← Chapters

အခန်း ၂၂၉

Vol. 22 Ch. 229

အခန်း ၂၂၉

Vol. 22 Ch. 229

အခန်း (၂၂၉) ဈေးကြီးသော အဆင့်မြှင့်တင်မှု ကုန်ကျစရိတ်၊ ဈေးမကြီးသော အဆင့်မြှင့် ရွေးချယ်စရာများ

【စိတ်စွမ်းအား : ၁၇၀ → ၁၀】

【ကိုယ်ခံစွမ်းအား : ၁၆၆ → ၂၆】

""

"ဟား"

"ဟက်"

ရေနစ်နေရာမှ လန့်နိုးလာရသည့်အလားပင်။

ရဲချီယန်က မျက်လုံးများကို ဖွင့်လိုက်လေ၏။

ပြင်းထန်လှသော ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုလှိုင်းလုံးကြီးတစ်ခုက သူ့ကို ရိုက်ခတ်သွားတော့သည်။

"သောက်ပဲဟေ့ သုံးရာ တောင်လား။ တကယ်ကြီးလား"

အမှတ် သုံးရာတဲ့လား။

ယခင်ကထက် အမှတ် ခုနစ်ဆယ်တိတိ ပိုများသွားခဲ့ချေပြီ။

တစ်ခုခုတော့ မှားနေပြီ၊ ဒါက လုံးဝကို မမှန်ကန်ပေ။

ဒီအတိုင်းသာ ဆက်သွားနေမည်ဆိုပါက နောက်တစ်ကြိမ် အဆင့် ၁၀ ရထားသို့ အဆင့်မြှင့်တင်ရန်အတွက် သူ၏ လက်ရှိ စိတ်စွမ်းအားမှာ လုံးလုံးလျားလျား မလုံလောက်တော့ဘူး မဟုတ်လား။

"ဘာတွေဖြစ်နေတာလဲ။ ခုနက ဘာကြီးလဲ။ ဟင်၊ အပြင်ဘက်မှာလား"

ရဲချီယန်က အပြင်ဘက်မှ ထွက်ပေါ်လာသော အသံများကို သတိထားမိသွားလေ၏။

များပြားလှသော မကောင်းဆိုးဝါးများက ရေလှိုင်းကြီးတစ်ခုပမာ သူတို့ထံသို့ ပြေးဝင်လာကြသည်။

ရှေ့၊ နောက်၊ ဘယ်၊ ညာ

နေရာတိုင်းတွင် ရှိနေကြ၏။

မျက်ရည်နီ ၊ လီဆက် နှင့် အခြားသူများက ကာကွယ်ရန်အတွက် ရထားခေါင်မိုးပေါ်သို့ ရောက်ရှိနေကြပြီ ဖြစ်လေသည်။

သူတို့က တစ်သုတ်ကို သတ်ဖြတ်လိုက်သည်နှင့် နောက်တစ်သုတ်က ရောက်ရှိလာပြန်၏။

၎င်းမှာ ဘယ်သောအခါမျှ အဆုံးသတ်တော့မည်မဟုတ်သည့်အလားပင်။

"ငါက ဘယ်သူ့ရဲ့ အသိုက်ကို သွားမွှေလိုက်မိလို့လဲ။ ဟူး ငါ အရင်ဆုံး ဖောက်ထွက်မှ ဖြစ်မယ်"

သူက ရထားစနစ်၏ အလင်းမျက်နှာပြင်ကို ဆွဲထုတ်လိုက်ကာ ရထား လက်နက်ကိရိယာကို အသက်သွင်းလိုက်လေ၏။

"နီးကပ်လာသော ကမ္ဘာပျက် လွန်ပူ —"

"လေပိုင်နက် ရှင်းလင်းရေး—"

ထို့အပြင် သူက စံသတ်မှတ်ထားသော အရှိန်တင် ကျည်ဆန်တစ်ခုကို ယာယီ ဖန်တီးလိုက်ပြီး အရှိန်တင်စက်ထဲသို့ ထည့်လိုက်လေသည်။

