← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အပိုင်း ( ၄၅ )

ရှောက်ချန်းကျယ်က သူ့ကို ဧည့်သည်အခန်းထဲက အိပ်ရာပေါ် ပစ်ချလိုက်သောအခါ ကျောပြင်နှင့် အိပ်ရာ ထိသည်နှင့် ချန်ကျင်းချွမ်က စောင်လေးကို ရင်မှယ ပိုက်ပြီး တစ်ချိုးတည်း အိပ်ပျော်သွားပါတော့သည်။ သူ့ကို အိပ်ရာပေါ် ဘုန်းခနဲ ပစ်ချလိုက်တာတောင် နည်းနည်းလေးမှ လူးလွန့်မသွားဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မြဲ အိပ်ပျော်နေတာမို့ သူ အရက်မူးချင်ယောင်ဆောင်နေတာလားဟု ရှောက်ချန်းကျယ် စတင် သံသယဝင်လာမိသည်။

ရေချိုးခန်းထဲကနေ ထွက်လာသော ရှောက်ချန်းကျယ်က သူ့နံဘေးမှ အမျိုးသမီးကို ခပ်တိုးတိုး မေးလိုက်သည်။ “ လီချီလေး အိပ်နေပြီလား။ ”

“ အင်း ၊ ကျွန်မအမေက သူ့ကို အိပ်ဖို့ ခေါ်သွားတာ ကြာလှပြီ။ ” သူမရဲ့ အစ်ကိုဖြစ်သူကို အိမ်ထဲ ပွေ့ခေါ်ပေးခဲ့တဲ့ အချက်ကို ထောက်ထားစွာဖြင့် ချန်ကျင်းလန်ရဲ့ အသံက ရည်မွန်နေဆဲ။ သူသာ မကူညီရင် အန်ချခံရတဲ့ လူက သူမ ဖြစ်သွားမှာလေ။

ရှောက်ချန်းကျယ်က လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ နာရီကို တစ်ချက် ငုံ့ကြည့်လိုက်၏။ မိနစ်လက်တံက ဆယ့်တစ်ကို ကျော်သွားပြီမို့ ( ၁၂ ) နာရီထိုးဖို့ လေးမိနစ်သာ လိုတော့၏။ သူက သူမရဲ့ လက်ကို ဆွဲပြီး တံခါးဆီသို့ ခြေလှမ်းကျဲများဖြင့် လျှောက်ခဲ့လိုက်သည်။ အစတုန်းက ရိုးရိုးတန်းတန်း လမ်းလျှောက်တာပဲ ဆိုပေမဲ့ တဖြည်းဖြည်းနှင့် ‌ခြေလှမ်းတွေက အရှိန်မြန်လာကာ ပြေးတဲ့ အဆင့်ကို ရောက်သွားခဲ့သည်။

“ ရှင် ဘာလုပ်နေတာလဲ။ ” ချန်ကျင်းလန်သည် သူ့လက်ထဲကနေ ရုန်းမထွက်နိုင်သဖြင့် သူ့ခြေလှမ်းတွေအတိုင်း အပြေးတစ်ပိုင်း လိုက်လာဖို့သာ တတ်နိုင်လေသည်။

သူက အရှေ့မှာ ၊ သူမကတော့ အနောက်မှာ … ။ ကြည်လင်သော လရောင်က သူတို့ နှစ်ယောက်အပေါ် လင်းဖြာ‌ကျကာ လေပြည်လေညှင်းတွေ တနော့နော့ တိုက်ခတ်နေ၏။ သူ့ပခုံးကို ပွတ်တိုက်ဖြတ်ကျော်လာသော လေပြည်အေးက သူမရဲ့ ဆံနွယ်ရှည်တွေနှင့် ဂါဝန်စလေးကို တဖျတ်ဖျတ် လှုပ်ခါသွားစေသည်။ လက်ချင်း မြဲနေအောင် ဆုပ်ကိုင်ပြီး ပြေးနေတဲ့ လူ နှစ်ယောက်ရဲ့ ပုံရိပ်က လမ်းပေါ်မှာ အရိပ်ထင်ဟပ်နေခဲ့၏။

သူက သူမကို လှည့်ကြည့်သည်။ “ မင်း ကိုယ့်ကို နောက်တစ်နေ့မကူးခင် နောက်ဆုံး ငါးမိနစ်ကို ပေးမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ အခုဆို လေးမိနစ်တောင် မကျန်တော့ဘူး။ ”

