← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

အပိုင်း ( ၁၅ )

ချန်ကျင်းလန်သည် အဲ့ဒီညတုန်းက ရှစ်ရမ်နှင့် စကားပြောခဲ့တဲ့ စကားဝိုင်းအကြောင်း ပြန်တွေးကြည့်မိသည်။ သူမ အဲ့တုန်းက အိပ်မပျော်သေးတာများလား။ ဒါပေမဲ့ ရှောက်ချန်းကျယ်ရဲ့ ဖုန်းနံပါတ်ကို ဘယ်လိုလုပ် ရသွားတာလဲ။ ချန်ကျင်းလန်ရဲ့ စိတ်ထဲမှာ မေးခွန်းတွေ အများကြီး ရှိနေသော်လည်း သူမရဲ့ သမီးလေးကို သူ မပြောချင်တဲ့ ကိစ္စတွေအား ပြောဖို့ အတင်း ဖိအားမပေးချင်ပါ။ ဒီကလေးမလေးရဲ့ နှလုံးသားထဲမှာ ဖုံးကွယ်ထားတဲ့ ကိစ္စတွေ အများကြီး ရှိပုံ ပေါ်နေ၍ ချန်ကျင်းလန်က သူမလေးကို ထပ်ဖိအားမပေးတော့ပါ။

ချန်လီချီက စိတ်အေးသွားသော သက်ပြင်းလေး မှုတ်ထုတ်လိုက်သည်။ သူမအမေရဲ့ ပခုံးပေါ်ကို မေးတင်ကာ ခပ်ချွဲချွဲ ၊ ခပ်တိုးတိုးဘေး ပြောလိုက်သည်။ “ သမီး အခု မေမေ့ဆီက လျှို့ဝှက်ချက် တစ်ခု ချေးလိုက်လို့ ရလားဟင်။ နောက်ကျ သမီး အကြွေးပြန်ဆပ်ပါ့မယ်နော်။ ”

ချန်ကျင်းလန်က သူမရဲ့ အသံကို ပေါ့ပေါ့ပါးပါး ဖြစ်အောင် ဖန်တီးယူလိုက်သည်။ “ ရပါတယ်ကွယ် ၊ ဒါပေမဲ့ မေမေ့ဆီမှာ အကြွေးတင်နေတယ် ဆိုတာကိုတော့ သမီး မေ့လို့ မရဘူးနော်။ နောက်မှ ပြောပြီးသား စကားတွေကို ပြန်ရုတ်သိမ်းလို့ မရဘူး။ ”

“ သမီးရဲ့ စကားတွေကို လုံးဝ ပြန်မရုတ်သိမ်းပါဘူး။ လက်သန်းချင်း ချိတ်ပြီး ကျိန်ကြမယ်လေ။ ” ချန်လီချီက သူမရဲ့ လက်သန်းလေးကို ဆန့်ထုတ်လိုက်၏။ ကိုယ် ပြောတဲ့ စကားကို ကတိတည်ချင်ပါသည်။ ဦးလေးကြီးလို ကတိမဖျက်ချင်။

သားအမိ နှစ်ယောက်သ လက်သန်းချင်း ချိတ်ကာ ကျိန်ဆိုပြီးနောက် ချန်လီချီက သမ်းဝေလိုက်သည်။ “ သမီး အိပ်ချင်နေပြီ မေမေ။ ”

ဒီတစ်ခေါက်တော့ သူမ တကယ် အိပ်ချင်နေတာပါ။

“ သမီး အိပ်ချင်နေပြီ ဆိုရင် အိပ်ကြမယ်လေ။ ဒီညတော့ မေမေ သမီးကို အဖော်လုပ်ပြီး အတူတူ အိပ်ပေးမယ်။ ရတယ်မို့လား။ ”

“ ရပါတယ်။ ” ချန်လီချီက သူမရဲ့ ခေါင်း‌အုံးလေးကို ပုတ်ပြလိုက်သည်။ “ မေမေက ဒီမှာ အိပ် ၊ သမီးကတော့ မေမေ့ရင်ခွင်ထဲမှာ အိပ်မယ်။ ”

သူမရင်ခွင်ထဲမှ ကလေးမလေးဟာ ခဏအကြာမှာ အိပ်ပျော်သွားပေမဲ့ ချန်ကျင်းလန်ကတော့ တစ်ညလုံး အိပ်မပျော်ဘဲ လူးလှိမ့်နေခဲ့ရသည်။ သူမ ခဏလောက် မှေးခနဲ အိပ်ပျော်သွားတော့ မိုးလင်းခါနီးနေပါပြီ။ အကျိုးဆက်အနေဖြင့် သူမ ထိုမနက်မှာ နောက်ကျတဲ့အထိ အိပ်ပျော်သွားခဲ့သည်။

