အခန်း ၅၇၈
Vol. 55 Ch. 578
အခန်း (၅၇၈)။
“ကောင်းကင်သံစဉ် စွမ်းအင်ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ အမျိုးသားတစ်ဦးနဲ့ တူနှစ်ဖော် ကျင့်ကြံမယ်ဆို, အဲဒီအမျိုးသားရဲ့ စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်သလို ယင်နဲ့ယန် မျှတသွားပြီး သူတို့ရဲ့ တာအိုပညာကလည်း အရှိန်အဟုန်နဲ့ တိုးတက်လာလိမ့် မယ်။ ‘ကောင်းကင်သံစဉ်’ ‘ထာဝရအာဃာတတေးသံ’ ဆိုတာက လုံးဝဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ပဲလေ။ ဒါကြောင့်လည်း ကောင်းကင်ဖြို ဧကရာဇ်က အခွင့်အရေးရတုန်း ကောင်းကင်သံစဉ် နတ်သမီးကို လာရောက်လုယူဖို့ ကြိုးစားနေတာ ဖြစ်ရမယ်။ ဒါပေမဲ့ နတ်သမီးကို လုယူဖို့ဆိုတာက ကိစ္စတစ်ခုပဲရှိသေးတယ်၊ ပိုပြီး အရေးကြီးတာက တာအို ဂိုဏ်းပေါင်းစုံ ညီလာခံကြီးကို ဖျက်ဆီးပစ်ဖို့ပဲ။”
နတ်ဘုရားဘိုးဘေးတောင်၏ အပြင်ဘက်မှာ တုန်လှုပ်ချောက်ချားဖွယ်ရာ မိစ္ဆာအရှိန်အဝါ များနှင့် တာအိုဘိုးဘေးသုံးဦး၏ မူလစွမ်းအင်တွေ ထိတွေ့မိနေကြစဉ်မှာပင် ဟုန်ယွိသည် မြစိမ်းရောင် ရထားလုံးပေါ်မှာ ထိုင်နေသော ကောင်းကင်သံစဉ်နတ်သမီးကို လှမ်းကြည့် လိုက်မိပါသည်။
ဟုန်ယွိ၏ တန်ခိုးစွမ်းအားတွေက ထိုရထားလုံး၏ အကာအကွယ်တွေကို တိုက်ရိုက် ဖောက်ထွင်းပြီး ‘ကောင်းကင်သံစဉ်နတ်သမီး’ ၏ မျက်နှာကို အတိုင်းသား မြင်နိုင်စွမ်း ရှိသော်လည်း သူသည် ဤကဲ့သို့သော အခြေအနေမျိုးတွင် ရိုင်းပျမှု မဖြစ်စေရန် ထိန်းသိမ်း ထားသည်။
သူသည် ဘာစကားမှ မပြောဘဲ ဖြစ်ပျက်နေသည့် အခြေအနေကိုသာ စောင့်ကြည့်နေ၏။
ထိုစဉ်မှာပင် ကောင်းကင်သံစဉ်နတ်သမီးနှင့် ထန်ဟိုင်လုံတို့သည်လည်း ဟုန်ယွိကဲ့သို့ပင် တည်ငြိမ်စွာ ထိုင်နေကြပြီး မိစ္ဆာဂိုဏ်းမှ ပညာရှင်များ မည်ကဲ့သို့ ချဉ်းကပ်လာမည်ကို စောင့်ဆိုင်းနေကြပုံရသည်။
အင်မော်တယ် တစ်သောင်းခန်းမအတွင်းရှိ အင်မော်တယ်များသည်လည်း စိုးရိမ်တကြီး ဖြင့် မတ်တတ်ရပ်နေကြတော့သည်။
နတ်ဘုရားဘိုးဘေးတောင်၏ အပြင်ဘက် ကောင်းကင်ယံမှာမူ လုံးဝ မှောင်မည်းသွားခဲ့ပြီ။
အလင်းရောင် အစအနပင် မရှိတော့ပေ။ ၎င်းမှာ မိစ္ဆာဂိုဏ်းမှ ထုတ်လွှတ်လိုက်သော မိစ္ဆာ စွမ်းအင်တွေကြောင့်ပင် ဖြစ်သည်။ ထိုမိစ္ဆာစွမ်းအင်တိမ်တိုက်များသည် တောင်ကြီးကို ဝန်းရံထားပြီး ကမ္ဘာမြေတုန်ဟည်းမတတ် ပေါက်ကွဲသံများလည်း ထွက်ပေါ်နေ၏။
တာအိုဘိုးဘေး သုံးဦးဖြစ်သည့် ရှင်းချန်ကျိ၊ ယွန်ယင်ကျိနှင့် လျန်ယွန်ကျိ တို့သည် နတ်ဘုရား ဘိုးဘေးတောင်၏ အနက်ရှိုင်းဆုံးနေရာမှာ ပုန်းကွယ်နေကြပုံရသည်။ မိစ္ဆာဂိုဏ်းက စတင်တိုက်ခိုက်လိုက်သည့် ခဏမှာပင် သူတို့သည် ကိုယ်ထင်မပြသေးဘဲ ကမ္ဘာကို တုန်လှုပ်စေမယ့် မူလစွမ်းအင်တွေကိုသာ ထုတ်လွှတ်၍ တိုက်ခိုက်နေကြသည်။
တောက်ပသည့် ကြယ်အလင်းတန်းတစ်ခုသည် မြစ်ကြီးတစ်စင်းကဲ့သို့ စီးဆင်းထွက်ပေါ် လာသည်။ ထိုအလင်းတန်းအတွင်း၌ ကင်းမြီးကောက်နက္ခတ်၊ နတ်ဘုရားသတ်မြှား နက္ခတ်၊ ဧရာမဝက်ဝံကြီးနက္ခတ် အစရှိသည့် နက္ခတ်တာရာများ၏ လျှို့ဝှက်ချက်များကို ဖော်ဆောင်နေသော အစီအရင်များစွာ လည်ပတ်နေ၏။ ၎င်းမှာ ထန်ဟိုင်လုံ အရင်က အသုံးပြုခဲ့ဖူးသည့် ကြယ်တာယာကိုးဆင့်ပြောင်းလဲခြင်း ပညာရပ်ပင် ဖြစ်သည်။
