← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အပိုင်း ( ၁၃ )

ချန်ကျင်းလန်က ကျန်းကျန်းကို သူမရဲ့ ကားရပ်ထားသော နေရာထိ လိုက်ပို့ပေးပြီးမှ ပြန်လှည့်လာခဲ့စဉ်မှာ မျက်နှာချင်းဆိုင်ကနေ လျှောက်လာသော လူ တစ်ယောက်ကြောင့် ဖြည်းဖြည်းချင်း ခြေလှမ်းရပ်လိုက်မိသည်။

အဲလက်စ်က သူ့ကောင်မလေးကို စာပို့နေရင်း သူ့ရှေ့က လူရဲ့ ပခုံးကို လှမ်းရိုက်လိုက်ချိန်မှာပဲ သူတို့တွေ ရုတ်တရက် ခြေလှမ်းရပ်လိုက်ကြတာ ဖြစ်သည်။ အဲလက်စ်သည် သူပဲ ရိုက်ပြီး သူ့လက်ပဲ နာကျင်သွားလေသည်။ ဘော့စ်ရဲ့ ပခုံးကျယ်ကျယ်တွေဟာ သစ်သားခုတင်ထက်တောင်မှ မာကျောသေးသည်။

“ ရှင်တို့တွေ လန်ချွမ်းမှာ ဘာလာလုပ်ကြတယလဲ။ ” ချန်ကျင်းလန်က သူမရှေ့မှ လူကို မေးလိုက်သည်။

ရှောက်ချန်းကျယ်က အစတုန်းကတော့ သူမကို မမြင်ချင်ဟန်ဆောင်ပြီး ဘေးကနေ ဖြတ်သွားမလို့ စဉ်းစားထားတာ ဖြစ်သော်လည်း ချန်ကျင်းလန်ဟာ သူ့ကို မြင်သည်နှင့် သူမမျက်နှာပေါ်က နူးညံ့သိမ်မွေ့မှုတွေကို တင်းမာမှုတွေက ချက်ချင်းပဲ နေရာယူသွားပြီး သူ့ကို မျက်မှောင်ကြုတ် ကြည့်သည့်။

သူမ သူ့ကို ဒီလောက်တောင် မုန်းနေတာလား။

သူ့ဘော့စ်က သူမကို စိုက်ကြည့်ရုံသာ ကြည့်နေပြီး သူမရဲ့ မေးခွန်းကို မဖြေတာကို မြင်သောအခါ A လေးသည် သူ့ဘော့စ်အတွက် စိုးရိမ်သွားမိလေသည်။ သူမကို အဲ့လို စိုက်ကြည့်နေတဲ့ အချိန်မှာ ဘော့စ်အကြည့်က နူးညံ့နေရမယ်လေ။ အဲ့လိုကြီး စူးစူးရဲရဲ စိုက်ကြည့်နေရင် ကောင်မလေးက လန့်ပြီး ထွက်ပြေးသွားလိမ့်မယ်။

ဘော့စ်က ဘာမှ ပြန်မဖြေတာကြောင့် A လေးကပဲ ခပ်တိုးတိုး ချောင်းဟန့်ပြီး ပြန်ပြောလိုက်သည်။ “ ကျွန်တော်တို့ ကုမ္ပဏီက ဒီမှာ ဧည့်ခံပွဲ တစ်ခု လာလုပ်တာပါ။ ”

ချန်ကျင်းလန်က ပြောလိုက်သည်။ “ ရှောက်မျိုးရိုးတွေဘက်က အမှာစာကို ငါတို့ချန်ကျင်းချွမ် လက်ခံထားတာ မတွေ့ပါဘူး။ ”

“ ရှောက်မျိုးရိုး နာမည်နဲ့ အမှာစာတင်သွင်းထားတာ မဟုတ်ဘူး ၊ ချုံမြောင့် မြို့တော် ဆိုတဲ့ နာမည်နဲ့ပါ။ ” A လေးက ရှင်းပြလိုက်ပြီးနောက် လက်ကို ဆန့်ထုတ်၍ ချန်ကျင်းလန်အား သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်သည်။ “ ကျွန်တော်က ချုံမြောင့်က အဲလက်စ်ပါ။ ”

