← Chapters

အခန်း ၅၈၃

Vol. 56 Ch. 583

အခန်း ၅၈၃

Vol. 56 Ch. 583

အခန်း (၅၈၃)။

“ဒါက ဆာဟာရတနာသစ်ပင်လား၊ တကယ်ကို ခန့်ညားထည်ဝါလိုက်တာ။”

“သစ်ပင်ကောင်းတစ်ပင်၊ အသီးကောင်းတစ်လုံး၊ မျောက်တစ်ကောင်”

“သူက တစ်ချိန်တုန်းက လေဟာနယ်ကို ဖျက်ဆီးနိုင်ခဲ့တာပဲ၊”

“ဒီရတနာတွေကို ရပြီးတာနဲ့ လောကမှာ တာအိုသခင် ဖြစ်လာတော့မှာပဲ။ ဗုဒ္ဓဖြစ်ဖို့ဆိုတာ အတွေးတစ်ချက်ပဲ လိုတော့တယ်။”

…

ဆာဟာရတနာသစ်ပင်၊ ထာဝရအသက် တာအိုသစ်သီးနှင့် ခုန်း၏ ရုပ်ကြွင်းတို့ကို မြင်လိုက်ရချိန်တွင် ရှိနေသူအားလုံး တုန်လှုပ်သွားကြသည်။ သို့သော်လည်း ၎င်းတို့ကို ချက်ချင်း ဝိုင်းဝန်းလုယူရန် စိတ်ကူးမရှိကြပေ။

အကြောင်းမှာ သစ်ပင်အောက်တွင် ထိုင်နေသည့် ဧရာမမျောက်ဝံကြီးမှာ အလွန်ပင် ခန့်ညားထည်ဝါလွန်းသောကြောင့် ဖြစ်သည်။

၎င်းသည် ခြေဖဝါးများကို အပေါ်သို့ လှန်လျက် တင်ပျဉ်ခွေထိုင်နေသည်။ မျက်နှာအမူအရာ မှာ တည်ငြိမ်အေးချမ်းနေပြီး မျက်လုံးများကို အနည်းငယ် ပိတ်ထားသည်။ မျောက်ဝံကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးမှ မဟာစကြဝဠာကြီးတစ်ခုလုံးကို တုန်ခါစေနိုင်သည့် နတ်ဘုရား တန်ခိုး အရှိန်အဝါများ အစဉ်မပြတ် ထွက်ပေါ်နေသည်။

၎င်း၏ အနှစ်သာရ၊ ချီစွမ်းအားနှင့် စိတ်ဝိညာဉ်တို့မှာ လွင့်ပျယ်မသွားဘဲ မျောက်ဝံကြီး၏ ခန္ဓာကိုယ်အတွင်း၌ လည်ပတ်နေဆဲဖြစ်ကာ အချိန်မရွေး နိုးထလာနိုင်သည့် နတ်ဘုရား သန္ဓေသားတစ်ခုကဲ့သို့ပင်။

၎င်းသည် တရားထိုင်ရင်း ပျံလွန်တော်မူသွားသည့် ကျင့်ကြံသူတစ်ဦးနှင့် မတူဘဲ ခေတ္တမျှ အနားယူအိပ်စက်နေသည့် ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် ပိုတူနေသည်။

မျောက်ဝံကြီးခုန်းသည် ရှေးဟောင်းနတ်ဘုရားဟူသော ဘွဲ့နှင့် ထိုက်တန်လှပေသည်။ စစ်နတ်ဘုရား ‘ရှန့်’ ပင်လျှင် ၎င်း၏ သိုင်းပညာရှေ့မှောက်တွင် ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ရ သည်။ ဤမျောက်ဝံကြီး၏ ဒဏ္ဍာရီမှာ စာအုပ်ဆယ်အုပ် ရေးလျှင်ပင် ကုန်နိုင်မည် မဟုတ်ပေ။

ထိုကဲ့သို့သော အနှစ်သာရ အရှိန်အဝါများကြောင့် တစ္ဆေအင်မော်တယ်များသာမက ဟုန်ယွိပင်လျှင် ရတနာများကို သိမ်းဆည်းရန်အတွက် ရှေ့သို့ မဆင်မခြင် မတိုးရဲပေ။

ထို့အပြင် ထာဝရအသက် တာအိုသစ်သီးသည် ဆာဟာရတနာသစ်ပင် ပေါ်တွင် ချိတ်ဆွဲ လျက်ရှိပြီး ဘယ်တော့မှ မရပ်တန့်သည့် နှလုံးသားတစ်ခုကဲ့သို့ အစဉ်တစိုက် လှုပ်ရှားနေ သည်။

ထာဝရအသက် တာအိုသစ်သီး တစ်ခါ ခုန်လိုက်တိုင်း ထာဝရမူလစွမ်းအင် စီးကြောင်း တစ်ခုမှာ အတွင်းသို့ စုပ်ယူခြင်း ခံရသည်။ ဤဟင်းလင်းပြင်အတွင်းရှိ ဗလာနယ်မြေကြီး ဖြစ်ပေါ်လာရန်အတွက် အချိန်မည်မျှကြာအောင် စုပ်ယူခဲ့ရသည်ကို မည်သူမျှ မသိနိုင်ပေ။

