← Chapters

အခန်း ၅၈၇

Vol. 56 Ch. 587

အခန်း ၅၈၇

Vol. 56 Ch. 587

အခန်း (၅၈၇)။

တော်ဝင်ချန် ၆၃ နှစ်မြောက် နွေဦးကာလတွင် ကျောက်စိမ်းမြို့တော် တစ်ခုလုံး နွေဦး၏ နွေးထွေးမှုနှင့်အတူ ပန်းမန်များ ဝေေဝဆာဆာ ပွင့်လန်းနေသည်။

အရပ်မျက်နှာအနှံ့ ပန်းများပွင့်၊ မြက်ပင်များ စိုပြည်ပြီး မြစ်ကမ်းပါးတစ်လျှောက်ရှိ မိုးမခပင်များမှာလည်း နန်းမြို့တော်ကြီးကို လွှမ်းခြုံထားသည်။ အရာရှိများ၊ မှူးမတ်များ၊ ပညာရှင်များနှင့် ကျောင်းသားများစွာတို့သည် ဤနွေဦးအလှကို ခံစားရန် အပြင်သို့ ထွက်လာကြသလို၊ ဆင်းရဲသား သာမန်ပြည်သူများမှာလည်း မိသားစုဝမ်းရေးအတွက် ဈေးရောင်းရန် ဤအခွင့်အရေးကို အသုံးချကြသည်။ အရာအားလုံးမှာ သာယာကြည်နူး ဖွယ် အတိပင်။

တော်ဝင်ချန် နှစ် ၆၀ ပြည့် နွေဦးနှင့် နှိုင်းယှဉ်လျှင် ယခုကာလမှာ သာ၍ပင် စည်ကား ဝပြောလှသည်။

အဓိကအကြောင်းရင်းမှာ လွန်ခဲ့သော ဆောင်းရာသီက အနောက်ဘက်ဒေသတွင် တိုက်ပွဲ ကြီး တစ်ခုဖြစ်ပွားခဲ့ပြီး ရန်သူသန်းပေါင်းများစွာကို သုတ်သင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ကျွမ့်ယွမ် ဖြစ်သူ ဟုန်ယွိနှင့် ‘အနန္တတန်ခိုးရှင်ဘုရင်’ ယန်တူးတို့သည် ဝူမန်တံခါးတွင် စစ်သုံ့ပန်းများကို ဆက်သခဲ့ကြသည်။ ထိုတိုက်ပွဲသည် မဟာကမ္ဘာ၏ ဗဟိုနယ်မြေဟူသော ခန့်ညားသည့် ဂုဏ်သတင်းကို အမှန်တကယ် ဖော်ဆောင်ပေးခဲ့သည်။

သို့သော်လည်း တော်ဝင်ချန် နန်းတွင်း၏ ကျော်ကြားမှုမှာ ဟုန်ယွိ၏ ကျော်ကြားမှုကို မမှီပေ။ ဤဂုဏ်သတင်းနှင့် ကျော်ကြားမှု အားလုံးနီးပါးကို ဟုန်ယွိကသာ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ဝူမန်တံခါးတွင် သုံ့ပန်းဆက်သခြင်း၊ သူ၏ ရာထူးမှ နုတ်ထွက်ခြင်းနှင့် မင်္ဂလာရှိသော ‘ချီလင်’ သတ္တဝါ ပေါ်ထွန်းလာခြင်းတို့မှာ သမိုင်းတွင်မည့် ကိစ္စရပ်များ ဖြစ်လာခဲ့သည်။ လပေါင်းများစွာ ကြာမြင့်သွားသော်လည်း ထိုသတင်းများမှာ အရှိန်မသေ သည့်အပြင် သာ၍ပင် လူပြောများလာသည်။ ပျံ့နှံ့လေ သာ၍ ထူးခြားဆန်းပြားလေ ဖြစ်လာကာ အိမ်တိုင်းစေ့ သိရှိသည့်အဆင့်သို့ ရောက်လာခဲ့ပြီ။ ပုံပြောသူများ၊ လျှို့ဝှက် အင်မော်တယ်ဂူများတွင် ပုန်းအောင်းကျင့်ကြံနေကြသည့် ကျင့်ကြံသူများနှင့် အိမ်တွင် စာဖတ်စာရေးလုပ်နေသော ကွန်ဖြူးရှပ် မဟာပညာရှင်ကြီးများ အားလုံးသည်ပင် ဟုန်ယွိ အကြောင်းကို သိကြသည်။

