အခန်း ၅၇၅
Vol. 55 Ch. 575
အခန်း (၅၇၅)။
နဝမချောက်နက် နတ်ဘုရားနယ်မြေရှိ တာအိုဂိုဏ်း ၉၉ ဂိုဏ်းတွင် စုစုပေါင်း လူဦးရေ ဆယ်သန်းခန့် ရှိသည်။ ၎င်းတို့အနက် ၉၉ ရာခိုင်နှုန်းမှာ အရပ်သားများ ဖြစ်ကြပြီး၊ ကျန်ရှိသူများမှာ ကျင့်ကြံသူများနှင့် အဆင့်မြင့် အုပ်ချုပ်သူများ ဖြစ်ကြသော်လည်း အရေအတွက်မှာ နည်းပါးလှသည်။ သို့သော်လည်း စုစုပေါင်း ပမာဏမှာ သေးငယ်လှသည် တော့ မဟုတ်ပေ။
ကောင်းကင်ဓားပျံဂိုဏ်းသည် အလယ်အလတ်အဆင့် တာအိုဂိုဏ်းတစ်ခု ဖြစ်သည်။ ဂိုဏ်းမှာ အမာခံတပည့်များနှင့် အကြီးအကဲ ရာဂဏန်းခန့် ရှိသည်။ ဂိုဏ်းကြီးများနှင့် မနှိုင်းယှဉ်နိုင်သော်လည်း အခြေအနေမှာ မဆိုးလှပေ။
ဟုန်ယွိ ဆန်းစစ်ကြည့်မိသည်မှာ ကမ္ဘရီယန် ချောက်နက်ကြီးအနီးရှိ တာအိုဂိုဏ်း ၉၉ ဂိုဏ်း တွင် ကျင့်ကြံသူ ထောင်ပေါင်းများစွာ ရှိနေနိုင်သည်။ ၎င်းတို့အထဲတွင် တစ္ဆေအင်မော်တယ် အဆင့်ရှိသူများကို အဆင့်အတန်း မြင့်မားသူများအဖြစ် သတ်မှတ်ထားကြသည်။
ကောင်းကင်ဓားပျံဂိုဏ်း တစ်ခုလုံးတွင်မူ အကြီးအကဲ အနည်းငယ်နှင့် ဂိုဏ်းချုပ်သာလျှင် တစ္ဆေအင်မော်တယ်အဆင့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
သို့သော် ဤကဲ့သို့ အင်အားစုများ အားလုံးကို ပေါင်းစည်းလိုက်မည်ဆိုပါက အလွန်ပင် ကြီးမားလှပေသည်။ ၎င်းမှာ အပြင်လောက မဟာကမ္ဘာကြီးရှိ အထက်တန်းစား မဟာ မျိုးနွယ်စုကြီး ၉၉ စု၏ အင်အားနှင့် ညီမျှသည်။
အထူးသဖြင့် ကြယ်တာရာဂိုဏ်း၊ ယောင်ချီဂိုဏ်းနှင့် လျန်ယွန်ဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီး များ ဖြစ်သည်။ ဂိုဏ်းတစ်ခုချင်းစီတွင် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နေသည့် လူဦးရေ သန်းနှင့်ချီရှိကြရာ ဂိုဏ်းတစ်ခုစီသည် နိုင်ငံငယ်လေးတစ်ခုနှင့်ပင် တူနေသည်။
ဥပမာအားဖြင့် ယွန်နိုင်ငံတွင်ပင် လူဦးရေ ရှစ်သိန်းမှ တစ်သန်းခန့်သာ ရှိပေသည်။
တကယ်လို့ သူသာ ဤဂိုဏ်းများမှ ပညာရှင်များကို သိမ်းသွင်းနိုင်လျှင် သို့မဟုတ် မဟာမိတ်ဖွဲ့နိုင်လျှင် လောကကြီးကို ထိန်းချုပ်နိုင်သည့် ကြီးမားသော အင်အားစုကြီး တစ်ခုကို သေချာပေါက် တည်ထောင်နိုင်မည် ဖြစ်သည်။
မှန်ပါသည်၊ ၎င်းမှာ ဤလူများကို နဝမချောက်နက် နတ်ဘုရားနယ်မြေအတွင်းမှ အပြင်သို့ ခေါ်ထုတ်သွားနိုင်မှသာ ဖြစ်နိုင်သည်။ လက်ရှိတွင် ဤလူများကို အပြင်သို့ ခေါ်ထုတ်သွား နိုင်မည့် ရတနာ သုံးမျိုးသာ ရှိသည်။ ပထမတစ်ခုမှာ သူတော်စင်ပေါင်းစုံခန်းမ၊ ဒုတိယမှာ ဖန်ဆင်းခြင်းသင်္ဘောနှင့် တတိယမှာ ထာဝရနိုင်ငံတော်တို့ပင် ဖြစ်သည်။
ဟုန်ရွှန်ကျိနှင့် ယန်ဖန်းတို့သာ ဤအကြောင်းကို သိသွားလျှင် သူတို့၏ အင်အားကို မြှင့်တင်ရန်အတွက် ဤပညာရှင်အချို့ကို သူတို့ဘက်သို့ ဆွဲဆောင်ရန် သေချာပေါက် ကြိုးစားကြလိမ့်မည်ဟု ဟုန်ယွိ ယုံကြည်နေသည်။
အထူးသဖြင့် တာအိုဂိုဏ်းများ၏ ဘိုးဘေးသုံးဦးပင် ဖြစ်သည်။
အကယ်၍ သူတို့ကိုသာ ခေါ်ဆောင်သွားနိုင်လျှင် တစ်ကမ္ဘာလုံးကို တစ်ချက်တည်းနှင့် သိမ်းပိုက်နိုင်မည် ဖြစ်ပြီး၊ မဟာမျိုးနွယ်စုများကို ပြန်လည်တိုက်ခိုက်ရန် ခိုင်မာသော အင်အားများ ရရှိသွားမည် ဖြစ်သည်။