ပြေးနေတဲ့ အရှန်က မြန်လွန်း၍ ချန်ကျင်းလန်ခမျာ အသက်ကို လုရှူနေရသည်။

ရှောက်ချန်းကျယ်က ခြေလှမ်းရပ်ပြီး သူမကို သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။ လျှပ်တစ်ပြက် အငိုက်မိသွားသော ချန်ကျင်းလန်သည် သူ့ပခုံးကို ချက်ချင်း ဆုပ်ကိုင်ရင်း သူမကိုယ်သူမ ဟန်ချက်ညီအောင် ထိန်းထားလိုက်ရလေသည်။ သူ့ခန္ဓာကိုယ် အပူရှိန်နှင့် သူမရဲ့ လက်တွေ ထိတွေ့သွားချိန်မှာ လက်တွေကို ပြန်ရုတ်သိမ်းဖို့ ပြင်နေပေမဲ့ ထိုအချိန်မှာပဲ ဖျတ်ခနဲ ပွေ့ချီလိုက်ရသောကြောင့် သူမရဲ့ ခန္ဓာကိုယ်လေးက အရှေ့ကို ယိမ်းယိုင်သွားကာ သူ့လည်ပင်းကို လက် နှစ်ဖက်လုံးဖြင့် ဖက်တွယ်ထားလိုက်ရတော့သည်။

“ ရှင် ရူးသွားပြီပဲ … ”

ရှောက်ချန်းကျယ်သည် သူမကို ပွေ့ချီလျက်ပင် ခြံထဲကို ပြေးလာခဲ့ကာ နားနေဆောင်လို အဆောင်လေးအောက်က မက်ခေါက်သီးပင်အောက်မှာ ရပ်လိုက်လေသည်။ သူ့ရင်ခွင်ထဲက အမျိုးသမီးကို ငေးကြည့်ရင်း သူ့ရင်ဘတ်က အနည်းငယ် နိမ့်ချည် ၊ မြင့်ချည် လှုပ်ရှားသွားသည်။ သူ ငုံ့ပြီး သူမရဲ့ နှုတ်ခမ်းထောင့်လေးကို ခဏလောက် စုပ်ငုံရင်း တိုးတိုးလေး ပြောလိုက်သည်။ “ ကိုယ် ရူးနေတာ ကြာပြီ။ ”

သူတို့ နှစ်ယောက် အတူတူ ပြန်လက်တွဲနိုင်ဖို့ ဖြစ်နိုင်ချေ ရှိသေးတယ်လို့ သိလိုက်ရကတည်းက သူ စိတ်လွတ်သွားခဲ့တာပါ။

ချန်ကျင်းလန်ရဲ့ အသက်ရှူသံကတော့ ပုံမှန်အတိုင်း တည်ငြိမ်နေဆဲ။ သူမက နိမ့်ချည် ၊ မြင့်ချည် လှုပ်ရှားနေသော သူ့ရင်ဘတ်နှင့် လိုက်လျောညီထွေစွာ အနည်းငယ် မောဟိုက်သံ ပါဝင်နေသော အသံဖြင့် ပြောသည်။ သူတို့ နှစ်ယောက်ရဲ့ ရောစပ်ယှက်ဝင်နေတဲ့ အသက်ရှူသံတွေက တစ်သားတည်းကျနေ၏။ ချန်ကျင်းလန်က တစ်ဖက်ကို မျက်နှာလွှဲထားသည်။ “ ကျွန်မကို အောက်ချပေး။ ”

ရှောက်ချန်းကျယ်က သူမကို သစ်သားထိုင်ခုံပေါ် ချက်ချင်း ချပေးလိုက်သည်။ သူတို့ဘေးက ကျောက်သားစားပွဲပေါ်မှာတော့ ကိတ်မုန့်လေး တစ်လုံး ရှိသည်။ သူက ကိတ်မုန့်ပေါ်မှာ ဖယောင်းတိုင်တွေ ထွန်းလိုက်ပြီး ထိုကိတ်မုန့်ကို ကိုင်ကာ သူမမျက်လုံးထဲ စိုက်ကြည့်လိုက်၏။ “ ပျော်ရွှင်စရာ မွေးနေ့ပါ မြောင်မြောင်။ ”

