အခန်း ၇၂
Vol. 8 Ch. 72
အပိုင်း ( ၇၂ )
မနက်တုန်းက သူ ပို့လိုက်တဲ့ မက်ဆေ့ခ်ျကြောင့် ချန်ကျင်းလန်က ခွေး နှစ်ကောင်ရဲ့ ဓာတ်ပုံကို တစ်နေ့လုံး နှိပ်မကြည့်မိ။ သူ ပို့ထားတဲ့ မက်ဆေ့ခ်ျတွေကလည်း စကားအကောင်း မဟုတ်တာ အသေအချာမို့ ဝင်မကြည့်တာကပဲ အဆင်ပြေပါလိမ့်မည်။
ညနေကျ သူမ ညစာစားပွဲ တစ်ပွဲ တက်စရာရှိသည်။ ဆယ်နာရီဝန်းကျင်လောက်မှ ပြီးတဲ့ ညစာစားပွဲက နောက်ကျနေပြီ ဆိုပေမဲ့လည်း ပူလောင်အိုက်စပ်နေတဲ့ လေထုက အရှိန်မပြယ်သေး။ နွေခေါင်ခေါင် မရောက်သေးတာတောင် ဒီလောက် ပူနေရင် နွေခေါင်ခေါင် ရောက်တဲ့အခါ ဘယ်လောက်တောင် ပူမလဲ ဆိုတာ သူမ မသိတော့ပါ။
“ ခဏလောက်နော် မိန်းကလေးချန်။ ကျွန်တော် ရှောင်လျူကို ဖုန်းဆက်ပြီး ဒီကို လာခိုင်းလိုက်မယ်။ ” ထန်ယိချန်းက နက်ခ်တိုင်ကို ဆွဲဖြုတ် ၊ အပေါ်ထပ်အင်္ကျီကို ဆွဲချွတ်ပြီး ပခုံးပေါ် တင်လိုက်သည်။ သူ ဒီနေ့ အများကြီး သောက်ထားတာမို့ ရီဝေဝေ ဖြစ်နေ၏။ အရက်သောက်ထားတာမို့ ရာသီဥတုက သူ့အတွက် ပိုလို့တောင် ပူလောင်အိုက်စပ်နေပါသည်။
“ အင်း ၊ ရတယ် .. အေးဆေးလုပ်။ ” ချန်ကျင်းလန် ဖုန်းကို ကြည့်လိုက်တော့ သူမအမေက သူမကို ဓာတ်ပုံတွေ လှမ်းပို့ထားသည်။ လီချီလေးကတော့ အိပ်ပျော်နေပြီပင်။ သူမမှာ ညဘက် ပွဲတက်စရာတွေ ရှိတိုင်း ၊ အလုပ်ကိစ္စနှင့် ခရီးထွက်စရာတွေ ရှိတိုင်း လီချီလေးက အဘွားဖြစ်သူနှင့်အတူ အိပ်လေ့ ရှိသည်။
ချန်ကျင်းလန်က ဓာတ်ပုံထဲက အိပ်မောကျနေတဲ့ ကလေးမလေးကို ကြည့်ကာ နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် ကော့တက်သွားခဲ့သည်။
“ ကားရောက်ပါပြီ မိန်းကလေးချန်။ ”
“ အိုကေ။ ”
ချန်ကျင်းလန်သည် ဖုန်းကို အိတ်ထဲ ထည့်ပြီး ကားရှိရာကို လှမ်းကြည့်လိုက်၏။ သို့သော် သူမ မြင်လိုက်ရတာက ရှောင်လျူရဲ့ ကား မဟုတ်ဘဲ ရှောင်လျူရဲ့ ကားရှေ့က ရှောက်ချန်းကျယ်ရဲ့ ကား ဖြစ်နေသည်။ သူ ဘာကိစ္စနဲ့ ဒီကို ရောက်တာလာလဲ။
ရှောက်ချန်းကျယ်က သူမရှေ့မှာ ကားရပ်လိုက်ပြီး ကားပေါ်က ဆင်းလာခဲ့လိုက်သည်။ “ မင်း ဘာလို့ ဒီကို ရောက်နေတာလဲ။ ညစာစားပွဲ ရှိလို့လား။ ”
သူက သူမ မေးချင်တဲ့ မေးခွန်းကို မေးလိုက်တာ ဖြစ်သည်။ အစတုန်းက သူ သူမဆီကို တမင် လာတာလားလို့ ထင်ခဲ့ပေမဲ့ အခုတော့ မသေချာတော့ပေ။
