အခန်း ၅၀
Vol. 5 Ch. 50
အပိုင်း ( ၅၀ )
ရှောက်ချန်းကျယ် ခပ်တိုးတိုး ရယ်လိုက်၏။ “ အရမ်း လှတယ်လို့ ကိုယ် ပြောမလို့ပါ။ ဆံပင်မညှပ်ခင်တုန်းကလည်း လှတယ် ၊ အခုထိလည်း လှနေတုန်းပဲ။ ” သူ့ရဲ့ ရှည်သွယ်သော လက်ချောင်းတွေက သူမရဲ့ ဆံပင်ကနေတစ်ဆင့် ပခုံးဆီ လျှောဆင်းသွားကာ ဖြူဝင်းသော ကုပ်ပိုးသားလေးကို ပွတ်သပ်ရင်း တဖြည်းဖြည်း အပေါ်တက်လာပြီးနောက် သူမရဲ့ ခေါင်းကို အနောက်ကနေ ထိန်းကိုင်ကာ နှုတ်ခမ်း ရဲရဲလေးတွေကို နမ်းရှိုက်လိုက်ပါတော့သည်။ “ ကိုယ့်ရဲ့ ဥက္ကဌချန်က ဘယ်လို ဆံပင်စတိုင်လ်နဲ့ပဲဖြစ်ဖြစ် လှတယ်။ ”
ချန်ကျင်းလန်သည် သူ့ရဲ့ နူးညံ့သော လက် အထိအတွေ့အောက်မှာ ခဏတာ သတိလွတ်သွားခဲ့ပြီး သူမ သတိပြန်ဝင်လာချိန်မှာတော့ သူ့နှုတ်ခမ်းတွေအောက်ကို သက်ဆင်းသွားခဲ့ရပြီပင်။
သူမရဲ့ နှုတ်ခမ်းနှင့် လျှာပင် မဟုတ်ဘဲ အသက်ရှုသံနှင့် ရင်ခုန်သံတွေပါ သူ့ထိန်းချုပ်မှုအောက်မှာ အပြည့်အဝ ထိန်းချုပ်ခံနေရသည်။
ချန်ကျင်းလန် စက္ကန့်ပိုင်းလောက်တော့ ရုန်းကန်နေခဲ့ပေမဲ့ ခဏအကြာမှာပဲ ပြင်းပြင်းထန်ထန် လှုပ်ရှားနေတဲ့ အပူရှိန်အောက်မှာ အညံ့ခံလိုက်ရပြီး အသက်ရှူသံတွေ မြန်လာခဲ့သည်။ သူမရဲ့ တုံ့ပြန်မှုကို သတိထားမိသော ရှောက်ချန်းကျယ်ရဲ့ မုန်တိုင်းမျက်လုံးတွေမှာ ဆန္ဒတွေ ပိုလို့ ပြင်းပြလာပြီး သူမရဲ့ ခါးသွယ်သွယ်လေးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရင်း သူမကို သူ့နှလုံးသားထဲမှာ အပြီးတိုင် ထည့်သိမ်းထားချင်မိသည်။
အသက်ရှူသံ မှန်အောင် မနည်း ထိန်းသိမ်းနေရတဲ့ ယစ်မူးစရာ အခြေအနေမှာ ချန်ကျင်းလန်ရဲ့ လက်က သူ့ခါးက အင်္ကျီလွတ်နေတဲ့ အသားကို ထိမိသွားကာ တစ်ခုခု ပုံမှန်မဟုတ်ကြောင်း သတိထားမိသွားသည်။ သူမ သူ့းခါးကို အားနှင့် ဆွဲဆိတ်လိုက်တော့ ရှောက်ချန်းကျယ်ရဲ့ အသက်ရှူသံက အနည်းငယ် အားလျော့သွားကာ နူးညံ့တဲ့ အနမ်းတွေက သူမရဲ့ နှုတ်ခမ်းပေါ်ကနေ ဖြူဝင်းသော ညှပ်ရိုးတွေဆီ နေရာပြောင်းသွားသည်။
ချန်ကျင်းလန်က လည်ပင်လေးကို အနောက်ကို ယိမ်းရင်း ခဏလောက် အသက်လုရှူနေရသည်။ ထို့နောက် သူ့နဖူးပေါ် လက်တင်လိုက်တော့ တကယ်ပဲ သူ့ခန္ဓာကိုယ် အပူချိန်က ပုံမှန်ထက် ပိုများနေကြောင်း သေချာသွား၏။ “ ရှင် ဖျားနေတယ် … ”