ထာဝရအသက် တာအိုသစ်သီးသည် အမှန်တကယ်ပင် ထာဝရအသက် ဆန်းကြယ် နယ်မြေ အတွင်းရှိ စွမ်းအင်များကို စုပ်ယူကာ ကြီးထွားလာနေခြင်း ဖြစ်သည်။ ၎င်းသည် ပြည့်စုံလွန်းလှသည်။

ဆာဟာရတနာသစ်ပင်၏ အမြစ်များသည် ပေပေါင်း ထောင်ချီ ရှည်လျားပြီး ၎င်းတို့သည် လည်း ထာဝရစွမ်းအင်များထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ကာ ထာဝရမူလစွမ်းအင် အာဟာရများကို စုပ်ယူ၍ ကိုယ်ပိုင်အစွမ်းအဖြစ် ပြောင်းလဲနေသည်။

အမြစ်များက နက်ရှိုင်းသလို သစ်ရွက်များမှာလည်း ထူထဲသန်မာလှသည်။ ၎င်းတို့သည် လေနှင့်အတူ ယိမ်းနွဲ့နေပြီး သစ်ရွက်ချင်း ပွတ်တိုက်သံများ ထွက်ပေါ်နေသည်။

နှစ်ပေါင်း သန်းချီ ကြာပြီးနောက်တွင် ဤရတနာသစ်ပင်ကြီးသည် တစ်နေ့တွင် ဤနယ်မြေအတွင်းရှိ ထာဝရမူလစွမ်းအင်အားလုံးကို စုပ်ယူသွားလိမ့်မည်ဟု ဟုန်ယွိ သံသယဝင်မိသည်။ ထို့နောက်တွင်မူ ၎င်းသည် မဟာစကြဝဠာကြီးအတွင်း အမြစ်တွယ် ကာ ‘ကမ္ဘာ့သစ်ပင်’ တစ်ပင် ဖြစ်လာပေလိမ့်မည်။ ၎င်းသည် မဟာစကြဝဠာကြီး၏ အာဟာရအားလုံးကို စုပ်ယူကာ ပါရမီလမ်းစဉ်သို့ ကူးမြောက်နိုင်သည့် စွမ်းအင်များအဖြစ် ပြောင်းလဲပစ်ပေလိမ့်မည်။

မျောက်ဝံကြီးမှာ အသက်ရှိနေသကဲ့သို့ပင်။ ထာဝရအသက်အသီးမှာလည်း အသက်ရှိနေ သည်။ ဆာဟာရတနာသစ်ပင်မှာလည်း အသက်ရှိနေဆဲ။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် မည်သူက မဆင်မခြင် ရှေ့တိုးရဲမည်နည်း။

“ခုန်းက သေပြီလား ဒါမှမဟုတ် အသက်ရှင်နေသေးတာလား၊ တကယ်လို့ သေပြီဆိုရင် တော့ ရှေ့တိုးပြီး သိမ်းယူလို့ရတယ်၊ ဒါပေမဲ့ အသက်ရှင်နေသေးရင်တော့ သူက အရမ်းကို ကြောက်စရာကောင်းလိမ့်မယ်။” ပိုင်ဇိယွဲ့က မျောက်ဘိုးဘေးကြီးကို ကြည့်ကာ ဂရုတစိုက် ပြောလိုက်သည်။

ဤမျောက်ဝံကြီးသည် မျောက်မျိုးနွယ်ကြားရှိ ဒဏ္ဍာရီတစ်ခု ဖြစ်သည်။ ‘မျောက်ဝံဖြူ ဘုရင်’ အဖြစ် ပိုင်ဇိယွဲ့သည်ပင်လျှင် ၎င်းကို မရိုသေဘဲ မနေနိုင်ပေ။

“သူ အသက်ရှင်မနေတာတော့ သေချာပါတယ်။ မဟုတ်ရင် ကျွန်မတို့ ဒီနေရာကို ရောက်လာတာ ဒီလောက်ကြာနေပြီ၊ ခုန်းက ဘယ်လိုလုပ် ကျွန်မတို့ကို သတိမပြုမိဘဲ နေမှာလဲ။” ကောင်းကင်သံစဉ် နတ်သမီးက ပြုံးလျက် ဆိုသည်။

“ဒါဆိုရင် ငါတို့ ဘာကို စောင့်နေကြဦးမှာလဲ၊ ရုပ်ကြွင်းနဲ့ ရတနာသစ်ပင်၊ တာအိုသစ်သီးကို သိမ်းပြီး မြန်မြန် ထွက်ကြတာပေါ့။ ငါတို့က ဒီနေရာကို အရင်ရောက်တာဆိုတော့၊ ‘ဖန်ဆင်းခြင်းသင်္ဘော’၊ ‘ကောင်းကင်ဖြိုဧကရာဇ်’ နဲ့ တာအိုဘိုးဘေး သုံးဦးတို့က ငါတို့ နောက်မှာပဲ ရှိနေသေးတာ။ သူတို့ထက် ရတနာတွေကို အရင်ယူနိုင်ရင် အကောင်းဆုံးပဲ။ သူတို့သာ ငါတို့ကို မှီလာရင် ဒုက္ခရောက်ကုန်လိမ့်မယ်။”

