← Chapters

အခန်း ၉၁

Vol. 9 Ch. 91

အခန်း ၉၁

Vol. 9 Ch. 91

အပိုင်း ( ၉၁ )

လူတချို့က အစည်းအဝေးခန်းမရဲ့ နောက်မှာ ရပ်နေတဲ့ ချန်ကျင်းလန်ကို သတိပြုမိသွားပြီး အမြင်ပိုစူးရှတဲ့ လူတွေကတော့ သူတို့နှစ်ယောက်ရဲ့ ဘယိဘက်လက်သူကြွယ်ပေါ်က ရိုးရှင်းတဲ့ လက်ထပ်လက်စွပ်လေးတွေကိုပါ မြင်သွားခဲ့သည်။ ဆင်တူလား ၊ ပုံစံကွဲလား ဆိုတာကိုတော့ ဘယ်သူမှ ကွဲကွဲပြားပြား မမြင်ရပေမဲ့ အပြင်မှာ ပျံ့နေတဲ့ အတင်းအဖျင်းတွနှင့် ပေါင်းစပ်လိုက်သောအခါ တချို့ ကိစ္စတွေက အခြေအမြစ်မရှိတဲ့ ယူဆချက်တွေ မဟုတ်နိုင်လောက်ပေ။ ထို့ကြောင့် တိုးတိုးကျိတ်ကျိတ် စကားသံတွေ ထွက်ပေါ်လာကာ စီးပွားရေးလောကထဲက လုပ်ငန်းရှင်ကြီးတွေ ရှိနေတာတောင် “ ခင်ဗျားဆီက မကြာခင် သတင်းကောင်း ကြားရတော့မှာလား ဥက္ကဌရှောက်။ ” လို့ ကျယ်လောင်စွာ အော်မေးခဲ့တဲ့ လူတွေ ရှိသည်။ ခုနတုန်းကအထိ တိတ်ဆိတ်နေတဲ့ အစည်းအဝေးခန်းမကြီးဟာ ထိန်းချုပ်မှုကင်းမဲ့သွားပုံဖြင့် ဆူညံလာခဲ့သည်။

MC က အခြေအနေကို အမြန် ထိန်းချုပ်ဖို့ ပြင်လိုက်ပေမဲ့ ဥက္ကဌရှောက်ကို ကြည့်ရတာ စိတ်အနှောင့်အယှက်ဖြစ်သွားပုံမပေါ်ဘူး ဆိုတာ သူ ကောင်းကောင်း သိသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူ့မျက်နှာဟာ ပိုလို့တောင် တောက်ပသွားတယ်လို့ ပြောလို့ ရသည်။ ဒီလို အစည်းအဝေးပွဲတွေက အစကတည်းက ထိုင်းထိုင်းမှိုင်းမှိုင်းနှင့် ပျင်းစရာကောင်းတာမို့ သူ ဒီလို ပွဲတွေကို MC မလုပ်ချင်ပါ။ စင်အောက်မှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အကုန်လုံးက ဟန်ပန်ကြီးတစ်ခွဲသားနှင့် တည်တည်ငြိမ်ငြိမ် ထိုင်နေကြတာမို့ ပွဲကို အသက်ဝင်အောင် လုပ်ချင်ရင်တောင် လုပ်လို့ မရ။ အခုတော့ အာရုံလွှဲစရာက သူ့လက်ခုပ်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီး ပျင်းစရာကောင်းတဲ့ အစည်းအဝေးကို အသက်ဝင်အောင် လုပ်ပေးခဲ့သည်။ အစည်းအဝေးခန်းမထဲမှာ အရင်လို ပျင်းစရာမကောင်းတော့ရုံသာမက သူလည်း အတင်းအဖျင်းတွေကို စိတ်ဝင်စားနေမိပါသည်။

ချန်ကျင်းလန်သည်လည်း ဒီကို ဘာရယ်မဟုတ် လာခဲ့မိတာက ဒီလို အခြေအနေမျိုးကို ဦးတည်သွားစေလိမ့်မည်ဟု မထင်ခဲ့ပေ။ အခုတော့ ခန်းမတစ်ဝက်လောက်က လူတွေက သူမကို ဝိုင်းကြည့်‌နေပြီး ကျန်တစ်ဝက်က ရှောက်ချန်းကျယ်ကို ဝိုင်းကြည့်နေ၍ သူမ ထွက်သွားချင်ရင်တောင် ထွက်သွားလို့ မရတော့။

