← Chapters

အပိုင်း(၂၅၂)-ရှင်းလင်းခြင်း

Vol. 003 Ch. 252

အပိုင်း(၂၅၂)-ရှင်းလင်းခြင်း

Vol. 003 Ch. 252

ရှီမာယူယူ ပြန်ကောင်းလာသည့်အချိန်တွင် အားလုံးသည် စာချုပ်ချုပ်ခြင်း ပြီးဆုံး၍ သူမအားစောင့်နေကြသည်။

“ယူယူ အားပြန်ပြည့်သွားပြီလား” ရှီမာယူယန်သည် သူမဘေးထိုင်ကာ သူမ နိုးလာသည်ကိုကြည့်ပြီး အားရပါးရပြုံးပြကာ မေးလိုက်သည်။

ရှီမာယူယူလန့်သွားပြီး ပြန်ဖြေလိုက်သည် “အဲယုတ်မာတဲ့အပြုံးကဘာလဲ ဘာတွေ မကောင်းကြံနေတာလဲ”

“ဘာလို့ မကောင်းဖြစ်ရမှာလဲ၊ အဲဒီမြေခွေးတွေအကြောင်းမေးချင်လို့…”

ရှီမာယူယန် ပြောလို့မပြီးသေးခင်မှာပင် ရှီမာယူယူသည် လက်ဆန့်ထုတ်ကာ သူ့ပါးစပ်အားပိတ်ပြီး ပြောလိုက်သည် “အဲဒါတွေက ဟိန်းသံထောင်ချီရဲ့ မျိုးနွယ်ဝင်တွေ၊ သူတို့ကို ထိဖို့ မစဉ်းစားနဲ့”

ရှီမာယူယန်သည် သူမ လက်အားဖယ်ပြီး ပြောလိုက်သည် “သူတို့ကို ငါဘာမှ မစဉ်းစားပါဘူး၊ ငါ မေးရုံပဲမေးတာပါ… အဲအချိန်တုန်းက မင်း မြေခွေးဟင်းလုပ်တုန်းက သူတို့ကို ချက်လိုက်တာလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အဲဒါတွေက တောင်ပေါ်မှာ တိုက်တုန်းက ရလာတဲ့ဟာတွေ” ရှီမာယူယူ လက်ပြန်ရုတ်ကာ မတ်တတ်ရပ်ပြီး ပြောလိုက်သည် “အားလုံးပြီးသွားပြီဆိုရင် ဒီကနေသွားရအောင် ချိပ်ကို အရင်သိမ်းလိုက်ဦးမယ်”

သူမ ကုန်ကြမ်းများကို သိမ်းလိုက်သည်။ ထိုကုန်ကြမ်းများသည် ရရန်ခက်ခဲသည်။ အလဟသ မဖြစ်လိုပါ။

“သွားရအောင် အမွေတွေကို ဆက်ရှာကြမယ်” သူမသည် လင်းတငှက်နှင့် သိမ်းငှက်အားကြည့်လိုက်သည်။ သူတို့က အမွေတွေဖြစ်မလားလို့ သူမ ဘာလို့ခံစားရနေတာလဲ။

အားလုံးသည် ပျံနိုင်သည့် သားရဲများရထားသော်လည်း ငှက်လေးကျောတွင် ထိုင်လိုက်ကြသည်။ သူ့အတွင် အမြန်ဆုံးဆိုသည့် ဂုဏ်ပုဒ်ရှိသေးသည်လေ။

ငှက်လေးသည် သူတို့အား လယ်ပြင်ဖြတ်ကာ တောင်များကိုကျော်ပြီးခေါ်သွားလေသည်။ လမ်းတစ်လျှောက်တွင် သူတို့မျိုးနွယ်ဝင်များကို မြင်ခဲ့ကြသည်။ ထို့နောက်တွင် သူတောင်တစ်တောင်၏ တောင်ခြေတွင် ဆင်းသက်လိုက်သည်။

“ဒီမှာ အမွေတွေအများကြီးရှိတယ်လို့ အဘိုးပြောဖူးတယ်” ရှီမာယူယန် ပြောလေသည်။

“တောင်ပေါ်တက်ပြီး ရှာကြမယ်”

အားလုံးသည် ငှက်လေးကျောပေါ်မှ ဆင်းလိုက်သည်နှင့် အရင်သွားနှင့်သော တခြားအဖွဲ့ဝင်များ ကိုတွေ့လေသည်။