သူသည် နှစ်ပေါင်း ၈၀၀ လျှင် တစ်ကြိမ်သာ ပေါ်ထွန်းတတ်သော ‘ဒုတိယသူတော်စင်’ ၊ ပညာရှင်တစ်ဦး ဖြစ်ပေသည်။

သို့သော်လည်း အခြားကြီးမားသော ဖြစ်ရပ်တစ်ခုမှာ ကျောက်စိမ်းမြို့တော် ပြင်ပရှိ အစိမ်းရောင် မိုးမခံစံအိမ် အနီးရှိ မြေဧက ထောင်ပေါင်းများစွာကို ဟုန်ယွိအတွက် ‘ကျိုးယွိ အကယ်ဒမီ’ တည်ဆောက်ရန် နန်းတွင်းက ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။

ဟုန်ယွိသည် ရာထူးမှ နုတ်ထွက်ပြီး ဆိတ်ငြိမ်စွာ နေထိုင်ခြင်း၊ ကျောင်းတော်တည်ထောင် ကာ ပညာသင်ကြား လေ့လာခြင်းမှာ ပညာရှင်များ လုပ်လေ့လုပ်ထရှိသော ကိစ္စပင် ဖြစ်သည်။

သို့သော် သာ၍ တုန်လှုပ်စရာကောင်းသည့် အချက်မှာ ဟုန်ယွိသည် ကွန်ဖူးရှပ်ဝါဒီဂိုဏ်းမှ ပညာရှင်ကြီးအားလုံးကို စုစည်းကာ အတိတ်ကို ရှင်းလင်းပြီး အနာဂတ်၏ မကုန်ဆုံးနိုင် သော ပြောင်းလဲမှုများကို ဖော်ပြမည့် ‘ကျိုးယွိကျမ်း’ (ပြောင်းလဲခြင်းကျမ်း) ဟူသော အနှိုင်းမဲ့ကျမ်းကြီးကို ပြုစုနေခြင်းပင် ဖြစ်သည်။

ဟုန်ယွိ ဒိုင်ဇင်ဘုရားကျောင်း၏ လျှို့ဝှက်ကျမ်းစာများကို ရရှိထားသည်မှာ လျှို့ဝှက်ချက် မဟုတ်တော့ပေ။ ၎င်းမှာ ဂိုဏ်းကြီးများ၊ အထက်လွှာ မိသားစုကြီးများနှင့် လျှို့ဝှက် ကျင့်ကြံနေသူ အင်အားစုများကြားတွင် ပျံ့နှံ့နေပြီ ဖြစ်သည်။

ဟုန်ယွိသည် ဤကျမ်းကြီးကို ပြုစုသည့်အခါ ဒိုင်ဇင်ဘုရားကျောင်း၏ လျှို့ဝှက်ကျမ်းစာ များစွာကိုပါ ထုတ်ဝေမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ၎င်းမှာ ဟိုးဟိုးကျော်စ ပြုလာသည်။

ထို့ကြောင့် တော်ဝင်ချန် ၆၃ နှစ်မြောက် နွေဦးသည် များစွာသော အပြောင်းအလဲများဖြင့် ပြည့်နှက်နေပြီး ဟုန်ယွိမှာ ထိုပြောင်းလဲမှုများ၏ ဗဟိုချက် ဖြစ်နေသည်။

အချိန်တိုအတွင်းမှာပင် အရပ်မျက်နှာအနှံ့မှ ထူးခြားသော စွမ်းရည်ရှိသူများ၊ ပင်လယ်ရပ် ခြားနိုင်ငံများမှ လျှို့ဝှက်ကျင့်ကြံသူများစွာသည် ကျောက်စိမ်းမြို့တော်သို့ စုရုံး ရောက်ရှိ လာကြသည်။ အားလုံးက ဟုန်ယွိ၏ အကယ်ဒမီ ပြီးစီးချိန်တွင် သူသည် ဤဆန်းကြယ် လှသော ‘ပြောင်းလဲခြင်းကျမ်း’ ကို မည်သို့ ပြုစုမည်သနည်းဆိုသည်ကို အလင်းထဲတွင်ရော အမှောင်တွင်ပါ စောင့်ကြည့်ချင်နေကြသည်။

