အပိုင်း(၂၅၁)-အမြစ်ဖြုတ်ခြင်း
Vol. 003 Ch. 251
“ဟင်” ငှက်ကြီးများသည် မယုံကြည်ပဲ ပျံသန်းကြည့်ရာ မီတာအနည်းငယ်အမြင့်သာ ပျံနိုင်လေသည်။
“မင်းဘာလုပ်လိုက်တာလဲ” ထိုငှက်ကြီးသည် တုန်လှုပ်စွာအော်လိုက်သည်။
“ငါ ဘာမှမလုပ်ပါဘူး၊ မြေပြင်မှာ ပစ္စည်းနည်းနည်းလောက်ထားလိုက်တာပါ” ရှီမာယူယူ ပြောပြီးသည့် သူမသည် မြေပြင်သို့ ဝိညာဉ်စွမ်းအင်အနည်းငယ်ထည့်လိုက်သည်။ ထိုဝိညာဉ်စွမ်းအင်သည် ပျောက်ကွယ်မသွားပဲ ကြီးမားသော တည်ဆောက်မှု အနားလိုင်းပုံစံဖြင့် ပြင်းထန်စွာ လည်ပတ်နေလေသည်။
“နေရာချိပ်ပိတ်ခြင်း တည်ဆောက်မှုပဲ” အကြည့်တစ်ချက်နှင့်ပင် ရှီမာယူလင်း သတိပြုမိကာ အံ့သြစွာ အော်မိ လေသည်။
ရှီမာယူယူ သူ့အားစိုက်ကြည့်လိုက်သည်။ ထိုကြီးမားသော တည်ဆောက်မှုကို သူ သိလိမ့်မည်ဟု သူမ ထင်မထားပေ။
မှန်သည်၊ သူတို့မြေပေါ်ဆင်းသက်သည်နှင့် သူမ မြေပေါ်တွင် နေရာချိပ်ပိတ်ခြင်း တည်ဆောက်မှုကို ဖန်တီးခဲ့သည်။ ငှက်ကြီးများ မြေပေါ်ဆင်းသည်ထိ စောင့်ပြီး လျှို့ဝှက်ကျင့်ကြံကာ နေရာအား ချိပ်ပိတ်ခဲ့သည်။
ရှီမာယူလင်းသည် ရှီမာယူယူကြောင့်ပင် နောက်တစ်ခါ မှင်တက်မိပြန်သည်။ ဒီလူကတော့ အဂ္ဂိရတ်ပညာရှင်နဲ့ သားရဲထိန်းကျောင်းမှုသခင်ဖြစ်တဲ့အပြင် တည်ဆောက်မှုသခင်တောင်ဖြစ်နေသေးသည်။ သူ မလုပ်နိုင်တာ ဘာရှိသေးလဲ။
“သူက လူသားရောဟုတ်ရဲ့လား” သူသည် စိတ်ထဲမှ ကျိန်ဆဲမိတော့သည်။
သူကဲ့သို့ ဉာဏ်ပြေးသော ပါရမီရှင်ပင်လျှင် တအံ့တသြဖြစ်ရသည်။ ဘယ်လောက်ပင် ရင်သပ်ရှုမောဖြစ်ရပါစေ သူမနှင့်ဆိုလျှင် သူတို့သည် ဘေးလူသပ်သပ်သာဖြစ်တော့မည်။
“တော်ပြီ တံခါးက ပိတ်ပြီးသွားပြီ၊ အခု မင်းတို့ကို ငါဖြေရှင်းတော့မယ်၊ ဒီနေ့ ငါ မင်းတို့ကို အသေကြေ ရိုက်တော့မယ်” သူမ ပြောပြီးသည်နှင့် ရှီမာယူယူသည် ရှီမာယူမင်နှင့် တခြားသူများအား ဆွဲပြီး အထဲတွင် ဝိညာဉ်သားရဲအုပ်စုနှင့် တိုက်ခိုက်တော့သည်။
“အား”
“ငါ့ မျက်လုံးကို ဘယ်သူရိုက်တာလဲ”
“အား”