ဖေးကျူးဟွေ့က သားအမိ နှစ်ယောက်လုံး ဆင်းမလာသေးတာကို မြင်တော့ သူတို့ သံပတ်ပေးဖို့ မေ့ပြီး အအိပ်လွန်နေကြတာလို့ တွက်ဆလိုက်သည်။ သူတို့ နှစ်ယောက်ကို နှိုးဖို့ သူမ အပေါ်တက်သွားလိုက်၏။

ချန် မောင်နှမ သုံးယောက်နှင့် သူတို့ရဲ့ မိဘတွေဟာ ရပ်ကွက် တစ်ခုတည်းမှာပင် နေထိုင်ကြသည်။ သားအကြီးဆုံး ချန်ကျင်းချွမ်က သီးသန့် နေထိုင်ချင်သောကြောင့် သူ့မိဘတွေနှင့် မျက်စောင်းထိုးက အဝေးဆုံး အဆောက်အအုံမှာ နေထိုင်သည်။ အငယ်ဆုံးသား ချန်လီချွမ်းကတော့ အိမ်ထောင်ကျပြီးပြီမို့ လမ်းထောင့်က အိမ်မှာ နေသည်။ ချန်ကျင်းဘန်ကတော့ သူမမိဘတွေရဲ့ အိမ်ဘေးမှာ အိမ် သက်သက် တစ်လုံး ခွဲ၍ နေသည်။

ဖေးကျူးဟွေ့က အိပ်ခန်းကျယ်ကြီးထဲမှာ ဘယ်သူ့ကိုမှ မမြင်သောကြောင့် ချန်လီချီရဲ့ အခန်းဆီ သွားလိုက်၏။ ချန်လီချီက နိုးနေပြီ ဖြစ်ကာ ဆံပင်လေးတွေ ရှုပ်ပွနေပြီး တိတ်တိတ်ဆိတ်ဆိတ် သေသေချာချာ အင်္ကျီဝတ်နေခဲ့သည်။ အဘွားဖြစ်သူ ဝင်လာတာကို မြင်တော့ နှုတ်ခမ်းကို လက်နှင့် ကန့်လန့်ဖြတ် ပုံစံ လုပ်ပြကာ ရှူးခနဲ ပြောလိုက်ပြီး အမေ အိပ်ပျော်နေသေး၍ နိုးအောင် လုပ်လို့ မဖြစ်ကြောင်း လက်ဟန်ခြေဟန် ပြလိုက်သည်။

ဟိုတယ် တစ်ခုကို စီမံခန့်ခွဲနေရတဲ့ သူမသမီးက ဝန်ထုပ်ဝန်ပိုး အလေးကြီးတွေကို ထမ်းပိုးထားရတယ် ဆိုတာ နားလည်သော ဖေးကျူးဟွေ့က သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ် ဆိုတာ ရှားသောကြောင့် မနှိုးတော့ဘဲ မြေးမလေးကို အခန်းထဲကနေ တိတ်တဆိတ် ခေါ်ထုတ်လာခဲ့လိုက်၏။

ထမင်းစားပွဲမှာ ချန်ရှန်ဟယ်က ချန်ကျင်းချွမ်ကို လက်လွတ်စပယ်နိုင်လွန်းတယ် ၊ နန်ချန်းက မြေကွက်ကို မဝယ်ခဲ့သင့်ဘူးဟု ပြောကာ အပြစ်တင်နေခဲ့သည်။ ချန်ကျင်းချွမ်ကတော့ ပြန်မပြော နားမထောင်။ “ ကျွန်တော် ဝယ်ပြီးသွားပြီ အဖေရဲ့။ အခုမှ အဲ့လို ပြောဖို့ နောက်ကျသွားပြီ။ စိတ်မပူပါနဲ့။ အဲ့မြေကွက်ကို ကျွန်တော့်လက်ထဲမှာ ပျက်စီးသွားရမယ့် အဖြစ်မျိုး ဘယ်တော့မှ အဖြစ်မခံဘူး။ ဒါပေမဲ့ မြေကွက်ဈေးကိုတော့ နှစ်ဆ တင်ရလိမ့်မယ်။ ”