…

ကျောက်စိမ်းမြို့တော် အပြင်ဘက်ရှိ အဆုံးမဲ့လှသော ဝှိုက်ကပ်ပ်မြစ် (လှိုင်းဖြူမြစ်) တွင် နွေဦးရေပြင်မှာ တည်ငြိမ်နေ၏။ ထို့ကြောင့် မြစ်ပြင်ပေါ်တွင် အရာရှိများနှင့် သူဌေးကြီးများ အပန်းဖြေသည့် လှေများစွာ မျောပါနေကြသည်။

ဝှိုက်ကပ်ပ်မြစ်မှာ အလွန်ကျယ်ပြောလှသဖြင့် တစ်ဖက်ကမ်းကိုပင် မမြင်ရပေ။ ရေလှိုင်း များမှာ နေ့ရောညပါ အဆက်မပြတ် လှုပ်ရှားနေသည်။ လှေကြီးများမှာ မြစ်နှင့်ယှဉ်လျှင် မှော်ပင်လေးများအလား ထင်မှတ်ရသဖြင့် လှေများစွာ ရှိနေသော်လည်း မြစ်ပြင်မှာ ကျယ်ဝန်းနေဆဲ ဖြစ်သည်။

“အစ်ကို ထျန်းဟွာ... ဟုန်ယွိရဲ့ ကျိုးယွိ အကယ်ဒမီကို မနှစ်က ဆောင်းဦးနှောင်းပိုင်းမှာ စတင် တည်ဆောက်တာ၊ အခု နွေဦး တတိယလပဲ ရှိသေးတယ်။ ငါးလ၊ ခြောက်လ အတွင်း မှာ ပြီးတော့မယ်ဆိုတော့ ဆောက်တာ တကယ်မြန်တာပဲ။ အဝေးကနေ ကြည့်တာတောင် အရမ်း ခန့်ညားတာပဲ၊ ငါတို့ ‘လေးရာသီကျောင်းတော်’ ထက်တောင် ပိုကောင်းနေဦးမယ်။”

လက်ရန်းများ ထွင်းထုထားပြီး၊ ကျောက်စိမ်းများ အလှစီခြယ်ထားသော ဆေးရောင်ခြယ် လှေတစ်စင်းပေါ်တွင် ကွန်ဖူးရှပ်ဝတ်ရုံဝတ်ကာ ဓားလွယ်ထားသော လူငယ်ပညာရှင်အချို့ သည် လှေဦးတွင် ရပ်နေကြ၏။ ဤလှေကြီးမှာ မြစ်ရေများ မည်မျှပင် တိုက်ခတ်နေပါစေ ကျောက်ဆောင်တစ်ခုကဲ့သို့ ငြိမ်သက်နေသည်။

“အဲဒါ ‘ထျန်းကုန်းမိုမိသားစု’ (ကောင်းကင်ဘုံလက်သမားမိုမိသားစု) ရဲ့ အကူအညီနဲ့ ဆောက်တာလို့ ကြားတယ်။” ထျန်းဟွာဆိုသူ လူငယ်က ပြန်ပြောသည်။ “ဒါပေမဲ့ ဟုန်ယွိ က ဒီအကယ်ဒမီအတွက် အနည်းဆုံး ငွေဒင်္ဂါး သန်းပေါင်းများစွာ အကုန်ကျခံတယ်လို့ ကြားတယ်။ အဲဒီ အဆောက်အအုံအတွက် ပစ္စည်းတွေကို အိမ်တော်ထဲကို အကန့်အသတ် မရှိ သယ်ယူနေကြတာ။ ဟို အဝေးမှာ ကြည့်လိုက်ပါဦး၊ အဲဒီ သင်္ဘောကြီး ဒါဇင်ပေါင်းများ စွာက အဆောက်အအုံ ပစ္စည်းတွေကို သယ်နေကြတာပဲ။”