ရှောက်ချန်းကျယ်က သူမလက်ထဲက အိတ်ကို ယူရင်း “ ကိုယ် ဒီနားက စားသောက်ဆိုင် တစ်ဆိုင်ကို လာတာ။ အဲ့ဒါနဲ့ လမ်းဆုံမှာ မင်းနဲ့ တူတဲ့ မိန်းကလေး တစ်ယောက်ကို မြင်လိုက်လို့ ဒီကို မောင်းလာခဲ့တာ။ တကယ် မင်း ဖြစ်နေမယ်လို့ မထင်ခဲ့ဘူး။ ”
ချန်ကျင်းလန်က သူ့ကို သံသယမျက်လုံးများဖြင့် ကြည့်နေဆဲ ဖြစ်သော်လည်း သူ့လက်ထဲကိုတော့ အိတ်ကို ထည့်ပေးလိုက်၏။ သူက ဒီနေ့ အနက်ရောင် ဘောင်းဘီရှည် ၊ တီရှပ် အဖြူရောင်နှင့် လျှာထိုးဦးထုပ်ကို ဆောင်းထားသည်။ သူ အရင်ကလည်း ဒီလို ပုံစံမျိုး ဝတ်ဖူးပေမဲ့ ဒီနေ့တော့ သူ့ပုံစံက စီးပွားရေးသမားတစ်ယောက်အတွက် ဆိုရင် တော်တော်လေး လူငယ်ဆန်ပြီး လွတ်လပ်ပေါ့ပါးတဲ့ စတိုင်လ်လို့ ပြောလို့ ရသည်။ သူ့ရဲ့ ဒီစတိုင်လ်ကို သူမ သဘောကျပါသည်။
“ ကိုယ် မင်းကို လိုက်ပို့ပေးရမလား။ ” ရှောက်ချန်းကျယ်က ကားတံခါးကို ဖွင့်လိုက်သည်။
ထန်ယိချန်က နောက်ကို တိတိတိတ်လေး ခြေ နှစ်လှမ်း ဆုတ်လိုက်ပြီးနောက် လူကြီးမင်းရှောက် သူ့ကို WeChat မှာ ဘာလို့ ရုတ်တရက်ကြီး စကားလာပြောခဲ့တာလဲ ဆိုတာကို နားလည်သွားလေသည်။ လူကြီးမင်းရှောက်က သူ့ကို လှည့်စားဖို့ ကြိုးစားခဲ့တာ ဖြစ်နေသည်။
ချန်ကျင်းလန်က ထန်ယိချန်းဘက်ကို လှည့်ပြီး “ ရှောင်လျူကို နင့်ကိုပဲ လိုက်ပို့ပေးခိုင်းလိုက်နော် ယိချန်။ နင် ဒီနေ့ အများကြီး သောက်ထားတာ။ အိမ်ရောက်ရင် ပျားရည်နဲ့ ရေနွေးနွေးလေးနဲ့ ရောသောက်ပြီးမှ အိပ်ရာဝင်လိုက်။ မနက်ဖြန်မနက်ကျ ကုမ္ပဏီကို ပုံမှန်အချိန်ထက် နှစ်နာရီ နောက်ကျပြီးမှ လာလို့ ရတယ်။ ”
“ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် မိန်းကလေးချန်။ ” ထန်ယိချန်းက ခပ်သွက်သွက် ပြန်ပြောလိုက်သည်။
ချန်ကျင်းလန်က ကားထဲကို ဝင်လိုက်တော့ ရှောက်ချန်းကျယ်ကလည်း သူမဘေးက ကားမောင်းသူထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
“ ရှင် တကယ်ရော ဒီနားက စားသောက်ဆိုင်ကို လာတာ ဟုတ်လို့လား။ ”
ရှောက်ချန်းကျယ်က ကားစက်နှိုးရင်း “ ကျုယ် တကယ် ဒီနားက စားသောက်ဆိုင်ကို လာတာပါ။ ဒါပေမဲ့ မင်း ဒီမှာ ညစာစားပွဲတက်စရာ ရှိမှန်း ကြိုသိထားလို့ ဒီနားတစ်ဝိုက်က စားသောက်ဆိုင်ကိုပဲ တမင် ရွေးလိုက်တာ။ အစတုန်းကတော့ ကိုယ် အမှတ်မထင် တွေ့တာလို့ ဟန်ဆောင်ဦးမလို့ပါပဲ။ ဒါပေမဲ့ မင်းက ကိုယ့်အကြံအစည်တွေကို ကြိုသိသွားတယ်။ ” ဟု ပြန်ပြောသည်။