ချန်ရှန်ဟယ်ရဲ့ မျက်ခုံးတွေက တစ်ခုနှင့် တစ်ခု ထိစပ်လုမတတ် တွန့်ချိုးသွားကာ တစ်ခုခု ပြောဖို့ ပါးစပ်ပြင်လိုက်သော်လည်း သူ့မြေးမလေး ဝင်လာတာကို မြင်တော့ ချက်ချင်းပဲ မျက်နှာ အမူအရာကို နူးညံ့အောင် ပြင်ယူပြီး ချိုမြိန်စွာ ပြုံးပြလိုက်သည်။ “ လီချီလေး အိပ်ရာနိုးပြီပဲ။ ”

ချန်လီချီက အဘိုးဖြစ်သူဆီ ပြေးသွားပြီး ချစ်စရာကောင်းစွာ ပြောလိုက်သည်။ “ ဘိုးဘိုး မနေ့ညတုန်းက ကောင်းကောင်း အိပ်ပျော်ရဲ့လားဟင်။ ”

ချန်လီချီက အဘိုးဖြစ်သူရဲ့ ဒူးခေါင်းကို ပွေ့ဖက်ပြီး ဦးလေးကြီးကို မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်ပြကာ အဘိုးကို ပြောလိုက်သည်။ “ သမီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ခဲ့ရပါတယ်။ ပျော်စရာ အိပ်မက်တွေတောင် မက်လိုက်သေးတယ်။ ”

ချန်ကျင်းချွမ်က ခပ်တိုးတိုး ရယ်လိုက်သည်။ သူ ဒီကလေးမလေးကို အလကားသက်သက် အလိုလိုက်ခဲ့ရတာ မဟုတ်ဘူးပဲ ၊ သူမက သူ့ကို ပြဿနာထဲက ဘယ်လို ဆွဲထုတ်ပေးရမလဲ ဆိုတာ သိသေးရဲ့။

ဖေးကျူးဟွေ့က ဘေးကနေ ဝင်လောဆော်သည်။ “ ကဲပါ ၊ ဒီမြေးအဘိုး နှစ်ယောက် အလ္လာပသလ္လာပ ပြောတာ တော်လောက်ပြီ။ အရမ်း နောက်ကျနေပြီ ၊ လီချီလေး ကျောင်းနောက်ကျတော့မယ်။ ”

သူ့တူမလေးက သူ့ကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာ သိသောကြောင့် ချန်ကျင်းချွမ်က “ မင်းသမီးလေး ” ကို ဒီနေ့ မူကြို လိုက်ပို့ပေးရမလားဟု အရင် ပြောလိုက်သည်။ သို့သော် “ မင်းသမီးလေး ” ကတော့ သူ့ကို မယုံပေ။ “ အစ်မဝူကိုပဲ ဘာလို့ ကျောင်းလိုက်မပို့ခိုင်းတာလဲ ဦးလေးကြီး။ သူမက သမီးကို ကျောင်းနောက်ကျအောင် လုပ်မှာ မဟုတ်ဘူး။ ”

ချန်ကျင်းချွမ်က မင်းသမီးလေးကို ကားထဲသို့ ပွေ့ချီ ခေါ်လာကာ ထိုင်ခုံခါးပတ် ပတ်ပေးလိုက်သည်။ “ စိတ်မပူပါနဲ့။ ဦးလေးကြီး လိုက်ပို့ပေးရင် နင် သေချာပေါက် နောက်ကျမှာ မဟုတ်ဘူး။ ဦးလေးကြီးက ဖြတ်လမ်းကနေ မောင်းသွားရင် ကျောင်းကို အစောဆုံး ရောက်တဲ့ လူက နင် ဖြစ်သွားစေရမယ်။ ”

အိုး ၊ ဟုတ်ပြီလေ။ ဦးလေးကြီးက သူမကို အရမ်း ကျောင်းလိုက်ပို့ချင်နေမှတော့လည်း ခွင့်ပြုလိုက်ပါတော့မယ်။

ချန်လီချီက ကးတံခါးကို မှီကာ အပြင်ဘက်က ရှုခင်းတွေကို ငေးကြည့်နေသည်။ ခဏကြာတော့ သူမ အနည်းငယ် စိတ်မတင်မကျဖြစ်စွာ မေးလိုက်၏။ “ ဦးလေး လမ်းမှားလာတာလား။ ဦးလေး အခု သွားနေတဲ့ လမ်းက အစ်မဝမ် သွားနေကျ လမ်းနဲ့ မတူဘူး။ ” အပြင်ဘက်က အဆောက်အအုံတွေပေါ်မှာ ရေးထားတဲ့ စာလုံး တော်တော်များများကို သူမ မမှတ်မိ။