သံသယဖြစ်စရာမလိုဘဲ ဤအစစ်မှန် စွမ်းအင်မှာ ရှင်းချန်ကျိ၏ စွမ်းအင်ပင် ဖြစ်ပေသည်။
အခြားသော စွမ်းအင်နှစ်ခုအနက် တစ်ခုမှာမူ ဂီတသံစဉ်များစွာဖြင့် ဖွဲ့စည်းထားသည့် မဟာအစီအရင်ကြီးတစ်ခု ဖြစ်ပြီး ‘ထာဝရအာဃာတ မိစ္ဆာတေးသံ’ ကို လုံးဝ ချေဖျက် ပေးနေသည်။ ထိုဂီတသံစဉ်များ မြည်ဟည်းလာသည်နှင့်အမျှ လေဟာနယ်အတွင်း၌ ကြာပန်းများစွာ ပွင့်လန်းလာ၏။ ထိုအခါမှသာ ဟုန်ယွိသည် ‘စကားပြောရာတွင် ကြာပန်းများ ပွင့်လန်းစေခြင်း’ ဆိုသည့် အဓိပ္ပာယ်ကို နားလည်သွားတော့သည်။ ဤသည် မှာ ယောင်ချီဂိုဏ်းချုပ် ယွန်ယင်ကျိ၏ မွေးရာပါ နတ်ဘုရားစွမ်းရည် ဖြစ်ပေသည်။
အခြားစွမ်းအင် တစ်ခုမှာမူ ဖြူစင်ဝင်းပနေပြီး တိမ်တိုက်များကဲ့သို့ နူးညံ့နေသော်လည်း အတွင်းမှာမူ အတိုင်းအဆမရှိ ပြင်းထန်ပြီး၊ သန်မာကာ၊ တုန်လှုပ်ချောက်ချားဖွယ် စွမ်းအင် များ ကိန်းအောင်းနေ၏။ ဤသည်မှာ လျန်ယွန်ကျိ လောကကို စိုးမိုးရန် အသုံးပြုသော အစစ်မှန် စွမ်းအင်ပင် ဖြစ်သည်။
တိမ်လိပ်ရေလှိုင်းဒေါသ။
ဟုန်ယွိသည် တစ်ခါက ကဗျာတစ်ပုဒ်၏ စာနှစ်ကြောင်းကို ဖတ်ခဲ့ဖူးသည်။ ဒဏ္ဍာရီအရ ၎င်းမှာ ‘မူလစွမ်းအင်အကယ်ဒမီ’ မှ မူလစွမ်းအင်သခင် ရေးသားခဲ့ခြင်းဖြစ်ပြီး၊ ၎င်းကဗျာ က လျန်ယွန်ကျိ၏ ‘တိမ်လိပ်ရေလှိုင်းဒေါသ’ စွမ်းအားကို ဤသို့ ဖော်ညွန်းထားသည်။ “သမုဒ္ဒရာ လေးစင်းက လှုပ်ခတ်လာကာ၊ တိမ်တိုက်များက အမျက်ထွက်၊ တိုက်ကြီး ငါးတိုက် တုန်လှုပ်သွား၊ လေပြင်းနှင့် မိုးကြိုးများက ကြမ်းတမ်းလာ။” ဟူ၏။
ဤသည်ကို ကြည့်ခြင်းဖြင့် ‘တိမ်လိပ်ရေလှိုင်းဒေါသ’ ၏ စွမ်းအားကို သိနိုင်ပေသည်။ ၎င်းသည် ကမ္ဘာဦး (ရှေးဦးခေတ်) က ဖန်ဆင်းခြင်း စွမ်းအင်ဖြစ်သည့် ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ ကို မယှဉ်နိုင်သော်လည်း ဘုံသုံးပါးမူလစွမ်းအင်အမြောက်ကို မူ သေချာပေါက် ယှဉ်နိုင်ပေသည်။
ကြီးမြတ်သော နတ်ဘုရားစွမ်းရည် သုံးပါးဖြစ်သည့် ကြယ်တာယာကိုးဆင့်ပြောင်းလဲခြင်း၊ မွေးရာပါ နတ်ဘုရားတေးသံနှင့် တိမ်လိပ်ရေလှိုင်းဒေါသ တို့သည် နတ်ဘုရားဘိုးဘေး တောင်၏ အပြင်ဘက်ရှိ မိစ္ဆာစွမ်းအင်တွေကို ရိုက်ခတ်လိုက်ရာ ခဏချင်းမှာပင် မိစ္ဆာ စွမ်းအင်တွေ ဆုတ်ဖြဲခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် မိစ္ဆာစွမ်းအင်တွေကြားမှ ထာဝရ အာဃာတ မိစ္ဆာနန်းတော် ပေါ်ထွက်လာသည်။
လွန်ခဲ့သော နှစ်တစ်ထောင်က တာအိုဂိုဏ်းကြီး သုံးဂိုဏ်းမှ ဘိုးဘေး သုံးဦးသည် တကယ့်ကို ထူးခြားလှပေသည်။
…
“ရှင်းချန်ကျိ၊ ယွန်ယင်ကျိ၊ လျန်ယွန်ကျိ... ခင်ဗျားတို့ သေချင်နေကြတာပဲ။ ဒါပေမဲ့ ဒီနေ့ တော့ ကျုပ် ခင်ဗျားတို့ကို မသတ်သေးဘူး။ တကယ်လို့ ခင်ဗျားတို့သာ အစစ်မှန် ကမ္ဘရီယန် စွမ်းအင်တွေကို စုစည်းပြီး နတ်ဘုရားဘိုးဘေးတောင်ကို အသက်သွင်းလိုက်မယ်ဆိုရင် ကျုပ် အသာစီးရတော့မှာ မဟုတ်ဘူး။” ကောင်းကင်ဖြို ဧကရာဇ်၏ နက်ရှိုင်းသော အသံက ထာဝရအာဃာတမိစ္ဆာ နန်းတော်အတွင်းမှ ထွက်ပေါ်လာသည်။ မိစ္ဆာစွမ်းအင်များသည် တာအိုဘိုးဘေး သုံးဦး၏ စွမ်းအင်တွေကို ထပ်ခါတလဲလဲ ခုခံနေသည်။ သူသည် တစ်ဦးတည်းဖြင့် သုံးဦးကို ရင်ဆိုင်နေရသော်လည်း အရေးနိမ့်မည့်ပုံ လုံးဝ မပေါ်ပေ။