ချန်ကျင်းလန် : ……
ရှောက်ချန်းကျယ် သူမကို လှည့်ကြည့်လိုက်သည်။ “ မင်း ဘာလို့ ကိုယ့်ကို ဘာမှ ပြန်မပြောတာလဲ။ ကိုယ့်ကို စိတ်ဆိုးသွားတာလား။ ”
“ ရှင်ပဲ အကုန်လုံး ပြောပြီးသွားပြီလေ။ ကျွန်မက ဘာထပ်ပြောရဦးမှာလဲ။ ”
ရှောက်ချန်းကျယ်က ပြုံးပြီး သူမရဲ့ လက်ကလေးကို ဖျစ်ညှစ်လိုက်သည်။ အဲ့ဒီနောက် ခုနတုန်းက သူမနှင့် ထန်ယိချန်း ပြောခဲ့တဲ့ စကားတွေကို ပြန်သတိရသွားသည်။
“ ဒါနဲ့ မင်း ဘာလို့ ယိချန်းလို့ ခေါ်တာလဲ။ ”
ထိုမေးခွန်းက ထူးဆန်းသည်ဟု ချန်ကျင်းလန် ခံစားလိုက်ရသည်။ “ သူ့နာမည်က ထန်ယိချန်း ဖြစ်နေလို့ပေါ့။ ”
“ ဒါဆို မင်းကရော ကိုယ့်ကို ချန်းကျယ်လို့ ဘာလို့ မခေါ်တာလဲ။ ”
သူစိမ်း တစ်ယောက်ကို သူမဘက်က ရင်းနှီးနွေးထွေးစွာ နာမည်အတိုကောက်ခေါ်နေတာကို အခုလေးတင် သူ မျက်မြင် တွေ့ခဲ့ရသည်။ ဒါပေမဲ့ သူ့ကိုတော့ အရင်တုန်းကရော ၊ အခုရော ရှောက်ချန်းကျယ်လို့သာ ခေါ်လာခဲ့သည်။ အနီးစပ်ဆုံး အခိုက်အတန့်တွေမှာတောင် သူ့ကို ချန်းကျယ်လို့ ဘယ်တော့မှ အတိုကောက် မခေါ်ဖူးပေ။
“ ရှင်က အခေါ်ခံချင်လို့လား။ ”
“ အင်း။ ”
ချန်ကျင်းလန်က ပါးစပ်ဟပြီးမှ ပြန်ပိတ်လိုက်သည်။ စက္ကန့် အနည်းငယ် ကြာပြီးနောက် သူ့ဘက်ကို လှည့်ပြီး သူ့နားရွက်နားကို ကပ်လိုက်၏။
သူမရဲ့ လတ်ဆတ်တဲ့ လိမ္မော်ရနံ့သင်းသင်း ကိုယ်သင်းနံ့လေးက တဖြည်းဖြည်း နီးကပ်ထင်ရှားလာတာမို့ ရှောက်ချန်းကျယ်ရဲ့ လည်ဇလုပ်က နိမ့်ချည်မြင့်ချည် လှုပ်ရှားသွားရသည်။
“ ကိုအူတို။ ” နောက်ဆုံးတော့ နှုတ်ခမ်းရဲရဲလေးတွေ ပွင့်ဟသွားကာ တိုးဖျော့ညင်သာတဲ့ စကားသံလေး ထွက်ကျလာ၏။
“ ဟမ် … ” ရှောက်ချန်းကျယ်ရဲ့ မျက်လုံးနက်နက်တွေက တဖြည်းဖြည်း ပြန်လည်ကြည်လင်သွားကာ သူပဲ နားကြားမှားတာလားဟု တွေးမိသွားသည်။
ချန်ကျင်းလန်ကတော့ အပြုံးယဲ့ယဲ့ဖြင့် ထိုင်ခုံကို ပြန်မှီထိုင်ရင်း ပြောလိုက်သည်။ “ ရှင်က အူတိုလွန်းလို့ ချဉ်စူးနေတဲ့ နှစ်ချို့ ရှာလကာရည်ကြီးကျနေတာပဲ။ ကောင်းပြီလေ။ ချန်းကျယ်လို့ အရမ်း အခေါ်ခံချင်နေရင်လည်း အဲ့လိုပဲ ခေါ်ရတာပေါ့။ ”
ရှောက်ချန်းကျယ် : …….