မက်ခေါက်သီးပင်လေးသည် ဤနားနေဆောင်ကို အလွန် နူးညံ့သိမ်မွေ့သော နိဗ္ဗာန်ဘုံလေး တစ်ခုအဖြစ် အသွင်ပြောင်းလဲကာ ထွေးပွေ့ထားခဲ့သည်။ ပန်းရောင် ပန်းပွင့်‌လေးတွေနဲ့ ကိတ်မုန့်ပေါ်က လိမ္မော်ရောင် မီးတောက်တွေ ၊ ပြီးတော့ နက်ရှိုင်းအုံ့မှိုင်းတဲ့ မျက်လုံးတွေနဲ့ စကားလုံးနဲ့ ဖော်ပြလို့ မရလောက်အောင် လှပလွန်းတဲ့ မွေးနေ့ကိတ်လေး တစ်လုံး … ။

ချန်ကျင်းလန်က သူမရဲ့ နှလုံးသားထဲက အတွေးတွေကို ဖုံးကွယ်သည့်အနေဖြင့် မျက်တောင်ရှည်တွေကို မှေးစင်းကာ ကိတ်မုန့်ပေါ်က ဖယောင်းတိုင်မီးတွေကို မှုတ်လိုက်လေသည်။ “ ကျေးဇူးတင်ပါတယ်။ ”

သူရဲ့ ဆုတောင်းတွေကို ကျေးဇူးတင်စကား တုံ့ပြန်ပြှးနောက် နေရာမှ ထလိုက်သည်။ “ ရှင် လိုချင်နေတဲ့ ငါးမိနစ်ကိုလည်း ပေးပြီးသွားပြီ။ အဲ့တော့ ကျွန်မ ပြန်သင့်ပြီ ထင်တယ်။ ”

ရှောက်ချန်းကျယ်က သူ့လက်ကောက်ဝတ်က နာရီကို သူမရဲ့ မျက်လုံးနား မြှောက်ပြလိုက်သည်။ “ တစ်မိနစ် ကျန်သေးတယ်။ ”

ချန်ကျင်းလန် သူ့ကို ကြည့်လိုက်၏။ “ ရှင့်အဝတ်အစားတွေဆီက ထွက်နေတဲ့ အနံ့ကို ရှင် မရဘူးလား။ ”

ဒီငါးမိနစ်အတွက်နှင့် ကတ်သီးကတ်ဖဲ့ပြောနေမည့်အစား သူ ရေသွားချိုးသင့်သည်။ ပြီးတော့ သူမလည်း တကယ့်ကို ထွက်သွားမှ ဖြစ်မှာ။ ဒီမှာ အကြာကြီး နေလို့ မဖြစ်။

ရှောက်ချန်းကျယ်က ခေါင်းငုံ့ပြီး သူ့အင်္ကျီကို အနံ့ခံကြည့်လိုက်သည်။ ချန်ကျင်းချွမ်ဆီကနေ သူ့အင်္ကျီပေါ်မှာ ကပ်ပါလာတဲ့ အရက်နံ့တွေပါပဲ။ ထိုအရက်နံ့တွေကို ရေချိုးခန်းထဲမှာ နည်းနည်းလေး ဖယ်ရှားခဲ့တာမို့ အရမ်းကြီးတော့ ဆိုးဆိုးဝါးဝါး မဟုတ်တော့ပါ။ သူ ဝတ်ထားတဲ့ အနက်ရောင် တီရှပ်ကို လက် တစ်ဖက်တည်းဖြင့် ချွတ်ပြီး နားနေဆောင်အပြင်ဘက် အမှိုက်ပုံးထဲကို လွှင့်ပစ်လိုက်သည်။

“ အခု အဆင်ပြေသွားပြီ။ ”

သူ့ရဲ့ ရိုးရှင်းသော အရိုင်းဆန်မှုကြောင့် ချန်ကျင်းလန် ဆွံ့အသွားမိသည်။

ရှောက်ချန်းကျယ်ကတော့ ပွင့်ပွင့်လင်းလင်း တည်တည်ငြိမ်ငြိမ်ပဲ ဖြစ်သည်။ သူက ဇွန်း တစ်ချောင်းကို ယူပြီး ကိတ်မုန့် အတုံးလေး တစ်ပိုင်းကို ဖဲ့ယူကာ သူမရဲ့ နှုတ်ခမ်းနား ကပ်ပေးလိုက်သည်။ “ စားကြည့်မလား။ ”

သူမက သူ့ရင်ဘတ်ဆီ အကြည့်ရောက်သွားပြီးမှ တခြား တစ်ဖက်ကို အကြည့်လွှဲလိုက်၏။ “ ကျွန်မ ည ဆယ်နာရီ ကျော်တာနဲ့ အချို မစားတော့ဘူး။ ”

