← Chapters

အပိုင်း(၂၄၈)-မြေခွေးအိုနှင့် မြေခွေးငယ်ကြားက ကစားပွဲ

Vol. 003 Ch. 248

အပိုင်း(၂၄၈)-မြေခွေးအိုနှင့် မြေခွေးငယ်ကြားက ကစားပွဲ

Vol. 003 Ch. 248

နှစ်ရက်အကြာတွင် ရှီမာယူယန်သည် ဘိုးဘေးပိုင်မြေသို့သွားမည်ဟု ပြောကာ သူတို့အား ပင်မအိမ်တော်သို့ လာရန် သတင်းပေးလေသည်။

“မင်းဘာတွေ စားနေတာလဲ” သူ ရှီမာယူယူဘေးလာကာ သူမ တစ်စုံတစ်ရာစားနေသည်ကို တွေ့သည်နှင့် မေးလိုက်သည်။

သူ အိမ်ထဲသို့ဝင်သည်နှင့် ထိုအနံ့ရပြီးသားဖြစ်သည်။

ရှီမာယူယူ ခေါင်းမော့ကာ သူ့အားကြည့်ပြီး ကျောက်စားပွဲပေါ်မှ စားစရာများကို ညွှန်ပြကာ သူ့အား ရွတ်ပြတော့သည် “ဒါက မြေခွေးနှပ်၊ မြေခွေးကြော်၊ မြေခွေးခေါင်းစွပ်ပြုတ်၊ မြေခွေးခြေထောက်နှပ်၊ မြေခွေးနုတ်နုတ်စင်း၊ မြေခွေးပြုတ်ချက်၊ မြေခွေးကင်….”

ရှီမာယူယန်တွင် မှောင်မိုက်သောလိုင်းကြောင်းပေါ်လာသည်။ ဒီလူက တကယ်ပဲ မြေခွေးကို ဆန့်ကျင်နေတာလား။

ရှီမာယူယူ ဟင်းအမျိုးအမည်အား ရွတ်ပြပြီးနောက် ခေါင်းမော့ကာ မေးလိုက်သည် “မင်းစားချင်လို့လား”

ထိုသို့ပြောပြီးနောက် လက်ဆန့်ကာ သူ့အား မြေခွေးခြေတစ်ချောင်းပေးလိုက်သည်။

ရှီမာယူယန် မြေခွေးခြေထောက်အား တစ်ကိုက်ကိုက်လိုက်သည်။ အသားအတွင်းရောက်လေ မွှေးကြိုင်ပြီး စပ်လေဖြစ်သည်။ တကယ် အရသာရှိတာပဲ။

ရှီမာယူမင်နှင့် တခြားသူများသည် အိမ်ထဲမှ ထွက်လာကာ ပျော်ရွှင်စွာ စားသောက်နေသော ရှီမာယူယန်အား တွေ့လိုက်ရသ်ည။ သူတို့ ပြုံးကာပြောလိုက်သည် “ယူယူရဲ့ ဟင်းချက်လက်ရာက တကယ်မဆိုးဘူး မလား”

“အင်း အရသာရှိတယ်” ရှီမာယူယန် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

ရှီမာယူယူ မျက်လုံးလှန်ကာ ပြောလိုက်သည် “အရသာရှိတယ်ဆိုရင် မျိုးနွယ်ခေါင်းဆောင်ကို ယူသွားပေးလိုက် လေ၊ ငါ ဒီရက်အတွင်း မြေခွေးသားတွေစားနေရတာ အီနေပြီ၊ ငါတို့ကို ဘိုးဘွားပိုင်မြေကို သွားခိုင်းထားမှတော့ မျိုးနွယ်ခေါင်းဆောင်ကို ကျေးဇူးတင်ရမယ်လေ”

ရှီမာယူယန် ခေါင်းညိတ်ကာပြောလိုက်သည် “ကောင်းပြီ ငါယူသွားပေးမယ် မနက်ဖြန် စောစောကို ပင်မအိမ်တော်ကို လာခဲ့ဖို့ မမေ့နဲ့နော်”