မင်္ဂလာဆောင်ရက်စွဲ ရွေးရတာက ရင်ခုန် စိတ်လှုပ်ရှားစရာကောင်းပေမဲ့ ရှောက်ချန်းကျယ်နှင့် ချန်ရှန်းဟယ်ရဲ့ “ မကြာခင် ” ဆိုတဲ့ အချိန်အခါကို နားလည်ပုံကတော့ ကွာခြားသည်။ ရက်စွဲကို မနေ့တုန်းကမှ အတည်တကျ ရွေးပြီးတာ ဖြစ်ပြီး ဖေးကျူးဟွေ့နှင့် လွီစစ်ဝေက လာမယ့်နှစ် ခြောက်လပိုင်း ( ၁၈ ) ရက်နေ့ကို ရွေးထားသည်။ သူတို့ မင်္ဂလာဆောင်ဖို့ တစ်နှစ်နီးပါးတောင် လိုသေးတာမို့ ရှောက်ချန်းကျယ်က ထိုရက်စွဲဟာ သူ့စိတ်ကူးထဲက ရက်စွဲနှင့် အတော်လေး ကွာခြားသည်ဟု ခံစားရသည်။ သူ့အစီအစဉ်တွေအရဆို အလွန်ဆုံးမှ နှစ်ကုန်ပိုင်းကို ကျော်မှာ မဟုတ်။ ဒါပေမဲ့လည်း ဒါက သူ့ယောက္ခမ လိုက်လျောပေးနိုင်တဲ့ အစောဆုံး ရက်စွဲ ဆိုတာ သူ နားလည်ပါသည်။

ချန်ရှန်းဟယ်တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်အရ ဆိုလျှင် နောက်နှစ်ကတောင် အရမ်းကြီး လောဦးမှာ မဟုတ်။ အနည်းဆုံး နောက်ထပ် သုံးနှစ်လောက် နေမှ သူနှင့် ချန်ကျင်းလန် လက်ထပ်ဖြစ်လိမ့်မည်။ ဒါပေမဲ့ သူ့မိန်းမက သူ့ကို လျှပ်တစ်ပြက် လှမ်းကန်လိုက်သောကြောင့် သူ့ထင်မြင်ချက်က အဲ့လောက်ကြီး အရေးမပါတော့တာပင်။

ရှောက်ချန်းကျယ်နှင့် ချန်ကျင်းလန်သည် ခပ်ဝေးဝေးကနေ အကြည့်ချင်း ဖလှယ်နေမိကြသည်။ ရှောက်ချန်းကျယ်က မိုက်နားကို ငုံ့လိုက်ချိန်မှာ ချန်ကျင်းလန်က သူ ပြောတော့မယ်ြ စကားကို ခန့်မှန်းလို့ ရသွားသည်။ ချန်ကျင်းလန်သည် လူတိုင်းရဲ့ အာရုံစိုက်မှုကို သူ့အပေါ် ရောက်သွားတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး အသာလေး လစ်ထွက်လာခဲ့လိုက်သည်။ သူမက သူ့လောက် မျက်နှာအရေပြားမထူ၍ ဒီအခြေအနေကို သူ့တစ်ယောက်တည်းပဲ ကိုင်တွယ်ခိုင်းတာက အကောင်းဆုံး ဖြစ်သည်။ သူ ပြောမယ့် စကားတိုင်းကို သူ ချောချောမွေ့မွေ့ ကိုင်တွယ်နိုင်မယ် ဆိုတာ သေချာပါသည်။

စပီကာတွေကတစ်ဆင့် ရှောက်ချန်းကျယ်ရဲ့ ကြည်လင်ပြတ်သားတဲ့ အသံ ထွက်ပေါ်လာ၏။ “ သတင်းကောင်း ရှိတယ် ဆိုတာ မှန်ပါတယ် ၊ ဒါပေမဲ့ အဲ့သတင်းကောင်းကို ရှေ့နှစ်ထဲမှာမှ ကြားရမှာပါ။ အကုန်လုံးက ကျွန်တော်တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ တက်ရောက်ပေးကြမယ် ၊ စားကြသောက်ကြမယ်လို့ မျှော်လင့်ပါတယ်။ ”

စင်မြင့်အောက်ကနေ ဝိုးခနဲ ဝါးခနဲ အသံတွေ ထွက်ပေါ်လာခဲ့သည်။

လူ တစ်ယောက်က “ အဲ့သတင်းကောင်းမှာ ဥက္ကဌချန်ရော ပါလား။ ” ဟု အော်မေးလိုက်လျှင် တခြားလူတွေကလည်း အစည်းအဝေးခန်းမတံခါးဝကို လှည့်ကြည့်လိုက်ကြလေသည်။ “ ဟေး ၊ ဥက္ကဌချန် ဘယ်ရောက်သွားတာလဲ။ ”

ရှောက်ချန်းကျယ်က “ သူက ရှက်တတ်လို့ပါ။ ” ဟု နူးညံ့စွာ ပြန်ပြောလိုက်သည်။ ထိုစကား တစ်ခွန်းတည်းနှင့်ပင် သူ့ပိုင်ဆိုင်မှုကို ကြေညာလိုက်သလို သူမအပေါ် မြတ်နိုးမှုကိုလည်း ထပ်တူ ဖော်ပြလိုက်တာ ဖြစ်သည်။

အစကတည်းက ပွက်ပွက်ဆူနေတဲ့ လူအုပ်ထဲကနေ တဝိုးဝိုး တဝါးဝါး အသံတွေပါ ထွက်ပေါ်လာကာ လေချွန်သံတွေ ၊ လက်ခုပ်တီးသံတွေနှင့်ပါ ကျွက်ကျွက်ညံသွားခဲ့သည်။ အလန်းစား ပါတီပွဲထက်တောင် ပိုအသက်ဝင်နေတဲ့ ဒါက အစည်းအဝေး မဟုတ်တော့ပေ။