အနီရောင် သုံးဆ အမြန်နှုန်း ရထား အရှိန်တင်စက် အသက်ဝင်သွား၏။

၎င်းနှင့်အတူ နီးကပ်လာသော ကမ္ဘာပျက် လွန်ပူ ၏ လည်ပတ်နှုန်းမှာလည်း ပေါက်ကွဲထွက်မတတ် မြင့်တက်သွားတော့သည်။

ရှေ့တွင်ရှိသော မကောင်းဆိုးဝါးများမှာ ၎င်းကြောင့် တစ်စစီ ကြေမွသွားကြလေ၏။

နှစ်ဖက်ဘေးရှိ မကောင်းဆိုးဝါးများမှာ ဘီးများအောက်သို့ စုပ်ယူခံလိုက်ရသည်။

တိုက်ခိုက်စမ်း။

ဝင်တိုက်စမ်း။

ရှေ့တွင် သားရဲလှိုင်းလုံးကြီး၏ နယ်နိမိတ်ကို မြင်တွေ့နေရလေပြီ။

ထိုမကောင်းဆိုးဝါးများကို အနောက်တွင် ချန်ထားရစ်နိုင်ရန်အတွက် ရထားက ဆယ့်ငါးမိနစ်တိတိ အချိန်ယူကာ ခရီးဆက်ခဲ့ရလေ၏။

လီဆက် နှင့် အခြားသူများကို ပြန်ခေါ်ပြီးနောက် အဆုံးတွင်တော့ ရဲချီယန်မှာ သူ၏ အဆင့်မြှင့်တင်မှုထံမှ အသိပေးချက်များကို ကြည့်ရှုရန် အချိန်ရသွားခဲ့ချေပြီ။

【နောက်တစ်ကြိမ် ရထား အဆင့်မြှင့်တင်ရန် လိုအပ်သော ကုန်ကြမ်းများ သစ်သား (ချန်လှပ်ထားသည်) ၊ ဟဲကျင်း x၁】

ထုံးစံအတိုင်းပင် အမြန်နှုန်းမှာ တစ်နာရီလျှင် ၁၈၀ ကီလိုမီတာသို့ မြင့်တက်သွားကာ လုပ်ငန်းစဉ်ခုံ၊ ကိုယ်ထည်၊ အောက်ခံဘောင်နှင့် ဘီးများအားလုံးမှာ တစ်ပြိုင်နက်တည်း အဆင့်မြှင့်တင်ခံလိုက်ရလေသည်။

၎င်း၏အောက်တွင် အဆင့်မြှင့် ရွေးချယ်စရာများ ရှိနေ၏။

ရဲချီယန်က ကြည့်ရန် အလျင်စလို မဖြစ်နေဘဲ အတွေးနက်သွားလေတော့သည်။

အဆင့်မြင့် အသွင်ကူးပြောင်းခြင်းကို ပြုလုပ်စဉ်အတွင်း ဤမျှ ကြီးမားသော သားရဲလှိုင်းလုံးကြီးက ဘာကြောင့်များ ပေါ်ထွက်လာရသနည်း။

သူက အဆင့် ၈ အထက်ရှိ အဆင့်မြင့် ပလက်ဖောင်းတစ်ခုထဲသို့ ဝင်ရောက်လာသောကြောင့်များလား။

ဒါပဲ ဖြစ်ရမည်၊ သို့မဟုတ်လျှင် ရှင်းပြရန် နည်းလမ်းမရှိတော့ပေ။

"ပြီးတော့ အဲဒီအသံက"

အရမ်းကို ရင်းနှီးနေခဲ့၏။ ၎င်း၏ အဓိပ္ပာယ်ကို သူ မသိသော်ငြားလည်း ထိုအသံမှာ စတင်ရွှေ့ပြောင်းမယ် ပြုလုပ်တိုင်း သူ၏ နားထဲတွင် ထွက်ပေါ်လာတတ်လေသည်။