“ မင်း အရင် ကားထဲ ဝင်နှင့်။ ” ဟု ရှောက်ချန်းကျယ်က A လေးကို ပြောလိုက်သည်။

A လေးသည် သူ့လက်ကို တွ့န်ဆုတ်စွာ ပြန်ရုတ်သိမ်းလိုက်ကာ ချန်ကျင်းလန်နှင့် လက်ဆွဲနှုတ်ဆက်ခွင့်ပင် မပေးတဲ့အထိ သဘောထားသေးသိမ်သော ဘော့စ်ကို စိတ်ထဲကနေ ကျိန်ဆဲလိုက်လေသည်။ ဘော့စ်ရဲ့ အမူအရာကို အကဲခတ်ရသလောက် ဒီမိန်းမ‌လှလေးဟာ မနေ့ညတုန်းက ဘော့စ်ကို ဖုန်းဆက်ခဲ့တဲ့ တစ်ယောက် ဖြစ်လိမ့်မည်။ မနေ့ညတုန်းက ဖုန်းပြောတာ အဆင်မပြေလို့ သူတို့ တစ်ယောက်ကို တစ်ယောက် စိတ်ဆိုးနေကြတာများလား။

သို့သော် ဘော့စ်က အလွန် စိတ်မကြည်မလင် ဖြစ်နေတာမို့ သူပါ ဝင်ရှုပ်လို့ မရပါ။ A လေးသည် သူ့နောက်က လူတွေကို ဦးဆောင်ပြီး လှစ်ခနဲ ပြေးထွက်လာခဲ့လိုက်သည်။

ချန်ကျင်းလန်က လက်ပိုက်ထားရင်း ပြောလိုက်သည်။ “ ရှောက်မျိုးရိုးမှာလည်း ဟိုတယ် သုံး ၊ လေးခုလောက် ပိုင်တာပဲ။ ဥက္ကကြီးရှောက်က ဘာလို့ အဲ့ဟိုတယ်တွေထဲက တစ်ခုမှ ဧည့်ခံပွဲ မလုပ်တာလဲ။ ဥက္ကဌကြီးရှောက်က ဘာလို့ ကျွန်မတို့ရဲ့ ချန်ကျင်းချွမ်ဆီကို လာရတာလဲ။ ရှောက်မျိုးရိုးတွေ ကိုယ်တိုင်ကတောင် သူတို့ရဲ့ ဝန်ဆောင်မှုက ကျွန်မတို့ကို မမီဘူးလို့ ထင်နေတာများလား။ ”

ဘေးကနေ ဖြတ်မောင်းသွားသော ကျန်းကျန်းရဲ့ ကားက သူမတို့ နှစ်ယောက်ရဲ့ စကားဝိုင်းကို စကားစပြတ်သွားစေသည်။ သူမက ပြတင်းပေါက်မှန်ကို ချပြီး ချန်ကျင်းလန်ကို နှုတ်ဆက်လိုက်သည်။ “ ငါ သွားနှင့်ပြီနော် ကျင်းလန်။ မနက်ဖြန်ကျ ငါ နင့်ကို ဖုန်းဆက်လိုက်မယ်။ ”

“ ဟုတ်ပြီ။ ဖြည်းဖြည်း မောင်းနော်။ ” ဟု ချန်ကျင်းလန်က လက်ဝှေ့ရမ်းပြရင်း ပြောလိုက်သည်။

သူမမျက်နှာပေါ်က နူးညံ့မှုကို မြင်တော့ ရှောက်ချန်းကျယ်က လှောင်ရယ်လိုက်သည်။ “ ရှစ်ရမ်နဲ့ သူ့ကောင်မလေးက မင်းနောက်ကွယ်မှာ အကြိမ်ပေါင်းများစွာ တိတ်တိတ်ပုန်း တွေ့နေတာတောင် မင်းကတော့ သူနဲ့ သိပ်ကို ရင်းနှီးနေတုန်းပါပဲလား။ မင်းကို ဉာဏ်ကောင်းတယ်လို့ ငါ ထင်ထားခဲ့တာ ချန်ကျင်းလန်။ ”

ချန်ကျင်းလန်က ခဏလောက် အံ့ဩသွားပြီးမှ မျက်နှာ အမူအရာကို တည်ငြိမ်အောင် ပြန်ပြင်ယူလိုက်သည်။ “ သူတို့ တွေ့နေတာကို ငါ သိသားပဲ။ ဒါပေမဲ့ ဥက္ကဌရှောက်က ကိုယ်နဲ့ မဆိုင်တဲ့ ကျွန်မတို့ ကိစ္စတွေကို ဘာလို့ လိုက်စိတ်ဝင်စားနေတာလဲ။ ”

