← Chapters

အပိုင်း(၂၄၉)-ကောင်းကင်ဘုံနယ်မြေ

Vol. 003 Ch. 249

အပိုင်း(၂၄၉)-ကောင်းကင်ဘုံနယ်မြေ

Vol. 003 Ch. 249

ရှီမာယူယူသည် အဖြူရောင်အလင်းတန်းထဲသို့ ဆွဲသွင်းခြင်းခံလိုက်ရသည်။ သူမ မျက်စိဖွင့်သည်နှင့် သူမနှင့် သူမ အစ်ကိုလေးယောက်တို့သည် တခြားနေရာတစ်နေရာတွင် ရပ်နေကြပြီးဖြစ်သည်။

“ဒီနေရာက…လယ်ကွင်းလား”

အားလုံးသည် တအံ့တသြဖြင့် ရှုခင်းအားကြည့်နေကြသည်။ မြက်ပင်များသည် စိမ်းစိုကာ ထူထပ်လှသည်။ ဒါက လယ်ကွင်းမဟုတ်ရင် ဘာလဲ။

“ဒါက ဘိုးဘွားပိုင်နယ်မြေလား ဘာမှလည်းမရှိဘူး” ရှီမာယူလီပြောလိုက်သည်။

ရှီမာယူယူ လှည့်ပတ်ကြည့်ကာ ပြောလိုက်သည် “ဖြစ်နိုင်တယ် အဲဒီမြေခွေးအိုကြီးက ဒီနေရာက ဘယ်လိုနေရာလဲဆိုတာ မပြောလိုက်ဘူး၊ ဒီမှာ အခွင့်အလမ်းများတယ်ဆိုတာပဲ ပြောလိုက်တာ၊ အရမ်းကျယ်တဲ့ နေရာပဲဖြစ်လိမ့်မယ်”

“ဒီမှာ ဘာမှမရှိဘူး၊ ဘယ်လိုအခွင့်အရေးတွေ ဘယ်လို အမွေတွေရမှာလဲ” ရှီမာယူလီ ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီအခွင့်အရေးက ကျွန်တော်တို့အတွက် လက်ဆောင်ပဲလေ၊ တစ်ခုခုရလာမယ်ဆိုရင် ယူလိုက်ရုံပဲ၊ ဘာမှမရဘူးဆိုရင်လည်း ဘိုးဘွားပိုင်နယ်မြေရဲ့ပုံစံကိုကြည့်ပြီး ပြန်ကြတာပေါ့” ရှီမာယူယူ သူမ စိတ်ထဲတွင် ထိုကဲ့သို့ တွေးထားသည်။

ရှီမာယူရန် ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒီနောက်ပိုင်း အမွေတွေလည်း နည်းနည်းလာတယ်ဆိုတာကို မျိုးနွယ်ခေါင်းဆောင်ပြောထားတယ်ဆိုတော့ ရှိမယ့်ပစ္စည်းအရေအတွက်ကလည်း နည်းမယ်ထင်တယ်”

“အမှန်ပဲ” ရှီမာယူလီ ခေါင်းညိတ်သည်။ ရှီမာယူယူ သံသယရှိစွာဖြင့် ပတ်ဝန်းကျင်အားလှည့်ပတ် ကြည့်နေသည်ကို ကြည့်ကာ မေးလိုက်သည် “ယူယူ မင်းဘာတွေကြည့်နေတာလဲ”

“ဒါက ဝိညာဉ်စေတီလိုမျိုး ဝိညာဉ်လက်နက်ရဲ့အတွင်းနဲ့ တူတဲ့နေရာမျိုးလားလို့ စဉ်းစားနေတာ” ရှီမာယူယူ ပြန်ဖြေသည်။

“မဖြစ်နိုင်ဘူး” ဝိညာဉ်လေးသည် ကန့်ကွက်သည့်အသံထွက်လာသည် “ဝိညာဉ်လက်နက်ထဲမှာ နေနိုင်တာ ငါတစ်ယောက်ပဲရှိတယ်၊ ဒီနေရာက ဝိညာဉ်လက်နက်ဆိုတာ မဖြစ်နိုင်ဘူး”

