အခန်း ၅၈၈
Vol. 56 Ch. 588
အခန်း (၅၈၈)။
ထိုက်ကျိမိုးကြိုးရေကန် အထက်တွင် မိစ္ဆာအရှိန်အဝါများ တလိမ့်လိမ့် တက်လာပြီးနောက် မူလအပြစ် ရှေးဟောင်းမိစ္ဆာကြီး၏ ခန္ဓာကိုယ် ပေါ်ထွက်လာသည်။ ၎င်းသည် ခုန်း၏ ကောင်းကင်ဘုံတက်လှမ်းခြင်း ပညာရပ်ကဲ့သို့ ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ လောက ကြီးထဲသို့ ဆင်းသက်ပြီး ဖျက်ဆီးပစ်တော့မည့်အလား ကြိုးစားနေသည်။
ဤမူလအပြစ် ရှေးဟောင်းမိစ္ဆာသည် မိစ္ဆာဂိုဏ်းကြီး ကိုးခု၏ တာအိုသစ်သီးများမှ ပေါင်းစပ် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လူသားတို့၏ မကောင်းမှုနှင့် အကုသိုလ် အနှစ်သာရကို ကိုယ်စားပြုရာ ၎င်း၏စွမ်းအားမှာ အလွန်ပင် ကြီးမားလှသည်။ ထိုအထဲတွင် ကောင်းကင် နတ်ဆိုး တာအိုသစ်သီးသာ ပေါင်းစပ်လိုက်ပါက ဖန်ဆင်းရှင်အဆင့်ရှိသော တည်ရှိမှုတစ်ခု ဖြစ်လာမည်ဖြစ်ပြီး မဟာကမ္ဘာတစ်ခုလုံးတွင် အနှိုင်းမဲ့ အစွမ်းထက်သူတစ်ဦး လာပေလိမ့် မည်။
“မစိုးရိမ်ပါနဲ့၊ ငါ့ကို အသေအချာ လေ့လာခွင့်ပေးပါဦး။ ခင်ဗျားရဲ့ ဘယ်လိုရုန်းကန်မှုမျိုးမဆို အားအင်ဖြုန်းတီးတာပဲ ဖြစ်လိမ့်မယ်။” ဟုန်ယွိက ပြုံးလျက် လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုက်ကျိ မိုးကြိုးရေကန် အတွင်းမှ မိုးကြိုးမျှင်များသည် ပင့်ကူအိမ်မှ ချည်မျှင်များအလား တိုးထွက်လာပြီး မူလအပြစ် ရှေးဟောင်းမိစ္ဆာကြီး၏ ခြေထောက်များကို တုပ်နှောင်လိုက် သည်။ ထို့နောက် ခဏချင်းမှာပင် သူ၏ တစ်ကိုယ်လုံးမှာ ပိုးအိမ်ကြီးတစ်ခုအလား အလွှာ လိုက် အုပ်မိုးခြင်း ခံလိုက်ရတော့သည်။
“မင်း ငါ့ကို ပိတ်လှောင်ရဲတယ်ပေါ့လေ…”
ထိုရှေးဟောင်းမိစ္ဆာကြီးမှာ စိတ်ဝိညာဉ် အသိစိတ် အကြွင်းအကျန် ရှိနေပုံရပြီး ထိုက်ကျိ မိုးကြိုးရေကန် အတွင်းမှနေ၍ ဟစ်အော်နေသည်။ တစ်ချက်တစ်ချက်တွင် တဝီဝီမြည်သံ များနှင့် ဆန်းကြယ်သော ရယ်မောသံများကို ပြုလုပ်ရင်း သူ၏လက်များကို အဆက်မပြတ် လှုပ်ရှားနေ၏။ သူ၏ ခန္ဓာကိုယ်အတွင်းမှ မိစ္ဆာအရှိန်အဝါများမှာ တလိမ့်လိမ့် စီးဆင်းနေပြီး ခန္ဓာကိုယ်မှာ လူသားတစ်ယောက်၏ အရွယ်အစားအထိ ကျုံ့ဝင်သွားသည်။ သူ၏ ကိုယ်တွင်း အင်္ဂါများ၊ ခြေလက်များနှင့် အရိုးအဆစ်များမှာ အသွေးအသားများကဲ့သို့ပင် ပေါ်လွင် ထင်ရှားလာပြီး သူ၏အစွမ်းကို အထွတ်အထိပ်သို့ ရောက်အောင် စုစည်းထားခြင်း ဖြစ်သည်။
လက်သီးပညာရပ်များ၊ သိုင်းပညာရပ်များနှင့် ဖျက်အားပြင်းသော စွမ်းအင်များမှာ မိစ္ဆာကြီး ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ သူ၏ သိုင်းဆန္ဒနှင့် စိတ်စွမ်းအားမှာ ရူးသွပ်စွာ ထွက်ပေါ်လာရာ ရှေးဟောင်းမိစ္ဆာကြီးမှာ အထွတ်အထိပ် လူသားအင်မော်တယ် တစ်ဦးကဲ့ သို့ပင်။ သူသည် မိုးကြိုးရေကန်၏ ချည်နှောင်မှုမှ လွတ်မြောက်ရန် မိစ္ဆာသိုင်းပညာမျိုးစုံကို အစွမ်းကုန် ထုတ်ဖော်နေခြင်း ဖြစ်သည်။ ဤသည်မှာ ချုပ်နှောင်မှုကင်းသော မိစ္ဆာလမ်းစဉ် ၏ စစ်မှန်သော သဘာဝပင်။