ဟောက်ချန်ဟွမ်းက သူမကို စိတ်ပျက်သလို ကြည့်လိုက်သည်။ “ သူ့နှလုံးသားထဲမှာ တခြား မိန်းကလေး တစ်ယောက် ရှိနေမှန်း သိတာတောင် မင်းက သူ့ကို အဲ့လောက်ထိ သဘောကျနေတုန်းပဲ။ ”

ချန်ကျင်းလန်က ခန္ဓာကိုယ်ကို မတ်ပြီး အနည်းငယ် ခေါင်းမော့လိုက်သည်။ “ ဟုတ်တယ် ၊ ကျွန်မ သူ့ကို ကြိုက်တယ်။ သူ ဘယ်သူ့ကို ကြိုက်လဲ ဆိုတာ ကျွန်မ ဂရုမစိုက်ဘူး။ အဲ့ဒါကို ရှင်က ဘာတွေ လာဂရုစိုက်နေတာလဲ။ ”

‌သူမမျက်လုံးထဲက ရွံ့မုန်းမှုကြောင့် ရှောက်ချန်းကျယ်ရဲ့ စိတ်ထဲမှာ ဆူးစူးသလို အောင့်မျက်သွားကာ သူမဆီကို ရုတ်တရက် တိုးကပ်သွားလိုက်သည်။

ချန်ကျင်းလန်က သူ့ကို ရှောင်လည်း မရှောင်သလို နောက်လည်း မဆုတ်ဘဲ နေရာမှာသာ ရပ်၍ အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ “ ရှင် လုပ်ရဲရင် လုပ်ကြည့်လိုက်လေ ရှောက်ချန်းကျယ်။ ”

ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေဟာ အနည်းငယ် အရောင်တောက်သွားပေမဲ့ သူ မရပ်တန့်ခဲ့ပေ။ သူ့အမူအရာတွေက ခုနတုန်းကထက်တောင် ရဲတင်းလာသည်။

သူတို့ နှစ်ယောက် အသားချင်း မထိသေးပေမဲ့ ရှောက်ချန်းကျယ်ရဲ့ ရနံ့က သူမဆီကို ဒီရေလှိုင်းလိုပင် ရောက်လာကာ စိတ်ထဲမှာ ရုန်းကြွနေတဲ့ ဒေါသတွေကို ဖိချနေသည်။ သူ ခြေ တစ်လှမ်း ရှေ့တိုးလာတိုင်း ချန်ကျင်းလန်ရဲ့ စိတ်ထဲက ကိုယ့်ကိုယ်ကိုယ် မာန်တင်းထားမှုသည် နည်းနည်းချင်းစီ တိုက်စားခံလိုက်ရ၏။ တည်ငြိမ်နေတဲ့ ပုံစံကို ဟန်ချက်မပျက်စေချင်၍ ဒီအတိုင်း မတုန်မလှုပ် ဆက်ရပ်နေနိုင်စေရန် အကောင်းဆုံး ကြိုးစားနေရသည်။

သူ့နှာခေါင်းနှင့် သူမနှာခေါင်းနှင့် ထိဖို့ ၊ သူ့နှုတ်ခမ်းနှင့် သူမနှုတ်ခမ်းနှင့် ထိဖို့ တစ်လက်မ အကွာအ‌ဝေးလောက်သာ လိုတော့ချိန်ထိ သူက ရပ်တန့်မည့်ပုံ မပေါ်သေးပါ။

နောက်ဆုံးတော့ စုယန်ယန်ကပဲ မျက်နှာလွှဲပစ်လိုက်ရသည်။ တိုးတိတ်ရာမှ သိပ်သည်းကျယ်လောင်လာသော သူ့အသက်ရှူသံက သူမရဲ့ လည်ပင်းကို ပွတ်တိုက်သွားသည်။ အတိတ်မှာ မြုပ်နှံထားသော အမှတ်တရများသည် အပိုင်းပိုင်း ပြတ်သွားသော ရေခဲကျောက်ဆောင်တွေလိုပင် အရှေ့ကို ထိုးတက်လာကာ သူမရဲ့ ရင်ခုန်သံတွေကို ထိန်းချုပ်မှုကင်းမဲ့သွားစေသည်။ တိတ်ဆိတ်ပြီး လူသူကင်းမဲ့နေတဲ့ ဒီမြေအောက်ကားပါကင်မှာ ဖုံးကွယ်ထားစရာလည်း မရှိတာမို့ သူမရင်ခုန်သံတွေကို သူမကိုယ်တိုင် ကြားနေရသလို သူလည်း ကြားပါလိမ့်မည်။

