← Chapters

အခန်း ၅၈၂

Vol. 56 Ch. 582

အခန်း ၅၈၂

Vol. 56 Ch. 582

အခန်း (၅၈၂)။

မူလနဝမချောက် နတ်ဘုရားနယ်မြေ၏ ကိုးခုမြောက်အလွှာ... ထာဝရအသက် ဆန်းကြယ် နယ်မြေ။

နောက်ဆုံးတွင် ထိုနယ်မြေသည် လူတိုင်း၏ မျက်စိရှေ့မှောက်သို့ ပေါ်ထွက်လာခဲ့လေပြီ။

ထိုခဏတွင်... ဟုန်ယွိ၏ သူတော်စင်ပေါင်းစုံခန်းမ အတွင်းရှိ တာအိုဂိုဏ်းငယ်လေးများမှ တစ္ဆေအင်မော်တယ်များစွာ ရှိနေကြသည်။ ၎င်းတို့ထဲတွင် မိုးကြိုးကပ်ဘေး ဖြတ်ကျော် ထားသူ အနည်းငယ်သာ ပါဝင်ပြီး၊ အများစုမှာ မိုးကြိုးကပ်ဘေးကို ရင်မဆိုင်ရသေးသည့် တစ္ဆေအင်မော်တယ်များ ဖြစ်ကြကာ စုစုပေါင်း ၃၀ ကျော်ခန့် ရှိသည်။ သူတို့သည် ထာဝရအသက် ဆန်းကြယ် နယ်မြေကို မြင်လိုက်ရချိန်တွင် ပထမ၌ ဆွံ့အသွားကြပြီး၊ ထို့နောက်တွင်မူ ဤနေရာသို့ လုံခြုံစွာ ပို့ဆောင်ပေးနိုင်ခဲ့သည့် ဟုန်ယွိ၏ အံ့မခန်း မှော်စွမ်းအားကို ချီးကျူးကာ သက်ပြင်းချလိုက်ကြတော့သည်။

တစ္ဆေအင်မော်တယ် တစ်ဦး၏ ကျင့်ကြံမှု အဆင့်ဖြင့်ဆိုလျှင် အဆင့်ခြောက် မိုးကြိုး ကပ်ဘေး အဆင့်ရှိသူပင် ကမ္ဘရီယန် ချောက်နက်၊ ရှေးဟောင်း အမှောင်ထု ချောက်နက်နှင့် ထာဝရအသက်ချောက်နက် တို့ကို ဖြတ်ကျော်နိုင်ရန် မလွယ်ကူပေ။

ဤတစ္ဆေအင်မော်တယ်များသည် တာအိုဘိုးဘေး သုံးဦး၏ ဖိနှိပ်မှုကို အမြဲခံခဲ့ရသူများ ဖြစ်သဖြင့် ဟုန်ယွိ၏ ခန်းမဆောင်ထဲသို့ ခိုလှုံရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ ယခု အချိန်တွင်မူ သူတို့၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း အသေအချာ သိလိုက်ကြလေပြီ။

“ဒါက ထာဝရအသက် ဆန်းကြယ် နယ်မြေလား။”

ကြင်ယာတော်ယွမ်သည် ခန်းမအတွင်း၌ ရပ်လျက် အပြင်ဘက်ကမ္ဘာကို လှမ်းကြည့်လိုက် သည်။ သူမ မြင်လိုက်ရသည်မှာ ဝေဝါးနေသည့် ဗလာဟင်းလင်း နယ်မြေကြီးတစ်ခုသာ ဖြစ်သည်။ ကောင်းကင်လည်းမရှိ၊ မြေကြီးလည်းမရှိသလို အချိန်နှင့် ဟင်းလင်းပြင် တည်ရှိမှုကိုပင် အာရုံခံ၍ မရပေ။ အရာအားလုံးမှာ ထာဝရ ငြိမ်သက်နေပြီး ထာဝရ ပြောင်းလဲခြင်း မရှိသည့်အလားပင်။

ထိုနေရာရှိ လူတိုင်းသည် ကောင်းကင်နှင့် မြေကြီးကို မဖန်ဆင်းမီက ‘ကမ္ဘာဦး ဖရိုဖရဲ အခြေအနေ’ သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ပိုင်ဇိယွဲ့သည် အတွေးတစ်ချက်ဖြင့် အဆင့်လေး မိုးကြိုးကပ်ဘေး ဖြတ်ကျော်ထားသည့် စိတ်ဝိညာဉ် အတွေးစတစ်ခုကို အပြင်သို့ ထုတ်လွှတ်လိုက်သည်။ ထိုစိတ်ဝိညာဉ် အတွေးစ သည် ခန်းမအတွင်းရှိ အစီအရင် အလွှာလွှာကို ဖြတ်ကျော်ကာ ထာဝရအသက် ဆန်းကြယ် နယ်မြေအတွင်းသို့ ပျံဝင်သွားသည်။

“ဖျစ်..”

