← Chapters

အခန်း ၁၁၁၈

Vol. 112 Ch. 1118

အခန်း ၁၁၁၈

Vol. 112 Ch. 1118

အခန်း (၁၁၁၈) မိုးနှင့်မြေတို့၏ပူးပေါင်းကြံစဉ်မှု

မည်သို့ပင်ဆိုစေ သူတို့က ပွဲတော်တစ်ခုကိုခွဲဝေစားသုံးသူများမျှသာ ဖြစ်ရာ၊ ကပ်ဘေးတစ်ခုထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သူတို့၏အသက်များကို စတေးရမည်ဖြစ်ပြီး၊ ထိုသို့ပြုလုပ်ရန်အတွက်လိုအပ်ချက်မရှိပေ။

ထို့ကြောင့် မဟာနတ်ဆိုးသုံးကောင်က ဤကဲ့သို့အင်အားကို စုစည်းနိုင်ခြင်းကပင် နတ်ဘုရားနယ်မြေသို့ ပြန်လည်ရောက်ရှိရန်အတွက် ကြီးမားသောရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် မှတ်ယူနိုင်၏။

သူတို့က ကျောက်စိမ်းရေကန် မသေမျိုးဂိုဏ်းအတွက် သတို့သမီးဝတ်စုံဖန်တီးပေးနေမှန်း သူတို့ကိုယ်တိုင်ပင်မသိရှိကြချေ။

ထျန်းတုံးနတ်သမီးက သေမျိုးလောကသို့ ဆင်းသက်လာခဲ့ရာ၊ သူမ၏နာမည်ကို လောကအနှံ့သိရှိစေရန် တိုက်ပွဲတစ်ခုလိုအပ်နေပါသည်။

ထိုဘုန်းကြီးက မဟာနတ်ဆိုးများအတွက် မဟာဗျူဟာများကိုဦးစွာ ရေးဆွဲပေးပြီးနောက်၊ ကျောက်စိမ်းရေကန် မသေမျိုးဂိုဏ်းအတွက် အခြေအနေကို ဖန်တီးပေးခဲ့ရာ၊ နှစ်ဖက်စလုံးကို ကူညီခြင်းသည် အမြင့်ဆုံးသောကြင်နာမှုအဖြစ် သတ်မှတ်နိုင်၏။

ဤဖြစ်ရပ်အပြီးတွင်၊ မဟာနတ်ဆိုးသုံးကောင်က မသေမျိုးသုံးပါးဂိုဏ်းအပေါ် မလွဲမသွေ ရန်ငြိုးထားကြမည်ဖြစ်ရာ၊ ၎င်းမှာ ဗောဓိဂိုဏ်းက ထိန်းချုပ်၍မရနိုင်သော အရာဖြစ်ပြီး၊ ထိုအချိန်ကျမှသာ ဤအာဟတ်များရှေ့ထွက်၍ အခြေအနေကို ပြောင်းလဲရမည့်အချိန်ရောက်လာပါလိမ့်မည်။

လူငယ်ဘုန်းကြီးက ခေါင်းခါလိုက်ပြီး၊ အေးဆေးတည်ငြိမ်စွာဖြင့်ဗုဒ္ဓတောင်တော်မှ ထွက်ခွာသွားခဲ့သည်။

ကျောက်စိမ်းပြား၏အခြားတစ်ဖက်တွင်..

ဟုန်ကျင်းက မသေမျိုးမြင်းကို ထိန်းကျောင်းရင်း ယာယီ မြင်းရထားမောင်းသူအဖြစ် လုပ်ဆောင်နေသကဲ့သို့၊ ကျောက်စိမ်းပြားကိုလည်း တိတ်တဆိတ် ချေမွပစ်လိုက်၏။

"ဘာလို့ရုတ်တရက် လမ်းကြောင်း ပြောင်းရတာလဲ" ထျန်းတုံး နတ်သမီး၏တွေဝေနေသော အသံက ရထားလုံးထဲမှ ထွက်ပေါ်လာခဲ့သည်။