ယခုအခါ ဤအသံက ရထား၏ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်စဉ်အတွင်း အမှန်တကယ်ပင် ထွက်ပေါ်လာခဲ့ပြီး ထိုအသံ၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာ ကြားနိုင်ရန် သူက နည်းနည်းလေးသာ— တကယ်ကို နည်းနည်းလေးသာ လိုတော့၏။

ဆိုလိုတာက

"အဆင့် ၁၀ လား"

"ဒါပေမဲ့ အဆင့် ၁၀ ကို ဘယ်လိုရောက်အောင် သွားရမလဲ ဆိုတာက ကြီးမားတဲ့ ပြဿနာတစ်ခုပဲ"

စိတ်စွမ်းအားနှင့် ကိုယ်ခံစွမ်းအား ပေါင်းစပ်အမှတ် ၃၀၀ မှာ ယခင်ကထက် အမှတ် ၇၀ တိတိ ပိုများနေခဲ့ချေပြီ။

နောက်တစ်ကြိမ်ဆိုရင်ရော။

နောက်တစ်ကြိမ်ကျရင် ဘယ်လောက်အထိ တိုးလာဦးမလဲ။

သူ၏ စိတ်စွမ်းအားနှင့် ကိုယ်ခံစွမ်းအား ပေါင်းစပ်အမှတ်မှာ ၃၄၀ မျှသာ ရှိလေသည်။

အကယ်၍ သူက ဆေးသုံးလိုက်ရင်ရော။

ဥပမာအားဖြင့် စိတ်စွမ်းအား ကန့်သတ်ချက် ၁၅၀ ကို ပေးဆပ်ရမည်ဖြစ်သော်လည်း ကိုယ်ခံစွမ်းအား ကန့်သတ်ချက် ၃၀၀ ကို ရရှိနိုင်မည့် ရှာယာ၏ ကုသရေး သကြားလုံးချောင်း သို့မဟုတ် သားရဲဧကရာဇ်၏ ဆူပွက်နေသောသွေး ကိုပေါ့။

သို့သော် သူ ထိုသို့ မလုပ်ချင်ပေ။

ဤသုံးစွဲနိုင်သော ပစ္စည်းနှစ်ခုစလုံးမှာ အလွန် အသုံးဝင်သော အရာများဖြစ်ကာ အချို့သော အချိန်များတွင် အံ့ဖွယ် အကျိုးသက်ရောက်မှုများ ရှိနိုင်လေ၏။

"ဒါဆိုရင် တစ်ခုတည်းသော နည်းလမ်းက ကိုယ်ခံစွမ်းအားနဲ့ စိတ်စွမ်းအား ကန့်သတ်ချက်တွေကို မြှင့်တင်ဖို့ ဒါမှမဟုတ်ရင်တော့"

ရဲချီယန်က သူ၏ ရင်ဘတ်ကို ဖိထားလိုက်လေသည်။

ဒါမှမဟုတ်ရင် သူ့ရဲ့ ပါရမီစွမ်းရည်ပေါ်မှာ နောက်တစ်ကြိမ် အဆင့်မြင့် အသွင်ကူးပြောင်းခြင်းကို ပြုလုပ်ရမည်ပင်။

သို့သော် ဤအရာအားလုံးအတွက် ကြိုတင်လိုအပ်ချက်တစ်ခု ရှိနေဆဲ ဖြစ်၏။

သူ၏ ကိုယ်ခံစွမ်းအားနှင့် စိတ်စွမ်းအား ကန့်သတ်ချက်များကို မြှင့်တင်ရန် လိုအပ်လေသည်။

ခေါင်းကို ခါယမ်းလိုက်ကာ အလွန်အကျွံ တွေးတောနေခြင်းကို ရပ်တန့်လိုက်တော့၏။

ယခု အဆင့်မြှင့်တင်မှုအပြီး ရရှိလာသော အဆင့်မြှင့် ရွေးချယ်စရာများထံသို့ ရဲချီယန်၏ အကြည့်များ ရောက်ရှိသွားလေသည်။