ထိုစိတ်ဝိညာဉ် အတွေးစသည် ထာဝရအသက် ဆန်းကြယ်နယ်မြေအတွင်းရှိ ထာဝရမူလ စွမ်းအင်များနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ရုတ်တရက် ရပ်တန့်သွားတော့သည်။ ၎င်းသည် ဆက်လက် လည်ပတ်ခြင်း မရှိတော့ဘဲ စိတ်ဝိညာဉ်အတွင်းရှိ အတွေးစတိုင်း မှာလည်း ရပ်တန့်သွားသည်။

၎င်းသည် လှုပ်ရှား၍မရအောင် ချုပ်နှောင်ခံလိုက်ရသကဲ့သို့ပင်။ အတွင်းရှိ စိတ်ဝိညာဉ် အမှတ်အသားမှာလည်း ပျက်စီးသွားသကဲ့သို့ ခံစားရ၏။ သို့သော်လည်း ပိုင်ဇိယွဲ့မှာ အာရုံခံနိုင်ဆဲ ဖြစ်သည်။ ထိုစိတ်ဝိညာဉ် အတွေးစအတွင်းရှိ စိတ်ဝိညာဉ် အမှတ်အသားမှာ ရှိနေဆဲ ဖြစ်သော်လည်း ‘ဗလာ’ ဖြစ်နေသည့် ပုံစံမျိုးဖြင့်သာ တည်ရှိနေခြင်း ဖြစ်သည်။

၎င်းမှာ မလှုပ်ရှားနိုင်၊ မပျံသန်းနိုင်၊ မပြေးနိုင်၊ မခုန်နိုင်သလို တွေးပင် မတွေးတောနိုင် တော့ပေ။ ထိုခဏ၌ ထိုအတွေးစမှာ ထာဝရ အေးခဲသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း နာကျင်မှု သို့မဟုတ် စိုးရိမ်ပူပန်မှုများ မရှိဘဲ၊ ထိုငြိမ်သက်နေသည့် ဗလာနယ်မြေအတွင်း၌ ကြီးမားသော ကြည်နူးမှု ခံစားချက်မျိုးသာ ရှိနေသည်။

သူသည် ထိုစိတ်ဝိညာဉ် အတွေးစကို ပြန်လည် မရုပ်သိမ်းနိုင်တော့ပေ။

“အံ့ဩစရာပဲ၊ ဒီက ထာဝရမူလစွမ်းအင်က အရမ်းကို အစွမ်းထက်တာပဲ။ ငါတို့သာ ဒီခန်းမ ဆောင်ထဲမှာ မရှိနေဘူးဆိုရင် ငါတို့ရဲ့ စိတ်ဝိညာဉ်တွေဟာ ဒီစွမ်းအင်တွေရဲ့ ချိပ်ပိတ်တာ ကို ခံရပြီး ရက်စွဲ၊ နှစ်စွဲမရှိဘဲ ဒီနေရာမှာ ထာဝရ ရှိနေရတော့မှာပဲ။” ပိုင်ဇိယွဲ့က ထိတ်လန့် တကြား ဆိုသည်။ “ငါ့ရဲ့ ‘ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်’ တောင် ဒီနယ်မြေမှာ အသုံးမဝင်ဘူး။”

“ဒီနေရာက အင်မတန် အစွမ်းထက်တယ်၊ ‘ဖန်ဆင်းရှင်’ သခင်တွေတောင် သတိထားရ မယ့် နေရာမျိုးပဲ။” ဟုန်ယွိက အပြင်ဘက်ရှိ ဝေဝါးနေသော ထာဝရမူလစွမ်းအင်များကို ကြည့်ကာ ပြောလိုက်သည်။ ဤနေရာတွင် အချိန်မှာ ရပ်တန့်နေကြောင်း သူ သိထားသည်။ အကယ်၍ သူသာ အပြင်သို့ ပျံထွက်သွားပါက သူ၏ အတွေးစတစ်ခုချင်းစီကို လှုပ်ရှားနိုင် ရန်အတွက် ကြီးမားသော စွမ်းအားများကို သုံးစွဲရပေလိမ့်မည်။

မှော်စွမ်းအား အားနည်းသူဖြစ်ပါက အတွေးစများမှာ လုံးဝ ရပ်တန့်သွားမည်ဖြစ်ပြီး၊ အတွင်း၌ အေးခဲကာ ထာဝရ မလှုပ်ရှားနိုင်တော့ပေ။

“ဒီထဲမှာ ထာဝရ အသက်ရှင်နိုင်ပြီး ဘယ်တော့မှ မသေနိုင်တာတော့ အမှန်ပဲ။ ဒါပေမဲ့ အဲဒီလိုကြီး ထာဝရ အသက်ရှင်နေရတော့ရော ဘာထူးမှာလဲ။” ဓားနတ်သမီးက မျက်မှောင် ကြုတ်လျက် ဆိုသည်။

“တကယ်ကို အဓိပ္ပာယ်မရှိဘူး၊ ဒါပေမဲ့ ထာဝရ ပျောက်ကွယ်သွားတာထက်စာရင်တော့ တော်ပါသေးတယ်။ တစ်နေ့နေ့မှာ ဒီမူလနဝမချောက် နတ်ဘုရားနယ်မြေမှာ တစ်ခုခု ဖြစ်လာတဲ့အခါ အတွင်းကလူတွေ ပြန်ပြီး အသက်ဝင်လာနိုင်တာပေါ့။” ဟုန်ယွိက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ဒီက ထာဝရမူလစွမ်းအင်က အရမ်းကို နက်နဲတယ်။ တကယ်လို့ ခင်ဗျားသာ ကြီးမားတဲ့ မှော်စွမ်းအားကို ပိုင်ဆိုင်ထားရင် ဒီစွမ်းအင်တွေကို စုဆောင်းပြီး မှော်ရတနာတွေ ဒါမှမဟုတ် ဆေးလုံးတွေ ဖော်စပ်တဲ့နေရာမှာ သုံးလို့ရတယ်။ အဲဒါတွေက အနှိုင်းမဲ့ ရတနာတွေ ဖြစ်လာမှာပဲ။”