“ မင်းလည်ပင်းက လုံးဝ နီရဲနေပြီ။ ”

တိုးလျအက်ကွဲနေသော အသံက သူမနားထဲ ဝင်လာသည်။ ချန်ကျင်းလန်သည် ရှက်လည်း ရှက် ၊ ဒေါသလည်း ထွက်သွားပြီး သူ့ဗိုက်ကို အားကုန်သာ တံတောင်နှင့် ဆောင့်ထိုးပစ်လိုက်၏။ အဲ့ဒါတောင် မကျေနပ်နိုင်သေးဘဲ ခြေထောက်နှင့်ပါ လှမ်းကန်လိုက်သေးသည်။ သူမရဲ့ ဒေါက်မြင့်ဖိနပ်အချွန်က သူ့ခြေထောက်ကို ရိုက်မိလုနီးပါး ဖြစ်သွားကာ အကယ်၍ ရိုက်မိလိုက်ပါက ရှောက်ချန်းကျယ်ရဲ့ ခြေထောက်မှာ ဒဏ်ရာရသွားမှာ သေချာသည်။

ရှောက်ချန်းကျယ်ကတော့ မရှောင်ဘဲ သူမ လုံလုံလောက်လောက် အားမထည့်လိုက်မှာကို စိုးရိမ်သည့်အလား ခြေထောက်ကို တမင်တကာ ရှေ့တိုးပေးခဲ့သည်။ သို့သော် အဖြူရောင် ဒေါက်ဖိနပ်အချွန်က ဖျတ်ခနဲ ဦးတည်ရာပြောင်းကာ သူ့အနက်ရောင် ဘောင်းဘီကိုသာ ရှပ်ထိသွားပြီး မြေပြင်ပေါ် ဒေါက်ခနဲ ပြန်ကျသွား၏။ ချန်ကျင်းလန်သည် သူမကိုယ်သူမ ဟန်ချက်ညီအောင် ပြန်မထိန်းနိုင်သေးခင်မှာပဲ ချာခနဲ လှည့်ထွက်လာခဲ့လိုက်သည်။

“ မြင်လား ၊ အမြဲတမ်း သတ္တိမရှိတာက မင်းပဲ။ ” ရှောက်ချန်းကျယ်က ထွက်ခွာသွားသော သူမကို ကြည့်ကာ မျက်လုံးထဲမှာ ဝမ်းနည်းကြေကွဲမှုတွေ မသိမသာ စွန်းထင်းနေခဲ့သည်။

ချန်ကျင်းလန်က တည်မြဲသော ခြေလှမ်းများဖြင့် လျှောက်လာကာ ကားတံခါးကို ဖွင့်ဝင်ပြီး အထဲမှာ ထိုင်လိုက်သည်။ အိတ်ကို ခရီးသည်ထိုင်ခုံပေါ် လွှင့်ပစ်လိုက်ပြီးနောက် ခါးပတ် ပတ်ကာ စက်နှိုး၍ စတီရာရင်ဘီးကို လှည့်လိုက်လေသည်။ ထို့နောက် ကားဘီးနှင့် မြေကြီး ပွတ်တိုက်သံ ကျယ်လောင်စွာ ထွက်ပေါ်ကာ ကားကို ဝေါခနဲ မောင်းထွက်လာခဲ့သည်။ မောင်းထွက်လာသော ကားက ကားပါကင်ရဲ့ ပထမ အကွေ့ကို ရောက်တော့ ‌ရပ်သွားကာ နောက်ကို ပြန်ကွေ့လာသည်။

ချန်ကျင်းလန်က ကားမှန်ကို တစ်ဝက်လောက်ထိ ချပြီး အပြင်ဘက်က အမျိုးသားကို ကြည့်လိုက်သည်။ သူမရဲ့ မျက်လုံး ၊ မျက်ခုံးတွေက ဆောင်းတွင်းလေအေးလိုပဲ အေးစက်မှိုင်းညို့နေကာ နှုတ်ခမ်းထောင့်စွန်းတွေကတော့ လှောင်ပြုံး တစ်ခုအဖြစ် တွန့်ချိုးနေသည်။ “ ဟုတ်ပါတယ် ၊ ရှင်က အမြဲတမ်း သတ္တိရှိပါတယ်။ လူလိမ် တစ်ယောက် မလုပ်ရဲတာရယ်လို့ ရှိလို့လား။ ဥက္ကဌရှောက်ကိူ လန်ကျိုးမှာ မြင်ရတာ ဒါ နောက်ဆုံးအကြိမ် ဖြစ်ပါစေလို့ ကျွန်မ မျှော်လင့်တယ်။ နောက်တစ်ခေါက် ထပ်ရှိလာခဲ့ရင်တော့ မကောင်းတဲ့ လူတွေကို မောင်းထုတ်တဲ့ ကျွန်မတို့လန်ကျိုးရဲ့ လုံခြုံရေးအင်အားက ကျွန်မတို့ ပေးတဲ့ ဝန်ဆောင်မှုတွေလို ပထမတန်းစားပဲ ဆိုတာ ဥက္ကဌရှောက် သိသွားရလိမ့်မယ်။ ”