ရှောက်ချန်းကျယ်က သူမနှင့် နှုတ်ခမ်းချင်း ပြန်ထိကပ်ထားလိုက်သည်။ သူ့ရဲ့ သက်ဝင်လှုပ်ရှားနေတဲ့ မျက်လုံးထဲမှာ မကျေနပ်တဲ့ အငွေ့အသက်လေးတွေ အနည်းငယ် ဖုံးကွယ်နေပါသည်။ “ ကိုယ် တကယ် မူးပြီး အန်ချင်နေတာ။ မင်းကို လိမ်တာလည်း မဟုတ်ဘူး ၊ ကိုယ့်ကို သနားအောင် မျက်ရည်ခံထိုးနေတာလည်း မဟုတ်ဘူး။ ”
ချန်ကျင်းလန်သည် တစ်စက္ကန့်လောက် တိတ်သွားပြီးမှ သူမရဲ့ ခါးကို ရစ်ပတ်ထားတဲ့ လက်ကို ပုတ်လိုက်သည်။ “ ကျွန်မကို လွှတ်ပေးတော့။ ”
သို့သော် ရှောက်ချန်းကျယ်ကတော့ သူမကို ပိုလို့တောင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ခဲ့လေသည်။ “ မင်း ကိုယ့်ကို မယုံဘူးလား။ ”
သူမ အခုထိ အသက်ရှူမဝသေးပါ။ နောက်တစ်ခေါက် တင်းတင်းကျပ်ကျပ် ထပ်အဖက်ခံလိုက်ရခြင်းက သူမကို အသက်ရှူကျပ်သွားစေသည်။ ချန်ကျင်းလန် သူ့လက်တွေကို မနည်း ဆွဲဖြုတ်လိုက်ရသည်။ “ ရှင် မူးပြီး အန်ချင်နေတယ် ဆိုလည်း ဆေးသောက်သင့်တယ် ၊ ကျွန်မက ဆေး မဟုတ်ဘူး။ ”
ရှောက်ချန်းကျယ်သည် ခဏလောက် ကြောင်အနေပြီးမှ အသံထွက် ရယ်မောလိုက်မိကာ သူမကို ခါးကနေ ပွေ့ချီလိုက်လေသည်။ သူက သူ့ထက် အရပ်ပိုရှည်တာကြောင့် သူမကို သူ အမြဲ မော့ကြည့်ရသည်။
တိမ်မည်းတွေရဲ့ လက်အောက်ကနေ လွတ်မြောက်လာသော လမင်းက ကမ္ဘာမြေပေါ်ကို ငွေရောင် အလင်းတန်းတွေ ပြန်လည် ဖြန့်ကျက်လိုက်ပြီမို့ လရောင်အောက်တွင် သူမရဲ့ မျက်လုံးထောင့်မှာ ထင်ဟပ်နေသည့် ဝေဝေဝါးဝါး ခံစားချက်တွေက ညို့ဓာတ်ပိုပြင်းလာခဲ့သည်။
သူ့အတွက်တော့ သူမက ဆေးတွေထက် ပိုထိရောက်မှုရှိပါသည်။ ဆေးသောက်ရမှာထက် သူမကိုပဲ သောက်လိုက်ချင်သည်။ ဒါပေမဲ့ သူ အဲ့လို စကားမျိုး ပြောလိုက်ရင် သူမ သေချာပေါက် ဒေါသထွက်သွားပါလိမ့်မည်။
“ ကိုယ့်အိမ်မှာ ဘာဆေးမှ မရှိဘူး။ ”
အိမ်ထဲကို သူမနှင့်အတူ လိုက်ဝင်ဖို့ မျှော်လင့်နေတဲ့ သူ့မျှော်လင့်ချက်ကို ချန်ကျင်းလန်က စကား တစ်ခွန်းတည်းနှင့် ငြင်းဆန်လိုက်သည်။ “ ရှင် ဒီမှာ စောင့်နေ ၊ ကျွန်မ ဆေးသွားယူပေးမယ်။ ”
“ ကိုယ် ဆန်ပြုတ်သောက်ချင်တယ်။ ” သူ သူမလက်ကို ဆွဲကာ သူ့ဗိုက်ပေါ် တင်လိုက်၏။ “ ကိုယ့်ဗိုက်ထဲမှာ ဘာအစာမှ မရှိဘူး။ ကိုယ် မနေ့ညကတည်းက ဘာမှ မစားရသေးတာ။ ”
ချန်ကျင်းလန် သူ့ကို ဘာမှ ပြန်မပြောဘဲ စိုက်ကြည့်နေတော့ သူကလည်း မတုန်မလှုပ် ပြန်စိုက်ကြည့်နေသည်။
အတော် ကြာတော့မှ သူမက “ ကျွန်မ ရှင့်ကို ချက်ဖို့ အိုးနဲ့ ဆန်တော့ ပေးနိုင်တယ်။ ဒါပေမဲ့ ရှင် စားချင်တာကို ရှင့်ဘာသာရှင် ချက်ရမယ်။ ကျွန်မ ချက်ပေးဖို့တော့ မျှော်လင့်မနေနဲ့။ ”
