← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

အပိုင်း ( ၈၈ )

ယွမ်ကျုံးကျိုးက အနားမှာ ရပ်ထားတဲ့ ကားပေါ်ကနေ ဆင်းလာပြီး ကားသော့ကို လက်ထဲမှာ ဝှေ့ယမ်းဆော့နေသည်။ “ ဆက်ကြည့်မနေနဲ့တော့။ ကားက မြင်တောင် မြင်ရတော့တာ မဟုတ်ဘူး။ ကြည့်ရတာ ဒီတစ်ခေါက် အများကြီး တိုးတက်လာတယ် ထင်တယ်။ ဘာလဲ ၊ လက်ထပ်ခွင့်တောင်းတာ အောင်မြင်သွားတာလား။

ရှောက်ချန်းကျယ်က အဝေးကို ငေးကြည့်နေရုမှ အကြည့်လွှဲပြီး သူ့ကို ကြည့်လိုက်သည်။ “ မအောင်မြင်ခဲ့ဘူး။ ”

ယွမ်ကျုံးကျိုးက သူ့မျက်နှာပေါ်က တောက်ပနေဆဲ အပြုံးကို ကြည့်ပြီး အူကြောင်ကြောင် ဖြစ်သွားသည်။ “ မအောင်မြင်ဘူးလည်း ပြောသေးတယ် ၊ မင်းမျက်နှာက ဘာလို့ မိတ်လိုက်ချင်နေတဲ့ ဒေါင်းထီးလို စပ်ဖြဲဖြဲဖြစ်နေတာလဲ။ ”

ရှောက်ချန်းကျယ်က သူ့ကို ချက်ချင်း လှမ်းကန်လိုက်သည်။ “ မင်းလို မှိုတက်နေတဲ့ တစ်ကိုယ်တည်းသမားကောင်ကတော့ ဒါမျိုးတွေကို ဘယ်လိုလုပ် နားလည်မှာလဲ။ ”

ယွမ်ကျုံးကျိုးရဲ့ ရင်ဘတ်ထဲ အောင့်ခနဲ။ ငါ ရည်းစားမရှိတာ သုံးပတ် ၊ လေးပတ်လောက်ပဲ ရှိသေးတာပါ။ ဒီကောင့်လို နှစ်ရှည်လများ တစ်ကိုယ်တည်းသမား ဖြစ်ခဲ့တဲ့ ကောင်က ငါ့ကို ဘယ်လိုလုပ် အထင်သေးနိုင်ရတာလဲ … ။ ငါ ဒါကို လက်မခံနိုင်ဘူး။ ငါ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရတဲ့ လျော်ကြေးတောင်းမယ်။

သူက ရှောက်ချန်းကျယ်ဆီကို ကားသော့တွေ ပစ်ပေးလိုက်သည်။ “ ငါ ထိခိုက်သွားပြီ။ ကား‌မမောင်းနိုင်တော့ဘူး။ မင်းပဲ မောင်းလိုက်။ ”

“ ဘယ်နေရာမှာ ထိခိုက်သွားလို့လဲ။ ”

“ စိတ်ထိခိုက်သွားလို့။ ” ယွမ်ကျုံးကျိုးက ကြက်ကြီးလည်လိမ်ခံထားရသလို မျက်နှာဖြင့် ပြန်ပြောသည်။

… တော်တော်လေးလည်း ထိလွယ်ရှလွယ်တဲ့ စိတ်ပဲ။ ရှောက်ချန်းကျယ်က မောင်းသူနေရာမှာ ဝင်ထိုင်လိုက်သည်။ ယွမ်ကျုံးကျိုး ကားမောင်းတာပဲဖြစ်စေ ၊ ကားမမောင်းတာပဲဖြစ်စေ သူ အခုအချိန်မှာ ကိုယ်တိုင် ကားမောင်း‌ချင်နေသည်။

ယွမ်ကျုံးကျိုးသည် ခရီးသည်ထိုင်ခုံမှာ ခြေပစ်လက်ပစ် ဝင်ထိုင်ရင်း သူ့ရဲ့ ထိခိုက်သွားတဲ့ စိတ်လေးကို ပြန်ကုစားဖို့ အချိန်ယူနေခဲ့သည်။ သူ သတိပြန်ဝင်ချိန်မှာတော့ သူတို့ ကူမ္ပဏီကို သွားနေတာ မဟုတ်မှန်း သတိထားမိသွားလေသည်။

“ ငါတို့ ကုမ္ပဏီကို သွားနေတာ မဟုတ်ဘူးလား။ မင်း တခြားလမ်းကို သွားနေတာနော်။ ”