“ထျန်းကုန်းမိုမိသားစု’ဆိုတာ ချန်ပီယံမြို့စားရဲ့ အင်အားစု မဟုတ်ဘူးလား၊ စစ်သား တစ်ယောက်ဖြစ်တဲ့ ‘ချန်ပီယံမြို့စား’ နဲ့ ကျွမ့်ယွမ်ပညာရှင် ‘ဟုန်ယွိ’ တို့က သိပ်မ တည့်ကြ ဘူး မဟုတ်လား၊” “အကြောင်းရင်းတစ်ခုခု ရှိမှာပေါ့။ မိုမိသားစုက ချန်ပီယံမြို့စားနဲ့ ပေါင်းထားတာ ဆိုပေမဲ့ အခုတော့ ဟုန်ယွိဘက်ကို ကပ်နေပုံရတယ်။”

“ဘာပဲဖြစ်ဖြစ်... နောက်ရက် အနည်းငယ်အတွင်းမှာ ငါတို့ကျောင်းအုပ်ကြီး မြို့တော်ကို လာလိမ့်မယ်။ အကယ်ဒမီ ဆောက်ပြီးတဲ့နေ့မှာ သူကိုယ်တိုင် ဟုန်ယွိဆီ သွားရောက် တွေ့ဆုံပြီး ပညာတွေ ဆွေးနွေးလိမ့်မယ်။ အဲဒီအခါကျရင် ငါတို့ သွားကြည့်ကြတာပေါ့။ ကျိုးယွိအကယ်ဒမီ … ဟဲဟဲ၊ ပြီးတဲ့နေ့မှာတော့ ပွဲကောင်းကြီး တစ်ပွဲ ကြည့်ရမှာ သေချာ တယ်။”

“ဟုတ်တယ်၊ ဒီအကယ်ဒမီသာ တကယ် ပေါ်ထွက်လာခဲ့ရင် အခြားကျောင်းတော်တွေရဲ့ နာမည်က မှေးမှိန်သွားမှာပဲ။”

“ဟင်… ဟိုက ‘နေလအကယ်ဒမီ’ ရဲ့ လှေပဲ။ သူတို့ကျောင်းအုပ်ကြီးလည်း ဒီကို ရောက်နေ တာ ဖြစ်မယ်။ သူလည်း ကျိုးယွိ အကယ်ဒမီ ပြီးစီးပွဲအတွက် လာတာပဲ ဖြစ်ရမယ်။”

…

“ငါတို့ မူလနဝမချောက် နတ်ဘုရားနယ်မြေမှာ တစ်ရက်တောင် မပြည့်တ့ အချိန်တိုလေး နေခဲ့ပေမယ့် မဟာကမ္ဘာမှာတော့ လပေါင်းများစွာ ကုန်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မျက်စိတစ်မှိတ်အတွင်းမှာ နွေဦးတောင် ရောက်လာပြီ။ ဒီအစိမ်းရောင် မိုးမခစံအိမ်က တော့ တကယ့်ကို အံ့မခန်း ပြောင်းလဲသွားတာပဲ။”

ဤအခိုက်အတန့်တွင် ဟုန်ယွိသည် အစိမ်းရောင် မိုးမခစံအိမ် နောက်ဘက်ရှိ တောင်ထိပ် ပေါ်တွင် ရပ်ကာ အောက်ခြေမှ ဖြစ်ပျက်နေသမျှကို စောင့်ကြည့်နေသည်။

လက်မှုပညာရှင်များစွာ၏ ကြိုးစားမှုကြောင့် အိမ်တော်ကြီးမှာ များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ တောင်ကုန်းများကို ညှိလိုက်ပြီး ခန့်ညားလှသော နန်းဆောင်များနှင့် စာပေရနံ့ များ လွှမ်းခြုံနေသော အဆောက်အဦးများစွာကို အဆင့်ဆင့် တည်ဆောက်ထားသည်။

အကယ်ဒမီ တည်ဆောက်ရေးကို တာဝန်ယူနေသူများထဲတွင် တစ်ဦးဖြစ်သည့် မုရုန်ယန် သည် ဟုန်ယွိ၏ ဘေးတွင် ရပ်နေသည်။ ထို့အပြင် မင်းသမီး ယူလူလက် ၊ မင်းသား ရှီဒီနှင့် အခြားသူများလည်း ရှိနေကြသည်။