“ထာဝရအာဃာတ မိစ္ဆာနန်းတော်၊ ထာဝရနာကျည်းမှုတွေဟာ အဆုံးမသတ်နိုင်ဘူး၊ ကောင်းကင်ဖြို လျှို့ဝှက်ပညာရပ်... ဘိုးဘေးနတ်ဘုရားတောင်ကို ဖျက်ဆီးပစ်စမ်း၊ သတ်... သတ်... သတ်... သတ်... ကောင်းကင်ကို ဖြိုခွဲပြီး ကမ္ဘာမြေကို ဆုတ်ဖြဲပစ်။”
ကြီးမြတ်သော နတ်ဘုရားစွမ်းရည်သုံးပါးကို ခုခံနေစဉ်မှာပင် ထာဝရအာဃာတ မိစ္ဆာ နန်းတော်အတွင်းမှ ရူးသွပ်ဖွယ် အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သရဖူတစ်ခု ဆောင်းထားပြီး မိစ္ဆာဝတ်ရုံကို ဝတ်ဆင်ထားသော အရပ်ရှည်ရှည်၊ ထွားကြိုင်းသန်မာသည့် တာအိုပညာရှင်တစ်ဦး ပေါ်ထွက်လာသည်။ ထိုတာအိုပညာရှင်သည် အလွန်ငယ်ရွယ်ပုံရ ပြီး ချန်ပီယံမြို့စားကဲ့သို့ပင်။ သို့သော် သူ၏ သရဖူအောက်မှာမူ လျစ်လျူရှု၍ မရနိုင်သော မိစ္ဆာဧကရာဇ်တစ်ပါး၏ အရှိန်အဝါတွေ ရှိနေ၏။ အထူးသဖြင့် သူ၏ မျက်လုံးများသည် မည်းနက်နေပြီး အတိုင်းအဆမရှိ နာကျည်းမှုများဖြင့် ပြည့်နှက်နေသည်။
“ဒါ မိစ္ဆာလမ်းစဉ်ရဲ့ နံပါတ်တစ်ပညာရှင် ကောင်းကင်ဖြို ဧကရာဇ်ရဲ့ နတ်ဘုရား စိတ်ဝိညာဉ် ခန္ဓာကိုယ် အစစ်ပေါ့၊” ဟုန်ယွိက ဆိုလိုက်သည်။
ကောင်းကင်ဖြို ဧကရာဇ်သည် သူ၏ အစစ်မှန် ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သည့်အခါ သူ၏အရပ်သည် ပေပေါင်းသောင်းနှင့်ချီ၍ မြင့်မားသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှ ဖြူလွလွ မြူခိုးများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားသည်။ ဤသည်မှာ ‘ကမ္ဘာမြေ နို့အနှစ်’ ပင် ဖြစ်သည်။
ကမ္ဘာမြေနို့အနှစ်သည် သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားသည်နှင့် သူ၏ ခန္ဓာကိုယ်သည် ကမ္ဘာမြေကြီးကဲ့သို့ပင် လေးလံလာသည်ဟု ခံစားလိုက်ရသည်။ သူ၏ လက်သီးချက်သည် လေပြင်းကဲ့သို့ ရွေ့လျားသွားပြီး တောင်ကြီးတစ်လုံးခန့်ရှိ လက်သီးတစ်ချက်သည် နတ်ဘုရား ဘိုးဘေးတောင်ဆီသို့ ထိုးနှက်လိုက်တော့သည်။
“မင်း... မင်းက ကမ္ဘာမြေနို့အနှစ်ကိုတောင် သုံးရက်တယ်လား။”
ထိုလက်သီးချက်သည် တာအိုဘိုးဘေး သုံးဦး၏ စွမ်းအင်တွေကို လမ်းကြောင်းလွဲသွားစေ ပြီး ကောင်းကင်ယံသို့ ပျံတက်သွားစေသည်။ တာအိုဘိုးဘေး သုံးဦးအနက် တစ်ဦးမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သို့သော် နောက်ကျသွားပြီ။
ကောင်းကင်ဖြို ဧကရာဇ်၏ တောင်တစ်လုံးခန့်ရှိသော လက်သီးသည် နတ်ဘုရားဘိုးဘေး တောင်ကို ဝန်းရံထားသော မမြင်နိုင်သည့် မှော်အကာအကွယ် အစီအရင်ကို ထိမှန်သွားပြီး၊ တဘုန်းဘုန်း မြည်သံတွေနှင့်အတူ အတားအဆီးကြီး ပေါက်ပြဲသွားပါသည်။
နတ်ဘုရားဘိုးဘေးတောင်သည် ပြင်းထန်စွာ တုန်ခါသွားပြီး အပြင်ဘက်ရှိ အကာအကွယ် များ၊ အစီအရင်များနှင့် ကာကွယ်ရေး မှော်သင်္ကေတ အားလုံး ဖောက်ထွင်းခံလိုက်ရသည်။
“ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...”