“အခု ဟုန်ရွှန်ကျိနဲ့ ယန်ဖန်းတို့က လောကကြီးကို ပြုပြင်ပြောင်းလဲနေတာဆိုတော့ မဟာ မျိုးနွယ်စုကြီးတွေက ပညာရှင်တွေကို မကြောက်တော့ဘူး။ ငါစိုးရိမ်တာက အဲဒီမျိုးနွယ်စု တွေ စုပေါင်းပြီး ဟိုနားဒီနားမှာ ပုန်ကန်ကြမှာကိုပဲ။ မီးပွားလေးတစ်ခုကနေ တောမီး လောင်သလို ဖြစ်သွားရင် နှိမ်နင်းဖို့ အင်အားမလောက်မှာ စိုးရတယ်။ ဒီတာအိုဂိုဏ်းတွေ ကိုသာ အပြင်ခေါ်သွားနိုင်ရင် မဟာမျိုးနွယ်စုကြီးတွေရဲ့ မာန်မာနကို ချက်ချင်း နှိမ်နင်းနိုင် မှာပဲ။”
ဟုန်ယွိ၏ စိတ်သည် ဆီးနှင်းကဲ့သို့ ကြည်လင်နေပေသည်။
“သခင်လေး... ကျွန်မတို့ဂိုဏ်းရဲ့ တောင်တံခါးကို ရောက်ပါပြီ။”
ဂန်ယန်အာသည် သူမ၏ ဓားအလင်းတန်းကို ရပ်တန့်ကာ အောက်သို့ ဆင်းသက်လိုက် သည်။ သူမသည် တောင်ပေါ်ရှိ ကြီးမားသော နန်းတော်တစ်ခု၏ ရှေ့တွင် ဆင်းသက်လိုက် ခြင်း ဖြစ်သည်။ နန်းတော်ရှေ့တွင် ကောင်းကင်သို့ ထိုးထွက်နေသော ကြီးမားသည့် ကျောက်သားဓားကြီးတစ်လက် ရှိပြီး ၎င်းပေါ်တွင် “ကောင်းကင်ဓားပျံဂိုဏ်း” ဟူသော စာလုံးကြီး သုံးလုံးကို ရေးထိုးထားသည်။
ဂိုဏ်း၏ အဝင်ဝတွင် အစေခံတန်းလျားများ ရှိနေပြီး သူတို့အားလုံးမှာ ရှင်တန်သိုင်းသခင် အဆင့် ပညာရှင်များ ဖြစ်ကြသော်လည်း တာအိုပညာရပ်များကိုမူ မတတ်မြောက်ကြပေ။
ဟုန်ယွိ သိထားသည်မှာ ဤနေရာတွင် တာအိုပညာ ကျမ်းကျင်သူများသည် အဆင့်မြင့် သခင်များ စွမ်းအားရှင်များ ဖြစ်ကြပြီး၊ တာအိုပညာ မတတ်မြောက်သူများမှာမူ ကျွန်များ သာ ဖြစ်ကြသည်။ ထို့အပြင် ဤတာအိုဂိုဏ်းများတွင် စည်းကမ်းတစ်ခု ရှိသည်၊ ၎င်းမှာ အစေခံများကို သိုင်းသူတော်စင်အဆင့်အထိ ကျင့်ကြံခွင့် မပြုခြင်း ဖြစ်သည်။ အကယ်၍ သိုင်းသူတော်စင် အစေခံတစ်ဦး ရှိလာပါက သူ၏သိုင်းပညာကို ချက်ချင်း ဖျက်ဆီးပစ်ရ မည် ဖြစ်သည်။
၎င်းမှာ တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် တာအိုဘိုးဘေး သုံးဦးက သတ်မှတ်ထားသော စည်းကမ်းချက်လည်း ဖြစ်သည်။
ကျွန်နှင့်သခင်အကြားတွင် မကျော်ဖြတ်နိုင်သော ခြားနားချက်ကြီး ရှိနေစေရန် ဖြစ်သည်။ ကျွန်တစ်ဦးက တာအိုပညာ သင်ယူပါက သုံးစားမရအောင် အပြစ်ပေးခံရမည် ဖြစ်သလို၊ သင်ပေးသောလူကိုလည်း ပြင်းထန်စွာ အပြစ်ပေးမည် ဖြစ်သည်။
ဟုန်ယွိ၊ ကြင်ယာတော်ယွမ်နှင့် ပိုင်ဇိယွဲ့တို့သည် မြေပြင်သို့ ဆင်းသက်ကာ ကောင်းကင် ဓားပျံဂိုဏ်း၏ ခန့်ညားထည်ဝါမှုကို အကဲခတ်လိုက်ကြသည်။
ဂန်ယန်အာနှင့် အခြားသူများသည် ရင်ပြင်သို့ ရောက်သောအခါ သတင်းပို့ရန်အတွက် အထဲသို့ အလျင်အမြန် ဝင်သွားကြသည်။ ခဏအကြာတွင် သာယာသော ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ခရမ်းရွှေရောင် ပြင်းထန်သည့် ဓားစွမ်းအင်တစ်ခုမှာ ကော်ဇောခင်းထား သကဲ့သို့ ဖြန့်ကားထွက်လာခဲ့သည်။