သူမရဲ့ ဖြူဝင်းသော နားရွက်ဖျားလေးမှာ အနီရောင် ခပ်ပါးပါး လွှမ်းခြုံနေသည်။ ရှောက်ချန်းကျယ်က သူမအနား မသိမသာ တိုးကပ်သွားလိုက်သည်။ “ နည်းနည်းပဲ စားကြည့်ပါ။ ”

ချန်ကျင်းလန်က ခဏကြာတော့မှ ပါးစပ်ဟပြီး သူ ခွံ့ကျွေးနေတဲ့ ကိတ်မုန့်ကို စားခဲ့သည်။

“ ဘယ်လို နေလဲ .. စားကောင်းလား။ ” ရှောက်ချန်းကျယ်က လေးလေးနက်နက် မေးတော့ ချန်ကျင်းလန်ကလည်း လေးလေးနက်နက် ပြန်ဖြေသည်။ “ မကောင်းဘူး။ ”

ရှောက်ချန်းကျယ်သည် သူမရဲ့ နှုတ်ခမ်းရဲရဲလေးပေါ်မှာ ပေနေသော အဖြူရောင် ခရင်မ်တွေကို ကြည့်ကာ မျက်ဝန်းနက်နက်တွေမှာ အုံ့မှိုင်းနက်ရှိုင်းသွားလေသည်။ ထို့နောက် သူမရဲ့ ခေါင်းကို နောက်ဘက်ကနေ ထိန်းကိုင်ကာ ငုံ့ကိုင်းလိုက်သည်။ “ ကိုယ်လည်း မြည်းကြည့်မယ်။ ”

အစတုန်းကတော့ ခပ်တိမ်တိမ် ပေါ့ပေါ့ရွတ်ရွတ် အရသာ ဆိုပေမဲ့ သူမရဲ့ နှုတ်ခမ်းထောင့်လေးတွေကနေ ထွက်လာတဲ့ ဝင်လေထွက်လေ နွေးနွေးက သူ့အား သူမနှုတ်ခမ်းပေါ်က ခရင်မ်တွေကို ဖြည်းဖြည်းချင်း စားမိစေခဲ့သည်။ “ ကိုယ်ကတော့ … ” သူက သူမရဲ့ နှုတ်ခမ်းလေးကို ငုံခဲထားရင်း ပင့်သက်ရှိုက်လိုက်သည်။ “ အရမ်း ချိုတယ်လို့ ထင်တာပဲ။ ”

ချန်ကျင်းလန်က သူ့ကို ‘ မကောင်းတဲ့ ကောင် ’ ဟု ကျိန်ဆဲဖို့ ပါးစပ်ပြင်နေစဉ်မှာပဲ သူ့လျှာက သူမရဲ့ တစ်ဝက်တစ်ပျက် ဖွင့်ထားသော နှုတ်ခမ်းကြားထဲ ကျူးကျော်ဝင်ရောက်လာခဲ့ပါသည်။ သူက သူမရဲ့ လက်ကို ကိုင်ပြီး သူ့လည်ပင်းကို သိုင်းဖက်ခိုင်းလိုက်သည်။ အနမ်းတို့သည် အစပိုင်းမှာ အရှိန်နှေးနှေး အေးအေးဆေးဆေးနေရာမှ တဖြည်းဖြည်း အရှိန်ရလာကာ သိပ်သည်းမောဟိုက်ချင်စရာကောင်းလာသည်။

ညနက်လာလေ ၊ အနမ်းတွေလည်း ပိုလို့ နက်ရှိုင်းကြမ်းတမ်းလာလေပါပဲ။

ရှောက်ချန်းကျယ်က သူမ သက်သောင့်သက်သာ နေနိုင်စေရန်အတွက် သူမရဲ့ ခါးလေးကို ပွေ့ချီကာ ကျောက်သားစားပွဲပေါ် မြှောက်တင်လိုက်သည်။

အေးစက်သော စကျင်ကျောက်စားပွဲနှင့် သူမရဲ့ ခန္ဓာကိုယ်မှ ထွက်လာသော အပူရှိန်တို့ ထိတွေ့သွားချိန်မှာ ချန်ကျင်းလန် တစ်ယောက် ကြက်သီးစိမ့်ဖြာသွားသည်။ သူမရဲ့ နှုတ်ခမ်းကြားကနေ ညည်းသံ တိုးတိုးလေး ထွက်ပေါ်လာသည်။ ကာလရှည်ကြာ ပျောက်ကွယ်ခဲ့ရသော သာယာမှုတွေ သူမရဲ့ ခန္ဓာကိုယ်ကို လွှမ်းမိုးလာပုံပေါ်သည်။ ဟိုးအတိတ် မှတ်ဉာဏ်တွေထဲက ထုံကျင်အေးစက်မှုဟာ သူမကို လုံးဝ အသိစိတ် ကင်းမဲ့စေတော့မလို … ။

