← Chapters

အခန်း ၁၁၁၆

Vol. 112 Ch. 1116

အခန်း ၁၁၁၆

Vol. 112 Ch. 1116

အခန်း (၁၁၁၆) သခင်ကြီးရန်၏အတွေး

"သခင်မ ဖုန်းရှီဆီက သတင်းစကား ရောက်လာတယ်"

"သူမက နတ်ဘုရားမင်းဆက်ထဲကနေ ထွက်သွားပြီး စတုတ္ထအဆင့်နတ်ဆိုးမသေမျိုးတစ်ကောင်နဲ့ ဗောဓိဂိုဏ်းကအာဟတ်တစ်ပါးကို ဖမ်းဆီးနိုင်ခဲ့တယ်"

ထိုသူနှစ်ဦးက ထပ်ခိုးပေါ်သို့အလျင်အမြန် ဝင်ရောက်လာကြပြီး မှောင်မိုက်နေသော ထောင့်ဆီသို့ ဦးညွှတ်လိုက်ကြ၏။ "သခင်ကြီးရဲ့ခန့်မှန်းချက်က မှန်ပါတယ်။နတ်ဆိုးအုပ်စုက အပြင်ဘက်ကနေ လာတာဖြစ်ပြီး ဗောဓိဂိုဏ်းနဲ့တကယ်ပဲ အဆက်အသွယ် ရှိနေပါတယ်"

အမှောင်ရိပ်ထဲတွင် သခင်ကြီးရန်က ဖြည်းညှင်းစွာ လှည့်လာကာ သူ့ထံကမ်းပေးလာသော စာရွက်စာတမ်းများကို လက်ခံယူလိုက်၏။

ပါဝင်သည့် အကြောင်းအရာများကို သေချာစွာ ဖတ်ရှုပြီးနောက် သူစာရွက်စာတမ်းများကို စားပွဲပေါ်သို့ ညင်သာစွာပြန်တင်ထားလိုက်၏။

မဟာတောင်ပိုင်းတိုက်ကြီးအတွက်မူ နတ်ဘုရားမင်းဆက်၏နယ်နိမိတ်အတွင်း တပ်စွဲထားသော နတ်ဆိုးသုတ်သင်ရေးဌာနမှ တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ်သုံးဦးသည် ရန်သူများကို ခုခံကာကွယ်ရန်အတွက် နေရာအနှံ့ပျံ့နှံ့နေသော ဧကရာဇ်ချီကိုအကောင်းဆုံး အသုံးချနေကြ၏။

သို့သော် လတ်တလောမကြာခဏဖြစ်ပေါ်နေသော နတ်ဆိုးဘေးအန္တရာယ်များကြောင့် ဖုန်းရှီကို အပြင်ထွက်၍စုံစမ်းစစ်ဆေးရန် တွန်းအားပေးခဲ့ရာ ၎င်းက အခြေအနေ၏ကြီးလေးမှုကို လုံလောက်စွာ ပြသနေ၏။

"ဒီ သူခိုးဘုန်းကြီးတွေ"

အမည်ခံစစ်သူကြီး နှစ်ဦးက ကျိန်ဆဲလိုက်ကြသည်။

"ဒီနတ်ဆိုးအိုကြီးတွေကို ဘယ်လိုများပြန်ဖိတ်ခေါ်ရဲတာလဲ။ မီးနဲ့ကစားရင်း ကိုယ့်ကိုယ်ကိုယ်ပြန်လောင်ကျွမ်းသွားမှာကို မကြောက်ကြဘူးလား။ သူတို့ရဲ့ကိုယ်ခန္ဓာနဲ့ နတ်ဆိုးတွေကို ဖိနှိပ်နိုင်တယ်ဆိုတဲ့ ဂုဏ်သတင်းက ဒီနတ်ဆိုးအိုကြီးတွေရဲ့အရိုးတွေပေါ်မှာတည်ဆောက်ထားတာဆိုတာ မမေ့နဲ့နော်"