"ဒီတစ်ကြိမ်ရော ဘာဖြစ်မလဲ"

【သင့်အတွက် အဆင့်မြှင့် ရွေးချယ်စရာများကို ဖွင့်လှစ်နေပါသည်။】

【အောင်မြင်စွာ ဖွင့်လှစ်ပြီးပါပြီ။ ကျေးဇူးပြု၍ အောက်ပါ ရွေးချယ်စရာများမှ ဝယ်ယူပါ။】

【ရွေးချယ်စရာ ၁ ရထားမောင်းနှင်သူ မော်ဂျူးကတ် · စက်ယန္တရား သီချင်း (ရထားဒင်္ဂါး ၅၀) 】

【ရွေးချယ်စရာ ၂ ရထား မော်ဂျူး · စက်ယန္တရား လက်တံ (ရထားဒင်္ဂါး ၃၀) 】

【ရွေးချယ်စရာ ၃ ဉာဏ်ရည်မြင့် စိတ်ခံစားမှု ချစ်ပ်ပြား (ရထားဒင်္ဂါး ၃၀) 】

【ရွေးချယ်စရာ ၄ တြိဂံပုံ အမြုတေ (ရထားဒင်္ဂါး ၁၀၀) 】

ဒါပဲလား။

အားလုံးပေါင်းမှ ရထားဒင်္ဂါး နှစ်ရာ့တစ်ဆယ့်တစ်ပြားတည်းလား။

ရဲချီယန်က သူ၏ ပေါင်ကို ဆွဲလိမ်လိုက်ရာ နာကျင်သွားလေ၏။

“သောက်ပဲဟေ့ ရထားစနစ်ကများ စရိုက်ပြောင်းသွားတာလား။ ငါ့ကို အိတ်ဖွင့်စစ်ဆေးတာတွေ ဘာတွေ မလုပ်တော့ဘူးလား"

ငွေများကို ပြင်ဆင်ထားသော်လည်း အားလုံးကို မသုံးစွဲနိုင်ခြင်းက ရဲချီယန်အတွက် အမှန်တကယ်ပင် မျှော်လင့်မထားသော အခြေအနေ ဖြစ်သွားစေခဲ့၏။

"နှစ်ရာ့တစ်ဆယ်တဲ့လား ဒီ စနစ်ရဲ့ လွှမ်းမိုးခြယ်လှယ်မှုကို ငါ တကယ်ကြီး ခံနေရတာလားမသိဘူး။ ဒီ အဆင့်မြှင့် ရွေးချယ်စရာများရဲ့ ကုန်ကျစရိတ်က နည်းလွန်းနေတယ်လို့ကို ထင်နေတာပဲ"

စကားမပြောနိုင်တော့ဘဲ မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်ကာ ဤဈေးနှုန်းဖြင့်ဆိုလျှင် အကျိုးသက်ရောက်မှုများကိုပင် မကြည့်တော့ဘဲ အားလုံးကိုသာ ဝယ်ယူလိုက်လေတော့သည်။

ထို့နောက် ပထမဆုံး ရွေးချယ်စရာမှ စတင်၍ ကြည့်ရှုလိုက်၏။

【ရထားမောင်းနှင်သူ မော်ဂျူးကတ် · စက်ယန္တရား သီချင်း】

【ဤ မော်ဂျူးကို အသက်သွင်းပြီးနောက် သတ်မှတ်ထားသော အကွာအဝေးအတွင်းရှိ မိတ်ဆွေ စက်ယန္တရား တပ်ဖွဲ့ဝင်အားလုံးသည် အလိုအလျောက် ပြုပြင်ခြင်း လုပ်ဆောင်ချက်ကို အဆက်မပြတ် ရရှိမည်ဖြစ်သည်။】