“ ငါတို့ ရှော့ပင်းမောလ်ကို အရင်ဆုံး သွားမယ်။ ”

“ ဘာလုပ်ဖို့လဲ။ ”

“ ပစ္စည်းလေးတွေ ဝယ်ဖို့။ ”

“ ဘာလုပ်ဖို့ မင်းကိုယ်တိုင် ဝယ်နေမှာလဲ။ အတွင်းရေးမှူးခုန်ကို စာရင်းရေးပေးပြီး ဝယ်ခိုင်းလိုက်လေ။ ”

“ မရဘူး။ ငါကိုယ်တိုင် ဝယ်မှ ဖြစ်မှာ။ ”

ချန်ရှနဟယ်နှင့် ဖေးကျူးဟွေ့အတွက် လက်ဆောင်တွေ ၊ ချန်ကျင်းချွမ်တို့မိသားစုအတွက် လက်ဆောင်တွေနှင့် ချန်ကျင်းလန်ရဲ့ မောင်အငယ်လေးတို့မိသားစုအတွက် လက်ဆောင်တွေကို ဝယ်ရန် ဖြစ်သည်။ ထိုလက်ဆောင်တွေ အကုန်လုံးကို သူ အစကတည်းက ပြင်ဆင်ပြီးသား ဆိုပေမဲ့ သူမရဲ့ ပြောစကားအရ အမျိုးတွေ အများကြီး လာမှာမို့ နောက်ထပ် ဝယ်ထားဖို့ လိုလာသည်။

ယွမ်ကျုံးကျိုး ခေါင်းမူးသွားသည်။ သူက ရည်းစားမရှိတဲ့ တစ်ကိုယ်တည်းသမားလေး ဖြစ်ရတာနဲ့တင် သနားစရာကောင်းနေပြီလေ … ။ အခုလည်း အလုပ်အကိုင်နဲ့ အချစ်အကြောင်း ကြွားဝါလို့ မဆုံးတဲ့ မျက်မုန်းကျိုးစရာကောင် ဈေးဝယ်ထွက်တာကို ထပ်လိုက်ရဦးမှာလား။ သူ့ကို စမ်းသပ်တဲ့ ကောင်းကင်ဘုံရဲ့ စမ်းသပ်ချက်တွေက ဘာလို့ ဒီလောက် ဆိုးဝါးနေရတာလဲ … ။

ချန်ကျင်းလန်က ရှောက်ချန်းကျယ်ကို စောစော လာခဲ့ဖို့ ပြောထားပေမဲ့ နှစ်နာရီမထိုးခင်ကတည်းက ရောက်နေလိမ့်မည်လို့တော့ ထင်မထားခဲ့ပါ။ သူမက အရေးကြီးတဲ့ အလုပ်တွေကို အပြတ်ဖြတ်ထားပြီး မနက်ဖြန်အထိ ခွင့်ယူထားတာကြောင့် ဟိုတယ်ကို အေးအေးဆေးဆေးမှ သွားရုံပင်။ သူကတော့ ခွင့်ရက်ယူဖို့ အချိန်ဇယားကို ရုတ်တရက် ပြောင်းလိုက်ရတာမို့ ကုမ္ပဏီက အလုပ်ပုံကြီးကို တစ်ညလုံး မအိပ်ဘဲ ထိုင်ရှင်းနေခဲ့ရသည်။

ချန်ကျင်းလန်သည် အစောကြီး ရောက်လာတဲ့ သူ့ကို အဲ့လောက်တောင် အားနေတာလားဟု မေးလိုက်ချင်ပေမဲ့ အနည်းငယ် ချိုင့်ဝင်နေတဲ့ သူ့မျက်ကွင်းတွေကို မြင်ချိန်မှာတော့ စကားလုံးတွေကို ပြန်မျိုချလိုက်ရသည်။ တစ်ညလုံး မအိပ်ထားလို့သာ သူ ဒီလို ပုံစံပေါက်နေတာ ဖြစ်ပါသည်။

“ ကိုယ် လာတာ အရမ်း စောသွားလို့လား။ ပြင်ဆင်စရာတွေ ရှိရင် ကူပေးလို့ ရအောင်လို့ စောစော လာခဲ့လိုက်တာ။ ”

ချန်ကျင်းလန်က သူ့အတွက် ရေတစ်ခွက် ခပ်ပေးလိုက်သည်။ “ အမေနဲ့ လီချီလေးက အိပ်နေတုန်းပဲ။ ကျွန်မတို့မှာ ပြင်ဆင်စရာတွေ ရှိတယ် ဆိုရင်တောင် လေးနာရီနောက်ပိုင်းမှ စပြင်ရင်လည်း နောက်မကျသေးပါဘူး။ ” သူမက စကား ခဏ ရပ်ပြီးမှ “ ရှင် နေ့လယ်စာစားပြီးပြီလား။ ” ဟု မေးလိုက်သည်။