ထိုစကားကို ပြောပြီးနောက် သူမက လီဗာကို ဖိနင်းလိုက်သည်။ ဒီတစ်ခေါက်တော့ ကားလေးက ကားပါကင်ထဲကနေ တစ်ခါတည်း မောင်းထွက်သွားကာ လမ်းမပေါ်မှာ ပြည့်ကျပ်နေသော ကားများကြားထဲ ရောနှောသွားလေသည်။ ချန်ကျင်းလန် မီးနီနေတုန်း ထန်ယိချန်းကို ဖုန်းဆက်လိုက်သည်။

ထန်ယိချန်းက ကားထဲမှာ ထိုင်နေခဲ့တာ ဖြစ်သည်။ ဖုန်းမြည်သံကို ကြားတော့ သူ တိတ်တိတ်လေး ချောင်းကြည့်နေတာကို သူ့ဘော့စ် မိသွားပြီလား ဟူသော အတွေးဖြင့် ဆတ်ခနဲ လှုပ်သွားသည်။ သူ ချောင်းကြည့်ဖို့ မရည်ရွယ်ပါဘူးဟု ကိုယ်ကျင့်တရားနှင့် တိုင်တည်ရဲပါသည်။ သခင်မလေး အလုပ် စောစော ဆင်းတယ် ဆိုတာ ရှားသည်။ အခြား တစ်ဖက်၌ သူမရဲ့ လက်ထောက် ဖြစ်တဲ့ ထန်ယိချန်းက သူမနောက်ကနေ တောက်လျှောက် လိုက်သွားရသည်။ အဲ့ဒီတုန်းက သူ အပြေးအလွှား လိုက်သွားတာတောင် သူ ကားပါကင်ကို ရောက်တဲ့အထိ သူမက ထွက်မသွားသေးဘဲ ကိုလူချော တစ်ယောက်နှင့် နီးနီးကပ်ကပ် စကားပြောနေခဲ့သည်။ ကံကောင်းချင်တော့ သူ့ကား ရပ်ထားတဲ့ နေရာက သခင်မလေး ရပ်ထားတဲ့ နေရာနှင့် တော်တော်လေး ဝေးသောကြောင့် ကျွမ်းကျင်တဲ့ စပိုင် တစ်ယောက်လိုပင် ခြေလှမ်းကို တုံ့ခနဲ ရပ်ကာ သူ့ကားနားကို လေလို အလျင်ဖြင့် ပြေးကပ်သွားလိုက်၏။ ထို့နောက် ကားထဲ ဝင်ကာ ဂိမ်းဆော့နေသလို ဟန်ဆောင်ရင်း သူ့ကားထက် အရင် သခင်မလေးရဲ့ ကား မောင်းထွက်သွားတာကို စောင့်နေခဲ့သည်။

အဲ့ဒီမှာ ခုနတုန်းက မြင်ကွင်းကို သူ မြင်လိုက်ရတာပါပဲ။

သူ့အမြင်အာရုံက စူးရှသလို သိချင်စိတ်ကလည်း ပြင်းပြသည် ၊ မှတ်ဉာဏ်ကလည်း ကောင်းသည်။ အဲ့ဒီ လူက သူ လေဆိပ်မှာ တွေ့ခဲ့တဲ့ လူပါပဲ။ သူတို့ရဲ့ အခြေအနေကို အကဲခတ်ရသလောက် နှစ်ယောက်ကြားမှာ ပတ်သက်ဆက်နွှယ်မှု တချို့ ရှိနေတာ သေချာသည်။ ဘယ်လို ပတ်သတ်မှုမျိုးလဲ ဆိုတာ ထန်ယိချန်း တိတိကျကျ အဖြေမရှာနိုင်သေးခင်မှာပဲ သူ့ဘော့စ်က သူ့ကို ဖုန်းလှမ်းဆက်လာလေသည်။ အလုပ်ချိန်အတွင်းမှာပဲ ရှိသေးတာမို့ ဖုန်းကိုင်ရုံက လွဲလို့ တခြား ရွေးချယ်စရာ မရှိပေ။