“ဒါက ဝိညာဉ်လက်နက်မဟုတ်ရင် ဘာလဲ” ရှီမာယူရန် ပြောလိုက်သည်။

ဝိညာဉ်လေးသည် လျှပ်တပြက်ပင် ရှီမာယူယူ၏ ရင်ခွင်ထဲတွင် ပေါ်လာသည်။ ဝိညာဉ်စေတီဖြစ်လာသည့် အချိန်မှစ၍ သူသည် လက်နက်အပြင်ထွက်ပြီး လည်လို့ရသည်။

သူသည် ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ပြီး ပြောလိုက်သည် “ဒါက ကောင်းကင်ဘုံနယ်မြေလိုမျိုးပဲ”

“ကောင်းကင်ဘုံနယ်မြေဟုတ်လား” အားလုံးသည် ဝိညာဉ်လေးအားကြည့်ပြီး မေးလိုက်သည် “ကောင်းကင်ဘုံ နယ်မြေဆိုတာ ဘာလဲ”

“ဒါက ကောင်းကင်အတွင်းက ကမ္ဘာငယ်လိုမျိုးပဲ” ဟိန်းသံလေးသည် သူ၏ နှုတ်စွယ်စုံကျမ်းအား ဖွင့်လိုက်သည် “ကမ္ဘာဦးတယ်မြေတွေမှာဆိုရင် မျိုးနွယ်အများစုက ဒီလိုနေရာမျိုးှရှိကြတယ်။ အများစုကတော့ မျိုးရိုးစဉ်ဆက် ဘိုးဘွားတွေက ဖွင့်ခဲ့တာပဲ”

“ဒါဆို ရှီမာမျိုးနွယ်ကလည်း ဒါမျိုးနေရာရှိနေတာပေါ့” ရှီမာယူရွှီ ပြောလိုက်သည်။

“ရှီမာမျိုးနွယ်က မျိုးရိုးမြင့်တဲ့လောက ကနေလာတာလဲဖြစ်နိုင်တာပဲ” ဟိန်းသံလေး ပြောလိုက်သည် “ဒီလောကက စွမ်းအားရှင်တွေက ကောင်းကင်ဘုံနယ်မြေကိုလုပ်နိုင်တဲ့သူတွေနဲ့ တော့မတူဘူး”

“အဲလိုလည်းဖြစ်နိုင်တာပဲ ဘယ်သူမှမသိနိုင်ဘူးလေ” ရှီမာယူယူ ပြောလိုက်သည် “အပြင်မှာ တစ်ရက်က ဒီမှာ တစ်လဆိုတော့ ဒီမှာ ကျင့်ကြံရင် မကောင်းဘူးလား”

“မဖြစ်နိုင်ဘူး” ဟိန်းသံလေး ပြောလိုက်သည် “ဒီလိုနေရာမျိုးက အသုံးပြုသူရဲ့ အင်အားနဲ့ ဖန်တီးထားတာ၊ တချို့က ရက်နည်းနည်းပဲနေနိုင်သလို တချို့က နှစ်နဲ့ချီအောင်နေနိုင်တယ်၊ ရှေးဟောင်းပြိုင်ပွဲတွေရဲ့ အကောင်းဆုံးအပိုင်းက အဲဒါပဲ၊ သူတို့ဒီလိုနေရာမှာနေတယ်၊ ဒီလိုနေရာမျိုးမှာ နှစ်လဆိုတာ အကန့်အသတ်ရှိတယ်”

“ဒီလိုနေရာမျိုးမှာနေတဲ့သူ ရှိတယ်ဟုတ်လား” ရှီမာယူလီ မျက်လုံးပြူးကာ မေးလိုက်သည်။

“ဟုတ်တယ်” ဟိန်းသံလေးခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါပေမယ့် ဒီလိုနေရာမျိုးမှာ ဝိညာဉ်စွမ်းအင်တွေ ပိုထူတယ်၊ အချိန်သွားနှုန်းကတော့ အတွင်းအပြင်အတူတူပဲ”

