← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အပိုင်း ( ၅၈ )

ချန်လီချီမှာ အဖေဖြစ်သူကို ကူညီပေးချင်စိတ် အပြည့်အဝ ရှိသည်။ ဖေဖေက အိတ် အလေးကြီး နှစ်အိတ်ကို သယ်လာစဉ်မှာ သူမက နွားနို့ဘူးအရှည်လေးကို ကူသယ်ပေးခဲ့သည်။ ဖေဖေက လက်ဆေးနေစဉ်မှာ သူမက ဖေဖေ့အတွက် လက်သုတ်ပဝါ ယူပေးခဲ့ပြီး ဖေဖေ မီးဖိုချောင်ထဲ ဝင်သွားတော့လည်း သူမပါ နောက်မှာ ကပ်လျက်။

ဖေဖေက မေမေ့အတွက် ရေနွေးနွေးလေး တစ်ခွက် ယူပေးတော့ သူမကလည်း အားကျမခံပင် မေမေရဲ့ ဗိုက်ပေါ်ကို စောင်လေး ခြုံပေးလိုက်သည်။ ဖေဖေ ပန်းသီးအခွံနွှာနေပြန်တော့လည်း သူမက ဘေးမှာ ရပ်ပြီး စပျစ်သီးခြောက်တွေကို စားနေခဲ့သည်။

အဲ့ဒီနောက် စပျစ်သီးခြောက်တွေက အရမ်း ချိုတာပဲဟု တွေးမိသွားသောကြောင့် လက်တစ်ဆုပ်စာ ယူပြီး ဧည့်ခန်းထဲကို ပြေးသွားကာ မေမေ့ကို ပေးလိုက်သည်။ “ ဒီစပျစ်သီးခြောက်လေးတွေ စားကြည့် မေမေ။ အရမ်း ချိုတယ်။ ”

ချန်ကျင်းလန်က အနည်းငယ် ယူစားကြည့်ပြီး “ သမီး ပြောတာ ဟုတ်တယ်။ ဒီစပျစ်သီးခြောက်တွေက တော်တော်လေး ချိုတယ်။ ” ဟု ပြန်ပြောလိုက်၏။

ချန်လီချီလေးက ချစ်စဖွယ် အပြုံးလေးဖြင့် မေမေ့ဘေးမှာ ဝင်ထိုင်ပြီး မေမေ့ရဲ့ ပေါင်လေးကို မှီနေလိုက်သည်။ ပြီးတော့ မေမေ့ရှေ့မှာ တင်ထားတဲ့ ချစ်စရာ ကြောင်ရုပ် မတ်ခွက်လေးဆီ အကြည့်ရောက်သွားမိသည်။ “ မေမေ့ခွက်လေးက လှလိုက်တာ။ ဖေဖေက အဲ့ဒါ မေမေ့အတွက် သူ သေချာ ရွေးပြီး ဝယ်ထားတာလို့ ပြောတယ်။ ”

ချန်ကျင်းလန်ရဲ့ မျက်လုံးတွေက ထိုခွက်ကလေးထံမှာ စက္ကန့်ပိုင်းလောက် ငြိတွယ်နေခဲ့ပြီးမှ ဖျတ်ခနဲ အကြည့်လွှဲကာ စပျစ်သီးခြောက် တစ်ခု ယူပြီး ချန်လီချီလေးကို ခွံ့ကျွေးလိုက်သာ်။ “ သမီးရဲ့ ကိုယ်ပိုင် ခွက်ကလေးလည်း အရမ်း လှပါတယ်နော်။ သမီးက အဲလ်ဆာကို အကြိုက်ဆုံးပဲ မဟုတ်ဘူးလား။ ”

“ ဟုတ်တယ်နော်။ ” ချန်လီချီလေးက ခပ်မတ်မတ် ပြင်ထိုင်ကာ သူမရဲ့ ကိုယ်ပိုင် မတ်ခွက်လေးဖြင့် ရေ တစ်ငုံ သောက်လိုက်ပြီးနောက် မီးဖိုချောင်ဘက်ကို လှမ်းပြောလိုက်သည်။ “ သမီးကို ဒီခွက်လေး ဝယ်ပေးလို့ ကျေးဇူးတင်ပါတယ် ဖေဖေရေ။ သမီး ဒီခွက်လေးနဲ့ ရေသောက်တိုင်း ရေက ချိုနေရော။ ”

မီးဖိုချောင်ထဲကနေ အပြုံးရိပ်သမ်းနေတဲ့ စကားသံ ပြန်ထွက်လာသည်။ “ လီချီလေး ကြိုက်တယ်ဆို ဖေဖေက ရပြီ။ ”