ရှောက်ချန်းကျယ်ရဲ့ အပြုံးက ကြယ်တွေ ပြည့်နှက်နေသည့် ကောင်းကင် တစ်ဝက်ကို လင်းလက်သွားစေသည်။ “ အင်း။ ”
ဒီအိမ်ထဲကို တစ်ခေါက် ရောက်ဖူးပြီးသားမို့ ဒုတိယအကြိမ် ထပ်ရောက်ချိန်မှာ သူ့အတွက် စိမ်းသက်မနေဘဲ အစစ အရာရာ လွယ်ကူချောမွေ့နေသည်။ ရှောက်ချန်းကျယ်သည် အိမ်ထဉကို ဝင်ခဲဘပြီးနောက် သူ့လက်ဆွဲသေတ္တာကို ဝင်ပေါက်မှာ ထားခဲ့လျက် အိမ်ထဲမှာ စီးရတဲဘ ခြေညှပ်ဖိနပ် အပါးလေးတွေကို သူ့ဘာသာ လဲဝတ်လိုက်၏။ ထို့နောက် ရေချိုးခန်းထဲမှာ သူ့ဘာသာ လက်သွားဆေးလိုက်သည်။ ဘယ်နေရာမှာ ဘာရှိတယ်လို့ ဘယ်သူကမှ သူ့ကို လမ်းပြနေစရာ မလိုပါ။ ဒါနှင့်ဆို သူ မီးဖိုချောင်ဝင်တာ ဒုတိယအကြိမ်မို့ အိုးတွေ ၊ ဆန်တွေကို ဘယ်နေရာမှာ ထားလဲ ဆိုတာကိုတောင် သိသည်။
“ လီချီလေး အိပ်နေပြီလား။ ” သူ အေပရွန်ဝတ်ရင်း မေးလိုက်သည်။ “
“ အင်း။ ”
ချန်ကျင်းလန်က စားပွဲပေါ်မှာ ရေနှင့် ဆေးကို တင်ပေးလိုက်ပြီးနောက် သူ့နားမှာ ဆက်မနေတော့ဘဲ စာကြည့်ခန်းထဲ ဝင်ပြီး လုပ်စရာရှိတာ လုပ်နေလိုက်သည်။
ခဏကြာတော့ အပြင်ကနေ အမွှေးနံ့ ဖျော့ဖျော့ ပျံ့လွင့်လာသည်။ ချန်ကျင်းလန်ရဲ့ မျက်လုံးတွေကသာ ကွန်ပျူတာ ဖန်သားပြင်မှာ ရှိနေပေမဲ့ အစာအိမ်ကတော့ တဂွီဂွီ မြည်သံဖြင့် တုံ့ပြန်သည်။ သူမ ညစာကို ဗိုက်ဝအောင် စားထားတာတောင် သူမရဲ့ အစာအိမ်က ဘယ်အ အချိန်ကတည်းက ဆန်ပြုတ် တစ်ခွက်တည်းနှင့် လှုံ့ဆော်နိုင်တဲ့အထိ အားနည်းနေလဲ မသိတော့။
မတိုးမကျယ် တံခါးခေါက်သံ နှစ်ချက်ဆင့် ထွက်ပေါ်လာသည်။ ချန်ကျင်းလန် မော့ကြည့်လိုက်တော့ လက်ထဲမှာ ဆန်ပြုတ် နှစ်ပန်းကန်ကို ကိုင်ထားလျက် တံခါးကို တွန်းဖွင့် ဝင်လာသော ရှောက်ချန်းကျယ်ကို မြင်လိုက်ရသည်။
“ ကျွန်မ မစားတော့ဘူး ၊ ရှင့်ဘာသာ တစ်ယောက်တည်း သွားစားပါ။ ရှင် စားပြီးရင် ပန်းကန်မဆေးနဲ့နော်။ မနက်ဖြန်ကျ အိမ်အကူတွေ လာဆေးပေးလိမ့်မယ်။ ရှင့်ဘာသာရှင် သွားလိုရာကို ဖြောင့်ဖြောင့်တန်းတန်း ပြန်လို့ ရပြီ။ ”
သို့သော် သူမရဲ့ စကားဆုံးသည်နှင့် သူမဗိုက်ထဲကနေ ဂွီခနဲ အသံထွက်လာခဲ့ပါသည်။
ချန်ကျင်းလန် တစ်ယောက် စကားရပ်သွားသလို သူမရဲ့ အစတုန်းက အေးစက်နေတဲ့ မျက်နှာပေါ်မှာလည်း ရှက်သွားတဲ့ အရိပ်လေးတွေ ပေါ်လာခဲ့သည်။
ရှောက်ချန်းကျယ်က ဘာသံမှ မကြားချင်ယောင်ဆောင်ပြီး ဆန်ပြုတ်ကို စားပွဲပေါ်မှာ တင်၍ သူမနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်လေသည်။ “ ကိုယ် အများကြီး ချက်ထားမိလို့ ကိုယ်နဲ့ အဖော်လုပ်ပြီး နည်းနည်းလောက် ကူစားပေးပါ။ တစ်ယောက်တည်း စားရတာ အထီးကျန်တယ်။ ”