“ ကော်ဖီ နှစ်ခွက် သောက်ထားတာကိုရော နေ့လယ်စာလို့ ထည့်တွက်လို့ ရလား။ ”

“ ရှင် ဘာတွေ လုပ်နေတာလဲ။ ” ချန်ကျင်းလန်က သူ ကိုယ့်ကိုယ်ကိုယ် အစာအိမ်ရောဂါရအောင် လုပ်နေတာလားဟု အတွေးဝင်လာခဲ့သည်။

ရှောက်ချန်းကျယ် ပြုံးလိုက်သည်။ “ အခု မင်း ပြောတော့မှ ကိုယ် အရမ်း ဗိုက်ဆာလာသလိုပဲ။ ”

ချန်ကျင်းလန်က သူ့ရဲ့ သက်သပ်ရပ်ရပ် ဖြီးသပ်ထားတဲ့ ဆံပင်တွေကို ကြည့်ပြီး ပုံပျက်သွားအောင် ဆွဲဖွပစ်လိုက်ချင်ပေမဲ့ အဆုံးသတ်မှာတော့ သူမရဲ့ လက်က သူ့လည်ပင်းဆီကို ရောက်သွားပြီး အင်္ကျီကော်လံကို ဆွဲဆန့်ပေးလိုက်သည်။ သူ ဒီနေ့ ပုံစံတကျ ဝတ်စားလာခဲ့တာပင်။ “ ရှင် မပူဘူးလား။ ”

“ ကိုယ် အဆင်ပြေပါတယ်။ ”

“ ကျွန်မမိဘတွေနဲ့ တွေ့ဖို့ စောသေးတယ်။ ရှင် ဘယ်သူနဲ့ တွေ့ဖို့ ဒီလို ဝတ်လာတာလဲ။ အပေါ်အင်္ကျီကို အရင်ဆုံး ချွတ်လိုက်။ ရှင့်ကို ကြည့်ရုံနဲ့တင် ကျွန်မ စိတ်ပင်ပန်းတယ်။ ”

“ ကိုယ့်ကို ကူချွတ်ပေး။ ”

...

ချန်ကျင်းလန်သည် စိတ်မထိန်းနိုင်တော့ဘဲ သူ့ဆံပင်ကို ငှက်သိုက်လို ဖြစ်သွားအောင် ဆွဲဖွလိုက်မိတော့သည်။ ထို့နောက် သူ့မျက်နှာကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ပြီး သေချာ ကြည့်လိုက်၏။ ဒီလို ပုံစံကမှ အများကြီး ပိုပြီး မျက်စိပသာဒဖြစ်သည်။ စာအုပ်ကြီးအတိုင်း ပုံစံတကျ ဝတ်ထားတဲ့ သူ့ပုံစံက သူမကို အနည်းငယ် စိတ်လှုပ်ရှားစေလေသည်။

ရှောက်ချန်းကျယ်ကတော့ ဆံပင်စတိုင်လ်အသစ် ရသွားသော်လည်း စိတ်ထဲ ဘယ်လိုမှ မနေပါ။ “ မင်း ကိုယ့်ကို ဒီဆံပင်စတိုင်လ်နဲ့ ပိုသဘောကျလား။ ”

“ ရှင် ဘယ်လို ပုံစံပဲဖြစ်ဖြစ် ကျွန်မ သဘောမကျဘူး။ ” ချန်ကျင်းလန်က သူမရဲ့ ခါးပေါ်က သူ့လက်ကို ဖြုတ်ချပြီး မီးဖိုချောင်ထဲ လျှောက်ဝင်လာခဲ့လိုက်သည်။ “ ဖက်ထုပ်လား ၊ ခေါက်ဆွဲလား။ ”

“ ဟမ်။ ” ရှောက်ချန်းကျယ်က နေရာမှ ထပြီး သူ့အပေါ်အင်္ကျီကို ချွတ်ကာ ဆိုဖာပေါ် လွှားတင်ခဲ့ပြီးနောက် သူမနှင့်အတူ မီးဖိုချောင်ထဲကို လိုက်ဝင်လာခဲ့သည်။ “ မင်း ကိုယ့်ကို ဘာစားစေချင်လဲ။ ” သူ့မျက်လုံးတွေက တောက်ပရွှင်ပျနေသည်။ “ မင်းကိုယ်တိုင် ကိုယ့်အတွက် ချက်ပေးမှာလား။ ”