ရှောက်ချန်းကျယ်က အစတုန်းကတော့ နမ်းတဲ့ အဆင့်မှာပဲ ရပ်ဖို့ ရည်ရွယ်ထားပေမဲ့ နောက်ပိုင်းမှာ သူ့ကိုယ်သူ မရပ်တန့်နိုင်တော့ပေ။ သူမရဲ့ အရသာ ၊ အသံ ၊ ဝင်သက် ထွက်သက် နွေးနွေး … အရာရာတိုင်းက သူ့ကိုယ်သူ ထိန်းချုပ်မှုကင်းမဲ့စွာ ရှေ့ဆက်မိစေသည်။

သူ့လက်က သူမရဲ့ စကတ်လေးကို မြှောက်လိုက်၏။ နည်းနည်းလောက်ပါပဲ။ ဒါပေမဲ့ သူ မေးစရာ ရှိတာကိုတော့ မေးရဦးမည်။ “ ကိုယ် လုပ်လို့ ရလား။ ”

သူမမျက်လုံးထဲမှာ မြူခိုးတွေ အုံ့ဆိုင်းသွားသည်။ ကောင်းကင်က နဂါးငွေ့တန်းသည် သူမရဲ့ အရည်လဲ့နေသော မျက်လုံးလေးတွေထဲကို ဝင်ရောက်လာပုံရသည်။ ရှောက်ချန်းကျယ်သည် စိတ်မထိန်းနိုင်တော့ဘဲ သူမကို နောက်တစ်ကြိမ် နမ်းရှိုက်လိုက်မိသည်။

သူမရဲ့ နှလုံးသားထဲကို ပုရွက်ဆိတ် အကိုက်ခံရသလို အနေရခက်သော ခံစားချက်တွေ ဝင်ရောက်လာ‌သောကြောင့် သူမ စကား အများကြီး မပြောနိုင်တော့ပါ။ ထို့နောက် ချန်ကျင်းလန်သည် သူ့နှုတ်ခမ်းတွေကို အားနှင့် ဖိကိုက်ပြီး သူ့ကို တံထွေးနှင့် ထွေးလိုက်သည်။ “ မရဘူး ၊ ရှင် လုပ်လို့ မရဘူး။ ”

ရှောက်ချန်းကျယ်က ခပ်အက်အက် ရယ်မောလိုက်သည်။ နောက်တစ်စက္ကန့်အကြာမှာပဲ သူ့လက်ချောင်းတွေက စိုစွတ်သော အလွှာထဲကို ဝင်ရောက်သွားခဲ့သည်။

ချန်ကျင်းလန်ရဲ့ လည်တိုင်ရှည်လေးက အနောက်ကို အနည်းငယ် ယိုင်သွားကာ စက်ဝိုင်းပြတ်လေး တစ်ခုလို တွန့်ချိုးသွားခဲ့သည်။ စကျင်ကျောက်သား စားပွဲပေါ်ကို မြဲမြံစွာ လက်ထောက်ကာ ဒီခံစားချက်လှိုင်းကို အလူးအလဲ တောင့်ခံရင်း သူမကိုယ်သူမ စားပွဲပေါ် လဲကျမသွားအောင် ထိန်းထားရသည်။

“ ကိုယ်က ဘယ်သူလဲ မြောင်မြောင် … ”

ရှောက်ချန်းကျယ်က သူမကို သူ့လက်ရဲ့ အတိုးအလျှော့ ရှေ့တိုးနောက်ဆုတ် လှုပ်ရှားမှုအောက်မှာ အညံ့ခံစေချင်နေသည်။

ချန်ကျင်းလန်သည် သူမရဲ့ ညည်းသံတွေကို လုံးဝ မထိန်းချုပ်နိုင်တော့ပေ။ အသံမထွက်စေရန် နှုတ်ခမ်းကို ခပ်တင်းတင်း ဖိကိုက်ထားရသည်။ သူ ဘယ်သူပဲဖြစ်ဖြစ် သူမ ဂရုမစိုက်။

သူမ နှုတ်ခမ်းကို ဇွတ်အတင်း ဖိကိုက်ထားလေ ၊ သူ့လက်လှုပ်ရှားမှုတွေကလည်း ပိုလို့ အရှိန်ပြင်းလာလေ … ။