အပြင်မှာတော့ မိုးက အခုထိ အားကောင်းဆဲ ဖြစ်ကာ မိုးစက်တွေက ပြတင်းပေါက်မှန်ကို သည်းသည်းမည်းမည်း ထိမှန်လျက် ကောင်းကင် တစ်ခုလုံး ညို့မှိုင်းမှောင်မည်းနေခဲ့သည်။ အပြင်မှ ဘယ်လောက်ပဲ လေထန် မိုးသည်းနေပါစေ ၊ အထဲက မီးအိမ်လေးရဲ့ နွေးထွေးဖွယ် လိမ္မော်ရောင် အလင်းရောင်ကိုတော့ သက်ရောက်မှု မရှိနိုင်ခဲ့ပါ။

ချန်လီချီလေးက တီဗီဖန်သားပြင်ကို မျက်တောင်မခတ်စတမ်း ကြည့်ရင်း ကာတွန်းကားထဲမှာ နစ်မြုပ်နေခဲ့သည်။ ချန်ကျင်းလန်က သူမလေးရဲ့ ဘာမှ မရှိတော့တဲ့ ခွက်လေးကို မီးဖိုချောင်းထဲ ယူသွားပေးလိုက်တော့ ရှောက်ချန်းကျယ်က တစ်ချက် မော့ကြည့်ပြီး ခွက်ကို ယူကာ ရေနွေး ပြန်ဖြည့်ပြီး သူမရှေ့ ချပေးသည်။ “ မင်း ဒီခွက်ကို မှတ်မိသေးလား။ ”

ဟိုးအရင် တစ်ချိန်တုန်းက သူတို့ နှစ်ယောက် ကုန်တိုက်ကို သွားရင်း ဒီမတ်ခွက်တွေကို အစုံလိုက် ဝယ်ခဲ့တာ ဖြစ်သည်။ အဖြူရောင် ခွက်က သူမအတွက် ၊ အမည်းရောင် ခွက်ကတော့ သူ့အတွက်။

ချန်ကျင်းလန်က ခဏ တိတ်သွားပြီးမှ “ ရှင် ဒီပစ္စည်းတွေ အကုန်လုံးကို အခုထိ သိမ်းထားသေးတာလား။ ” ဟု မေးလိုက်သည်။

ဖိနင်စင်ရဲ့ အောက်အကန့်က အဖြူရောင် ဖိနပ် ၊ စားပွဲပေါ်က အလှတင်ပန်းအိုး ၊ ပြီးတော့ သူမရဲ့ လက်ထဲမှာ အခု ကိုင်ထားတဲ့ ခွက် … ။

“ ကိုယ် အရင်တုန်းကတော့ အဲ့ပစ္စည်းတွေ အကုန်လုံးကို တစ်နေရာမှာ သိမ်းထားဖူးပါတယ်။ အိမ်ကို သန့်ရှင်းရေးဝန်ဆောင်မှုက သန့်ရှင်းရေး လာလုပ်တုန်း အဲ့ပစ္စည်းတွေကို လွှင့်ပစ်ခိုင်းဖို့လည်း လုပ်သေးတယ် ၊ ဒါပေမဲ့ သူတို့ကို ပြောဖို့ မေ့သွားတယ်ပဲ ဆိုပါတော့။ ကိုယ် ထင်တာတော့ ကိုယ့်မသိစိတ်ထဲကနေ အမှတ်တရတွေကို ဆက်သိမ်းထားချင်လို့ ဒီပစ္စည်းတွေကို လွှင့်မပစ်နိုင်တာပဲ ထင်ပါတယ်။ အရင် ရက်တွေတုန်းက ကိုယ် တိုက်ခန်းကို သန့်ရှင်းရေး ပြန်လုပ်ရင်းနဲ့ ဒီပစ္စည်းတွေကိုပါ ပြန်ထုတ်လာခဲ့တာ။ မပြောနိုင်ဘူးလေ … ၊ တစ်နေ့နေ့မှာ မင်း ဒီကို လာလည်တုန်း အဲ့ပစ္စည်းတွေကို မြင်သွားရင် ကိုယ် အမှတ် နည်းနည်း ရနိုင်တယ် မဟုတ်လား။ ”

ချန်ကျင်းလန်က နှုတ်ခမ်း တစ်ချက် မဲ့လိုက်သည်။ “ ရှင်က အရမ်း ပွင့်လင်းလွန်းနေတာပဲ။ ”

ရှောက်ချန်းကျယ်ကတော့ သူမကို စိတ်ရင်းဖြင့် ကြည့်လိုက်ပါသည်။ “ အတိတ်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေက ကိုယ့်ကို နာကျင်စရာကောင်းတဲ့ သင်ခန်းစာ တစ်ခု သင်ပေးခဲ့တယ်။ ကိုယ်တို့ နှစ်ယောက်ကြားမှာ အထင်လွဲတာတွေ ထပ်မရှိစေချင်တော့ဘူး။ အဲ့ဒါကြောင့် ကိုယ့်အတွေးတွေကိုလည်း မင်း မသိအောင် ဆက်ဖုံးကွယ်မထားတော့ဘူး။ ”