အူတိုတာကို သူ တကယ်ပဲ စွဲလမ်းနေတာလားဟု ချန်ကျင်းလန် အတွေးဝင်သွားသည်။ တခြားလူ တစ်ယောက်ကို နာမည်အတိုကောက် ခေါ်မိတာလေးကိုတောင် အကဲဆတ်ပြနေ၏။ ဒါပေမဲ့ ကြည့်ရတာ တကယ်လည်း သူမ သူ့ကို ချန်းကျယ်လို့ တစ်ခါမှ ခေါ်ဖူးပုံမရ။ ချန်ကျင်းလန်သည် ထိုနာမည်ကို စိတ်ထဲကနေ တိတ်တိတ်လေး ရေရွတ်ကြည့်ရင်း နည်းနည်းလေး ကိုးရိုးကားရားနိုင်သည်ဟု ခံစားလိုက်ရသည်။ သူ့နာမည်အရင်းအတိုင်း အပြည့်အစုံ ခေါ်ရတာကိုပဲ သူမ ကျင့်သားရနေပြီးသား ဖြစ်သည်။
ရှောက်ချန်းကျယ်ကတော့ နာမည်အသစ် လိုချင်တာနှင့် ပတ်သက်လို့ ဘာမှ မငြင်းဆန်ပါ။ “ အူတိုသင့်လို့ တိုတာပဲ။ ကိုယ်က ရှာလကာရည်နဲ့ တူတယ် ဆိုလည်း ဘာဖြစ်လဲ။ မင်း ကိုယ်ကို ချန်းကျယ်လို့ ခေါ်တာ ခံချင်တယ်။ ”
ချန်ကျင်းလန်က သူ့ကို မျက်စောင်းထိုးရင်း သူ့ခေါင်းပေါ်က ဦးထုပ်ဆီ အကြည့်ရောက်သွားသည်။ “ ရှင့်နဖူးပေါ်က ဒဏ်ရာက အခုထိ မပျောက်သေးဘူးလား။ ”
ရှောက်ချန်းကျယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ “ အခုအချိန်မှာ ကိုယ့်ခေါင်းပေါ်က ဒဏ်ရာက အဲ့လောက် အရေးမကြီးပါဘူး။ ”
ချန်ကျင်းလန်က သူ့ရဲ့ ပေါက်ကရစကားတွေကို တားဆီးလိုက်သည်။ “ ကျွန်မ ခဏလောက် အိပ်ချင်တယ်။ ”
“ အဲ့ဒါဆို အိပ်လိုက်ဦးလေ။ ”
ရှောက်ချန်းကျယ်ဟာ သူမ တားနေတဲ့ကြားက ရှေ့ဆက်တိုးတာ ရှားသည်။ ချန်ကျင်းလန်သည် မျက်လုံးတွေကို မှိတ်ရင်း မှေးနေလိုက်ပေမဲ့ လုံးဝကြီး အိပ်ပျော်သွားတာတော့ မဟုတ်ပါ။ ကားရပ်သွားသည်နှင့် သူမရဲ့ မျက်လုံးတွေလည်း ဖျတ်ခနဲ အလိုလို ပွင့်လာခဲ့သည်။
“ မင်း နိုးပြီလား။ ” ရှောက်ချန်းကျယ်က သူမဘက်ကို တိုးလာသည်။
ချန်ကျင်းလန်က သူ သူမဘက်ကို တိုးလာလိမ့်မယ်လို့ မျှော်လင့်မထားတာမို့ သူ တိုးလာချိန်မှာ သူမကလည်း လှုပ်ရှားလိုက်မိရာ နှစ်ယောက်သား တိုက်မိပြီး သူမရဲ့ ပခုံးက သူ့ဦးထုပ်ကို ပြုတ်ကျအောက် တိုက်ချလိုက်မိသလို ဖြစ်သွား၏။ ချန်ကျင်းလန် သူ့နဖူးကို ကြည့်လိုက်တော့ မနေ့တုန်းက နီရဲဖူးရောင်နေခဲ့တဲ့ ဒဏ်ရာက ခရမ်းရောင်ပြောင်းနေပြီ ဖြစ်သည်။
“ ရှင် ဆေးတွေ ဘာတွေ မလိမ်းဘူးလား။ ” ချန်ကျင်းလန်က ထိုဒဏ်ရာကို လက်ဖျားလေးတွေနှင့် ခပ်ဖွဖွ တို့ထိကြည့်လိုက်သည်။ ဒဏ်ရာက သေးသေးကွေးကွေး ဒဏ်ရာလေး မဟုတ်ပါ။