နောက်ဆုံးတော့ လျှပ်ပြက်သလိုပင် သူမရဲ့ ဦးနှောက်ထဲက အာရုံကြောတွေကို ခံစားချက်များဖြင့် လှုံ့ဆော်ခံလိုက်ရကာ မီးရှုးမီးပန်းတွေ ဖြာထွက်ပေါက်ကွဲသွား၏။ ကာလရှည်ကြာ လစ်ဟာနေခဲ့သော ကွက်လပ်များလည်း ပြည့်သွားသည်။

ရှောက်ချန်းကျယ်က သူမကို ထပ်နမ်းလိုက်သည်။

လရောင်အောက် ၊ ပန်းရနံ့တွေအလယ်မှာ မောဟိုက်နေသော အသက်ရှူသံချင်း ရောယှက်နေလျက် ဖြည်းဖြည်းချင်း ပြန်လည် တည်ငြိမ်သွားခဲ့သည်။

အချိန် အတော် ကြာတော့မှ ချန်ကျင်းလန်က သူ့ပခုံးကို မှီပြီး လေးတွဲ့တိုးလျသော အသံဖြင့် ပြောလိုက်ပါသည်။ “ ကျွန်မ ရှင့်ကို ဒီတစ်ခေါက် ဘယ်လောက် ပေးရမလဲ ဘော့စ်ရှောက်။ ဈေးပြောလေ … ”

သူမရဲ့ သူငယ်ချင်းဟောင်း ပြောခဲ့တာ မှန်တယ်။ တစ်ဖက် ယောက်ျားက ဘယ်သူလဲ ဆိုတာ အရေးမကြီးဘူး ၊ သူ့အရည်အချင်းတွေက စံချိန်စံနှုန်း ပြည့်မှီလား ဆိုတာကပဲ အရေးကြီးတာ … ။

အိတ်ကပ်ထဲက လက်စွပ်ဘူးကို နှိုက်ယူဖို့ ဟန်ပြင်နေသော ရှောက်ချန်းကျယ်ရဲ့ လက် ရပ်တန့်သွားသည်။ သူက သူမကို သူတို့ နှစ်ယောက်ရဲ့ နှစ်ကိုယ်တူ အနာဂတ်အကြောင်း ဘယ်လို ပြောပြရင် ကောင်းမလဲ ဆိုတာ စဉ်းစားနေခဲ့ပေမဲ့ သူမကတော့ သူ့ကို ပိုက်ဆံနဲ့ တန်ဖိုးဖြတ်ဖို့ စဉ်းစားနေတာ ဖြစ်သည်။

သူမရဲ့ နှလုံးသားထဲမှာ သူက … ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လို့ ရတဲ့ လူမျိုးလား ….. ။

‌

ရှောက်ချန်းကျယ်က သူမရဲ့ မေးကို ဆွဲမော့ရင်း မျက်လုံးထောင့်က ရှက်သွေးဖြာနေသည့် အနီရောင် အရိပ်လေးတွေကို ကြည့်ကာ မေးလိုက်သည်။ “ အခု မင်းစိတ်ထဲမှာ ဘယ်လို ခံစားနေရလဲ။ ”

ချန်ကျင်းလန်သည် ကျင်စက်နှင့် အတို့ခံလိုက်ရသလိုပင် ခန္ဓာကိုယ်ရဲ့ ဟိုးအတွင်း အရိုးတွေကနေ လက်ဖျားအထိ ရှိန်းခနဲ တုန်ရီအေးစိမ့်သွား၏။ သူမရဲ့ စိတ်က ခံစားချက် အမြင့်ဆုံးကို ရောက်ထားတဲ့ ခုနတုန်းက အခြေအနေကနေ မရုန်းထွက်နိုင်သေးဘဲ လှုပ်ရှားမှုတွေကလည်း အားမရှိသလို နှေးကွေးနေကာ “ ဟမ် … ” ဟု မသဲမကွဲ ပြန်ပြောလိုက်သည်။

ရှောက်ချန်းကျယ်က “ ကိုယ့်ဈေးက မိန်းကလေးချန်ရဲ့ ခံစားချက်တွေအပေါ် မူတည်တယ်။ ”

အဲ့ဒါကို ထောင်ချောက်လို့ ချန်ကျင်းလန် ခံစားလိုက်ရသည်။ သူမ မရေမရာပဲ ဖြေလိုက်ပါသည်။ “ မဆိုးပါဘူး ၊ သာမန်ပဲ။ ”