"ကောင်းကင်မှာ ထူးဆန်းတဲ့ အရာတစ်ခုကို ထောက်လှမ်းမိလို့ ကျွန်တော့်ဆီသတင်းစကား ပို့လာတာပါ။စုန့်ဖုန်းစီရင်စုမှာ ပြဿနာရှိနိုင်တယ် ထင်လို့အဲဒီကို အရင်သွားကြည့်တာ ပိုကောင်းမယ်" ဟုန်ကျင်းက ရိုသေစွာ ရှင်းပြလိုက်၏။

"ဝေဖန်တာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် မသေမျိုးခုံရုံးက ဒီရက်ပိုင်း တော်တော်လေးပျင်းရိနေကြတာပဲ၊ ဒီနတ်ဆိုးသတ္တဝါတွေကို သူတို့ရဲ့ရည်မှန်းချက်တွေ ပြန်လည်ရရှိဖို့ အခွင့်အရေး ပေးထားသလိုပဲ" ထျန်းတုံးနတ်သမီးက တိုးညှင်းစွာ မှတ်ချက်ချလိုက်သည်။

"ကျွန်တော်တို့ရဲ့တာဝန်အတိုင်း ဒါကို သေချာပေါက်ပြုပြင်ရမှာပေါ့"

ဟုန်ကျင်းသည် သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ရာ၊ သူ၏မျက်လုံးများထဲတွင် တွေးတောနေသောအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့၏။

အချို့လူများက ပင်ပန်းကြီးစွာအလုပ်လုပ်ကြရသော်လည်း နောက်ဆုံးတွင် မြင်းရထားမောင်းသူ တစ်ယောက်သာ ဖြစ်လာရ၏။ အချို့လူများမှာတော့နှစ်ပေါင်းများစွာ သီးသန့်နေထိုင်ပြီး ထွက်လာသည်နှင့်အရာအားလုံးက သူတို့အတွက် အဆင်သင့်ဖြစ်နေသည်။

နတ်ဆိုးအရေအတွက်နှင့် မဟာတောင်ပိုင်းတိုက်ကြီး၏ကာကွယ်ရေးအင်အားများပင် နေ့ခင်းကဲ့သို့ရှင်းလင်းနေသေး၏။

ထျန်းတုံး နတ်သမီး၏ခွန်အားဖြင့်၊ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားသရွေ့ တူညီသော နယ်ပယ်ရှိ မဟာနတ်ဆိုးရှစ်ကောင်ကို ရင်ဆိုင်ရလျှင်ပင် အနည်းဆုံးခြောက်ကောင်ကို ယာယီ ထိန်းချုပ်ထားနိုင်ပြီး၊ ကျန်ရှိသော မဟာနတ်ဆိုး နှစ်ကောင် သို့မဟုတ် သုံးကောင်ကို အဝေးတစ်နေရာတွင် ပရမ်းပတာဖြစ်စေကာပြည်သူများအကြားအကြောက်တရားများကို နှိုးဆွပေးသော်လည်း၊ မဟာတောင်ပိုင်းတိုက်ကြီး ပြိုကျခြင်းသို့တော့ဦးတည်သွားစေမည် မဟုတ်ချေ။

မဟာတောင်ပိုင်းတိုက်ကြီး၏အစောင့်အရှောက် ရောက်ရှိလာသောအခါ နတ်ဆိုးဘေးအန္တရာယ်မှာ သူ့အလိုလိုပြေလည်သွားမည်ဖြစ်ပြီး၊ သာမန်ပြည်သူများ၏မျက်လုံးများထဲတွင် အနက်ရှိုင်းဆုံး အထင်အမြင်ကိုချန်ထားရစ်ခဲ့သူမှာ ရှေ့ဆုံးမှ ရပ်တည်ခဲ့သော အစိမ်းရောင်ဝတ်ရုံနှင့် ဂါဝန်အဖြူကို ဝတ်ဆင်ထားသည့် နတ်သမီးပင်။

ဘယ်လောက်တောင် မတရားလိုက်သလဲ...