ထိုဓားစွမ်းအင် ကော်ဇောပေါ်မှ လူငါးဦး ပျံသန်းထွက်ပေါ်လာကြသည်။ သူတို့အားလုံးမှာ တာအိုဝတ်စုံများကို ဝတ်ဆင်ထားကြပြီး အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဖြစ်သည်။ သူတို့သည် ငှက်မွှေးဝတ်ရုံများကို ဆင်မြန်းထားကြရာ မြင်ရသည်မှာ နတ်ဘုရားများကဲ့သို့ပင်။ ဟုန်ယွိက ထိုငါးဦးကို ကြည့်လိုက်သောအခါ အမျိုးသမီးမှာ ဂိုဏ်းချုပ်ဖြစ်ပြီး အမျိုးသား လေးဦးမှာ အကြီးအကဲများ ဖြစ်ကြကြောင်း သိလိုက်သည်။ သူတို့မှာ ကောင်းကင်ဓားပျံဂိုဏ်း၏ အမာခံပုဂ္ဂိုလ်များပင်။
အမျိုးသားလေးဦးမှာ သေခြင်းရှင်ခြင်း အတားအဆီးကို ကျော်ဖြတ်ထားသော တစ္ဆေ အင်မော်တယ်များ ဖြစ်ကြပြီး အမျိုးသမီးမှာမူ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသော ပညာရှင်တစ်ဦး ဖြစ်သည်။
သူတို့ငါးဦးသည် လေထဲရှိ ဓားစွမ်းအင် ကော်ဇောပေါ်တွင် ရပ်နေကြပြီး အောက်သို့ ဆင်းမ လာဘဲ ဟုန်ယွိ၊ ပိုင်ဇိယွဲ့နှင့် ကြင်ယာတော်ယွမ်တို့ကို အထက်စီးမှ ကြည့်နေကြသည်။
“ဒါက ကောင်းကင်ဓားပျံဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဓားနတ်သမီးလား၊ အောက်ဆင်းပြီး စကား ပြောပါဦး။” ပိုင်ဇိယွဲ့က မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။ သူသည် မြေပြင်ကို နင်းလိုက်ရာ သူ၏ကိုယ်ပေါ်ရှိ “ကောင်းကင်ခုနစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်” မှ ကြယ်တာရာ စွမ်းအင်များ ထွက်ပေါ်လာပြီး ၎င်းဓားစွမ်းအင်များကို ဖြိုခွဲပစ်လိုက်သည်။
အို…
ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည် အံ့ဩသွားကြပြီး သူတို့၏ ဓားစွမ်းအင်များကို ပြန်လည် ရုပ်သိမ်းကာ မြေပြင်သို့ တည်ငြိမ်စွာ ဆင်းသက်လာခဲ့ကြသည်။
“ကောင်းကင်ခုနစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်လား၊ မင်းက အစစ်အမှန် ခုနစ်စဉ်ကြယ် ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား၊ အပြင်ဘက် မဟာကမ္ဘာကြီး လာတာလား။” ကောင်းကင်ဓားပျံ ဂိုဏ်းချုပ် ဓားနတ်သမီးက ပိုင်ဇိယွဲ့ကို ကြည့်ကာ မေးလိုက်သည်။
ဤဓားနတ်သမီးမှာ လှပသော မျက်နှာရှိပြီး သူမ၏ မျက်ခုံးများမှာ မိုးမခရွက်ကဲ့သို့ ဖြစ်သော်လည်း ဓားကဲ့သို့ ထက်ရှပုံရသည်။ သူမ၏ ကိုယ်မှ ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့သက်များ ထွက်ပေါ်နေသဖြင့် သူမသည် အပျော့ဆွဲ၍ ရမည့်သူမဟုတ်ကြောင်း သိသာလှသည်။
“မှန်ပါတယ်၊ ကျွန်တော်က အစစ်အမှန် ခုနစ်စဉ်ကြယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ။ ဒီတံဆိပ်သာ မရှိရင် မူလနဝမချောက်နက် နတ်ဘုရားနယ်မြေထဲကို ကျွန်တော် ဘယ်လို ဝင်လာနိုင်ပါ့ မလဲ။” ပိုင်ဇိယွဲ့က ရယ်မောလျက် ဆိုသည်။ “ကောင်းကင်ဓားပျံဂိုဏ်းချုပ် ဓားနတ်သမီး... လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက သူမဟာ အဆင့်ဆုံး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထား တဲ့ ပညာရှင်တစ်ဦးပါ။ ဒါပေမဲ့ နှစ်တစ်ထောင်အကြာမှာတော့ ကျွန်တော့်လို မျိုးဆက်သစ် တစ်ယောက်က သူမကို ကျော်တက်သွားလိမ့်မယ်လို့ မထင်ထားမိဘူး။”
ပိုင်ဇိယွဲ့သည် ဤဓားနတ်သမီးမှာ ‘အတွေးတစ်ခုဖြင့် ကမ္ဘာတစ်ခုဖန်ဆင်းခြင်း’ အဆင့်ရှိ မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦး ဖြစ်ကြောင်း သိလိုက်သည်။ သူမကို အပြင်ဘက် မဟာကမ္ဘာကြီးတွင် ဝါရင့်ပညာရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။