“ဟုတ်တယ်၊ ကမ္ဘရီယန် ချောက်နက်၊ ရှေးဟောင်း အမှောင်ထု ချောက်နက်နဲ့ ထာဝရ အသက် ဆန်းကြယ်နယ်မြေတွေက မှော်ရတနာတွေလိုပါပဲ။ ဒီသုံးလွှာက မူလစွမ်းအင် စီးကြောင်းတိုင်းဟာ အလွန်အစွမ်းထက်တဲ့ အရာတွေချည်းပဲ။ နှမြောစရာကောင်းတာက ဒါတွေကို စုဆောင်းဖို့က အရမ်းခက်ခဲနေတာပဲ။ ပြီးတော့ ဒီနေရာအထိ ဘယ်သူကရော ရောက်လာနိုင်မှာမို့လို့လဲ။” ပိုင်ဇိယွဲ့က ဆိုသည်။

“ဟုန်ယွိ... ရှင့်မှော်စွမ်းအားနဲ့ဆိုရင် ထာဝရမူလစွမ်းအင် တချို့ကို စုဆောင်းနိုင်မှာပဲ။ ရှင် အဲဒီစွမ်းအင်တွေကို စုဆောင်းကြည့်ပါလား။” ဓားနတ်သမီးက အကြံပြုသည်။

“မလောပါနဲ့ဦး။ ထာဝရမူလစွမ်းအင်က အရမ်းကို နက်နဲတယ်။ ဒါကို စုဆောင်းဖို့ဆိုရင် ငါ့ရဲ့မှော်စွမ်းအားတွေ အများကြီး သုံးရလိမ့်မယ်။ ငါ့ရဲ့ ‘အနှိုင်းမဲ့ မိုးကြိုးရေကန်’ တောင်မှ ဒီနေရာမှာ ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး မိုးကြိုးစွမ်းအင်တွေကို မစုပ်ယူနိုင်ဘူး။ ဒါကြောင့် စွမ်းအင်ကို ချွေတာထားတာ ပိုကောင်းမယ်။ အခုအချိန်မှာ သူတော်စင်ပေါင်းစုံ ခန်းမရဲ့ ရှေ့ဆက်ရမယ့် ခြေလှမ်းတိုင်းက စွမ်းအင်တွေ အများကြီး ကုန်ဆုံးနေတာ။ မဆင်မခြင် လုပ်တာက ပညာရှိရာ မရောက်ဘူး။” ဟုန်ယွိက ခေါင်းခါကာ ငြင်းလိုက်သည်။

ထာဝရအသက် ဆန်းကြယ်နယ်မြေ အတွင်းသို့ ရောက်ရှိပြီးနောက် သူတော်စင်ပေါင်းစုံ ခန်းမ၏ လှုပ်ရှားမှုမှာ သိသိသာသာ အကန့်အသတ် ဖြစ်လာသည်။ အစီအရင်များ၏ လည်ပတ်မှုမှာ ယခင်ကထက် ဆယ်ဆခန့် ပိုမို နှေးကွေးသွားသည်။

အကယ်၍ ဇမ္ဗူအစီအရင်တွင် ဟင်းလင်းပြင်စွမ်းအင် မပါဝင်ခဲ့ပါလျှင်၊ ဗုဒ္ဓသင်္ကန်းတော် တွင် ‘မဟာဝဇိရ ပါရမီတာအို’ ပညာရပ် မပါဝင်ခဲ့လျှင်၊ ဟုန်ယွိသည် ဤခန်းမကို သန့်စင် စဉ်က ‘စကြဝဠာ ကျမ်းစာနှစ်စောင်’ ၏ အနှစ်သာရကို ထည့်သွင်းမထားခဲ့လျှင်၊ ‘ထိုက်ကျိ မိုးကြိုးရေကန်’ တွင် အစီအရင်ပေါင်း တစ်သိန်းကျော်ကို လည်ပတ်စေနိုင်သည့် မိုးကြိုး စွမ်းအင် အမြောက်အမြား မရှိခဲ့လျှင်... ဤသူတော်စင်ပေါင်းစုံခန်းမသည် ထာဝရအသက် ဆန်းကြယ်နယ်မြေ အတွင်း၌ ကြာမြင့်စွာကတည်းက အေးခဲသွားခဲ့ပေလိမ့်မည်။ အဆုံးသတ်တွင် နောင်နှစ်ပေါင်း ထောင်ချီကြာပြီးမှ ရတနာလာရှာသူများ၏ လက်ထဲသို့ သာ ရောက်ရှိသွားပေလိမ့်မည်။ ဤနယ်မြေသည် ထိုမျှအထိ အန္တရာယ်ကြီးမားလှပေ သည်။