“မိစ္ဆာ ကမ္ဘာလောက လှည့်လည်ခြင်း”၊ “မိစ္ဆာတစ်သောင်း ဝိညာဉ်ဝါးမြိုခြင်း”၊ “သွေးပင်လယ်မြစ်”၊ “အဆုံးမဲ့နာကျည်းမှု”၊ “ကောင်းကင်ဆုတ်ဖြဲ မြေကြီးကိုလှန်”၊ “အရိုးအရည်ဖျော် ချဉ်ဆီထုတ်ယူ”၊ “မိစ္ဆာလမ်းစဉ်တစ်ရာ”၊ “ကောင်းကင်အပြင်ပမှ ရှေးဟောင်းမိစ္ဆာ” နှင့် “မိစ္ဆာတစ်သောင်း ကိုးကွယ်ခြင်း” စသည့် ပညာရပ်များဖြစ်သည်။
နက်နဲလှသော ပညာရပ်များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်ကာ သိုင်းပညာနှင့် တာအိုပညာ များ ပေါင်းစပ်၍ ထိုက်ကျိမိုးကြိုးရေကန်ကို တိုက်ခိုက်လိုက်ရာ မီတာရာချီ မြင့်မားသော မိုးကြိုးလှိုင်းတံပိုးများ ထွက်ပေါ်လာသည်။ သူတော်စင်ပေါင်းစုံခန်းမ တစ်ခုလုံးမှာလည်း ပြိုကျတော့မည့်အလား တုန်ခါသွားရသည်။
“အေးခဲစမ်း..”
ဟုန်ယွိသည် မူလအပြစ် ရှေးဟောင်းမိစ္ဆာ ကြီး၏ သိုင်းပညာထုတ်ဖော်ပုံကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့ပြီးမှ အစီအရင်၏ အစွမ်းကို အနည်းငယ် အသက်သွင်းလိုက်ရာ ခန်းမကြီး မှာ ချက်ချင်းပင် ငြိမ်သက်သွားခဲ့သည်။
ထို့နောက် ခန်းမအတွင်းရှိ လူအားလုံးမှာ ဟင်းလင်းပြင်တွင် ပေါ်ထွက်လာကြပြီး မိုးကြိုး ရေကန်အတွင်း၌ အမြင့်ဆုံးသော မိစ္ဆာပညာရပ်များကို လေ့ကျင့်နေသည့် မိစ္ဆာကြီးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ နင်ဂျာဘုန်းကြီးတော်၊ မြေခွေးမလေး၊ ရွှေပင့်ကူ၊ မုကလေး၊ ချီဇီယန်၊ ရှန်ထိုက်ဇူ၊ ရှန်ထျန်းယန်နှင့် လီလဲ့၊ ဝမ်ဖေးယန်၊ ခါးကုန်းသူတော်စင်၊ သခင်ကျိုးနှင့် အခြားသူများမှာ တစ်ဦးပြီးတစ်ဦး ထွက်လာကြသည်။
“သေချာကြည့်ကြ... ဒါဟာ မိစ္ဆာလမ်းစဉ်ရဲ့ ကိုယ်ခံပညာ၊ တာအိုကျင့်စဉ်တွေရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက်ပဲ။ လူသားတွေရဲ့ စိတ်အတွင်းက မူလအပြစ်တွေဟာ အကန့်အသတ်မရှိ ဘယ်လိုမျိုး အစွမ်းထက်လာနိုင်တယ်ဆိုတာကို မြင်အောင်ကြည့်ကြပါ။” ဟုန်ယွိက လူတိုင်းကို သင်ခန်းစာ ပို့ချမူအဖြစ် အသုံးချပြခဲ့သည်။
ယခုအခါ သူတော်စင်ပေါင်းစုံခန်းမ အတွင်းရှိ ဟင်းလင်းပြင်မှာ ကီလိုမီတာ ၅၀၀ ခန့်အထိ ကျယ်ဝန်းလာပြီး စကြာဝဠာအိတ်ထက် ဆယ်ဆမျှ ပိုမိုကြီးမားလာသည်။ ၎င်းသည် ကောင်းကင်အမြင့်တွင် တည်ရှိပြီး ဟင်းလင်းပြင်တစ်ခုအတွင်း၌ အခြားဟင်းလင်းပြင် များစွာ ထပ်ဆင့်တည်ရှိနေသဖြင့် အလွန်ဆန်းကြယ်လှ၏။ လူတိုင်းသည် မိုးကြိုးရေကန် အတွင်း၌ ရုန်းကန်နေသော ရှေးဟောင်းမိစ္ဆာကြီးကို အပေါ်စီးမှနေ၍ အန္တရာယ်ကင်းကင်း နှင့် စောင့်ကြည့်နေကြသည်။ ၎င်းမှာ လူသတ်ပွဲတစ်ခုကို ကြည့်နေရသကဲ့သို့ စိတ်လှုပ်ရှား ဖွယ် ကောင်းပြီး အန္တရာယ်လည်း လုံးဝမရှိပေ။