နတ်ဘုရားဘိုးဘေးတောင်၏ အကာအကွယ်မှာ ဖြစ်ပေါ်သွားသည့် အပေါက်ကြီးမှ တစ်ဆင့် မိစ္ဆာအလင်းတန်း လေးခုသည် တောင်အတွင်းသို့ အလျင်အမြန် တိုးဝင်လာကြ သည်။ ထိုအလင်းတန်း လေးခုမှာ ပြိုင်ဘက်ကင်း မိစ္ဆာအိုကြီး လေးဦးဖြစ်သည့် အရိုးစု ပညာရှင်၊ သွေးအရိပ်၊ ထျန်းရှဲ့ကျိနှင့် နောက်ထပ် တာအိုပညာရှင် တစ်ဦးတို့ ဖြစ်ကြသည်။ နောက်ထပ် ပုဂ္ဂိုလ်မှာ ခန္ဓာကိုယ်တစ်ခုလုံး တစ္ဆေအရှိန်အဝါများဖြင့် ဖုံးလွှမ်းနေပြီး ထူးခြားသည့် အမှောင်ယင် သံမဏိနတ်ဆိုးစွမ်းအင်တွေ ပါဝင်နေသည်။
ပြောစရာပင် မလိုချေ။ ၎င်းမှာ အမှောင် လျှို့ဝှက်ယင်တာအိုဂိုဏ်း၏ ဘိုးဘေး ရွှမ်ယင်းကျိ ပင် ဖြစ်သည်။
ဟုန်ယွိသည် သူ၏ထံမှ ‘အမှောင်ယင် တာအိုသီး’ တစ်လုံးကိုပင် လုယူခဲ့ဖူးသည်။
ထိုမိစ္ဆာအိုကြီး လေးဦးလုံးသည် မိုးကြိုးကပ်ဘေး ၆ ကြိမ် ကျော်ဖြတ်ထားသည့် ပညာရှင် များ ဖြစ်ကြသည်။ ဟုန်ယွိ၏ တိုက်ခိုက်မှုကြောင့် သူတို့၏ မိစ္ဆာလက်နက်များနှင့် တာအို သစ်သီးများ ဆုံးရှုံးခဲ့ရသော်လည်း အခုအခါမှာမူ သူတို့သည် သိုးအုပ်ထဲရောက်နေတဲ့ ကျားများကဲ့သို့ပင်။
နတ်ဘုရားဘိုးဘေးတောင်မှာ ပညာရှင်များစွာ ရှိသော်လည်း မိုးကြိုးကပ်ဘေး ၆ ကြိမ် ကျော်ဖြတ်ထားသူမှာ အလွန်နည်းပါးလှပေသည်။ တာအိုဂိုဏ်းတွေမှာ လူအင်အား များပြားသော်လည်း ထိပ်တန်းပညာရှင် နည်းပါးသည်။ အခြားတစ်ဖက်မှာမူ မိစ္ဆာဂိုဏ်းများ သည် လူနည်းသော်လည်း အားလုံးမှာ ထိပ်တန်းအဆင့်များ ဖြစ်ကြသည်။
ချက်ချင်းဆိုသလိုပင် အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
နတ်ဘုရားဘိုးဘေးတောင်၏ အပြင်ဘက်ရှိ တပည့်များသည် တခဏအတွင်းမှာပင် အသတ်ခံလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲသွားကာ စိတ်ဝိညာဉ်များ ထွက်ပေါ်လာသော်လည်း မိစ္ဆာစွမ်းအင်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ထိုအခါ မိစ္ဆာစွမ်းအင်များသည် ပိုမိုအားကောင်းလာပြီး မိစ္ဆာအိုကြီး လေးဦးသည်လည်း ပိုမို ရက်စက်ကြမ်းကြုတ်လာကြသည်။
အင်မော်တယ် တစ်သောင်းခန်းမအတွင်း၌ တစ္ဆေအင်မော်တယ် ရာနှင့်ချီ၍ ရှိနေပြီး မိုးကြိုး ကပ်ဘေး ကျော်ဖြတ်ထားသူ ၇၀ မှ ၈၀ အထိ ရှိကာ သူတို့အားလုံးမှာ မှော်ရတနာများ ရှိကြသည်။ သို့သော် ခန်းမ၏ အပြင်ဘက်မှာမူ တစ္ဆေအင်မော်တယ်များ မရှိကြပေ။ တပည့်များသည် အစွမ်းထက်ကြသော်လည်း သူတို့မှာ ခန္ဓာကိုယ်သိမ်းပိုက်ခြင်း အဆင့်မှာ သာ ရှိကြသေးသည်။ သူတို့အနေဖြင့် မိုးကြိုးကပ်ဘေး ၆ ကြိမ် ကျော်ဖြတ်ထားသော မိစ္ဆာအိုကြီးတစ်ဦးကို မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။
ခဏချင်းမှာပင် အမှန်တရားလမ်းစဉ်မှ တပည့်ပေါင်း တစ်ရာခန့် အသတ်ခံလိုက်ရရာ ဆုံးရှုံးမှု ကြီးမားလှပေသည်။
…
“ဟိုင်လုံ... သူတို့ကို တားဆီးလိုက်။ အားလုံးပဲ... အတူတူ တိုက်ခိုက်ကြစမ်း။”
ကောင်းကင်သံစဉ် နတ်သမီး၏ အသံထွက်ပေါ်လာသည်။ မြစိမ်းရောင် ရထားလုံးသည် လှုပ်ရှားသွားပြီး ပုံရိပ်တစ်ခု ပျံထွက်လာသည်။ သူမသည် အင်မော်တယ် တစ်သောင်းခန်းမ ၏ အပြင်ဘက်သို့ ရောက်ရှိလာသည့်အခါ လက်ကို မြှောက်လိုက်ရာ လရောင်ပူဖောင်းကြီး တစ်ခုသည် မိစ္ဆာအိုကြီး လေးဦးကို လွှမ်းခြုံသွားသည်။
လစန္ဒာကောင်းကင်စက်ဝန်း၊
“နတ်သမီး... မင်းတစ်ယောက်တည်းနဲ့ ငါတို့ လေးယောက်လုံးကို ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာလား။”