“အခု ငါတို့ အဓိက လုပ်ဆောင်ရမှာက ခုန်းရဲ့ရုပ်ကြွင်း၊ သူ့ရဲ့ဆာဟာ ရတနာသစ်ပင်နဲ့ ထာဝရအသက် တာအိုသစ်သီးတို့ကို ရှာဖွေဖို့ပဲ။ အဲဒါတွေကို တွေ့ပြီးမှ စွမ်းအင်ကျန်သေး တယ်ဆိုရင် ထာဝရမူလစွမ်းအင်ကို စုပ်ယူကြတာပေါ့။ မဟုတ်ရင် ငါတို့ ချက်ချင်းပဲ ဒီနတ်ဘုရား နယ်မြေကနေ ဖောက်ထွက်ပြီး မဟာကမ္ဘာကို ပြန်ကြမယ်။” ဟုန်ယွိက ခန်းမအတွင်းရှိ တစ္ဆေအင်မော်တယ်များနှင့် ဂိုဏ်းချုပ်များကို ကြည့်ကာ ပြောလိုက်သည်။ “အားလုံးပဲ... ခင်ဗျားတို့အားလုံး ကျုပ်ရဲ့ခန်းမပေါ်ကို တက်လာကြပြီဆိုတော့၊ ကျုပ် ဟုန်ယွိအနေနဲ့ ခင်ဗျားတို့ကို မဟာကမ္ဘာကြီးဆီ ပြန်ခေါ်သွားဖို့ တွန့်တိုနေမှာ မဟုတ်ပါ ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ မှတ်ထားရမှာက မဟာကမ္ဘာကို ပြန်ရောက်တဲ့အခါ ဆူဆူပူပူ သောင်းကျန်းမူတွေ မလုပ်ကြဖို့ပဲ။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး လူသားတွေကို ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားကြပါ။ ဒါပေမဲ့ ခင်ဗျားတို့ လွတ်လွတ်လပ်လပ် နေချင်တယ်ဆိုရင် လည်း ရပါတယ်။”

“ထိုက်ကျိ အင်မော်တယ်က မဟာကမ္ဘာကြီးကို အုပ်စိုးနေသရွေ့ ဘယ်သူမှ မဆင်မခြင် မလုပ်ရဲပါဘူး။” တစ္ဆေအင်မော်တယ်အဆင့် ဂိုဏ်းချုပ်တစ်ဦးက ဆိုသည်။ “ဒါပေမဲ့ တာအို ဘိုးဘေး သုံးဦးကတော့ ရည်မှန်းချက် ကြီးကြတယ်။ သူတို့က အင်မော်တယ်တွေကို ဦးဆောင်ပြီး မဟာကမ္ဘာကြီးမှာ တာအိုဂိုဏ်းတစ်ခုတည်းက အုပ်စိုးတဲ့ စနစ်ကို ထူထောင် ချင်နေကြတာ။ မဟာကမ္ဘာကြီးက လူတိုင်းကို သူတို့ကို ကိုးကွယ်ခိုင်းပြီး ယုံကြည်မှု စွမ်းအင်တွေ စုဆောင်းကာ သူတို့ရဲ့ နတ်ဘုရားဘိုးဘေးတောင်ကို သန့်စင်ချင်နေကြတာ ပဲ။ အဲဒီလိုဆိုရင် သူတို့ရဲ့ မှော်စွမ်းအားက နိဗ္ဗာနအဆင့်ကိုတောင် ကျော်လွန်သွားနိုင်ပြီး လူသားမျိုးနွယ်ကြားမှာ ကြီးမားတဲ့ လှိုင်းလုံးကြီးတွေ ဖြစ်လာပါလိမ့်မယ်။”

“မှန်တယ်၊ တာအိုဘိုးဘေး သုံးဦးက ရည်မှန်းချက် ကြီးတယ်။ အခု အဲဒီဂိုဏ်း သုံးဂိုဏ်းရဲ့ လက်အောက်မှာ ကျွန်ပေါင်း သန်းချီ ရှိနေတာ။ မိသားစုတိုင်းက ဘိုးဘေး သုံးဦးကို နေ့ညမ ပြတ် အမွှေးတိုင်ထွန်းပြီး ကိုးကွယ်နေကြရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာ၊ သုံးရာ အတွင်းမှာ သူတို့ ယုံကြည်မှုစွမ်းအင်တွေ အများကြီး စုဆောင်းထားပြီးပြီ။ နတ်ဘုရား ဘိုးဘေးတောင်ကို အဲဒီယုံကြည်မှု စွမ်းအင်တွေနဲ့ပဲ သန့်စင်ထားတာ။” ဓားနတ်သမီးက ဆိုသည်။

“တာအိုဘိုးဘေး သုံးဦး ပြန်ရောက်လာလို့ လူသားမျိုးနွယ်ကြားမှာ ပြဿနာရှာမယ်ဆိုရင် တော့ ကျုပ်လည်း သည်းခံနေမှာ မဟုတ်ဘူး။ ကျုပ် သူတို့နဲ့ အသက်ပေးပြီး တိုက်မှာပဲ။ ဒါပေမဲ့ ဒါက ပြန်ရောက်မှ စဉ်းစားရမယ့် ကိစ္စပါ။ အားလုံးပဲ ကိုယ့်တာဝန်ကိုယ် ကျေပွန်ကြ ပါ။ ကျုပ် ခင်ဗျားတို့ကို စကားတစ်ခွန်း လက်ဆောင်ပေးချင်တယ်၊ အဲဒါကတော့ ‘သဘော ထားကြီးခြင်း’ ပဲ။ ခင်ဗျားတို့ကိုယ်တိုင်က သဘောထားကြီးရင် အခြားသူတွေကိုလည်း သဘောထားကြီးခွင့် ပေးလိုက်ပါ။” ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။ သူသည် ခန်းမထဲ သို့ ရောက်လာသည့် ဤတစ္ဆေအင်မော်တယ်များကို သူ၏ လက်အောက်ခံအဖြစ် အတင်း အကျပ် ခိုင်းစေရန် ရည်ရွယ်ချက် မရှိပေ။

