← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အပိုင်း ( ၄၁ )

ဒီတစ်ခေါက်တော့ နူးညံ့မှု အရိပ်အယောင်လေးတောင် ပါမနေခဲ့။ သူ့လျှာက သူမရဲ့ ခပ်တင်းတင်း စေ့ပိတ်ထားသော နှုတ်ခမ်းတွေကို ချက်ချင်းပဲ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ချန်ကျင်းလန်က အံကြိတ်ထားသောကြောင့် သူက သူမရဲ့ လျှာကိုတော့ ဖမ်းလို့ မရဘဲ နှုတ်ခမ်း အတွင်းသားတွေကိုသာ စုပ်ယူနမ်းရှိုက်နေခဲ့သည်။

သူမရဲ့ နားထဲမှာ လေတွေ အူထွက်သွားကာ စားသောက်ဆိုင်ထဲက ဝေါခနဲ လျှံထွက်လာသည့် ရယ်သံတွေနှင့်အတူ လမ်းပေါ်က ကားဟွန်းသံတွေကိုပါ ကြားလိုက်ရသည်။ ထိုဆူညံသံတွေ အားလုံးထဲမှာ ယစ်မူးစေသော အာရုံထွေပြားမှုက ဆူညံသံတွေ ကျယ်လောင်လာသည်နှင့်အမျှ ပိုလို့ ထင်ရှားလာခဲ့လေသည်။

ရှောက်ချန်းကျယ်က သူမနှုတ်ခမ်းကို လွှတ်ပေးလိုက်ချိန်မှာ သူ့အသံက တိုးလျနေရာမှ ခြောက်သွေ့အက်ကွဲသော အသံအဖြစ် ပြောင်းလဲသွား၏။ “ ဘာမှ မခံစားရသေးဘူးလား။ ”

ချန်ကျင်းလန်က မျက်နှာလွှဲရင်း အနည်းငယ် မောဟိုက်နေသော အသံဖြင့် “ ဘာမှ မခံစားရဘူး။ ” ဟု ပြောလိုက်သည်။

သူမ ပြောလိုက်သည့် အခိုက်အတန့်မှာပဲ ရှောက်ချန်းကျယ်က သူမရဲ့ မေးစေ့ကို ဆွဲမော့ကာ နှုတ်ခမ်းတွေရော ၊ လျှာကိုရော သုံး၍ သူမရဲ့ ပါးစပ်ထဲ ဝင်ရောက်လာခဲ့သည်။ သူမ လျှာကို ဖုံးကွယ်ထားတဲ့နေရာတိုင်း သူ့လျှာက လိုက်လာကာ ကြောင်က ကြွက်ကို ဆော့သလိုမျိုး ဆော့နေခဲ့သည်။

ရှောက်ချန်းကျယ်က သူမရဲ့ လျှာဖျားလေးကို သူ့လျှာနှင့် ပွတ်သပ်ရင်း ဗလုံးဗထွေး ပြောလိုက်သည်။ “ ကိုယ့်ကို သဘောမကျဘူးလား။ ”

‌ချန်ကျင်းလန် ခပ်အက်အက် ရယ်မောလိုက်သည်။ “ သဘောမကျဘူး။ ”

ချန်ကျင်းလန်သည် သူ့ပခုံးကို မှီရင်း အသက်လုရှူနေရကာ တဒိန်းဒိန်း ခုန်နေတဲ့ နှလုံးခုန်သံတွေကို တည်ငြိမ်အောင် လုပ်နေခဲ့ရသည်။ သူမမှာ သူ့ကို ရုန်းကန်ဖို့ အင်အား မရှိတော့ပေ။

ရှောက်ချန်းကျယ်က သူမရဲ့ နားရွက်နောက်မှာ ပြေလျော့ကျနေသော ဆံနွယ်စလေးတွေကို ပွတ်သပ်ရင်း နား,နား ကပ်၍ တိုးလျစွာ ပြောလိုက်သည်။ “ မင်း ငါ့ကို အခု မုန်းလေ ၊ မင်းနှလုံးသားထဲမှာ ငါ့ကို လက်မလွှတ်မနိုင်ဘူး ဆိုတာကို ဖော်ပြလေပဲ ဆိုတာ မင်း ဝန်ခံရမယ်။ မင်းကတော့ မင်းမှာ ငါ့အတွက် ဘာခံစားချက်မှ မရှိဘူးလို့ ပြောနေပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ကတော့ ငါ့အတွက် ခံစားချက်တွေ အများကြီး ရှိနေတယ်။ ”