“ ဒါက ဖြတ်လမ်းပါလို့ ဦးလေး နင့်ကို ပြောပြီးပြီလေ။ ဒါက နင် အရင်တုန်းက မသွားဖူးတဲ့ လမ်းပဲ။ နင် ဘာလို့ ဦးလေးကို အဲ့လောက် မယုံသင်္ကာဖြစ်နေတာလဲ။ ”

ချန်လီချီက ဘာမှ ပြန်မဖြေဘဲ ထရယ်သည်။ သူမရဲ့ အမူအရာက အကုန် ဖော်ပြသွား၏။

ချန်ကျင်းချွမ်သည် သူမလေးရဲ့ ရယ်သံကို ကြားချိန်မှ ပါးစပ်ထဲက သောက်လက်စ အအေးကို ထွေးထုတ်မိတော့မလို ဖြစ်သွားသည်။ အဲ့ဒါက သူ့တူမလေးရဲ့ နှလုံးသားထဲမှာ သူ့ကို ပေးထားတဲ့ နေရာ ဖြစ်သည်။

ချန်လီချီက ဒေါသထွက်သွားသော ဦးလေးဖြစ်သူကို ကြည့်ကာ ပြန်ချော့ဖို့ လုပ်နေစဉ်မှာပဲ အပြင်ဘက်က အဆောက်အအုံ အမြင့်ကြီး တစ်ခုဆီ အကြည့်ရောက်သွားမိသည်။ သူမ စိတ်လှုပ်ရှားစွာ မေးလိုက်၏။ “ အဲ့ဒါ ရှောက်ကော်ပိုရေးရှင်းလား ဦးလေး။ ”

ချန်ကျင်းချွမ်က ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ “ အိုး ၊ နင့်ကို မူကြိုထားတာက အလကား ဖြစ်မသွားဘူးပဲ။ နင် စကားလုံး နည်းနည်းပါးပါးတော့ မှတ်မိနေပြီကိုး။ ဟုတ်တယ် ၊ အဲ့ဒါ ရှောက်ကော်ပိုရေးရှင်းပဲ။ ”

ချန်လီချီက‌တော့ “ ရှောက်ကော်ပိုရေးရှင်း ” လို့ ပြောချိန်မှာ မနှစ်မြို့သလို ပြောင်းလဲသွားတဲ့ ဦးလေးဖြစ်သူရဲ့ အသံကို သတိမပြုမိလိုက်။

လည်ဆန့်၍ လှည့်ကြည့်ရင်း ပြောလိုက်သည်။ “ ဒီကုမ္ပဏီက အရမ်း ကြီးတဲ့ ပုံပဲနော် ဦးလေး။ ထိပ်ဆုံး အထပ်ကိုတောင် မမြင်ရဘူး။ တိမ်တွေထဲအထိ ရောက်သွားတယ်လို့တောင် ထင်ရတယ်။ ”

ချန်ကျင်းချွမ်က နှာခေါင်းရှုံ့လိုက်သည်။ “ နင် ဘယ်လိုလုပ် အဲ့လို ခံစားရတာတုံး။ ငါတို့မိသားစုရဲ့ ဆောက်အအုံက အဲ့ကုမ္ပဏီ အစုတ်အပြတ်ထက် အထပ်တွေ အများကြီး ပိုမြက့်တယ် ၊ အနည်းဆုံးတော့ ဆယ်ဆလောက် ပိုခမ်းနားတယ်။ လီချီလေး .. နင် ရှောက်မျိုးနွယ်တွေရဲ့ အောင်မြင်ဖို့ကို ဆုတောင်းပြီး ငါတို့မိသားစုကို သိက္ခာကျအောင် လုပ်လို့ မရဘူးနော်။ ”

ချန်လီချီကတော့ သူမရဲ့ ဦးလေးဆီမှာ အာရုံမရောက်ပါ။ “ ဒီလမ်းနာမည်က ဘာလဲဟင် ဦးလေး။ ”

ကလေးမလေးရဲ့ ပုံမှန် မဟုတ်တဲ့ မေးခွန်းတွေနှင့် ကျင့်သားရနေတာ ကြာပြီ ဖြစ်သော ချန်ကျင်းချွမ်က ပြန်ဖြေပေးလိုက်သည်။ “ ချွင်းဟွေ့လမ်း။ ”