အကယ်၍ အတင်းအကျပ် လုပ်မည်ဆိုလျှင် သူသည် တာအိုဘိုးဘေး သုံးဦးနှင့် ဘာမှ ထူးတော့မည် မဟုတ်ပေ။ ဤတစ္ဆေအင်မော်တယ်များသည် မဟာကမ္ဘာသို့ ပြန်ရောက် သည့်အခါ လွတ်လပ်စွာ နေထိုင်နိုင်ကြမည် ဖြစ်သည်။

“ထိုက်ကျိ အင်မော်တယ် ပြောတာ မှန်ပါတယ်”

တစ္ဆေအင်မော်တယ် ဂိုဏ်းချုပ်များစွာမှာ ဟုန်ယွိ၏ ဆိုလိုရင်းကို နားလည်သွားကြပြီး၊ ဟုန်ယွိသည် သူတို့ကို ချုပ်ကိုင်ထားမည် မဟုတ်ကြောင်း သိလိုက်ကြသည်။ မဟာကမ္ဘာ သို့ ပြန်ရောက်၍ အင်မော်တယ်များအဖြစ် လွတ်လပ်စွာ လှည့်လည်သွားလာရမည့် အချိန်ကို လူတိုင်း တောင့်တနေကြတော့သည်။

တစ်ချိန်တည်းမှာပင် သူတို့သည် ဟုန်ယွိနှင့် ဤခန်းမဆောင်ကြီးကို ကြည့်ကာ စိတ်ထဲ တွင် အတွေးတစ်ခု ပေါ်လာကြသည်။ “ဒါဟာ အမှန်တရားလမ်းစဉ်ပဲ...”

ထိုခဏ၌ တစ္ဆေအင်မော်တယ် ဂိုဏ်းချုပ်များ၏ မျက်နှာအမူအရာကို ကြည့်နေသော ကောင်းကင်သံစဉ် နတ်သမီးသည် သူမ၏ ပခုံးလေးကို လက်ဖြင့်ကိုင်ကာ ရှေ့သို့ စိုက်ကြည့်နေသည်။ သူမ ဘာတွေ တွေးနေသလဲဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။

…

“သွားကြစို့”

ဟုန်ယွိက အော်ဟစ်လိုက်ရင်း ‘ထိုက်ကျိ မိုးကြိုးရေကန်’ ရှိ မူလစွမ်းအင်အားလုံးကို အစွမ်းကုန် နှိုးဆော်လိုက်သည်။ ခန်းမဆောင်ကြီးသည် ထာဝရအသက် ဆန်းကြယ် နယ်မြေ အတွင်းသို့ ဖြည်းညင်းစွာ ရွေ့လျားသွားတော့သည်။

အပေါ်တွင် ကောင်းကင်မရှိသဖြင့် အဆုံးမရှိ မြင့်တက်သွားနိုင်သလို၊ အောက်တွင် မြေကြီး မရှိသဖြင့်လည်း အဆုံးမရှိ နိမ့်ဆင်းသွားနိုင်သည်။ နယ်နိမိတ်မရှိ၊ လမ်းညွှန်ချက်မရှိသည့် နေရာမျိုးတွင် တစ်ခုခုကို ရှာဖွေရန်မှာ မည်မျှ ခက်ခဲလိမ့်မည်နည်း။

ဟုန်ယွိကိုယ်တိုင်ပင်လျှင် ‘ဟင်းလင်းပြင်’ ကို ရှာတွေ့နိုင်ရန် အကြွင်းမဲ့ ယုံကြည်မှု မရှိပေ။ မဟာကမ္ဘာရှိ ပြည်နယ်တစ်ခုအတွင်း အပ်တစ်ချောင်းကို ရှာရသည်မှာ သူ၏အတွက် လွယ်ကူနိုင်သော်လည်း၊ ဤထာဝရအသက် ဆန်းကြယ် နယ်မြေထဲတွင် တစ်ခုခုကို ရှာရန်မှာမူ အလွန်ပင် ခက်ခဲလှသည်။ အကြောင်းမှာ မြေပုံမရှိ၊ လမ်းညွှန်ချက်မရှိသလို လှုပ်ရှားရန်ပင် ခက်ခဲလှသောကြောင့် ဖြစ်သည်။ ထို့အပြင် ဤနယ်မြေသည် ဟင်းလင်း ပြင် လေဟာနယ် မုန်တိုင်းနှင့် နှိုင်းယှဉ်နိုင်လောက်အောင် ကျယ်ဝန်းလှသည်။

အချိန်အတော်ကြာ ခရီးနှင်ပြီးသည့်တိုင် ဘာမှ မတွေ့ရသေးသဖြင့် ဟုန်ယွိသာမက ခန်းမထဲရှိ တစ္ဆေအင်မော်တယ်များပါ စတင် စိုးရိမ်လာကြသည်။

“ငါတို့ ဒီနေရာမှာ ထာဝရ ပိတ်မိနေတော့မှာလား။”