နောက်ထပ် အရှိန်အဝါ အကျိုးသက်ရောက်မှု အမျိုးအစား စွမ်းရည်တစ်ခု။

အခြားသူများ၏ ကိုယ်ခံစွမ်းအား ကန့်သတ်ချက်ကို မြှင့်တင်ပေးသော ဘုန်းကျက်သရေရှိသော သားရဲဘုရင် အတွင်းခံသံချပ်ကာကိုပါ ထည့်တွက်လိုက်လျှင် ဤသည်မှာ နောက်ထပ် တစ်ခုပင် ဖြစ်လေသည်။

သို့သော် ၎င်းကို စက်ယန္တရား တပ်ဖွဲ့ဝင်များသာ အသုံးပြုနိုင်တာလား။

သူ၏ လက်ရှိ စက်ယန္တရား တပ်ဖွဲ့ဝင်များမှာ အားလုံးပေါင်းမှ အမဲလိုက် စက်ယန္တရားနဂါး ၊ လီဆက် နှင့် အီဗ် — ဤသုံးမျိုးသာ ရှိလေသည်။

ဝေါလီနှင့် ပတ်သက်၍မူကား ၎င်းမှာ စက်ယန္တရား တပ်ဖွဲ့ဝင်တစ်ခု ဖြစ်သော်ငြားလည်း သူက ၎င်းကို မည်သည့် တိုက်ခိုက်မှုမျှ ပြုလုပ်ခိုင်းမည် မဟုတ်ပေ။

ပြီးတော့ ရထား ။

ရထားကရော စက်ယန္တရား တပ်ဖွဲ့ဝင်အဖြစ် သတ်မှတ်လို့ ရမလား။

စနစ်၏ သတ်မှတ်ချက်အရ အမှန်တကယ်ပင် ရနိုင်သည်တဲ့လား။

မဟုတ်ဘူး၊ ပိုတိတိကျကျပြောရလျှင် ရထားက စက်ယန္တရား တပ်ဖွဲ့ဝင်အဖြစ် သတ်မှတ်ခံရခြင်း၊ မခံရခြင်းမှာ စနစ်အပေါ်တွင် မူတည်နေခြင်း မဟုတ်ဘဲ ရထားမောင်းနှင်သူတစ်ဦးက ၎င်းတို့၏ ရထားပေါ်တွင် မည်သို့သော အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားသနည်း ဆိုသည့်အချက်အပေါ်တွင်သာ မူတည်နေခြင်း ဖြစ်၏။

ထို့အပြင် ဤ မော်ဂျူးနှင့်ပတ်သက်၍ အရေးအကြီးဆုံးအချက်မှာ

၎င်းက ကတ်ပြားတစ်ခု ဖြစ်နေခြင်းပင်။

အကယ်၍ ၎င်းက ကတ်ပြားတစ်ခု ဖြစ်မည်ဆိုပါက ၎င်း၌ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဍာန် ရှိနေပေမည်။

အကယ်၍ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဍာန် ရှိနေမည်ဆိုပါက ၎င်းကို အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်နိုင်ပေမည်။

"လောစရာမရှိပါဘူး၊ အနောက်ကဟာတွေကို အရင်ကြည့်ရအောင်"

ကိုယ်ခံစွမ်းအား ဤမျှ နည်းပါးနေချိန်တွင် သူက အလျင်စလို လုပ်ချင်လျှင်တောင်မှ လုပ်နိုင်မည် မဟုတ်ပေ။

ဆက်လက်ကြည့်ရှုလိုက်ရာ ဒုတိယ ရွေးချယ်စရာ ဆုလာဘ်ကို ကြည့်လိုက်လေ၏။

【ရထား မော်ဂျူး · စက်ယန္တရား လက်တံ】

【ရထားပေါ်တွင် တပ်ဆင်ထားသောအခါ မီတာ ၅၀ အထိ ရှည်လျားသော စက်ယန္တရား လက်တံ နှစ်ခုကို ဆန့်ထုတ်နိုင်ပြီး ကုန်ပစ္စည်းများ သယ်ယူရန်အတွက် ရထားအတွင်းပိုင်းသို့ လွတ်လပ်စွာ ဝင်ရောက်နိုင်သည်။】

