← Chapters

အပိုင်း(၂၅၀)-ဘယ်သူက အမဲလိုက်သူနဲ့ ဘယ်သူက သားကောင်လဲ

Vol. 003 Ch. 250

အပိုင်း(၂၅၀)-ဘယ်သူက အမဲလိုက်သူနဲ့ ဘယ်သူက သားကောင်လဲ

Vol. 003 Ch. 250

“မဖြစ်နိုင်ဘူး ယူယူ ဒါနောက်ရမယ့်အချိန်မဟုတ်ဘူး၊ ငါတို့မိသွားရင် ငါတို့်အသက်ပါသွားတော့မှာ” ရှီမာယူယန် အော်လိုက်သည်။

သူ ပျံနိုင်သည့်ငှက်ကိုလိုချင်သော်လည်း သူ့အသက်ကိုတော့ မပေးနိုင်ပေ။ သူဘယ်လောက်မှ မနေရသေးပေ။

“ဘာတွေကြောက်နေတာလဲ၊ ငါရှိနေတာပဲ ဒီနေ့မင်းကို လက်ဆောင်အကြီးကြီးပေးမယ်” ရှီမာယူယူ အပြုံးဖြင့် ပြောသည်။

ငှက်လေးသည် သူတို့အား မြေပေါ်သို့ခေါ်သွားသည်နှင့် ရှီမာယူယူသည် မြေပေါ်သို့ ပစ္စည်းတစ်ခုအား ပစ်ပြီး ထိုအုပ်စုအား ကြားခွဲရန် လုပ်လိုက်သည်။

“ငါတို့ လူသားတွေမတွေ့ရတာကြာပြီ၊ ဒီနေ့တော့ ဗိုက်ပြည့်တော့မယ်” သိမ်းငှက်ပြောလိုက်သည်။

“လူကိုးယောက် ငါတို့်တစ်ကောင် တစ်ယောက်ရတယ်” လင်းတ၏ အသံသည် အနည်းငယ် စူးရှကာ ရက်စက်မှုများ ပြည့်နေသည်။

“ငါအလယ်က ကလေးကိုယူမယ်၊ သူ့အသားက နူးညံ့ပြီး နုမှာပဲ၊ သူက အရသာအရှိဆုံးဖြစ်မယ်” သူတော်စင် သိမ်းငှက်ကပြောလိုက်သည်။

“ဒါဆို ငါ အဲမိန်းကလေးကို ယူမယ်”

ရှီမာယူယူသည် ထိုကြီးမားသော ငှက်များကို စကားလုံးမဲ့စွာကြည့်လိုက်သည်။ သူတို့သည် မတိုက်ခိုက်ရသေးနှင့်ပင် ဝေစုခွဲနေကြသည်။ သူတို့ကို အလေးမထားတာပဲ။

“ဟေး ဒီလို ဝေစုခွဲဖို့ကို ငါတို့ခွင့်ပြုချက်ကို မေးရဦးမယ်မလား” သူမပြောလိုက်သောအခါ သူတော်စင်င ငှက်အုပ်ကြီးသည် သူမအား အာရုံပြုမိသွားသည်။

“အဲကလေးက ငါတို့ကိုပြောနေတာလား” သူတော်စင်သိမ်းငှက်သည် မယုံကြည်စွာပြောလိုက်သည်။

“ဟုတ်တယ်ထင်တယ်”

“ငါတို့်က ငါတို့အစာရှာတာလေ ခွင့်ပြုချက်လိုသေးလို့လား”

သူတော်စင်ငှက်သည် သူမအား သတ်ဖြတ်တော့မည့်အကြည့်ဖြင့်ကြည့်သည်။

ရှီမာယူယူသည် လုံးဝမကြောက်ပဲရယ်မောပြီး ပြောလိုက်သည် “ငါတို့က မင်းတို့အစာဖြစ်ဖို့ အစီအစဉ်မရှိဘူး၊ ဒါပေမယ့် မင်းတို့က ငါတို့်ရဲ့ စာချုပ်သားရဲဖြစ်လာရမယ်”

