← Chapters

အခန်း ၂၂၆

Vol. 22 Ch. 226

အခန်း ၂၂၆

Vol. 22 Ch. 226

အခန်း (၂၂၆) ပလက်ဖောင်းသခင်၊ ဒါက အခြေခံ ဗဟုသုတပါပဲ

"ဘယ်သူလဲ"

လီဆက်နှင့် ရဲချီယန်တို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သော မျက်ရည်နီ နတ်ဆိုးက ၎င်း၏ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်လေ၏။

ဓားအရှိန်အဝါတစ်ခု ခုတ်ပိုင်းထွက်ပေါ်သွားသည်။

ကျီးကန်းနတ်ဆိုး ရှာတွေ့ခဲ့သော အရပ်မျက်နှာဆီသို့ အက်ကွဲကြောင်းတစ်ခုကို ဖန်တီးလိုက်လေ၏။

"အား"

"ဟင်"

"ဒီအသံက"

"နည်းနည်း ရင်းနှီးနေသလိုပဲ"

မျက်ရည်နီ နတ်ဆိုးက ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းတော့မည်ကို မြင်လိုက်ရသောအခါ ရဲချီယန်က လှမ်းပြောလိုက်လေ၏။

"သူ့ကို အရှင်လိုချင်တယ်"

ဓားကို ရပ်တန့်လိုက်ကာ ၎င်းက ရှေ့သို့ တိုးသွားလေသည်။

မျက်ရည်နီ နတ်ဆိုးက ဓားခုတ်ရာ အက်ကွဲကြောင်းဆီသို့ ရောက်ရှိသွား၏။

အသံထွက်ပေါ်လာရာ နေရာကို မြင်လိုက်ရပြီးနောက် ၎င်းက သေးငယ်သော ပုံရိပ်လေးတစ်ခုကို ဖမ်းဆွဲလိုက်လေတော့သည်။

"သူမလား"

ရဲချီယန်က ဤပုံရိပ်ကို မှတ်မိသွားချေပြီ။

"ဖုန်းဖုန်း"

သူက သူမ၏ နာမည်နှင့် ဤ ပလက်ဖောင်း၏ အမည်ကို ပြန်လည်အမှတ်ရသွားလေ၏။

အမဲလိုက် စက်ယန္တရားနဂါးထံမှ ထို အကန့်အသတ်ကျော်လွန် ထိပ်ဖူး ပေါက်ကွဲပြီးနောက်မှာတောင် အသက်ရှင်နေသေးသည်တဲ့လား။

ဒီ မိန်းကလေးငယ်။

သူမဆီမှာ တစ်ခုခု မှားယွင်းနေတာ သေချာလှပေ၏။

"အစ် အစ်ကိုကြီး၊ အစ်မကြီး ဟီး၊ ကျွန်မတို့ ထပ်တွေ့ကြပြန်ပြီနော်"

မျက်ရည်နီ နတ်ဆိုးက ဖုန်းဖုန်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။

၎င်း၏ လက်ထဲရှိ စွဲထင်နေသောမျက်ရည် ဓားက သူမ၏ ခန္ဓာကိုယ်ဆီသို့ ချိန်ရွယ်ထားကာ သူမဘက်မှ ပြဿနာရှာမည့် အရိပ်အယောင် အနည်းငယ် ပြသလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ခုတ်ပိုင်းပစ်တော့မည် ဖြစ်၏။

"တကယ်ပဲ ထပ်တွေ့ကြပြန်ပြီပေါ့။ မင်းက ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ"

သူမ ဤနေရာတွင် ရှိနေသေးသည်ဖြစ်ရာ ဤမိန်းကလေးငယ်မှာ လောဘတကြီး စားသောက်ခြင်း၏ ဝါးမျိုခံရပြီးနောက် ပြောင်းလဲသွားသော သက်ရှိတစ်ဦး မဟုတ်ကြောင်း ဆိုလိုနေပေသည်။