“ကောင်းပြီ” ရှီမာယူယူ ပြောပြီး အားရပါးရပြုံးကာ ရှီမာယူယန် စားပွဲတစ်ခုလုံးအား မှော်ဝင်လက်စွပ်အတွင်း ထည့်ပြီး ထွက်သွားသည်ကို ကြည့်နေလိုက်သည်။

“ဟား ဟား ဟား” သူမ စားပွဲအားရိုက်ပြီး ဟားတိုက်ရယ်မောလိုက်သည်။

ရှီမာယူမင် ခေါင်းရမ်းပြီး ပြောလိုက်သည် “ဟူး… မင်းကတော့”

ရှီမာယူယန်သည် ရက်ပိုင်းအနည်းငယ်ထွက်သွားရမှ မနေ့ကမှ ပြန်လာခြင်းဖြစ်သည်။ သူပြန်လာသည်နှင့် သူ့အဘိုး ပြန်နေကောင်းပြီး ကယ်သူမှာ ရှီမာယူယူဖြစ်သည်ဟုကြားသည်နှင့် ကျေးဇူးတင်လျက်ရှိလေသည်။

“ဒီကောင်ကတော့ ဘာမဆိုလုပ်ရဲတယ်” သူသည် ရှီမာတိုင်၏ မြေးအရင်းဖြစ်ပြီး ရှီမာယူယူနှင့် သူ့အဘိုးကြားတွင် ဖြစ်ခဲ့သည့်ကိစ္စများကို သူ မသိပေ။

သူ မှော်ဝင်လက်စွပ်ထဲမှ မြေခွေးသား အပြည့်ခင်းထားသော စားပွဲထုတ်လိုက်သည်နှင့် သူ့အဘိုး ဘယ်လို မျက်နှာမျိုးဖြစ်သွားမည်ကို သိချင်နေသည်။

“အဘိုး” သူ ရှီမာတိုင်၏ စားကြည့်ခန်းလာလိုက်ကာ အခန်းထဲတွင် သူတစ်ယောက်တည်း ရှိနေလေသည်။

“သူတို့ကို ပြောပြီးပြီလား” ရှီမာတိုင် ခေါင်းမော့ပြီး မေးလိုက်သည်။

“ဟုတ်ကဲ့ ပြောပြီးပါပြီ” ရှီမာယူယန်ပြောလိုက်သည် “အဲဒီကနေ ကောင်းတာလေးတွေတောင် ယူခဲ့သေးတယ်၊ အဘိုးကိုလေးစားလို့ ပေးတယ်လို့ ယူယူပြောတယ်”

“သြော် ဟုတ်လား” ရှီမာတိုင် ခေါင်းမော့ကာ သူ့အားကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှ ရယ်လိုမှုကို ဖုံးကွယ်ထားသည်ကို ကြည့်ပြီး ကောင်းသည့်အရာမဟုတ်သည်ကို သူ သိလိုက်သည်။

ရှီမာယူယန် လျှောက်လာကာ လက်ဝှေ့လိုက်သည်နှင့် အရသာရှိသော ဟင်းပွဲများပြင်ထားသော စားပွဲပေါ်လာပြီး အိမ်ထဲတွင် အသားနံ့များ ပြည့်နှက်သွားလေသည်။

“ယူယူဒါတွေချက်ထားတာ၊ အဘိုးက သူတို့ကို ဘိုးဘွားပိုင်နယ်မြေကို လွှတ်ပေးလို့ ကျေးဇူးတင်တဲ့အတွက်တဲ့၊ အဲဒါ စားကြည့်စေချင်လို့ပါတဲ့” ရှီမာယူယန်သည် ပြုံးပြီးပြောလိုက်သည်။

“အဲဒါ ဘာတွေလဲ”

ရှီမာယူယန်သည် ဟင်းတစ်မည်စီကို မိတ်ဆက်ပေးလေသည် “ဒါက မြေခွေးနှပ် ၊မြေခွေးကြော်၊ မြေခွေးခေါင်းစွပ်ပြုတ်၊ မြေခွေးခြေထောက်ဟင်းခတ်ဟင်း၊ မြေခွေးနုတ်နုတ်စင်း၊ မြေခွေးပြုတ်ချက်၊ မြေခွေးကင်ပါ”