ချန်ကျင်းလန်က မျက်လုံးမလွှဲဘဲ သူ့အကြည့်ကို တိုက်ရိုက် ပြန်ကြည့်နေခဲ့သည်။

“ ကိုယ် တောင်းပန်ပါတယ်။ ” လို့ ရှောက်ချန်းကျယ်က ခပ်တိုးတိုး ပြောလိုက်တော့ သူမက “ ဘာကို တောင်းပန်တာလဲ။ ” ဟု ပြန်မေး၏။

“ သူ ပြောခဲ့တဲ့ စကားတွေကိုပေါ့ ၊ အရင်တုန်းက ပြောခဲ့တဲ့ စကားတွေကိုရော .. အခု ပြောသွားတဲ့ စကားတွေကိုရော … မင်းစိတ်ထဲ မထည့်ပါနဲ့။ ”

ချန်ကျင်းလန် အကြည့်လွှဲလိုက်သည်။ “ တချို့ စကားတွေကို စိတ်ထဲ မထည့်ဖို့ ဆိုတာ ထင်သလောက် မလွယ်ဘူး။ ကျွန်မက စိတ်အထိအရှလွယ်တဲ့ လူ ဆိုတော့ ပိုဆိုးတာပေါ့လေ။ ”

ရှောက်ချန်းကျယ်က သူမအနား တိုးကပ်သွားပြီး “ မင်း ကိုယ့်ကို စိတ်ဆိုးနေတာလား။ ” ဟု မေးလိုက်သော်လည်း သူမထံမှ ဘာစကားမှ တုံ့ပြန်မလာပါ။

သူ သူမရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ “ ကိုယ့်ကို အော်ချင်လည်း အော်လိုက် ၊ ရိုက်ချင်လည်း ရိုက်လိုက်။ မင်းဒေါသကို ကိုယ့်ဆီမှာ ထွက်ပေါက်ပေးလိုက်ပါ။ အဲ့လိုကြီး တစ်ယောက်တည်းတော့ မျိုသိပ်မထားပါနဲ့။ ”

ထိုအချိန်မှာပဲ မုန့်ဖုတ်စက်ထံမှ တင်ခနဲ အသံထွက်လာသောကြောင့် ချန်ကျင်းလန်က သူမရဲ့ လက်ကို ရုန်းပြီး “ ရှင့်ပီဇာကို သွားကြည့်လိုက်ဦး။ ” ဟု ပြောလိုက်သည်။

ရှောက်ချန်းကျယ်က သူမရဲ့ လမ်းကို ပိတ်လိုက်ပြီး အပူခံလက်အိတ်စွပ်၍ မုန့်ဖုတ်စက်ထဲမှာ ပီဇာကို ထုတ်ယူလိုက်သည်။ အပြင်ကို ပီဇာ ရောက်သည်နှင့် စားချင်စရာ မွှေးရနံ့လည်း ပျံ့လွင့်လာခဲ့သည်။ ရှောက်ချန်းကျယ်က ပီဇာကို တစ်စိတ် လှီးလိုက်ပြီး အပူလျော့သွားအောင် လေမှုတ်၍ သူမရဲ့ ပါးစပ်နား ကပ်ပေးလိုက်သည်။ “ မြည်းကြည့်မလား။ မပူတော့ဘူး။ ”

သူမ ပါးစပ်မဖွင့်မချင်း သူ့လက်ကလည်း ထိုအနေအထားတိုင်းပဲ ရပ်နေတာမို့ နောက်ဆုံးတော့ ချန်ကျင်းလန်ကပဲ သူ ‌ခွံ့ကျွေးတာကို တစ်ကိုက် ကိုက်လိုက်ရလေသည်။

ရှောက်ချန်းကျယ်က သူမကို မျှော်လင့်ချက်ကြီးသော မျက်လုံးများဖြင့် ကြည့်နေသည်။ “ အရသာ ဘယ်လို နေလဲ။ စားကောင်းလား။ ”

“ မဆိုးပါဘူး။ ”

‌” တကယ်လား။ ” ရှောက်ချန်းကျယ်က သူမ ကိုက်လိုက်တဲ့ နေရာကိုကဲ ထပ်ကိုက်ပြီးမှ သူမကို ကြည့်ကာ ပြောလိုက်သည်။ “ ကိုယ်ကတော့ တော်တော်လေး စားကောင်းတယ်လို့ ထင်တာပဲ။ ”