ရှောက်ချန်းကျယ်က သူမမျက်နှာလေးကို လက် နှစ်ဖက်ဖြင့် ကိုင်၍ သူ့ကို အတင်း ကြည့်ခိုင်းလိုက်သည်။ “ ကိုယ် တကယ် လေးလေးနက်နက် ပြောနေတာပါ။ ကိုယ် လိုချင်တဲ့ အရာကို ကိုယ် သိတယ် ကျင်းလန်။ လုံးဝ ရှေ့မတိုးသာတဲ့ အခြေအနေ ဆိုရင်တောင် ကိုယ်တို့မိသားစုကြားက ပြဿနာကို ကိုယ် ဖြေရှင်းသွားပါ့မယ် ၊ ဖြေရှင်းဖို့ နည်းလမ်းတွေလည်း အမြဲတမ်း ရှိနေမှာပါ။ ကိုယ်တို့ကိစ္စအတွက် ဆိုရင်တော့ ကိုယ် ဘာအခွင့်အရေးမှ မတောင်းဆိုပါဘူး။ ကိုယ့်ရဲ့ ကျန်ရှိနေတဲ့ ဘဝ တစ်လျှောက်လုံးကို မင်းဆီမှာပဲ မြုပ်နှံထားချင်တာ။ မင်း အလိုရှိတဲ့ အချိန်တိုင်း အဆင်သင့်ရှိနေပေးမယ် ၊ မင်း လိုချင်တာမှန်သမျှ လုပ်ပေးသွားမယ်။ မင်း ကိုယ့်ကို မလိုအပ်ရင်တော့ ကိုယ် မင်းရှေ့မှာ အရိပ်လေးတောင် ပေါ်မလာဘဲနဲ့ အဝေးကို ထွက်သွားပါ့မယ်။ ”

နှစ်ပေါင်းများစွာ လက်လွှတ်ဆုံးရှုံးခံခဲ့ရပြီး‌နောက်မှာ အလင်းပျပျလေး တစ်စကို မြင်လျှင်တောင်မှ သူ ဘယ်တော့မှ လက်လွှတ်ခံတော့မှာ မဟုတ်ပါ။

ချန်ကျင်းလန် : ……

သူမလည်း ကိုယ့်ကိုယ်ကိုယ် မူးရီနေသလို ၊ အိပ်မက်,မက်နေသလို ခံစားရပါသည်။ သူမ ဘာကြားလိုက်ရတာပါလိမ့် …။

ချန်ကျင်းလန်က သူ့ရဲ့ မျက်ဝန်းနက်နက်တွေကို စိုက်ကြည့်ပြီး တိုးလျစွာ ပြောလိုက်သည်။ “ ရှင် ကျွန်မကို အမြဲတမ်း နမ်းချင်လား။ ”

ထိုစကားက နှစ်ယောက်လုံးကို အံ့အားသင့်သွားစေသည်။

ချန်ကျင်းလန်လည်း သူမနှုတ်က ထွက်လာတဲ့ စကားတွေကြောင့် ကိုယ့်ဘာသာ ပြန်ထိတ်လန့်သွားမိလေသည်။ ကြည့်ရတာ သူမ တကယ် မူးနေပြီ ထင်တယ်။

ရှောက်ချန်းကျယ်က မျက်ခုံးပင့်လိုက်သလို သူ့မျက်လုံးထဲမှာ မမြင်နိုင်တဲ့ အပြုံးရိပ် တစ်ခု ယှက်သန်းသွားသည်။ သူမမျက်နှာကို လက် နှစ်ဖက်ဖြင့် ကိုင်ကာ ဆွဲမော့လိုက်၏။ သူ့ရဲ့ ကြမ်းရှရှ အသံထဲမှာ စိတ်ကျေနပ်မှုနှင့် ဝမ်းသာမှုတို့ ရောယှက် ပါဝင်နေသည်။ “ မင်း သိချင်နေတာလား။ ”

ဟိုးအဝေး ကောင်းကင်မှာ လှပသော မီးရှူးမီးပန်းတွေ ဝဲဖြာတောက်ပ၍ လင်းလက်နေကာ လမ်းပေါ်က ဖြတ်သွားဖြတ်လာတွေ အကုန်လုံး ထိုမီးရှူးမီးပန်းတွေကို ရပ်တန့်ကြည့်ရှုခဲ့ကြသည်။ စားသောက်ဆိုင်ထဲက လူတွေကလည်း ညရဲ့ တောက်ပသော အလှကို ရိုက်ယူချင်၍ ဖုန်းတွေကို ကိုင်လျက် ခေါင်မိုးထပ်ကို တက်လာခဲ့ကြသည်။