ကြင်ယာတော်ယွမ်သည် ပတ်ဝန်းကျင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း သူမသည် သတိကြီးသူဖြစ်သဖြင့် ချက်ချင်း လှုပ်ရှားခြင်း မပြုပေ။

“သူ သေနေရင်တောင်မှ လျှော့တွက်လို့ မရဘူး” ဟုန်ယွိက ဝင်ပြောလိုက်သည်။ “ဒီလို တည်ရှိမှုမျိုးတွေက သေဆုံးပြီးနောက်မှာတောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အနှစ်သာရ စွမ်းအား တစ်စွန်းတစ်စ ကျန်နေတတ်စမြဲပဲ။ ငါ့ရဲ့ ခန်းမထဲက ‘နဂါးဘိုးဘေး’ က သာဓကတစ်ခုပဲ။ သူက ရေခဲထဲမှာ သေဆုံးသွားခဲ့တာတောင်မှ၊ အန္တရာယ်အရှိဆုံး အချိန်မှာ ‘ကမ္ဘာပျက်ကပ်၏ နဂါးပျံ တာအို’ ကို သုံးနိုင်စွမ်း ရှိနေသေးတယ်။”

ဟုန်ယွိ ပြောသည်ကို ကြားပြီးနောက် လူအများ ငြိမ်သက်သွားကြသည်။ ကြင်ယာတော် ယွမ်၊ ပိုင်ဇိယွဲ့နှင့် ကောင်းကင်သံစဉ် နတ်သမီးတို့မှာ ပို၍ပင် သတိကြီးသွားကြသည်။

နဂါးဘိုးဘေးသည် သေဆုံးနေပြီ ဖြစ်သော်လည်း ‘ကမ္ဘာပျက်ကပ်၏နဂါးပျံ တာအို’ ကို သုံးကာ ‘အမှောင်ဧကရာဇ် တာအိုသခင်’ ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။

အကယ်၍ ခုန်းသည် နဂါးဘိုးဘေးထက် ပို၍ အစွမ်းထက်နေမည်ဆိုပါက မည်မျှ ကြောက်စရာကောင်းလိမ့်မည်နည်း။ ဟုန်ယွိကိုယ်တိုင်ပင်လျှင် ၎င်းကို ခံနိုင်ရည်ရှိမည်ဟု အပြည့်အဝ ယုံကြည်မှု မရှိပေ။ အကယ်၍ ခံနိုင်ရည်ရှိခဲ့လျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပါက၊ မူလနဝမချောက်နယ်မြေမှ မည်သို့ ထွက်ခွာမည်နည်း။ အကယ်၍ ချောင်းမြောင်း တိုက်ခိုက်ခံရလျှင်ကော…

ဒါတွေက ထည့်သွင်းစဉ်းစားရမည့် ကိစ္စများ ဖြစ်သည်။ ထို့ကြောင့် လူတိုင်းမှာ ရတနာများ ကို ငေးကြည့်ရင်း မဆင်မခြင် မလှုပ်ရှားရဲကြပေ။

…

“ဝုန်း”

ဟုန်ယွိက အဖြေတစ်ခု ရှာဖွေနေစဉ်မှာပင်၊ အဝေးတစ်နေရာရှိ ထာဝရစွမ်းအင်များကြားမှ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။ အချိန်များ ရပ်တန့်နေသည့်တိုင် ထိုဟင်းလင်းပြင်၏ အစွန်းတွင် ဧရာမ သင်္ဘောကြီးတစ်စင်း၏ ပုံရိပ် ပေါ်ထွက်လာသည်။ နောက်ဆုံးတွင်တော့ ၎င်းသည် ထာဝရမူလစွမ်းအင်များကို ပေါက်ကွဲထွက်သွားစေကာ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

မူလနဝမချောက်နယ်မြေသို့ ဝင်ရောက်ပြီးကတည်းက မတွေ့ရတော့သည့် ‘ဖန်ဆင်းခြင်း သင်္ဘော’ သည် နောက်ဆုံးတွင်တော့ ပေါ်လာခဲ့ပြီ ဖြစ်သည်။

၁၈ ထပ်ရှိသည့် ဧရာမ ကိုယ်ထည်ကြီး၊ ၎င်းကို ပတ်ရံထားသည့် ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ များနှင့် ပတ်ဝန်းကျင်ရှိ မိုးကြိုးများက မဟာကမ္ဘာရှိ အင်အားအကြီးဆုံး ပုဂ္ဂိုလ်၏ အရှိန်အဝါကို ဖော်ပြနေသည်။

“သေချာပါတယ်... ဒါ ဖန်ဆင်းခြင်းသင်္ဘောပဲ။”