“ထာဝရအသက် ဆန်းကြယ်နယ်မြေဆိုတာ အင်မော်တယ်တွေရဲ့ သင်္ချိုင်းဂူပဲ။ ထာဝရ အသက်ရှင်ခြင်းဆိုတာ သင်္ချိုင်းဂူတစ်ခုလိုပါပဲ။ မင်းက ထာဝရအသက်ရှင်ချင်ရင် အရင်ဆုံး သေဆုံးရလိမ့်မယ်။ သေခြင်းတရားကမှ ထာဝရအသက်ရှင်ခြင်းပဲ။ ဒါက ဇင်ဘာသာဆန် တဲ့ အဓိပ္ပာယ်ပဲ...” ထိုခဏတွင် ကောင်းကင်သံစဉ် နတ်သမီးလေးက စကားဆိုလာသည်။ သူမ၏ သာမန်စကားတစ်ခွန်းမှာပင် ခန်းမထဲရှိ တစ္ဆေအင်မော်တယ်များ၏ စိုးရိမ်စိတ်ကို ပယ်ဖျက်ပေးလိုက်ပြီး သူတို့၏ စိတ်ဓာတ်ကို ပြန်လည် မြှင့်တင်ပေးလိုက်သည်။

“ဒီမိန်းကလေးက သူမရဲ့ စွမ်းအားကို ဝှက်ထားတာပဲ။ သူမကို လျှော့မတွက်နဲ့။ ဟုန်ယွိ... သူမထောင်ချောက်ထဲ မကျစေနဲ့။ သူ့ကို ဒီခန်းမထဲ မခေါ်လာသင့်ဘူး။ ဒီရတနာရှာပုံတော် ခရီးက အန္တရာယ် အကြီးဆုံးပဲ။” ပိုင်ဇိယွဲ့က တွေးလိုက်သည်။

“ဂိုဏ်းချုပ်ပိုင်... ရှင် ကျွန်မအပေါ် တစ်ခုခု မှားယွင်းပြီး သံသယဝင်နေတာလား။ လူတွေ ပြောကြတာတော့ လူကြီးလူကောင်းဆိုတာ သဘောထားကြီးပြီး၊ လူယုတ်မာဆိုတာက တော့ အမြဲတမ်း စိတ်ပူပန်နေတတ်သတဲ့။ ဂိုဏ်းချုပ်ပိုင်က လူကြီးလူကောင်း တစ်ယောက် ပဲ၊ ဘာလို့ ရှင့်စိတ်ထဲမှာ စိုးရိမ်မှုတွေ ရှိနေတာလဲ။” ပိုင်ဇိယွဲ့ တွေးတောနေစဉ်မှာပင် ကောင်းကင်သံစဉ် နတ်သမီးလေးက သူအတွေးကို သိနေသကဲ့သို့ လှည့်ကြည့်ကာ ကြည်လင်သော အသံဖြင့် မေးလိုက်သည်။

“ဟားဟား၊ ကျွန်တော်က လူကြီးလူကောင်း မဟုတ်ပါဘူး၊ ကျွန်တော်က နတ်ဆိုး တစ်ကောင်ပါ” ပိုင်ဇိယွဲ့က ရယ်မောလိုက်သည်။

“နတ်ဆိုးတဲ့လား... ကောင်းတဲ့စကားပဲ။ သခင်လေးဟုန်နဲ့ ကျွန်မအဖေလို လူမျိုးတွေကမှ လူကြီးလူကောင်းလို့ ခေါ်ထိုက်တာ။ ကျန်တဲ့လူတွေကတော့ အဲဒီလိုဖြစ်အောင် အတင်းဟန်ဆောင်နေကြတာပဲ။ ဂိုဏ်းချုပ်ပိုင်... ရှင်က တကယ်ကို ပွင့်လင်းတာပဲ။ ကျွန်မ တစ်ခါက နတ်ဘုရားဘိုးဘေးတောင်ရဲ့ စာကြည့်တိုက်ထဲကို ရောက်ခဲ့ဖူးတယ်။ အဲဒီမှာ ‘ထျန်းကန်းကျိ’ ချန်ထားခဲ့တဲ့ စာအုပ်တစ်အုပ် ရှိတယ်။ အဲဒီမှာ သူ့ရဲ့ ကျင့်ကြံမှုဆိုင်ရာ အတွေ့အကြုံတွေ ပါဝင်ပြီးတော့ အဲဒါက အစစ်မှန် ခုနှစ်စင်ကြယ်ဂိုဏ်းရဲ့ စာအုပ်ပဲ။ ဂိုဏ်းချုပ်ပိုင်အနေနဲ့ စိတ်ဝင်စားလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မတို့ ဒီနယ်မြေ ကနေ ပြန်တဲ့အခါ အဲဒီစာအုပ်ကို ရှင့်ကို ပြန်ပေးမယ်၊ ဒါမှမဟုတ် မိတ္တူတစ်ခု ကူးပေးမယ်။ ဘယ်လိုလဲ။”

ကောင်းကင်သံစဉ် နတ်သမီးလေး၏ အသံမှာ လေလွင့်နေသည့် ခေါင်းလောင်းသံလေးကဲ့ သို့ပင်။ ၎င်းတွင် အခြားသူများ၏ နားကို ဆွဲဆောင်နိုင်သည့် မှော်ဆန်သော စွမ်းအားတစ်ခု ပါဝင်နေသည်။

“မင်း တကယ်ပြောတာလား။”

ပိုင်ဇိယွဲ့ပင်လျှင် စိတ်လှုပ်ရှားသွားရသည်။ အစစ်မှန် ခုနှစ်စင်ကြယ်ဂိုဏ်း၏ အတော်ဆုံး ဂိုဏ်းချုပ်တစ်ဦးဖြစ်သူ ထျန်းကန်းကျိသည် အမှန်တရားလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် တိုက်ပွဲကြီးအတွင်း ကျဆုံးခဲ့ရသည်။ သူ၏ မှော်ရတနာနှင့် စာအုပ်အချို့မှာ တာအိုဘိုးဘေး သုံးဦး၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သဖြင့် ဂိုဏ်းအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ခဲ့ရ သည်။ အကယ်၍ သူမသာ ထိုစာအုပ်ကို ရရှိခဲ့လျှင် အကျိုးကျေးဇူးမှာ အလွန်ပင် ကြီးမား လှပေလိမ့်မည်။