ထန်ယိချန်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖုန်းလက်ခံမည် ဟူသော ခလုတ်ကို နှိပ်လိုက်သည်။

“ အခုက စပြီး ချုံမြောင့်က ကမ်းလှမ်းလာတဲ့ အနာဂတ် ပရောဂျက်တွေကို လက်မခံနဲ့တော့ ယိချန်။ ”

“ အိုး ၊ ဟုတ်ကဲ့ပါ သခင်မလေးချန်။ ” သူ့ဘော့စ်ရဲ့ အသံက တည်ငြိမ်နေဆဲမို့ သူ ချောင်းကြည့်နေတာကို မိမသွားကြောင်း နားလည်သွားရာ ထန်ယိချန်း နည်းနည်းလေး စိတ်အေးသွားမိသည်။ သို့သော်လည်း သခင်မလေးမှာ သူ့ကို မှာကြားစရာ အလုပ်တွေ ရှိနေပါသေးသည်။

“ ပြီးတော့ ဘယ်ကုမ္ပဏီတွေမှာ ရှောက်ချန်းကျယ် ပိုင်တဲ့ ရှယ်ယာတွေ ရှိလဲ ဆိုတာ ကျွန်မကို တစ်ချက် စုံစမ်းပေးပါ။ ဒီနေ့က စပြီး သူ့ကုမ္ပဏီတွေနဲ့ ပတ်သက်နေတဲ့ ဘယ်လုပ်ငန်းကိုမဆို လန်ကျိုးရဲ့ နာမည်ပျက်စာရင်းထဲ ထည့်လိုက်။ သူတို့ရဲ့ ကမ်းလှမ်းချက်တွေ အကုန်လုံးကို ပြတ်ပြတ်သားသား ငြင်းလိုက်ပါ။ ”

“ နားလည်ပါပြီ သခင်မလေး။ ”

ရှောက်ချန်းကျယ်က သတိအနေအထားဖြင့် ပြန်ပြောနေတာပင်။ ပြီးတော့ တော်တော်လေးလည်း မလုံမလဲ ခံစားနေရတာမို့ မြန်မြန် ဖုန်းချချင်နေခဲ့သည်။ သူ့ဘောစ်ဘက်က ဖုန်းချသွားတော့မှ သူ သက်ပြင်းလေး မှုတ်ထုတ်နိုင်တော့သည်။ ချုံမြောင့် မြို့တော် … ။ ရှောက်ချန်းကျယ် … ။ ဘာလို့ အဲ့နာမည်က နားထဲမှာ အရမ်း ရင်းနှီးနေရတာလဲ။

ထိန်ယိချင် ကိုယ့်ပေါင်ကိုယ် ဖြန်းခနဲ ရိုက်မိသွားသည်။ သူ အခု မှတ်မိသွားပြီး ရှောက်ချန်းကျယ် ဆိုတာ ရှောက်မိသားစုရဲ့ ဥက္ကဌ အသစ် မဟုတ်လား။ ခုနတုန်းက လူက … သူလား။

မဖြစ်နိုင်ပါဘူး။ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ချန်မိသားစုရဲ့ ဒုတိယ သခင်မလေးနဲ့ ရှောက်မိသားစုရဲ့ ဥက္ကဌ အသစ် … ။

မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။

ထန်ယိချန်းက “ ရှောက်ချန်းကျယ် ” ဟူသော နာမည်ကို Search Bar မှာ ခပ်သွက်သွက် ရိုက်ရှာလိုက်သော်လည်း ဓာတ်ပုံလေး တစ်ပုံတောင် ကျမလာခဲ့ပါ။ အကိုးအကား ဓာတ်ပုံအဖြစ် သူ အသုံးပြုနိုင်တဲ့ ဘေးတ‌စောင်း မျက်နှာပုံ ၊ ဒါမှမဟုတ် နောက်ကျောပုံလေးတောင် တစ်ပုံမှ မရှိ။