လန်ကျိုးဟိုတယ်က ဝန်ထမ်းတွေလည်း အလွန် စိတ်လှုပ်ရှားသွားခဲ့ကြသည်။ ဥက္ကဌရှောက်က ဥက္ကဌချန်ကို ခဏ ခဏ လာကြိုတတ်သလို တစ်ခါတလေဆို မင်းသမီးလေးကိုတောင် ခေါ်လာတတ်တာမို့ သူတို့ နှစ်ယောက် တွဲနေကြတယ် ဆိုတာကို ဝန်ထမ်းတိုင်း သိသည်။ အတည်တကျ လေးနက်တဲ့ အချစ် ဆိုတာ ဖုံးကွယ်ရခက်သည်လေ။ မင်္ဂလာဆောင်ရက်စွဲကို အခုကတည်းက ရွေးပြီးနေပြီလို့ သူတို့ မထင်ခဲ့ရုံလေးပါ။ ဥက္ကဌရှောက်က တကယ့်ကို လက်သွက်ခြေသွက်ရှိတာပဲ … ။

ဒါပေမဲ့ ဥက္ကဌရှောက်က ဥက္ကဌချန်ကို ရှက်တတ်တယ်လို့ ပြောနေသည်။ အဲ့ဒါက သူတို့ သိတဲ့ ဥက္ကဌချန်နှင့်လည်း မတူပါ။ ရှက်တယ် ဆိုတဲ့ စကားလုံးကို သူမအတွက် သုံးရလိမ့်မည်ဟု သူတို့ တစ်ခါမှ စိတ်ကူးမယဉ်ကြည့်ဖူး။ ရှက်နေတဲ့ ဥက္ကဌချန်က ဘယ်လို ပုံစံမျိုး ဖြစ်နေမှာပါလိမ့်ဟု သူတို့ စိတ်ဝင်တစား သိချင်သွားသည်။

Group Chat ထဲမှာ တစ်ချိန်လုံး ငြိမ်ချက်သားကောင်းနေတဲ့ ထန်ယိချန်းက ဆက်ငြိမ်မနေနိုင်တော့ဘဲ “ ရှက်နေတဲ့ ဥက္ကဌချန်ကို ဥက္က‌ဌရှောက်ပဲ မြင်နိုင်တာ။ မင်းတို့ စိတ်ကူးယဉ်မနေကြနဲ့။ ” ဟု ဝင်ပြောလိုက်သည်။ သူ့ရဲ့ တည်ငြိမ်တယ်လို့ ထင်ရတဲ့ စကားတွေက သူ့စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ပေးခဲ့သည်။ နောက်ဆုံးတော့ သူ့အိပ်မက် အမှန်တကယ် ဖြစ်လာတော့မည် ၊ သူ့ရဲ့ ကျန်‌ရှိနေတဲ့ ဘဝသက်တမ်းကို အေးအေးဆေးဆေး သက်သောင့်သက်သာ ဖြတ်သန်းလို့ ရတော့မည်။ ထန်ယိချန်းသည် စိတ်ထဲကနေ ဘော့စ်ရဲ့ ရှက်နေပေမဲ့ လှပတဲ့ အချစ်ဇာတ်လမ်းလေး ထာဝရ တည်တံ့ပါစေဟု ဆုတောင်းပေးလိုက်၏။

ချန်ကျင်းလန်က အစည်းအဝေးခန်းမထဲကနေ ထွက်ပြေးလာသော်လည်း လက်ဖက်ရည်သောက်ဖို့ အလုပ်နားချိန်ရောက်တော့ တစ်စုံတစ်ယောက် မျက်နှာပွင့်နိုင်စေရေးအတွက် အချိုပွဲတွေနှင့် သစ်သီးတွေကို လူလွှတ်ပြီး ပို့ပေးခဲ့သည်။

စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက အချိုပွဲတွေရဲ့ ချိုမြိန်မှုကြောင့် မဟုတ်ဘဲ ဖူးပွင့်ဝေဆာနေတဲ့ ဒီအချစ်ဇာတ်လမ်းကြောင့် လည်ချောင်းနင်သွားကြကာ ရှောက်ချန်းကျယ်ကို အဆက်မပြတ် စနောက်နေခဲ့ကြတော့သည်။

ရှောက်ချန်းကျယ်တစ်ယောက် ဒီနေ့ အတော်လေး စိတ်အခြေအနေကောင်းနေတာမို့ စနောက်မှုတွေ အကုန်လုံးကို ပြုံးပြုံးလေးပဲ လက်ခံယူခဲ့သည်။ စကားပြောနေတုန်း ချန်ကျင်းလန်ဆီကို [ နေ့လယ်စာ အတူတူ စားချင်လား။ ] ဆိုတဲ့ မက်ဆေ့ခ်ျ တစ်စောင်တောင် ပို့လိုက်သေးသည်။