ဟုန်ကျင်း တိုးညှင်းစွာသက်ပြင်းချလိုက်သော်လည်း သူ၏စိတ်ခံစားချက်များကို လျင်မြန်စွာပြန်လည် ထိန်းချုပ်လိုက်၏။

အနည်းဆုံးတော့ သူက အခြားတပည့်များထက် ခြေတစ်လှမ်းစောကာ လမ်းညွှန်ပေးကဲ့သို့သော အောင်မြင်မှုကိုရရှိနိုင်သေးသည် မဟုတ်ပါလား။

...

ဆယ်ရက်ဆိုသော အချိန်က မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားခဲ့၏။

ကျန်းယန်စီရင်စုရှိ ရှန်းစံအိမ် အတွင်းသို့ မမျှော်လင့်ထားသော ဧည့်သည်တစ်ဦး ရောက်ရှိလာခဲ့၏။

သူတို့၏အမြင်အာရုံကို ကျယ်ပြန့်သော အဝါရောင် တိမ်တိုက်များက လွှမ်းမိုးသွားသောအခါ၊ ယဲ့လန်နှင့် ဝူရှန်းတို့ နှစ်ဦးစလုံးက အလျင်အမြန်မတ်တပ်ရပ်လိုက်ကြပြီး၊တွေဝေမှုများ ခံစားနေရသော်လည်း ရိုသေစွာဦးညွှတ်လိုက်ကြသည်။

သခင်ကြီးရန်က စီရင်စုကိုးခု၏နယ်မြေသို့ ကိုယ်တိုင် လာရောက်ခဲ့ခြင်းလော။

တစ်ဖက်လူက အစပိုင်းတွင် ၎င်းတို့အုပ်စုနှင့်ခွဲခွာစဉ်က ဤနေရာရှိ သေခြင်းရှင်ခြင်းဆိုင်ရာ မည်သည့် စိုးရိမ်ပူပန်မှုများကိုမဆို စွန့်လွှတ်လိုက်ပြီဖြစ်ပုံရ၏။

ဆင်းသက်လာသော ပိန်းပါးသည့်အသွင်အပြင်ရှိသည့် အမျိုးသားတစ်ဦးက ထိုနှစ်ဦးကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်သည်။ "ငါ မသတိပေးခဲ့ဘူးလို့ အပြစ်မတင်နဲ့နော်။ မင်းတို့ရဲ့ သခင်ကြီးယန်ကို မြန်မြန်သွားနှိုးတာပိုကောင်းမယ်... ပြီးတော့ အပြစ်ပေးခံရဖို့ပြန်လာခဲ့"

ခေါင်းမာသော အဘိုးအိုအား သူ၏လက်အောက်ငယ်သားများ မည်မျှမိုက်မဲမှုများကျူးလွန်ခဲ့ကြောင်းကို ကိုယ်တိုင် မြင်တွေ့စေခြင်းက အကောင်းဆုံးပင်။

"အပြစ်ပေးခံရဖို့" ယဲ့လန်နှင့် ဝူရှန်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နှစ်ဦးစလုံး တွေဝေနေကြ၏။

"သခင်ကြီးရန် ရှင်းပြပါဦး။ သခင်ကြီးရဲ့ လက်အောက်ငယ်သားတွေ သိပ်နားမလည်လို့ပါ"

လက်ရှိအချိန်တွင် တံပိတ်ကာကုသမှုခံယူနေသော အကြီးအကဲယန်အားဆင့်ခေါ်ရန် မည်သည့်ကိစ္စက လိုအပ်နေသနည်း။

"..."