မူလအပြစ် ရှေးဟောင်းမိစ္ဆာကြီးသည် အားအင်ကုန်ခမ်းခြင်းမရှိသော မိစ္ဆာနတ်ဘုရား တစ်ပါးကဲ့သို့ပင်။ သူသည် မိစ္ဆာလမ်းစဉ် သိုင်းပညာရပ်များနှင့် တာအိုမှော်ပညာရပ်များကို ထပ်ခါတလဲလဲ ထုတ်ဖော်နေ၏။ စွမ်းအင်များ စီးဆင်းလှည့်ပတ်ပုံမှာ လူတိုင်း၏ ရှေ့မှောက်တွင် ရှေးဟောင်းမိစ္ဆာလမ်းစဉ်၏ သမိုင်းကြောင်းကို ပန်းချီကားတစ်ချပ်အလား ဖြန့်ခင်းပြနေသကဲ့သို့ ရှိနေသည်။
နှစ်ပေါင်းသောင်းချီကြာက မိစ္ဆာလမ်းစဉ်၏ တာအိုပညာရပ်များ၊ သမိုင်းကြောင်း၊ စိတ်နေ သဘောထားနှင့် တိုက်ခိုက်ရေး ပညာများအားလုံးမှာ ထိုမိစ္ဆာကြီး၏ ခန္ဓာကိုယ်အတွင်း၌ ကိန်းဝပ်နေ၏။ မိစ္ဆာဂိုဏ်းတစ်ခု၏ တာအိုသစ်သီးတစ်လုံး ဖြစ်ပေါ်လာရန် မိစ္ဆာအိုကြီး တစ်ဦးသည် နှစ်ပေါင်းတစ်ထောင်ကျော်ကြာ အားထုတ်ရခြင်းဖြစ်ရာ ယခု မိစ္ဆာဂိုဏ်း ကိုးခု ၏ တာအိုသစ်သီးများ ပေါင်းစပ်ထားသည့်အရာမှာ မည်မျှအနှစ်သာရများ ကိန်းဝပ်နေမည် ကို ခန့်မှန်းနိုင်ပေသည်။
“မိစ္ဆာဂိုဏ်းတွေရဲ့ ပညာရပ်တွေက တကယ်ကို ထူးဆန်းတာပဲ။ ကြည့်ရင်းနဲ့ ငါအများကြီး သိလာရတယ်။ ဖြောင့်မတ်ခြင်းလမ်းစဉ်ကို ကျင့်ကြံတဲ့နေရာမှာ ဒီလို မိစ္ဆာလမ်းစဉ်နဲ့ နှိုင်းယှဉ် လေ့လာရတာက ငါ့ရဲ့ အသိဉာဏ်ကို ပိုပြီး ပွင့်လင်းစေသလို ခံစားရတယ်။” ပိုင်ဇိယွဲ့က မှတ်ချက်ပြုသည်။ သူ၏ တာအိုအသိအမြင်များမှာလည်း အဟုန်အရှိန်ဖြင့် တိုးတက်လာခဲ့သည်။
“ဟုတ်တာပေါ့... အဆိုး (မိစ္ဆာ) ဆိုတာ မရှိရင် အကောင်း (ဖြောင့်မတ်ခြင်း) ဆိုတာ ဘယ်မှာ ရှိတော့မလဲ။” ဟုန်ယွိကဆိုကာ တရားထိုင်ဟန်ဖြင့် ထိုင်ချလိုက်သည်။ ကျန်ရှိ သော လူအားလုံးလည်း တရားထိုင်ဟန်ဖြင့် ထိုင်ချလိုက်ကာ၊ ရှားပါးလှသော မိစ္ဆာလမ်းစဉ် ၏ ပြကွက်များကို စောင့်ကြည့်ရင်း မိမိတို့အတွက် အကျိုးရှိမည့် အသိအမြင်များကို ရယူနေကြသည်။
ရွှေပင့်ကူကလည်း မျက်လုံးလေး ကလယ်ကလယ်ဖြင့် ရေရွတ်လိုက်သည် “နှမြောစရာပဲ။ ငါ့အဘိုးသာ ဒီမှာရှိရင် အများကြီး သိမြင်လာမှာပဲ။ အဲဒါဆိုရင် သူ့အနေနဲ့ မိုးကြိုးကပ်ဘေး ကို ဖြတ်ကျော်ဖို့က အလွယ်လေး ဖြစ်သွားမှာ”။ သူမလည်း စိတ်ကို တည်ငြိမ်အောင်ထား ပြီး ကျင့်ကြံမှုအပေါ် အာရုံစိုက်လိုက်သည်။
…