ချန်ကျင်းလန်က သူ့ကို အားနှင့် တွန်းဖယ်လိုက်သည်။ ရှောက်ချန်းကျယ်က သူမရဲ့ အားကြောင့် နောက်ကို ခြေ နှစ်လှမ်း ဆုတ်သွားရသည်။ သူ့ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘဲ ခြေလှမ်းကျဲများဖြင့် ထွက်ခွာသွားတဲ့ သူမကို သူ မတားဆီးဖြစ်ပါ။ သူတို့ နှစ်ယောက် ပြန်တွေ့ချိန်ကတည်းက သူမက သူ့ကို အမြဲတမ်း ရှောင်ထွက်သွားတတ်ပေမဲ့ ဒီတစ်ခေါက်တော့ မသိမသာ ပြုံးရီနေသော နှုတ်ခမ်းများဖြင့် ထွက်ခွာသွားတာ ဖြစ်ပါသည်။

သီးသန့်အခန်းထဲကို ပြန်ရောက်တော့ ချန်ကျင်းလန်က ကျိုးအန်းကို နှုတ်ဆက်လိုက်သည်။ သူမ အိမ် စောစော ပြန်ပြီး သမီးလေးကို ချော့သိပ်ချင်သည်။ သူမ ပြန်တော့မည် ဆိုတော့ ကျိုးအန်းကလည်း သူမနှင့် လိုက်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

ဘော့စ် ရှိနေသောကြောင့် ဝန်ထမ်းများသည် စိတ်လက်ပေါ့ပါးနေချိန်မှာတောင် ဘာ့ကြောင့်ရယ်မသိ အနေရခက်နေခဲ့ကြသည်။

ရှောက်ချန်းကျယ်က တံခါးကို တွန်းဖွင့်ပြီး ဝင်ခဲ့လိုက်သည်။ သူ့ကို မြင်တော့ ကျိုးအန်းရဲ့ မျက်နှာပေါ်မှာ မကျေနပ်သလို အငွေ့အသက်တွေ ဖုံးလွှမ်းသွားခဲ့သည်။ “ မြင်လား ၊ မင်း ဒီအချိန်မှ ရောက်လာတယ်။ ငါတို့ ပြန်ခါနီးကျမှ‌ ရောက်လာရတယ်လို့။ ”

ရယ်လိုက်သဖြင့် ရှောက်ချန်းကျယ်ရဲ့ မျက်ဝန်းထောင့်တွေ တွန့်ကွေးသွားသည်။ “ ကျွန်တော့်အတွက်တော့ ဒီဝိုင်းကို ငွေရှင်းပေးဖို့ အချိန် ကွက်တိပါပဲဗျာ။ ”

ကျိုးအန်းက သူ့ကို သံသယအကြည့်ဖြင့် ကြည့်ပြီးမှ နောက်တစ်ခေါက် ပြန်ကြည့်လိုက်သည်။ ရှောက်ချန်းကျယ်မှာ ပျော်ရွှင်နေတဲ့ မျက်နှာ အမူအရာမျိုး ရှိနေတာ ရှားသည်။ အခုတော့ ရှောက်ချန်းကျယ်က နွားနို့ ခိုးသောက်ထားတဲ့ ကြောင် တစ်ကောင်လိုမျိုး မသမာတဲ့ ကိစ္စ တစ်ခုကို သေချာပေါက် လုပ်ခဲ့ပုံဖြင့် စပ်ဖြဲဖြဲ ဖြစ်နေ၏။

“ အင်း ၊ မင်း ပိုက်ဆံရှင်းဖို့လောက်နဲ့တော့ မရဘူး။ ဒီလောက် နောက်ကျမှ ရောက်လာတာ ဆိုတော့ မင်း အပြစ်ဒဏ်ခံ‌တဲ့အနေနဲ့ အရက်သောက်မလား ၊ ဒါမှမဟုတ် ငါတို့ သုံးဝိုင်းတိတိ စားတာကို ပိုက်ဆံရှင်းပေးမလား။ ”

“ ကျွန်တော် ဒီနေ့တော့ တကယ် သောက်လို့ မရလို့ပါ။ ကျွန်တော် အရင် နှစ်ရက် ၊ သုံးရက်တုန်းက အစာအိမ်မကောင်းလို့ ဆေးခန်းပြထားရတာ။ ဒီနေ့ သောက်လိုက်ရင် ဘော့စ်ကျိုး ကျွန်တော့်အတွက် ဆေးရုံကား ခေါ်ပေးရလိမ့်မယ်။ နောက်တစ်ခေါက် အခွင့်အရေး ရတော့မှ ကျွန်တော် သောက်ပါ့မယ်။ ”