မိနစ် အနည်းငယ် ကြာတော့ [ အခု အပြင်မှာ တအား နေပူနေလို့ အပြင်မသွားချင်ဘူး။ ရှင် အလုပ်ပြီးသွားရင် ကျွန်မရဲ့ ရုံးခန်းထဲကို လာခဲ့လေ။ ] ဆိုတဲ့ ပြန်စာ ရောက်လာသည်။

[ အိုကေ။ ]

ချန်ကျင်းလန်က သူမရဲ့ ဖုန်းကို ပြန်ချပြီး အလုပ်ကိုပဲ ပြန်အာရုံစိုက်နေလိုက်သည်။ အလုပ်ထဲ အာရုံရောက်သွားရင် အမြဲတမ်း အချိန်ကုန်မြန်သည်။ သူမတောင် သတိမထားမိခင်မှာပဲ ( ၁၁ ) နာရီထိုးခါနီးအချိန်ကို ရောက်သွားခဲ့ပြီး သူမရဲ့ ဖုန်းမျက်နှာပြင်ကလည်း ကျန်းမုန့် လှမ်းပို့တဲ့ မက်ဆေ့ခ်ျတွေနှင့်အတူ ဖျတ်ခနဲ လင်းလာခဲ့သည်။ မက်ဆေ့ခ်ျတွေက တစ်စောင်တည်း မဟုတ်ဘဲ အစီအတန်းလိုက် ဖြစ်ပြီး မက်ဆေ့ခ်ျတိုင်းဟာ “ နင် ပါဆယ်ထုပ် ရပြီးပြီလား ” လို့ မေးထားတာတွေချည်း။

ချန်ကျင်းလန်က အဲ့ဒီတော့မှ သူမရဲ့ ခုံထောင့်မှာ တင်ထားတဲ့ ဘူးလေးကို သတိရသွားပြီ လှမ်းယူကာ ပါဆယ်ထုပ်ဖွင့်တဲ့ ဓါးသေးသေးလေးကိုပါ တစ်ဆက်တည်း ယူလိုက်သည်။ ကျန်းမုန့် သူမကို အရမ်း စိတ်လှုပ်ရှားသွားအောင် လုပ်နိုင်မယ်လို့ အာမခံနေနိုင်ရအောင် ဘယ်လို ပစည်းမျိုးကို ပို့လိုက်တာလဲ ဆိုတာ သိချင်လှပြီ။

ထိုအချိန်မှာပဲ တံခါးခေါက်သံ ထွက်ပေါ်လာ၍ ချန်ကျင်းလန်က ရှည်ရှည်ဝေးဝေး တွေးမနေဘဲ ဝင်ခဲ့လို့ ပြောလိုက်သည်။ တံခါးက တစ်ဝက်တစ်ပျက် ပွင့်သွားချိန်မှာတော့ ကျန်းမုန့် ပို့လိုက်တဲ့ လက်ဆောင်ထုပ်ထဲက ပစ္စည်းကိုလည်း သူမ မြင်သွားလေသည်။ ထိုပစ္စည်းနှင့် ပတ်သက်လို့ ဘာမှတောင် မပြောနိုင်သေးခင်မှာပဲ ပစ္စည်းတွေကို ဘူးထဲ အမြန် ပြန်ထိုးထည့်ပြီး ကျန်းမုန့်ကို စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။ ရုံးခန်းထဲကို ဘယ်လို ပေါက်ကရပစ္စည်းတွေ ပို့လိုက်တာလဲ … ။

ချန်ကျင်းလန်သည် တံခါးနားမှာ ရပ်နေသူကို ထန်ယိချန်းလို့သာ အထင်ဖြင့် ပါဆယ်ထုပ်ပေါ်ကို ဖိုင်တွေ တင်ထားလိုက်၏။ သို့သော် တကယ်‌တမ်းမှာ ထန်ယိချန်း မဟုတ်တာကို မြင်တော့ ဖိုင်တွေကို ပိုပြီး ဖိချထားလိုက်ရသည်။

“ ရှင့်အစည်းအဝေး ပြီးသွားပြီလား။ ” သူမ နေ့လယ်လောက်မှ ပြီးမယ်လို့ ထင်ထားခဲ့တာပါ။

“ မပြီးသေးဘူး။ ဒါပေမဲ့ အရေးကြီးတာလည်း မကျန်တော့လို့ ကိုယ် စောစော ထွက်လာခဲ့တာ။ ”

ချန်ကျင်းလန်က သူမရဲ့ ကီးဘုတ်ကို တဖျတ်ဖျတ် နှိပ်လိုက်သည်။ “ ကျွန်မမှာ လက်စသတ်စရာလေးတွေ ကျန်သေးတယ်။ ရှင် နေ့လယ်စာအတွက် ဘာစားချင်လဲ ဆိုတာ ကျွန်မကို ပြောနော်။ ကျွန်မကတော့ ခရမ်းချဉ်သီးပါစတာပဲ စားမယ်။ ”