ကောင်းကင်သံစဉ် နတ်သမီးသည် ထိုသင်္ဘောကြီးကို မြင်လိုက်ရချိန်တွင် တုန်လှုပ်သွား သည်။ ဤထူးခြားသော အမျိုးသမီး၏ ကျင့်ကြံမှုဖြင့်ပင်လျှင် သူမသည် အံ့ဩမှုကို မထိန်းနိုင်ပေ။ သူမသာမက ခန်းမထဲရှိ တစ္ဆေအင်မော်တယ် ဂိုဏ်းချုပ်များစွာမှာလည်း မျက်လုံးအပြူးသားဖြင့် ထိုသင်္ဘောကြီးကို ကြည့်နေကြတော့သည်။

‘ဖန်ဆင်းခြင်းသင်္ဘော’ သည် သူတော်စင်ပေါင်းစုံခန်းမ ထက် ပို၍ နာမည်ကျော်ကြား သည်။ ၎င်းသည် အစွမ်းထက်၍သာမကဘဲ ကမ္ဘာဦးကာလကတည်းက ‘ယန်နတ်ဘုရား’ များကိုပင် တုန်လှုပ်စေခဲ့သည့် မှော်ရတနာဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းသည် တစ်ဖက်ကမ်းသို့ ကူးမြောက်နိုင်သည့် တည်ရှိမှုတစ်ခု ဖြစ်သည်။

ဖန်ဆင်းခြင်းသင်္ဘော၏ ပိုင်ရှင်မှာ ‘ချန်ဧကရာဇ် ယန်ဖန်’ ဖြစ်သည်။ ဟုန်ရွှန်ကျိသည် လည်း သူတော်စင်ပေါင်းစုံခန်းမကို သတိပြုမိလိုက်သည်။ သင်္ဘောကြီးသည် အစွန်းနားသို့ ရောက်ရှိလာချိန်တွင် ဖြည်းညင်းစွာ ရပ်တန့်သွားပြီး၊ လွင့်ပျံလာသော လေပြင်းများကြောင့် ဆာဟာရတနာသစ်ပင်၏ သစ်ရွက်များ တဖျတ်ဖျတ် လှုပ်ခတ်သွားသည်။

ရပ်တန့်ပြီးနောက် သင်္ဘောကြီးမှာ လှုပ်ရှားခြင်း မပြုပေ။ အကြောင်းမှာ ပထမဆုံး လှုပ်ရှားသူသည် အတွင်းရှိ စွမ်းအားများ၏ ခုခံမှုကို ခံရကာ ပျက်စီးသွားမည်ဖြစ်ပြီး ရန်သူ က အခွင့်ကောင်း ယူသွားမည်ကို သိထားသောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤနေရာရှိ သက်ရှည်စွမ်းအင်အားလုံးမှာ စုပ်ယူခံထားရသဖြင့် ၎င်းသည် မဟာကမ္ဘာရှိ အခြေအနေနှင့် ထပ်တူပင် ဖြစ်နေသည်။ ထို့ကြောင့် စွမ်းအားများ စွာ သုံးစွဲရန် မလိုတော့ပေ။

ထိုအတိုင်းပင် မည်သူမျှ ပထမဆုံး မလှုပ်ရှားရဲဘဲ အခြေအနေကို စောင့်ကြည့်နေကြသည်။

…

“ဝေါ... ဝေါ... ဝေါ...”

ခေတ္တမျှကြာသော် အခြားတစ်ဖက်ရှိ ဟင်းလင်းပြင်မှ အခြားအသံတစ်ခု ထွက်ပေါ်လာပြန် သည်။ ကမ္ဘရီယန် ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် စိမ်းစိုသော တောင်ကြီး တစ်တောင်သည် ဆာဟာရတနာသစ်ပင်၏ အစွန်းတွင် ပေါ်လာသည်။

၎င်းမှာ တာအိုဘိုးဘေး သုံးဦးက သန့်စင်ထားသည့် ‘နတ်ဘုရားဘိုးဘေးတောင်’ ပင် ဖြစ်သည်။

မူလက ထိုတောင်ကြီးမှာ မရွေ့လျားနိုင်ပေ။ သို့သော်လည်း တစ္ဆေအင်မော်တယ် ရာပေါင်း များစွာနှင့် မိုးကြိုးကပ်ဘေး ဖြတ်ကျော်ထားသည့် တစ္ဆေအင်မော်တယ် ၄၀-၅၀ ခန့်တို့ စုပေါင်းကာ အစီရင်ခံကို မောင်းနှင်လိုက်ချိန်တွင်၊ တာအိုဘိုးဘေး သုံးဦး၏ စုဆောင်းမှုဖြင့် ထာဝရအသက် ဆန်းကြယ် နယ်မြေသို့ ရောက်ရှိလာပြီး ဆာဟာရတနာသစ်ပင် တည်ရှိရာ နေရာကို တိတိကျကျ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

တာအိုဘိုးဘေး သုံးဦးက ဤနေရာကို ရှာမတွေ့နိုင်ဟု ဟုန်ယွိ မသံသယဝင်ပေ။ သူတို့သည် ဤနေရာတွင် နှစ်ပေါင်း နှစ်ရာ၊ သုံးရာကြာအောင် အခြေချနေထိုင်ခဲ့ကြသူများ ဖြစ်သည်။ သူတို့သည် ဤရတနာကို ရယူရန် ကြာမြင့်စွာကတည်းက ပြင်ဆင်ထားခဲ့ကြပြီး ဟုန်ယွိထက်ပင် ပို၍ အဆင်သင့် ဖြစ်နေကြသည်။