ချန်ကျင်းလန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ “ ရှင် အိမ်မှာဆို တစ်ယောက်တည်း စားတာ မဟုတ်ဘူးလား။ ”
“ အိမ်မှာ တစ်ယောက်တည်း စားတာက စားတာပဲလေ။ အခု ကိုယ့်ဘေးမှာ မင်း ရှိနေပြီ ဆိုတော့ အဲ့ဒါနဲ့ မတူဘူး။ ” ရှောက်ချန်းကျယ်က ဆန်ပြုတ်ကို ဇွန်းနှင့် မွှေကာ တစ်ဇွန်း ခပ်လိုက်ပြီး တဖူးဖူး မှုတ်ကာ သူမရဲ့ နှုတ်ခမ်းနား ကပ်ပေးလိုက်သည်။ “ မပူတော့ဘူး ၊ နည်းနည်း မြည်းကြည့်။ ”
ချန်ကျင်းလန်သည် သူမရဲ့ အစာအိမ်ထဲက ဘာသံမှ ထပ်မထွက်မလာနိုင်သေးခင်မှာပဲ ပါးစပ်ဟပြီး သူ ခွံ့ကျွေးတာကို စားလိုက်ရလေသည်။ ဘာအသား ၊ ဘာအသီးအရွက်မှ မပါဝင်တဲ့ ဆန်ပြုတ် ရိုးရိုးရှင်းရှင်း ဆိုပေမဲ့ စားချင်စဖွယ် မွှေးကြိုင်နေ၏။
“ ဘယ်လို နေလဲ စားရတာ။ ” သူမကို လှမ်းကြည့်နေတဲ့ သူ့မျက်လုံးထဲမှာ မျှော်လင့်စောင့်စားမှုတွေ အပြည့် ရှိ၏။
ချန်ကျင်းလန်ကတော့ ထုံးစံအတိုင်း သူ့ကို ဘုကလန့်သာ ပြန်ပြောလိုက်သည်။ “ ရှင် ဆန်ပြုတ်ကို ဘာအသား ၊ ဘာအသီးအရွက်မှ မထည့်ဘဲနဲ့ ဘယ်လောက် ကောင်းအောင် ချက်,ချက် အရသာမရှိတဲ့ ဆန်ပြုတ် အဖြူထည်ပဲ ဖြစ်နေမှာ။ ”
ရှောက်ချန်းကျယ်က သူမကို ခွံ့ကျွေးထားတဲ့ ဇွန်းဖြင့်ပင် တစ်ဇွန်း ခပ်သောက်လိုက်သည်။ “ ကိုယ်ကတော့ တော်တော်လေး မွှေးတယ်လို့ ထင်တာပဲ။ ”
ချန်ကျင်းလန် ဘာမှ မပြောနိုင်သေးခင်မှာပဲ သူမနှုတ်ခမ်းနားကို ဆန်ပြုတ် ခပ်ထည့်ထားတဲ့ ဇွန်းလေး ရောက်လာပြန်သည်။ “ နောက်ထပ်တစ်ခေါက် ထပ်ဖြည်းကြည့်လိုက် ၊ မင်း တဖြည်းဖြည်း အရသာတွေ့လာလိမ့်မယ်။ ”
သူ့ရဲ့ ပကတိ ကြည်လင်နေသော မျက်လုံးများကို ကြည့်ကာ ချန်ကျင်းလန် ရုတ်တရက် ဒေါသထွက်သွား၏။ စိတ်မရှည်စွာပင် ထိုဇွန်းကို လက်ဖြင့် ကာထုတ်လိုက်သည်။ “ ကျွန်မ မစားချင်ဘူးလို့ ပြောနေတယ်လေ။ ရှင့်ဘာသာ စားပြီးတာနဲ့ မြန်မြန် ပြန်တော့။ ”
ရလဒ်အနေဖြင့် ဇွန်းထဲက ဆန်ပြုတ်တွေ ဖိတ်စင်သွားကာ သူ့လက်ဖမိုးပေါ်ကို ကျကုန်လေသည်။
ချန်ကျင်းလန် ဆွံ့အသွားပြီး သူ့လက်မှာ ပေကျံနေတဲ့ ဆန်ပြုတ်တွေကို ကြည့်နေမိသည်။ ထို့နောက် နေရာမှ ထပြီး တစ်သျှူး အနည်းငယ်ကို ယူကာ သူ့ဘက်ကို သန့်ရှင်းသွားအောင် သုတ်ပေးရင်း တောင်းပန်လိုက်သည်။ “ ကျွန်မ တောင်းပန်ပါတယ် … ”