"ဟက်"

သခင်ကြီးရန်က အေးစက်စွာလှောင်ပြောင်လိုက်သည်။

တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ကျွမ်းကျင်သူတစ်ဦးအတွက် မိမိ၏အနာဂတ်တိုးတက်မှုထက် မည်သည့်နာကြည်းမှုက ပို၍ အရေးကြီးနိုင်မည်နည်း။

တိုးတက်ရန် အခွင့်အလမ်းတစ်ခု၏ရှေ့မှောက်တွင် မိဘများသေဆုံးခြင်းကိုပင် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးတစ်ခုအဖြစ် ယာယီပြောင်းလဲပစ်နိုင်သည်သာဖြစ်၏။

သူက အကြည့်ကိုအနည်းငယ် နှိမ့်ချလိုက်ပြီး စားပွဲပေါ်ရှိစုတ်ပြဲနေသောမြေပုံကို ကြည့်ကာ သူ၏လက်ချောင်းထိပ်များက စာရွက်ပေါ်တွင် ဖြည်းညှင်းစွာ ရွေ့လျားသွားပါသည်။

လတ်တလောတွင် နတ်ဆိုးဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရသည့် နေရာတိုင်းကိုအနီရောင် ကြက်ခြေခတ်ငယ်များဖြင့် မှတ်သားထားပြီး ယခုအခါ ထိုကြက်ခြေခတ်များက မြေပုံတစ်ခုလုံးကို ဖုံးလွှမ်းနေပြီဖြစ်၏။

ပြန်လည်ရောက်ရှိလာသော နတ်ဆိုးအိုကြီးများက သူတို့ လိုအပ်သောသတင်းအချက်အလက်အားလုံးကိုစုဆောင်းမိသွားပြီဖြစ်ပုံရသည်။

မဟာတောင်ပိုင်းတိုက်ကြီးတစ်ခုလုံးတွင် မည်သည့်နေရာက ကာကွယ်ရေးအားနည်းပြီး မည်သည့်နေရာက အားကောင်းသည်ကို ယခုအခါ အများစုနားလည်ထားပြီးဖြစ်လိမ့်မည်။

အမည်ခံစစ်သူကြီးများကလည်း မြေပုံကို စိုက်ကြည့်နေကြပြီး သခင်ကြီးရန်၏လက်ချောင်းထိပ်များ ရပ်တန့်သွားသည့် အနီရောင်ကြက်ခြေခတ်များဖြင့် လွှမ်းမိုးလုနီးပါးဖြစ်နေသောနေရာကို မြင်လိုက်ရသောအခါ သူတို့၏အမူအရာများသည် ရုတ်တရက် လေးနက်သွားကြ၏။ "သခင်ကြီးရန်၊ သူတို့က စုန့်ဖုန်းစီရင်စုကနေ ဖောက်ထွက်ကြမှာလား"

"..." သခင်ကြီးရန် စာရွက်စာတမ်းကိုတစ်ချက်ကြည့်လိုက်ပြီး သူ၏လက်ချောင်းထိပ်ကို စုတ်ပြဲနေသောမြေပုံပေါ်ရှိ လွတ်နေသော နေရာတစ်ခုဆီသို့ ရွှေ့လိုက်သည်။