“ အစ်မဝမ်ကိုရော နောက်ပိုင်းကျ သမီးကို ဒီလမ်းကနေ ကျောင်းပို့ပေးဖို့ တောင်းဆိုလို့ ရလား။ ”

“ ဘာလဲ။ နင့်ဦးလေး သွားတဲ့ လမ်းက အစ်မဝမ် သွားတဲ့ လမ်းထက် အများကြီး ပိုမြန်တာကို သဘောပေါက်သွားလို့လား။ ”

ချန်လီချီက သူမရဲ့ ဦးလေးကို ဘယ်လို မြှောက်ပင့်ရမလဲ ဆိုတာ သိသည်။ “ ဟုတ်တယ်။ ဦးလေးက အကောင်းဆုံးပဲ။ ”

နှစ်လမ်းသွား လမ်းမကြီးမှာ ကာရံထားသော တန်းလေးရဲ့ တစ်ဖက်မှာ အနက်ရောင်ကား တစ်စင်းက မျက်နှာချင်းဆိုင်ကနေ မောင်းလာကာ ရှောက်ကော်ပိုရေးရှင်း ခြံဝန်းထဲကို မောင်းဝင်သွားသည်။

ရှောက်ချန်းကျယ်က ရှန်းစီဝမ်နှင့် ဖုန်းပြောနေတာ ဖြစ်သည်။ “ နင် ငါ့ဆီကနေ ပုန်းရင် ပုန်းလို့ ရမယ် ၊ ငါ ဖုန်းဆက်တာကို မကိုင်ဘဲ နေရင် နေလို့ ရမယ်။ ငါလည်း နင့်ကြောင့် စိတ်အရှုပ်ခံဖို့ မအားငေးဘူး။ ဒါပေမဲ့ နင့်ကို အမေ လာရှာတဲ့ အချိန်ကျရင်တော့ ကိုယ့်ဘာသာ တစ်ယောက်တည်း ဖြေရှင်းရလိမ့်မယ်။ ငါ့ကို အကူအညီ လာမတောင်းနဲ့။ ”

“ ဘာ။ အမေက လာနေပြီလား။ ”

သူမရဲ့ အသံ စူးစူးကြောင့်‌ ရှောက်ချန်းကျယ်ရဲ့ နားထဲမှာ အူသွား၍ ဖုန်းချပစ်လိုက်ချင်သော်လည်း မေးချင်တာတွေ ရှိနေသေး၍ ‌အောင့်အီး သည်းခံနေရသည်။

“ နင့်မှာ ရုတ်တရက်ကြီး သား တစ်ယောက် ရှိလာတာလေ။ သူက အိမ်မှာ စိတ်အေးလက်အေး ထိုင်နေနိုင်မယ်လို့ ထင်နေတာလား။ ”

ရှန်းစီဝမ်က အားခနဲ အော်လိုက်သည်။

ရှန်းချူချီက သူ့အမေရဲ့ လက်မောင်းကို ဖက်လိုက်သည်။ “ ဘာဖြစ်လို့လဲဟင် မေမေ။ မေမေ တစ်နေရာရာမှာ နေထိုင်မကောင်း ဖြစ်လို့လား။ ”

ရှန်းစီဝမ်ရဲ့ အသံက ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ သားဖြစ်သူရဲ့ ဆံပင်တိုလေးတွေကို လက်ဖြင့် ပွတ်သပ်လိုက်၏။ * မေမေ အဆင်ပြေပါတယ်။ သားအဘွား လာနေပြီ ဆိုလို့ မေမေ စိတ်လှုပ်ရှားသွားတာရယ်။ ”

ရှန်းချူချီက ထခုန်လိုက်သည်။ “ အဘွား လာနေပြီတဲ့လား။ ဒီကို ဘယ်တော့ ရောက်မှာလဲဟင် မေမေ။ သားတို့ အဘွားကို သွားကြိုလို့ ရလား။ ”

ရှောက်ချန်းကျယ်က ရှန်းချူချီရဲ့ အသံကို ကြားလျှင် ရှန်းစီဝမ်ကို မေးလိုက်သည်။ “ ငါ နင့်သားနဲ့ စကားပြောလို့ ရမလား။ ”

“ နင် ဘာပြောချင်လို့လဲ။ ” ရှန်းစီဝမ်က စိုးရိမ်သွားသည်။

“ ငါ့သားဆီက ဘာမှ သတင်းနှိုက်ဖို့ ကြိုးစားမနေနဲ့။ သူက သူ့အဖေ ဘယ်သူလဲ ဆိုတာ နင့်ကို ပြောပြမှာ မဟုတ်ဘူး။ ”