“ တောင်းပန်ဖို့ မလိုပါဘူး။ ” ရှောက်ချန်းကျယ်က သူမရဲ့ လက်ကို ဆုပ်ကိုင်ထားလိုက်ပြီး နံဘေးမှာ သွားထိုင်ကာ မျက်လွှာချထားတဲ့ မျက်နှာလေးကို ငေးစိုက် ကြည့်နေမိသည်။ “ စကားပြောရအောင်။ ”
စကားပြောရအောင်လို့သာ ပြောလိုက်ပေမဲ့ သူကိုယ်တိုင်လည်း ဘယ်က စပြောရမှန်း မသိပေ။ သူမရဲ့ အနည်းငယ် တွန့်ချိုးနေသော မျက်ခုံးတွေကို မြင်တော့ ရှောက်ချန်းကျယ် တိုးလျစွာ မေးလိုက်သည်။ “ မင်း ကိုယ့်ကို … အရမ်း မုန်းနေတာလားဟင် ကျင်းလန် … ”
အကြာကြီး တိတ်ဆိတ်နေပြီးနောက် ချန်ကျင်းလန်ရဲ့ မျက်လုံးထဲမှာ ဘာမှမရှိ လစ်ဟာနေတဲ့ ဗလာနတ္ထိ ခံစားချက်တွေ ယှက်သန်းသွားသည်။ “ ကျွန်မ ရှင့်ကို တကယ်ပဲ အရမ်း မုန်းနေရင် ကျွန်မကို ဒီလို အနိုင်ကျင့်ခွင့်ပေးမှာတောင် မဟုတ်ဘူး။ ရှင်နဲ့ အဝေးဆုံးမှာပဲ ရှိနေမှာ။ ”
သူ့အကြံအစည်တွေကို ဖောက်ထွင်း မြင်နေပေမဲ့ သူ့ကို သူမဆီ ချဉ်းကပ်ခွင့်အား ကိုယ်တိုင်ပဲ ဖြည်းဖြည်းချင်း ပေးမိနေတယ် ဆိုတာကိုလည်း သိပါသည်။ သူမနှုတ်က မဝန်ခံရင်တောင်မှပေါ့။
သူမတို့ နှစ်ယောက်ကြားမှာ ရှိနေတဲ့ အစိုင်အခဲတွေက အမုန်းတရားထက် နားလည်မှုလွဲခြင်းတွေ ဖြစ်နေမှန်း သူမ သိလျှင်တောင် နှစ်တွေ အကြာကြီး အမြစ်တည်လာခဲ့တဲ့ မကျေနပ်ချက်တွေက ဘယ်လိုလုပ် မျက်စိတစ်မှိတ်အတွင်း အငွေ့ပျံ ပျောက်ကွယ်သွားရတာလဲ။ မုန်းတဲ့ ခံစားချက်က လွဲလို့ လက်ရှိအချိန်မှာ သူ့ကို ဘယ်လို တုံ့ပြန်ဆက်ဆံရမလဲ ဆိုတာ ဝေခွဲမရ ဖြစ်နေမိ၏။
သူ့ကို သူမနှင့် နီးစပ်ခွင့်ပေးခဲ့ပေမဲဘ သူနှင့် လိုက်လျောညီထွေဖြစ်အောင် ဘယ်လို နေရမလဲ ဆိုတာ မသိပါ။ ပြီးတော့ သူ့ကို ဘယ်လောက်တောင် နီးစပ်ခွင့်ပေးခဲ့မိပြီလဲ ဆိုတာကိုလည်း သူမ မသေချာ။
လူငယ်ဘဝတုန်းကတော့ သူမဟာ ဘာကိုမှ သိပ်ထည့်မတွက်ဘဲ တဇွတ်ထိုးဆန်ခဲ့ပေမဲ့ အခုအချိန်မှာ အသက်ကြီးလာတာနှင့်အမျှ ရင့်ကျက်ခဲ့ပြီမို့ ဟိုးအရင်တုန်းက သတ္တိမျိုး မရှိတော့ပါ။
ချန်ကျင်းလန်သည် သူ့မျက်နှာကို လက် နှစ်ဖက်နှင့် ဆုပ်ကိုင်ပြီး သူ့မျက်လုံးတွေရဲ့ ဟိုးအနက်ရှိုင်းဆုံးကို စိုက်ကြည့်လိုက်မိသည်။ “ ကျွန်မကို ထပ်မလိမ်ပါနဲ့တော့နော် ချန်းကျယ် … ”
နောက်တစ်ခေါက် ဆိုတာသာ ထပ်ရှိခဲ့လျှင် သူတို့ နှစ်ယောက်ကြားမှာ သေခြင်းတရားက လွဲလို့ ရှေ့ဆက်စရာ မရှိတော့။
ထိုအခိုက်အတန့်မှာ ရှောက်ချန်းကျယ်ရဲ့ မျက်ဝန်းနက်တွေထဲကို အဆုံးမရှိတဲ့ ပျော်ရွှင်မှုတွေ ဝင်ရောက်လာကာ အလင်းတန်းများ တောက်ပသွားခဲ့သည်။