ရှောက်ချန်းကျယ်က ခါးပတ်ကြိုးကို ဖြုတ်လိုက်တော့ သူမတို့နှစ်ယောက်ကြားက အကွာအဝေးက ပိုနီးကပ်သွားသည်။ သူ့မျက်လုံးတွေက သူမကို လေးလေးနက်နက် စိုက်ကြည့်နေ၏။ “ ကိုယ် မင်းကို စိတ်ပူအောင် လုပ်ချင်လို့ ဆေးမထည့်ဘဲ နေမိတာ ထင်တယ်။ ”
သူ့မှာ ဗာဒံစေ့လို မျက်လုံးအိမ်ရှည်ရှည်လေးတွေနှင့် သိပ်ကို လှတဲ့ မျက်လုံးလေးတွေ ရှိသည်။ သူ့မျက်ဝန်းထဲမှာ သူမရဲ့ အရိပ်ကို အတိုင်းသား ပြန်မြင်နေရပြီး သူ့မျက်ဝန်းတွေက သူမကို ဝန်းရံထားသလို ခံစားရပါသည်။
သူ့အသံက ဘယ်လောက်ပဲ တိုးဖွညင်သာပါစေ ၊ တိတ်ဆိတ်နေတဲ့ ဒီပတ်ဝန်းကျင်မှာ ဘာကိုမှ ဖုံးကွယ်ထားလို့ မရပေ။ တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးခုန်သံကိုတော့ ထည့်ပြောနေစရာတောင် မလို။ သူမအသက်အရွယ်မှာ ဒီလို ရင်ခုန်နေတာမျိုးက သိပ်တော့ မဟုတ်သေးပါ။ သူမက မနူးမနပ် ဆယ်ကျော်သက်မလေးလည်း မဟုတ်တော့ပါဘဲ။
ချန်ကျင်းလန်သည် လက်မှာ အားအင်တွေကို စုပြီး သူ့နဖူးပေါ်က ရောင်ကိုင်းနေတဲ့ ဒဏ်ရာကို ခပ်ပြင်းပြင်းလေး ဖိချပစ်လိုက်တော့ ရှောက်ချန်းကျယ်ဆီက အားခနဲ အသံထွက်လာ၏။
နှာခေါင်းချင်း ထိစပ်တော့မလို ဖြစ်နေရာမှ ချက်ချင်းပဲ ဝေးကွာသွားလျှင် ချန်ကျင်းလန်က ပျော်ရွှင်စွာ လှောင်ရယ်ပြီး သူ့ကို တွန်းထုတ်ပစ်လိုက်သည်။ ထို့နောက် အိတ်ကို ယူပြီး ကားပေါ်က ဆင်းလာခဲ့လိုက်သည်။
ရှောက်ချန်းကျယ်က ချန်ကျင်းလန် ထိုင်သွားတဲ့ ထိုင်ခုံဘက်ကို ကူးလာပြီး ကားပြတင်းပေါက်ဘောင်ပေါ်ကို လက်တင်ကာ သူ့ရဲ့ ရောင်ကိုင်းနေတဲ့ နဖူးကို ချန်ကျင်းလန်အား မြင်အောင် ပြရင်း “ ကမ္ဘာပေါ်မှာ မိန်းကလေးချန်လောက် ရက်စက်တဲ့ လူ ရှိမယ် မထင်ဘူး။ ” ဟု ခပ်တိုးတိုး လှမ်းပြောလိုက်သည်။
ချန်ကျင်းလန်က လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်နေရင်း ပြန်ပြောလိုက်သည်။ “ ရှင် သတ္ထိရှိရင် အသံကို တိုးတိုးလေး ပြောမနေနဲ့။ ”
ရှောက်ချန်းကျယ်က ဘေးခြံထဲမှာ လင်းလက်နေတဲ့ မီးရောင်တွေကို ကြည့်ရင်း “ ထားလိုက်ပါတော့။ မင်းအဖေကို သွားစိန်မခေါ်တာပဲ ကောင်းတယ်။ မဟုတ်ရင် အထိုးခံရမှာ ကြောက်ရတယ်။ ကိုယ် မနေ့ညတုန်းက မင်းအိမ်ထဲကို ခိုးဝင်တာကိုတောင် သူ သိသေးတာ မဟုတ်ဘူး။ ”