“ လုံးဝကြီး မကောင်းတာတော့ မဟုတ်ဘူးပေါ့။ ”

“ ဒါဆို နောက်တစ်ခေါက်ကျ ပို‌အရသာရှိအောင် ကိုယ် ပိုကြိုးစားရဦးမှာပဲ။ ”

“ ကြိုးစားရဦးမှာ မဟုတ်ဘူး။ သေချာပေါက်ကို မဖြစ်မနေ ကြိုးစားရမှာ။ ”

ရှောက်ချန်းကျယ် မျက်ခုံးပင့်လိုက်သည်။

သူ့ကို မော့ကြည့်နေတဲ့ ချန်ကျင်းလန်ရဲ့ မျက်တောင်လေးတွေက တဖျတ်ဖျတ် လှုပ်ရှားသွားသည်။ “ ရှင် ကျွန်မတို့မိသားစုထဲကို ဝင်ချင်တယ် ဆိုရင် လီချီလေးကိုတော့ ရှင့်ဘက် ပါအောင် စည်းရုံးရ လွယ်လိမ့်မယ် ၊ ဒါပေမဲ့ ကျွန်မမိဘတွေကိုတော့ လွယ်လွယ်နဲ့ စည်းရုံးလို့ ရမှာ မဟုတ်ဘူး။ ရှင့်ရဲ့ အချက်အပြုတ် လက်ရာက တော်တော်လေး လိုသေးတယ်။ ”

ရှောက်မိသားစုရဲ့ သခင်ကြီးက သူမကို သေလောက်အောင် မုန်းတီးနေတာမို့ သူမကလည်း သူ့ကို သူမအပေါ် ပိုမုန်းတီးအောင် လုပ်ကြည့်ချင်သည်။ ချန်ကျင်းချွမ် ပြောခဲ့သလိုပါပဲ ၊ သူတို့ရဲ့ အဖိုးတန်ဆုံး မြေးလေးကို ချန်မိသားစုက ခိုးယူလိုက်ခြင်းက သူ့ကို ဒေါသပေါက်ကွဲသွားစေလောက်သည်။

ရှောက်ချန်းကျယ် ‌ဆွံ့အနေစဉ်မှာပဲ ပီဇာအနံ့ကို ရသွားတဲ့ ချန်လီချီလေးက မီးဖိုချောင်ထဲ ပြေးဝင်လာခဲ့သည်။ “ သမီးတို့မိသားစုထဲ ဝင်တယ် ဆိုတာ ဘာကို ပြောတာလဲ မေမေ။ ”

ချန်ကျင်းလန်က သူ့ကို တွန်းထုတ်လိုက်ပေမဲ့ ရှောက်ချန်းကျယ်က သူမရဲ့ လက်ကောက်ဝတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တာမို့ သူတို့ နှစ်ယောက် မျက်လုံးချင်း ဆုံချိန်မှာ သူ့မျက်လုံးတွေ လက်ခနဲ တောက်ပလင်းဖြာသွားသည်။

ရှောက်ချန်းကျယ်က ချန်လီချီလေးကို ပြန်ပြောလိုက်သည်။ “ အဲ့ဒါက … ဖေဖေက သမီး‌ရဲ့ မေမေနဲ့ လက်ထပ်ချင်နေတယ်လို့ ပြောတာ။ ”

ဖေဖေက မေမေနဲ့ လက်ထပ်ချင်တယ်တဲ့လား။ အဲ့ဒါက ဖေဖေ သတို့သား ဖြစ်ချင်တယ်လို့ ပြောတာမို့လား။

ချန်လီချီလေးသည် စိတ်လှုပ်ရှားသွားသည်။ “ ဒါဆို ဖေဖေ သတို့သားဝတ်စုံ ဝတ်ရမှာပေါ့နော် … ”

......

အပြင်မှာ မိုးက တစ်ချက် တစ်ချက် သည်းလာလိုက် ၊ စဲသွားလိုက်ဖြင့် တောက်လျှောက် မရပ်မနား ရွာသွန်းနေလျက် ပူပြင်းသော ရာသီဥတုအလယ်ကို ကြုံတောင့်ကြုံခဲ အေးမြမှုလေးတွေ ယူဆောင်လာခဲ့သည်။