“စာချုပ်သားရဲဟုတ်လား” သူတော်စင်ငှက်များသည် အစပိုင်းတွင် မှင်တက်နေရာမှ ရယ်မောကြလေသည် “မင်းလိုလူက ငါတို့ကို စာချုပ်သားရဲအဖြစ်လိုချင်တယ်ဟုတ်လား၊ ငါ တကယ်မယုံနိုင်လို့ပါ”

“ငါ့အစ်ကိုတွေက မင်းတို့ကိုလိုချင်တယ်၊ မင်းတို့ကို သူတို့စာချုပ်သားရဲဖြစ်စေတာတောင် ဂုဏ်ယူရမယ်” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့ဒီနားလာပြီး လိုက်နာရင် နာပါ မဟုတ်ရင် မင်းတို့ တည့်တည့်မကြည့်နိုင်အောင် ငါမင်းတို့ကို ရိုက်မှာ”

ရှီမာယူယန်နှင့် တခြားသူများသည် ရှီမာယူယူအား လေးစားစွာကြည့်လိုက်သည်။ သူသည် တကယ် မိုက်တာပဲ။ သူတို့ကို ဒီလို စကားပြောရဲတယ်။

“ဘယ်လောက်ရဲလိုက်လဲ၊ မင်းကသေချင်လို့ ဒီလောက် စိတ်အားထက်သန်နေတာလား၊ ဒါဆိုတော့ ငါတို့ မင်းကိုအာမခံပေးမယ်၊ မင်းကိုအရင်သတ်ပြီးမှာ မင်းကိုခွဲစားမယ်” သိမ်းငှက်သည် အေးစက်စွာ ပြော လိုက်သည်။

ငှက်လေးသည် ရှီမာယူယူရှေ့သို့ပျံကာ ကျယ်လောင်စွာ ပြောလိုက်သည် “ငါ့သခင်ကို ဘယ်သူ ထိခိုက်အောင် လုပ်ရဲလဲ”

သိမ်းငှက်သည် ငှက်လေးအားကြည့်ကာ ပြောလိုက်သည် “မင်းက အဆင့်နှစ်အံ့ဖွယ်သားရဲပဲရှိသေးတယ်၊ ငါတို့်ကို လမ်းကို ပိတ်ရဲတယ် ဟုတ်လား”

“မင်းတို့က အဆင့် သုံး၊ လေးလောက်ရှိတဲ့ အဖွဲ့ပဲ ငါ့ ဝိညာဉ်သားရဲကို အော်ရဲတယ်၊ ငါဒေါသထွက်လို့ ကြက်လိုမျိုး အကင်မခံရအောင်ပဲ သတိထား” ရှီမာယူယူအော်လိုက်သည်။

ရှီမာယူယန်သာမက ရှီမာယူလင်းပင်လျှင် မှင်တက်သွားသည်။ ဒီကောင်ရဲ့ သတ္တိကတော့ တကယ်ကြီးတာပဲ။

“ကောင်းပြီ မင်းကိုမသတ်ခင် မင်းရဲ့စာချုပ်သားရဲကို သတ်မယ်” သိမ်းငှက်သည် ဒေါသထွက်သွားသည်။

“ငါ့စာချုပ်သားရဲက မင်းတို့သတ်ချင်သလို သတ်လို့ရတဲ့သူမဟုတ်ဘူး” ရှီမာယူယူသည် သိမ်းငှက်အား စိုက်ကြည့်ပြီး ပြောလိုက်သည် “ငါ ထပ်ပြီးပြောလိုက်မယ် မင်းတို့ဉာဏ်ကောင်းရင် ဒီကိုမြန်မြန်လာပြီး စာချုပ် အချုပ်ခံ၊ မဟုတ်ရင် သတိမရှိအောင် ငါ ရိုက်ရလိမ့်မယ်”

“ဘယ်လောက်တောင် ကိုယ့်ကိုယ်ကို အထင်ကြီးလိုက်တဲ့လူလဲ” လင်းတငှက်ပြောလေသည် “မင်းငါတို့ကို သတိမရှိအောင် ဘယ်လိုရိုက်မလဲဆိုတာ ကြည့်ချင်နေပြီ”