အရိုးစုပညာရှင်က ဟိန်းဟောက်လိုက်ပြီး၊ သွေးအရိပ်က ကြမ်းကြုတ်စွာ ရယ်မောကာ၊ ထျန်းရှဲ့ဇိက လှောင်ပြုံးပြုံးပြီး ရွှမ်ယင်းဇိကလည်း ခနဲ့လိုက်သည်။ မိစ္ဆာအိုကြီး လေးဦး သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြရာ စွမ်းအင်စစ်လှိုင်းကြီးသည် လရောင် ပူဖောင်း ၇ ခုလုံးကို တိုက်ရိုက် ချေဖျက်ပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ထူးဆန်းလှ သည့် လက်သည်းကြီး လေးစုံသည် ကောင်းကင်သံစဉ် နတ်သမီးကို တိုက်ရိုက် လှမ်းဆုပ် လိုက်ကြသည်။
“ဝှစ်”
ဤစိုးရိမ်စရာ အခြေအနေမှာ ထန်ဟိုင်လုံသည် လှုပ်ရှားလိုက်သည်။ လူသားလမ်းစဉ် ရွှေဒင်္ဂါးဓားသည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ မိစ္ဆာအိုကြီး လေးဦးကို ပိုင်းဖြတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရွှေရထား လုံးကို ထမ်းထားသည့် ခွန်အားကြီး နတ်ဘုရား စိန်မျောက်ဝံကြီးများသည်လည်း အတူတူ တိုက်ခိုက်ကြသည်။ မျောက်ဝံကြီးများသည် ဟိန်းဟောက်လိုက်ကြရာ ကြီးမားလှသည့် အသံလှိုင်းကြီး ထွက်ပေါ်လာပြီး သူတို့၏ လက်ထဲမှ ဓားအလင်းတန်းများသည် မိစ္ဆာအိုကြီး များကို သတ်ဖြတ်ရန် ပျံထွက်သွားကြသည်။
“အားလုံးပဲ... အတူတူ တိုက်ခိုက်ပြီး မိစ္ဆာအိုကြီးတွေကို သတ်ကြစမ်း။”
ထန်ဟိုင်လုံ၏ အမိန့်ပေးသံအောက်မှာ အင်မော်တယ် တစ်သောင်းခန်းမအတွင်းရှိ ပညာရှင်များသည်လည်း စတင်တိုက်ခိုက်ကြတော့သည်။ တစ္ဆေအင်မော်တယ် ရာနှင့်ချီ၍ ရှိနေပြီး မိုးကြိုးကပ်ဘေးကျော်ဖြတ်ထားသူ ၇၀ မှ ၈၀ ခန့်သည် တစ်ပြိုင်နက်တည်း သူတို့၏ မှော်ရတနာများနှင့် အစစ်မှန် စွမ်းအင်တွေကို ထုတ်လွှတ်လိုက်ကြသည်။
ရိုးလင်းကျောက်တုံးဂိုဏ်း၏ ဂိုဏ်းချုပ်သည်လည်း ဤအချိန်တွင် ဘာကိုမျှ ဂရုမစိုက်နိုင် တော့ပေ။ သူက လက်ကို မြှောက်လိုက်ရာ သူ ခုနကတင် ဆက်သလိုက်သည့် ‘ရိုးလင်း ကျောက်တုံး ကောင်းကင်လုံး’ သည် ပြန်လည်ပျံတက်လာပြီး သူ၏ တန်ခိုးစွမ်းအားဖြင့် မိစ္ဆာအိုကြီး လေးဦးကို ပြင်းထန်စွာ ဖိနှိပ်လိုက်တော့သည်။
စူးရှတောက်ပလှသော အလင်းတန်းများသည် အင်မော်တယ် တစ်သောင်းခန်းမအတွင်းမှ ထွက်ပေါ်လာပြီး မိစ္ဆာအိုကြီး လေးဦးကို လုံးဝ လွှမ်းခြုံသွားသည်။
သို့သော် မိစ္ဆာအိုကြီး လေးဦးသည် အတူတူပူးပေါင်းထားပြီး အလွန်တရာ ပါးနပ်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည် ဖျတ်ခနဲ လှုပ်ရှားသွားပြီး စိတ်ဖြင့်ပင် အမှီမလိုက်နိုင်သော အလျင်နှုန်းဖြင့် တိုက်ရိုက် တိုက်ခိုက်မှုတွေကို ရှောင်ရှားလိုက်ကြသည်။ ထို့နောက် သူတို့သည် အင်မော်တယ် တစ်သောင်းခန်းမအတွင်းသို့ မမျှော်လင့်ဘဲ တိုးဝင်လာကြတော့ သည်။
“ဖူး”
မိစ္ဆာကောင်းကင်စက်ဝိုင်း…
သွေးအရိပ်၊ အရိုးစုပညာရှင်၊ ထျန်းရှဲ့ဇိနှင့် ရွှမ်ယင်းဇိတို့သည် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ သူတို့၏ စိတ်ဝိညာဉ် အတွေးစပေါင်း သောင်းနှင့်ချီ၍ လောင်ကျွမ်းသွားပြီး တစ်ချိန်တည်းမှာပင် သူတို့၏ စိတ်ဝိညာဉ် အတွေးစများကိုလည်း ခွဲခြား၍ မရအောင် ပေါင်းစည်းလိုက်ကြသည်။
မိစ္ဆာအိုကြီး လေးဦးမှာ စုစုပေါင်း မိုးကြိုးကပ်ဘေး စိတ်ဝိညာဉ် အတွေးစပေါင်း လေးသိန်း ခန့်ရှိရာ ၎င်းတို့အားလုံးကို သေးငယ်သည့် လွှဝိုင်းပုံစံအဖြစ် ပေါင်းစည်းလိုက်ကြသည်။ ၎င်း၏အလျင်နှုန်းမှာ အလွန်ပင် မြန်ဆန်လှပြီး အင်မော်တယ် တစ်သောင်းခန်းမအတွင်း သို့ တိုက်ရိုက်တိုးဝင်ကာ တာအိုပညာရှင် ရိုးလင်းကျောက်တုံးကို သတ်ဖြတ်လိုက်တော့ သည်။