ချန်ကျင်းလန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ တံခါးကို တွန်းဖွင့်ဝင်ပြီးမှ တံခါးကို မှီပြီး သူ့ကို လှည့်ကြည့်လိုက်သည်။ “ ကားကို ပါကင်ထိုးပြီး ဝင်ခဲ့။ ”
ရှောက်ချန်းကျယ်က မျှော်လင့်မထားတဲ့ စကားကြောင့် ကြောင်အသွားသည်။
“ မဝင်ဘူးလား။ အဲ့ဒါဆို ကျွန်မ တံခါးပိတ်လိုက်တော့မှာနော်။ ” ချန်ကျင်းလန်က သူ့တုံ့ပြန်မှုကို မစောင့်ဘဲ ခြံထဲကို ဝင်သွား၏။
ရှောက်ချန်းကျယ်က ကားမောင်းသူနေရာကို အလျင်အမြန် ပြန်ပြောင်းလိုက်ချိန်မှာ ကားပြတင်းပေါက်ဘောင်နှင့် သူ့ခေါင်းနှင့် ပထမဆုံး ရိုက်မိသွားကာ ဒုတိယအနေဖြင့် စတီယာရင်ဘီးနှင့် သူ့ခါးနှင့် ရိုက်မိသွားလေသည်။ ကားထဲကနေ ထွက်လာတဲ့ အော်သံအုပ်အုပ်ကြောင့် ချန်ကျင်းလန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားသည်။
သူမက သူ့ထိန်းချုပ်မှုအောက်မှာပဲ အမြဲတမ်း ငြိမ်ခံနေမှာ မဟုတ်ပါ။
မီးရောင်တွေ တောက်ပနေတဲ့ အခန်းထဲကို ရောက်ချိန်ထိ ရှောက်ချန်းကျယ် တစ်ယောက် သူ့ကိုယ်သူ အိပ်မက်,မက်နေတာလားဟု ဇဝေဇဝါဖြစ်နေမိသေးရဲ့။ သူမရဲ့ လက်ထဲက အိတ်ကို အရင်ဆုံး ယူပြီး ဘေးမှာ ချပေးလိုက်ချိန်မှာ သူမက အိမ်နေရင်း စီးသည့် ဖိနပ်အပါးလေးတွေကို ပြောင်းစီးနေခဲ့သည်။
“ မင်း ဘာလို့ ကိုယ့်ကို ရုတ်တရက်ကြီး အိမ်ထဲ ဝင်ခွင့်ပေးလိုက်တာလဲ။ ”
ချန်ကျင်းလန်က ဒေါက်ဖိနပ်တွေကို ချွတ်လိုက်တော့ ချက်ချင်းပဲ သူ့ထက် အရပ်ပုသွားသော်လည်း စိတ်ကတော့ ကြီးဆဲပင်။ ခေါင်းမော့ပြီး သူ့ကို မျက်စောင်းထိုးကြည့်သည်။ “ ဘာလဲ။ ရှင်က လိုက်မဝင်ချင်လို့လား။ ”
ရှောက်ချန်းကျယ်က သူမကို ဗီရိုရှေ့ထိ ပွေ့ချီပေးသွားလိုက်သည်။ “ ကိုယ်က အရူး တစ်ယောက် ဆိုရင်တော့ လိုက်ဝင်ချင်မှာ မဟုတ်ဘူးပေါ့။ ”
“ လိုက်မဝင်လည်း ဘာမှ မဖြစ်ပါဘူး။ ” ချန်ကျင်းလန်က သူ့နားရွက်ဖျားလေးကို နီရဲတက်လာတဲ့အထိ လိမ်ဆွဲပြီးမှ လွှတ်ပေးလိုက်သည်။ “ ရှင်က အမြဲတမ်း သနားစရာကောင်းတဲ့ ပုံစံလေး ဟန်ဆောင်တယ် ၊ ကျွန်မကို ထောင်ချောက်ဆင်ပြီး လှည့်စားတယ်။ ဒီတစ်ခေါက် ကျွန်မ ရှင့်ကို အနိုင်ရလိုက်သလို ခံစားရလို့ အရမ်း စိတ်ချမ်းသာတာပဲ။ ”
ရှောက်ချန်းကျယ်က သူမရဲ့ ခါးလေးကို ဆုပ်ကိုင်ပြီး သူမကို ရင်ခွင်ထဲမှာ ထွေးပွေ့ထားလိုက်သည်။ “ မင်း ကိုယ့်ကို အနာဂတ်မှာလည်း ခဏ ခဏ အနိုင်ယူလို့ ရတယ်နော် မြောင်မြောင်။ ”