“သြော် အဲလိုလား” ရှီမာယူလီ အနည်းငယ် စိတ်ပျက်သွားသည်။

“ဒါပေါ့ အဲလိုပဲလေ” ဟိန်းသံလေးသည် ရှီမာယူလီအား မျက်လုံးလှန်ကြည့်ကာ ပြောလိုက်သည် “ဒီ ကောင်းကင်ဘုံနယ်မြေတွေမှာ သတ်မှတ်ချက်ရှိတယ်၊ သူတို့ မင်းတို့ကို အကုန်ပေးလို့မရဘူး၊ မဟုတ်ရင် ကောင်းကင်နဲ့မြေကြီးက ပြောင်းပြန်ဖြစ်သွားမယ်”

“မင်းဘာတွေ စဉ်းစားလွန်နေတာလဲ” ရှီမာယူရန်သည် ရှီမာယူလီခေါင်းအား ခေါက်ကာ ပြောလိုက်သည် “ငါတို့ ရောက်လာမှတော့ တစ်ခုခုများရှာတွေ့မလားလို့ ကြည့်ရအောင်လေ”

ရှီမာယူယူသည် ဝိညာဉ်လေးအား ပြန်ထည့်ထားပြီး ဟိန်းသံလေးအား ဖက်ကာ အားလုံးနှင့်အတူ သက်တောင့်သက်သာ ဖြစ်မည့် ဘက်သို့ ဦးတည်လျှောက်လာခဲ့သည်။

“ဟူး မမျှော်လင့်စွာနဲ့ပဲ ဒီမှာ ပျံလို့မရဘူး”

“တကယ်မရဘူး”

“ဒါဆို ငါတို့ ပျံနိုင်တဲ့သားရဲတွေပဲ သုံးလို့ရမှာပေါ့” ရှီမာယူယူသည် ငှက်လေးအားခေါ်ကာ သူတို့ခုန်တက်လိုက်သည်နှင့် လှုပ်ရှားသံတစ်သံကြားလိုက်ရသည်။ တစ်စုံတစ်ယောက်သည် သူတို့ရှိရာသို့ အရှိန်ဖြင့် လာနေသည်။

“ရှီမာယူလင်းနဲ့ ရှီမာယူလန်ပဲ၊ ရှီမာယူယန်နဲ့ ရှီမာယူရှင်းလဲပါတယ်”

“သူတို့ဘာလို့ ဝိညာဉ်သားရဲအုပ်အလိုက်ခံနေရတာလဲ”

“အဲဒီ ဝိညာဉ်သားရဲတွေ… သေစမ်း အဲဒါ အံ့ဖွယ်သားရဲတွေပဲ”

“ငှက်လေးပေါ်မြန်မြန်တက်” ရှီမာယူယူသည် လေးနက်နေခဲ့သည်။ သူတို့ အံ့ဖွယ်သားရဲများကို တိုက်ခိုက်နိုင်စွမ်း မရှိပေ။

သူမသည် ရှီမာယူလင်းနှင့် တခြားသူများကြားလောက်အောင် နှစ်ကြိမ်လောက် အော်ပြောလိုက်သည်။ သူမ ပြောလိုက်သည် “ခဏလောက်တော့ တောင့်ခံဦး၊ ယူယူရှိတဲ့ဘက်ကို လာခဲ့”

ရှီမာယူလန်နှင့် တခြားသူများသည် အစပိုင်းတွင် အားကုန်နေရာမှ ငှက်လေးအားမြင်သည်နှင့် နောက်ဆုံးကျန်သည့် အားကုန်သုံးပြီး ပြေးတော့သည်။

ငှက်လေးသည် စောင့်ပြီး အားလုံးတက်ပြီးချိန်တွင် အတောင်ပံဖြန့်ကာ ပျံတော့သည်။ အံ့ဖွယ်သားရဲများသည် မျက်လုံးပြူးများဖြင့် ကျန်ခဲ့လေသည်။