“မိစ္ဆာဂိုဏ်းတွေမှာ တကယ်ကိုပဲ သူတို့ကိုယ်ပိုင် ထူးခြားတဲ့ အစွမ်းတွေ ရှိကြတာပဲ။ သူတို့ က လူသားသဘာဝရဲ့ အဆုံးစွန်သော မကောင်းမူတွေကို ထုတ်လွှတ်နိုင်ကြတယ်…” ဟုန်ယွိက တွေးလိုက်သည်။ ဤဖြစ်စဉ်တွင် အကျိုးအရှိဆုံးသူမှာ ဟုန်ယွိပင် ဖြစ်သည်။ မူလအပြစ် ရှေးဟောင်းမိစ္ဆာကြီး ရုန်းကန်လှုပ်ရှားရင်း သူ၏ သိုင်းပညာရပ်များကို ထုတ်ဖော်နေပုံကို ကြည့်ရှုရင်း ဟုန်ယွိ၏ စိတ်အတွင်းရှိ မကောင်းသော အတွေးများမှာ တစ်ခုချင်းစီ ကွာကျလာခဲ့သည်။ ထိုအတွေးများမှာ မိစ္ဆာငယ်လေးများအဖြစ် ပြောင်းလဲ သွားပြီး မိစ္ဆာအိုကြီး၏ တာအိုပညာများကို အစအဆုံး အတုယူကာ ဟိန်းဟောက် ရုန်းကန် နေကြသည်။
ဟုန်ယွိအနေဖြင့် သူ့စိတ်အတွင်းမှ မကောင်းသော အတွေးများကို ဤမျှလောက် ရှင်းရှင်း လင်းလင်း မြင်တွေ့ဖူးသည့် အချိန်မျိုး တစ်ခါမှ မရှိခဲ့ပေ။
အတိတ်က သူသည် ‘အတိတ်ကျမ်း’ ကို ကျင့်ကြံစဉ်တွင် ယာကရှာနတ်ဆိုးဘုရင်, ရှက်ချာဆာနတ်ဆိုးဘုရင်, အသုရာနတ်ဆိုးဘုရင်, ကင်းကောင်, ဖျက်ဆီးခြင်း မင်စီလာ ဘုရင်တို့ကို စုစည်းပြီး၊ သူ့စိတ်ကို အပြည့်အဝ သိမြင်ပြီဟု ထင်ခဲ့သော်လည်း ယခုမူ မိစ္ဆာဂိုဏ်း ကိုးခု၏ တာအိုသစ်သီးများကို လေ့လာမိမှသာ သူ၏စိတ်အတွင်းမှ မိစ္ဆာများနှင့် မကောင်းသော စွဲလမ်းမှုများကို နားလည်ရန် လိုအပ်နေသေးကြောင်း သူသိရှိသွားခဲ့သည်။
“ငါသာ ဒီစွဲလမ်းမှုတွေနဲ့ မကောင်းတဲ့အတွေးတွေကို အသေအချာ နားမလည်ခဲ့ရင်၊ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်တဲ့အခါ ဒါတွေက အပြည့်အဝ ပေါက်ကွဲ ထွက်လာလိမ့်မယ်။ အဲဒါက ငါ့ရဲ့စိတ်ကို နှောင့်ယှက်ပြီး စိတ်ဝိညာဉ် အတွေးစတွေကို ကြီးကြီးမားမား ဒဏ်ရာရစေလိမ့်မယ်၊ နောက်ဆုံးမှာတော့ ငါ ပျက်စီးသွားရလိမ့်မယ်” ဟုန်ယွိ ဆင်ခြင်မိသည်။
မိစ္ဆာဂိုဏ်းများ၏ တာအိုပညာရပ်များ၊ သိုင်းပညာရပ်များ၊ အယူအဆများနှင့် အဆိုးမြင် အတွေးများ စီးဆင်းပုံမှာ သူ၏ စိတ်အတွင်းရှိ မကောင်းသော အတွေးများနှင့် တိုက်ရိုက် ထိတွေ့သွားခဲ့သည်။
ထိုအခါ ဟုန်ယွိသည် မိမိကိုယ်မိမိ ယခင်ကထက် ပိုမိုနားလည်လာကာ စိတ်အတွင်း၌ ကြည်လင်အေးချမ်းမှုကို ရရှိလာသည်။ သူ၏ အတွေးများအားလုံးမှာ ပြည့်စုံသော ‘ထိုက်ကျိ’ ကို ကိုယ်စားပြုသည့် ‘ရွှေအမြုတေ’ အဖြစ် စုစည်းသွားသကဲ့သို့ ခံစားရသည်။
တစ်ချိန်တည်းမှာပင် သူ၏ အတွေးများထဲ၌ မကောင်းသော အတွေးများကို ရှင်းလင်းစွာ သိမြင်သွားသဖြင့် မည်သည့် ကြောက်ရွံ့မှုနှင့် ဝမ်းနည်းမှုမျှ မရှိတော့ပေ။ ဤလောကရှိ မည်သည့်အရာကမျှ သူ၏ စိတ်ကို မလှုပ်ခတ်စေနိုင်တော့ဘဲ အရာအားလုံးမှာ သူ၏ စိတ်ထဲတွင် ရောင်ပြန်ဟပ်နေသည်။ သူ၏စိတ်ဝိညာဉ်မှာ ကောင်းကင်နှင့် မြေကြီးကြား တွင် လွတ်လပ်နေသော်လည်း၊ စကြဝဠာကြီးနှင့် ခွဲခြားမရအောင် တစ်သားတည်း ဖြစ်နေ သည်။
ဟုန်ယွိသည် ယနေ့မှစ၍ သူ၏ လှုပ်ရှားမှုတိုင်း၊ စကားတစ်ခွန်းချင်းစီနှင့် အပြုအမူတိုင်းမှာ လောကကြီး၏ နိယာမတရားများ၊ အမှန်တရား၏ စည်းမျဉ်းများအဖြစ် အသုံးချ၍ ရတော့မည်ဟု ခံစားလိုက်ရသည်။ သူ၏ ပြောဆိုပြုမူမူ အားလုံးသည် သဘာဝတရားနှင့် တသားတည်း ကျနေပေပြီ။