ချန်ကျင်းလန်က ခေါင်းငုံ့လိုက်တော့ မီးအလင်းရောင်အောက်မှာ သူမရဲ့ လည်တိုင်ရှည်ရှည်သွယ်သွယ်လေးက နူးညံ့ပျော့ပျောင်းစွာ ကွေးညွှတ်သွားသလို ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေလည်း နက်ရှိုင်းသွားသည်။ အဆုံးမရှိတဲ့ ခံစားချက်ဒီရေလှိုင်းတွေ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီ ဖြစ်သည်။ လေထဲမှာ ယိမ်းထိုးလှုပ်ရှားနေတဲ့ ချန်ကျင်းလန်ရဲ့ ခြေထောက်လေးတွေက သူ့ဒူးခေါင်းကို လှမ်းကန်သည်။ “ ကျွန်မကို အောက်ပြန်ချပေး။ အရမ်း ပူလို့ တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေတာပဲ။ ကျွန်မ ရေသွားချိုးချင်နေပြီ။ ”
လိပ်တက်သွားတဲ့ အနက်ရောင်ဘောင်းဘီရှည်အောက်က ခြေကျင်းဝတ်ဖြူဖြူလေးတွေက သူ့ကို ဖြားယောင်းသွေးဆောင်နေသည်။ ရှောက်ချန်းကျယ်က သူမရဲ့ ခါးကို လက်တစ်ဖက်တည်းနှင့် ပွေ့ချီပြီး သူမရဲ့ ရင်ခွင်ထဲ ထည့်ထားလိုက်သည်။ ညအမှောင်ထဲမှာ သူ့အသံက ခပ်တိုးတိုး ထွက်ပေါ်လာသည်။ “ ကိုယ် မင်းကို ချီသွားပေးမယ်။ ”
“ ဒီည လီချီလေး ဒီမှာ မအိပ်ဘူးမို့လား။ ” လို့ သူ ထပ်မေးလိုက်တော့ ချန်ကျင်းလန်က သူ့ကို မျက်ခုံးပင့် ကြည့်ရင်း “ သူ ဒီည ဒီမှာ မအိပ်လို့ ရှင် အရမ်း ပျော်နေတာလား။ ” ဟု ပြန်မေးလိုက်သည်။
ရှောက်ချန်းကျယ်က ပြုံးရီနေတဲ့ သူမရဲ့ မျက်လုံးလေးတွေကို နမ်းရင်း “ ကိုယ် ဒီညလည်း ခါးကို ထပ်အကန်မခံချင်လို့ပါ။ မင်း ထပ်ကန်ရင် မင်း ကိုယ့်ကို အချိန် တစ်ခုလောက်ထိ သုံးလို့ ရမှာ မဟုတ်ဘူး။ ”
“ ပေါက်ကရစကားတွေ ပြောမနေနဲ့။ ဘယ်သူကမှ ရှင့်ကို မသုံးဘူး။ ”
ရှောက်ချန်းကျယ်က ခပ်ဖွဖွ ရယ်လိုက်သည်။ “ မင်းမှ ကိုယ့်ကို မသုံးရင် ကိုယ့်ကို သုံးတဲ့ လူ တခြား ရှိမှာ မဟုတ်ဘူး။ စကားပုံ တစ်ခု ရှိတယ်လေ ၊ အသုံးမပြုဘဲ ကြာကြာ ပစ်ထားတဲ့ ဓားက သံချေးတက်သွားတတ်တယ် ဆိုတာ … ။ ”
ချန်ကျင်းလန်က သူ့နဖူးပေါ်က ဒဏ်ရာကို ခေါင်းနှင့် နောက်တစ်ခေါက် ထပ်တိုက်ပစ်လိုက်သည်။ သူ ပေါက်ကရ စကားတွေ လျှောက်မပြောနိုင်အောင် ပြင်းပြင်းထန်ထန် နှိပ်ကွပ်ထားတာကပဲ အကောင်းဆုံး နည်းလမ်း ဖြစ်မည် ထင်သည်။