ရှီမာယူယန်သည် ငှက်လေးကျောတွင်လှဲကာ ပြောလိုက်သည် “ပျံနိုင်တဲ့သားရဲရှိတာ ကောင်းလိုက်တာ၊ ငါတို့ ပြန်ရောက်ရင်တော့ တစ်ကောင်လောက်တော့ ရှာဦးမှပဲ”

“အခုလေးတင် ငါမပြေးနိုင်တော့ဘူးဖြစ်နေတာ၊ မင်းတို့နဲ့သာမတွေ့ရင် ငါတို့သေချာပေါက် ဒုက္ခရောက်တော့မှာ” ရှီမာယူရှင်းသည် ကျေးဇူးတင်စွာပြောလိုက်သည်။

“မင်းတို့အားလုံး ဘယ်လိုလုပ်အဲဒီ အံ့ဖွယ်သားရဲတွေနဲ့တွေ့သွားတာလဲ” ရှီမာယူရွှီ မေးလိုက်သည်။

“ငါတို့က သွားတွေ့တာမဟုတ်ဘူး” ရှီမာယူရှင်း သက်ပြင်းချကာ ပြောလိုက်သည် “ငါတို့လေးယောက် ဝင်လိုက်တာနဲ့ တွေ့တော့တာပဲ၊ ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းတာပဲ”

ရှီမာယူယူ ရယ်မောကာ ပြောလိုက်သည် “မင်းတို့လေးယောက်က ရှီမာမျိုးနွယ်ဆက်ငယ်တွေရဲ့ ကိုယ်စားပြုတွေပဲ၊ မင်းတို့ ကံအဲလောက်ကောင်းမယ်မှန်း ဘယ်သူသိမှာလဲ၊ မင်းတို့ အံ့ဖွယ်သားရဲအုပ်နဲ့ တွေ့ရတယ်လို့”

“ရှီမာမျိုးနွယ်က အဲဒီအံ့ဖွယ်သားရဲတွေကို နှင်ထုတ်နိုင်လောက်အောင် အင်အားရှိတယ်မဟုတ်ဘူးလား” ရှီမာယူလီ မေးလိုက်သည်။

“မဖြစ်နိုင်ဘူး” ရှီမာယူယန် ထိုင်လိုက်သည် “ဝင်သွားတဲ့သူတွေက ၃၅နှစ်နဲ့ အောက်တွေပဲ၊ တစ်ခါဝင်ရင် အများဆုံး တစ်ရာပဲဝင်လို့ရတယ်၊ အဲဒီ ဝိညာဉ်သားရဲတွေက အသက်က တစ်ရာကနေ ထောင်ချီနေတာ ပြီးတော့ အကုန်လုံးက အံ့ဖွယ်သားရဲတွေပဲ ဘယ်သူက သူတို့ကို နိုင်မှာလဲ၊ သူတို့ကို ငါတို့နဲ့ ထွက်သွားအောင် လုပ်ဖို့တော့ မပြောနဲ့ သူတို့နဲ့တွေ့ရင် ရှုံးမှာပဲ”

“အရင်တုန်းကတော့ ဘယ်သူမှ အဲဒီအံ့ဖွယ်သားရဲတွေကို သတိမထားကြဘူး၊ နောက်ဆုံးတော့ သူတို့ အင်အားကြီးကြီးလာတာကိုပဲ ကြည့်နေရတော့တယ်၊ တစ်ယောက်ယောက်သာ သူတို့ကို တစ်ကောင် နှစ်ကောင်လောက် ထိန်းကျောင်းပေးမယ်ဆိုရင်တောင်မှ သူတို့နဲ့ စာချုပ်ချုပ်ဖို့နည်းလမ်းမှရှိလို့ ခေါ်သွားလို့မရဘူး” ရှီမာယူလင်း ရှင်းပြသည်။