မုန့်ဖုတ်စက်ထဲက ပီဇာလည်း ကျက်ပြီမို့ ရှောက်ချန်းကျယ်က ဟင်းပွဲ အနည်းငယ်ကို ခပ်သွက်သွက် မွှေကြာ်လေး ကြော်ကာ ပန်းသီးစွပ်ပြုတ်ချို တစ်ခွက်ကိုလည်း ချက်လိုက်သည်။ တရုတ်အစားအစာနှင့် အနောက်တိုင်း အစားအစာတွေရဲ့ ပေါင်းစပ်မှုက ချန်လီချီလေးအား ပေါက်စီလုံးလေး တစ်လုံးလို ဗိုက်တင်းသွားတဲ့အထိ ဖြစ်စေခဲ့သည်။ ချန်လီချီလေးက သူမအဖေရဲ့ လက်ရာအား အားပါးတရ စားခြင်းဖြင့် ဖေဖေ ချက်ထားတာတွေက အရမ်း အရသာရှိကြောင်း ၊ သူမက ဗိုက်ပေါက်ထွက်တဲ့အထိ စားမှာ ဖြစ်ကြောင်း အသိပေးလိုက်သည်။

ချန်ကျင်းလန်ကတော့ ဘာမှ သိပ်မစားဘဲ ပန်းသီးစွပ်ပြုတ်ချို နှစ်ခွက်သာ သောက်ခဲ့သည်။ ပန်းသီးစွပ်ပြုတ်ရဲ့ အနွေးဓာတ်က သူမရဲ့ အစာအိမ်ထဲ ဝင်ရောက်သွားသောအခါ ခန္ဓာကိုယ်ထဲမှာ နွေးသွားသလို ဝမ်းဗိုက် အောက်ပိုင်းမှ စိတ်မသက်မသာဖြစ်ဖွယ် လေးလံမှုလည်း ပျောက်ကွယ်သွားလေသည်။

ချန်လီချီလေးက လက်ပေါ် မေးတင်၍ အမေဖြစ်သူကို သဘောကျသော အကြည့်ဖြင့် ကြည့်ကာ “ မေမေက အရမ်း လှတာပဲ။ ” ဟု ပြောလိုက်သည်။

နှင်းစက်နှင်းပွင့်လေးလို မျက်နှာမှာ ပန်းရောင်ဖျော့ဖျော့သမ်းနေကာ နှာတံချွန်ချွန်လေးရဲ့ ထိပ်မှာတော့‌ ချွေးစလေးတွေ သီးနေပုံက သူမကို အလွန် ချိုမြသော မက်မွန်သီးလေး တစ်လုံးလို နူးညံ့ကာ ချစ်စရာကောင်းသွားစေသည်။ လူတိုင်း တစ်ကိုက်လောက် ကိုက်ကြည့်ချင်တဲ့ မက်မွန်သီးလေး တစ်လုံးလ်ုပေါ့။

ချန်လီချီက အဖေဖြစ်သူကိုပါ လှည့်မေးလိုက်သည်။ “ မေမေက အရမ်း လှတယ်မို့လား ဖေဖေ။ ”

“ ရိုးရိုးတန်းတန်း လှရုံပဲ မဟုတ်ဘူး။ လက်ဖျားခါရလောက်အောင်ကို လှတာ။ သမီးရဲ့ မေမေက ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေးပဲ။ ”

သူတို့သားအဖသည် တစ်ယောက်ကို တစ်ယောက် ကြည်ကာ ပြုံးမိပြီးမှ ချန်ကျင်းလန်ကို ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။

ချန်ကျင်းလန်က သမီးဖြစ်သူရဲ့ ပါး ဖောင်းဖောင်းလေးကို ဖျစ်ရင်း “ မေမေတို့ အခု ပီဇာလည်း စားပြီးသွားပြီ ဆိုတော့ အိမ်ပြန်ကြတော့မလား။ အဲ့ဒါမှ သမီးလည်း နေ့ခင်းဘက် တရေးတမော အိပ်လို့ ရမှာ။ ”

ရှောက်ချန်းကျယ်က လက်သီးဆုပ်ကာ ပါးစပ်နား ကပ်၍ ခပ်တိုးတိုး ချောင်းဟန့်လိုက်တော့ ချန်လီချီက အဖေဖြစ်သူ အချက်ပြတာကို နားလည်သွားသည်။

“ အပြင်မှာ မိုးတွေ တအား ရွာနေတယ်လေ မေမေရဲ့။ မိုးထဲ လေထဲမှာ ကားမောင်းရတာ အန္တရာယ်များတယ်။ မိုးတိတ်တဲ့အထိ စောင့်ပြီးမှ ပြန်ကြမယ်လေ .. နော် … ”

ရှောက်ချန်းကျယ်ကလည်း သမီးဖြစ်သူနှင့် တစ်လေသံတည်း ဝင်ပြောသည်။ “ သူ ဒီမှာလည်း တရေးတမော အိပ်လို့ ရတာပဲ။ မိုးတိတ်တာနဲ့ ကိုယ် မင်းတို့ နှစ်ယောက်လုံးကို အိမ်ပြန်ပို့ပေးပါ့မယ်။ ”