ရေချိုးခန်းတံခါးဝကို ရောက်တော့ ချန်ကျင်းလန်ကို သူ့ကို ရှေ့ဆက်သွားခွင့်မပြုဘဲ တားလိုက်ပေမဲ့ ရှောက်ချန်းကျယ်က ဆက်သွားနေဆဲ ဖြစ်သည်။ “ ကိုယ်လည်း ချွေးတွေ တအား ထွက်နေလို့ ရေချိုးမှ ဖြစ်မှာ။ ”
“ ရှင် ဘေးက ရေချိုးခန်းမှာ ချိုးလို့ ရသားပဲ။ ”
ရှောက်ချန်းကျယ်က လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ “ ဒီနေ့မနက်တုန်းက မင်းပဲ ကိုယ့်ကို မင်းခန္ဓာကိုယ်ပေါ်က အညိုအမဲတွေကို ပြမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် မိန်းကလေးချန်က ကတိမတည်ရတာလဲ။ ”
“ ကျွန်မ အဲ့လို မပြောခဲ့ပါဘူး။ ”
“ မင် ဝန်ခံမှာ မဟုတ်ဘူး ဆိုတာ ကိုယ် သိတယ်လေ။ ” ရှောက်ချန်းကျယ်က သူမရဲ့ ခါးကို လက် တစ်ဖက်ဖြင့် ပွေ့ဖက်ထားခဲ့ပြီး ကျန်လက် တစ်ဖက်ဖြင့် ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကို ရှာလိုက်သည်။ “ အဲ့ဒါကြောင့် လိုရမယ်ရ ဆိုပြီး စခရင်ရှော့ ရိုက်ထားခဲ့တာ။ ”
သူမ ပိုခဲ့မိတဲ့ မက်ဆေ့ခ်ျကို ချန်ကျင်းလန် နောက်တစ်ခေါက် ထပ်မမြင်ချင်ပါ။ ထို့ကြောင့် သူ့လည်ပင်းကို လက် နှစ်ဖက်ဖြင့် ပွေ့ဖက်ကာ နားရွက်နားကို ကပ်ပြီး “ ချန်းကျယ်။ ” ဟု တိုးတိုးလေး ခေါ်လိုက်သည်။
“ ဘယ်လို ခေါ်လိုက်တာ … ။ ကိုယ် သေချာ မကြားလိုက်ရလို့ ထပ်ခေါ်ပါဦး။ ”
ချန်ကျငိးလန်က သူ့နားရွက်ကို ဆတ်ခနဲ ကိုက်လိုက်တော့ ရှောက်ချန်းကျယ်ရဲ့ မေးရိုးတွေက ချက်ချင်းပဲ တင်းခနဲ ဖြစ်သွားလေသည်။ လက်ရှိအချိန်မှာ သူ့ဖုန်းထဲက စခရင်ရှော့တွေအကြောင်း ဂရုမစိုက်နိုင်တော့ပါ။
ချန်ကျင်းလန် အောင်မြင်သလို ရှောက်ချန်းကျယ်လည်း အောင်မြင်သွားသည်။
မီးရောင်မှိန်မှိန်အောက် ၊ ရေ ခပ်နွေးနွေးအောက်မှာ မျက်ဝန်းနက်တွေက သူမရဲ့ ခန္ဓာကိုယ်ကို လွှမ်းခြုံနေခဲ့ပြီး လက်ချောင်းချင်း ယှက်ထားခဲ့ကြသည်။ ရေခိုးရေငွေ့တွေအောက်မှာ ချွေးတွေ ၊ ရေစက်ရေပေါက်တွေ ရောနှောသွားပြီး သူမရဲ့ ခန္ဓာကိုယ်နေရာအနှံ့ကို ဖြတ်သန်းစီးဆင်းသွားလေသည်။
ရှောက်ချန်းကျယ်က သူမခန္ဓာကိုယ်ပေါ်မှာ မပျောကိသေးတဲ့ အမှတ်အသားလေးတွေကို တစ်ခုချင်း ဂရုတစိုက် လိုက်နမ်းနေခဲ့သည်။ ချန်ကျင်းလန်က နွေလလယ်မှာ အစွမ်းကုန် ဖူးပွင့်နေတဲ့ နှင်းဆီပန်းလေး တစ်ပွင့်လိုမျိုး သူ့အနမ်းအောက်မှာ တဖြည်းဖြည်း ပွင့်လန်းလာခဲ့သည်။
***