ရှောက်ချန်းကျယ်က စိတ်မရှည် ဖြစ်လာသည်။ “ သူ့အဖေ ဘယ်သူလဲ ဆိုတာ ငါ ဂရုမစိုက်ပါဘူး။ သူက ချန်လီချီနဲ့ ရင်းနှီးတယ်။ ငါ့မှာ သူ့ကို မေးစရာ ရှိလို့။ ”

“ အိုး ၊ လီချီလေးအကြောင်းလား။ နင် ဘာမေးချင်လို့လဲ။ ငါ့ကို ပြောလေ ၊ ငါ တစ်ဆင့် ပြန်မေးပေးမယ်။ ” ရှန်းစီဝမ်က ဒီအတင်းအဖျင်းကို လက်လွတ်မခံချင်ပေ။

“ ချန်လီချီရဲ့ မွေးနေ့က ဘယ်တော့လဲ ဆိုတာ နင့်သား သိလား။ ”

ရှန်းစီဝမ် ပျော်သွားသည်။ ဘာပဲပြောပြော ဘော့စ်ရှောက်က အရမ်း ဒုံးဝေးတာတော့ မဟုတ်ဘူးပဲ ၊ အခြေအနေကို အမြန် နားလည်နိုင်သည်။ သူ သတိထားမိသွားတာ ကောင်းသည်။ ဒါဆို မွေးစားအမေ ရောက်လာတဲ့အခါ သူမတို့ နှစ်ယောက် ငြင်းခုံနေစရာ မလိုဝောာ့။

ရှန်းစီဝမ်က ရှန်းချူချီကို မေးလိုက်သည်။ “ လီချီလေးရဲ့ မွေးနေ့က ဘယ်တော့လဲ ဆိုတာ သား သိလား။ ”

“ သိတယ်။ သားမွေးနေ့က နှစ်သစ်ရဲ့ ( ၇ ) ရက်နေ့လေ။ လီချီလေးက သားထက် နှစ်ဝက် ငယ်တယ်။ နှစ်သစ်ရဲ့ ( ၅ ) လပိုင်း ( ၇ ) ရက်နေ့က သူမရဲ့ မွေးနေ့ပဲ။ ”

ရှန်းစီဝမ်ရဲ့ အသံထဲမှာ သိုဝှက်ထားသော စိတ်လှုပ်ရှားမှုတွေ ပါဝင်နေသည်။ သူမ ဖုန်းတစ်ဖက်က လူကို မေးလိုက်၏။ “ နင် ကြားလား။ လီချီလေးရဲ့ မွေးနေ့က ( ၅ ) လပိုင်း ၊ ( ၇ ) ရက်နေ့တဲ့။ သူမက ဒီနှစ်ထဲမှာ ခြောက်နှစ် ပြည့်ထားတယ်။ ”

သူမက သူ့တုံ့ပြန်မှုကို မျှော်လင့်ချက်ကြီးစွာ စောင့်ဆိုင်းနေမိသည်။ ပုံမှန်ဆို ရုပ်တည်ကြီးနဲ့ တည်တင်းနေတတ်တဲ့ လူက ဒီလို ထိတ်လန့်စရာ သတင်းကို ကြားရင် ဟန်ပျက်သွားမှာလား။

“ အိုး ၊ ငါ သိပြီ။ နင့်အမေက မနက်ဖြန် ရောက်လိမ့်မယ်။ သူမကို သွားကြိုဖို့ အဆင်သင့် ပြင်ထားလိုက်။ ငါက အဲ့နေ့ကျ အလုပ်ကိစ္စနဲ့ ခရီးတို တစ်ခု ထွက်နေရမှာ။ ”

ရှန်းစီဝမ် အတော်လေး ဆွံ့အသွားမိသည်။ ဒါပဲလား။ ဘာမှလည်း အံ့ဩသွားတဲ့ပုံမပေါ်ပါလား။ သူ့ရဲ့ အလိုလို တုံ့ပြန်နိုင်စွမ်းက သူ့မှာ သမီး တစ်ယောက် ရှိရင် ရှိနေနိုင်တယ် ဆိုတဲ့ ကိစ္စကို တုံ့ပြန်ဖို့ အကြာကြီး အချိန်ယူရတယ်လား။