ရှောက်ချန်းကျယ်က လက် တစ်ဖက်ဖြင့် သူမရဲ့ ခြေထောက်ကို သူ့ပေါင်အား ချိတ်တွယ်ထားခိုင်းလိုက်ကာ ကျန်လက် တစ်ဖက်ဖြင့် သူမရဲ့ ခါးကို ပွေ့ဖက်၍ စကျင်ကျောက် စားပွဲပေါ်ကနေ မြှောက်ချီလိုက်လေသည်။

“ ဒါက ပိုက်ဆံပေးရတဲ့ ဝန်ဆောင်မှု ဆိုမှတော့ သာမန် အနေအထားလောက်ပဲ ဖြစ်လို့ ဘယ်ရမလဲ။ မိန်းကလေးချန်အတွက် စိတ်ကျေနပ်စရာကောင်းရမှာပေါ့ ၊ မဟုတ်ရင် ကိုယ်လည်း ဈေးသတ်မှတ်နိုင်မှာ မဟုတ်ဘူး။ ”

ချန်ကျင်းလန်သည် သူ့ရဲ့ ကိုယ်ဟန်ကို ကြည့်ကာ တကယ့် အန္တရာယ် အစစ်က အခုမှ ရောက်လာပြီလို့ ခံစားလိုက်ရသည်။ သူမကို အောက်ချပေးဖို့ ရုန်းကန်ရင်း ပြောလိုက်သည်။ “ ကျွန်မ အိမ်ပြန်ချင်တယ်။ ”

ရှောက်ချန်းကျယ်က မက်ခေါက်သီးပင်တွေအောက်ကနေ ခြေလှမ်းကျဲများဖြင့် မရပ်မနား ပြေးသွားနေခဲ့သည်။

လေပြည်တွေ တိုးဝှေ့တိုက်ခတ်သွားသောကြောင့် လေနှင့်အတူ မက်ခေါက်ပန်း ပွင့်ဖတ်တွေ လှပစွာ လွင့်ကြွေလာခဲ့သည်။ တချို့ ပွင့်ဖတ်တွေက ပိတုန်းရောင် ဆံနွယ်တွေပေါ်ကို ကျသွားသည်။ တချို့ ပွင့်ဖတ်တွေကတော့ ပန်းရောင် ပါးမို့လေးတွေပေါ်မှာ ၊ တချို့ ပွင့်ဖတ်တွေကတော့ နှင်းလို ဖြူကြည်တဲ့ လည်တိုင်လေးပေါ်မှာ ၊ တချို့ကတော့ ချယ်ရီရောင် နှုတ်ခမ်းလေးတွေပေါ်မှာ … ။

တကယ်တမ်းမှာ သူမက ထိုပန်းပွင့်ဖတ်လေးတွေထက်တောင် ပိုနူးညံ့ပါသေးသည်။ သူမ လိုက်မမီလောက်အောင် နက်ရှိုင်းသော ရှောက်ချန်းကျယ်ရဲ့ မျက်ဝန်းနက်တွေထဲမှာ အရှိန်ပြင်းစွာ ရုန်းခတ်လှုပ်ရှားနေတဲ့ ဆန့်ကျင်ဘက် ခံစားချက်တွေ ငုပ်လျိုးနေသည်။

အန္တာရာယ်ရဲ့ အငွေ့အသက်ကို အာရုံခံမိသွားသော ချန်ကျင်းလန်က “ ရှောက်ချန်းကျယ် .. ရှင် ... ” ဟု သူ့နာမည်ကို ခပ်ဆတ်ဆတ် ခေါ်လိုက်လေသည်။

သူ့ကို အသံမာမာဖြင့် တားမြစ်ဟန့်တားဖို့ ရည်ရွယ်ထားပေမဲ့ သူမရဲ့ အသံက နူးညံ့နေကာ အတင်း မာန်တင်းထားရသော တင်းမာမှုမှာ သူမကိုယ်တိုင်တောင် သတိမထားမိတဲ့ ဆွဲဆောင်မှု တစ်မျိုး ပျော်ဝင်နေသည်။

ရှောက်ချန်းကျယ်က ခပ်တိုးတိုး ပြန်ဖြေ၏။ “ ကိုယ် ဒီမှာ ရှိတယ်။ ”