“ဟုတ်တယ်... နောက် တစ်လ၊ နှစ်လလောက်ဆိုရင် အကယ်ဒမီက ပြီးတော့မယ်။” မုရုန်ယန်က ပြောလိုက်သည်။ “တစ်ဖက်က မိုမိသားစုရဲ့ အံ့ဖွယ် တည်ဆောက်မှု နည်းလမ်းတွေကြောင့်ဖြစ်သလို၊ အခြားတစ်ဖက်ကလည်း ကျွန်မက ငွေကုန်ကြေးကျမှာ ကို ဂရုမစိုက်ဘဲ အလုပ်သမားပေါင်း တစ်သိန်းနီးပါးကို အင်အားသုံး ခိုင်းထားလို့ ဒီလောက် မြန်မြန်ပြီးတာပါ။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ ငွေဒင်္ဂါး ဆယ်သန်းလောက် သုံးခဲ့ပြီးပြီ၊ ဒါဟာ နိုင်ငံတော် ဘဏ္ဍာတိုက် ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံလောက် ရှိတယ်။ တော်သေးတာ ပေါ့ ရှင် အချိန်မီ ပြန်ရောက်လာလို့။ မဟုတ်ရင် ငွေတွေက ကုန်တော့မှာ။ ဒီတစ်ခါ အကယ်ဒမီ တည်ဆောက်တာကို အမှီပြုပြီး ဘယ်နှဖွဲ့လောက် ချမ်းသာသွားလဲတောင် မသိတော့ဘူး။”

“ဒါက ကိစ္စမရှိပါဘူး၊ ငါ့မှာ ငွေတွေ အများကြီး ရှိပါတယ်” ဟု ဟုန်ယွိက ပြောသည်။ “ငွေကြေးကုန်ကျမှာကို စိတ်မပူပါနဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ပြည်သူတွေဆီကို ဥစ္စာဓန တွေ ဖြန့်ဝေပေးနေတာပဲလေ။”

“ထျန်းကုန်းမိုမိသားစုက နာမည်နဲ့လိုက်အောင် တကယ်ကို အစွမ်းထက်တာပဲ။”

ပိုင်ဇိယွဲ့နှင့် ကြင်ယာတော်ယွမ်တို့သည်လည်း ဟုန်ယွိ၏ ဘေးတွင်ရပ်ကာ အိမ်တော် အတွင်းအပြင်မှ မြင်ကွင်းများကို စောင့်ကြည့်နေကြသည်။ လူအုပ်ကြီးမှာ ပုရွက်ဆိတ်များ အလား များပြားလှပြီး လှည်းတွန်းသူ၊ နံရံဆောက်သူ၊ သစ်ဆွဲသူ၊ ထုံးဖျော်သူများဖြင့် မြို့တော်တစ်ခုလုံးမှ ဝှိုက်ကပ်ပ်မြစ်အထိ ပြည့်နှက်နေသည်။ မိုင်တစ်ရာ ပတ်လည်အတွင်း မှာ အကယ်ဒမီ တည်ဆောက်ရေး အလုပ်သမားများချည်းပင် ဖြစ်သည်။ ထိုသူများထဲတွင် ဝတ်ရုံနက်ဝတ်ကာ ဦးခေါင်းတွင် အဖြူရောင် ပတ်တီးပတ်ထားသော လျှို့ဝှက်ဆန်းကြယ် သူများမှာ မိုမိသားစု၏ တပည့်များ ဖြစ်ကြသည်။

ထိုတပည့်များသည် ကျွမ်းကျင်မှု မြင့်မားကြပြီး ထူးဆန်းသော ကိရိယာများကို အသုံးပြုကြ သည်။ လှုပ်ရှားနိုင်သော သစ်သားမြင်းများ၊ သစ်သားရုပ်ကြီးများ၊ ဝန်ချီစက်များသာမက ညဘက်တွင်ပင် တာအိုမှော်အတတ်များကို သုံးကာ အိမ်များကို ဆောက်လုပ်ကြသည်။ သူတို့၏ အလုပ်မှာ အလွန်ပင် မြန်ဆန်လှသည်။ အချို့သော ထူးဆန်းသည့် ကိရိယာများ ကို မြင်ရသောအခါ ဟုန်ယွိပင်လျှင် သူတို့၏ လက်ရာကို ချီးကျူးမိသွားသည်။