ချန်ကျင်းလန် တစ်ခုခု ပြောဖို့ ပြင်နေစဉ်မှာပဲ ရှောက်ချန်းကျယ်က သူမရှေ့က စွပ်ပြုတ်ပန်းကန်လုံးကို ယူလိုက်ပြီ ဖြစ်သည်။ “ မင်း စွပ်ပြုတ် ထပ်သောက်မလား။ ကိုယ် မင်းအတွက် နည်းနည်း ထပ်ခပ်ပေးမယ်။ ”

ချန်လီချီကလည်း သူမရဲ့ ပန်းကန်လုံးလေးကို မြှောက်ပြရင်း “ သမီးရောပဲ ဖေဖေ။ သမီးလည်း နောက်ထပ် တစ်ပန်းကန် သောက်ချင်သေးတယ်။ ” ဟု ပြောလိုက်သည်။

“ ဟုတ်ပြီ ဟုတ်ပြီ။ လီချီလေးအတွက်လည်း ဖေဖေ ထည့်ပေးရမှာပေါ့။ ” သူ့ရဲ့ အလိုက်သိ အကင်းပါးလွန်းတဲ့ သမီးလေးကြောင့် ရှောက်ချန်းကျယ် တစ်ယောက် ဒီနေ့ည အိပ်မက်ထဲမှာတောင် ပြုံးမိနေမည် ထင်သည်။

ချန်ကျင်းလန်က သမီးဖြစ်သူရဲ့ ဗိုက်လေးကို ခပ်ဖွဖွ ပွတ်လိုက်သည်။ “ သမီး ထပ်သောက်နိုင်သေးလို့လား။ ”

ချန်လီချီလေးက သူမအမေ ပြောချင်တဲ့ အဓိပွာယ်ကို နားမလည်သဖြင့် အမေဖြစ်သူရဲ့ လက်မောင်းကို တွယ်ကပ်ရင်း တိုးတိုးလေး ပြောလိုက်သည်။ “ သမီး ပန်းသီးစွပ်ပြုတ် နောက်တစ်ခွက် သောက်ပြီးတာနဲ့ တစ်ရေး သွားအိပ်တော့မယ်။ အဲ့ဒါဆို ဖေဖေနဲ့ မေမေ နှစ်ယောက်တည်း အေးအေးဆေးဆေး ချိန်းတွေ့လို့ ရပြီ သိလား။ ”

မေမေလည်း ဖေဖေ့ကို သဘောကျနေမှန်း သူမ သိပါသည်။ ဘယ်လို သိလဲ ဆိုတာကို‌ ပြောမပြတတ်ပေမဲ့လို့ပေါ့။ ခံစားချက်လို့ပဲ ပြောရမလား ၊ သူမရဲ့ အလိုလို သိစိတ်က ဘယ်တော့မှ မမှားတတ်။

သမီးဖြစ်သူရဲ့ စကားကြောင့် ချန်ကျင်းလန်ရဲ့ မျက်နှာ ပူနွေးသွားသည်။ အခုခေတ် ကလေးတွေ ဘာလို့ ဒီလောက်တောင် အကင်းပါးကြတာပါလိမ့်။

စွပ်ပြုတ်ခွက် နှစ်ခွက်ဖြင့် ပြန်ရောက်သော ရှောက်ချန်းကျယ်က တစ်ခွက်ကို သူမရှေ့ ၊ ကျန်တစ်ခွက်ကို ချန်လီချီရှေ့ ချပေးလိုက်ရင်း ပြုံးစိစိ ဖြစ်နေတဲ့ လီချီလေးကို ကြည့်ကာ “ သမီးတို့ နှစ်ယောက် ဘာတွေ တိုးတိုး တိုးတိုး ပြောနေကြတာလဲ။ ” ဟု မေးလိုက်သည်။

ချန်ကျင်းလန်က သမီးဖြစ်သူရဲ့ ပါးစပ်ထဲကို စတော်ဘယ်ရီသီး တစ်လုံး အမြန် ထည့်ရင်း “ ဘာမှ မဟုတ်ဘူး။ ရှင် ချက်တဲ့ ပန်းသီးစွပ်ပြုတ်က အရမ်း စားကောင်းတယ်လို့ ပြောနေကြတာ။ ” ဟု ပြန်ပြောလိုက်၏။

“ တကယ်လား။ ” ရှောက်ချန်းကျယ်ရဲ့ မျက်လုံးထဲမှာ အံ့အားသင့်မှုနှင့် အကြံအစည် တစ်ခုခု ရှိနေသလို မရိုးသားမှုတို့ ယှက်သန်းသွားသည်။ “ မင်းအဖေနဲ့ အမေလည်း ကြိုက်မလားလို့ ကိုယ် သိချင်လိုက်တာ။ ”