သွေးများ ဖြာထွက်သွားသည်။ စောစောကမှ မာန်တက်နေသော တာအိုပညာရှင် ရိုးလင်း ကျောက်တုံးသည် ထိုခဏမှာပင် ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။ သူ၏ စိတ်ဝိညာဉ် အတွေးစများမှာ အရပ်မျက်နှာအနှံ့ လွင့်စင်သွားသော်လည်း မိစ္ဆာ ကောင်းကင်စက်ဝိုင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ စက်ဝိုင်းတစ်ပတ် လည်သွားရုံဖြင့် အစွမ်းထက်သော စိတ်ဝိညာဉ် အတွေးစပေါင်း သောင်းနှင့်ချီမှာ မိစ္ဆာအိုကြီး လေးဦး အတွက် ခွန်အားဖြည့်တင်းစရာ ဖြစ်သွားပြီး မိစ္ဆာကောင်းကင်စက်ဝိုင်း၏ စွမ်းအားမှာ လည်း ပိုမိုကြီးမားလာတော့သည်။
“မိစ္ဆာကောင်းကင်စက်ဝိုင်း၊ မိစ္ဆာအိုကြီးတွေက အစွမ်းကုန် ထုတ်သုံးနေပြီ” ဤအခြေအနေ ကို မြင်လိုက်ရသည့်အခါ ကောင်းကင်သံစဉ် နတ်သမီးသည် ထိတ်လန့်သွားတော့သည်။
မူလက တစ္ဆေအင်မော်တယ် ရာနှင့်ချီ၍ ရှိနေပြီး မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားသူ ၇၀ မှ ၈၀ ခန့် ရှိနေခြင်းမှာ မိစ္ဆာအိုကြီး လေးဦးကို သေချာပေါက် သတ်ဖြတ်နိုင်သော်လည်း ယခုအခါ မိစ္ဆာအိုကြီးလေးဦးသည် သူတို့၏ နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်ကြခြင်း ဖြစ်သည်။ သူတို့၏ စိတ်ဝိညာဉ် အတွေးစတွေကို လုံးဝပေါင်းစည်းလိုက်ပြီး အတွေးစ လေးသိန်းကျော်ဖြင့် ဖွဲ့စည်းထားသော ‘မိစ္ဆာကောင်းကင်စက်ဝိုင်း’ ၏ သတ်ဖြတ်နိုင်စွမ်း မှာ အလွန်ပင် ပြင်းထန်လှသည်။ တာအိုဂိုဏ်းမှ ပညာရှင်များသည် စည်းလုံးမှု မရှိကြသလို စိတ်ဝိညာဉ် အတွေးစတွေကိုလည်း ခန္ဓာကိုယ်ပြင်ပသို့ မထုတ်နိုင်ကြပေ။ တကယ်လို့ သူတို့အားလုံးက မဟာအစီအရင်တစ်ခုအဖြစ် မစုစည်းနိုင်ခဲ့ရင် မမျှော်လင့်ဘဲ ဆုံးရှုံးမှု ကြီးမားသွားနိုင်ပေသည်။
သေချာသည်မှာ... ဤအနေထားက မိစ္ဆာအိုကြီး လေးဦးအတွက်လည်း အလွန်အန္တရာယ် များလှပေသည်။ အကယ်၍ မိစ္ဆာကောင်းကင်စက်ဝိုင်းသာ ဖျက်ဆီးခံလိုက်ရရင် သူတို့ အားလုံး သေဆုံးသွားကြမည် ဖြစ်သည်။
သို့သော် အန္တရာယ်ရှိသော်လည်း မိစ္ဆာအိုကြီး လေးဦးသည် အင်မော်တယ်အားလုံးကို သတ်ဖြတ်ရန် မရည်ရွယ်သလို အသေအလဲ တိုက်ခိုက်ရန်လည်း မရည်ရွယ်ပေ။ သူတို့၏ ရည်မှန်းချက်မှာ ကောင်းကင်သံစဉ် နတ်သမီးပင် ဖြစ်သည်။
မိစ္ဆာကောင်းကင်စက်ဝိုင်းသည် လည်ပတ်လျက် တိုက်ခိုက်မှုများစွာကို ရှောင်ရှားကာ ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ ကောင်းကင်သံစဉ်နတ်သမီး၏ ရှေ့မှောက်သို့ တိုက်ရိုက် ရောက်ရှိလာသည်။
“ဝီ... ဝီ... ဝီ...” ကြိတ်ဆုံဝိုင်းခန့် ရှိသည့် မိစ္ဆာ ကောင်းကင်စက်ဝိုင်းသည် လည်ပတ်နေပြီး ကောင်းကင်သံစဉ် နတ်သမီးကို လုံးဝ လွှမ်းခြုံထားလိုက်သည်။
ကောင်းကင်သံစဉ် နတ်သမီးသည်လည်း သူမ၏ အစွမ်းထက်ဆုံး ‘ကောင်းကင်သံစဉ် စွမ်းအင်’ ကို ထုတ်ဖော်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို စတေးရပါစေကာမူ အသေအလဲ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
ထိုခဏမှာပင် ဟုန်ယွိသည် လှုပ်ရှားလိုက်တော့သည်။
“ခင်ဗျားတို့ မိစ္ဆာအိုကြီးတွေက ကျုပ်ရှေ့မှာတောင် မာန်တက်ရဲသေးတာလား။ ခင်ဗျားတို့ က ကောင်းကင်ဘုံသွားမယ့် လမ်းကိုမရွေးဘဲ ငရဲတံခါးဆီ အတင်းတိုးဝင်လာကြတာပဲ။” ဟုန်ယွိသည် မည်သည့် တန်ခိုးစွမ်းအားမျိုးကို ပိုင်ဆိုင်ထားသနည်း။ သူ၏ မျက်ခုံးနှစ်ခု ကြားမှာ ‘သူတော်စင်အပေါင်းခန်းမ’ ကို ဝှက်ထားခြင်း ဖြစ်သည်။ ကောင်းကင်သံစဉ် နတ်သမီး အန္တရာယ်ရှိနေသည်ကို မြင်လိုက်ရသည့်အခါ သူသည် ကမ္ဘာကို တုန်လှုပ်စေ မည့် တိုက်ကွက်တစ်ခုကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