“အပြင်မဟာကမ္ဘာကြီးမှာ နှစ်တစ်ထောင်ဆိုပေမဲ့ ဒီမှာတော့ နှစ်ရာ၊ သုံးရာပဲ ရှိပါသေး တယ်။ ဒါပေမဲ့ မင်းရဲ့ မိုးကြိုးကပ်ဘေး စွမ်းအင်က နည်းနည်းတော့ အားနည်းနေသေး တယ်။ ငါသာ အပြင်ထွက်နိုင်ရင် မိုးကြိုးကပ်ဘေးတွေကို ဆက်တိုက် ကျော်ဖြတ်နိုင်မှာပါ။ ဒီမူလနဝမချောက်နက် နတ်ဘုရားနယ်မြေထဲမှာ ငါစုဆောင်းထားတဲ့ အရာတွေက မင်းတို့ စိတ်ကူးထားတာထက် အများကြီး ပိုပါတယ်။”
ဓားနတ်သမီးက အေးစက်စွာ ပြောလိုက်ပြီး ဟုန်ယွိနှင့် ကြင်ယာတော်ယွမ်တို့ကို တစ်ချက် ကြည့်လိုက်သည်။
ထင်ရှားသည်မှာ ဤဓားနတ်သမီးသည် လွန်ခဲ့သော နှစ်တစ်ထောင်က လူတစ်ဦး ဖြစ်သည်။ သို့သော် နတ်ဘုရားနယ်မြေအတွင်း အချိန်စီးဆင်းမှု ကွဲပြားသဖြင့် နှစ်ရာ၊ သုံးရာခန့်သာ သက်တမ်းရှိသေးသည်။
မူလနဝမချောက်နက် နတ်ဘုရားနယ်မြေအတွင်း၌ မိုးကြိုးမရှိသဖြင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်၍ မရပေ။ သူမသည် လွန်ခဲ့သော နှစ်တစ်ထောင်ကတည်းက အဆင့်သုံး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသူ ဖြစ်ပြီး ယခုတိုင် ထိုအဆင့်၌ပင် ရှိနေသေးသည်။ သို့သော် သူမ၏ စိတ်ဝိညာဉ် အတွေးစများမှာ စွမ်းအင်အလွန်အကျွံ စုဆောင်းမိနေပြီး ဖြစ်သည်။
ဟုန်ယွိ၏ အမြင်၌မူ ဤအမျိုးသမီးမှာ စာပေဗဟုသုတတွေ အလွန်ပြည့်စုံနေပြီး လက်ရာ မွန်တစ်ခုကို ရေးသားရန် အသင့်ဖြစ်နေသော ပညာရှင်တစ်ဦးကဲ့သို့ စွမ်းအင်တွေလျှံထွက် နေသည်။
သူမ၏စွမ်းအင် စုဆောင်းမှုမှာ အလွန်ပင် ထူထပ်လှသဖြင့် ပေါက်ကွဲထွက်တော့မည့် အနေအထားတွင် ရှိနေသည်။
အကယ်၍ သူမသာ ဤအခြေအနေမျိုးတွင် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်မည်ဆိုပါက အားနည်းသည့် ကာလမရှိဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် အဆင့်များစွာကို ကျော်ဖြတ် နိုင်ပေလိမ့်မည်။ သို့သော် ကံမကောင်းစွာဖြင့် နဝမချောက်နက် နတ်ဘုရားနယ်မြေ အတွင်း၌ မိုးကြိုးများ မရှိပေ။
“ဓားနတ်သမီးက အရင်က အပြင်မဟာကမ္ဘာကြီးမှာ နေထိုင်ခဲ့ဖူးသူလေ။ အခု နတ်ဘုရား နယ်မြေထဲမှာ ကျင့်ကြံနေတာဆိုတော့ ကျွန်တော်တို့အကြားမှာ စည်းခြားထားစရာ မလိုပါ ဘူး။ ပွင့်ပွင့်လင်းလင်း ပြောကြတာပေါ့။”
ဟုန်ယွိက ချောင်းတစ်ချက်ဟန့်ကာ ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။ သူ၏ လက်ထဲမှ ‘အတွေးစ’ တစ်စက အနည်းငယ် လည်ပတ်သွားရာ ပြင်းထန်သော တာအိုစွမ်းအင်လှိုင်း များ ထွက်ပေါ်လာခဲ့သည်။
ထိုအတွေးစမှာ လေထဲတွင် ငါးတစ်ကောင်ကဲ့သို့ ကူးခတ်ရင်း အရာအားလုံးကို ထိုးဖောက် ဖြတ်ကျော်သွားသည်။
“စိတ်ဝိညာဉ်ဖြင့် ဟင်းလင်းပြင်ကို ဆွဲဖြဲခြင်း။ အဆင့်ခြောက် မိုးကြိုးကပ်ဘေးပညာရှင်။”
ဓားနတ်သမီး၏ ဘေးရှိ တစ္ဆေအင်မော်တယ် အကြီးအကဲတစ်ဦးက ဆိုလိုက်သည်။ သူမ၏ ဘေးရှိ အကြီးအကဲ လေးဦးမှာ မိုးကြိုးဘေးဒုက္ခ ကျော်ဖြတ်ထားသူများ မဟုတ်ဘဲ သာမန် တစ္ဆေအင်မော်တယ်များသာ ဖြစ်ကြသော်လည်း သူတို့၏ စိတ်ဝိညာဉ်များမှာ သန့်စင်သော ‘ယန်’ စွမ်းအင်များဖြင့် ပြည့်နှက်နေသဖြင့် သန့်စင်သော ယန်အတွေးစများကို အမြောက် အမြား ပေါင်းစပ်ထားကြကြောင်း ထင်ရှားလှသည်။