ချန်ကျင်းလန်က သူ့ကို “ ရှင် ဘာစားချင်လဲ။ ” ဟု ပြန်မေးလိုက်တော့ ရှောက်ချန်းကျယ်က “ နှစ်မျိုးလုံး စားချင်တယ်။ ” ဟု အရဲစွန့် ပြောလိုက်လေသည်။

နှစ်မျိုးလုံး စားချင်တာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ချန်ကျင်းလန်က ရိုးရှင်းလွယ်ကူတဲ့ ဖက်ထုပ်ခေါက်ဆွဲပြုတ်ကိုပဲ ရွေးချယ်လိုက်သည်။ ဖက်ထုပ်နှင့် ခေါက်ဆွဲက ရယ်ဒီမိတ်တွေမို့ ဟင်းသီးဟင်းကွက်တွေ ထပ်ထည့်ရုံပါပဲ။ ဟင်းရည်ကို ဆယ်မိနစ်အောက် တည်ထားလိုက်ရုံနှင့် အရသာမျှတဲ့ ဟင်းရည်ကောင်းကောင်းကို ရလာသည်။ သူက နံနံပင် မစားတာမို့ နံနံပင် ထည့်စရာ မလိုပါ။

ရှောက်ချန်းကျယ်က သူမကို နောက်ကနေ သိုင်းဖက်ပြီး သူမရဲ့ ပခုံးပေါ် မေးတင်ထားလိုက်သည်။ သူ့ပုံစံက အတော်လေး ပျော်ရွှင်ကျေနပ်နေပုံရသည်။ “ မင်း ဘာလို့ ကိုယ့်အပေါ် အရမ်း ကောင်းပေးနေတာလဲ။ ”

ရှောက်ချန်းကျယ်က သူမကို ပိုလို့တောင် တင်းကျပ်စွာ ‌ပွေ့ဖက်လိုက်ချိန်မှာ ချန်ကျင်းလန်ရဲ့ လက်က ခဏ ရပ်တန့်သွားသည်။ “ ကျွန်မ ရှင့်အပေါ် ကောင်းပေးနေတာ မဟုတ်ပါဘူး။ ရှင် ဒီည ဘာကို ရင်ဆိုင်ရမလဲ ဆိုတာ မသိလောက်ဘူး။ ကျွန်မအစ်ကိုနဲ့ သူ့အပေါင်းအသင်းတွေအကုန်လုံး ဒီနေ့ လာကြမှာ။ အကုန်လုံးက သာမန်လူတွေထက် သောက်‌နိုင်တြဲ လူတွေချည်းပဲ ၊ မိသားစုထဲက တချို့ လူကြီးတွေကလည်း အများကြီး သောက်နိုင်ကြတယ်။ အဲ့ဒါကြောင့် ရှင့်ကိုလည်း အပြန်အလှန်အနေနဲ့ အတင်း သောက်ခိုင်းကြလိမ့်မယ် ၊ ကြိုပြီး ပြင်ဆင်ထား။ ”

ရှောက်ချန်းကျယ်က သူမရဲ့ နူးနူးညံ့ညံ့ လည်တိုင်လေးကို မေးစေ့ဖြင့် ဖွဖွလေး ပွတ်လိုက်သည်။ “ စိတ်ချပါ။ ကိုယ် စိတ်ပြင်ဆင်ထားပါတယ်။ ဆွေမျိုးတွေ ဆုံရင် အများကြီး သောက်ရတာက သားမက်တိုင်း ဖြတ်ကျော်ရတဲ့ အဆင့်ပဲ မဟုတ်လား။ ကိုယ်လည်း အတိုင်းအတာ တစ်ခုထိတော့ သောက်နိုင်ပါတယ် ၊ မူးနေတဲ့ အချိန်မှာလည်း ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်တယ်။ တစ်ခု ဆိုးတာက ကိုယ်က အရက်မူးရင် သတိမေ့သွားတတ်တယ်။ ”

ချန်ကျင်းလန်ရဲ့ လက်တွေက စက္ကန့်ပိုင်းလောက် ငြိမ်သက်နေသည်။ ရှောက်ချန်းကျယ်က သူမကို တင်းတင်းကျပ်ကျပ် သိုင်းဖက်လိုက်သည်။ “ အဲ့နေညတုန်းက အဖြစ်အပျက်တွေကို ကိုယ် မမှတ်မိလို့ တောင်းပန်ပါတယ်နော် မြောင်မြောင်။ ”