သို့သော်လည်း ပိုင်ဇိယွဲ့သည် ဤကောင်းကင်သံစဉ် နတ်သမီးလေးနှင့် ရင်ဆိုင်ရချိန်တွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ ဦးဆောင်မှုကို လက်လွတ်လိုက်ရသကဲ့သို့ ခံစားလိုက်ရ သည်။ သူမ၏ လှုပ်ရှားမှုနှင့် အတွေးများအားလုံးမှာ ဤအမျိုးသမီး၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိနေသကဲ့သို့ပင်။

…

“မဟာကမ္ဘာကို ပြန်ရောက်တဲ့အခါ ဒီ ကောင်းကင်သံစဉ် နတ်သမီးလေးဟာ တိုင်ရှန် တာအိုဂိုဏ်း သူတော်စင်မိန်းမပျို ဆုမူကို ယှဉ်နိုင်မယ့် အမျိုးသမီးတစ်ယောက် ဖြစ်လာမှာ ပဲ။ ဆုမူ... ဆုမူ... အခုတော့ ခင်ဗျားမှာ ပြိုင်ဘက်တစ်ယောက် ရပြီပေါ့။ ခင်ဗျား ကျုပ်အပေါ်ပဲ အမြဲမျက်စိကျပြီး လာညည်းတွားမနေရအောင် ခင်ဗျားအတွက် ပြိုင်ဘက် တစ်ယောက် ရှာပေးလိုက်တာပဲ။”

ဟုန်ယွိသည်လည်း ကောင်းကင်သံစဉ် နတ်သမီးနှင့် ပိုင်ဇိယွဲ့တို့၏ စကားဝိုင်းကို သတိပြုမိသည်။ သူသည် ဤအမျိုးသမီးတွင် ပရိယာယ်များ ရှိနေနိုင်သည်ကို မကြောက် ပေ။ သူမ မဟာကမ္ဘာသို့ ပြန်ရောက်ပါက သေချာပေါက် ဆူညံသွားလိမ့်မည် ဖြစ်သော် လည်း၊ ကမ္ဘာကြီး ဝရုန်းသုန်းကား ဖြစ်နေချိန်တွင် သူရဲကောင်းများနှင့် ပါရမီရှင်များစွာ မရှိပါက စိတ်ဝင်စားစရာ ကောင်းတော့မည် မဟုတ်ပေ။

“သခင်လေးဟုန်... ကျွန်မတို့ ဒီအတိုင်းပဲ လိုက်ရှာနေရင် ခုန်းရဲ့ ရုပ်ကြွင်းကို တွေ့ဖို့ မလွယ်ဘူး ထင်တယ်။” ကောင်းကင်သံစဉ် နတ်သမီးလေးက ရုတ်တရက် ဆိုလိုက်သည်။

“အော်...” ဟုန်ယွိက လက်နှစ်ဖက်ကို အင်္ကျီလက်ထဲထည့်ကာ မတ်တပ်ရပ်လိုက်သည်။ “နတ်သမီးမှာ နည်းလမ်းရှိလို့လား။”

“ရှိတာပေါ့။ ကျွန်မအဖေ ကျိန့်ချိကျိဟာ ဒီနတ်ဘုရားနယ်မြေအကြောင်းကို အတော်လေး နက်နက်နဲနဲ လေ့လာခဲ့တာ။ သူ ချန်ထားခဲ့တဲ့ မှတ်တမ်းတွေ အများကြီးရှိပြီး ကျွန်မလည်း အကုန်ဖတ်ဖူးတယ်။ အဲဒီထဲမှာ နက္ခတ်ဗေဒင်၊ ပြက္ခဒိန် တွက်ချက်မှု၊ အချိန်နဲ့ ဟင်းလင်း ပြင်၊ အတိတ်နဲ့ အနာဂတ်၊ ပြီးတော့ နိမိတ်ဖတ်တာတွေလည်း ပါတယ်။ အထူးသဖြင့် ဒီ ထာဝရအသက် ဆန်းကြယ်နယ်မြေထဲမှာ ကျွန်မအနေနဲ့ လမ်းညွှန်ချက်တွေကို ရှာနိုင်ပြီး အနာဂတ်ကိုလည်း နည်းနည်းလောက် သိနိုင်တယ်။” ကောင်းကင်သံစဉ် နတ်သမီးက ပြုံးလျက် ဆိုသည်။ “ဒါပေမဲ့ ကျွန်မသာ ခုန်းရဲ့ရုပ်ကြွင်းကို ရှာပေးနိုင်မယ်ဆိုရင် သခင်လေးဟုန်အနေနဲ့ ကျွန်မကို တစ်ခုလောက် ကတိပေးနိုင်မလား။”

“ဘာများလဲ။”

“အင်း...” ကောင်းကင်သံစဉ် နတ်သမီးလေးက ခဏလောက် စဉ်းစားလိုက်သည်။ “ကျွန်မ မစဉ်းစားရသေးဘူး။”