ကျိုးအန်းသည် တစ်ချက် ကြည့်လိုက်ရုံဖြင့် အဲ့ကောင် လိမ်ပြောနေမှန်း သိသော်လည်း ဘာမှ ဆက်ပြောမနေတော့ပေ။ “ အေးပါ အေးပါ။ အစာအိမ်မကောင်းတာက ပေါ့သေးသေး မဟုတ်ဘူး။ သောက်လို့ မရ‌ဘူး ဆိုတော့လည်း မသောက်နဲ့ပေါ့။ ဒါပေမဲ့ ဒီနေ့ သုံးဝိုင်းစာကိုတော့ မင်းပဲ ဒကာခံရမှာနော်။ ”

ရှောက်ချန်းကျယ်က အပြုံးယဲ့ယဲ့ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ “ စိတ်ချပါဗျာ ၊ ဒီည ကုန်ကျစရိတ်တွေ အကုန်လုံးကို ကျွန်တော့်စာရင်းထဲ ထည့်လိုက်ပါ။ ”

ဝန်ထမ်းတွေ အကုန်လုံး ဟေးခနဲ ပျော်ရွှင်စွာ အော်လိုက်ကြသည်။

ရှောက်ချန်းကျယ် ရောက်လာပြီမို့ ချန်ကျင်းလန်က ကျိုးအန်းနောက်မှာ တိတ်တိတ်လေး ကွယ်နေလိုက်သည်။ ကျိုးအန်းက အရပ်ရှည်ပြီး ပခုံးလည်း ကျယ်သောကြောင့် သူမအား ရှောက်ချန်းကျယ်ရဲ့ မြင်ကွင်းထဲကနေ လုံးဝ ကွယ်ပေးထားလေသည်။

ဝူထုံထုံက ဘော့စ်ကျိုးနောက်မှာ ပုန်းနေတဲ့ ဒုတိယ သခင်မလေးကို ကြည့်နေရင်း ပုံမှန်အားဖြင့် တည်ငြိမ်အေးစက်နေသော သူမရဲ့ အစ်မသည် မျက်နှာပေါ်က အံ့ဩဝမ်းသာမှု အရိပ်အယောင်တွေကို မဖုံးကွယ်နိုင်တော့ပေ။ သူမ ကောက်ချက်ချနိုင်သွားပါပြီ။

ဒုတိယ သခင်မလေးရဲ့ သိသိသာသာ နီရဲနေသော မျက်နှာ ဖြူဖြူလေးဟာ အရက်ကြောင့် နီနေတာ မဟုတ်တာတော့ သေချာ၏။ သူမနှုတ်ခမ်းတွေကလည်း နီရဲနေသော်လည်း နှုတ်ခမ်းနီကြောင့် နီနေတာ မဟုတ်ဘဲ သဘာဝအတိုင်း နီနေတာမျိုး ဖြစ်သည်။ ဘယ်သူ့လက်ချက်လဲ ဆိုတာ တွေးမိတော့ ဝူထုံထုံသည် အစ်မဖြစ်သူရဲ့ ပေါင်ကို လှမ်းရိုက်လိုက်သည်။ သူမအစ်မ ဘယ်အချိန်းကတည်းက ပါးစပ်က နားရွက်ကို တက်ချိတ်တော့မလို ပြုံးနေတာလဲ … ။ တစ်ခုတည်းသော ဖြစ်နိုင်ချေကတော့ အဲ့ကြောင်လေးကြောင့်ပါပဲ။

ရှောက်ချန်းကျယ်က ဘေလ်ရှင်းဖို့သာ ရောက်လာပုံပေါ်ပြီး အကြာကြီး မနေတာကို မြင်တော့ စကား နည်းနည်းပါးပါး ပြောခြင်းကပင် လူတိုင်းကို စိတ်အေးသွားစေကာ တစ်ညလုံး ကောင်းကောင်း စားနိုင် ၊ သောက်နိုင် သွားစေခဲ့၏။ ဘော့စ်ကျိုး ၊ မိန်းကလေးချန်တို့နှင့်အတူ ရှောက်ချန်းကျယ် ပြန်သွားသောအခါ လူတိုင်း အပျော်လွန်သွားကြသည်။ အလုပ်ရှင်တွေ အကုန်လုံး မရှိတော့တာနဲ့ ဒီညကတော့ တကယ့်ကို ပျော်ပွဲရွှင်ပွဲကြီးပဲ။