ရှောက်ချန်းကျယ်က သူ့နောက်က တံခါးကို ပိတ်ပြီး ဆက်လျှောက်ဝင်လာလိုက်သည်။ “ ထန်ယိချန်းက သူ့စားပွဲမှာ မရှိဘူး ဆိုတော့ သန့်စင်ခန်းသွားနေတာ ထင်တယ်။ သူ ပြန်ရောက်ရင် ကိုယ် သူ့ကို ဝယ်ခိုင်းလိုက်မယ်။ ”

“ ရှင် ဆိုဖာမှာ ထိုင်စောင့်နေလိုက်နော်။ တစ်ခုခု သောက်ချင်ရင်လည်း ယူသောက်လို့ ရတယ်။ ” ချန်ကျင်းလန်က သူမရဲ့ စားပွဲထဲကနေ ထမသွားချင်သလို သူ့ကိုလည်း သူမအနား အရမ်း ကပ်မလာစေချင်ပေ။

ရှောက်ချန်းကျယ်ကတော့ သူမ ပြောချင်တဲ့ အဓိပ္ပာယ်အမှန်ကို နားမလည်တာ သေချာပါသည်။ သူက အပေါ်အင်္ကျီကို ဆိုဖာပေါ် ပစ်တင်ပြီး သူမရဲ့ စားပွဲရှေ့က မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ချန်ကျင်းလန်ရဲ့ မျက်လုံးတွေကသာ ကွန်ပျူတာစခရင်ပေါ်က မခွာပေမဲ့ စိတ်ကတော့ သူ့ဆီပဲ လုံးလုံးလျားလျား ရောက်နေလေရော သူမကိုယ်တိုင်တောင် မဖတ်တတ်တဲ့ အဓိပ္ပာယ်မရှိတဲ့ စာတွေကို ရိုက်မိသွားသည်။ နောက်ဆုံးတော့ သူမ သူ့ကို ကြည့်ပြီး “ ရှင် ဘာလို့ ကျွန်မကို စိုက်ကြည့်နေတာလဲ။ ” ဟု မေးလိုက်သည်။

ရှောက်ချန်းကျယ်က ထိုင်ခုံကို ပေါ့ပေါ့ပါးပါး မှီထိုင်လိုက်သည်။ “ ဘော့စ်က အလုပ်ကြိုးစားနေတဲ့ အချိန်ဆို အရမ်း ဆွဲဆောင်မှုရှိတာပဲလို့ တွေးမိနေလို့ပါ။ ”

ချန်ကျင်းလန်က သူ့ကို မျက်လုံးလှိမ့်ပြီး ကြည့်လိုက်သည်။ “ ရှင် အရမ်း အားနေရင် ကျွန်မအတွက် ကော်ဖီတစ်ခွက်လောက် ဖျော်ပေးပါလား။ ပြီးရင် ထန်ယိချန်း ပြန်ရောက်လာပြီလား ဆိုတာ သွားကြည့်လိုက်။ ကျွန်မ ဗိုက်ဆာနေပြီ။ သူ ပြန်မရောက်သေးရင် ရှင်ကိုယ်တိုင်ပဲ ကော်ဖီဆိုင်ကို ဆင်းပြီး တစ်ခုခု ဝယ်လာခဲ့ပေး။ ”

“ ဘော့စ်ရဲ့ အမိန့်အတိုင်း တစ်သွေမတိမ်း ဆောင်ရွက်ပေးပါ့မယ်။ ” ရှောက်ချန်းကျယ်က ထိုင်ခုံမှ ထပြီး သူ့နက်ခ်တိုင်ကို ထိုင်ခုံကျောမှီပေါ် တင်ကာ သူ့ရှပ်အင်္ကျီရဲ့ အပေါ်ဆုံး ကြယ်သီး နှစ်လုံးကို ဖြုတ်ပြီးမှ သူမအတွက် ကော်ဖီသွားဖျော်ပေးလိုက်သည်။

ချန်ကျင်းလန်သည် သူ့ရဲ့ လည်ဇလုပ်ထင်းထင်းနှင့် ထိုအောက်က ကိုက်ရာ မှိန်ဖျော့ဖျော့လေးကို ကြည့်ကာ စိတ်ပြောင်းသွားသည်။ “ ထားလိုက်ပါတော့။ ကော်ဖီပဲ ဖျော်ပေးတော့။ ကျွန်မ ကော်ဖီဆိုင်ကို ‌ဖုန်းဆက်ပြီး သူတို့ကိုပဲ နေ့လယ်စာ လာပို့ခိုင်းလိုက်တော့မယ်။ ”

ဒီဟိုတယ်ရဲ့ ဘော့စ် ဆိုတဲ့ ဂုဏ်သတင်းကို ဆက်ထိန်းထားချင်ရင် သူ့ကို ဟိုတယ်ထဲမှာ ထိုကိုက်ရာနှင့် လမ်းသလားခိုင်းနေလို့ မရပါ။

ရှောက်ချန်းကျယ်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။ “ နားလည်ပါပြီ။ ”