“အဆင့် ၂ အံ့ဖွယ်သားရဲတစ်ကောင်တည်းနဲ့ မလောက်ဘူး၊ နောက်ထပ် ထပ်ရောက်လာလည်း ငါတို့ကို ရိုက်ဖို့ မလုံလောက်ဘူး” သိမ်းငှက်ပြောလေသည်။

“ငါတို့က မင်းတို့ကို တိုက်ခိုက်မယ်လို့ ဘယ်သူပြောလဲ” ရှီမာယူယူ ပြောလိုက်သည် “ဟေး ဟေး ဟေး မင်းတို့အားလုံးမှာ အံ့ဖွယ်သားရဲတွေရှိကြတယ်မလား၊ သူတို့က ငါတို့ကို အနိုင်ကျင့်ဖို့ အံ့ဖွယ်သားရဲတွေ သုံးမယ်ဆိုတော့ ငါတို့လည်း ပြန်တိုက်ရမယ်မလား”

ရှီမာယူယန်နှင့် တခြားသူများသည် စကားလုံးမဲ့သွားသည်။ သို့သော် သူတို့ စာချုပ်သားရဲများကို ခေါ်လိုက်ရတော့သည်။

“နောက်ထပ် လေးကောင်ပဲ၊ မလောက်သေးဘူး” လင်းတငှက်သည် လောင်ရယ်လိုက်သည်။

“လောက်တယ်၊ သူတို့နဲ့ ဘာလို့ ကစားနေသေးလဲ ဒီအတိုင်းသတ်လိုက်တော့” အဆင့်ငါး သိမ်းငှက်သည် စိတ်မရှည်စွာပြောလိုက်သည်။

“မလုပ်သေးနဲ့ဦး” လင်းတငှက်ပြောလိုက်သည် “လူဝင်လာတာ နှစ်အများကြီးကြာခဲ့ပြီ အခုမှ နောက်ထပ် လူထပ်ဝင်လာတာ၊ ငါတို့ခဏတော့ ကစားသင့်တယ်”

“ဘယ်လိုကစားမှာလဲ” အနက်ရောင် သိမ်းငှက်သည် ဝေဖန်သည် “အဲအစား ကျင့်ကြံလိုက်ပါလား”

“စံတင်ဝိညာဉ်အဆင့် အံ့ဖွယ်သားရဲပဲ” အနက်ရောင် သိမ်းငှက်အားမြင်လိုက်သောအခါ ရှီမာယူယူ၏ မျက်လုံးများ ရောင်တောက်ကာ ပြောလိုက်သည် “အစ်ကိုကြီး ဒါကို မလိုချင်ဘူးလား၊ ကြိုက်လား”

“မဆိုးဘူး” ရှီမာယူမင် ခေါင်းညိတ်သည်။

“ဒါဆို အဆင်ပြေသွားပြီ ဒီအနက်ရောင်သိမ်းငှက်က ငါ့အစ်ကိုအကြီးဆုံးအတွက်ပဲ” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့မျက်နှာတွေ ဘာဖြစ်ကြတာလဲ၊ မင်းတို့လဲ ကြိုက်တာရွေးကြတော့၊ ဒါမှမဟုတ်ရင် ငါတို့ သူတို့ကို ရိုက်ပြီးမှ ရွေးကြမလား”

အာ….