ချန်ကျင်းလန်က သူ့ကို ဘာမှ မပြောတော့ဘဲ မျက်စောင်း တစ်ချက်သာ ထိုးလိုက်ပါသည်။

ချန်လီချီလေးက စတော်ဘယ်ရီ စားပြီးသွားတော့ အဖေဖြစ်သူရဲ့ မေးခွန်းကို ဖြေပေးသည်။ “ ဘွားဘွားကတော့ ကြိုက်မှာ သေချာတယ်။ ဘွားဘွားက ချိုတဲ့ အစားအစာတွေကို အကြိုက်ဆုံးပဲ။ ဘိုးဘိုးကတော့ အချို မကြိုက်ဘူးရယ်။ သူက ငါးဟင်း ကြိုက်တာ ၊ ရေနွေးငွေ့နဲ့ ပေါင်းထားတဲ့ ငါးပေါင်းဟင်းဆို ဘိုးဘိုး ကြိုက်မှ ကြိုက်။ ”

ရှောက်ချန်းကျယ်က သမီးဖြစ်သူရဲ့ ခေါင်းလေးကို ပုတ်ပေးရင်း ချန်ကျင်းလန်ကို ကြည့်လိုက်သည်။ “ ဒါဆို ဖေဖေတော့ ငါးပေါင်းဟင်း သေချာ ချက်တတ်အောင် လေ့ကျင့်ထားရတော့မှာပဲ။ ”

ချန်ကျင်းလန်က ထိုသားအဖ နှစ်ယောက်ရဲ့ စကားဝိုင်းထဲ ဝင်မပါဘဲ ပန်းသီးစွပ်ပြုတ်ကိုသာ ငုံ့သောက်နေခဲ့သည်။ သူတို့ဘာသာ ပြောချင်ရာ ပြောကြပါစေ ၊ သူမက အစကတည်းက ဝင်ပြောသင့်တာ မဟုတ်။ ရှောက်ချန်းကျယ်ကတော့ အခွင့်အရေး ရရင် ရသလောက် ရှေ့တိုးလာမယ့် လူမျိုး ဖြစ်သည်။

ဗိုက်ပြည့်သွားတော့ လီချီလေးက စတင် အိပ်ငိုက်လာသည်။ အပြင်ဘက်က မိုးရွာသံ ဖြိုးဖြိုးဖြောက်ဖြောက်ကလည်း ကလေးချော့တေး တစ်ပုဒ်ကို ချော့သိပ်နေသေးတာမို့ လခြမ်းကွေးလေးလို အပြုံးလေးဖြင့် ဗိုက်ပေါ် လက်တင်ကာ ငိုက်မြည်းလာခဲ့သည်။ ခဏအကြာမှာတော့ နူးညံ့တဲ့ အိပ်ရာကြီးပေါ်မှာ သူမ အိပ်မောကျသွားခဲ့ပြီ ဖြစ်လေသည်။

ပြင်ပ ကောင်းကင်က နေ့ခင်းတုန်းကတထက်တောင် ညို့မှိုင်းအုံ့ဆိုင်းလျက် ရှိနေသည်။ ဒီလို ရာသီဥတုမျိုးမှာ ခန္ဓာကိုယ် အခြေအနေကြောင့် ချန်ကျင်းလန်လည်း အိပ်ချင်နေပေမဲ့ သူမ ဒီမှာ မအိပ်ချင်ပါ။ ထို့ကြောင့် တီဗီမှာ ပြနေတဲ့ ဘာမှန်း မသိတဲ့ ရသစုံ အစီအစဉ်တွေကို မျက်လုံး အကြောင်သားဖြင့် ကြည့်ကာ မအိပ်မိအောင် ဇွတ်အားတင်းထားရသည်။

ရှောက်ချန်းကျယ်က မီးဖိုချောင်ကို သန့်‌ရှင်းရေးလုပ်ပြီးသွားတော့ အရှေ့ထွက်လာပြီး သူမဘေးမှာ ဝင်ထိုင်သည်။ “ အိပ်ရာထဲမှာပဲဖြစ်ဖြစ် ခဏလောက် သွားလှဲလိုက်ပါလား။ ”

ချန်ကျင်းလန်က အိပ်ငိုက်မှုကြောင့် သူ့စကားကို ချက်ချင်း မတုံ့ပြန်နိုင်ပေ။ သူ့ကို အရင်ဆုံး ဖျတ်ခနဲ လှည့်ကြည့်ပြီးမှ သူ ပြောတဲ့ စကားကို ကြားကာ ခေါင်းခါပြလိုက်သည်။ သူမရဲ့ ကျောပြင်မှာ ယှက်ဖြာကျနေတဲ့ ဆံနွယ်တွေက သူမရဲ့ လှုပ်ရှားမှုနှင့်အတူ သာသာလေး ယိမ်းနွဲ့သွားသလို နက်မှောင်သော ဆံနွယ်တွေအောက်မှာ နားရွက်ဖျား ဖြူဖြူလေးက လှစ်ခနဲ ပေါ်လာသည်။