သူ ကျောပေးပြီး ရေခပ်နေတုန်း ချန်ကျင်းလန်က ဘူးကို သူမရဲ့ စားပွဲအောက်သို့ ထပ်ထိုးထည့်လိုက်သည်။ ရှောက်ချန်းကျယ် ကော်‌ဖီဖျော်ပြီး ပြန်ရောက်လာသောအခါ ခုနတုန်းကထက် ပိုရှင်းလင်းနေတဲ့ စားပွဲကို သတိထားမိသွားသည်။ ကော်ဖီခွက်ကို သူမနားမှာ ချပေးလိုက်တဲ့ သူ့ရဲ့ မျက်လုံးတွေဟာ တဖျတ်ဖျတ် တောက်နေခဲ့သည်။ ထိုနောက် သူက ထိုင်ခုံပေါ်မှာ ၊ သို့မဟုတ် ဆိုဖာပေါ်မှာ ပြန်ထိုင်ရမည့်အစား သူမ ဘူးကို ထိုးထည့်ထားတဲ့ စားပွဲပေါ်မှာ ထိုင်လိုက်သည်။

ချန်ကျင်းလန်က ကော်ဖီဆိုင်နှင့် ဖုန်းပြောပြီးသွားတော့ သူ့ကို မော့ကြည့်လိုက်သည်။ “ ရှင့်မှာ တစ်ခုခု ပြောစရာ ရှိလို့လား။ ”

ရှောက်ချန်းကျယ်က သူမရဲ့ ထိုင်ခုံခြေထောက်တွေကို သူ့ခြေထောက်တွေနှင့် ချိတ်ကာ သူမကို သူ့အနားကို ဆွဲခေါ်လိုက်သည်။ ထို့နောက် သူမရဲ့ ထိုင်ခုံလက်ကိုင်အား လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်ကာ သူမကို ချောင်ပိတ်ထားလိုက်လေသည်။ “ မင်း ဘယ်နေရာမှာ လက်ထပ်ချင်လဲ။ ” သူ လေးလေးနက်နက် မေးလိုက်တာ ဖြစ်သည်။

ချန်ကျင်းလန်ကလည်း ထိုမေးခွန်းကို လေးလေးနက်နက်ပဲ စဉ်းစားကြည့်ခဲ့သည်။ “ ကမ်းခြေမှာပဲဖြစ်ဖြစ်ပေါ့ ၊ သဲသောင်ပေါ်မှာ ရိုးရိုးရှင်းရှင်းပဲ မင်္ဂလာပွဲကျင်းပမယ်။ ဘာကိုမှ အရမ်း မရှုပ်ထွေးစေချင်ဘူး။ ကျွန်မတို့ရဲ့ မင်္ဂလာပွဲကို အေးအေးချမ်းချမ်းလေးနဲ့ ပျော်စရာကောင်းစေချင်တယ်။ ဘယ်သူ့ကိုမှ ခမ်းခမ်းနားနားတွေ ပြင်ဆင်ပြီးတော့ မပင်ပန်းစေချင်ဘူး။ ရှင်ရော ဘယ်လို ထင်လဲ။ ”

ရှောက်ချန်းကျယ်က သူမရဲ့ ပါးပြင်ပေါ်‌ လျှောကျနေတဲ့ ဆံပင်လေးတွေကို နားရွက်နောက်သို့ သပ်တင်ပေးလိုက်သည်။ “ အဲ့ဒါ အကောင်းဆုံးပဲလို့ ကိုယ်လည်း ထင်တယ်။ ”

သူတို့ တစ်ယောက်ရဲ့ မျက်လုံးတွေကို တစ်ယောက် အကြာကြီး စိုက်ကြည့်နေမိကြကာ ညို့ငင်တဲ့ အကြည့်တွေအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။

သူတို့ တဖြည်းဖြည်း နီးကပ်လာချိန်မှာပဲ တံခါးခေါက်သံထွက်ပေါ်လာသည်။ ချန်ကျင်းလန်ရဲ့ ပခုံးတွေ တောင့်တင်းသွားကာ သူ့နဖူးကို သူမရဲ့ နဖူးနှင့် တွန်းလျက် သူ့နှုတ်ခမ်းတွေကို အနားကပ်ခွင့်မပေးတော့ပါ။ “ နေ့လယ်စာ လာပို့တာ ထင်တယ်။ ”

ရှောက်ချန်းကျယ်ရဲ့ မျက်ဝန်းတွေက ဆန္ဒတို့ဖြင့် နက်ရှိုင်းနေပြီး သူ့အသံက လှိုက်မောနေသည်။ “ ကိုယ် သွားယူလိုက်မယ်။ ”

ချန်ကျင်းလန်က သူ့လက်ကို လှမ်းဆွဲပြီး ရှပ်အင်္ကျီကြယ်သီးတွေကို ကော်လံအထိ တောက်လျှောက် တပ်ပေးကာ ကော်လံကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ဆွဲဆန့်ပေးလိုက်၏။ “ ကဲ ၊ အခု သွားလို့ ရပြီ။ ”

ရှောက်ချန်းကျယ်က သူမရဲ့ နှုတ်ခမ်းတွေကို ဖျတ်ခနဲ နမ်းလိုက်ပြီး ဆက်နမ်းချင်သေးပေမဲ့ ချန်ကျင်းလန်က သူ့ခြေထောက်ကို တွန်းထုတ်လိုက်သည်။ “ မြန်မြန် သွားယူတော့။ ကျွန်မ ဗိုက်ဆာနေပြီ။ ”