ချန်ဧကရာဇ် ယန်ဖန်တွင်လည်း မိစ္ဆာမျောက်ဝံကြီး ‘ပါ့’ နှင့် ပတ်သက်သည့် အချက်အလက်များစွာ ရှိနေသဖြင့် ဟုန်ယွိထက် ပို၍ ပြင်ဆင်ထားပြီး ဖြစ်သည်။

“ရတနာရယူဖို့ ရောက်လာတဲ့ အင်အားစုတွေထဲမှာ ‘ကောင်းကင်ဖြိုခွဲ ဧကရာဇ်’ တစ်ယောက်ပဲ မရောက်သေးတာ။” ပိုင်ဇိယွဲ့က ဆိုသည်။

“ကောင်းကင်ဖြို ဧကရာဇ်က ရောက်နေတာ ကြာပါပြီ။ သူက အခု ဖန်ဆင်းခြင်းသင်္ဘော ပေါ်မှာ ရှိနေတာ ဖြစ်လိမ့်မယ်။” ဟုန်ယွိက အေးစက်သော မျက်နှာဖြင့် ဆိုလိုက်သည်။

“ဒါ မဖြစ်နိုင်ဘူး မဟုတ်လား။ ချန်ဧကရာဇ်က တရားဝင် ဧကရာဇ်တစ်ပါးပဲ။ မိစ္ဆာတွေကို လက်ခံတယ်ဆိုတာ... ဒီသတင်းသာ လူသိရှင်ကြား ပျံ့သွားရင် နန်းတော်ရဲ့ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်စေမှာပဲ” ကြင်ယာတော်ယွမ်က ဆိုသည်။

“ဒါမှမဟုတ် သူက အတင်းအကျပ် အညံ့ခံခိုင်းလိုက်တာလား၊ ဒါမှမဟုတ် ကောင်းကင်ဖြို ဧကရာဇ်က သူတို့ဘက်ကို ပါသွားတာလား၊ ဒါမှမဟုတ် နှစ်ဖက်စလုံးက တစ်ခုခု ကြံစည် နေတာလား... ဘယ်လိုပဲဖြစ်ဖြစ် ငါ ဖန်ဆင်းခြင်းသင်္ဘောပေါ်မှာ မိစ္ဆာစွမ်းအင် အငွေ့အသက်ကို ခံစားနေရတယ်။ ငါက မိစ္ဆာဂိုဏ်းကိုးခုရဲ့ တာအိုသစ်သီးတွေကို ရထား တာဆိုတော့၊ မိစ္ဆာအငွေ့အသက်ကို ကောင်းကင်ဖြို ဧကရာဇ်ထက်တောင် ပိုပြီး အာရုံခံနိုင် တယ်။”

ဟုန်ယွိက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါဆိုရင်တော့ ဒုက္ခပဲ” ကောင်းကင်သံစဉ် နတ်သမီးသည်လည်း မဟာကမ္ဘာအကြောင်း အချို့ကို သိထားသည်။ ‘ထန်ဟိုင်လုံ’ က သူမကို ပြောပြထားခြင်း ဖြစ်သည်။ ဤအမျိုးသမီးသည် ယခင်က မဟာကမ္ဘာသို့ ရောက်ဖူးလိမ့်မည်ဟုပင် ဟုန်ယွိက သံသယဝင်နေသည်။

အင်အားစု သုံးခုမှာ ဆာဟာရတနာသစ်ပင်ကို ဝိုင်းရံထားကြပြီး မည်သူမျှ အရင်ဆုံး မလှုပ်ရှားရဲကြပေ။

…

“ဟုန်ယွိ...” ရုတ်တရက် ဖန်ဆင်းခြင်းသင်္ဘောပေါ်မှ နက်ရှိုင်းသော အသံကြီး ထွက်ပေါ် လာသည်။ ၎င်းမှာ ချန်ဧကရာဇ် ယန်ဖန်၏ အသံ ဖြစ်သည်။ “ငါတို့ တကယ့်ရတနာကို ရှာတွေ့ပြီ၊ ဒါပေမဲ့ မင်းသိတဲ့အတိုင်းပဲ ခုန်းရဲ့ ရုပ်အလောင်းမှာ သူရဲကောင်းဝိညာဉ်ရဲ့ နောက်ဆုံး အစအန ကျန်နေနိုင်သေးတယ်။ သူ့ရဲ့တုံ့ပြန်မှုက အရမ်းပြင်းထန်လိမ့်မယ်၊ ငါတို့အားလုံး ကြီးမားတဲ့ အဖိုးအခ ပေးရလိမ့်မယ်။ ဒီအတိုင်းသာ ဆက်သွားနေရင် ဘယ်သူမှ ရတနာကို ရမှာမဟုတ်ဘဲ ဒီထာဝရအသက် ဆန်းကြယ် နယ်မြေထဲမှာပဲ ပိတ်မိနေလိမ့်မယ်။ ငါ့မှာ အကြံပြုချက်တစ်ခု ရှိတယ်၊ မင်း နားထောင်ချင်ရဲ့လား။”