အဲ့ဒီညမှာ သူတို့ လီချီလေးကို ရခဲ့တာ ဖြစ်သည်။ ဘာကိုမှ ကွဲကွဲပြားပြား မမှတ်မိတဲ့ သူက ထိုညကို မပီဝိုးတဝါးအိပ်မက် တစ်ခုအဖြစ်သာ အမြဲတမ်း မှတ်ယူခဲ့ပေမဲ့ မေ့ပစ်ချင်ခဲ့တာတော့ မဟုတ်ပါ။

ချန်ကျင်းလန်က ခေါက်ဆွဲပန်းကန်ကိုသာ ဗလာမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့ကာ အာရုံပျံ့လွင့်သွားသည်။ “ ကျွန်မလည်း ရှင့်ကို အဲ့ညကို ပြန်မမှတ်မိစေချင်ပါဘူး။ ” မဟုတ်ရင် သူမလည်း အဲ့ဒီညပြီးတဲ့နောက်ပိုင်း မကောင်းသတင်းတွေကို စိတ်ရော ၊ ကိုယ်ပါ အပင်ပန်းခံ ၊ နာကျင်ခံပြီး ရှင်းလင်းခဲ့ရမှာ မဟုတ်။

“ ကဲပါ ၊ အတိတ်အကြောင်း မပြောဘဲ နေရအောင်။ ” ချန်ကျင်းလန်က သူ့ကို လှည့်ကြည့်လိုက်သည်။ “ ရှင် ဗိုက်ဆာနေတယ်ဆို။ ရှင် မြန်မြန် မစားရင် ခေါက်ဆွဲတွေ ပွလာတော့မယ်။ ”

ရှေယက်ချန်းကျယ်က သူမရဲ့ မျက်လုံးတွေကို စိုက်ကြည့်ပြီး နှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်သည်။ ပထမတော့ ဖွဖွလေး ကိုက်နေခဲ့ပြီးနောက် နူးညံ့တဲ့ ကိုက်ရာလေးတွေ တရစပ် ကျရောက်လာခဲ့သည်။ ချန်ကျင်းလန်က ခါတိုင်းလို မျက်လုံးမမှိတ်ဘဲ သူ့ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ ရှောက်ချန်းကျယ်က သူမရဲ့ ပခုံးတွေကို ဆွဲလှည့်လိုက်တော့ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်အနေအထား ဖြစ်သည်။

“ မင်း ဘာလို့ မျက်လုံးမှိတ်မထားတာလဲ။ ” သူက သူမရဲ့ နှုတ်ခမ်းတွေကို ဖိကပ်ရင်း လေသံလေးနှင့် ခပ်တိုးတိုး ပြောလိုက်သည်။

ချန်ကျင်းလန်သည် မောဟိုက်စွာ အသက်ရှူနေခဲ့ပြီး သူမရဲ့ အကြည့်ထဲမှာ ဆန့်ကျင်လိုတဲ့ အငွေ့အသက်တွေ ယှက်သန်းနေသည်။ “ ရှင်လည်း မျက်လုံးမှိတ်တာမှ မဟုတ်တာ။ ”

ရှောက်ချန်းကျယ်က သူမနှင့် နှုတ်ခမ်းချင်း ဖိကပ်ထားရင်း ပြုံးလိုက်ချိန်မှာ သူ့ရဲ့ ဝင်လေထွက်လေနွေးနွေးက သူမရဲ့ မျက်နှာကို ထိတွေ့သွားသည်။ ချန်ကျင်းလန်ရဲ့ မျက်တောင်ရှည်ရှည်လေးတွေက အကြိမ်အနည်းငယ် တဖျတ်ဖျတ် လှုပ်ခတ်သွားပေမဲ့ မျက်လုံးမမှိတ်ဘဲ တောင့်ခံထားဆဲပင်။ ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းတွေက သူမနှာခေါင်းပေါ်ကို ဖြည်းဖြည်းချင်း ရောက်လာခဲ့ပြီး နောက်ဆုံးတော့ မျက်ခွံလေးတွေပေါ်မှာ ရပ်တန့်သွားသည်။

“ မကောင်းတဲ့ လူ။ ” ချန်ကျင်းလန်က ပြောပြောဆိုဆို သူ့မေးစေ့ကို ကိုက်ချလိုက်ပေမဲ့ ဘာအားမှ မပါဘဲ ခပ်ဖွဖွ ကိုက်ရုံမျှသာ။

ရှောက်ချန်းကျယ်က သူမရဲ့ ခါးလေးကို မြှောက်ချီလိုက်ပြီး သူမ ပြောသလို မကောင်းတဲ့ လူပဲ ဆက်အဖြစ်ခံလိုက်ပါသည်။ နောက်ဆုံးမှာတော့ ဖက်ထုပ်ခေါက်ဆွဲဟာလည်း ဟင်းရည်တွေ အကုန်လုံးကို ခေါက်ဆွဲတွေက စုပ်ယူသွားကာ ဖက်ထုပ်စွပ်ပြုတ် ဖြစ်သွား၏။