“ တိုက်ဆိုင်လိုက်တာ။ ကိုယ်လည်း ဗိုက်ဆာနေတာ။ ” ရှောက်ချန်းကျယ်က သူမရဲ့ ပခုံးကို သိုင်းဖက်ကာ နှုတ်ခမ်းကို ဖြည်းဖြည်းချင်း ကိုက်ဝါးလိုက်ပြီး သူမရဲ့ လျှာလေးကို စုပ်ယူလိုက်သည်။ နောက်ဆုံးမှာ သူ စိတ်ကျေနပ်သွားတော့မှ တံခါးဖွင့်ပေးဖို့ ထသွားခဲ့လေသည်။

အနည်းငယ် ဒေါသထွက်သွားတဲ့ ချန်ကျင်းလန်က ငါးမန်းပုံ စာရွက်ညှပ်ကလစ်လေးဖြင့် သူ့ကို လှမ်းပေါက်လိုက်သည်။ အား အရမ်းကြီး ပါမသွားတာကြောင့် ထိာကလစ်လေးက သူ့ကို လုံးဝ မနာကျင်စေဘဲ လေထုကိုသာ ဝှစ်ခနဲ ဖြတ်သန်းကာ ကြမ်းပြင်ပေါ်ကို ကျသွားသည်။ ဒါပေမဲ့ ထိုအချိန်မှာပဲ တံခါးပွင့်သွားလေရာ ထန်ယိချန်းက ကြမ်းပြင်ပေါ်ကို ဖြုတ်ခနဲ ကျသွားတဲ့ စာရွက်ညှပ်ကလစ်လေးကို မြင်သွားသည်။ သူ့နှလုံးသားထဲမှာ စည်းချက် တစ်ချက် လွတ်သွားပြီးနောက် သူတို့ ရန်ဖြစ်နေတာလားလို့ မေးကြည့်ရင် ကောင်းမလားဟု အတွေးဝင်လာသည်။ ဒါပေမဲ့ ရှောက်ချန်းကျယ်ရဲ့ မျက်နှာက ပကတိ ကြည်ကြည်လင်လင်ပဲမို့ ထန်ယိချန်းက သူ့ကိုယ်သူ ပြန်နှစ်သိမ့်ပေးလိုက်သည်။ ဒါက ချစ်သူတွေ အချစ်စမ်းနေကြတာပဲ ၊ ပြောရရင် ရန်ဖြစ်တယ် ဆိုတာကလည်း ဂရုစိုက်တာကို ပြတာပဲလေ … ။

ရှောက်ချန်းကျယ်ကတော့ ထန်ယိချန်းရဲ့ စိတ်ထဲမှာ ပလုံစီနေတဲ့ အတွေးတွေကို မသိပေ။ သူက နေ့လယ်စာကို ယူပြီး ကျေးဇူးတင်စကားပြောကာ တံခါးပြန်ပိတ်၍ လော့ခ်ပါ ချပစ်လိုက်သည်။

ချန်ကျင်းလန်က ပါဆယ်ထုပ်ကို သူမစားပွဲရဲ့ ဟိုးအတွင်းထဲကို ထိုးထည့်ဖို့ ကြိုးစားနေ၍ တံခါးလော့ခ်ချလိုက်တဲ့ အသံကို မကြားလိုက်။

ရှောက်ချန်းကျယ်က ကြမ်းပြင်ပေါ်က ငါးမန်းပုံ စာရွက်ညှပ်ကလစ်လေးကို ကောက်ယူပြီး အစားအသောက်တွေကို ကော်ဖီစားပွဲပေါ် တင်လိုက်သည်။ သူ ရီမုကို နှိပ်လိုက်တော့ ဖန်သားနံရံကြီး မှိန်ဖျော့သွားကာ အပြင်က ကောင်းကင်နှင့် နေရောင်တွေကို ပိတ်ဆို့ကာဆီးသွားခဲ့သည်။

“ လာစားလှည့်ဦး။ ”

“ လာပြီ။ ”

ချန်ကျင်းလန်က ဘူးလေးကို နောက်ဆုံးတစ်ခေါက် ကန်ပစ်လိုက်ပြီး သူ့လက်ရှိအနေအထားကို ကျေနပ်သွားကာ ထဖို့ ပြင်လိုက်ချိန်မှာပဲ ခြေထောက်က ရုတ်တရက် ကြွက်တက်သွားသည်။ နွေရာသီမှာ လေအေးပေးစက်ဖွင့်ထားတဲ့ အခန်းထဲ အကြာကြီး ထိုင်မိရင် ၊ ပြီးတော့ ခပ်မြန်မြန် လှုပ်ရှားမိရင် သူမရဲ့ ခြေထောက်တွေက ကြွက်တက်လေ့ရှိသည်။ တချို့ ကြွက်တက်တာတွေက တကယ့်ကို နာကျင်သည်။ သူမက စားပွဲကို အားပြုဆုပ်ကိုင်လိုက်ရင်း နာကျင်မှုကြောင့် တိုးတိုးလေး ညည်းမိသည်။