ဟုန်ယွိ လှုပ်ရှားလိုက်သည့် ခဏမှာပင် သူသည် ကမ္ဘာဦးဖန်ဆင်းခြင်းကျမ်းစာကို အသုံးပြု လိုက်သည်။
ကမ္ဘာဦးဖန်ဆင်းခြင်းကျမ်းစာ၏ အစစ်မှန် စွမ်းအင်များသည် နတ်ဘုရားဘိုးဘေးတောင် တစ်ခုလုံးကို ပြည့်နှက်သွားစေသည်။
ဟုန်ယွိ၏ လက်ဝါးအတွင်းမှ ကမ္ဘာဦးဖန်ဆင်းခြင်း ကျမ်းစာကြီးသည် လင်းလက်သွားပြီး အလျင်အမြန်ပင် ပြန့်ကားသွားသည်။ ဟုန်ယွိသည် ခြေတစ်လှမ်း လှမ်းလိုက်ရာ မိစ္ဆာ ကောင်းကင်စက်ဝိုင်း၏ ရှေ့သို့ ခဏချင်း ရောက်သွား၏။ သူက လက်ဝါးဖြင့် ရှေ့သို့ ဖိနှိပ် လိုက်ရာ ကျမ်းစာကြီးမှာ မိစ္ဆာကောင်းကင်စက်ဝိုင်းကို ပတ်ပတ်လည် ဝန်းရံသွားတော့ သည်။
ထိုက်ကျိ နတ်ဘုရား မိုးကြိုး…
ဟုန်ယွိသည် ကျမ်းစာဖြင့် ဝန်းရံထားရုံတင် မကဘဲ သူ၏ မျက်ခုံးနှစ်ခုကြားမှ ကြီးမားလှ သည့် မိုးကြိုးလျှပ်စီးတန်းကြီးတွေကို ထုတ်လွှတ်လိုက်ရာ ခန်းမတစ်ခုလုံး မိုးကြိုးလျှပ်စီး များဖြင့် ပြည့်နှက်သွားသည်။ လှိုင်းလုံးကြီးများ တစ်ခုပြီးတစ်ခု တိုးဝင်လာပြီး၊ မြစ်ကြီး တစ်စင်း ပွင့်ထွက်လာသကဲ့သို့ပင်။
ခန်းမအတွင်းသို့ လှိမ့်ဝင်လာသည့် မိုးကြိုးလျှပ်စီး လှိုင်းလုံးကြီးတွေကို မြင်လိုက်ရသည့် အခါ အင်မော်တယ်များသည် ထိတ်လန့်တကြား ခုန်ရှောင်လိုက်ကြသည်။ သို့သော် မကြာခင်မှာပင် ထိုမိုးကြိုးလျှပ်စီးများသည် သူတို့ကို ထိခိုက်မှု မရှိစေဘဲ ရေကဲ့သို့ နူးညံ့နေ ကြောင်း သိလိုက်ရသည်။
ဗဟုသုတ ကြွယ်ဝသည့် ပညာရှင်အချို့မှာမူ ထိတ်လန့်သွားကြသည်။ “မိုးကြိုးကို ရေ အဖြစ် ပြောင်းလဲလိုက်တာလား။ ဒါက အဆင့်ကိုး မိုးကြိုးကပ်ဘေး ပညာရှင်တွေရဲ့ ပညာရပ်ပဲ။”
“ဒီထိုက်ကျိနတ်ဘုရားက အဆင့်ကိုး မိုးကြိုးကပ်ဘေး ပညာရှင်ပဲ။”
ဒဏ္ဍာရီများအရ မိုးကြိုးကပ်ဘေး အားလုံးကို ကျော်ဖြတ်ပြီးနောက်မှာ ရိုင်းစိုင်းကြမ်းတမ်း သည့် မိုးကြိုးတွေကို အမှန်တကယ် ထိန်းချုပ်နိုင်ပြီး ၎င်းတို့ကို ရေအဖြစ် ပြောင်းလဲနိုင်ကာ ဤလောကရှိ အကြမ်းတမ်းဆုံး စွမ်းအားကို အနူးညံ့ဆုံး ရေအဖြစ် ပြောင်းလဲနိုင်သည်ဟု ဆိုကြသည်။ မိုးကြိုးကပ်ဘေးကို ၉ ကြိမ် ကျော်ဖြတ်ပြီးနောက်မှာ မိုးကြိုးများကို ကြောက်စရာမလိုတော့ဘဲ ၎င်းကို အစေခံအဖြစ် ခိုင်းစေနိုင်ခြင်း ဖြစ်သည်။
ဟုန်ယွိ၏ ထိုက်ကျိမိုးကြိုးရေကန်နှင့် သူတော်စင်ပေါင်းစုံခန်းမ တို့သည် နတ်ဘုရား လက်နက်အားလုံး၏ ဘုရင်များ ဖြစ်ကြသည်။ ယန်နတ်ဘုရား ပညာရှင်တစ်ဦးပင်လျှင် ၎င်းတို့ရှေ့မှောက်မှာ ဆုတ်ခွာရပေလိမ့်မည်။ အခု သူက ထိုစွမ်းအားကို အသုံးပြုလိုက် သည့်အခါ သူ၏ စွမ်းအားမှာ အဆင့်ရှစ် မိုးကြိုးကပ်ဘေး သို့မဟုတ် အဆင့်ကိုး မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်ထားသူကဲ့သို့ပင် ကြီးမားလှပေသည်။
“ကောင်းကင်သံစဉ် နတ်သမီး... အဆင်ပြေရဲ့လား”
ကောင်းကင်သံစဉ် နတ်သမီးသည် အသေအလဲ တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် ထိုက်ကျိနတ်ဘုရားက သူမရှေ့မှာ ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ဤထိုက်ကျိ နတ်ဘုရားသည် မိစ္ဆာကောင်းကင်စက်ဝိုင်းကို လက်သီးဖြင့် ဝန်းရံထားပြီးနောက် မိုးကြိုး တွေ ထွက်ပေါ်လာသည်။ သူ၏ စွမ်းအားသည် ရှေးဦး ယန်နတ်ဘုရား ပညာရှင်တစ်ဦး ကဲ့သို့ပင် နတ်ဘုရားဘိုးဘေးတောင် တစ်ခုလုံးကို တုန်ခါသွားစေသည်။
“ဝုန်း”
ကမ္ဘာဦးဖန်ဆင်းခြင်းကျမ်းစာဖြင့် ဝန်းရံခံထားရသော မိစ္ဆာကောင်းကင်စက်ဝိုင်းသည် ပြင်းထန်စွာ တုန်ခါသွားပြီး ပေါက်ကွဲထွက်သွားကာ မိစ္ဆာရိပ် လေးခုအဖြစ် ပြောင်းလဲသွား သည်။ ထိုမိစ္ဆာရိပ်လေးခုသည် သူတို့၏ စိတ်ဝိညာဉ် အတွေးစများကို အပြင်းအထန် လောင်ကျွမ်းစေပြီး အပြင်ဘက်သို့ ပျံထွက်သွားကြတော့သည်။