စက်ယန္တရား လက်တံ ဟုတ်လား။

ဖော်ပြချက်အရဆိုလျှင် ကုန်ပစ္စည်းများ သယ်ယူရန်အတွက် အသုံးပြုတာလား။

ဤအရာမှာ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဍာန် မရှိသောကြောင့် ရဲချီယန်က ရထားအား ဤမော်ဂျူး၏ တပ်ဆင်မှုကို ပြီးစီးစေလိုက်လေ၏။

မော်ဂျူးကို အသုံးပြုလိုက်သည်။

အဖြူရောင် စက်ယန္တရား လက်တံ နှစ်ခုက ရထား၏ အပြင်ဘက်သို့ ဆန့်ထွက်လာလေ၏။

စက်ယန္တရား လက်တံများက အဆက်မပြတ် ဆန့်ထွက်နိုင်ကာ အများဆုံး အကွာအဝေး မီတာ တစ်ရာအထိ ရောက်ရှိနိုင်ရာ ပစ္စည်းများ သယ်ယူရာတွင် အတော်လေး အဆင်ပြေလှပေသည်။

ဤ ရထားဒင်္ဂါး ၃၀ မှာ အချည်းနှီး မဖြစ်ခဲ့ပေ။

နောက်ထပ် ပစ္စည်းတစ်ခု။

【ဉာဏ်ရည်မြင့် စိတ်ခံစားမှု ချစ်ပ်ပြား 】

【စိတ်ခံစားမှု ချစ်ပ်ပြားများနှင့် ကိုက်ညီမှုရှိသော စက်ယန္တရား သက်ရှိများ/စက်ယန္တရားများ/ပစ္စည်းများပေါ်တွင် အသုံးပြုနိုင်သည်။】

【ဤပစ္စည်းကို အသုံးပြုပြီးနောက် အသုံးပြုသူသည် စိတ်ခံစားမှုများကို ရရှိမည်ဖြစ်သည်။】

ဤသည်မှာ အဆင့်မြင့် အသွင်ကူးပြောင်းခြင်းကို ပြီးစီးပြီးနောက် သာမန် စမတ် ချစ်ပ်ပြားအတွက် အစားထိုးနိုင်သော သာလွန်ကောင်းမွန်သည့်အရာပင် ဖြစ်လေသည်။

ယခု ၎င်းကို တိုက်ရိုက် ဝယ်ယူလိုက်ခြင်းဖြင့် သူက ၎င်းကို ဆက်လက်၍ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ကြည့်ပါက ရလဒ်မည်သို့ ဖြစ်လာမည်ကို ကြည့်ရှုနိုင်ပေပြီ။

ထို့နောက် နောက်ဆုံး ပစ္စည်းတစ်ခု။

ဤ အဆင့်မြှင့် ရွေးချယ်စရာများ အစုအဝေးတွင် အဈေးအကြီးဆုံး ပစ္စည်းပင် ဖြစ်လေ၏။

【တြိဂံပုံ အမြုတေ】

ပိရမစ်နှင့် ဆင်တူသော အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏ လက်ဖဝါးအရွယ်အစားခန့်ရှိသည့် ပစ္စည်းတစ်ခု။

ထိတွေ့လိုက်သည်၊ ခွဲခြားသတ်မှတ်လိုက်သည်။

အလင်းမျက်နှာပြင် ထွက်ပေါ်လာလေ၏။

ရဲချီယန်၏ ရှေ့တွင် ၎င်း၏ မိတ်ဆက်အချက်အလက်များ ပေါ်ထွက်လာတော့သည်။

【တြိဂံပုံ အမြုတေ】

【အသုံးပြုပြီးနောက် အထူး ရထားတွဲတစ်ခု၏ အကျိုးသက်ရောက်မှု တစ်ခုတည်းအပေါ် အထူးစွမ်းရည်မြှင့်တင်မှုတစ်ခုကို ပြုလုပ်ပေးနိုင်သည်။】

All Chapters