၎င်းမှာ စွန့်လွှတ်ထားခဲ့သော အနောက်ဘက်ရှိ စီရင်စုကိုးခုကို ကိုယ်စားပြုနေ၏။

သူ၏အသံမှာ အေးစက်နေသည်။ "သူတို့က ဗောဓိဂိုဏ်းနဲ့ ပူးပေါင်းကြံစည်နေတာဆိုတော့ လက်တစ်ထောင်ဗောဓိသတ္တနဲ့ အဘိုးကြီးယန်တို့ရဲ့ကိစ္စတွေကို သဘာဝကျကျသိထားမှာပေါ့၊ ပြီးတော့ ဝူရှန်း အပြင်းအထန်ဒဏ်ရာရသွားတာကိုလည်း သိထားကြတယ်။ အခု အမည်ခံစစ်သူကြီး နှစ်ယောက်တည်းကပဲကာကွယ်ပေးထားတဲ့ ဒီစီရင်စုကိုးခုက အားနည်းချက်တွေနဲ့ ပြည့်နေပြီ။ တကယ်လို့ မင်းတို့သာသူတို့နေရာမှာဆိုရင် ဘယ်နေရာကနေ စတိုက်မလဲ"

"ဒါကတော့.."

ထိုနှစ်ဦးပ ခေါင်းမော့ကြည့်လိုက်ကြပြီး တစ်ခဏမျှ တုံ့ဆိုင်းသွားကြ၏။

အသေးစိတ်တွေးတောတတ်သော သခင်ကြီးရန်က သခင်မဖုန်းရှီသတင်းစကား မပို့မီကတည်းက အခြေအနေတစ်ခုလုံးကိုအကြမ်းဖျင်း ခန့်မှန်းထားပြီး ကြိုတင်ပြင်ဆင်ထားခဲ့သည်။

ထိုစီရင်စုကိုးခုမှအပ မဟာတောင်ပိုင်းတိုက်ကြီး၏ ကျန်ရှိနေသေးသော နယ်မြေများ၏ကာကွယ်ရေး အစီအစဉ်များအားလုံးကို သူကိုယ်တိုင် စီစဉ်ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်ပြီး ယခုအချိန်အထိ မည်သည့် ပြဿနာမျှမပေါ်ပေါက်သေးပေ။

လက်ရှိခန့်မှန်းချက်မှာ အကြောင်းပြချက်ခိုင်လုံပြီး အခြေခံကောင်းသည်။

"ဒါပေမယ့် အဲဒီစီရင်စုကိုးခုဆီကနေ ဘာအကူအညီတောင်းတဲ့သတင်းမှ ကျွန်တော်တို့ မရသေးဘူးလေ"

အကယ်၍ သခင်ကြီးရန်၏ခန့်မှန်းချက်သာ မှန်ကန်ပြီး စီရင်စုကိုးခုပ အမှန်တကယ်ပင် အားနည်းချက်များဖြင့် ပြည့်နှက်နေမည်ဆိုပါက သူတို့က စောစောကတည်းက စစ်ကူတောင်းသင့်နေပြီ ဖြစ်၏။ ယခုအချိန်အထိ အဘယ်ကြောင့် ဤမျှတိတ်ဆိတ်နေသေးသနည်း။

"..."

သခင်ကြီးရန်သည် စားပွဲမှခွာလိုက်၏။ "မီးက အဆုံးစွန်ထိမရောက်သေးလို့ပါ၊ သူတို့က အမြဲတမ်းကယ်တင်နိုင်မယ့် အခွင့်အရေးရှိသေးတယ်လို့ ထင်နေကြတာ။ လူအိုကြီးယန်က တော်တော်လေး ဂုဏ်မောက်တတ်တယ်၊ သူ့ရဲ့ လက်အောက်ငယ်သားတွေကလည်း သဘာဝကျကျ သူ့ရဲ့ဂုဏ်သိက္ခာကို အကျဆင်းမခံနိုင်ဘူးလေ။ သူတို့ရဲ့သွားတွေကျိုးသွားရင်တောင် သည်းခံရမှာပဲ"

"ဒါပေမယ့် အဲဒီ စိတ်ကူးယဉ်ဂုဏ်သိက္ခာက မဟာကပ်ဘေးကြီးတစ်ခုတကယ်တမ်း ပေါ်ပေါက်လာတဲ့အခါ ရေတွက်လို့မရနိုင်တဲ့ သာမန်ပြည်သူတွေရဲ့အသက်တွေနဲ့ လဲလှယ်ရလိမ့်မယ်ဆိုတာကို သူတို့ ဘယ်တော့မှ မတွေးမိခဲ့ကြဘူး"