“အသေးစိတ်ကို အထဲမှာ ဆွေးနွေးကြရအောင်၊ ကြွပါ။”
ဟုန်ယွိ၏ စွမ်းရည်ပြသမှုကို မြင်တွေ့ရသောအခါ ဓားနတ်သမီး၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူမက ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ “ဂန်ယန်အာ... မင်းတို့ လေးယောက် အတော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ငါ့အမိန့်ကို ထုတ်ပြန် လိုက်... ဘဏ္ဍာတိုက်ထဲက ရတနာ သုံးမျိုးနဲ့ ဓားဆေးလုံးငါးလုံးကို ထုတ်ယူလိုက်ပါ။ ပြီးတော့ မင်းတို့ကို မိုးကြိုးကပ်ဘေး အတွေးစ ပုလင်း ၁၀ လုံးစီနဲ့ အစေခံ ၁၀၀ စီ ဆုချမယ်။”
ဓားနတ်သမီးသည် ဆုပေးဒဏ်ပေးစနစ်ကို အလွန်တိကျစွာ လုပ်ဆောင်တတ်သူ ဖြစ်သည်။ သူမသည် ဆုလာဘ်များကို ကြေညာပြီးနောက် လက်ဝှေ့ယမ်းကာ ဟုန်ယွိတို့ကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။ သူတို့သည် ကောင်းကင်ဓားပျံဂိုဏ်း၏ လျှို့ဝှက်အခန်း တစ်ခုသို့ ရောက်ရှိသွားကာ နေရာယူလိုက်ကြသည်။
“မဟာကမ္ဘာကြီးကနေ ဒီလောက် အစွမ်းထက်တဲ့ပုဂ္ဂိုလတစ်ယောက် ရောက်လာလိမ့်မယ် လို့ ကျွန်မ မထင်ထားခဲ့ဘူး။ အဆင့်ခြောက် မိုးကြိုးကပ်ဘေးဆိုတာ တကယ်ကို အစွမ်း ထက်ပါတယ်။ သခင်လေးက ဘာကြောင့်များ ကျွန်မတို့ဂိုဏ်းနဲ့ ပူးပေါင်းချင်ရတာလဲ။”
ဓားနတ်သမီး၏ ခေါ်ဝေါ်ပုံမှာ များစွာ ယဉ်ကျေးလာခဲ့သည်။ လွန်ခဲ့သော နှစ်တစ်ထောင်က လူတစ်ဦးက သူ့ကို ‘သခင်လေး’ ဟု ခေါ်ဆိုခြင်းမှာ စွမ်းအားရှိသူကသာ အရှင်သခင် ဖြစ်သည် ဟူသော အချက်ကို ဟုန်ယွိ ခံစားလိုက်ရသည်။
“ကျွန်တော်က ကမ္ဘရီယန် ချောက်နက်ကြီးရဲ့ အနက်ရှိုင်းဆုံး နေရာကို သွားပြီး ရတနာတွေ သွားရှာချင်တာပါ။ မိန်းမလေး ဂန်ယန်အာ ပြောတာက ချောက်နက်ကြီးရဲ့ သတ္တမလွှာကို ချိတ်ပိတ်ထားတယ်လို့ သိရတယ်။ အဲဒါကြောင့် ကောင်းကင်ဓားပျံဂိုဏ်းနဲ့ ပူးပေါင်းဖို့ လာခဲ့တာပါ။” ဟုန်ယွိက ပြုံးလျက် ဆိုသည်။
“မှန်ပါတယ်။ ကမ္ဘရီယန် ချောက်နက်ကြီးကို တာအိုဘိုးဘေး သုံးဦးနဲ့ တခြားဂိုဏ်းကြီး သုံးခုက ပညာရှင်တွေ စုပေါင်းပြီး ချိတ်ပိတ်ထားကြတယ်။ အဲဒါက ကောင်းကင်ဖြို ဧကရာဇ်နဲ့ မိစ္ဆာဂိုဏ်းက ပညာရှင်တွေကို ကာကွယ်ဖို့အတွက်ပါ။” ဓားနတ်သမီးက သူမ၏ လက်ချောင်းမှ ဓားစွမ်းအင်တစ်ခုကို ထုတ်ဖော် ကစားရင်း ဆိုသည်။ “သခင်လေးက အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင်ဆိုပေမဲ့ တာအိုဘိုးဘေး သုံးဦးကိုတော့ ယှဉ်နိုင် မှာ မဟုတ်ဘူး။ အဲဒီဘိုးဘေးသုံးဦးဟာ ‘ဖန်ဆင်းရှင်’ အဆင့်နဲ့ အလွန်နီးကပ်နေပြီ။ တချို့ ဆိုရင် ဖန်ဆင်းရှင်အဆင့်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကိုတောင် အပြည့်အဝ စုဆောင်း ထားပြီးပြီ။ သူတို့သာ မဟာကမ္ဘာကြီးထဲ ပြန်ရောက်လို့ အဆင့်ခုနှစ် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်လိုက်တာနဲ့ ချက်ချင်း ဖန်ဆင်းရှင်တွေ ဖြစ်သွားကြလိမ့်မယ်။” ဆိုသည်။
