့ရှိသော လွတ်လပ်သောကျင့်ကြံသူများသာ ဖြစ်ကြသော်လည်း ဤပေါ့ပေါ့ပါးပါးအပြုအမူမှာ ကျင့်ကြံသူများနှင့် မည်သို့မျှမပတ်သက်ပုံရချေသည်။

မည်သို့ပင်ဆိုစေ နယ်ပယ်အနည်းငယ်ရှိရုံဖြင့် မျက်နှာသစ်ရန်အတွက် သေမျိုးလောကမှ ရေကို အဘယ်ကြောင့်အသုံးပြုရန် လိုအပ်မည်နည်း။

သူမက အနည်းငယ် စိုစွတ်နေသောဆံပင်များကို သပ်တင်လိုက်ရာဖော်ပြ၍မရနိုင်လောက်အောင် လှပသော မျက်နှာတစ်ခုပေါ်လွင်လာ၏။ သူမ၏ အရည်ရွဲနေသောမျက်လုံးများက ဆန်းသစ်မှု အရိပ်အယောင်တစ်ခုဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေပြီး စူးစမ်းချင်စိတ်ရှိသော်လည်း ဆက်လက်မလှုပ်ရှားဘဲ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့်အလားပင်။

မကြာမီမှာပင် ရွှေရောင်အလင်းတန်း တစ်ခုက ကောင်းကင်ယံမှ ရုတ်တရက်ဆင်းသက်လာပြီး ဤမျှထူထပ်သော မသေမျိုးစွမ်းအားက ကောင်းကင်ဘုံခုံရုံး၏အရှိန်အဝါဖြစ်ကြောင်း မှားယွင်းနိုင်စရာ မရှိချေ။

အဆင့်မြင့်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ဧည့်သည်က ဂုဏ်ကျက်သရေရှိသော အဆင့်အတန်းတစ်ခုကို ကိုင်ဆောင်ထားပြီး သာမန်ကောင်းကင်စစ်သည်များနှင့် စစ်သူကြီးများ၏အဆင့်ကို ကျော်လွန်နေပြီဖြစ်ရာ သူက မသေမျိုးစစ်သူကြီးတစ်ဦးဖြစ်ကြောင်း အလွန် ထင်ရှားလှပါသည်။

သို့သော် သူဆင်းသက်လိုက်သည့် အခိုက်အတန့်မှာပင် သူက လက်နက်ကိုပြန်သွင်းလိုက်ပြီး အမျိုးသမီးငယ်လေးကို ရိုသေစွာဦးညွှတ်လိုက်ရာ သူ၏အမူအရာမှာ အကြီးအကဲတစ်ဦးကို စကားပြောဆိုနေသည်နှင့်ပင်တူနေချေ၏။

"အစ်မတော်ထျန်းတုန်း၊ ကျင့်ကြံခြင်းပြီးလို့ တောင်ပေါ်ကနေ ဆင်းလာပြီကိုး"

"အာ၊ ဟုန်ကျင်းလေးပဲ" ထျန်းတုန်းနတ်သမီးက အပြုံးတစ်ခုကိုဖော်ပြလိုက်ရာ နှစ်ထောင်ချီ သက်တမ်းရှိသော အစိမ်းရောင်နှင်းပန်းတစ်ပွင့် ရုတ်တရက်ပွင့်လန်းလာသည့်အလား ဖြစ်နေသည်။

သူမက မသေမျိုးစစ်သူကြီး၏ခေါင်းနောက်ဘက်ကို ပွတ်သပ်ရန်လက်ကို ဆန့်ထုတ်လိုက်၏။

"ငါ ကျင့်ကြံနေတာ နှစ်အတော်ကြာပြီဆိုတော့ နင် အရပ်ပိုရှည်လာပါလား"

"အင်း..."

ဟုန်ကျင်းက ရှက်ကိုးရှက်ကန်း ရယ်မောလိုက်၏။

"အစ်မတော်၊ပြီးခဲ့တဲ့အကြိမ် အစ်မ ကျွန်တော့်ကို မြင်တုန်းကတောင် ကျွန်တော်က ကောင်းကင်မသေမျိုးဖြစ်နေပြီလေ"

နှစ်ဦးစလုံးက သက်တမ်းကိုကပ်ဘေးများနှင့် ရေတွက်ရသောသတ္တဝါများဖြစ်ကြသော်လည်း တစ်ဖက်လူက သူ့ကိုကလေးတစ်ယောက်ကဲ့သို့ သဘောထားဖြင့်သာ သတ်မှတ်ထားဆဲပင်။

"ဒါဆို နင်က ဘာလို့ထိုက်ယီမသေမျိုးပဲဖြစ်နေရသေးတာတုန်း" ထျန်းတုန်းနတ်သမီးက မျက်တောင်ခတ်လိုက်ရာ မည်သည့် မကောင်းသောရည်ရွယ်ချက်မျှမရှိဘဲ အမှန်တကယ်ပင်တွေဝေနေခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းလှ၏။

"ကျွန်တော်..."