အထဲတွင် ဖြစ်ပျက်သမျှကို ရှီမာယူယူကြည့်ပြီး တိုးညင်းစွာပြောလိုက်သည် “အုပ်စုလိုက် တိုက်တာ မဆိုးဘူးပဲ၊ အခုငါ့ စိတ်စွမ်းအင်လုပ်နိုင်စွမ်း ပြည့်နေတာ နှမြောစရာပဲ၊ မဟုတ်ရင် ငါ အံ့ဖွယ်သားရဲနှစ်ကောင်ကို စာချုပ်ချုပ်နိုင်တယ်၊ နောက်တစ်ခါ ငါ သားရဲအုပ်နဲ့သွားတဲ့အခါကျရင် ရိုက်နိုင်တဲ့အုပ်ကိုခေါ်သွားမယ် အဲဒါက ကြည့်ပျော်ရှုပျော်ဖြစ်တယ်၊ တကယ်ခံစားလို့ကောင်းတာပဲ”
အားလုံးသည် သူမ နောက်တွင်ရပ်ကာ သူတို့ခေါင်းထဲတွင် သူမအား မကောင်းတွေးမိလေသည်။ ဒီလူက သူ့စိတ်စွမ်းအင်လုပ်နိုင်စွမ်း ပြည့်နေတာကို ညည်းညူနေတာလား။ သူတို့ခံစားချက်ကို ထည့်မစဉ်းစားတော့ ဘူးလား။
နောက်ဆုံးတွင် ငှက်ကြီးများ တစ်ကောင်မှ လွတ်မြောက်နိုင်ခြင်းမရှိတော့ပေ။ အားလုံးသည် သူတို့ စွမ်းရည်များ ပျောက်ဆုံးကာ မြေပေါ်တွင် လဲသွားကြသည်။ သူတို့မျက်လုံးများတွင် မကျေနပ်ချက်များ ပြည့်နေကြသည်။
ရှီမာယူယူ လျှောက်သွားကာ ပြောလိုက်သည် “ဒီအတိုင်းထားလိုက်၊ မင်းတို့ဒီမှာနေရင် နေရာကျဉ်းကျဉ်းမှာပဲ နေလို့ရမယ်၊ ငါတို့်နဲ့ စာချုပ်ချုပ်လိုက်ပါလား၊ ငါတို့အပြင်သွားပြီး လောကကြီးကို ကြည့်ကြမယ်”
“ငါတို့ မလုပ်ဘူး….” သိမ်းငှက်သည် ရှီမာယူယူအား စိုက်ကြည့်လိုက်သည်။
“မင်းတို့ မလုပ်ရင် ရွေးစရာမရှိဘူး၊ ဒီနေ့ မင်းတို့နဲ့ ဆွေးနွေးဖို့ ငါလာတာမဟုတ်ဘူး၊ မင်းတို့က ငါ့အစ်ကိုတွေအတွက် လက်ဆောင်ဖြစ်ပြီးနေပြီ၊ မင်းအခု လက်မလျော့ရင်တောင် ခဏနေ လျော့မှာပဲ”
ပြောပြီးနောက်တွင် ရှီမာယူယူသည် သိမ်းငှက်၏ မျက်လုံးကြားရှိနေရာတွင် လက်ချောင်းတင်လိုက်ကာ အင်ပါယာသားရဲထိန်းကျောင်းခြင်းကျမ်းကို စတင်တော့သည်။
ရှီမာယူယန်၏ မျက်လုံးများသည် ပြူးထွက်မတတ်ဖြစ်ကာ သူ့မေးစေ့မှာ မြေပေါ်သို့ ကျလုမတတ်ပင်ဖြစ် နေသည်။ သူ ရှီမာယူယူအား လက်ညှိုးထိုးကာ ရေရွတ်လိုက်သည် “သူ… သူ… သူက သားရဲကို စာချုပ်ချုပ် နိုင်တယ်၊ သူက သားရဲထိန်းကျောင်းမှုသခင်လည်းဖြစ်နေတာလား”
ရှီမာယူလန်နှင့် ရှီမာယူရှင်းတို့သည်လည်း ထိုအမူအရာအတိုင်းပင်ဖြစ်ငည်။ သူတို့်သည် ရှီမာယူယူအား တခြား ဂြိုလ်မှလာသည့် ဂြိုလ်သားအတိုင်းကြည့်နေကြသည်။