ရှီမာတိုင် ပါးစပ်အဟောင်းသားဖြစ်သွားသည်ကိုတော့ ရှီမာယူယန် သတိမထားမိလိုက်ပေ။ သူ ကျိတ်ရယ်သော်လည်း မသိသာပေ။

ရှီမာတိုင် မြေခွေးခြေထောက်ယူ၍ ကိုက်ကာ ပြောလိုက်သည် “အရသာမဆိုးဘူးလို့ သူ့ကို သွားပြောလိုက်၊ အဲဒီ မြေခွေးက ရင့်နေတာတော့ နှမြောစရာပဲ၊ အသားက ခြောက်တောက်တောက်ဖြစ်နေတယ်၊ ဘာလို့ မြေခွေးအသားနုလေးတွေ မချက်တာလဲလို့”

ရှီမာယူယန် ထိုစကားအား ပြောပြသည်ကို ရှီမာယူယူကြားချိန်တွင် သူမ လက်ထဲတွင် မြေခွေးအသားခဲများကို ကိုင်ထားလျက်ရှိသည်။ ထို့နောက်တွင် သူမ ပြောလိုက်သည် “ဒီမြေခွေးအသားလုံးတွေ ရင့်နေပြီလို့တော့ သေချာပေါက်ပြောမှာမဟုတ်ပါဘူး”

ထိုသို့ပြောပြီးနောက် သူမ အသားများကို ရက်စက်စွာ ခုတ်ထစ်လေသည်။

ရှီမာယူယန်သည် သူမ အပြုံးအားာကည့်ပြီး သူတို့ မှာစကားများကို ပြောကြားပေးလေသည်။

မြေခွေးအိုနှင့် မြေခွေးငယ်….သူ့အဘိုးအား မျက်နှာပျက်အောင် လုပ်သည့်သူကို သူ ပထမဆုံးအကြိ မ် မြင်ဖူးခြင်းဖြစ်သည်။

သူမ အသားလုံးများပြင်ဆင်ပြီးသည်အထိ သူ စောင့်နေလိုက်သည်။ ရှီမာယူယန် အရသာမြည်းပြီးနောက်တွင် ပန်းကန်ယူကာ ရှီမာတိုင်အား သွားရှာလေသည်။

အချိန်တိုအတွင်းတွင် သူ သတင်းပြန်ယူလာကာ ပြောလေသည် “အသားလုံးတွေက အရသာရှိတယ်၊ နောက်ထပ် သူ ကြက်ကင်စားချင်တယ်တဲ့”

“ဒုန်း”

ရှီမာယူယူသည် လက်ထဲမှ ဓားမကို စဉ်းတီတုံးပေါ်သို့ ပြင်းထန်စွာ ဆောင့်ချကာ အံကြိတ်ပြီး ပြောလိုက်သည် “ငါ့ကို စားဖိုမှူးဖြစ်အောင် လုပ်နေတယ်၊ ဒီသခင်ကြီးက ဒီနေ့ပင်ပန်းနေပြီ၊ ငါမလုပ်တော့ဘူး”

ရှီမာယူယန် ရှီမာတိုင်အား ထိုအကြောင်း ပြန်ပြောသော်လည်း ရှီမာတိုင်ပြုံးကာ ပြောလိုက်သည် “မြေခွေးငယ်ကတော့ မြေခွေးငယ်ပါပဲ”

သို့သော် မြေခွေးအသားဇာတ်လမ်းကတော့ ထိုနေရာတွင် အဆုံးသတ်သွားလေသည်။

နောက်တစ်နေ့တွင် ရှီမာယူယူနှင့် သူမအစ်ကို လေးယောက်တို့သည် ပင်မအိမ်တော်သို့ သွားလေသည်။ အရေအတွက် တစ်ရာကျော်လောက်ရှိသော လူငယ်များသည် ထိုအိမ်ကြီးရှေ့တွင် ရောက်နေပြီးဖြစ်သည်။