အားလုံးသည် စကားလုံးမဲ့စွာ စိုက်ကြည့်နေကြသည်။ အခု သူတို့တွင် အံ့ဖွယ်သားရဲလေးကောင်ရှိသော်လည်း ရန်သူကို အနိုင်ရရန် မလုံလောက်သေးပေ။

ထို့အပြင် သူတို့အံ့ဖွယ်သားရဲများသည် အဆင့် တစ်၊နှစ်မျှသာဖြစ်သည်။ သူတို့သည် ပြိုက်ဖက်ထက် တစ်ကောင်နှင့် တစ်ဝက်စာလောက် အားနည်းသည်။

“တကယ် သတ္တိရှိတာပဲ” သူတော်စင် သိမ်းငှက် အေးစက်စွာပြောလိုက်သည်။

“ပျားလေး ငါ့ကို အနိုင်ကျင့်တဲ့သူတွေရှိတယ်၊ ငါ့အတွက် အဲလူဆိုးတွေကို မင်းကူပြီးတိုက်ပေးဦး” ရှီမာယူယူသည် နီရဲပျားဘုရင်မကိုခေါ်လိုက်သည်။

“နီရဲပျားဘုရင်မ” သူတော်စင်ငှက်များသည် နီရဲပျားဘုရင်မကို သတိထားမိကာ နောက်မှ ပျော်နေကြလေသည် “ငါသာ သူမကိုစားလိုက်ရရင်တော့ အဆင့်သုံးကိုဖျက်ပြီး အဆင့်လေးအံ့ဖွယ်သားရဲဖြစ်လာမှာပဲ”

“မစဉ်းစားနဲ့ ပျားလေးက ငါ့အတွက်” ရှီမာယူယူသည် နီရဲပျားဘုရင်မကို ဖက်ပြီးပြောလေသည် “ဟိန်းသံထောင်ချီ ရာဟွောင်၊ မင်းတို့လည်း ထွက်လာကြတော့”

ထိုအချိန်တွင် အံ့ဖွယ်သားရဲနှစ်ကောင်ထွက်လာကြသည်။ ဟိန်းသံထောင်ချီသည် အနက်ရောင်သိမ်းငှက်နှင့် အဆင့်တူကာ ရာဟွောင်သည် ရှီမာယူယူ၏ အဆင့်တက်ခြင်းနှင့အတူ အဆင့်၂ အံ့ဖွယ်သားရဲဖြစ်လာသည်။

“အခု ရှစ်ကောင်ချင်း ရှစ်ကောင်ချင်းပဲ၊ ဟိန်းသံလေးနဲ့ဆိုရင် ကိုးကောင်နဲ့ ရှစ်ကောင်” ရှီမာယူယူ ပြောလိုက်သည် “အစ်ကိုတို့ အစ်ကိုတို့ရဲ့ ဝိညာဉ်သားရဲတွေလည်း ခေါ်လိုက်ကြတော့”

ရှီမာယူမင်နှင့် တခြားသူများသည် ခေါင်းညိတ်ကာ သူတို့၏ ဝိညာဉ်သားရဲများကို ခေါ်လိုက်ကြသည်။ သူတို့သည် အံ့ဖွယ်အဆင့်မရောက်သေးသော်လည်း လက်တစ်လှမ်းအကွာတွင် ဖြစ်ကြသည်။

ရှီမာယူလင်းနှင့် တခြားသူများသည် ထိုအရာအားမြင်သောအခါ သူတို့၏ စာချုပ်သားရဲများကို ခေါ်ထုတ်ကြသည်။ ထင်ထားသည့်အတိုင်းပင် သူတို့အားလုံးသည် သူတော်စင်အဆင့်များဖြစ်ကြသည်။

“ဟူး မင်းတို့အားလုံး ဝိညာဉ်သားရဲတွေထပ်ခေါ်လည်း အသုံးမဝင်ဘူး”

“ဘာတွေ စိတ်လှုပ်ရှားနေတာလဲ ငါမပြီးသေးဘူး” ရှီမာယူယူ ပြောလိုက်သည် “ဟိန်းသံထောင်ချီ၊ မင်းရဲ့ မျိုးနွယ်ဝင်တွေကို ခေါ်လိုက်လည်း အဆင်ပြေလား”

ဟိန်းသံထောင်ချီခေါင်းညိတ်ကာ ပြောလိုက်သည် “သူတို့အထဲမှာ ရှိနေတာကြာပြီ သူတို့လည်း တိုက်ခိုက်ချင်မှာပဲ”