စကားပြောနေစဉ်မှာပင် သခင်ကြီးရန်က တံခါးဝသို့ ရောက်ရှိနေပြီဖြစ်၏။

အမည်ခံစစ်သူကြီး နှစ်ဦးက သူ၏အနောက်တွင် အထိတ်တလန့် ရပ်နေကြသည်။ သခင်ကြီးက ထိုစီရင်စုကိုးခုတွင်သိသာထင်ရှားသော ဖြစ်ရပ်များ ဖြစ်ပွားခဲ့သော်လည်း နတ်ဆိုးဘေးအန္တရာယ်ကို ဖုံးကွယ်ထားမှုကြောင့် သတင်းမပို့ခဲ့ခြင်းဟု ဆိုလိုနေခြင်းလော။

သူတို့ကလည်း ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကို ခံစားမိသွားကြ၏။

အစောပိုင်း စကားတွင်ပါရှိသော အမည်ခံစစ်သူကြီးတွေဟူသည့် အသုံးအနှုန်းမှာ ဝူရှန်းအတွက် ရှင်းလင်းစွာမသင့်လျော်ဘဲ နန်ယန်နှင့် ယဲ့လန်တို့ကိုရည်ညွှန်းခြင်း ဖြစ်နိုင်ချေများသည်။

အတိတ်က ငြင်းခုံမှုများ မည်မျှပင်ပြင်းထန်ခဲ့စေကာမူ သခင်ကြီးရန်၏ဝေဖန်မှုက သခင်ကြီးယန်ကိုသာ အမြဲတမ်းဦးတည်လေ့ရှိသော်လည်း သီးသန့်အနေဖြင့်မူ စစ်သူကြီးနန်ယန်အပေါ် သူက များစွာတန်ဖိုးထားပြီး အမြင်ကောင်းရှိခဲ့၏။

သို့သော် ယခုအခါတွင်မူ သူ၏စိတ်ပျက်မှုက ထင်ရှားစွာ ပေါ်လွင်နေသည်။

ဝူရှန်း၏နောက်ဆုံးဖြစ်ရပ်အပြီးတွင် စစ်သူကြီးနန်ယန်က သူ၏အစီရင်ခံစာအတွင်း ဖုံးကွယ်ထားမှုများပြုလုပ်ခဲ့ခြင်းက သခင်ကြီးရန်ကို လုံးဝ စိတ်ပျက်သွားစေခဲ့ကြောင်း ထင်ရှားလှပါသည်။

အမှန်တကယ်ပင် တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ်နှစ်ဦး တပ်စွဲထားပြီး အခြားသူများအားလုံး ဤကဲ့သို့အလုပ်များနေချိန်တွင် အဘိုကြီးယန် အပြင်းအထန်ဒဏ်ရာရကာ ကုသမှုခံယူရန် သီးသန့်တံခါးပိတ်နေရပြီးအနောက်ဘက်ရှိ စီရင်စုကိုးခုက ဤမျှကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည့် အခြေအနေမျိုးကို ပြသနေခြင်းမှာ ကာကွယ်ပြောဆိုပေး၍ မရနိုင်သောအရာဖြစ်၏။

စစ်သူကြီးနန်ယန်က ထူးချွန်သော ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သခင်ကြီးယန်၏ကောင်းမွန်သော လက်အောက်ငယ်သား တစ်ဦးဖြစ်သည့်အပြင် ဝူရှန်းကို ကယ်တင်ရန်တစ်ဦးတည်း ကြီးမားသော အန္တရာယ်များကို စွန့်စားခဲ့သည့် လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သော်လည်း နတ်ဆိုးသုတ်သင်ရေးဌာနအတွက်မူ သင့်လျော်သောအရာရှိတစ်ဦး မဟုတ်သည်မှာ အမှန်ပင်။