“ရှီမာမျိုးနွယ်မှာ ဒီလောက်လူတွေအများကြီးရှိတာ အရင်ကမသိခဲ့ဘူး အခုမှသိတော့တယ်” ရှီမာယူလီသည် အခန်းဘေးတွင် ရပ်ကာ အံ့အားသင့်စွာပြောလေသည်။

“ပြီးတော့ ဒီလူတွေက အရွေးခံပြီးသားလူတွေပဲ” ရှီမာယူယူ ပြောလိုက်သည် “ဘိုးဘွားပိုင်နယ်မြေအတွက် လူ ၁၅၀ လောက်ပဲရွေးတယ်လို့ ပြောတယ်၊ မဟုတ်ရင် ဒီထက်လူပိုများမှာပဲ”

“ရှီမာခိုင်နဲ့ သူ့လူတွေမရှိတော့ ငါတို့က သူတို့နေရာကို ယူလိုက်တာပဲ” ရှီမာယူမင် ပြောလိုက်သည်။

“ဒါက သူများကို ပိုအဆင်မပြေစေတာပဲ၊ အဲဒီမြေခွေးအိုကြီးကတော့” ရှီမာယူယူ အံကြိတ်လိုက်သည်။

ရှီမာယူယူသည် မျိုးနွယ်ခေါင်းဆောင်အား အသက်ကယ်ပေးထားပြီး သူတို့အား ဘိုးဘွားပိုင်နယ်မြေအား ဝင်ခွင့်ပြုထားသည်ကို အားလုံးသိကြသည်။ သူတို့အားမြင်သောအခါ တခြားထင်မြင်ချက်မရှိပဲ သူတို့အား မိတ်ဆွေကောင်းများကဲ့သို့ ဆက်ဆံကြလေသည်။

ရှီမာတိုင်၊ ရှီမာလင်းနှင့် သက်ကြီးပုဂ္ဂိုလ်များအဖွဲ့သည် အိမ်သို့ရောက်လာကာ အခန်းထဲရှိလူများအား စစ်ဆေးကြည့်လိုက်သည်။ အထူးသဖြင့် မျက်နှာရှုံမဲ့နေသော လူတစ်ယောက်အားတွေ့သည်နှင့် မြေခွေးအိုကြီးသည် အားရဝမ်းသာပြုံးလိုက်သည်။

သူ လက်ရမ်းလိုက်ရာ တစ်အိမ်လုံး ငြိမ်ကျသွားလေသည်။

“လွန်ခဲ့တဲ့ သုံးနှစ်က မင်းတို့အားလုံး ရွေးချယ်ပွဲကိုအောင်ခဲ့တယ်၊ ဒါပေမယ့် ငါဒဏ်ရာရပြီး သတိမေ့သွားတော့ မင်းတို့အားလုံး အခုထိဘိုးဘွားပိုင်မြေကို မဝင်ရသေးဘူး၊ ဒီနေ့ မင်းတို့အတွက်ငါ နယ်မြေကိုဖွင့်ပေးမယ်၊ ဝင်ပြီး မင်းတို့ရဲ့ အမွေတွေကို ရှာတော့”

ဝိညာဉ်ချီများကို ဘက်ပေါင်းစုံကို ပစ်လွှတ်လိုက်သော ရှီမာလင်းအား သူ ကြည့်လိုက်သည်။ မြေပေါ်တွင် စီးဆင်းသွားသော ထိုအလင်းတန်းများ တစ်အိမ်လုံးပြည့်နှက်သွားသည်။ ထိုအရာသည် ဖြတ်လမ်း တည်ဆောက်မှုပဲ။

ရှီမာယူယူ မူးဝေသွားကာ သူမ ခြေထောက်များ မြေပြင်တွင်တည်ငြိမ်သည်အထိ စောင့်လိုက်သည်။ သူတို့သည် ရှီမာအိမ်တော်မှ ထွက်ခွာပြီးကာ တောင်ရှေ့တွင် ရောက်နေကြသည်။

“ဒါ ဘာတောင်လဲ”