“အရှင်မင်းကြီးရဲ့ အကြံပြုချက်က ဘာများလဲ။”

ပြန်ပြောလိုက်သူမှာ ဟုန်ယွိ မဟုတ်ဘဲ တာအိုဘိုးဘေး သုံးဦးထဲမှ ‘ချန်ရှင်းကျိ’ ဖြစ်သည်။

“အရှင်မင်းကြီး... ကျွန်တော်တို့အားလုံး စုပေါင်းပြီး ခုန်းရဲ့ ရုပ်အလောင်းကို တိုက်ခိုက်ဖို့ ပြောချင်တာလား၊ ကျွန်တော်တို့အားလုံးရဲ့ စုပေါင်းအစွမ်းနဲ့ဆိုရင် ခုန်းက လေဟာနယ်ကို ချေဖျက်ပြီး ယန်နတ်ဘုရား ဖြစ်ခဲ့ရင်တောင် ကျွန်တော်တို့ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီလို တိုက်ခိုက်ပြီးတာနဲ့ သူ့ရဲ့တန်ပြန်တိုက်ခိုက်မှုကို ချေဖျက်နိုင်မှာဖြစ်ပြီး၊ ရတနာ တွေကိုတော့ ကိုယ့်အရည်အချင်းနဲ့ကိုယ် ရယူကြတာပေါ့။”

ဟုန်ယွိ၏အသံမှာ ခန်းမဆောင်အတွင်းမှ ပဲ့တင်ထွက်လာသည်။

“ကျွမ့်ယွမ်တစ်ယောက် ပီသပါပေတယ်။ ငါ့ရည်ရွယ်ချက်ကို နားလည်တယ်။”

ချန်ဧကရာဇ် ယန်ဖန်၏ အသံမှာ ချီးကျူးမှုများဖြင့် ပြည့်နှက်နေသည်။ “ကျွမ့်ယွမ်က သဘောတူတယ်ပေါ့။ တာအိုဘိုးဘေးတွေကကော ဘယ်လို ထင်သလဲ။”

“အရှင်မင်းကြီးမှာ ဖန်ဆင်းခြင်းသင်္ဘော ရှိတယ်ဆိုတော့ မဟာကမ္ဘာကြီးရဲ့ အစွမ်းအထက် ဆုံး ပုဂ္ဂိုလ်ဆိုတာ သေချာပါတယ်။ နောက်ဆုံး သူတော်စင် ဧကရာဇ် လွန်ပြီးကတည်းက အရှင်မင်းကြီးလောက် ပါရမီရှိပြီး ရဲစွမ်းသတ္တိရှိတဲ့ ဧကရာဇ်မျိုး မရှိခဲ့ဖူးပါဘူး” တာအို ဘိုးဘေးထဲမှ ‘ယွန်ယင်ကျိ’ က ဆိုသည်။ “ဒါနဲ့... ကောင်းကင်ဖြို ဧကရာဇ်က အရှင်မင်းကြီးရဲ့ သင်္ဘောပေါ်မှာ ရှိနေတာလား။”

“ဟားဟားဟား... ယွန်ယင်ကျိ၊ ခင်ဗျားက တကယ်ကို တော်တာပဲ။ ကျုပ် အငွေ့အသက် ကို ခံစားမိတယ်ပေါ့” ကောင်းကင်ဖြို ဧကရာဇ်၏ အသံမှာ ဖန်ဆင်းခြင်းသင်္ဘောပေါ်မှ ထွက်ပေါ်လာသည်။ သို့သော်လည်း သူသည် ယခင်ကကဲ့သို့ ဧကရာဇ်ဟု ကိုယ့်ကိုယ်ကိုယ် မသုံးနှုန်းတော့ပေ။

ဟုန်ယွိ အတွေးတစ်ခု ဝင်လာသည်။

“အရှင်မင်းကြီး... အရှင်မင်းကြီးက တရားမျှတတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ဘာလို့ မိစ္ဆာတွေ ကို လက်ခံတယ်လို့ ပြောနိုင်ရတာလဲ။” တာအိုဘိုးဘေး ‘လျန်ယွန်ကျိ’၏ အသံလည်း ထွက်ပေါ်လာသည်။

“လျန်ယွန်ကျိ... မိစ္ဆာတွေတောင်မှ လမ်းမှန်ကို ပြန်ရောက်နိုင်ပါတယ်။ ‘သားသတ်ဓားကို ချလိုက်တာနဲ့ ဗုဒ္ဓဖြစ်လာနိုင်တယ်’ ဆိုတဲ့ စကားကို မင်း မကြားဖူးဘူးလား။” ချန်ဧကရာဇ် ယန်ဖန်က အေးအေးလူလူ ပြောလိုက်သည်။ “ကောင်းကင်ဖြို ဧကရာဇ်က အခု သူ့ရဲ့ မျိုးရိုးနာမည်ကို ‘ယန်’ လို့ ပြောင်းလိုက်ပြီး နာမည်ကို ‘လျဲ့’ လို့ ပေးထားတယ်။ ငါကိုယ်တော် သူ့ကို ‘မီဘုရင်’ အဖြစ် ဘွဲ့နှင်းအပ်နှင်းထားပြီးပြီ။ အမှားတွေ ရှိခဲ့ရင် ပြင်နိုင် တာပေါ့။ ကဲ... မီဘုရင်၊ မင်းရဲ့ လမ်းမှန်ကို ပြန်ရောက်ကြောင်း သက်သေပြဖို့ ‘ထျန်းရှဲ့ကျိ’၊ ‘သွေးအရိပ်’ နဲ့ ‘ရွှမ်ယင်းကျိ’ တို့ကို သတ်ပြလိုက်စမ်း။”

“ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ အမိန့်တော်ကို နာခံပါတယ်!” ကောင်းကင်ဖြို ဧကရာဇ်၏ အသံ ထွက်ပေါ်လာသည်။ သူသည် ချန်ဧကရာဇ်အပေါ် အလွန်အမင်း ရိုသေခြင်း မရှိသော် လည်း နှစ်ယောက်စလုံးမှာ တစ်ဖက်တည်း ဖြစ်နေသည်မှာ သိသာလှသည်။

“အရှင်မင်းကြီး.. အရှင်က...”

‘ထျန်းရှဲ့ကျိ’၊ ‘သွေးအရိပ်’ နှင့် ‘ရွှမ်ယင်းကျိ’ တို့၏ ဒေါသတကြီး အော်ဟစ်သံများ ဖန်ဆင်းခြင်း သင်္ဘောပေါ်မှ ထွက်ပေါ်လာသည်။

သို့သော်လည်း ချက်ချင်းပင် မိုးကြိုးများ ဝုန်းခနဲ ပေါ်လာပြီး ပြင်းထန်သော ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ ဝဲဂယက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဟင်းလင်းပြင် တစ်ခုလုံးကို တုန်ခါသွားစေသည်။

“အား... အား... အား...”

အော်ဟစ်သံ သုံးသံ ထွက်ပေါ်လာပြီးနောက်တွင် အရာအားလုံး ငြိမ်သက်သွားတော့သည်။

“အရှင်မင်းကြီး... မိစ္ဆာသုံးကောင်လုံးကို လုံးဝ သုတ်သင်ပြီး မိုးကြိုးရေကန် သုံးခုထဲကို ပစ်ထည့်လိုက်ပါပြီ။ သူတို့ရဲ့ ခန္ဓာကိုယ်တွေလည်း ပျော်ဝင်သွားပါပြီ။ မီဘုရင်ကတော့ တကယ့်ကို လမ်းမှန်ကို ပြန်ရောက်လာပါပြီ” ဟု ဟုန်ရွှန်ကျိ၏ အသံ ထွက်ပေါ်လာသည်။

“ကောင်းပြီ” ချန်ဧကရာဇ် ယန်ဖန်က စကားတစ်ခွန်းသာ ပြောလိုက်သည်။

ဤဖြစ်ရပ်များမှာ အလွန်ပင် လျင်မြန်လှသည်။ တာအိုဘိုးဘေး သုံးဦးနှင့် ဟုန်ယွိတို့မှာ ဆွံ့အသွားကြသည်။

အနှိုင်းမဲ့ မိစ္ဆာကြီး သုံးဦးမှာ ထိုသို့ပင် အသတ်ခံလိုက်ရသည်။ သို့သော်လည်း ဒါက ဖြစ်သင့် သည်ပင်။ ကောင်းကင်ဖြို ဧကရာဇ်၊ ချန်ဧကရာဇ် ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့သည် ထိုမိစ္ဆာအိုကြီး သုံးဦးထက် ပို၍ အစွမ်းထက်ကြသည်။ ထို့အပြင် ဖန်ဆင်းခြင်း သင်္ဘောပေါ် တွင် ထိုမိစ္ဆာအိုကြီး သုံးဦးမှာ ထွက်ပြေးရန် လမ်းမရှိဘဲ ထောင်ချောက်ထဲ ရောက်နေသကဲ့ သို့ပင်။ အကယ်၍ မသတ်နိုင်ခဲ့လျှင်မှ ထူးဆန်းနေပေလိမ့်မည်။

ထို့ထက် ပို၍ အရေးကြီးသည်မှာ ဖန်ဆင်းခြင်းသင်္ဘောပေါ်တွင် ‘ကောင်းကင်အပြင်ပ နယ်မြေ’ ၏ အထွက်အထိပ် ‘လူသားအင်မော်တယ်’ တစ်ဦးလည်း ရှိနေနိုင်သည်။

“တာအိုဘိုးဘေး သုံးဦးကော ဘယ်လိုလဲ၊ မဟာကမ္ဘာကြီးတစ်ခုလုံးက ငါကိုယ်တော်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတယ်။ ငါကိုယ်တော် အမိန့်တော် တစ်စောင်တည်းနဲ့ ဘယ်လို အပြစ်မျိုးကိုမဆို ခွင့်လွှတ်ပေးနိုင်တယ်။” ချန်ဧကရာဇ် ယန်ဖန်က ဆိုသည်။ “ဒါ့အပြင် မီဘုရင် ယန်လျဲ့ကလည်း သူ့ရဲ့ရွေးချယ်မှုကို ပြုလုပ်ခဲ့ပြီ။ ငါကိုယ်တော်ရဲ့ လုပ်ရပ်က အမှန်တရား လမ်းစဉ်နဲ့ မဆန့်ကျင်ဘူး မဟုတ်လား?”