သခင်ကြီး ရန်မင်လီ၏ယခင်က ခံစားချက်ကင်းမဲ့နေသောအမူအရာက ရုတ်တရက်ပို၍မဲမှောင်သွားခဲ့၏။ ဤကဲ့သို့တိုတောင်းသော ကာလအတွင်းတွင် တစ်ချိန်ကအရည်အချင်းရှိခဲ့သော ဤနှစ်ဦးက သူကိုယ်တိုင်ရောက်ရှိလာခြင်းကိုပင် မသိချင်ယောင်ဆောင်ကာ ဤမျှဆိုးရွားလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

သူ၏မျက်လုံးများ အနည်းငယ် ကျဉ်းသွားပြီး၊ ပိုမိုအန္တရာယ်များသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်၏။ "ကောင်းပြီ၊ တော်တော် ကောင်းတယ်။ဒါဆိုရင် မင်းတို့ရဲ့ကျန်နေသေးတဲ့ စစ်သူကြီးနန်ယန်ကိုပါ ဒီကိုခေါ်လိုက်၊ ပြီးတော့ နောက်ဆုံးရအစီရင်ခံစာတွေကိုပါ ယူလာခဲ့၊ ငါ ကိုယ်တိုင် စစ်ဆေးမယ်"

တတိယအဆင့် တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ်တစ်ဦးထံမှ နတ်ဆိုးဘေးအန္တရာယ်ကိစ္စကို ဖုံးကွယ်ရန် မည်သို့လုပ်၍ဖြစ်နိုင်မည်နည်း၊ အလွန် ခေါင်းမာနေခြင်းပင်။

"နန်ယန်... နန်ယန်က ဒီနေရာမှာ မရှိဘူး" သခင်ကြီးရန်၏လေသံတွင် ပါရှိနေသော အကြောင်းပြချက်မရှိသည့် ဒေါသကိုဝူရှန် ခံစားလိုက်ရပြီး၊ မော့ကြည့်ကာ ထစ်ငေါ့စွာပြောလိုက်၏။

ယင်းကိုကြားလိုက်ရသောအခါ ရန်မင်လီ၏ဒေါသကည် ပိုမိုပြင်းထန်လာခဲ့သည်။ "မင်းတို့ကို ငါ ဆင့်ခေါ်လို့မရတော့ဘူးလို့ ဆိုလိုချင်တာလား။ သူ ဘာပဲလုပ်နေနေ၊ငါ့ဆီကို ချက်ချင်း ပြန်လာဖို့ ပြောလိုက်"

"ဒါပေမယ့် သူတကယ်ပဲ ဒီမှာ မရှိတာ"

ဝူရှန်းကလည်း စိုးရိမ်လာခဲ့ပြီဖြစ်သည်။ ရွှံ့ရုပ်လေးတစ်ရုပ်ပင် ဒေါသရှိသေးရာ၊ ဤကဲ့သို့ အခြေအမြစ်မရှိသည့်စွပ်စွဲချက်ကြီးမှာ သည်းခံနိုင်ဖို့လွန်စွာခက်ခဲလှ၏။

သူ မတ်မတ်ရပ်လိုက်၏။ "စစ်သူကြီးနန်ယန်က ရက်အနည်းငယ်လောက်စောပြီး သခင်ကြီးကို ရှာဖို့ စုန့်ဖုန်းစီရင်စုကိုထွက်သွားခဲ့ပါပြီ။ အခု သူ့ကို ပြန်ခေါ်လို့ မရတော့ပါဘူး"

"ငါ့ကို ရှာဖို့" ရန်မင်လီ၏ဒေါသထွက်နေသော အမူအရာက အနည်းငယ်လျော့ပါးသွားပြီး၊ အနည်းငယ် အံ့အားသင့်သွားခဲ့၏။

"သူက ငါ့ကို ဘာလို့ ရှာရတာလဲ"

"စုန့်ဖုန်းစီရင်စုဆီကို နတ်ဆိုးအုပ်စုတွေ ဦးတည်လာနေတယ်ဆိုတဲ့ သတင်းကို သူရရှိခဲ့လို့၊ သခင်ကြီးလုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်မထားမှာကို စိုးရိမ်ပြီး၊မတော်တဆမှုတွေ မဖြစ်အောင် သတင်းပို့ဖို့ သွားခဲ့တာပါ" ယဲ့လန်ကလည်း ပြောလိုက်၏။

"အဓိပ္ပါယ်မရှိတာ"