ချန်ကျင်းလန်က သူ့ရှေ့မှာ ထိုင်ပြီး နီရဲနေတဲ့ ပါးလေးကို လက်တစ်ဖက်နှင့် အုပ်ကာ သူ အားရပါးရ စားနေတာကို ထိုင်ကြည့်နေခဲ့သည်။ “ ရှင် မကုန်ရင်လည်း အတင်း စားမနေနဲ့နော်။ ”

ရှောက်ချန်းကျယ်က နောက်ဆုံးလက်ကျန် ဖက်ထုပ်တွေကို နှစ်လုပ် ၊ သုံးလုပ်တည်းနှင့် လက်စသတ်လိုက်ပြီးနောက် ပါးစပ်ကို လက်ကိုင်ပဝါဖြင့် သုတ်ရင်း “ ကိုယ် စားဖူးသမျှထဲမှာ အရသာအရှိဆုံး‌ နေ့လယ်စာပဲ။ ” ဟု ပြောလိုက်သည်။

“ ယောက်ျားတွေရဲ့ ပါးစပ်က ပြောသမျှ‌စကား‌တွေက အလိမ်အညာတွေပဲ။ ”

ဖြူဖတ်ပျော့ပြဲနေတဲ့ ခေါက်ဆွဲတွေ ၊ ဖက်ထုပ်တွေက ဘယ်လိုလုပ် စားကောင်းမှာလဲ။

ထိုအချိနိမှာ တစ်ရေးအိပ်နေရာက နိုးလာတဲ့ ချန်လီချီလေးက ဧည့်ခန်းထဲမှာ ရပ်ကာ မျက်လုံးတွေကို ပွတ်လျက် အမေဖြစ်သူကို ရှာနေခဲ့သည်။ မီးဖိုချောင်ထဲက မေမေ့အသံကို ကြားလိုက်ရသောကြောင့် ပြေးဝင်လာခဲ့ချိန်မှာတော့ ဖေဖေပါ ရောက်နေတာကို မြင်လိုက်ရသည်။ သူမရဲ့ မျက်လုံးလေးတွေက လခြမ်းကွေးလေးတွေအဖြစ် ပြုံးရီကွေးညွှတ်သွားသည်။ ဖေဖေနှင့် မေမေက အချစ်စကားတွေ တိုးတိုးလေး ပြောနေကြတာပင်။

ရှောက်ချန်းကျယ်က သူမလေးကို လက်တစ်ဖက်တည်းနှင့် ပွေ့ချီလိုက်သည်။ “ ပျော်ရွှင်စရာမွေးနေ့ ဖြစ်ပါစေ သမီးလေး။ ”

ချန်လီချီလေးက “ ကျေးဇူးတင်ပါတယ် ဖေဖေ။ ” ဟု ပြန်ပြောရင်း ဖေဖေ့ရဲ့ မသပ်မရပ်ဖြစ်နေတဲ့ ဆံပင်တွေကို သတိထားမိသွားသည်။ “ ဖေဖေ့ရဲ့ ဒီနေ့ ဆံပင်စတိုင်လ်က တကယ် အမိုက်စားပဲ။ ”

“ အဲ့ဒါ မေမေ လုပ်ပေးထားတာ။ ”

ချန်လီချီက အမေဖြစ်သူကို ကြည့်လိုက်သည်။ “ မေမေ ဒီနေ့ သမီးကို မင်းသမီးလေးနဲ့ တူအောင် ဆံပင်လှလှလေး လုပ်ပေးပါလားဟင်။ ”

သူမကတော့ မိန်းကလေးမို့ ဖေဖေ့လို ဆံပင်စတိုင်လ် အမိုက်စားထက် မိန်းကလေးဆန်ဆန်လေး လှနေဖို့ လိုသည်။

“ ရတာပေါ့။ မေမေ လုပ်ပေးမယ်နော်။ ” ချန်ကျင်းလန်က သူမရဲ့ ပါးလေးကို ဆွဲဖျစ်လိုက်သည်။