“ရှဲ့ဝန်ယွမ်က တောင်ဘက်ဒေသမှာ သူ့ဩဇာအရှိန်အဝါကို တည်ဆောက်နေပြီး မဟာ ပညာရှင် ဒါဇင်ပေါင်းများစွာနဲ့ ဆက်သွယ်ထားပြီးပြီ။ သူက စာအုပ်ပေါင်း များစွာနဲ့အတူ တပည့် တစ်ထောင်ကျော်ကိုလည်း ခေါ်လာလိမ့်မယ်။ နောက်ရက်အနည်းငယ်အတွင်းမှာ သူတို့ ရောက်လာပြီး မင်းနဲ့အတူ ‘ပြောင်းလဲခြင်းကျမ်း’ ကို စပြီး ပြုစုကြလိမ့်မယ်။ အခုတော့ မင်း တော်တော် အလုပ်များတော့မှာပဲ။” ပိုင်ဇိယွဲ့က ဆိုသည်။

“ရပါတယ်... အရှိန်အဝါ ကြီးလေလေ ပိုကောင်းလေပဲ။ အကယ်ဒမီ ပြီးစီးတဲ့နေ့မှာ ကျောင်းတော် အသီးသီးက ကျောင်းအုပ်တွေ လာကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ သူတို့ က ငါ့ကို အခက်တွေ့အောင် စာပေပညာတွေနဲ့ စိန်ခေါ်ကြလိမ့်မယ်။ ဒါက စာပေတိုက်ပွဲပဲ၊ နတ်ဘုရားစွမ်းရည် မှော်ပညာရပ်တွေက အသုံးမဝင်ဘူး။ ငါ့ရဲ့ ကျိုးယွိ အကယ်ဒမီ အနေနဲ့ လောကကြီးရဲ့ ဖြောင့်မတ်ခြင်းလမ်းစဉ်မှာ ခေါင်းဆောင်ဖြစ်လာဖို့ဆိုတာ လမ်းဝေးကြီး ကျန်သေးတယ်။” ဟုန်ယွိက ပြောလိုက်သည်။

“ဟုန်ယွိ... မင်း ဘယ်တော့မှ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီး စစ်မှန်တဲ့ ‘ဖန်ဆင်းရှင်’ တစ်ဦး ဖြစ်လာမှာလဲ။” ကြင်ယာတော်ယွမ်က မေးလိုက်သည်။

“ကျွန်တော် ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို အခုပဲ ဖြတ်ကျော်နိုင်နေပြီ။ ဒါပေမဲ့ အဲဒီလို လုပ်လိုက်ရင် ကျွန်တော့်မှာ အင်အားချည့်နဲ့တဲ့ ကာလတစ်ခု ရှိနေဦးမယ်။ အဲဒါက အရမ်း အန္တရာယ်များတယ်။ အထူးသဖြင့် ‘ခုန်း’ က ရှိနေသေးတယ်လေ။ ကျွန်တော် ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်တဲ့အချိန်မှာ ကျွန်တော့်ကို သတ်ဖို့ လာမယ့်သူတွေ ရှိနေမှာ သေချာတယ်။ မူလဝိညာဉ်နတ်ဘုရား၊ အမှောင်ဧကရာဇ် တာအို သခင်၊ တော်ဝင်ချန်နန်းတွင်း၊ တာအိုဘိုးဘေး သုံးဦးနဲ့ ရှေးဦးမိစ္ဆာ ခုန်းတောင် ဖြစ်နိုင် တယ်။ ဒါကြောင့် ကျွန်တော် စွမ်းအင်တွေကို စုဆောင်းထားရမယ်။ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ချိန်က မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြီးသွားရမယ်၊ အင်အားချည့်နဲ့တဲ့ ကာလ မရှိရဘူး။ မဟုတ်ရင်တော့ ကျွန်တော် သေချာပေါက် သေလိမ့်မယ်။”

ဟုန်ယွိက သူ၏ ရန်သူများကို တစ်ဦးချင်းစီ ရေတွက်ပြလိုက်သည်။

ရန်သူတစ်ဦးချင်းစီ၏ အမည်ကို ကြားလိုက်တိုင်း ပိုင်ဇိယွဲ့နှင့် ကြင်ယာတော်ယွမ်တို့၏ နှလုံးသားများ တုန်လှုပ်သွားရသည်။ ဟုန်ယွိ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နေစဉ် ‘ခုန်း’ တစ်ဦးတည်း လာသတ်လျှင်ပင် တောင့်ခံရန် ခက်ခဲလှသည်။ အကယ်၍ ထိုသူများ အားလုံး စုပေါင်း တိုက်ခိုက်လာပါက ဟုန်ယွိသည် အလောင်းပင် ကျန်လိမ့်မည် မဟုတ်ပေ။