ဓာတ်လှေကားထဲမှာ လူ သုံးယောက်သာ ရှိသည်။ ကျိုးအန်းက အလယ်မှာ ၊ ချန်ကျင်းလန်က ဓာတ်လှေကားနံရံအနီး ဘယ်ဘက်မှာ ရပ်နေကာ ကားပိတ်နေ၍ ဒီကို မရောက်သေးကြောင့် စာပို့ထားတဲ့ ဒရိုင်ဘာရဲ့ မက်ဆေ့ခ်ျကို ဖတ်နေသည်။ ချန်ကျင်းလန်က ညစာစားပွဲကနေ သူမ ထွက်လာပြီလို့ မပြောဘဲ သူမ ဒီမှာ ခဏလောက် ရှိနေဦးမှာမို့ စိတ်မပူပါနဲ့ ဟူ၍သာ ပြောခဲ့သည်။

ကျိုးအန်က ရှောက်ချန်းကျယ်နှင့်အတူ လောင်ယွင် နှစ်ပတ်လည် ပွဲအခမ်းအနားအကြောင်း အစီအစဉ်တွေကို ဆွေးနွေးနေသည်။ ရှောင်ချန်းကျယ်က နားထောင်နေပြီး ရံဖန်ရံခါ စကား တစ်ခွန်း ၊ နှစ်ခွန်း ဝင်ပြောတာက လွဲလို့ မျက်လုံးတွေက တခြား နေရာကိုသာ ကြည့်နေလေသည်။

ကျိုးအန်းကလည်း အဲ့ဒါကို သတိထားမိပါသည်။ သူ့အကြည့်ထဲမှာ လှောင်ပြောင်ရိပ်တွေ ပြည့်နှက်နေသည်။ ဒီနေ့ ရှောက်ချန်းကျယ် ဘာလို့ မသောက်တာလဲ ဆိုတာ သိသော်လည်း သူ လူကြီးလူကောင်း ကိုယ်ရံတော် တစ်ယောက်လိုသာ သရုပ်ဆောင်ချင်သည်။ ဒီကိုယ်ရံတော်က အောင်မြင်မှာလား ၊ ဒါမှမဟုတ် ခွက်ခွက်လန်အောင် ရှုံးနိမ့်မှာလား ဆိုတာကိုတော့ ကျိုးအန်း မသိချေ။

“ နင့်ဒရိုင်ဘာ ရောက်ပြီလား ကျင်းလန်။ မရောက်သေးရင် ငါနဲ့ လိုက်ခဲ့။ ” ဟု ကျိုးအန်း ပြောလိုက်သည်။

ချန်ကျင်းလန်က သူမရဲ့ ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်၏။ “ ကျွန်မရဲ့ ဒရိုင်ဘာ ရောက်နေပါပြီ အစ်ကိုကျန်း။ အစ်ကို့ကို ဒုက္ခပေးဖို့ မလိုတော့ဘူး။ ”

ကျိုးအန်းက ရှောက်ချန်းကျယ်အား အကြံအစည်တွေကို လက်လျှော့ဖို့ လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်သည်။

ရှောက်ချန်းကျယ်ကတော့ ကျိုးအန်ရဲ့ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ ပန်းသွေးရောင် လွှမ်းသထက် လွှမ်းလာတဲ့ နားရွက်လေးကိုသာ တစိုက်မတ်မတ် ကြည့်နေမိသည်။

ချန်ကျင်းလန်ကလည်း သူ သူမကို ကြည့်နေမှန်း သိသည်။

စားသောက်ဆိုင်ထဲကနေ သူတို့ သုံးယောက် ထွက်လာခဲ့လိုက်ကြသည်။ ကျိုးအန်းရဲ့ ဒရိုင်ဘာကတော့ ဝင်ပေါက်မှာ ရပ်စောင့်နေပါပြီ။ သူက သူ့ကို အလိုမရှိတဲ့ ရှောက်ချန်းကျယ်ကို ဆက်ပြီး စနောက်မနေတော့ဘဲ ချန်ကျင်းလန်ကိုသာ လမ်းမှာ ဂရုစိုက်ဖို့နှင့် အိမ်ပြန်ရောက်ရင် သူ့ကို မက်ဆေ့ခ်ျပို့ဖို့ မှာလိုက်သည်။ ချန်ကျင်းလန်ကလည်း ခေါင်းညိတ်ပြသည်။

ကျိုးအန်းရဲ့ ကား ထွက်သွားတော့ ရှောက်ချန်းကျယ်က ဘယ်ဘက်ကို တိုးကာ သူ့နံဘေးမှာ ချထားတဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ သူ အဲ့လို လုပ်လိမ့်မည်ဟု မျှော်လင့်မထားတဲ့ ချန်ကျင်းလန်က အငိုက်မိသွား၏။ သူများတွေရှေ့မှာ လူကြည့်မခံချင်၍ တိတ်တိတ်လေး ရုန်းနေပေမဲ့ အားချင်း မမျှေသာကြောင့် နောက်ဆုံးမှာ သူမပဲ ကိုယ့်ဒေါသနှင့်ကိုယ် အသက်ရှူမဝ ဖြစ်ကာ လက်က ထောင်ချောက်မှာ ပိတ်မိနေလေသည်။