ရှောက်ချန်းကျယ်က ထိုအဖြူရောင် အစိတ်အပိုင်းလေးကို လက်ဖျားလေးတွေဖြင့် ပွတ်သပ်ကျီစယ်ပြီးမှ “ ဒါဆိုလည်း ရုပ်ရှင်ကြည့်ကြမလား။ ” ဟု ခပ်တိုးတိုး မေးလိုက်သည်။

“ အင်း။ ” ချန်ကျင်းလန်က ဗလုံးဗထွေး ပြန်ဖြေလိုက်သည်။ သူမ အခုချိန်မှာ ဘာအကြောင်းကိုမှ တွေးချင်စိတ် မရှိပါ။

ရှောက်ချန်းကျယ်က အပြုံးယဲ့ယဲ့ဖြင့် သူမရဲ့ ဆံပင်တွေကို ဆွဲဖွလိုက်ပြီး ဆိုဖာပေါ်မှ ထကာ ရီမုကို ယူ၍ ခေတ်ဟောင်း ဟောင်ကောင်ရုပ်ရှင် တစ်ခုကို ရွေးချယ်လိုက်၏။

အချိန်အကြာကြီး ဝေးကွာနေခဲ့ရတဲ့ ချစ်သူ နှစ်ယောက် ဓါတ်လှေကားထဲမှာ ပြန်လည် ဆုံစည်းကာ တစ်ယောက်ကို တစ်ယောက် ဘာစကားမှ မပြောဘဲ ခံစားချက်တွေကို အမူအရာက တစ်ဆင့်သာ ဖလှယ်နေခဲ့ကြသည်။

ချန်ကျင်းလန်က ဆိုဖာကို မှီလျက် လက်ထဲမှာ ခေါင်းအုံးအသေးလေးကို ပိုက်ထားပြီး မျက်လုံးတွေက တီဗီကို ကြည့်နေခဲ့သော်လည်း အတွေးတွေကတော့ တခြား တစ်နေရာကို ပျံ့လွင့်နေခဲ့သည်။ ရှောက်ချန်းကျယ်ကတော့ ဆိုဖာကျောမှီပေါ်ကို လက်တင်ထားခဲ့သည်။ သူတို့ နှစ်ယောက် ထိုင်နေတဲ့ အနေအထားက အရမ်းကြီးတော့ မနီးကပ်ပေမဲ့ ရုတ်တရက် ကြည့်လိုက်ပါက ချန်ကျင်းလန်က သူ့ရင်ခွင်ထဲမှာ မှီနွဲ့နေတဲ့ အနေအထားမျိုး ရှိ၏။

ရုပ်ရှင် တစ်ဝက်ကို ရောက်တော့ မင်္ဂလာပွဲဇာတ်ဝင်ခန်း ရောက်လာသည်။ သတို့သားက အဖြူရောင် သတို့သားဝတ်စုံကို ဝတ်ကာ ပန်းစည်းလေးကို ကိုင်လျက် မြက်ခင်းစိမ်းစိမ်းပေါ်မှာ တောက်ပကြည်လင်စွာ ပြုံးနေသည်။

ရှောက်ချန်းကျယ်က သူမအနား တိုးကပ်သွားလိုက်သည်။ “ မင်းရော ကိုယ့်ကို သတို့သားဝတ်စုံနဲ့ မြင်ချင်လား။ ”

ခေါင်းအုံးအသေးလေးမှာ ပုံဖော်ထားတဲ့ ပန်းအခက်အလက်တွေကို ကိုင်ကြည့်နေတဲ့ ချန်ကျင်းလန်ရဲ့ လက်က ရုတ်တရက် ရပ်တန့်သွားသည်။ သူမမျက်လုံးထဲမှာ ရုပ်ရှင်ထဲက သတို့သားမျက်နှာမှာ ရှောက်ချန်းကျယ်ရဲ့ မျက်နှာကို အစားထိုး ပုံဖော်ကြည့်မိတော့ သူမကိုယ်သူမတောင် သတိမထားမိခင်မှာပဲ အလိုလို ပြုံးမိသွားသည်။

“ မင်း ပြုံးလိုက်တာလား။ ”

ချန်ကျင်းလန်ရဲ့ အပြုံး ပျောက်ကွယ်သွားပြီး သူ့ကို မျက်လုံးစောင်း၍ ကြည့်လိုက်သည်။ “ ဘာလဲ ၊ ကျွန်မက ပြုံးလို့ မရဘူးလား။ ”

***

All Chapters