ထန်ယိချန်း ခဏလောက် စဉ်းစားလိုက်သည်။ သူ့ရည်းစားဟောင်းက ရှောက်ကော်ပိုရေးရှင်းကို အလုပ်ပြောင်းသွားတာ သိပ်မကြာသေးပါ။ ဒီ ကောင်းကင်ဘုံက ဖန်တီးပေးလိုက်တဲ့ အခွင့်အရေးကို အသုံးချပြီး သူမနဲ့ ဆက်သွယ်ဖို့ သူ ကြိုးစားသင့်လား။ ထန်ယိချန်းသည် လုပ်ရင် ကောင်းမလား ၊ မလုပ်ရင် ကောင်းမလား ဆိုတာကို အခေါက်ခေါက် အခါခါ စဉ်းစားပြီးမှ နောက်ဆုံးမှာ ပြောရမည့် စကားတွေကို စိတ်ထဲကနေ စာစီထားလိုက်သည်။ နောက်ထပ် ငါးမိနစ်တိတိ ကိုယ့်စိတ်ကိုယ် ပြင်ဆင်ပြီးနောက် ‘ စာပို့မည် ’ ဟူသော ခလုတ်ကို နှိပ်လိုက်လျှင် သူ ဘလော့ခ်ခံထားရကြောင်း နားလည်သွားလေသည်။

မျက်လှည့်ပြလိုက်သလိုပင် ထန်ယိချန်းသည် သူ့ဘော့စ်ရဲ့ အရေးကိစ္စတွေကို အတင်းတုပ်ဖို့ စိတ်မဝင်စားတော့သလို ရှောက်ချန်းကျယ်က ဘယ်လို ပုံစံမျိုးလဲ ဆိုတာ စုံစမ်းဖို့လည်း ချက်ချင်းလက်ငင်း စိတ်မပါတော့။ သူ ဘာလို့ ဘလော့ခ်ခံလိုက်ရတာလဲ ဆိုတာကိုသာ သူ သိချင်သည်။ လမ်းခွဲပြီးသွားရင်တောင် သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေပါ့မယ်လို့ နှစ်ယောက်လုံး သဘောတူခဲ့ကြတာလေ။

ညနေရင်း စန္ဒရားတီး လေ့ကျင့်သည့် အိမ်စာကို လုပ်ပြီးနောက် ခြံထဲကို မောင်းဝင်လာသော သူမအမေရဲ့ ကားသံကို ကြားလျှင် ချန်လီချီသည် အိမ်ရှေ့တံခါးဆီသို့ ပြေးသွားလိုက်လေသည်။ အရှေ့ လှေကားထစ်တွေပေါ်မှာ ရပ်ပြီး သူမအမေ ကားပေါ်ကနေ ဆင်းလာမှာကို စောင့်နေလိုက်သည်။

သမီးဖြစ်သူကို မြင်ချိန်မှာ ချန်ကျင်းလန်ရဲ့ မျက်လုံးထဲက အေးစက်မှုတွေ အကုန်လုံး အရည်ပျော်ကျသွားကာ နူးညံ့‌ပျော့ပျောင်းသော မျက်နှာပေါ်မှာ နွေးထွေးစရာ အပြုံးလေး တစ်ပွင့် ပေါ်လာခဲ့သည်။ “ ဘာလို့ ဒီလောက် အလောတကြီး ဖြစ်နေတာလဲကွယ်။ သမီးက မေမေ့ကို ပြေးလာပြီးတော့တောင် နှုတ်ဆက်နေတာ။ ”

“ ဟင့်အင်း။ သမီး မေမေ့ကို လွမ်းလို့ လာကြိုတာပါ။ ” ချန်လီချီက အမေ အိမ်ပြန်လာတာကို စောင့်နေတဲ့ ငှက်ကလေး တစ်ကောင်လိုပင် လက်လေးတွေကို ဆန့်တန်းဖြန့်ထုတ်ထားခဲ့သည်။

ချန်ကျင်းလန်က သူမလေးကို ငုံ့ပြီး ပွေ့ချီလိုက်၏။ “ မေမေ့ရဲ့ လီချီရဲ့ မေမေ့ကို ဘယ်လောပက်တောင် လွမ်းနေလဲ ဆိုတာ ကြည့်ပါရစေဦး။ မေမေတို့ ဒီမနက်က နှုတ်ပဲ နှုတ်ဆက်ခဲ့ရတာ။ ”