ဤသည်မှာ အလွန်ပင် ဆန်းကြယ်လှသော စိတ်ပိုင်းဆိုင်ရာ နယ်ပယ်တစ်ခုဖြစ်ပြီး သူတော်စင်တို့၏ အဆင့်၊ ဖန်ဆင်းခြင်း၏ နယ်ပယ်ပင် ဖြစ်သည်။
“ဘယ်သူက သူတော်စင်လဲ၊ ငါကိုယ်တိုင်က သူတော်စင်ပဲ၊” ဟုန်ယွိက သူ့ကိုယ်သူ ကြွေးကြော်လိုက်မိသည်။
“ကမ္မကုသိုလ်... ကမ္မကုသိုလ်... ကိုယ့်ကိုယ်ကိုယ် နားလည်ခြင်းဟာ ကမ္မကုသိုလ်ပဲ။ အခုတော့ ငါဟာ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် နားလည်သွားပြီ။ မကောင်းတဲ့ အတွေး တိုင်း၊ ဖြောင့်မတ်တဲ့ အတွေးတိုင်းဟာ ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီ။ ငါဟာ ဖြောင့်မတ်ချင်ရင် ဖြောင့်မတ်မယ်၊ မိစ္ဆာဖြစ်ချင်ရင် မိစ္ဆာဖြစ်မယ်၊ ငါလုပ်ချင်တာကို ငါလုပ်နိုင်ပြီ။ ဘာကမှ ငါ့စိတ်ကို ချုပ်နှောင်ထားလို့ မရတော့ဘူး။” ဟုန်ယွိက မိမိဘာသာ ရေရွတ်နေသည်။
သူ၏ ကုသိုလ်တရားများမှာ အပြည့်အဝ ပြည့်စုံသွားပြီဖြစ်ကြောင်း သူသိရှိလိုက်သည်။
သူသည် သူ၏ အတွေးတစ်ခုချင်းစီ၊ စိတ်ကူးတစ်ခုချင်းစီကို ရှင်းရှင်းလင်းလင်း သိမြင်နေပြီ ဖြစ်သည်။ ဤသည်မှာ ကျင့်ကြံခြင်း၏ စစ်မှန်သော အဓိပ္ပာယ်၊ လုံ့လဝီရိယ၏ စစ်မှန်သော အနှစ်သာရပင် ဖြစ်သည်။
ကမ္ဘာလောကကြီးနှင့် စကြဝဠာ၊ ဟင်းလင်းပြင်နှင့် အချိန်တို့ကို နားလည်ခြင်းမှာ ဘာမှ မဟုတ်သေးပေ။ မိမိကိုယ်မိမိ အမှန်တကယ် နားလည်ခြင်းကသာ စစ်မှန်သော စွမ်းအား ဖြစ်ပေသည်။
လူသားတို့၏ စိတ်နှလုံးသည် ကောင်းကင်ဘုံထက်ပင် သာ၍ မြင့်မြတ်သောအရာ ဖြစ်သည်။
“လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို နားမလည်ဘဲ ကိုယ့်ကိုယ်ကိုယ် မမြင်နိုင်ဘူးဆိုရင် ကမ္မကုသိုလ်တွေ ဘယ်လောက်ပဲ ကျင့်ကျင့် ဘာအသုံးကျမှာလဲ၊ ကိုယ့်ကိုယ်ကိုယ် နားလည်ခြင်းက ပထမပဲ။ သူတော်စင်တစ်ပါး သူတော်စင် ဖြစ်လာရတာက သူဟာ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် နားလည်သွားလို့ပဲ။ ကိုယ့်ကိုယ်ကိုယ် နားလည်ပြီးမှ ကမ္မကုသိုလ်ပွားများတာကမှ စစ်မှန်တဲ့ ကုသိုလ်ပဲ။”
ထိုတခဏမှာပင် သူသည် မိမိကိုယ်မိမိ သိမြင်သွားခဲ့သည်။ ဟုန်ယွိသည် သူတော်စင်တို့၏ နယ်ပယ်ထဲသို့ အမှန်တကယ် ခြေလှမ်းလှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိလိုက်ရသည်။ သူသည် ‘သူတော်စင်ငယ်’တစ်ဦး မဟုတ်တော့ဘဲ အလယ်ခေတ်၏ စစ်မှန်သော ပညာရှင် သူတော်စင်တစ်ပါး ဖြစ်လာခဲ့ပြီ။ ခုနစ်ကြိမ်မြောက် မိုးကြိုးဘေးဒဏ်ကို ဖြတ်ကျော်ပြီး ဖန်ဆင်းရှင်တစ်ဦး ဖြစ်လာရန်မှာ သူ၏လက်ဖဝါးကို လှန်လိုက်သကဲ့သို့ လွယ်ကူသွားခဲ့ပြီ ဖြစ်သည်။ မည်သည့် အန္တရာယ်မှလည်း မရှိတော့ပေ။