ဤ ပလက်ဖောင်း၏ အမည်နှင့် ပေါင်းစပ်ကြည့်လိုက်လျှင်။

ရဲချီယန်က ဤမှတ်တိုင်၏ တာဝန်ကို ပြီးမြောက်ရန်အတွက်ဟု ခံစားလိုက်ရလေ၏။

သူက သူမထံမှ သဲလွန်စများကို ရှာဖွေရမည် ဖြစ်ပေသည်။

ဖုန်းဖုန်းက မျက်တောင်တဖြတ်ဖြတ် ခတ်လိုက်ကာ သူမ၏ အနောက်ဘက်ရှိ မျက်ရည်နီ နတ်ဆိုး ကိုင်ဆောင်ထားသော ဓားကို အနည်းငယ် ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်လေသည်။

"ဟို ဟိုလေ အဲဒါကို"

"မရဘူး"

ရဲချီယန်က သမ်းဝေလိုက်ကာ အချိန်ဖြုန်းရန် ပျင်းရိနေသဖြင့် မေးခွန်းထုတ်ရန်အတွက် နတ်ဆိုး ကတ်ပြား · ဖြားယောင်းသွေးဆောင်ခြင်းကို တိုက်ရိုက် ထုတ်ယူလိုက်လေ၏။

"မင်းက တကယ်တော့ ဘယ်သူလဲ"

ဖြားယောင်းသွေးဆောင်ခြင်း၏ စကားလုံးများက သူမ၏ နားထဲသို့ ကျဆင်းသွားတော့သည်။

ဖုန်းဖုန်းက မျက်တောင်တဖြတ်ဖြတ် ခတ်လိုက်ကာ သူ၏ လက်ဖဝါးထဲရှိ ကတ်ပြားကို ကြည့်ရင်း တံတွေးကို စိုးရိမ်တကြီး မျိုချလိုက်လေ၏။

"ကျွန် ကျွန်မက ဖုန်းဖုန်းပါ"

ရဲချီယန်က စကားမပြောဘဲ သူမ ဆက်ပြောမည့်အချိန်ကိုသာ ဆက်လက် စောင့်ဆိုင်းနေလိုက်သည်။

"ကျွန်မက ဒီကုန်တိုက်ရဲ့ အစစ်အမှန် ပိုင်ရှင်ပါ"

သူမက သူမ၏ ဇာတ်လမ်းကို စတင် ပြောပြလေတော့၏။

ဖုန်းဖုန်း ကုန်တိုက်။

ဤကုန်တိုက်၏ အစစ်အမှန် အမည်ပင် ဖြစ်လေသည်။

ဤကုန်တိုက်မှာ အန္တရာယ် သိပ်မကြီးမားလှသလို ကြီးမားကျယ်ပြန့်သော ပလက်ဖောင်းကမ္ဘာတစ်ခုလည်း မဟုတ်ပေ။

အဆင့် ၈ ဖြစ်နေလျှင်တောင်မှ ၎င်းမှာ ပလက်ဖောင်းသခင် ဖြစ်သော သူမက လုံလောက်သော စွမ်းရည်ရှိနေသောကြောင့်သာ ဖြစ်၏။

အဆင့် ၈ ပလက်ဖောင်းတစ်ခု၏ ပလက်ဖောင်းသခင်အနေဖြင့် ဖုန်းဖုန်းက ရထားမောင်းနှင်သူများကဲ့သို့သော တည်ရှိမှုများအပေါ် မည်သည့် ရန်လိုမှုမျှ မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အမြဲတမ်း ရုတ်တရက် ပေါ်လာလိုက်၊ ပျောက်ကွယ်သွားလိုက်နှင့် မည်သည့်အခါမျှ ရပ်တန့်မနေတတ်သော ဤလူများကို သူမက အမှန်တကယ်ပင် သဘောကျ နှစ်သက်ခဲ့လေ၏။

ဤလူများက ငွေအနည်းငယ် သုံးစွဲလိုက်ရုံဖြင့် ဤကုန်တိုက်အတွင်း၌ ထောက်ပံ့ရေးပစ္စည်းများနှင့် အစားအစာများကို မြို့ကြီးများထက် ပိုမိုသက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူနိုင်ကြပေသည်။