တစ်ခုခု ပုံမှန်မဟုတ်တာကို သတိပြုမိတဲ့ ရှောက်ချန်းကျယ်က သူမနားကို ချက်ချင်း ရောက်လာသည်။ “ ဘာဖြစ်တာလဲ။ ဘယ်နား နာလို့လဲ။ ”

ချန်ကျင်းလန်က “ ခြေထောက်ကြွက်တက်တာ။ ” ဟု ခက်ခက်ခဲခဲ ပြောလိုက်တော့ ရှောက်ချန်းကျယ်က ဒူးထောက်ထိုင်ပြီး သူမရဲ့ ခြေသလုံးကို ဖျစ်ပေးသည်။ “ ဒီနေရာလား။ ”

“ အင်း။ ”

ရှောက်ချန်းကျယ်က တင်းမာနေတဲ့ ကြွက်သားတွေကို အားစိုက်ပြီး စုန်ချည်ဆန်ချည် နှိပ်ပေးနေသလို သူမရဲ့ နာကျင်မှုလည်း တဖြည်းဖြည်း ပြေလျော့သက်သာလာခဲ့သည်။

“ အခု သက်သာသွားပြီ။ မနာတော့ဘူး။ ” သူမက သူ့ရဲ့ နားရွက်ဖျားလေးကို ဆွဲလိမ်လိုက်သည်။ “ ထတော့။ အကြာကြီး ဒူးမထောက်ထားနဲ့ ၊ မဟုတ်ရင် ရှင့်ခြေထောက်တွေ ထုံလာလိမ့်မယ်။ ”

ရှောက်ချန်းကျယ်က ပြန်မထဘဲ သူမရဲ့ စားပွဲအောက်က ပါဆယ်ထုပ်လေးဆီ အကြည့်ရောက်နေခဲ့သည်။ “ အဲ့ဒါ ဘာလဲ။ ခုနတုန်းက မင်းရဲ့ စားပွဲပေါ်မှာ ရှိနေတာပါ။ အခု စားပွဲအောက်ကို ရောက်နေတယ်။ ”

“ ဘာမှ မဟုတ်ပါဘူး။ ဒီတိုင်း လွှင့်ပစ်ရမယ့် အမှိုက်လေးတွေ။ ”

“ အဲ့ဒါဆို မင်းအတွက် ကိုယ် သွားလွှင့်ပစ်ပေးမယ်လေ။ ” ရှောက်ချန်းကျယ်က ထိုပါဆယ်ထုပ်ကို ပြောပြောဆိုဆို လှမ်းယူလိုက်၏။

“ ရှောက်ချန်းကျယ် … ” ချန်ကျင်းလန်က သူ့ကို စူးခနဲ အော်ပြီး တားလိုက်တော့ သူက သူမကို မော့ကြည့်သည်။ “ ဘာဖြစ်လို့လဲ။ နာနေတုန်းပဲလား။ ”

သူမက သူ့အထက်က ထိုင်ခုံပေါ်မှာ ထိုင်နေတာ ဖြစ်ပြီး သူကတော့ ကြမ်းပြင်ပေါ်မှာ ဒူးတစ်ဖက် ထောက်ထားတဲ့ အနေအထား ဖြစ်သည်။ ချန်ကျင်းလန်က သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း ငုံ့နမ်းလိုက်သည်။ ပထမတုန်းက သူ့ကို အာရုံလွှံချင်လို့ နမ်းလိုက်တာ ဆိုပေမဲ့ အခြေအနေက လျင်မြန်စွာ ပြောင်းလဲသွားသည်။

သူက သူမကို ထိုင်ခုံပေါ်ကနေ သူ့ပေါင်ပေါ် ဆွဲချပြီးနောက် သူမကို သူ့ရင်ခွင်ထဲမှာ တင်းကျပ်စွာ ပွေ့ဖက်ထားခဲ့သည်။ သူ့အရှိန်နှုန်းကို သူမ အမီ မမီလိုက်နိုင်သလို သူ့နှုတ်ခမ်းတွေကြားကနေ အသက်လုရှူလို့လည်း မရပါ။ ချန်ကျင်းလန်သည် သူ့ဆံပင်တွေကို လက်တစ်ဆုပ်စာ ဆောင့်ဆွဲလိုက်ရင်း “ ကျွန်မကို လွှတ်ပေးတော့။ ” ဟု ပြောလိုက်သည်။

“ ဘူးထဲမှာ ဘာရှိတာလဲ ဆိုတာ ကိုယ့်ကို အရင်ဆုံး ပြောပြ။ ” ရှောက်ချန်းကျယ်က သူမကို လွှတ်ပေးဖို့ ငြင်းဆန်ပြီး သူမရဲ့ နှုတ်ခမ်းတွေကို နမ်းနေသည်။

“ အမှိုက်တွေပါဆိုမှပဲ။ ” ချန်ကျင်းလန်က သူ့နှုတ်ခမ်းကို ချက်ချင်း ကိုက်လိုက်သည်။

***

All Chapters