ထိုအချိန်မှာ မိစ္ဆာအိုကြီး လေးဦးသည်လည်း သူတို့ကို သတ်ဖြတ်ကာ သူတို့၏ မှော်ရတနာ များနှင့် တာအိုသစ်သီးများကို လုယူခဲ့သူမှာ ဤအင်မော်တယ် တစ်သောင်းခန်းမအတွင်း၌ ရှိနေကြောင်း သိရှိသွားကြသည်။
“ကောင်းကင်ဖြို မဟာဧကရာဇ်၊ ထာဝရအာဃာတ မိစ္ဆာအစီအရင်စုကြီးကို ဖျက်ဆီးခဲ့တဲ့ လူက ဒီမှာ ရှိနေပါတယ်။”
မိစ္ဆာအိုကြီး လေးဦးသည် လွတ်မြောက်သွားပြီးနောက် နတ်ဘုရားဘိုးဘေးတောင်၏ အပြင်ဘက်သို့ ပျံထွက်သွားကြသည်။
သို့သော် ဟုန်ယွိက သူတို့ကို မည်ကဲ့သို့ အလွတ်ပေးပါမည်နည်း၊ ယခုအချိန်မှာ မိစ္ဆာအိုကြီး လေးဦးမှာ သန်မာသော်လည်း သူတို့၏ မှော်ရတနာများနှင့် တာအိုသစ်သီးများ ဆုံးရှုံးထား သဖြင့် စွမ်းအားများ အလွန် လျော့နည်းနေသည်။ အခြားတစ်ဖက်မှာမူ ဟုန်ယွိသည် သူတို့၏ ရတနာများနှင့် တာအိုသစ်သီးများကို ဝါးမြိုထားသဖြင့် စွမ်းအားများ ပိုမိုကြီးမား နေသည်။ ဤအခြေအနေမှာ ဟုန်ယွိအတွက် သူတို့ကို ကိုင်တွယ်ရန်မှာ မခက်ခဲပေ။
ထို့အပြင် ဟုန်ယွိသည် သူ၏ အရှိန်အဝါကို ထုတ်ဖော်ပြသရန် ဆုံးဖြတ်ထားသဖြင့် သူ၏ စွမ်းအား အားလုံးကို အသုံးချလိုက်သည်။
“ကောင်းကင်သံစဉ် နတ်သမီး... သတိထားပါ၊” ဟုန်ယွိသည် အတွေးတစ်ချက်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်ရာ အစစ်မှန် စွမ်းအင်လှိုင်းတစ်ခုသည် ကောင်းကင်သံစဉ် နတ်သမီးကို ကာကွယ်ပေးလိုက်သည်။
သူက ထိုအလွန်တရာ လှပသော ကောင်းကင်သံစဉ် နတ်သမီးကို သူ၏ ဘေးနားသို့ ဆွဲခေါ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် လေထဲမှာ ဖမ်းဆုပ်လိုက်ရာ ဧရာမ မိုးကြိုးလျှပ်စီး အလင်းတန်းကြီးသည် ပျံတက်သွားသည်။ မိုးကြိုးတောင်တန်းများ ထွက်ပေါ်လာပြီး အရှိန်အဝါ ကြီးမားသည့် မိုးကြိုးလျှပ်စီးများသည် အနည်းငယ် နောက်ကျကျန်ခဲ့သည့် အရိုးစုပညာရှင်ကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
ထိုက်ကျိ မိုးကြိုးအစုအဝေး…။
ဤတစ်ကြိမ်မှာ ဟုန်ယွိသည် သူ၏ စွမ်းအား အားလုံးကို ထုတ်သုံးလိုက်ပြီး ထိုက်ကျိ မိုးကြိုး ရေကန်၏ စွမ်းအားကို အသုံးချလိုက်ခြင်း ဖြစ်သည်။
အရိုးစုပညာရှင်သည် မိုးကြိုးလျှပ်စီးလှိုင်းများအောက်မှာ နစ်မြုပ်သွားစဉ် ကောင်းကင် တုန်ဟည်းမတတ် အော်ဟစ်လိုက်၏။ သူ၏ စိတ်ဝိညာဉ် အတွေးများသည် ဆက်တိုက်ဆို သလို ပေါက်ကွဲနေပြီး အတွေးစ တစ်သိန်းကျော်မှာလည်း မရပ်မနား တုန်ခါနေ၏။ သို့သော် ၎င်းတို့အားလုံးမှာ မိုးကြိုးလျှပ်စီးများ၏ ဝန်းရံခြင်းကို ခံလိုက်ရပြီး နာကျင်စွာ အော်ဟစ်နေကြတော့သည်။
တိုက်ကွက် နှစ်ကွက်အတွင်းမှာတင် ပြိုင်ဘက်ကင်း မိစ္ဆာအိုကြီးတစ်ဦးကို ဖမ်းဆီး သတ်ဖြတ်နိုင်ခဲ့သည်။
ဟုန်ယွိ၏ စွမ်းအားသည် ရောက်ရှိလာသူ အားလုံးကို တုန်လှုပ်သွားစေသည်။
ထို့အပြင် မိစ္ဆာအိုကြီး လေးဦး၏ အော်ဟစ်သံအရ ‘ထာဝရအာဃာတ မိစ္ဆာအစီအရင်စုကြီး’ ကို ဖျက်ဆီးခဲ့သူမှာ ဤပုဂ္ဂိုလ်ဖြစ်ကြောင်း လူတိုင်း သိသွားကြသည်။
“ဒီထိုက်ကျိပညာရှင်က တကယ်ကို အစွမ်းထက်တာပဲ။ ဒါက ဧကရာဇ်ချန်ရှန်း ပြန်လည် နိုးထလာတာလား၊ ဒါမှမဟုတ် ဧကရာဇ်ဖန်ရဲ့ လူပြန်ဝင်စားသူလား။”
ဤသည်မှာ အင်မော်တယ်အားလုံး၏ စိတ်ထဲမှာ ပေါ်လာသည့် တစ်ခုတည်းသော အတွေး ပင် ဖြစ်သည်။
“တကယ်ကို အစွမ်းထက်လွန်းတယ်...” ကောင်းကင်သံစဉ် နတ်သမီးသည်လည်း အလွန် ပင် ထိတ်လန့်သွားသဖြင့် သူမ၏ စိတ်ထဲမှာ ဘာမှမရှိတော့ဘဲ ဗလာဟင်းလင်း ဖြစ်သွား တော့သည်။