“ငါတို့ အိမ်အနောက်က တောင်နဲ့မတူဘူးလား”

“အဲလိုတော့ မထင်ဘူး၊ ငါတို့ဘိုးဘွားပိုင်နယ်မြေနဲ့ ဝေးမနေဘူးလား”

အားလုံးသည် သူတို့ရောက်ရှိသည့် နေရာကို ခန့်မှန်းနေကြသည်။ ရှီမာယူယူသည် အခုဖြတ်လာသော ဖြတ်လမ်းတည်ဆောက်မှုကို ပြန်တွေးနေသည်။

“မြေပြင်က ဖြတ်လမ်းတည်ဆောက်မှုက အရင်ကတည်းကရှိတာမဟုတ်ဘူး၊ ဖြတ်လမ်းတည်ဆောက်မှုကို အကြမ်းဖျင်းလုပ်ဖို့အတွက် ဝိညာဉ်ချီကိုသုံးလိုက်တာပဲ၊ အဘိုးလင်းရဲ့ ဖြတ်လမ်းအရည်အချင်းက မနိမ့်ဘူး၊ အချိန်ရှိရင်တော့ သူ့ကို အဓိကအချက်လေးတွေကို မေးရမယ်” သူမ တိတ်တိတ်လေး တွေးမိသည်။

ဖန်ကျိရှင်းထွက်သွားပြီးနောက်တွင် သူမ တည်ဆောက်ခြင်းအတွက် ကိုယ်တိုင် စမ်းတဝါးဝါးလုပ်ခဲ့ရသည်။ သူမ ကိုယ်တိုင်လေ့လာခြင်းသည် မဆိုးလှသည်ဟု တွေးသော်လည်း ရှီမာလင်းကဲ့သို့ အဓိကအချက်များကို တိုးတက်အောင် သေချာပေါက်လုပ်ရန် ရှိသည်။

“ဘိုးဘွားပိုင်မြေပွင့်ပြီးရင်တော့ မင်းတို့အားလုံး ဝင်ပြီး အမွေတွေကို ရှာရမယ်၊ မင်းတို့အတွက် အချိန်၂ရက်ရတယ်” ရှီမာတိုင်ပြောလိုက်သည်။

“နှက်ရက် တိုလိုက်တာ” အားလုံး အံ့အားသင့်ကြသည်။

“ငါပြောတာနားထောင်ဦး” ရှီမာတိုင် လက်ဝှေ့ကာ ပြောလိုက်သည် “အထဲမှာ အပြင်နဲ့ ကွာတယ်၊ တစ်ရက်က အဲမှာ နှေးတယ်၊ မင်းတို့အားလုံး အဲအထဲမှာ အချိန် ၂လဖြစ်သွားမယ်”

“ဝါး မိုက်လိုက်တာ”

ရှီမာယူယူ စိတ်များလှုပ်ရှားလာသည်။ တကယ်ပဲ ဝိညာဉ်စေတီနဲ့ ဆင်တူတာပဲ။

“တချို့အမွေတွေက စာမေးပွဲစစ်ပြီးမှ ရမယ့်ဟာတွေရှိတယ်၊ မင်းတို့ဝင်တာနဲ့ အခွင့်အရေးကို ရအောင်ယူပါ”

သူပြောပြီးနောက်တွင် ချိတ်တံဆိပ်အသေးယူပြီး တောင်ခြေရှိ မြောင်းတွင် ထားလိုက်သည်။

“ဝုန်း ဝုန်း”

နံရပ်တစ်ခုသည် လူတစ်ယောက်ကဲ့သို့ ယိမ်းထိုးကာ ဥမင်တစ်ခုပေါ်လာသည်။ အဖြူရောင်အလင်းတန်းသည် တောင်ပေါ်မှ ပေါ်လာကာ လူငယ်များဆီသို့ တည့်တည့်ပစ်လွှတ်လိုက်လေသည်။ အဖြူရောင်အလင်းတန်းများ အရောင်ဖျော့သွားချိန်တွင် ရှီမာတိုင်နှင့် တခြားသူများ ကျန်ခဲ့လေသည်။

All Chapters