သူမက လီချီလေးကို ဆံပင်ပြင်ပေးဖို့ ၊ အဝတ်အစားတွေ ရွေးဖို့ ခေါ်သွားစဉ်မှာ ရှောက်ချန်းကျယ်က မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ရင်း ၊ အိုးခွက်ပန်းကန်တွေကို ဆေးရင်း ကျန်ခဲ့သည်။ အဝတ်လဲခန်းထဲကနေ တိုးတိုးတစ်ခါ ၊ ကျယ်ကျယ်တစ်လှည့် ပျံ့လွင့်လာတဲ့ စကားသံနှင့် ရယ်သံလေးတွေက မီးဖိုချောင်ထဲက ရေကျသံနှင့် ပေါင်းစပ်လိုက်တော့ သာယာနာပျော်ဖွယ် တေးသွား တစ်ပုဒ်လို ခံစားရသည်။ ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းထက်မှာ နူးညံ့တဲ့ အပြုံးတစ်ပွင့် ဖြစ်တည်လာသလို သူ့မျက်လုံးတွေကလည်း နွေးထွေးနေခဲ့ပါသည်။

မွေးနေ့ပါတီပွဲ အပြင်အဆင်တွေကိုတော့ ကျွမ်းကျင်သူတွေကပဲ အစအဆုံး တာဝန်ယူ‌ထားသည်။ လီချီလေးရဲ့ ဆန္ဒအတိုင်း ဒီနှစ် မွေးနေ့ပါတီအပြင်အဆင်က ရေခဲနတ်သမီးလေးရဲ့ ရေခဲတိုင်းပြည် ဖြစ်သည်။

ချန်လီချီသည် ခြံထဲကို ခြေချလိုက်ရုံဖြင့် မျက်လုံးပြူးသွားသည်။ ပြင်ဆင်ထားတဲ့ ရဲတိုက်ကြီးက သူမ ရုပ်ရှင်တွေမှာ မြင်ဖူးတဲ့ ရဲတိုက်ကြီးနှင့် တစ်ပုံစံတည်းပင်။ သူမက ရဲတိုက်ကြီးဆီ ပြေးသွားရင်း လှေကားပေါ်က ဘိုးဘိုးနှင့် ဘွားဘွားကို အော်ပြောလိုက်သည်။ “ ဘိုးဘိုးနဲ့ ဘွားဘွားရေ ၊ ဒီရဲတိုက်ကြီး အရမ်း လှတယ် မဟုတ်လားဟင်။ ”

မြေးမလေး ပျော်နေတာကို မြင်တော့ ဖေးကျူးဟွေ့နှင့် ချန်ရှန်းဟယ်လည်း ထပ်တူထပ်မျှပင် ပျော်ရွှင်ကြည်နူးရသည်။ ချန်ကျင်းလန်က သူမရဲ့ အဖေနှင့် အမေဆီ သွားပြီး “ ရှောက်ချန်းကျယ် ရောက်နေပြီ အဖေနဲ့ အမေ။ သူ အပြင်မှာ ရပ်နေတယ်။ ” ဟု ပြောလိုက်သည်။

“ သူ ရောက်နေတယ် ဆိုလည်း မြန်မြန် အိမ်ထဲ ဝင်ခိုင်းလိုက်လေ။ အပြင်မှာ ဘာရပ်လုပ်နေတာလဲ။ ” ဖေးကျူးဟွေ့က အိမ်တော်ထိန်းချွီကို လှမ်းခေါ်လိုက်သည်။ “ တံခါးတွေ အကုန်လုံးကို ဖွင့်လိုက်တော့ အစ်မချွီ။ ဧည့်သည်တွေ စပြီး ရောက်နေကြပြီ။ ”

ချန်ရှန်းဟယ်က ဟွန်းခနဲ နှာခေါင်းရှုံ့လိုက်သည်။ “ သူ စောစောတော့ ရောက်အောင် လာသားပဲ။ ”

ရှောက်ချန်းကျယ်ကို အိမ်ထဲ ခေါ်လိုက်ပေမဲ့ ချန်ရှန်းဟယ်င သူ့ကို ဆိုဖာပေါ်မှာ ဆယ်မိနစ်ကျော် ထိုင်ခိုင်းထားခဲ့သည်။ အလုပ်က ပြန်ရောက်လာတဲ့ ချန်ကျင်းချွမ်က အိမ်ထဲ ဝင်,ဝင်ချင်းမှာပဲ မျက်မှောင်ကြုတ်လိုက်ကာ သူ ယာလို့ အဓိပ္ပါယ်မရှိစွာ အစောကြီး ရောက်နေတာလဲ ဆိုတာကို မေးဖို့ ဟန်ပြင်လိုက်သည်။

ထိုအချိန်မှာပဲ ရှောက်ချန်းကျယ်က မတ်တပ်ရပ်ပြီး သူ့ကို နှုတ်ဆက်လိုက်လေသည်။ “ အစ်ကိုကြီး အိမ်ပြန်လာပြီပဲ။ ”

… သေစမ်း။ ချန်ကျင်းချွမ်သည် ထိုစကားတစ်ခွန်းကြောင့် သူ ပြောဖို့ ဟန်ပြင်နေတဲ့ စကားတွေအကုန်လုံးကို ပြန်မျိုချလိုက်ရ၏။