ရှီမာယူရန် ခေါင်းညိတ်ကာ ပြောလိုက်သည် “သူ သားရဲထိန်းကျောင်းမှုသခင်ဖြစ်တာ လွန်ခဲ့တဲ့သုံးနှစ်က အဲအချိန်တုန်းက သူ သူတော်စင်သားရဲတွေကိုပဲ စာချုပ်ချုပ်နိုင်တာ”
“လွန်ခဲ့တဲ့သုံးနှစ်က… အဲတုန်းက သူအသက်ဘယ်လောက်လဲ” ရှီမာယူရှင်း မယုံကြည်နိုင်စွာ ဖြင့် မေးလိုက်သည်။
“အဲတုန်းက သူ ၁၅ ၁၆လောက်ဖြစ်မယ်” ရှီမာယူလီ ပြန်ဖြေသည်။
“ဒါဆို အခုသူက ၁၉နှစ်ပဲရှိသေးတာလို့ ပြောနေတာလာ။ ၁၉နှစ်နဲ့ အဂ္ဂိရတ်ပညာရှင်နဲ့ သားရဲထိန်း ကျောင်းသူဖြစ်တယ်၊ ဘုရားရေ ကျွန်တော်မျိုးကို သေခွင့်ပေးပါတော့၊ ကျွန်တော် နောက်ထပ်ဝင်စားမှ ရတော့မယ်” ရှီမာယူယန် အော်လိုက်သည်။
“မင်းတစ်ခုမေ့နေသေးတယ်၊ သူက တည်ဆောက်ခြင်း သခင်လည်းဟုတ်တယ်” ရှီမာယူလန် ထပ်ဖြည့်ပြောလေသည်။
“ညီလေး ၅ တည်ဆောက်ခြင်းသခင်ဖြစ်လာတာကိုတော့ ငါတို့လည်းမသိဘူး ဒါပေမယ့် အခုချိန်မှာ သူ လက်နက်ပညာရှင်ဖြစ်နေတယ်လို့ ပြောရင်တောင် မအံ့သြတော့ဘူး” ရှီမာယူရန် ပြောလိုက်သည်။
“တကယ်ကို….ထူးခြားတာပဲ” အချိန်အတော်ကြာမျှ တိတ်ဆိတ်ပြီးမှ ရှီမာယူယန် ပြောထွက်လာသည်။
“ညီလေး၅မှာ သားရဲတွေကို စာချုပ်ချုပ်ဖို့အတွက် နည်းလမ်းတွေ အများကြီးရှိတယ်၊ မင်းတို့ စာချုပ်ချုပ်ရင် သိလာလိမ့်မယ်” ရှီမာယူလီသည် ပြုံးပြီးပြောလေသည်။
“သူ့မှာ စာချုပ်ချုပ်ဖို့အတွက် နည်းလမ်းကောင်းရှိသေးတယ်ဟုတ်လား” ရှီမာယူယန်သည် ရှီမာယူလီအားကြည့်ပြီး ထပ်မပြောသော်လည်း သူ့စိတ်ထဲတွင် သိချင်စိတ်ကြောင့် ယားကျိကျိဖြစ်နေသည်။
နှစ်ရက်အကြာတွင် ရှီမာယူယူသည် ထိုငှက်ကြီးရှစ်ကောင်ကို ထိန်းကျောင်းခြင်းပြီးစီးလေသည်။ သူမ ပြီးသွား သောအခါ အားလုံးတွင် အံ့သြသော အမူအရာဖြစ်နေကြသည်။
“မင်းတို့အားလုံး ဘာဖြစ်နေကြတာလဲ”
“ယူယူ တစ်ခါတည်း အံ့ဖွယ်သားရဲရှစ်ကောင်ကို ထိန်းကျောင်းတယ်….” ရှီမာယူလန်သည် တအံ့တသြပြော လေသည်။