သူမ ရရှိထားသော ရထားဒင်္ဂါးများကို အသုံးပြု၍ ဖုန်းဖုန်းက မည်သည့် မော်ဂျူးများ သို့မဟုတ် အဆင့်မြှင့် ရွေးချယ်စရာများမျှ မပါဝင်သော အဆင့် ၈ စက်ခေါင်းတွဲတစ်ခုကို ဝယ်ယူရန်ပင် ငွေအမြောက်အမြား သုံးစွဲခဲ့လေ၏။

သူမက အခြားသော ကမ္ဘာများကို ရံဖန်ရံခါ သွားရောက်စူးစမ်းလေ့လာလေ့ရှိကာ အဆုံးတွင်တော့ ဤမှတ်တိုင်၌ ပလက်ဖောင်းသခင်အနေဖြင့် သူမ ချန်ထားရစ်ခဲ့သော ကိုဩဒိနိတ်များကို အသုံးပြု၍ ဤနေရာသို့ ပြန်လည်ရောက်ရှိလာပြီး အခြားကမ္ဘာများထံမှ ရတနာများကို သယ်ဆောင်လာတတ်ပေသည်။

လွန်ခဲ့သော ခြောက်နှစ်ခန့်က ဘောရစ်ဟု အမည်ရသော ထိုလူ ဤနေရာသို့ ရောက်ရှိလာချိန်အထိပင်။

ဖုန်းဖုန်းက အစပိုင်းတွင် သူနှင့်ပတ်သက်၍ မည်သည့် မှားယွင်းမှုကိုမျှ သတိမထားမိခဲ့ပေ။

သူက ကုန်တိုက်၏ မြေအောက်နေရာသို့ ဝင်ရောက်သွားကာ ပလက်ဖောင်းသခင် ဖြစ်သော သူမကိုယ်တိုင်ပင် တည်ရှိနေမှန်း လုံးဝ မသိရှိခဲ့သော နေရာတစ်ခု၌ နတ်ဆိုး ကတ်ပြား ဟုခေါ်သော ထိုအရာကို ရှာဖွေတွေ့ရှိသွားချိန်အထိပင် ဖြစ်လေတော့သည်။

ထိုနေ့အလွန်တွင်။

ဘောရစ်က သူမကို အနိုင်ယူကာ ပစ္စည်းတစ်ခုကို သုံးစွဲခြင်းဖြင့် ဤမှတ်တိုင်၏ ပလက်ဖောင်းသခင် အဖြစ် အခွင့်အာဏာကို အတင်းအဓမ္မ ရယူခဲ့ပြီးနောက် အသိဉာဏ် ပြောင်းလဲစေသော ပစ္စည်းတစ်ခုကို အသုံးပြု၍ သူမအား သူ၏ အစေခံအဖြစ် အတင်းအကျပ် ခိုင်းစေခဲ့လေ၏။

လောဘတကြီး စားသောက်ခြင်း နတ်ဆိုးက ဤနေရာရှိ အရာအားလုံးကို ဝါးမျိုပစ်လိုက်သည်။

သက်ရှိလူသားများက အကျိအချွဲများထဲမှ ပြန်လည် ရှင်သန်လာကြပြီး သူတို့၏ ယခင်ဘဝများကို ထပ်တလဲလဲ ပြုလုပ်နေကြတော့၏။

ခြောက်နှစ်တာကာလအတွင်း ဤ ပလက်ဖောင်းဆီသို့ ရထားမောင်းနှင်သူ တစ်ရာနီးပါးခန့် ရောက်ရှိလာခဲ့ကြလေသည်။

သူတို့က အစားအသောက် ပွဲတော် ဟုခေါ်သော ထိတ်လန့်ဖွယ်ကောင်းသည့် အတုအယောင်ကမ္ဘာထဲသို့ ကျရောက်သွားကြတော့၏။

"စား၊ စား၊ စားကြ"