“အို…. တာအိုဘိုးဘေး သုံးဦးဖြစ်တဲ့ ချန်ရှင်းကျိ၊ ယွန်ယင်ကျိနဲ့ လျန်ယွန်ကျိတို့က အဲဒီ လောက်အထိ အဆင့်မြင့်နေပြီလား။ တကယ်လို့ သူတို့သာ ဖန်ဆင်းရှင်အဆင့်အတွက် အသင့်ဖြစ်နေပြီဆိုရင် မလွယ်တော့ဘူး။” ဟုန်ယွိ၏ စိတ်ထဲတွင် လှုပ်ခတ်သွားသည်။ ‘ဒါပေမဲ့ သူတို့ အစစ်မှန် ဖန်ဆင်းရှင်တွေ ဖြစ်နေရင်တောင် သူတော်စင်ပေါင်းစုံ ခန်းမကို တော့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ငါတစ်ယောက်တည်းနဲ့ သူတို့ သုံးယောက်ကို တိုက်ဖို့ဆိုတာ မခက်ခဲလောက်ပါဘူး။’
သို့သော် ဟုန်ယွိသည် ဤအတွေးများကို အပြင်သို့ ထုတ်မပြောပေ။
“နတ်ဘုရားနယ်မြေရဲ့ သတ္တမလွှာ၊ အဋ္ဌမလွှာနဲ့ နောက်ဆုံး နဝမအလွှာတွေမှာ ဘယ်လို ရတနာမျိုးတွေ ရှိနေလဲဆိုတာ သိချင်မိတယ်။ အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် တိုက်ပွဲကြီး ပြီးကတည်းက တာအိုဂိုဏ်းတွေ ဒီမှာ အခြေချခဲ့တာဆိုတော့ နတ်ဘုရား နယ်မြေရဲ့ အနက်ရှိုင်းဆုံး အခြေအနေကို ဓားနတ်သမီး သိလောက်မှာပါ။”
ပိုင်ဇိယွဲ့၏ မေးခွန်းမှာ အဓိကအချက်ကို ကွက်တိ ထိမှန်သည်။
ဓားနတ်သမီးသည် လွန်ခဲ့သော နှစ်တစ်ထောင်က ပုဂ္ဂိုလ်တစ်ဦး ဖြစ်သဖြင့် အကြောင်း အရာများစွာကို သိရှိသူဖြစ်သည်။ ထို့အပြင် သူမသည် နဝမချောက်နက် နတ်ဘုရား နယ်မြေတွင် အခြေချနေထိုင်ခဲ့သူ ဖြစ်သဖြင့် ဟုန်ယွိအတွက် သူမထံမှ သတင်းအချက် အလက်များစွာ ရရှိနိုင်ပေသည်။
“မူလနဝမချောက်နက် နတ်ဘုရားနယ်မြေရဲ့ သတ္တမမြောက်အလွှာက ‘ကမ္ဘရီယန်’ အလွှာ ဖြစ်ပြီး၊ အဋ္ဌမမြောက်အလွှာကတော့ ‘ကမ္ဘာဦးငရဲစကြာဝဠာ’ အလွှာပဲ။ ဒီအလွှာနှစ်ခုမှာ ရှေးခေတ် တာအိုပညာရှင်တွေရဲ့ ဘာရတနာမှ မရှိဘူး။ ဘာလို့ဆိုတော့ အဲဒီအလွှာတွေက နဝမမြောက်အလွှာ အကာကွယ် သဘာဝ ‘သတ်ဖြတ်ရေးအစီအရင်’ တွေပဲ ဖြစ်နေလို့ပါ။ နဝမမြောက်အလွှာ ထာဝရအသက် ဆန်းကြယ်နယ်မြေမှာပဲ ရှေးခေတ် ပညာရှင်တွေ သေဆုံးခဲ့ကြတာ။ အခြေခံအနေနဲ့တော့ အဆင့်ကိုး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး ‘ယန်နတ်ဘုရား’ အဆင့်ကို မရောက်နိုင်သေးတဲ့ ရှေးခေတ် ပညာရှင်တွေဟာ ထာဝရ အသက် ဆန်းကြယ်နယ်မြေထဲကို အတင်းဝင်ရောက်ပြီး တရားထိုင်ရင်း ဉာဏ်အလင်းရှာဖို့ ကျင့်ကြံခဲ့ကြတာပဲ။”
ဓားနတ်သမီးက ဘာမှဖုံးကွယ်မထားဘဲ အကုန်အစင် ပြောပြလိုက်သည်။
မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ၏ သတ္တမလွှာနှင့် အဋ္ဌမလွှာတို့တွင် ရတနာ မရှိဘဲ သတ်ဖြတ်ရေးအစီအရင်များသာ ရှိနေခြင်း ဖြစ်သည်။ ဂန်ယန်အာကမူ ဤအချက် ကို သဘာဝတိုင်း မသိသော်လည်း ဓားနတ်သမီးမှာမူ ပိုမိုအသိအမြင် ကြွယ်ဝသူဖြစ်သဖြင့် သိနေခြင်းမှာ မဆန်းပေ။
“မဟာကမ္ဘာမှာ နှစ်တစ်ထောင် ကုန်ဆုံးသွားပေမဲ့ ဒီမှာက နှစ်ရာ၊ သုံးရာပဲ ရှိသေးတာလေ။ ဘယ်လိုလုပ် လူဦးရေ ဒီလောက်အထိ များပြားလာရတာလဲ။ တာအိုပညာရှင်တွေ စတင် ဝင်ရောက်လာတုန်းက သာမန်လူတွေကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့ကြတာလား။”