“မစဉ်းစားရသေးရင်လည်း နောက်မှ ပြောကြတာပေါ့” ဟုန်ယွိက ပြုံးလိုက်သည်။ “ခင်ဗျား အဖေ ကျိန့်ချိကျိက အနာဂတ်ကို သိခဲ့တာလား၊ သူက ကွန်ဖြူးရှပ်ဂိုဏ်းဝင် မဟာပညာရှင် တစ်ယောက်ဖြစ်သလို ဗဟုသုတလည်း အရမ်းကြွယ်ဝတာပဲ။ ကျွန်တော်လည်း သူ့ရဲ့ မှတ်တမ်းတွေကို ကြည့်ပြီး ကျွန်တော့် အယူအဆတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ချင် တယ်။ ခင်ဗျားကလည်း ခင်ဗျားအဖေရဲ့ အမွေကို ဆက်ခံထားတဲ့ ပါရမီရှိတဲ့ မိန်းကလေး တစ်ယောက်ပဲ။ ဒါဆိုရင် မဟာကမ္ဘာကို ပြန်ရောက်တဲ့အခါ လူတွေကို အနာဂတ်အတွက် တကယ် ကူညီပေးနိုင်မယ့် ကျမ်းစာတစ်စောင်ကို ကျွန်တော် ပြုစုပါ့မယ်။ ခင်ဗျားက ကျိန့်ချိကျိရဲ့ သမီးအနေနဲ့ ကျွန်တော်နဲ့အတူ အဲဒီကျမ်းစာကို ပြုစုပေးပါလား။”

“ဒါက တကယ့်ကို ကောင်းတာပဲ။”

ကောင်းကင်သံစဉ် နတ်သမီးလေး၏ မျက်ခုံးလေးများမှာ လခြမ်းကွေးလေးသဏ္ဌာန် ကွေးသွားသော်လည်း အခြား ဘာမှ မပြောတော့ပေ။ သူမသည် ခေတ္တမျှ စဉ်းစားပြီး နောက်တွင် လက်ကို ဝှေ့ယမ်းလိုက်ရာ လိပ်ခွံတစ်ခု သူမ၏ လက်ထဲတွင် ပေါ်လာသည်။ ဤလိပ်ခွံမှာ အနှစ်တစ်ထောင်သက်တမ်းရှိ လိပ်ကြီးတစ်ကောင်၏ အခွံဖြစ်ပြီး ထူးခြား သော အရောင်အဝါများဖြင့် တောက်ပနေသည်။

သူမသည် ခေတ္တမျှ ဆုတောင်းပြီးနောက် ကွန်ဖြူးရှပ်ဂိုဏ်းဝင်များ၏ ထုံးစံအတိုင်း နိမိတ်ဖတ်သည့် အခမ်းအနားကို ပြုလုပ်လိုက်ရာ၊ သူမ၏ လက်ချောင်းထိပ်မှ အတွေးစ တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင်တော့ လိပ်ခွံပေါ်တွင် ပုံစံများစွာ ထွက်ပေါ်လာ တော့သည်။

ရှုပ်ထွေးနေသော ထိုပုံစံများကို ကြည့်ပြီး နတ်သမီးလေးက ရှေ့သို့ ညွှန်ပြလိုက်သည်။ “တည့်တည့်သွားပါ၊ ပြီးရင် ကွေ့မယ်၊ ပြီးရင် အောက်ကို နစ်ဆင်းမယ်၊ ပြီးရင် ညာဘက်ကို ပြန်ကွေ့မယ်...” သူမသည် လမ်းညွှန်ချက်ပေါင်း များစွာကို ဆက်တိုက် ပြောပြသည်။ ဟုန်ယွိသည် မည်သည့်အမူအရာမျှ မပြဘဲ သူတော်စင်ပေါင်းစုံခန်းမကို သူမ ညွှန်ပြသည့် အတိုင်း ပြင်းထန်စွာ မောင်းနှင်သွားတော့သည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိရသော်လည်း - “ဝုန်း…”

သူတော်စင်ပေါင်းစုံခန်းမ တစ်ခုလုံး ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ရွှံ့ထဲတွင် ပိတ်မိနေသော ကားတစ်စီး ရုတ်တရက် လွတ်မြောက်သွားသကဲ့သို့ပင်။

သူတို့သည် ထူးဆန်းသော ဟင်းလင်းပြင်တစ်ခုသို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် ထာဝရ မူလစွမ်းအင်များ မရှိတော့ဘဲ အချိန်စီးဆင်းမှုမှာလည်း မဟာကမ္ဘာနှင့် အတူတူပင် ဖြစ်နေသည်။ ထာဝရမူလစွမ်းအင်များအားလုံးမှာ တစ်နေရာရာသို့ စုပ်ယူခံလိုက်ရသည့် အလားပင်။

တစ်ချိန်တည်းမှာပင် ဟုန်ယွိနှင့် အခြားသူများ၏ မျက်စိရှေ့တွင် ထူးဆန်းသော အသီးများ သီးနေသည့် ဧရာမ သစ်ပင်ကြီးတစ်ပင် ပေါ်လာသည်။ ထိုသစ်ပင်အောက်တွင်မူ ဧရာမ မျောက်ဝံကြီးတစ်ကောင် ထိုင်နေသည်ကို မြင်လိုက်ရသည်။

သေချာပါပြီ... သူတို့သည် ထာဝရအသက် ဆန်းကြယ်နယ်မြေ၏ အကြီးမားဆုံးသော ရတနာကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။

၎င်းမှာ... ခုန်း၏ ရုပ်ကြွင်းပင် ဖြစ်သည်။

All Chapters