မိုးကြိုးကပ်ဘေးသည် သူ့အတွက် မည်သည့်အန္တရာယ်မှ မရှိတော့ဘဲ သူ၏ စွမ်းအားကိုသာ တိုးပွားစေလိမ့်မည် ဖြစ်သော်လည်း အပြင်ဘက်မှ ရန်သူများမှာမူ အလွန်အန္တရာယ်ကြီးလှ သဖြင့် သူသည် ဆက်လက်၍ ပြင်ဆင်မှုများ ပြုလုပ်နေရဆဲ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူသည် မူလအပြစ် ရှေးဟောင်းမိစ္ဆာကြီးအတွင်းရှိ မိစ္ဆာပညာရပ် အားလုံးကို လေ့လာသင်ယူပြီး ဖြစ်သည်။ သူသည် ၎င်းတို့ကို အသုံးမပြုဘဲ ဖြောင့်မတ်ခြင်း နှင့် မိစ္ဆာလမ်းစဉ်တို့ကို ရောစပ်ကာ ယင်နှင့်ယန် လှည့်ပတ်ပုံအတိုင်း ပေါင်းစပ်လိုက်သည်။ သူ၏ စွမ်းအားမှာ တိုးပွားမလာသော်လည်း သူ၏ ကျင့်ကြံမှုအဆင့်မှာ များစွာ မြင့်တက် လာခဲ့သည်။
ဤသည်မှာ ‘ဉာဏ်အလင်းပွင့်ခြင်း’ ၏ အဓိပ္ပာယ်ပင် ဖြစ်သည်။ သူသည် ချက်ချင်းပင် မတ်တတ်ရပ်လိုက်သည်။ သူ၏ အတွေးစများနှင့် အတွေးစများအတွင်း စုစည်းထားသော အရာများကို ခံစားရင်း ဟုန်ယွိသည် အလွန်ကျေနပ်မိသည်။
“စိတ်ရဲ့ ချုပ်နှောင်မှု မရှိတော့ဘဲ ဝမ်းယွမ် (၁၂၉,၆၀၀) အင်အားကို ရယူမယ်။ ကောင်းကင် နတ်ဆိုး တာအိုသစ်သီး... စုစည်းစမ်း။”
ပြင်းထန်လှသော စွမ်းအင်လှိုင်းကြီးတစ်ခုမှာ သူတော်စင်ပေါင်းစုံခန်းမမှ ထွက်ပေါ်လာပြီး မြေအောက် ကီလိုမီတာပေါင်းများစွာရှိသော ချော်ရည်လွှာထဲသို့ ထိုးဖောက်ဝင်ရောက် သွားသည်။ ထိုနေရာမှ အနက်ရောင် မြေအောက်မိစ္ဆာစွမ်းအင်များကို ထုတ်ယူကာ ဟုန်ယွိ ၏ အစီအရင် နည်းလမ်းများအတိုင်း အဆက်မပြတ် စုစည်းလိုက်သည်။
တစ်ရက်တိတိ ကြာပြီးနောက်... တုန်ခါအသံကြီးနှင့်အတူ မက်မွန်သီးကဲ့သို့ မည်းနက်ပြီး စိတ်နှလုံးကဲ့သို့ စင်ကြယ်လှသော ကောင်းကင်နတ်ဆိုးတာအိုသစ်သီး တစ်လုံး ပေါ်ထွက် လာသည်။ မိစ္ဆာမျောက်ဝံကြီးပါ့သည် ဤတာအိုသစ်သီးကို ရရှိရန် နှစ်ပေါင်း ၃၀၀ ကြာ အောင် အားထုတ်ခဲ့ရသော်လည်း ဟုန်ယွိမှာမူ ခန်းမကြီး၏ အစွမ်းဖြင့် တစ်ရက်တည်းနှင့် ရရှိခဲ့ခြင်း ဖြစ်သည်။
“မိစ္ဆာဂိုဏ်းကိုးခုရဲ့ တာအိုသစ်သီးတွေ အားလုံး ပြည့်စုံသွားပြီ။”
ပိုင်ဇိယွဲ့က မျက်လုံးဖွင့်ကြည့်ရင်း အံ့အားသင့်စွာ ပြောလိုက်သည်။ “ဒီသစ်သီးကို မိုးကြိုး ရေကန်ထဲက မိစ္ဆာကြီးက စုပ်ယူလိုက်ရင် ဘာဖြစ်လာမလဲ၊ ဟုန်ယွိ... မင်း အဲဒါကို ထိန်းချုပ်နိုင်ပါ့မလား။”
ဟုန်ယွိက ပြန်မဖြေဘဲ ကောင်းကင်နတ်ဆိုး တာအိုသစ်သီးကို မိုးကြိုးရေကန်ထဲသို့ ပစ်ထည့်လိုက်သည်။
အနက်ရောင် အငွေ့တန်းကြီးတစ်ခု ပေါ်ထွက်လာပြီး ဟိန်းအော်နေသော မူလအပြစ် ရှေးဟောင်းမိစ္ဆာကြီးကို တုန်လှုပ်သွားစေသည်။ မူလအပြစ်ရှေးဟောင်း မိစ္ဆာကြီးသည် ကောင်းကင်နတ်ဆိုးတာအိုသစ်သီးကို လှမ်းဖမ်းလိုက်သည်။ သူ၏ဗီဇစိတ်အရ ဤအရာ သည် သူအမြဲတမ်း အိမ်မက်မက် တောင့်တခဲ့ရသော အရာဖြစ်ကြောင်း သိနေသည်။