“ကောင်းတာပေါ့” ရှီမာယူယူ ပြောပြီးသည်နှင့် နောက်ထပ်အံ့ဖွယ်သားရဲအုပ်စုသည် သူတို့ဘေးတွင် ပေါ်လာသည်။

“ဟား ဟား ငါတို့် မတိုက်ရတာကြာပြီ၊ ငါတိုက်ချင်တာ လက်တွေယားနေပြီ” အမြီးငါးချောင်းမြေခွေးသည် ပေါ်လာသည်နှင့် ကျယ်လောင်စွာ ဟိန်းလိုက်သည်။

“အံ့ဖွယ်သားရဲတွေများလိုက်တာ” ရှီမာယူယန်သည် အံ့သြစရာများပြားလှသဖြင့် ရှီမာယူယူအား မျက်လုံးထွက်ကျမတတ် စိုက်ကြည့်နေလေသည်။

ရှီမာယူလင်းသည်လည်း အံ့သြသွားသည်။ သူ လုံးဝမထင်ထားပေ။ သူကိုယ်တိုင်တွင် အံ့ဖွယ်သားရဲလေးကောင် ရှိကာ တခြားဝိညာဉ်သားရဲများသည် အဆင့်မသိရသေးပေ။ သူ့မှာ တကယ်ပဲ အံ့ဖွယ်သားရဲတွေများတာပဲ။

ပြိုင်ဖက်မှာ သူတို့နှင့် အဆင့်တူသော အဆင့် ငါးမှ ခြောက်ထိရှိသော အံ့ဖွယ်သားရဲများကို ခေါ်လိုက်သည်ကို ငှက်ကြီးများမြင်လိုက်သောအခါ ချက်ချင်းပင် အသိမရှိလောက်အောင်ပင် ကြောက်သွားကြသည်။ အဲဒါကြောင့် သူက သူ့ကိုယ်သူ သေချာနေတာကိုး၊ အဲဒါကြောင့် သူက ကြောက်စရာကောင်းနေတာကိုး။

အနက်ရောင် သိမ်းငှက်၏ ကိုယ်ရောင်ကိုယ်ဝါသည် ချက်ချင်းပင် ဒေါသထွက်လာသည်။ ထိုကဲ့သို့ ဇာတ်လမ်းမှာ သူတို့မျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်သည်။ ဒီလို အားကောင်းတဲ့ အံ့ဖွယ်သားရဲတွေ အများကြီးရှိတဲ့ သေးငယ်သည့်လူသားတစ်ယောက်ပေါ်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ အချိန်ခဏအတွင်းမှာပင် သူတို့နှင့် ပြောင်းပြန်ဖြစ်သွားသည်။

“နောက်ဆုတ်ကြမယ်” အနက်ရောင် သိမ်းငှက်သည် သတိမလွတ်ပဲ တစ်ဖက်လူ၏ အားကိုမြင်သောအခါ လျင်မြန်စွာပင် ဆုံးဖြတ်ချက်ချလိုက်သည်။

“မင်းတို့လာပြီးမှ ငါကဖြင့် မင်းတို့ကို မရိုက်ရသေးဘူး၊ ဘာလို့ထွက်သွားတာလဲ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းတို့လက်ရှိမှာ ငါတို့ထက်အားကောင်းပေမယ့် ငါတို့ကို လိုက်ဖမ်းဖို့ဆိုတာ မဖြစ်နိုင်သေးဘူး” လင်းတငှက်သည် မကစားချင်တော့ပဲ တည်ငြိမ်စွာ ပြန်လှည့်လိုက်သည်။

“မင်းတို့ အတောင်ပံနဲ့ပျံသွားမယ်လို့ ပြောလိုက်တာလား” ရှီမာယူယူ အပြုံးဖြင့် ပြောလေသည် “မင်းတို့ ဒီနေရာကို ဝင်လာတာနဲ့ ချိပ်ပိတ်လိုက်ပြီဆိုတာကို ပြောဖို့မေ့သွားတယ် မင်းတို့ထပ်ပြီးပျံလို့မရတော့ဘူး”

All Chapters