ဟုန်ယွိသည် ရတနာများထက် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုကို ပိုမို စိတ်ဝင်စားနေသည်။ “ပြီးတော့ တာအိုဘိုးဘေး သုံးဦးက ဘာလို့ သာမန်ပြည်သူတွေကို သိုင်းပညာပဲ သင်ယူခွင့်ပြုပြီး ကျင့်ကြံခြင်းပညာ မသင်ယူဖို့ ကန့်သတ်ထားတာလဲ။ သူတို့ကို ကျွန်တွေအဖြစ်ပဲ သတ်မှတ်ပြီး စည်းခြားထားတာက ကျင့်ကြံသူတစ်ယောက် လုပ်ရမယ့်အလုပ် မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။”
“ဒီလူတွေကို တာအိုပညာရှင်တွေ ခေါ်လာတာ မဟုတ်ပါဘူး၊ မိစ္ဆာဂိုဏ်းရဲ့ တပည့်တွေပါ။ အရင်တုန်းက အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် တိုက်ပွဲတုန်းက ကောင်းကင်ဖြို ဧကရာဇ်နဲ့ တခြားမိစ္ဆာဂိုဏ်းက ပညာရှင်တွေဟာ သူတို့ကို ယုံကြည်သူ နောက်လိုက်တွေ သိန်းနဲ့ချီပြီး ခေါ်လာခဲ့ကြတာ။ သူတို့က အဲဒီလူတွေကို ယဇ်ပူဇော်ပြီး မိစ္ဆာအစီအရင်တွေ မိစ္ဆာပညာရပ်တွေ ကျင့်ကြံဖို့ ကြံစည်ခဲ့ကြတာလေ။ ကျွန်မတို့က သူတို့ကို ကယ်တင်ခဲ့တာ ပါ။ ဒါပေမဲ့ ဒီမိစ္ဆာဂိုဏ်းက လူတွေဟာ ရိုင်းစိုင်းပြီး ထိန်းချုပ်ရခက်တာကြောင့် သူတို့ကို ကျွန်တွေ အဖြစ်ပဲ ထားပြီး ကျွန်မတို့ကို အလုပ်အကျွေး ပြုခိုင်းရတာပေါ့။” ဓားနတ်သမီး၏ မျက်လုံးများမှာ တောက်ပလာပြီး ဆက်ပြောသည်။ “နှစ်ပေါင်း နှစ်ရာ၊ သုံးရာအတွင်းမှာ လူသိန်းချီကနေ အခုလို သန်းချီ ဖြစ်လာဖို့ဆိုတာ မခက်ခဲပါဘူး။ ဒါပေမဲ့ သခင်လေး... ရှင့်ကို ကြည့်ရတာ အရင်တုန်းက ‘အမှန်တရားလမ်းစဉ်ရဲ့ အရှင်သခင်’ နဲ့ အတော်တူ တယ်။ ရှင်က တာအိုပညာကို ဂရုမစိုက်ဘဲ ပြည်သူတွေကို ပိုဂရုစိုက်နေတာပဲ။ ရှင်က မွေးရာပါ တာအိုပညာရှင် မဟုတ်ဘဲ ကွန်ဖြူးရှပ် ‘ပညာရှင်’ တစ်ယောက် ဖြစ်ရမယ်။”
လွန်ခဲ့သော နှစ်တစ်ထောင်က တာအိုပညာရှင်ကြီး ၇ ဦးအနက် ‘ဟောက်ထျန်းဧကရာဇ်’ မှာ အစွမ်းထက်ဆုံး ဖြစ်ပြီး၊ ‘အမှန်တရားလမ်းစဉ်၏ အရှင်သခင်’ မှာလည်း ဟောက်ထျန်း ဧကရာဇ်နှင့် အဆင့်တူပင် ဖြစ်သည်။ ခုနစ်ဦးအနက် သူတို့နှစ်ဦးမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
“ဓားနတ်သမီးက အမြင်စူးရှတာပဲ” ဟုန်ယွိက ပြုံးလျက် ဆိုသည်။
…
“ထန်ဟိုင်လုံနဲ့ ရှင့်ကြားမှာ ရန်ငြိုးရှိတယ်လို့ ယန်အာဆီက ကြားတယ်” ဓားနတ်သမီးက ဆိုသည်။ “ထန်ဟိုင်လုံဟာ ချန်ရှင်းကျိရဲ့ အချစ်ဆုံး တပည့်ပါ။ မကြာခင်ကပဲ သူဟာ ယွန်းယင်ကျိရဲ့ တပည့်ကြီး ‘နတ်သမီး ယောင်လိုင်လိုင်’ နဲ့ လက်ထပ်တော့မယ်လို့ ကြား တယ်။ မင်္ဂလာပွဲကိုလည်း မကြာခင် ကျင်းပတော့မှာ။ ဒါ့အပြင် သူက ဘိုးဘေးလျန်ယွန်ကို လည်း သူ့မွေးစားအဖေအဖြစ် အသိအမှတ် ပြုထားသေးတယ်။ အခုချိန်မှာ သူ့ရဲ့ အရှိန်အဝါက အတော်လေး ကြီးမားနေတော့ သူ့ကို ရန်မမူဖို့ ကျွန်မ အကြံပေးချင်တယ်။” ဓားနတ်သမီးက ဆိုသည်။
“ထန်ဟိုင်လုံက ဒီနတ်ဘုရားနယ်မြေထဲမှာ ဒီလောက်တောင် မျက်နှာပွင့်နေတာလား။” ဟုန်ယွိ အံ့ဩသွားသည်။
သူသည် တာအိုဘိုးဘေး သုံးဦးစလုံးနှင့် ပတ်သက်နေသည်။ တစ်ဦးက သူ၏ ဆရာ၊ တစ်ဦး ကမူ သူ၏ ယောက္ခမ (ယွန်ယင်ကျိမှာ အမျိုးသမီး ဖြစ်သည်) နောက်တစ်ဦးမှာမူ သူ၏ မွေးစားဖခင် ဖြစ်နေသည်။ ဤကံတရားမှာ ချန်ပီယံမြို့စား၏ ကံကောင်းမှုနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