ရှီမာယူယူခေါင်းညိတ်ကာ ပြောလေသည် “ဟုတ်တယ်၊ သားရဲရှစ်ကောင်ကို ထိန်းကျောင်းပြီးသွားပြီ၊ စာချုပ်ချုပ်ချင်တဲ့အကောင်ကို ရွေးလို့ရပြီ”
“ငါတို့အဲအကြောင်းပြောနေတာမဟုတ်ဘူးလေ၊ မင်းအဲလောက်အများကြီးကို ထိန်းကျောင်းပြီးတာ ဟုတ်လား မဟုတ်လားမေးနေတာ” ရှီမာယူရှင်းမေးလိုက်သည်။
“နည်းနည်း ပင်ပန်းနေပြီ၊ ငါရထားတဲ့ ဝိညာဉ်ချီတွေ အပြည့်သုံးလိုက်ရတယ်” ရှီမာယူယူ ပြောလေသည် “မင်းတို့ ကိုယ့်ဘာသာ စာချုပ်ချုပ်ကြ ငါခဏနားလိုက်ဦးမယ်”
ပြောပြီးနောက် သူမ နေရာလွတ်အားရှာကာ ဝိညာဉ်သားရဲများထိန်းကျောင်းရာတွင် သုံးလိုက်ရသော အားများကို ပြန်ဖြည့်နေလေသည်။
“အနက်ရောင်သိမ်းငှက်က အစ်ကိုကြီးယူမင်အတွက်ပြောထားတော့ ကျန်တာကို ရွေးလို့ရတယ်” ရှီမာယူရှင်း ပြောလိုက်သည်။
“ငါ အဲဒီလင်းတငှက်ကြီးကို ကြိုက်တယ်၊ ငါ သူ့ကိုယူမယ်” ရှီမာယူလီပြောလိုက်သည်။
“ဒါဆို ငါအဲဒီ သိမ်းငှက်ကိုယူမယ်” ရှီမာယူယန်သည် ယဉ်ကျေးမှုမရှိစွာပင် သိမ်းငှက်အား ကိုင်လိုက်သည်။
လျင်မြန်စွာပင် အားလုံးသည် ကိုယ်စီကိုယ်စီရွေးကြကာ သူတို့နှင့် စာချုပ်ချုပ်ကြလေသည်။
“သြော် ဟုတ်သားပဲ ယူလီ၊ မင်းအခု ပြောလိုက်တဲ့ ထူးခြားတဲ့နည်းလမ်းဆိုတာ ဘာလဲ” ရှီမာယူယန်သည် သားရဲနှင့် စာချုပ်ချုပ်ရန် ပြင်ဆင်နေရင်းနှင့်ပင် ရုတ်တရက်မေးလိုက်သည်။
“မင်းစာချုပ်ချုပ်ပြီးရင် သိလိမ့်မယ်” ရှီမာယူလီ ပြောပြီးနောက် လင်းတငှက်နှင့် စာချုပ်ချုပ်ရန် သွားလေသည်။
ထိုအချိန်တွင် ရှီမာယူယူဘေးတွင် အဆင့်တက်သော အလင်းတန်းပေါ်လာကာ အားလုံး၏ အာရုံသည် ထိုဆီသို့ရောက်သွားလေသည်။
“အဆင့်ငါး ဝိညာဉ်နယ်ရှင်၊ ဒီကောင်ကတော့ အဲလောက်ကြီး စိတ်ထိခိုက်အောင် မလုပ်လို့မရဘူးလား” ရှီမာယူယန်သည် သူမအား ရိုက်ချင်သည့်သဘောဖြင့် နှုတ်ခမ်းတွန့်လိုက်လေသည်။
“ယှဉ်ရင်တော့ သေမှာပဲ၊ သူ့လို ပါရမီရှင်နဲ့ အစ်ကိုယူလင်းနဲ့ယှဉ်တာမှ ပိုကောင်းဦးမယ်” ရှီမာယူရှင်း ပြောလိုက်သည်။
“ဟူး မြန်မြန်ကျင့်ကြံရအောင် ငါတကယ်ကို သူ့ကို မကြည့်ချင်ဘူး” ရှီမာယူလန် ပြောလိုက်သည်။ ထိအချိန်တွင် သူမ အရည်အချင်းသည် ဘာမှမဟုတ်သလိုပင်ခံစားရသည်။