သူမရဲ့ နှုတ်ခမ်းလေးကို သူ ငုံ့နမ်းလိုက်၏။ “ အင်း၊ ကိုယ် ကတိပေးတယ်။ ”
ရှည်ကြာလွန်းတဲ့ အနမ်း တစ်ပွင့်ပါပဲ။ အစပိုင်းမှာ ချန်ကျင်းလန်က ကြမ်းပြင်ပေါ်မှာ ရပ်နေခဲ့ပြီး ခဏကြာတော့ ရှောက်ချန်းကျယ်က သူမကို စားပွဲပေါ် ပွေ့ချီတင်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က သူမအပေါ် ငုံ့မိုးလာပြီး နှုတ်ခမ်းချင်း ၊ လျှာချင်း ရစ်ပတ်နေကြ၏။ သူမ တဖြည်းဖြည်း အားအင်တွေ လျော့နည်းလာသလို ခံစားလာရကာ သူ့ရင်ခွင်ကို နူးညံ့စွာ မှီနွဲ့ရင်း သူ ဆန္ဒရှိသလို လုပ်ဆောင်ခွင့်ပေးလိုက်ရတော့သည်။
ထို့နောက် ချန်ကျင်းလန် အသိစိတ် အနည်းငယ် ပြန်ဝင်လာပြီး သူ့ရဲ့ လှုပ်ရှားနေတဲ့ လက်တွေကို “ မလုပ်နဲ့။ ” ဟူသော အသံတိုးတိုးဖြင့် ဟန့်တားလိုက်ပါသည်။
ရှောက်ချန်းကျယ်ရဲ့ လက်တွေ ရပ်တန့်သွားပြီး သူမကို နှုတ်ခမ်းချင်း ဖိကပ်ကာ ခပ်ဖွဖွ နမ်းရှိုက်ခဲ့သည်။ အနမ်း တစ်ခုရဲ့ အဆုံးက နောက်ထပ် အနမ်း တစ်ခုရဲ့ အစ။
ချန်ကျင်းလန်ရဲ့ နှလုံးသားထဲမှာ ခံစားချက် တစ်စုံတစ်ရာရဲ့ လှုပ်ရှားမှုဖြင့် မွှေနှောက်လှုပ်ခတ်ကာ အနေရခက်လာမိသည်။ သူမ သူ့ကို ရပ်စေချင်သလို ဆက်၍လည်း လုပ်စေချင်သည် ၊ နူးညံ့စေချင်သလို ပိုပြီးတော့လည်း ကြမ်းတမ်းစေချင်ပါသည်။
“ နာလား … ” ရှောက်ချန်းကျယ်က ခဏ ရပ်ပြီး သူမကို ကြည့်လိုက်သည်။
ချန်ကျင်းလန်က ဘာမှ ပြန်မပြောဘဲ နှုတ်ခမ်းကိုသာ ကိုက်ထားလိုက်ပြီး သူမရဲ့ မျက်လုံးတောက်တောက်လေးတွေထဲမှာ တောင်ပေါ်စမ်းချောင်း တစ်စင်းမှာ မြူတွေ အုံ့ဆိုင်းနေသလိုမျိုး မှုန်မှိုင်းဝေသီလာခဲ့၏။ သူ့ဆီက အနည်းငယ်မျှသော လှုပ်ရှားမှုဖြင့် ထိုမြူတွေ ဖယ်ရှားသွားပြီး လှိုင်းဂယက်လေးတွေ ထလာခဲ့သည်။
ရှောက်ချန်းကျယ်ရဲ့ လက်ဖျားတွေက သူမရဲ့ နှုတ်ခမ်းတွေကို ဖိထားပြီး သွားတန်းဖြူလေးတွေကြားက နူးညံ့တဲ့ အနီရောင်လေးကို ပွတ်သပ်နေခဲ့သည်။ သူ့အသံထဲမှာ မီးလို ပြင်းပြတဲ့ ဆန္ဒတွေဖြင့် တိုးလျလာခဲ့သည်။ “ မင်း ကိုယ့်ကို ဘာလုပ်စေချင်လဲ မြောင်မြောင် … ”
ချန်ကျင်းလန်က ဘာကိုမှ ဂရုမစိုက်ဘဲ သူ့လက်ချောင်းတွေကို ကိုက်ပစ်လိုက်သည်။ “ ကျွန်မ ရှင့်ကို အိမ်ပြန်စေချင်တယ်။ ”
ရှောက်ချန်းကျယ်က ခပ်အက်အက် ရယ်လိုက်၏။ “ မိနိးကလေးချန်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အကုန်လုံးထဲမှာ ပါးစပ်က … နမ်းဖို့ အခက်ဆုံးပဲ။ ” သူက သူမရဲ့ နှုတ်ခမ်းထောင့်လေးကို ဆွဲစုပ်ရင်း “ မိန်းကလေးချန်က ကျွန်တော့်ကို ဘာလုပ်ပါလို့ မပြောဘူး ဆိုတော့ ကျွန်တော့်စိတ်တိုင်းကျပဲ လုပ်လိုက်တော့မယ်။ ” ဟု ပြောလိုက်လေသည်။