ဤကဲ့သို့သော လူမျိုးက သခင်ကြီးယန်၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်သက်သက်အတွက် နတ်ဆိုးဘေးအန္တရာယ်ကို ဖုံးကွယ်ထားခြင်းမျိုးကို အမှန်တကယ်ပြုလုပ်နိုင်စွမ်းရှိသည်။

"သခင်ကြီး၊ ဘယ်သွားမလို့လဲ" ထိုနှစ်ဦးသည် သခင်ကြီးရန်ပြင်ပသို့ ထွက်ခွာသွားသည်ကို ရုတ်တရက် သတိပြုမိလိုက်ကြ၏။

"အနောက်ဘက်ကို"သခင်ကြီးရန်၏အမူအရာမှာ တင်းမာနေပြီး မကျေနပ်မှုများရှိနေသော်လည်း အဓိကစီရင်စုကိုးခုကို သူ အမှန်တကယ် လျစ်လျူရှုမထားခဲ့သည်မှာ အမှန်ပင်။

နတ်ဘုရားမင်းဆက် တစ်ခုလုံး၏အခြေအနေကို မသိရသော်လည်း မဟာတောင်ပိုင်းတိုက်ကြီးက မုန်တိုင်းတစ်ခု၏အစွန်းသို့ ရောက်ရှိနေပြီဖြစ်ပြီး သူတို့က ပြိုကျလုနီးပါးဖြစ်နေသော ဤအဆောက်အအုံကို ထောက်ပံ့ပေးနေသည့် နောက်ဆုံးသောတိုင်များဖြစ်ကြ၏။

သခင်ကြီးယန်ကို သူသဘောမကျလျှင်ပင် သူတို့သုံးဦးက နှစ်ပေါင်းများစွာလုပ်ဖော်ကိုင်ဖက်များ ဖြစ်ခဲ့ကြရာ အဘိုးကြီးယန်၏စရိုက်လက္ခဏာကို သူ နားလည်ထားသည်။ တစ်ဖက်လူက ခေါင်းမာသူ ဖြစ်သော်လည်း ယခုအချိန်ဆိုလျှင် သတိဝင်သင့်နေပြီဖြစ်သည်။

အထူးသဖြင့် သူ၏လက်အောက်ငယ်သားက ယန်လန်ထင်ဟူသော သူ၏ဂုဏ်သိက္ခာကို နတ်ဘုရားမင်းဆက်ရှိ ပြည်သူများ၏အသက်များထက် ပို၍ အလေးထားကြောင်း သိရှိသွားပြီးနောက်တွင် သူ ဆက်လက် ခေါင်းမာနေမည်ဆိုပါက တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ်ဖြစ်ရန်ပင် ထိုက်တန်မည်မဟုတ်တော့ပေ။

သခင်ကြီးရန်အနေဖြင့် ရှေ့ထွက်ရမည်ကို စိတ်အနှောင့်အယှက်မဖြစ်သော်လည်း ယခုမှစ၍ ယန်လန်ထင်နှင့် သူ၏လက်အောက်ငယ်သားဖြစ်သော ထိုနန်ယန်တို့က သူ၏အမိန့်များကို စိတ်နှလုံးအပြည့်အဝဖြင့်နာခံရမည်ဖြစ်ပြီး မည်သည့် မဆင်မခြင်လုပ်ရပ်မျိုးကိုမျှ ထပ်မံလုပ်ဆောင်ခွင့် မရှိတော့ပေ။

သူ၏စကားများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူက ကျယ်ပြန့်သောတိမ်တိုက်တစ်ခုကို ဆင့်ခေါ်ကာ ကျန်းယန်စီရင်စုဆီသို့ ဦးတည်ထွက်ခွာသွားခဲ့၏။

All Chapters