သူတို့အနေဖြင့် ထပ်မံ ထွက်ခွာ၍ မရနိုင်တော့ကြောင်း သဘောပေါက်သွားသည့် အခြေအနေအထိ စားသောက်ကြပြီးနောက် ထိုအချိန်တွင် လောဘတကြီး စားသောက်ခြင်းက ပေါ်ထွက်လာကာ သူတို့ကို ဝါးမျိုပစ်လိုက်လေသည်။

အချို့သော ရထားမောင်းနှင်သူများက တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိခဲ့လျှင်တောင်မှ။

ဤမှတ်တိုင်၏ အခွင့်အာဏာကို ရရှိထားသော ဘောရစ်က သူတို့၏ ရထားများကို သော့ခတ်ပိတ်လှောင်ထားနိုင်ပေ၏။

ဘောရစ်ကို အနိုင်မယူနိုင်သရွေ့ သူတို့က ဤ ပလက်ဖောင်းမှ ထွက်ခွာနိုင်မည် မဟုတ်ပေ။

သို့သော်ငြားလည်း။

ဘယ်သူကမှ မစွမ်းဆောင်နိုင်ခဲ့ကြပေ။

သူတို့အားလုံးက ဘောရစ်၏ အနိုင်ယူခြင်းကို ခံခဲ့ကြရလေသည်။

အချိန်တွေ ကြာလာသည်နှင့်အမျှ ဘောရစ်က ထို နတ်ဆိုး ကတ်ပြားကို ယူဆောင်ကာ ဤကမ္ဘာမှ ထွက်ခွာပြီး အချို့သော အဆင့် ၆ သို့မဟုတ် ၇ ပလက်ဖောင်းများဆီသို့ သွားရောက်၍ ထိုနေရာရှိ မကောင်းဆိုးဝါးများကို သွားရောက် စားသောက်လေ့ရှိ၏။

သူက အလွန် သတ္တိကြောင်လေသည်။ သူက အဆင့်နိမ့် ပလက်ဖောင်းများဆီသို့သာ သွားရောက်ရခြင်း၏ အကြောင်းရင်းမှာ အခြားသော အဆင့် ၈ ပလက်ဖောင်းများတွင် အမှန်တကယ် အစွမ်းထက်သော ရထားမောင်းနှင်သူများနှင့် ကြုံတွေ့ရပြီး သူ အပြည့်အဝ မထိန်းချုပ်နိုင်သေးသော နတ်ဆိုး ကတ်ပြားကို အနိုင်ယူလုယက်ခံရမည်ကို ကြောက်ရွံ့သောကြောင့်ပင် ဖြစ်တော့သည်။

အခုချိန်ထိပေါ့လေ။

ယခုအချိန်။

ရဲချီယန် ပေါ်ထွက်လာမှုမှာ နတ်ဆိုးက ဝါးမျိုလိုသော အယောက်တစ်ရာမြောက် လူတစ်ဦးပင် ဖြစ်လေသည်။

ဖုန်းဖုန်းက အရာအားလုံး အရင်လိုပဲ ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။

သူမ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ထိုသတိပေးချက် တစ်ကြိမ်သာ ဖြစ်လေသည်။

သို့သော် ရဲချီယန်၏ စွမ်းအားက သူမ၏ စိတ်ကူးယဉ်မှန်းဆနိုင်စွမ်းထက် ကျော်လွန်နေခဲ့ချေပြီ။

တပ်မတော်ကြီးကို ဆင့်ခေါ်နိုင်စွမ်းရှိသော လောဘတကြီး စားသောက်ခြင်း နတ်ဆိုးကို ပိုင်ဆိုင်ထားသည့် ဘောရစ်က တကယ်ကြီးကို ရှုံးနိမ့်သွားခဲ့တယ်။

ဤအရာအားလုံးကို ပြောပြပြီးနောက် ဖုန်းဖုန်းက ပတ်ဝန်းကျင်ကို ခိုးကြောင်ခိုးဝှက် ဝေ့ကြည့်လိုက်လေ၏။

နတ်ဆိုးတွေ နတ်ဆိုးတွေ ပြီးတော့ စက်ရုပ်တစ်ရုပ်ရယ်၊ ထိတ်လန့်ဖွယ် စက်ယန္တရားနဂါးကြီးတစ်ကောင်ရယ်လား။