ဖေးကျူးဟွေ့က မီးဖိုချောင်တံခါးဝမှာ လမ်းပိတ်နေတဲ့ ချန်ကျင်းချွမ်ကို ကန်ပြီး လမ်းဖယ်ခိုင်းလိုက်ကာ ဧည့်သည်တွေအတွက် ရေနွေးကြမ်းတွေကို သူမကိုယ်တိုင် ယူလာခဲ့လိုက်သည်။ ဧည့်သည်တွေ စောင့်နေရမှာ စိုး၍ သူ့ကို ဒီလောက် ဆုံးမလိုက်ရင် လုံလောက်ပါပြီ။

ချန်ရှန်းဟယ်ကလည်း ဇနီးဖြစ်သူနှင့်အတူ ထွက်လာပြီး သူ့သမီးကိုပါ ထွက်လာခိုင်းလိုက်သည်။

ခြံဝန်းထဲမှာ ချန်လီချီရဲ့ စကားသံတွေ ၊ ရယ်သံလေးတွေ ပျံ့လွင့်နေပြီး အိမ်ထဲက တည်ငြိမ်အေးစက်နေတဲ့ လေထုနှင့် ယှဉ်လိုက်ရင် သိသိသာသာ ကွဲထွက်နေသည်။ ဖေးကျူးဟွေ့က ရှောက်ချန်းကျယ်ရဲ့ ဘေးမှာ ထိုင်နေပြီး ဖေးကျူးဟွေ့ကတော့ ဆိုဖာပေါ်က အလယ်ထိုင်ခုံမှာ ထိုင်နေခဲ့သည်။

ချန်ရှန်းဟယ်နှင့် ချန်ကျင်းချွမ်က သူတို့နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေခဲ့ပြီး နှစ်ယောက်လုံးက ရှောက်ချန်းကျယ်ကို မျက်နှာတည်တည်တင်းတင်းတွေနှင့် မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။

မျက်‌လုံး လေးလုံးနှင့် စိုက်ကြည့်ခံနေရပေမဲ့ ရှောက်ချန်းကျယ်ကတော့ တည်တည်ငြိမ်ငြိမ်ပဲ ထိုင်နေခဲ့သည်။ သူ ပြင်ဆင်လာတဲ့ ပစ္စည်းတွေကို အစောကြီးကတည်းက ယူလာပြီးသား ဖြစ်ပြီး ကော်ဖီစားပွဲပေါ်မှာ ပစ္စည်းတွေ အပြည့် ။ ဖေးကျူးဟွေ့အတွက် ကျောက်စိမ်း တစ်ဆင်စာ ၊ ချန်ရှန်းဟယ်အတွက် ရှေးခေတ်လက်ရေးလှပညာရှင် တစ်‌ယောက်ရဲ့ အနုစိတ် လက်ရေးလှလက်ရာနှင့် ချန်ကျင်းချွမ်အတွက် စာချုပ်တစ်စောင်အပြင် ချန်ကျင်းလန်ရဲ့ မောင်လေး ချန်လီချွမ်နှင့် သူ့ဇနီး ရှုယန်တို့အတွက်လည်း လက်ဆောင်တွေ ပါသည်။

ဖေးကျူးဟွေ့ တစ်ယောက်သာ ရှောက်ချန်းကျယ် ပေးတဲ့ လက်ဆောင်ကို လက်နှစ်ဖက်ဖြင့် လက်ခံယူပြီး ချန်ရှန်းဟယ်နှင့် ချန်ကျင်းချွမ်ကတော့ မယူပေ။ ဖေးကျူးဟွေ့က ကတ္တီပါဘူးလေးကို ဖွင့်ကြည့်ပြီး နက်နက်ရှိုင်းရှိုင်း ပြုံးကာ ပြောလိုက်သည်။ “ ကျေးဇူးပါ ချန်းကျယ်။ ဒေါ်လေး တကယ် သဘောကျတယ်။ ”

ဒီကျောက်စိမ်း တစ်ဆင်စာက အဖိုးတန်လို့ မဟုတ်ဘဲ ဈေးကြီးတဲ့ တွေ့ကရာ လက်ဆောင်တွေကို ဝယ်တာထက် သူမ ကြိုက်တဲ့ ပစ္စည်းကို ရွေးချယ် ဝယ်ယူလာတာက သူ့ရဲ့ အမြော်အမြင်ရှိမှုကို ဖော်ပြနေသည်။ အဲ့ဒါကို အသိအမှတ်ပြုရပါမည်။

***

All Chapters