သူမရဲ့ မျက်တောင်ထူထူလေးတွေ တဖျတ်ဖျတ် လှုပ်ရှားသွားသည်။ ချန်ကျင်းလန်က စားပွဲပေါ်ကနေ ထချင်၍ သူ့ပခုံးတွေကို တွန်းဖယ်လိုက်သည်။ ရှောက်ချန်းကျယ်ရဲ့ ခြေထောက်ရှည်ရှည်တွေက ချက်ချင်းပဲ စားပွဲအစွန်းကို ရောက်လာပြီး သူမရဲ့ လမ်းကို ပိတ်ထားခဲ့သည်။ ချန်ကျင်းလန် သူ့ကို မျက်စောင်းထိုးလိုက်၏။ ရှောက်ချန်းကျယ်က သူမရဲ့ ဒေါသထွက်နေတဲ့ မျက်လုံးတွေကို နမ်းရှိုက်ရင်း လက် တစ်ဖက်ဖြင့် သူမရဲ့ ခါးကို ပွေ့ချီကာ သူ့ပခုံးပေါ် တင်လိုက်ပြီး စာကြည့်ခန်းထဲက ထွက်၍ အိပ်ခန်းထဲသို့ လျှောက်လာခဲ့လိုက်သည်။
ချန်ကျင်းလန်က ရုန်းကန်နေရင်း သူမရဲ့ အသံက ရည်ရွယ်ချက်မရှိဘဲ နူးနူးညံ့ညံ့ ချော့မြူနေသလို အသံလေး ဖြစ်သွားခဲ့သည်။ “ ဟင့်အင်း ၊ ရှင် ဖျားနေတယ်လေ။ ”
“ ကိုယ် ဆေးလည်း သောက်ပြီးပြီ ၊ ဆန်ပြုတ်လည်း သောက်ပြီးပါပြီ။ ”
ချန်ကျင်းလန်က သူ့ကို သူမအိပ်ရာနား ကပ်ခွင့် မပေးဘဲ ဆက်တိုက် ခေါင်းခါ ငြင်းဆန်နေခဲ့သည်။ “ ရှင် ဒီနေ့ တစ်နေကုန် လေယာဉ်စီးလာရတာ ၊ ရေလည်း ချိုးရသေးတာ မဟုတ်ဘူး။ ”
ရှောက်ချန်းကျယ်ရဲ့ ခြေလှမ်းတွေက ချက်ချင်းပဲ ရေချိုးခန်းဆီ ဦးတည်သွားကာ ရေချိုးခန်းတံခါးကို တွနးဖွင့်၍ သူမကို ဘေစင် ဘောင်ပေါ် တင်ပြီး လက် တစ်ဖက်ဖြင့် ရှပ်အင်္ကျီကြယ်သီးတွေကို ဖြုတ်လိုက်၏။
“ အတူတူ ရေချိုးကြမယ်။ ”
ရှပ်အင်္ကျီ ကျွတ်ကျသွားသလို မီးရောင်အောက်မှာ ချန်ကျင်းလန်ရဲ့ အကြည့်တို့ ခဏတာ အေးခဲသွားသည်။ သူမက ခြေထောက် တစ်ဖက်ကို မြှောက်၍ သူ့ကို ပိတ်ဆို့တားဆီးကာ သူနှင့် မျက်လုံးချင်း မဆုံအောင် အကြည့်လွှဲထားခဲ့သည်။ “ ဟင့်အင်း ၊ ကျွန်မတို့ မဖြစ် … ”
ရှောက်ချန်းကျယ်က သူမရဲ့ ဖြူဖြူသွယ်သွယ် လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး သူ့ရဲ့ အုံ့မှိုင်းနေသော အကြည့်လည်း အရောင်ပြောင်းသွားသည်။ “ ဒါဆို ကိုယ် မင်းကို ကူပေးမယ် …… ။ နာလား …”
ရေချိုးခန်းထဲမှာ ရေခိုးရေငွေ့တွေ ပြည့်နှက်သွားလျက် မှန်မှာ ရေငွေ့တွေ ငွေ့ရည်ဖွဲ့ပြီး ဝေဝါးသွားကာ သူတို့ နှစ်ယောက်ရဲ့ အချိန်ကြာမြင့်စွာ ပေါင်းစပ်နေတဲ့ ပုံရိပ်ကို မပီဝိုးတဝါး ဖြစ်သွားစေခဲ့သည်။ တိုးလျလျ အသက်ရှူသံတွေကြားမှာ မောဟိုက်သံတွေ ရောယှက်နေ၏။ “ မင်း ကိုယ့်ကို လွမ်းလား။ ”