သူမရှေ့ရှိ လူငယ်လေးက ဘောရစ်ထက်ပင် ပိုမို ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းနေသည်ဟု သူမက ဘာကြောင့်များ ခံစားနေရသနည်း

"ငါက ဘာလို့များ ခိုးထွက်ပြီး လာကြည့်နေရတာလဲ။ ပုန်းနေပြီး သူ ထွက်သွားမယ့်အချိန်ကို စောင့်နေလိုက်တာက ပိုမကောင်းဘူးလား"

ဖုန်းဖုန်းက တွေးလိုက်မိပြီး ငိုချင်နေသော်လည်း မျက်ရည်မထွက်နိုင်အောင် ဖြစ်နေတော့၏။

သူမက ခေါင်းငုံ့ထားကာ သူမ၏ ကြမ္မာဆိုးကိုသာ စောင့်မျှော်နေလိုက်သည်။

သို့သော် အချိန်အတော်ကြာပြီးသည့်တိုင် ဘယ်သူကမှ သူမကို အာရုံစိုက်မနေကြပေ။

သူမက သူမရှေ့ရှိ လူငယ်လေးကို ခိုးကြည့်လိုက်ရာ ထို လှပလှသော အိမ်စေမလေးကမ်းပေးသည့် သစ်သီးဖျော်ရည်တစ်ခွက်ကို သူ သောက်နေသည်ကိုသာ တွေ့လိုက်ရလေ၏။

သူက သူမကို လုံးဝ သတိမထားမိသည့်အလားပင်။

"ငါ ထွက်ပြေးလိုက်ရမလား"

ဖုန်းဖုန်းက ဤသို့တွေးလိုက်သော်လည်း ကျောထဲတွင် စိမ့်ခနဲ အေးစက်သွားလေ၏။

ဟုတ်ပါပြီလေ၊ သူမနောက်ရှိ ဓားက သူမ၏ ခေါင်းပေါ်တွင် ရွယ်ထားဆဲဖြစ်ကာ ဖယ်ခွာမသွားသေးပေ။

"ဒါနဲ့၊ ပလက်ဖောင်းသခင် ဆိုတာက ဘာလဲ"

ဤသည်မှာ သူမ ပြောပြသော ဇာတ်လမ်းထဲတွင် ရဲချီယန် စပ်စုလိုသော တစ်ခုတည်းသောအရာပင် ဖြစ်လေသည်။

ဖုန်းဖုန်းက သေချာ မကြားလိုက်ရသည့်အလား မျက်တောင်တဖြတ်ဖြတ် ခတ်လိုက်၏။

"ရှင်"

"ငါ့အမေးကို မကြားလိုက်ဘူးလား။ ငါ ထပ်ပြောပြဖို့ လိုသေးလား"

"မဟုတ် မဟုတ်ပါဘူး၊ အဲလိုမဟုတ်ပါဘူး အစ် အစ်ကိုကြီး ပလက်ဖောင်းသခင် ဆိုတာ ဘာလဲ အစ်ကိုကြီးက မသိဘူးလား။ အဲ့အချက်အလက်က အဆင့်မြင့် ပလက်ဖောင်းတွေမှာ အခြေခံ ဗဟုသုတတစ်ခု မဟုတ်ဘူးလား"

"အခြေခံ ဗဟုသုတလား"

အင်း၊ အဓိပ္ပာယ်တော့ ရှိသားပဲ။

သူက အဆင့် ၈ ပလက်ဖောင်းတစ်ခုထဲသို့ ယခုမှ ပထမဆုံးအကြိမ် ဝင်ရောက်ဖူးခြင်းဖြစ်ရာ ဤသို့သော အခြေခံ ဗဟုသုတမျိုးကို သူက ဘယ်လိုလုပ်ပြီး သိနိုင်မည်နည်း။