‘မဟာကမ္ဘာကြီးမှာတုန်းက ယွမ်ရှန်းရှန်း ပြောခဲ့တဲ့အတိုင်းပဲ... ဖန်းယွမ်၊ လီဖေးယွီနဲ့ ထန်းဟိုင်လုံတို့ တစ်ခုခု ကြံစည်နေကြတာပဲ။ ငါ ဖန်းယွမ်နဲ့ လီဖေးယွီကို တွေ့ရပေမဲ့ ထန်းဟိုင်လုံကို မတွေ့ရတာဟာ သူ ဒီနတ်ဘုရားနယ်မြေထဲကို ရောက်နေလို့ကိုး။ အခု တော့ သူက မင်္ဂလာတောင် ဆောင်တော့မယ်တဲ့လား။” ဟုန်ယွိ ခေါင်းခါလိုက်သည်။
“တာအိုဘိုးဘေး သုံးဦးဟာ မူလနဝမချောက်နက် နတ်ဘုရားနယ်မြေထဲက ဂိုဏ်းပေါင်းစုံ ရဲ့အာဏာ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတာ။ သူတို့မှာ ပညာရှင်တွေက တိမ်တွေလို များပြားပြီး အင်အားက အရမ်းကြီးမားတယ်။ ထန်ဟိုင်လုံဟာ အခုဆိုရင် သူတို့ အချစ် တော် ဖြစ်နေတော့ အခုချိန်မှာ သခင်လေးရဲ့ ရန်ငြိုးကို ခေတ္တထိန်းထားပြီး အချိန်စောင့် တာ အကောင်းဆုံးပဲ။” ဓားနတ်သမီးက အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ ဟုန်ယွိ သိလိုက် သည်မှာ ဤဓားနတ်သမီးသည် သူ့ကို သူမဘက်ပါအောင် သိမ်းသွင်နေခြင်းပင်။
သူသည် အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦးဖြစ်ပြီး၊ ပိုင်ဇိယွဲ့မှာလည်း အဆင့်လေး မိုးကြိုးကပ်ဘေး ပညာရှင်ဖြစ်သဖြင့် ဤနတ်ဘုရားနယ်မြေတွင် ရှားပါးသော ပညာရှင်များ ဖြစ်ကြသည်။ အကယ်၍ သူမသာ သူတို့ကို သိမ်းသွင်းနိုင်လျှင် ကောင်းကင် ဓားပျံဂိုဏ်းသည် နောက်ထပ် အင်အားကြီးဂိုဏ်းတစ်ခု ဖြစ်လာပေလိမ့်မည်။
“ကြည့်ရတာ ထန်းဟိုင်လုံရဲ့ လွှမ်းမိုးမှုက အတော်လေး အားကောင်းနေပုံပဲ။ သူအနေနဲ့ဆို ဒီမူလနဝမချောက်နက် နတ်ဘုရားနယ်မြေက အမှန်တရားလမ်းစဉ် ပညာရှင်တွေနဲ့ ငါ့ကို ပဋိပက္ခဖြစ်အောင် ဖန်တီးဖို့က အတော်လေး လွယ်ကူမယ်။ ဒါပေမဲ့ ဒါက အမှန်တရား လမ်းစဉ် ဂိုဏ်းတစ်ခုဖြစ်နေတော့ ငါ့ရဲ့ သူတော်စင်ပေါင်းစုံခန်းမကို ထုတ်ဖော်ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲကြီး ဆင်နွှဲလို့လည်း မဖြစ်သေးဘူး။ ထားလိုက်ပါတော့ လေ... လောလောဆယ်တော့ သူတို့အလိုအတိုင်း အလိုက်ထိုက် လိုက်ပါကစားပေးရမှာ ပေါ့။” ဟုန်ယွိက စိတ်ထဲ၌ တွေးတောကြံစည်နေသည်။
ရုတ်တရက် အပြင်ဘက်မှ မိုးခြိမ်းသံကြီး တစ်ချက် ဟိန်းခနဲ မြည်ဟည်းသွားပြီးနောက် သာယာနာပျော်ဖွယ် တေးဂီတသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ခုနကတင် ထွက်သွားခဲ့သော ဂန်ယန်အာက အခန်းအထဲသို့ အပြေးအလွှား ပြန်ဝင်လာကာ “ဂိုဏ်းချုပ်... တာအိုဘိုးဘေး သုံးဦးဆီက ဖိတ်စာ ရောက်လာပါတယ်။ ဒီနေ့ဟာ ထန်ဟိုင်လုံနဲ့ ‘နတ်သမီး ယောင်လိုင်လိုင်’ တို့ရဲ့ မင်္ဂလာပွဲ ဖြစ်ပါတယ်။ အဲဒါကို ယောင်ချီ ဂိုဏ်း ရဲ့ ‘ထျန်းကျုံးနန်းတော်’ မှာ ကျင်းပမှာပါ။ ဖိတ်စာလာပို့တဲ့ သံတမန်က အခု တံခါးဝ ကို ရောက်နေပါပြီ။”
“ဒီလောက်တောင် မြန်တာလား။ နောက်ထပ် ရက်အနည်းငယ် လိုသေးတယ်လို့ ပြောထား တာ မဟုတ်လား။” ဆိုကာ ဓားနတ်သမီးက မတ်တပ်ရပ်လိုက်သည်။
ဟုန်ယွိ၏ စိတ်ထဲတွင် လှုပ်ခတ်သွားသည်။ “ထန်ဟိုင်လုံရဲ့ မင်္ဂလာပွဲလား။”