ခုန်ယိချန်းသည် ကားထဲကနေ ထွက်လာရုံရှိသေး ၊ ကားပါကင်ထဲကို ဝင်လာတဲ့ သူ့ဘော့စ်ရဲ့ ကားကို မြင်လိုက်ရလေသည်။ တိုက်ဆိုင်ချင်တော့ သူမမှာလည်း ဘော့စ်နှင့် ဆွေးနွေးစရာ ကိစ္စ တစ်ခု ရှိနေ၍ ရပ်စောင့်နေလိုက်၏။ သို့သော် ခဏလောက် စောင့်ပြီးချိန်ထိ ဘော့စ်က ကားထဲကနေ ထွက်မလာသေးပါ။ ခုန်ယိချန်းက သူမရဲ့ လက်ပတ်နာရီကို တစ်ချက် ငုံ့ကြည့်ပြီးနောက် ဒရိုင်ဘာ စွင်းပိုင်ကို ပြန်ကြည့်လိုက်သည်။ ဒီပုံအတိုင်းဆို သူမ အစည်းအဝေး နောက်ကျသွားလိမ့်မည်။ စွင်းပိုင်က ဘော့စ် ကားထဲမှာ ဘာလုပ်နေတာလဲ ဆိုတာကို သူလည်း မသိဘူး ဟူသော သဘောဖြင့် လက်ခါပြသည်။ သူ ကားပေါ်ကနေ ဆင်းလာချိန်ထိ ဘော့စ်ကတော့ ကားထဲမှာ ငူငူငိုင်ငိုင်ကြီး ကျန်ရစ်ခဲ့သည်။

ရှောက်ချန်းကျယ်က သူ့ဖုန်း ဖန်သားပြင်ကို ပွတ်သပ်နေရင်း သူ့အတွေးတွေက လုံးဝ ရယ်ချင်စရာကောင်းနေတာကို သတိပြုမိသွားသည်။

( ၅ ) လပိုင်း ၊ ( ၇ ) ရက်နေ့မှာ မွေးတဲ့ ခြောက်နှစ်အရွယ် ကလေးမလေးတဲ့လား။ ချန်ကျင်းလန် ကိုယ်ဝန်စရှိချိန်မှာ သူနှင့် ဝေးကွာနေတာ နှစ်ဝက်ကျော်ပြီ ဖြစ်သည်။ ဘယ်လိုပဲတွေးတွေး ၊ ချန်လီချီက သူ့သမီး ဖြစ်နိုင်စရာ အကြောင်း မရှိ။ ပြီးတော့ သူ ဝန်ခံချင်သည်ဖြစ်စေ ၊ မဝန်ခံချင်သည်ဖြစ်စေ .. ဝန်ခံရမယ့် ကိစ္စ တစ်ခုကတော့ သူမအတွက် သူဟာ အပျင်းပြေ ကစားစရာ တစ်ခုထက် မပိုဘူး ဆိုတာပါပဲ။ သူမက ဘယိလိုလုပ် သူ့ရင်သွေးကို လွယ်ချင်မှာတဲ့လဲ။ သူမ စိတ်ပူနေတယ်လို့ ထင်တာကလည်း သူ့ဘာသာသူ လျှောက်ထင်နေတာပဲ ဖြစ်နိုင်သည်။ ပြောရရင် သူမကို သူ ကောင်းကောင်း နားမလည်ပါ။ သူမကို နားလည်လှပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်ထားခြင်းကလည်း ထင်ယောင်ထင်မှားဖြစ်နေခြင်းသာ။

ရှောက်ချန်းကျယ်က သူ့ဝတ်စုံကို ကြယ်သီးတပ်ကာ ကားထဲကနေ ထွက်ခဲ့လိုက်သည်။ ခုန်ယိချန်းက သူ့ဘော့စ် ထွကိလာတာကို မြင်တော့ ချက်ချင်းပဲ သူ့ဆီ ပြေးသွားလိုက်သည်။ “ ဥက္က‌ဌရှောက် .. နန်ချန်းက ဟိုမြေကွက်လေ။ လူကြီးမင်းရှောက်က ဒီ‌မနက် စောစော ဖုန်းဆက်ပြီး ဥက္ကဌရှောက်ကို သူ့ဆီ အမြန်ဆုံး ဖုန်းပြန်ဆက်ခိုင်းလိုက်ပါလို့ ပြောသွားတယ်။ ”