သူမ ငြိမ်သွားတာကို သတိထားမိသော ရှောက်ချန်းကျယ်က သူမရဲ့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်၍ လက်ချောင်းတွေကို အချင်းချင်း သွယ်ယှက်ထားလိုက်သည်။ သွယ်ယှက်နေသော လက်ချောင်းများကြားမှ အနွေးဓာတ်ဟာ နက်ရှိုင်းမွတ်သပ်တဲ့ အနမ်း တစ်ခုထက်ပင် ပိုလိုချင်စရာကောင်းပါသည်။ ရှောက်ချန်းကျယ်ရဲ့ ရှည်လျားသော လက်ချောင်းတွေက သူမရဲ့ နူးညံ့သော လက်တွေကို လက်ဖဝါးထဲမှာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။

ချန်ကျင်းလန်သည် လက်ရှိ အချိန်မှာ သူနှင့် အကြည့်ချင်း မဆုံရဲပါ။ အကြည့် တစ်ချက်ကပင် သူမပါးစပ်က ကိုယ်တိုင် မေးမိသွားတဲ့ မေးခွန်းကို အလိုအလျောက် ပြန်သတိရစေသည်။ သူ့စကားတွေကြောင့် အာရုံလွှဲသွားရတဲ့ သူမဟာ အသိစိတ်လွတ်သွားတာပဲ ဖြစ်ရမည်။

သူ မေးစေ့ကို စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။ “ ရှင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ”

အသံက တင်းမာဆဲ ဖြစ်သော်လည်း သူမအသံထဲမှာ တင်းမာမှု တချို့ လျော့သွားကာ သူမကိုယ်တိုင်တောင် သတိမထားမိသော နွေးထွေးမှု တချို့ ပါဝင်နေပြီ ဖြစ်သည်။

“ မင်းကို အိမ်လိုက်ပို့မလို့လေ။ မင်း သောက်ထားတယ်။ ”

“ ကျွန်မမှာ ဒရိုင်ဘာ ရှိတယ်။ ”

“ မင်းဒရိုင်ဘာက ဘယ်မှာလဲ။ သူ ဒီမှာ ရောက်နေပြီလို့ မင်းပဲ ပြောထားတာ မဟုတ်ဘူးလား။ ”

ချန်ကျင်းလန်က သူ့စကားကြောင့် ထောင်းခနဲ ဒေါသထွက်သွားလေသည်။ “ သူ သန့်စင်ခန်း ခဏ သွားနေတာ။ ပြန်ရောက်လာလိမ့်မယ်။ ”

“ သူ ပြန်ရောက်တဲ့အထိ ကိုယ် မင်းနဲ့ အတူတူ စောင့်ပေးမယ်။ ညဘက်ဆို လမ်းမှာ မလုံခြုံဘူး။ ”

သူကမှ သူမအတွက် ပိုမလုံခြုံတဲ့ အန္တရာယ် တစ်ခု ဖြစ်နေတာပါ။

“ ဒါဆို ကျေးဇူးပြုပြီး ကျွန်မလက်ကို လွှတ်ပေးလို့ ရမလား လူကြီးမင်းရှောက်။ ”

ချန်ကျင်းလန်က ပုံမှန် ခေါ်နေကျ အခေါ်အဝေါ်ကို ခေါ်၍ သူတို့ နှစ်ယောက်ကြားမှ စိမ်းသက်သော အကွာအဝေးကို ပြန်လည် ဖြစ်ပေါ်စေလိုက်သည်။

ရှောက်ချန်းကျယ်က သူမကို ကြည့်လိုက်၏။ “ မင်းဒရိုင်ဘာ ရောက်လာရင် ကိုယ် ပြန်မယ်။ ”

လမ်းပေါ်မှာ နီယွန်မီးရောင်တွေ တဖျတ်ဖျတ် လက်ကာ မှေးမှေးရီရီ တေုက်ပနေသည်။ ချန်ကျင်းလန်ရဲ့ မျက်နှာပေါ်မှာ အမူအရာတွေ အမျိုးမျိုး ပြောင်းလဲသွားပြီးမှ ဘာမှ ဆက်မပြောတော့ဘဲ တိတ်ဆိတ်ငြိမ်ကျသွားလေသည်။