ဟုန်ကျင်းသည် သူ၏ ပါးစပ်ထဲတွင် ခါးသက်သောအရသာတစ်ခုကို ခံစားလိုက်ရချေသည်။

ထိုက်ယီမသေမျိုးပဲဆိုတာ သူမက ဘာကို ဆိုလိုချင်တာတုန်း။ ပဉ္စမအဆင့်က အဲဒီလောက်တောင် နိမ့်ကျနေလို့လား။ လူအများအပြားက သူတို့ရဲ့တစ်သက်တာလုံးမှာတောင် ဒီနယ်ပယ်ကို မရောက်နိုင်ကြဘူးလေ။

သို့သော် သူ၏အစ်မတော်ကို ရင်ဆိုင်ရချိန်တွင် သူက အနည်းငယ်သောမကျေနပ်မှုကိုပင်မပြသရဲချေ။

"မသေမျိုးခုံရုံးမှာ တာဝန်ထမ်းဆောင်ရတာ အလုပ်ရှုပ်နေတော့ကျင့်ကြံဖို့ လစ်ဟင်းသွားတာပါ" ဟုန်ကျင်းက သူ၏ပဉ္စမအဆင့် မသေမျိုးမှတ်တမ်းအပေါ်အာရုံစိုက်လာစေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်၏။

သို့သော် မမျှော်လင့်ဘဲ ထျန်းတုန်းနတ်သမီးက စဉ်းစားတွေးတောစွာခေါင်းညိတ်လိုက်ပြီးနောက် အကြံပေးလိုက်ချေသည်။

"သံကိုပုံသွင်းဖို့ဆိုရင် ကိုယ်တိုင်အရင်ခိုင်မာနေမှ ရမှာပေါ့။နင် နည်းနည်းပိုကြိုးစားဖို့ လိုတယ်... ဘာပဲဖြစ်ဖြစ်တွေ့တွေ့ချင်းတော့ ငါ ဆူပူမနေသင့်ပါဘူးလေ"

"လောကမှာကပ်ဘေးတစ်ခု ပေါ်ပေါက်လာတော့မယ်၊အဲဒီအရာကနေ ကယ်တင်ဖို့အတွက် တောင်ပေါ်ကနေ ဆင်းသွားဖို့ ဆရာက အမိန့်ပေးလိုက်တယ်။ကပ်ဘေးက ဘယ်နေရာမှာတုန်း"

"..."

အစ်မတော် ထျန်းတုန်း၏စကားများကို နားထောင်ရင်း ဟုန်ကျင်းက တိတ်ဆိတ်စွာသက်ပြင်းချလိုက်၏။ ဤသည်မှာ သူ၏ကိုယ်ပိုင် အစ်မတော်ကို ထည့်မတွက်ဘဲအပြင်လူဖြစ်သော ချင်းလွမ်၏ ပေါင်ကိုဖက်တွယ်ရန် ယခင်က သူ ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းပင်။

ယခုအချိန်အထိ သူမက ကျောက်စိမ်းရေကန်မသေမျိုးဂိုဏ်းက လောကကြီးကို ကယ်တင်ရန်အတွက် သူမကိုအမှန်တကယ်စေလွှတ်လိုက်သည်ဟု ရိုးသားစွာယုံကြည်နေဆဲဖြစ်သည်။

ဤကဲ့သို့သောစိတ်နေသဘောထားဖြင့် သူမက ထိုရိုးအသောချင်းလွမ်လောက်ပင် ပွင့်လင်းမြင်သာမှု မရှိချေ။

သို့သော် ဆရာကိုယ်တိုင်ပင် ရှင်းပြခဲ့ခြင်း မရှိရာ ဟုန်ကျင်းအနေဖြင့် များများစားစားပြောနိုင်သော အနေအထားတွင်မရှိသဖြင့် နတ်ဘုရားမင်းဆက်ရှိရာအရပ်ဆီသို့ ပေါ့ပေါ့ပါးပါးလက်ညှိုးထိုးပြလိုက်၏။

"အစ်မတော်၊ ကျွန်တော့်နောက် လိုက်ခဲ့ပါ" ဂိုဏ်းက သူမအတွက် အရပ်မျက်နှာအားလုံးတွင် စင်မြင့်များကိုပြင်ဆင်ပေးထားပြီးဖြစ်ချေသည်။

အဓိကဇာတ်ကောင်စင်မြင့်ပေါ်သို့ တက်လာပြီဖြစ်ရာပြဇာတ်စတင်ရန် အချိန်ရောက်လာပြီဖြစ်လေ၏။

(ကျင့်ကြံခြင်းအဆင့်တွေက ကိုတစ်ခါတစ်လေမှားရေးရေးနေမိလို့ရှုပ်ကြမှာစိုးလို့ ပြန်ရှင်းပြထားပါတယ်ခင်ဗျာ။

အဆင့် ၇ အစစ်အမှန်မသေမျိုး

အဆင့် ၆ ကောင်းကင်မသေမျိုး

အဆင့် ၅ ထိုက်ယီမသေမျိုး

အဆင့် ၄ ထိုက်ယင်မသေမျိုး

အဆင့် ၃ တာ့လော်မသေမျိုး )

All Chapters