ခုန်ယိချန်းက “ ဖုန်းပြန်ဆက်ခိုင်းလိုက်ပါ ” ဟူသော စကားနှင့် “ အမြန်ဆုံး ” ဟူသော စကားကို အလေးပေး ပြောရန် ကိုယ့်စိတ်ကိုယ် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ လူကြီးမင်းရှောက်ကို သူမ ဖုန်းပြန်မဆက်ရဲပါ။ အဲ့ဒါဆို လူကြီးမင်းရှောက်က ဥက္ကဌရှောက်ကို သူမဆီကနေ တစ်ဆင့်သာ ဆက်သွယ်တော့မှာ ဖြစ်ပြီး သူမကပဲ စိတ်ဒုက္ခရောက်ရလိမ့်မည်။

“ နားလည်ပြီ။ ” ရှောက်ချန်းကျယ်က သူ့ဖုန်းကို ထုတ်ပြီး အဘိုးကြီးကို ဖုန်းဆက်လိုက်သည်။

အယ် … ၊ ခုန်ယိချန်းသည် “ အမြန်ဆုံး ” လို့ ပြောလိုက်ပေမဲ့ ဘော့စ်ကို ဒီလောက် ချက်ချင်းကြီး ဖုန်းဆက်လိမ့်မည်ဟု ထင်ထားခဲ့။ သူမ အမြန် ဖုန်းထုတ်ပြီး အုပ်ချုပ်ရေးဌာနကို သတိထားဖို့ မက်ဆေ့ခ်ျပို့၍ သတိပေးလိုက်လေသည်။ သခင်ကြီးရှောက်ကို ချက်ချင်းလက်ငင်း ဖုန်းပြန်ဆက်တဲ့ ဘော့စ်ပုံစံကို ကြည့်လျှင် သူ ဒီနေ့ ဘယ်လောက်တောင် စိတ်မကြည်လင်နေလဲ ဆိုတာ သိနိုင်သည်။

ချန်ကျင်းလန်သည် ဒီနေ့ အတော် ခေါင်းကိုက်နေရသည်။ ချန်လီချီနှင့် သူမ ဆွေးနွေးဖို့ လိုသော ကိစ္စ တချို့ ရှိသော်လည်း ဘယ်လို ပြောရမလဲ ဆိုတာကို အဖြေမရှာနိုင်သေးပေ။ အရွယ်ရောက်ပြီးသား လူကြီးတွေရဲ့ ဘဝက ရှုပ်ထွေးလွန်းပေမဲ့ ကလေး တစ်ယောက်ရဲ့ ခံစားချက်တွေကတော့ သန့်စင်လွန်းသည်။ လူကြီးတွေရဲ့ ပြဿနာတွေကြောင့် ချန်လီချီကို ဘယ်လိုနည်းနှင့်မဆို မနာကျင်စေချင်ပါ။

ထိုခဏမှာ ကျန်းကျန်းက ဖုန်းဆက်လာသောကြောင့် ကျန်းကျန်း ဒီနေ့ အိမ်ကို လာဖို့ ရှိတယ် ဆိုတာကို ချန်ကျင်းလန် ဖျတ်ခနဲ သတိရသွားသည်။ သူမ မေ့သွားတော့မလို့ပင်။ ချန်ကျွင်းချွမ်ကို ဒီည ဘာအစီအစဉ်တွေ ရှိလဲဟု အလျင်အမြန် သွားမေးကြည့်လိုက်တော့ သူ ဒီည သူငယ်ချင်းတွေနှင့် အရက်သောက်မှာမို့ အိမ်မှာ ညစာ ပြန်မစားဘူး ဆိုတာကို သိလိုက်ရတော့မှ စိတ်အေးသွားမိသည်။ ကျန်းကျန်းလည်း သူ့ကို တွေ့ချင်မှာ မဟုတ်ပါ။

သို့သော် သူမ ကျန်းကျန်းကို အိမ်ခေါ်လာပြီး ချန်လီချီကို ကျောင်းသွားကြိုလာခဲ့ချိန်မှာတော့ အိမ်မှာ ချန်ကျင်းချွမ်သာမက ရှစ်ရပ်ပါ ရှိနေ၏။ အေးခဲ‌သွားသော လေထုထဲမှာ အနေရခက်မှုတွေ ပြည့်နှက်ပျော်ဝင်နေသည်။

ကျန်းကျန်းနှင့် ရှစ်ရမ်က ပုံမှန်ပဲ ဖြစ်သော်လည်း ပုံမှန် မဟုတ်သူက ချန်ကျင်းချွမ် ဖြစ်ပါသည်။

***

All Chapters