သူတို့ရှစ်ယောက်သည် သားရဲများနှင့် စတင်စာချုပ်ချုပ်ကြရာ စာချုပ်ပြီးစီးသည့်အခါတွင် အဆင့်တက်သည့် အလင်းတန်းများပေါ်လာသည်။ ရှီမာယူလင်းနှင့် တခြားသုံးယောက်အတွက်တော့ အံ့သြစရာပင်ဖြစ်သည်။ သို့သော် ရှီမာယူမင်နှင့် တခြားသော ညီအစ်ကိုသုံးယောက်တို့သည် ရပ်နေကာ သူတို့အစောက ပြောသော ထူးခြားသည့်အရာဆိုသည်မှာ ဒါကိုပြောခြင်းဖြစ်သည်ဟု သိလိုက်ရသည်။
“စာချုပ်ချုပ်ရင်းနဲ့ အဆင့်တက်လို့ရတယ် ဟုတ်လား၊ ဒါ ပထမဆုံးကြားဖူးတာပဲ” ပြီးနောက်တွင်လည်း ရှီမာယူယန်သည် မှင်တက်နေတုန်းပင်ဖြစ်သည်။ သူသည် အိမ်မက်လိုပင် အဆင့်နှစ်ဆင့်တက်သွားသည်။
“ဒါဘာဖြစ်လို့လဲဆိုတော့ မင်းတို့စာချုပ်ချုပ်တဲ့ အံ့ဖွယ်သားရဲက အဆင့်မြင့်လို့ပဲ၊ မဟုတ်ရင် မင်းတို့ ဘယ်လိုလုပ် အဆင့်နှစ်ဆင့် တစ်ခါတည်းတက်မှာလဲ” ရှီမာယူလင်းသည် ထူးခြားမှုကို နားလည်သွားသဖြင့် မှတ်ချက်ပေးသည်။
ရှီမာယူယန်သည် သူ့ဆံပင်အား ဆွဲပြီးပြောလေသည် “မင်းဘာပြောပြော ငါဆင့်နှစ်ဆင့်တက်တယ်၊ဟားဟား အိမ်မက်လိုပဲ”
ထိုငှက်ကြီးများသည်လည်း မတည်ငြိမ်ပေ။ သူတို့သည် အချင်းချင်းအကြည့်ချင်းဖလှယ်ကာ ပြောလိုက်သည် “ငါ အဆင့်တစ်ဆင့်တက်တယ်၊ ငါအဆင့်မတက်တာ ကြာပြီ”
“ငါရောပဲ၊ ဒီလိုအကျိုးအမြတ်ရမယ်ဆိုရင် ဘာလို့ အရိုက်ခံနေမှာလဲ”
“မင်းပဲပြောတော့”
ရှီမာယူလီသည် လင်းတငှက်၏ ခေါင်းအားပုတ်ကာ ပြောလိုက်သည် “မင်း ငါ့နောက်လိုက်ရင် မြန်မြန် အင်အားကောင်းလာမှာပါ ယူယူ စာချုပ်ချူပ်တဲ့ သားရဲတွေက သူတို့သခင်နဲ့အတူ အင်အားကြီးလာမှာ”
“ဘာ…”
ရှီမာယူယန်သည် လမ်းလျှောက်နေရာမှ ခလုတ်တိုက်သွားလေသည်။
သူလှည့်ကြည့်ရာ လူများသည် မှင်တက်စွာကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သူပြောသည်မှာ ရှီမာယူယူတွင် လျှို့ဝှက်လက်နက်ရှိသေးသည့် ပုံပင်။ သူ့အတွင် အင်အားများသည်။ ပြီးတော့ သူ့ကြောင့်ပင် ရှီမာမျိုးနွယ်သည် ယိလင်းတိုင်းပြည်တွင် အရင်ကနေ့ရက်များကဲ့သို့ ပြန်သွားနိုင်ချေရှိသည်။