သခင်ကြီး ရန်မင်လီက သူ၏ဆုံးဖြတ်ချက်အပေါ် အမြဲတစေအပြည့်အဝယုံကြည်မှုရှိသူဖြစ်ရာ ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။

"စီရင်စုကိုးခုက သူတို့ရဲ့ကိုယ်ပိုင် နတ်ဆိုးပြဿနာတွေကိုဖြေရှင်းဖို့တောင် အလုပ်ရှုပ်နေတာ၊ အဲဒီနတ်ဆိုးတွေကရူးနေတာမဟုတ်ရင် ဘာလို့ စုန့်ဖုန်းစီရင်စုကနေ လာရမှာလဲ..."

သူ၏စကားများကို ထိုနှစ်ဦးက ကြားဖြတ်ပြောလိုက်သည်။

"တောင်းပန်ပါတယ် သခင်ကြီးရန်"

"အနောက်ဘက် စီရင်စုကိုးခုမှာ တကယ်လဲ နတ်ဆိုးတွေသောင်းကျန်းနေတာပါ"

ယဲ့လန်က ရန်မင်လီကို လေးနက်စွာကြည့်ကာ စကားလုံးများကို တစ်လုံးချင်းစီပြောလိုက်၏။ "ဒါပေမယ့်အခုအချိန်အထိ ထိခိုက်သေဆုံးမှု တစ်ယောက်မှ မရှိသေးဘူး... ကျွန်မဆိုလိုချင်တာက သာမန်ပြည်သူတွေအပါအဝင် ထိခိုက်သေဆုံးမှု တစ်ယောက်မှ မရှိသေးဘူး"

ဤရယ်စရာကောင်းသော စကားကြောင့် ရန်မင်လီ၏မျက်နှာက ပို၍ပင်လှောင်ပြောင်သော အသွင်သို့ပြောင်းလဲသွားသော်လည်း၊လျင်မြန်စွာပင် ထိုအပြုံးက သူ၏မျက်နှာပေါ်တွင် အေးခဲသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အကောက်ကျစ်ဆုံးသော ဝူရှန်းပင်လျှင် ဤအခိုက်အတန့်တွင် အတော်လေး ဂုဏ်ယူနေပုံရပြီး၊သူ၏ကြီးမားပြီး တောင့်တင်းသောခန္ဓာကိုယ်ကြီးက မတ်မတ် ရပ်နေသောကြောင့်ဖြစ်၏။

အင်ပါယာခုံရုံးကို မလိုအပ်ဘဲနတ်ဆိုးသုတ်သင်ရေးဌာန၏ စမ်းအားကိုသာ အားကိုး၍... တိတိကျကျပြောရမည်ဆိုလျှင် စစ်သူကြီးနန်ယန် တစ်ဦးတည်း၏စွမ်းအားကိုသာ အားကိုး၍၊ သူတို့က သေဆုံးမှုကင်းမဲ့စွာအောင်မြင်နိုင်ခဲ့ခြင်း ဖြစ်၏။

မဟာတောင်ပိုင်းတိုက်ကြီးရှိ စီရင်စုနှစ်ဆယ့်ခုနစ်ခုတွင် မည်သူကများ ဤသို့ ထပ်တူလုပ်နိုင်ပါမည်နည်း။

"ကျွန်တော်သတိပေးရပါလိမ့်မယ်၊ သူ့ရဲ့စကားတွေက အမြဲတမ်းမှားခဲပါတယ်" ဟု ဝူရှန်းက မျက်ခုံးပင့်လိုက်သည်။

ထိုစကားနှင့်အတူ ရန်မင်လီ၏မျက်နှာအရောင်မှာ ဖြူရော်သွားခဲ့ရာ၊ ၎င်းကို အနည်းငယ်ယုံကြည်သွားပုံရပါသည်။

သူက သူ၏လက်သီးကို တင်းကျပ်စွာဆုပ်လိုက်၏။

ဒုက္ခပဲ၊ငါ့ရဲ့စုန့်ဖုန်းစီရင်စုမှာ တစ်ခုခုဖြစ်နေပြီ။

All Chapters