“မိုးကြိုးကပ်ဘေးဆိုတာ ပုံမှန်အချိန်မှာ လက်ဖျားနဲ့တောင် မတို့ရဲတဲ့သူတွေကိုတောင် အခွင့်ကောင်းယူဖို့ တွန်းအားပေးနိုင်တဲ့ အရာတစ်ခုပဲ။

သူတော်စင် တူယွမ်တောင်မှ မုန့်ရှန်းကျီရဲ့ မိုးကြိုးကပ်ဘေး ဖြတ်ကျော်ချိန်ကို အခွင့်ကောင်းယူဖို့ ကြိုးစားဝံ့ခဲ့သေးတာပဲ။”

“အင်အားချည့်နဲ့တဲ့ ကာလမရှိဘဲ မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်ဖို့ဆိုတာ ကိုးကြိမ် မြောက် မိုးကြိုးကပ်ဘေးအတွက် စုဆောင်းထားသလိုမျိုး ဖြစ်နေရမယ်...” ပိုင်ဇိယွဲ့က ဆိုသည်။

“သွားကြစို့၊ ငါတို့ သူတော်စင်ပေါင်းစုံခန်းမ ထဲကိုဝင်ပြီး တာအိုမှော်ပညာရပ်တွေကို လေ့လာကြမယ်။ အားလုံး အတူတူ လေ့လာကြတာပေါ့။ ယူလူလက်၊ ရှီဒီ... မင်းတို့လည်း လိုက်ခဲ့။ ငါ ‘မိစ္ဆာဂိုဏ်း’ ကိုးခုရဲ့ တာအိုသီးတွေ၊ ဆာဟာရတနာသစ်ပင်နဲ့ အရိုးဖြူပညာရှင် ရဲ့ စိတ်ဝိညာဉ် အတွေးစတွေကို သိမ်းဆည်းထားတယ်။ အဲဒါတွေကို လေ့လာပြီး ကြေညက်အောင် လေ့လာဖို့ လိုတယ်။ ဒါတွေက မင်းတို့အတွက်လည်း အများကြီး အကျိုးရှိလိမ့်မယ်...”

သူ ပြောလိုက်သည်နှင့် ဟင်းလင်းပြင်မှာ အနည်းငယ် လှုပ်ခတ်သွားပြီး ဟုန်ယွိနှင့်အတူ လူအားလုံးသည် ဟင်းလင်းပြင်ထဲတွင် ဝှက်ထားသော သူတော်စင်ပေါင်းစုံခန်းမ အတွင်း သို့ တစ်ဖန် ပြန်လည် ဝင်ရောက်သွားကြသည်။

ဟုန်ယွိက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ မိုးကြိုးရေကန်အတွင်း၌ ဖိနှိပ်ထားသော ‘မိစ္ဆာဂိုဏ်း’ ကိုးခု၏ တာအိုသစ်သီးများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်း ပင် မိစ္ဆာစွမ်းအင်များ တိုးဝှေ့လာပြီး မူလအပြစ် ရှေးဟောင်းမိစ္ဆာ၏ ပုံရိပ်မှာ ပြန်လည် ပေါ်ထွက်လာပြန်သည်။

တစ်ချိန်တည်းမှာပင် နှိမ်နင်းထားသော ‘အရိုးဖြူပညာရှင်’ ၏ စိတ်ဝိညာဉ် အတွေးစများ မှာလည်း လှုပ်ခတ်လာသည်။ သို့သော်လည်း ဆာဟာရတနာသစ်ပင်မှာ သာ၍ပင် ပြင်းထန်စွာ လှုပ်ခတ်နေ၏။

အကယ်ဒမီ မပြီးစီးမီ ကျန်ရှိနေသော ဤအချိန်အတွင်း ဟုန်ယွိသည် မူလနဝမချောက် နတ်ဘုရားနယ်မြေမှ ရရှိခဲ့သမျှ အရာအားလုံးကို အပြီးတိုင် ကြေညက်သည်အထိ အသုံးချ သွားတော့မည် ဖြစ်သည်။

All Chapters