အမည်နှင့် လိုက်ဖက်စွာပင် ပလက်ဖောင်းသခင်ဆိုသည်မှာ သေးငယ်သော ပလက်ဖောင်းကမ္ဘာတစ်ခုအပေါ် ထိန်းချုပ်ခွင့်အာဏာ ပိုင်ဆိုင်ထားသည့် ဌာနေသက်ရှိတစ်ဦး ဖြစ်လေသည်။ ယေဘုယျအားဖြင့် သူတို့က အတော်လေး အစွမ်းထက်သော စွမ်းအားကို ပိုင်ဆိုင်ထားကြပြီး ရထားမောင်းနှင်သူများနှင့် ရှင်သန်ရေးကမ္ဘာ တည်ရှိနေကြောင်းကိုလည်း သိရှိနားလည်ထားကြပေသည်။

ထိုသို့သောသူများ သိပ်မများပြားလှပေ။ အဆင့် ၈ ပလက်ဖောင်း ဆယ်ဂဏန်းခန့်အနက်မှ ဤသို့သော သခင်မျိုး တစ်ဦး သို့မဟုတ် နှစ်ဦးခန့်သာ ရှိနိုင်လေ၏။

ဤ ပလက်ဖောင်းသခင်များက ဌာနေ ရထားမောင်းနှင်သူများ ဖြစ်လာစေရန် ရထား စက်ခေါင်းတွဲများကိုလည်း မကြာခဏ ဝယ်ယူလေ့ရှိကြသည်။

အင်အားစုအချို့နှင့် ပူးပေါင်းဆောင်ရွက်ကာ သူတို့တည်ရှိနေသော ပလက်ဖောင်းကမ္ဘာကို ဖြတ်သန်းသွားလာရန်နှင့် အနားယူရန်နေရာအဖြစ် အသုံးပြုနိုင်သည့် ပုံသေ ကိုဩဒိနိတ်တစ်ခုအဖြစ် ဖန်တီးလေ့ရှိကြ၏။

သူမက တစ်ချိန်က မြို့တစ်မြို့ရှိ မဟာမိတ်အဖွဲ့ငယ်တစ်ခုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ဖူးလေသည်။ ဘောရစ် ရောက်လာပြီးနောက် သူမက နည်းလမ်းအချို့ကို အသုံးပြု၍ ထိုမဟာမိတ်အဖွဲ့ငယ်ထံမှ အကူအညီတောင်းခံရန် ကြိုးစားခဲ့ပြီး နတ်ဆိုး ကတ်ပြားအကြောင်း အသိပေးကာ ပိုမိုအစွမ်းထက်သော ရထားမောင်းနှင်သူတစ်ဦးကို အကူအညီတောင်းရန် ရှာဖွေပေးနိုင်မည်ဟု မျှော်လင့်ခဲ့၏။

သို့သော် အဆုံးတွင်တော့ ကတ်ပြား အစီအစဉ်တစ်ခု၏ သွေးဆောင်ဖြားယောင်းမှုက များပြားလွန်းနေခဲ့ခြင်းကြောင့်များလား မသိနိုင်ပေ။

ထိုမဟာမိတ်အဖွဲ့ငယ်က လူတိုင်းကို ဤကမ္ဘာထဲသို့ အတူတကွ ဝင်ရောက်လာစေရန် စေလွှတ်လိုက်လေ၏။

ထို့နောက်တွင်တော့

လောဘတကြီး စားသောက်ခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားကြတော့သည်။

ပလက်ဖောင်းသခင်၏ ဇာစ်မြစ်နှင့် ပတ်သက်၍မူကား

"မျက်လုံးဖွင့်ပြီး ဒီကမ္ဘာမှာ ပေါ်လာတဲ့ အချိန်ကစပြီး အဲဒီကုန်တိုက်ထဲက အရာတော်တော်များများကို ကျွန်မ ထိန်းချုပ်နိုင်တယ် ဆိုတာကိုပဲ ကျွန်မ သိတယ်"

"အဲဒီမတိုင်ခင်က အချိန်တွေအတွက်တော့ ကျွန်မဆီမှာ ဘာမှတ်ဉာဏ်မှ မရှိဘူး"

All Chapters