ချန်လီချီက သူမအမေရဲ့ လည်ပင်းကို သိုင်းဖက်လိုက်သည်။ “ ဦးလေးကြီး ပြောတာတော့ ကိုယ် ချစ်တဲ့ လူကို တစ်ရက် မတွေ့ရတာက ဆောင်းဦးရာသီ သုံးခုတိတိ ခွဲခွာနေရတာနဲ့ တူတယ်တဲ့။ ဆောင်းဦးရာသီ သုံးခု ဆိုတာ သိပ်ကို ရှည်ကြာလွန်းတယ်။ ”

ချစ်စရာကောင်းတဲ့ စကားလေးတွေဟာ သူမမှာ အရေးတကြီး လုပ်စရာ တချို့ ရှိနေတယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ချန်ကျင်းလန်က ကလေးမလေးကို အိမ်ထဲ ပွေ့ချီ ခေါ်လာရင်း‌ ပြောလိုက်သည်။ “ မေမေ့အတွက်တော့ ဆောင်းဦးရာသီ လေးခုလောက် ဝေးကွာနေသလို ခံစားရတယ်။ ”

ချန်လီချီက “ သမီး ခုနတုန်းက မှားသွားတာနော် မေမေ။ အခု အဲ့ခံစားချက်က သမီးနဲ့ မေမေ ဆောင်းရာသီ ငါးခုလောက် ဝေးကွာနေသလို ခံစားရတယ်။ ”

သူမအမေ လွမ်းတာထက် သူမက ပိုလွမ်းရမည်။

ချန်ကျင်းလန်က အသံထွက် ရယ်မိသည်။ “ လီချီလေးက မေမေ့ကို အရမ်း လွမ်းနေတယ် ဆိုတော့ ဒီနေ့ သမီး လိုချင်တာ မှန်သမျှကို မေမေ ဖြည့်ဆည်းပေးမယ်။ ဘယ်လိုလဲ။ ”

“ တကယ်လား။ ” ချန်လီချီရဲ့ အသံက ချက်ချင်းပဲ တက်ကြွသွား၏။

“ ဒါပေါ့ ၊ တကယ်ပေါ့။ ”

ဖေးကျူးဟွေ့ကလည်း ဘေးကနေ ဝင်ထောက်ခံသည်။ “ မေမေက ဒီနေ့ မီးခွက်စောင့် နတ်သမီးလေး လုပ်ပေးတော့မှာ။ ”

ချန်လီချီက ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်သည်။ “ ယွင်ချီ့ရဲ့ အမေကို မေမေ့ဟိုတယ်မှာ အလုပ်ခန့်လို့ မရဘူးလားဟက် မေမေ။ သူ့အမေ လုပ်တဲ့ ကိတ်မုန့်တွေက အရမ်း လှပြီး အရမ်းလည်း စားကောင်းတယ်။ ”

ချန်ကျင်းလန်သည် သူမလေး ပြောချင်တာက ဒီစကား ဖြစ်နေမည်ဟု မျှော်လင့်မထားခဲ့။ သူမ ယွင်ချီ့အမေနှင့် အရင်က နှစ်ခေါက် ၊ သုံးခေါက်လောက် တွေ့ဖူးသည်။ စကားပြော နူးညံ့အေးဆေးပြီး သိမ်မွေ့တဲ့ မိန်းမလှလေး တစ်ယောက်ပါပဲ။ ချန်လီချီက သူမကို အလွန် သဘောကျသောကြောင့် ချန်ကျင်းလန်နှင့် ခဏ ခဏ မိတ်ဆက်ပေးဖူးသည်။ ချန်ကျင်းလန် သိသလောက်တော့ သူမက အချိန်ပြည့် အိမ်အလုပ် လုပ်ရတဲ့ အိမ်ရှင်မ တစ်ယောက်ပင်။

ချန်ကျင်းလန်က မေးလိုက်သည်။ “ သူ့အမေကို လန်ကျိုးမှာ အလုပ် လုပ်စေချင်တယ်လို့ ယွင်ချီက သမီးကို ပြောတာလား။ ”

“ ဟင့်အင်း။ ” ချန်လီချီက ခပ်တိုးတိုး ပြောလိုက်သည်။ “ ယွင်ချီ့အဖေက သူ့အမေအပေါ် မကောင်းဘူး မေမေ။ ခဏ ခဏ အနိုင်ကျင့်တယ်တဲ့။ တကယ်လို့ ယွင်ချီ့အမေသာ မေမေ့ဟိုတယ်မှာ လာအလုပ်,လုပ်ရင် သူ့အဖေက သူမကို ထပ်အနိုင်ကျင့်ရဲတော့မှာ မဟုတ်ဘူးလို့ သမီး ထင်တယ်။ ”

***

All Chapters