သူ့ခန္ဓာကိုယ်က သူမကို အုပ်မိုးလာကာ သူမရဲ့ လည်တိုင် ရှည်သွယ်သွယ်လေးမှာ ကပ်ငြိနေသည့် ပန်းပွင့်ဖတ်လေးကို အရင်ဆုံး စားလိုက်တော့ မသဲမကွဲ ညည်းသံ တိုးတိုးလေး ထွက်လာသည်။ သူက ဖြည်းဖြည်းချင်း အပေါ်ကို တက်လာခဲ့ကာ သူမရဲ့ ပါးပြင်ပေါ်က ပန်းပွင့်ဖတ်လေးကို စားလိုက်သည်။ အဲ့လိုနှင့် နောက်ဆုံးတော့ သူမရဲ့ ကြက်သွေးရောင် နှုတ်ခမ်းရဲရဲလေးပေါ်က ပန်းပွင့်ဖတ်လေးကို မိမိရရ စုပ်ငုံပစ်လိုက်သည်။

သူတို့ နှစ်ယောက်ရဲ့ နှုတ်ခမ်းကြား ၊ လျှာကြားမှာ တစ်လှည့်စီ ရွေ့လျားနေသော ပန်းပွင့်ဖတ်လေးမှာ တံထွေးရဲ့ ချိုမြိန်မှု အရသာရယ် ၊ ကိတ်မုန့်ခရင်မ် အရသာရယ် ၊ ပြင်းပြသော ဆန္ဒတွေရယ် ပါဝင်နေ၏။

ချန်ကျင်းလန်သည် လက်သီး ခပ်တင်းတင်း ဆုပ်ထားရင်း သူမရဲ့ တွဲလောင်းကျနေသော ခြေဖျားလေးတွေဟာ ကွေးချည် ၊ ဆန့်ချည် ဖြစ်နေခဲ့သည်။ မီးတောက် တစ်စက သူမရဲ့ နှလုံးသားကို ဆွနေပုံပေါ်ကာ မီးတောက် ကြီးထွားလာသည်နှင့်အမျှ အသက်ရှူသံတွေလည်း ပိုမြန်လာပြီး မထိန်းချုပ်နိုင်လောက်အောင်ပင် စိတ်ထဲမှာ အနေရခက်စွာ ရီဝေလာမိသည်။

“ ကျွန်မ ဒီနေရာမှာတော့ မလိုချင်ဘူး။ ” ပင့်သက်ရှိုက်သံတွေကြား သူမရဲ့ မကဲမကွဲ အသံ ထွက်လာသည်။

ကြယ်တွေ ၊ လတွေ ရှိသည်၊ မြက်ခင်းစိမ်းထဲမှာ တကျီကျီ အော်နေတဲ့ အင်းဆက်တွေလည်း ရှိသည်။ ပူနွေးတဲ့ လေတွေက သူမရဲ့ ခန္ဓာကိုယ်ကို နူးညံ့စွာ ထွေးပွေ့ထားသည်။

ရှောက်ချန်းကျယ်က ချန်ကျင်းလန်ကို စိတ်သက်သောင့်သက်သာဖြစ်စေချင်၍ သူမရဲ့ ခပ်တင်းတင်း စေ့ပိတ်ထားတဲ့ နှုတ်ခမ်းတွေနှင့် သူ့နှုတ်ခမ်းကို ဆက်တိုက် ထိကပ်ထားပေမဲ့ သူ့ရဲ့ မရိုးစင်းတဲ့ အတွေးတွေကိုလည်း မထိန်းချုပ်နိုင်ပေ။ “ မိန်းကလေးချန်က ဘယ်နေရာမှာ လိုချင်တာလဲ။ နားနေဆောင်အောက်ကို ပြန်သွားရမှာလား။ ”

နားနေဆောင်ကို ပြန်သွားရမလား ဆိုတဲ့ စကားကြောင့် ချန်ကျင်းလန်‌ ထောင်းခနဲ ဒေါသထွက်သွားသည်။ သူ့လည်ပင်းနောက်က အမွှေးနုလေးတွေကို သူမ အားနှင့် ဆောင့်ဆွဲပစ်လိုက်သည်။ “ ရှင် ဘာလို့ သစ်ပင်ပေါ် မတက်တာလဲ။ ”

ရှောက်ချန်းကျယ်ကတော့ သူမနှင့် နှုတ်ခမ်းချင်း ဖိကပ်ထားရင်း ခပ်အက်အက် ရယ်မောလိုက်သည်။ “ မင်းက အဲ့လို ဖြစ်စေချင်ရင်တော့ ကိုယ် မင်းကို သေချာပေါက် စိတ်ကျေနပ်အောင် လုပ်ပေးမှာ။ ”

***

All Chapters