နွေရာသီ အပူရှိန်ကြောင့်လား ၊ သူမနှလုံးသားထဲမှ အပူရှိန်ကြောင့်လား မပြောတတ်ဘဲ သူမတို့ရဲ့ လက်များသည် ချွေးဖြင့် စိုစွတ်လာသည်။ သွေးနှင့် ချွေး ရောနှောကာ သွေးနှင့် ရင်ခုန်သံတို့ ရောစပ်သွားသည်။

နွေည တစ်ညတွင် လမ်းများနှင့် နောက်ဖေးလမ်းကြားများသည် အလွန် အသက်ဝင်လွန်းသည်။ လက်ချင်း ချိတ်ပြီး တွဲသွားနေကြတဲ့ ခပ်ငယ်ငယ် စုံတွဲလေးတွေ ၊ အသက်ကြီးကြီး စုံတွဲတွေ ၊ သားသမီးတွေရဲ့ လက်ကို ဆွဲထားကြတဲ့ ပျော်ရွှင်စရာ မိသားစုလေးတွေ။ ကလေးတွေက ပျော်ရွှင်စွာ ခုန်ပေါက်လျက် ချန်ကျင်းလန်နှင့် ရှောက်ချန်းကျယ်ကို တိတ်တိတ်လေး ခိုးကြည့်သွားကြသည်။ သူတို့အမြင်မှာ ရှောက်ချန်းကျယ်နှင့် ချန်ကျင်းလန်ဟာ သိပ်ကို ကြည့်ကောင်းလွန်းသည်။ ကလေးမလေး တစ်ယောက်က သူတို့ နှစ်ယောက်ကို ချစ်စရာကောင်းစွာ ပြုံးပြသွား၏။

ကလေးမလေးနှင့် အကြည့်ချင်း ဆုံ‌သွားတော့ ချန်ကျင်းလန်ရဲ့ ခုနတုန်းက ခံစားချက်မဲ့ အေးစက်နေသော မျက်နှာပေါ်မှာ နူးညံ့တဲ့ အပြုံး တစ်ပွင့် ပေါ်လာသည်။ ရှောက်ချန်းကျယ်ရဲ့ မျက်လုံးထောင့်စွန်းတွေကလည်း အနည်းငယ် မြင့်တက်သွားကာ မျက်လုံးထဲမှာ အပြုံးပန်းတွေ ပွင့်လန်းသွားခဲ့သည်။ ကလေးမလေးက သူတို့ နှစ်ယောက်ရဲ့ အပြုံးတွေကြောင့် အံ့ဩသွားသည်။ ထို့နောက် သူမလေးက လက်ထဲမှာ ကျုငိထားတဲ့ နှင်းဆီပန်းလေးကို မြှောက်ပြီး ရှောက်ချန်းကျယ်ကို ပေးလိုက်သည်။ “ ဦးလေး ချောချောလေး ၊ ဒါ ဦးလေးအတွက် ပန်းပါ။ ဒီပန်းလှလှလေးကို အန်တီ လှလှလေးကို ဦးလေး ပေးလို့ ရတယ် ၊ အဲ့ဒါဆို အန်တီ လှလှလေး ပျော်သွားလိမ့်မယ်။ ”

ကလေးမလေးရဲ့ မိဘတွေက ပန်းကြိုက်တဲ့ သမီးဖြစ်သူကို ဘာမှ မလုပ်နိုင်ဘဲ ဒီတိုင်း လွှတ်ထားရလေသည်။ သူတို့က သမီးဖြစ်သူနောက် လိုက်လာပြီး ရှောက်ချန်းကျယ်ကို တောင်းပန်သလို အားနာစွာ ပြုံးပြလိုက်၏။

ရှောက်ချန်းကျယ်က ကလေးမလေးနှင့် မျက်လုံးနေရာချင်း တန်းတူ ဖြစ်အောင် ငုံ့ကိုင်းလိုက်သည်။ “ ကျေးဇူးတင်ပါတယ် ချစ်စရာ ကောင်မလေး။ ”

ဦးလေး ချောချောလေးနှင့် အကြည့်ချင်း ဆုံသွားသော ကလေးမလေးသည် ချက်ချင်းပဲ ရှက်ရွံ့သွားကာ ပန်းတွေကို သူ့လက်ထဲ ထည့်ပေးပြီးနောက် မိဘ နှစ်ပါးရဲ့ လက်ကို ဆွဲကာ လှစ်ခနဲ ပြေးထွက်သွားလေသည်။