သူမရဲ့ နားရွက်ကို လေပူတွေ ထိတွေ့သွားသည်။ ချန်ကျင်းလန်ရဲ့ ပါးပြင်မှာ နှင်းဆီသွေးရောင် လွှမ်းသွားပြီး ခေါင်းခါပြလိုက်၏။ ဖြူနုသော အသားအရေလေးမှာ စွဲမက်ဖွယ်ရာ ပန်းရောင်သမ်းနေကာ ချွေးစက် တချို့က မည်းနက်သော မျက်ခုံးပေါ်က စီးကျတော့မလို ရှိနေသည်။ ရှောက်ချန်းကျယ်က သူ့လှုပ်ရှားမှုကို ချက်ချင်း ရပ်ပြီး သူမနဖူးပေါ်က ချွေးစက်လေးတွေကို လျှာနှင့် လျက်လိုက်၏။
“ ကိုယ်ကတော့ မင်းကို အရမ်း လွမ်းနေခဲ့တာ။ မင်းကတော့ ကိုယ့်ကို လေဆိပ်မှာတောင် လာမကြိုဘူး။ ”
ချန်ကျင်းလန်ရဲ့ မျက်လုံးတွေ ဖျတ်ခနဲ ပွင့်လာပြီး သူ့ကို ကြည့်သည်။ ထိုမျက်လုံးတွေက ရောင်စုံ အကွက်အပြောက်တွေအောက်မှာ တလက်လက် တောက်ပနေတဲ့ နွေဦး စမ်းချောင်းလေး တစ်စင်းလို အစိမ်းရောင် တရိပ်ရိပ် သန်းနေခဲ့သည်။
ချွေးတို့ဖြင့် စိုစွတ်နေသော သူမရဲ့ လက်တွေက သူ့လည်ပင်းကို အား အနည်းငယ် စိုက်ထုတ်၍ ပွေ့ဖက်ထားသည်။ သူမက သူ့နာမည်ကို ခပ်တိုးတိုး ခေါ်လိုက်ပါသည်။ “ ရှောက်ချန်းကျယ် … ”
သူ ခေါင်းငုံ့ပြီး “ မင်း ကိုယ့်ကို လွမ်းလား။ ” ဟု ထပ်မေးလိုက်တော့ ချန်ကျင်းလန်ကလည်း မျက်လုံးထောင့်မှာ မျက်ရည် ဝေ့သီလျက်ပင် “ လွမ်းတယ် ” ဆိုတဲ့ စကားလုံးကို ဝန်ခံဖို့ ခေါင်းခါ၍ ငြင်းဆန်နေဆဲပင်။
ရှောက်ချန်းကျယ် မေးခွန်းပြောင်းလိုက်သည်။ “ မင်း အနာဂတ်မှာရော ကိုယ့်ကို လေဆိပ်မှာ လာကြိုမှာလား။ ”
ချန်ကျင်းလန်က သူ့ရင်ဘတ်ကို မှီနေသည်။ ဗလာနတ္ထိ ခံစားချက်နှင့် အနေရခက်မှုက သူမရဲ့ စိတ်နှင့် ခန္ဓာကို ကိုက်စားဝါးမျိုသွား၏။ သူမ ဖျတ်ခနဲ အသက် အမြန် ရှူလိုက်ပြီး လည်ချောင်းထဲက ထွက်အံ့ဆဲဆဲ စကားလုံးတွေကို ပြန်ထိန်းထားလိုက်ရသည်။
ရှောက်ချန်းကျယ် ခပ်တိုးတိုး ရယ်လိုက်၏။ သူမရဲ့ ခေါင်းမာမှုနှင့် အရှုံးမပေးချင်စိတ်က တကယ်ပဲ ဆွဲဆောင်မှုရှိလွန်းပြီး သူ့အား သူမအပေါ် ကြင်နာချင်စိတ် ဝင်စေသလို ပြင်းပြင်းထန်ထန်လည်း နှိပ်စက်ညှင်းပန်းချင်မိသည်။
သူ ခြေ တစ်လှမ်း နောက်ဆုတ်ပြီး နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေမည့် ငြိမ်းချမ်းရေး ကမ်းလှမ်းချက် တစ်ခုကို ညှိနှိုင်းလိုက်၏။ “ ကိုယ် အများကြီး မတောင်းဆိုဘူး။ တစ်ခါတည်းပဲ ၊ ရမလား။ ” သူ့နှုတ်ခမ်းက သူမရဲ့ မျက်လုံးထောင့်နှင့် ထိတိုက်သွားကာ ချိုမြိန်သော်လည်း ခပ်ချဉ်ချဉ် အရသာရှိသော မျက်ရည်တွေကို အရသာခံမိလိုက်သည်။
***