“ဝင်လာတဲ့သူတွေကလည်း ၃၅နှစ်နဲ့အောက်ဆိုတော့ သားရဲထိန်းကျောင်းသူဖြစ်ရင်တောင်မှ သူတို့အဆင့်က မမြင့်တော့ အဲဒီအံ့ဖွယ်သားရဲတွေကို ထိန်းကျောင်ဖို့မဖြစ်နိုင်ဘူး” ရှီမာယူရှင်း မှတ်ချက်ပေးသည်။

“ငါတို့သာ အံ့ဖွယ်သားရဲတွေကို ခေါ်ထုတ်သွားနိုင်မယ်ဆိုရင် ငါတို့ရှီမာမျိုးနွယ်က သေချာပေါက် အားကောင်းလာမှာပဲ နှမြောဖို့ကောင်းတယ်…” ရှီမာယူလန် မှတ်ချက်ပေးသည်။

ရှီမာယူယူ သူမ မေးစေ့အားကိုင်ပြီးနောက် အောက်ရှိ အံ့ဖွယ်သားရဲအုပ်သို့ငုံ့ကြည့်ပြီး ပြောလိုက်သည် “ဒီ တစ်အုပ်လုံးကို ထုတ်ဖို့ နည်းလမ်းရှာရမယ်…”

“ယူယူ ထားလိုက်တော့၊ ငါတို့ပြောပြီးသားမလား သူတို့ကို ထိန်းကျောင်းပြီး စာချုပ်ချုပ်ရဦးမယ် မဟုတ်ရင် သူတို့ ထွက်လို့မရဘူး..” ရှီမာယူယန် ပြောလိုက်သည်။

“ဟီး ဟီး” ရှီမာယူယူ ရယ်ရုံမျှသာ ရယ်လိုက်သည်။

သူမ နောက်ပြောင်နေခြင်းမဟုတ်သည်ကို အစ်ကိုများနှင့် ရှီမာယူလင်းသာ သိသည်။

“ရွှ့ီး ရွှီး”

သူတို့သည် မြက်ပြင်အားဖြတ်ကာ တောင်ပေါ်သို့တက်သည်နှင့် သူတော်စင် သိမ်းငှက်များ၊ လင်းတငှက်များ ပါဝင်သော ငှက်အုပ်ကြီးသည် ရုတ်တရပ် သူတို့နောက်လိုက်လာကြသည်။

“သေစမ်း ငှက်တွေများလိုက်တာ” ထိုငှက်များအားမြင်သောအခါ ရှီမာယူယန် စိတ်လှုပ်ရှားစွာ ခုန်လိုက်သည်။ သူသည် ကြည့်ရုံမျှကြည့်နိုင်သည်မှာတော့ နှမြောစရာကောင်းသည်။

“ဟူး”

ထိုသူတော်စင်သိမ်းငှက်သည် ငှက်လေးအား မီးတောက်လုံးဖြင့် မှုတ်ထုတ်ရာ ရှောင်တိမ်းလိုက်သည်။

“အဲငှက်တွေက ရက်စက်လိုက်တာ၊ ငါတို့မှ အခုမှ ပုန်းခါစရှိသေးတယ် သူတို့က လိုက်လာပြီ” ရှီမာယူရှင်း ထိုငှက်များကို ကြည့်ရာ သူတို့၏ မျက်လုံးများသည် သူတို့အား ဝါးစားတော့မလိုဖြစ်ကာ ရက်စက်သည်အသွင်ကို မြင်လိုက်ရသည်။

“အားလုံး ရှစ်ကောင် ကောင်းတာပေါ့” ရှီမာယူယူသည် သူတို့အားကြည့်ရင်းပြောလိုက်သည် “ငါတို့်တွေ့မှတော့ မင်းတို့အားလုံးကို လက်ဆောင်ပေးမယ်၊ ယူယန်း မင်း ပျံနိုင်တဲ့သားရဲလိုချင်တယ်လို့ ပြောတယ်မလား၊ ငှက်လေး မြေပေါ်ကိုဆင်းလိုက်”

All Chapters