ရှောက်ချန်းကျယ်က သူ့လက်ထဲမှ နှင်းဆီပန်းလေးကို ရိုးတံချိုးပြီး မတ်တပ်ရပ်ကာ ဘာစကားမှ မပြေယဘဲ သူ့နံဘေးရှိ ချန်ကျင်းလန်ရဲ့ ဆံပင်မှာ ပန်ပေးလိုက်၏။

ချန်ကျင်းလန်က သူ့ရဲ့ ရဲတင်းမှုကို မျက်စောင်းထိုးကြည့်ပြီး ပန်းကို ပြန်ဖြုတ်ဖို့ လက်မြှောက်လိုက်ချိန်မှာ ရှောက်ချန်းကျယ်က လာတားသည်။

“ မဖြုတ်ပါနဲ့။ ဒီတိုင်းပဲ ထားလိုက်ပါ။ မင်းနဲ့ လှတယ်။ ”

တကယ်လည်း လှပါတယ်။

တောက်ပနေတဲ့ ပန်းလေး ၊ အနက်ရောင် ဆံပင် ၊ နှင်းလို ဖြူကြည်နေတဲ့ အသားအရေ။

ပြီးတော့ တည်ငြိမ်အေးစက်ပုံပေါ်တဲ့ မျက်လုံးလေးတွေထဲမှာ ခံစားချက် လှိုင်းဂယက်တွေ လှုပ်ခတ်နေသည်။

သူမက အမြဲတမ်း ဒီလိုပဲ အသက်ဝင်နေခဲ့တာ ဖြစ်ကာ မှန်မှာ ပုံရိပ်ထင်ဟပ်နေတဲ့ ပန်းလေး တစ်ပွင့်လို ၊ ရေပြင်မှာ အရိပ်ထင်နေတဲ့ လရိပ်လေးလိုမျိုး နူးညံ့သိမ်မွေ့တဲ့ စိတ်ထင်မှတ်မှားချင်စရာ မိန်းကလေးမျိုး မဟုတ်ပါ။

ရှောက်ချန်းကျယ်က ရှေ့တိုးပြီး လူတွေ ပျားပန်းခတ်မျှ သွားလာလှုပ်ရှားနေတဲ့ မြို့လယ်ခေါင် လမ်းပေါ်မှာ သူ ချစ်ရသူကို ရင်ခွင်ထဲ ထွေးပွေ့ထားချင်မိသည်။

သူတို့ရှေ့မှာ ကား တစ်စီး ရုတ်တရက် ရပ်သွား၏။ ဒရိုင်ဘာက ကား တံခါးကို အမြန် ဖွင့်ကာ ထွက်လာပြီးမှ တုံ့ဆိုင်းဆိုင်းနှင့် ကားထဲ ပြန်ဝင်ဖို့ လုပ်နေ၏။

ချန်ကျင်းလန်က “ ရှောင်လျို ” ဟု လှမ်းခေါ်လိုက်သည်။

“ ဩော် .. ဒုတိယ သခင်မလေး … ”

ဒုတိယ သခင်မလေး ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်သွားသော ရှောင်လျိုက ကားပေါ်မှ ဆင်းကာ နောက်ခန်းတံခါးကို ဖွင့်ပေးလိုက်သည်။

“ ကျွန်မဒရိုင်ဘာ ရောက်လာပြီ။ ” ချန်ကျင်းလန်က ရှောက်ချန်းကျယ်ကို ကြည့်လိုက်သည်။ သူ အခု သူမရဲ့ လက်ကို လွှတ်ပေးသင့်ပြီလို့ သွယ်ဝိုက်ပြီး ပြောလိုက်ခြင်း။

ရှောက်ချန်းကျယ်က စကားတည်သူမို့ လိုက်လိုက်လျောလျောပဲ လွှတ်ပေးလိုက်သည်။ သူ့လက်ဖျားတွေကတော့ လက်မလွှတ်ပေးချင်ပုံဖြင့် သူမ ထွက်ခွာသွားရာနောက် လေထုကို မှန်းဆဆုပ်ကိုင်နေခဲ့သည်။

ချန်ကျင်းလန်က ကားတံခါးကို ကိုင်လိုက်သည်။ နားရွက်ပေါ်က ပန်းကို သတိရသွားပုံဖြင့် တုံ့ဆိုင်းသွားသော်လည်း ဘာမှ မပြောဘဲ ကားထဲကို ဝင်ခဲ့လိုက်သည်။ ကားတံခါး ပိတ်သွားချိန်မှာ စတစ်ကာ အမည်းရောင် ကပ်ထားတဲ့ ကားပြတင်းပေါက်မှန်က ပြင်ပမြင်ကွင်းတွေ အကုန်လုံးကို မမြင်ရအောင် ပိတ်ဆို့သွားသည်။

***

All Chapters