“အရှင်မင်းကြီးဟာ တကယ့်ကို ဧကရာဇ်တစ်ပါးပါပဲ။ ကျွန်တော်မျိုး ချန်ရှင်းကျိ အလွန်ပင် လေးစားမိပါတယ်။ အရင်က မင်းဆက်တွေ မလုပ်နိုင်ခဲ့တာတွေကို အရှင်မင်းကြီးက ဘာလို့ လုပ်ရဲလဲဆိုတာ သိပါပြီ။” ချန်ရှင်းကျိက ချီးကျူးလိုက်သည်။ “ဒီမှာ ရတနာ သုံးမျိုး ရှိတယ်။ ပထမက ဆာဟာရတနာသစ်ပင်၊ ဒုတိယက ထာဝရအသက် တာအိုသစ်သီး၊ တတိယကတော့ သူ့ရဲ့ ခန္ဓာကိုယ်ပဲ။ ငါတို့မှာ အင်အားစုသုံးခု ရှိတာဆိုတော့ တစ်ဖွဲ့ကို တစ်မျိုးစီ ယူကြရင် ဘယ်လိုလဲ။”

“မင်း ပြောသလိုပဲ လုပ်ကြတာပေါ့” ချန်ဧကရာဇ် ယန်ဖန်က ဆိုသည်။ “ကျွမ့်ယွမ်... မင်းကော ဘယ်လို ထင်သလဲ။”

“တစ်ဖွဲ့ကို တစ်မျိုးစီလား၊ ဘယ်သူမှတော့ အသေအချာ မပြောနိုင်ဘူး။ ဒါပေမဲ့ တစ်ချိန် တည်းမှာ တိုက်ခိုက်တာကတော့ အကောင်းဆုံး နည်းလမ်းပဲ။” ဟုန်ယွိက ခေတ္တမျှ စဉ်းစား ပြီးနောက် ပြောလိုက်သည်။ “ကောင်းပါပြီ... တစ်ပြိုင်တည်း တိုက်ခိုက်ကြတာပေါ့။ ခုန်းရဲ့ ကမ္ဘာကို တုန်ခါစေနိုင်တဲ့ နည်းလမ်းတွေကို ငါလည်း မြင်ချင်ပါသေးတယ်။”

ခုန်းသည် မူလနဝမချောက် နတ်ဘုရားနယ်မြေအတွင်းရှိ အခြားသူများ၏ ရုပ်ကြွင်းများကို ခိုးယူခဲ့သည့် ‘နတ်ဘုရားသူခိုး’ တစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူ၏ ရုပ်ကြွင်းကို ပြန်လည် ရယူခြင်းမှာ စည်းကမ်းဖောက်ဖျက်ရာ ရောက်သည်ဟု ဟုန်ယွိ မယူဆပေ။

“ကောင်းပြီ” “ကောင်းပြီ” “ကောင်းပြီ”

အင်အားစု သုံးခုစလုံးမှ ခေါင်းဆောင်များမှာ ထက်မြက်သူများ ဖြစ်ကြသဖြင့် ချက်ချင်းပင် သဘောတူညီမှု ရရှိသွားကြသည်။

ထို့နောက်တွင် သူတော်စင်ပေါင်းစုံခန်းမ၊ နတ်ဘုရားဘိုးဘေးတောင်နှင့် ဖန်ဆင်းခြင်း သင်္ဘောတို့မှ အစစ်မှန် စွမ်းအင်စီးကြောင်း သုံးခု ထွက်ပေါ်လာပြီး ထာဝရအသက် ဆန်းကြယ် နယ်မြေ အတွင်း၌ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတော့သည်။

“ဝုန်း… ဝုန်း…”

ထာဝရအသက် ဆန်းကြယ်နယ်မြေ တစ်ခုလုံး တုန်ခါသွားသည်။ ထာဝရမူလစွမ်းအင်များ မှာ ပေါက်ကွဲထွက်တော့မည့်အလား ရူးသွပ်စွာ လှုပ်ခတ်နေသည်။

အင်အားစု သုံးခု၏ စုပေါင်းတိုက်ခိုက်မှုမှာ မူလနဝမချောက်နယ်မြေကိုပင် ထိုးဖောက်နိုင် စွမ်း ရှိသည်။ ယန်ဝိညာဉ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ၎င်းကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ထိုခဏ၌ ခုန်း၏ ရုပ်ကြွင်းသည် ကြီးမားသော အန္တရာယ်ကို အာရုံခံမိလိုက်သည်။ ရုတ်တရက်ဆိုသလို ဧရာမ မျောက်ဝံကြီးသည် သူ၏ မျက်လုံးများကို ဖွင့်လိုက်တော့သည်။ ချက်ချင်းပင် ပန်းကန်လုံး အရွယ်အစားရှိသည့် သူ၏ ‘ရွှေရောင် မီးလျှံမျက်လုံးများ’ သည် တောက်ပလာခဲ့ပြီ ဖြစ်သည်။

All Chapters