သူသည် ထိုသစ်သီးကို တစ်လုပ်တည်းဖြင့် မျိုချလိုက်သည်။ ချက်ချင်းပင် အခြေအနေများ မှာ လုံးဝ ပြောင်းလဲသွားတော့သည်။
မူလအပြစ် ရှေးဟောင်းမိစ္ဆာကြီးသည် နောက်ဆုံးတွင် အဆုံးအဖြတ်ပေးမည့် အရေးပါ သော အဆင့်သို့ ရောက်ရှိသွားကာ ‘အရည်အသွေး ပြောင်းလဲမှု’ မှသည် ‘ပမာဏ ပြောင်းလဲမှု’ အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။
မိစ္ဆာအိုကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ကြွက်သားအမျှင်တန်းများသည် လေဟာနယ်ထဲမှ အလို အလျောက် ပေါ်ထွက်လာပြီး၊ ခန္ဓာကိုယ်တွင်းရှိ စုစည်းထားသော ‘အပ်စိုက်အမှတ်’ များ ကဲ့သို့ ဟင်းလင်းပြင် အမှတ်များမှာလည်း ပေါ်ပေါက်လာသည်။ ဤအခြေအနေမှာ ထာဝရ အသက် ဆန်းကြယ်နယ်မြေ အတွင်း၌ “ခုန်း” ‘ထာဝရအသက်တာအိုသစ်သီး’ ကို ဝါးမြိုခဲ့ စဉ်က အခြေအနေနှင့် ဆင်တူသည်။
မိစ္ဆာအိုကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါမှာ ဆယ်ဆခန့် ရုတ်ခြည်း မြင့်တက်လာသဖြင့် ကျင့်ကြံနေသူအားလုံး လန့်နိုးသွားကြသည်။
“ကောင်းကင်နတ်ဆိုး ဆင်းသက်ပြီ၊ မိစ္ဆာက လူ့လောကကို ဖျက်ဆီးတော့မယ်…”
ညစ်ညမ်းလှသော စွမ်းအင်လှိုင်းများမှာ မိစ္ဆာကြီး၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ သို့သော် ထိုစွမ်းအင်မှာ အလွန်သန့်စင်လှသဖြင့် မိစ္ဆာအငွေ့အသက် အစအနမျှပင် မရှိ တော့ပေ။ ဤသည်မှာ မူလအပြစ် စွမ်းအင်ပင်ဖြစ်တော့သည်။
“မကောင်းတော့ဘူး။”
မူလအပြစ် ရှေးဟောင်းမိစ္ဆာကြီးသည် အမှန်တကယ်ပင် အသွေးအသား ခန္ဓာကိုယ်အဖြစ် စုစည်းသွားပြီဖြစ်ကြောင်း လူတိုင်း သိလိုက်ကြသည်။
“မူလအပြစ် စွမ်းအင်တွေ... ငါ့ကို ဝမ်ယွမ်း ကိန်းဂဏန်းဖြစ်တဲ့ ၁၂၉,၆၀၀ အထိရောက် အောင် ကူညီပေးစမ်း။” ထိုအခိုက်တွင် သူတော်စင်ပေါင်းစုံခန်းမ အတွင်းရှိ မူလစွမ်းအင် များမှာ ဟုန်ယွိ၏ ခန္ဓာကိုယ်ဆီသို့ စုပြုံရောက်ရှိလာသည်။ ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစ ၆၀,၀၀၀ စလုံးမှာ တစ်ပြိုင်နက် ပေါက်ကွဲထွက်လာပြီး မိုးကြိုးရေကန်အတွင်းရှိ မိစ္ဆာကြီးထံသို့ တိုက်ရိုက် တိုးဝင် တိုက်ခိုက်လိုက်သည်။
ထိုတိုက်ခိုက်မှုကြောင့် မိစ္ဆာအိုကြီးမှာ ချက်ချင်း ပေါက်ကွဲသွားပြီး အသန့်စင်ဆုံးသော ‘မူလစွမ်းအင်’ များအဖြစ် အရည်ပျော်သွားကာ မိုးကြိုးရေလှိုင်းများနှင့် ရောယှက်သွားပြီး နောက် နောက်ဆုံးတွင် ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစပေါင်း ၆၆၆၀၀၀နှင့် ပေါင်းစပ် သွားတော့သည်။
ထိုအခြေအနေမှာ ဝေဝေဝါးဝါးနှင့် ဆန်းကြယ်လှပေသည်...
ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစများသည် မူလအပြစ် စွမ်းအင်များကို ဝါးမြိုပြီးနောက် နှစ်ခုစီ ကွဲထွက်လာကာ ကြီးထွားပြောင်းလဲလာသည်။ နောက်ဆုံးတွင် စိတ်ဝိညာဉ် အတွေးစပေါင်း ၁၂၉,၆၀၀ အထိ ဖြစ်လာခဲ့သည်။ တစ်ခုချင်းစီမှာ အလွန်ကြီးမားပြီး အနှိုင်းမဲ့ အစွမ်းထက်လှသည်။ ၎င်းတို့သည် မိုးကြိုးရေကန်အတွင်းရှိ ‘အရိုးဖြူပညာရှင်’ ၏ စိတ်ဝိညာဉ် အတွေးစ တစ်သိန်းထက်ပင် များစွာ ပိုမို အစွမ်းထက်ပေသည်။
ဟုန်ယွိသည် ‘ဖန်ဆင်းရှင်’ အဆင့်သို့ မရောက်သေးသော်လည်း သူ၏ စိတ်ဝိညာဉ် အတွေးစမှာ အမှန်တကယ်ပင် ဝမ်ယွမ် (၁၂၉,၆၀၀) ကိန်းဂဏန်း ပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်မိမိ သိမြင်နားလည်သွားပြီးနောက် အဆိုးကို အကောင်း အဖြစ် ပြောင်းလဲကာ စုစည်းနိုင်ခဲ့ခြင်း ဖြစ်သည်။
“ဆာဟာ ရတနာသစ်ပင်... အညံ့ခံစမ်း။”
မူလအပြစ် စွမ်းအင်နှင့် မိစ္ဆာတာအိုသစ်သီး ၁၀ လုံးကို စုပ်ယူပြီးနောက် ဟုန်ယွိ၏ စိတ်ဝိညာဉ် စွမ်းအားမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူသည် မိုးကြိုးရေကန် အတွင်း၌ လှုပ်ရှားနေသော ဆာဟာ ရတနာသစ်ပင်ကြီးကို လက်တစ်ဖက်တည်းဖြင့် လှမ်းဖမ်းလိုက်သည်။
သို့သော် ရတနာသစ်ပင်ကြီးမှာ အကိုင်းအခက် အသစ်များစွာ ထွက်ပေါ်လာပြီး ရုန်းကန် နေသည်။ အကိုင်းအခက် တစ်ခုချင်းစီမှာ ဟင်းလင်းပြင်ကို ရိုက်ခတ်နေပြီး သူတော်စင် ပေါင်းစုံခန်းမကို အတွင်းမှနေ၍ ဖျက်ဆီးပစ်ရန် ကြိုးစားနေသည်။
“ဝမ်ယွမ် ပေါက်ကွဲစမ်း၊ ဖြောင့်မတ်ခြင်းလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် ပေါင်းစည်းစေ။”
ဟုန်ယွိ သိလိုက်သည်နှင့် သူ၏ စိတ်ဝိညာဉ် အတွေးစ ၁၂၉,၆၀၀ စလုံးမှာ ထွက်ပေါ်လာပြီး ဟုန်ယွိနှင့် တစ်ပုံစံတည်း တူသော လူပေါင်း တစ်သိန်းကျော်အဖြစ် ပြောင်းလဲသွားကာ ဟင်းလင်းပြင်တစ်ခုလုံးကို စစ်တပ်ကြီးသဖွယ် ဖုံးလွှမ်းသွားသည်။ တစ်ဦးချင်းစီသည် ကြယ်စွမ်းအင်နှင့် သိုင်းပညာရပ်များကို အသုံးပြုနေကြသည်။ အချို့မှာ မိစ္ဆာဂိုဏ်းမှ ပညာရပ်များဖြစ်ပြီး အချို့မှာ အမှန်တရား ဂိုဏ်းများ၏ ပညာရပ်များဖြစ်သည်။ ၎င်းတို့ အားလုံးသည် ဆာဟာ ရတနာသစ်ပင်ကို တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။
ဝုန်း….
ဆာဟာရတနာသစ်ပင်ကြီးမှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ၏ အကိုင်းအခက်များ မှာ ထပ်မံ ကျိုးပဲ့သွားကာ သစ်တုံးကြီး တစ်တုံးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ဟုန်ယွိသည် မဆိုင်းမတွဘဲ စွမ်းအင်များကို စုစည်းကာ သစ်ပင်အတွင်းရှိ ‘ခုန်း’ ၏ စိတ်ဝိညာဉ် အမှတ်အသားကိုပါ အပြီးတိုင် ဖျက်ဆီးပစ်လိုက်သည်။
“ဘိုးဘေးနဂါးရေခဲတိုင်ကြီး ပျက်စီးသွားပြီးကတည်းက ငါ့ရဲ့ခန်းမမှာ တိုင်ကြီး မရှိတော့ ဘူး၊ မင်းက အဲဒီနေရာမှာ တိုင်ကြီးတစ်တိုင်အဖြစ် တာဝန်ယူလိုက်တော့။ ရတနာ သစ်ပင်ကြီးကို ခန်းမရဲ့ တိုင်ကြီးတစ်တိုင်အဖြစ် အသုံးပြုရတာ တကယ့်ကို ကောင်းတဲ့ ကိစ္စပဲ။ ဒါဟာ မင်းအတွက်လည်း ဆုလာဘ်တစ်ခုပဲ။”
ဖျစ်…၊ ကမ္ဘာဦးခေတ်၏ နံပါတ်တစ် မိစ္ဆာသစ်ပင်ကြီးမှာ ခန်းမကြီး၏ တိုင်လုံးကြီးအဖြစ် စိုက်ထူခြင်း ခံလိုက်ရသည်။ မိုးကြိုးများနှင့် စွမ်းအင်များမှာ သစ်ပင်ကြီးကို ရစ်ပတ်သွားပြီး ခန်းမကြီးနှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။
ထိုအခိုက်တွင် ကျောက်စိမ်းမြို့တော်ရှိ လူတိုင်းမှာ အစိမ်းရောင် မိုးမခံစံအိမ် ဘက်မှနေ၍ ကောင်းကင်ယံသို့ ထိုးတက်သွားသော အလွန်သန်စင်သည့် အလင်းတန်းကြီးကို မြင်တွေ့ လိုက်ရသဖြင့် အလွန်အံ့အားသင့် သွားကြပါတော့သည်။