“မင်းအပြင်မှာ ဘာလုပ်နေတာလဲ တောင်ထဲကိုမဝင်ဘူးလား” ရှီမာယူလင်းသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“တောင်မှာ အံ့ဖွယ်သားရဲတွေအများကြီးရှိတယ်၊ ငါတို့မဝင်ရဲဘူး” အဖွဲ့ဝင်တစ်ယောက်က ပြောလိုက်သည်။

“အံ့ဖွယ်သားရဲတွေ…” ရှီမာယူယူ၏ မျက်လုံးများတောက်ပလာပြီး သူမ မေးအားပွတ်ကာ “သူတို့ကို ဘာလို့ ရှင်းမပစ်နိုင်ရမှာလဲ၊ အံ့ဖွယ်သားရဲဘယ်လောက်များလဲဆိုတာ မင်းသိလား”

“များတော့များတယ်”

“သြော် ဒါဆိုရင် အဲဒီအံ့ဖွယ်သားရဲတွေ အရင်ရှင်းပြီးမှ အမွေတွေရှာရင်ရော” ရှီမာယူယူသည် ရှီမာယူလင်းအား ကြည့်ပြီးမေးလိုက်သည်။

ပြောရမည်ဆိုလျှင် သူမသည် ရှီမာမျိုးနွယ်၏ သွေးသားမဟုတ်ပေ၊ ထို့ကြောင့် ထိုအမွေများကို မရခြင်းလည်း ဖြစ်နိုင်သည်။ သူမသည် ရှီမာမျိုးနွယ်ကြီးထွားလာသည်ကို ကူညီရမည်။ ထိုမှ ထိုမြေခွေးအိုကြီး ဘာမှပြောစရာမရှိမည်ဖြစ်သည်။

သူ့မျိုးဆက်ထဲတွင် ရှီမာယူလင်းသည် နံပါတ်တစ်ဖြစ်သည်။ သူသည် အားလုံးအား ဆုံးဖြတ်ချက်ချပေးသည်မှာ သဘာဝကျသည်။ သူတို့အင်အားတိုးသည်မှာ အရေးကြီးသည်ဖြစ်၍ ရှီမာယူယူ၏ အကြံကို သူသဘောတူလိုက်သည်။

သူသည် ထိုလူများအား ရှေ့မှဦးဆောင်စေကာ သူတို့အုပ်စုအား ထိုအံ့ဖွယ်သားရဲများရှာရန် ပြောလိုက်သည်။

ထိုလူများကြားသောအခါ သူတို့အမှန်ပင် ကြောက်သွားကြသည်။ သို့သော် ရှီမာယူယန်နှင့် တခြားသူများ ကိုယ်ပိုင်အံ့ဖွယ်သားရဲများခေါ်သည်ကို တွေ့သောအခါ စိတ်အေးသွားကာ ထိုအံ့ဖွယ်သားရဲများ ရှာရန် တောင်သို့ဝင်ကြလေသည်။

အံ့ဖွယ်သားရဲ ၅ကောင် ၆ကောင်လောက်သည် မြစ်ဘေးတွင် ကျင့်ကြံနေကြသည်။ လူများလာသည်ကို မြင်သောအခါ သူတို့သည် ကြိမ်းမောင်းချင်သော်လည်း သူ့ကိုယ်တိုင်ပင် အံ့ဖွယ်သားရဲအုပ်၏ ဝန်းရံခြင်းကို ခံလိုက်ရသည်ကို သတိပြုမိသွားသည်။

“မင်းတို့ဘာသာ အညံ့ခံမလား ဒါမှမဟုတ် မင်းတို့ကို ရိုက်တဲ့အထိစောင့်ပြီးမှ အညံ့ခံမလား” လမ်းပြလာသော လူငယ်သည် အလွန်အမင်း မှင်တက်သွားသည်။

“မင်းဘာလို့ အဲလိုပြောရဲတာလဲ” ဝိညာဉ်သားရဲခေါင်းဆောင်သည် အေးစက်စွာ ပြန်ဖြေလိုက်သည်။

“ခေါင်းဆောင် အဲဒီငှက်တွေက အဝါရောင်လယ်ပြင်က ငှက်တွေနဲ့တူတယ်” ဘေးတွင်ရပ်နေသော အံ့ဖွယ်သားရဲတစ်ကောင်သည် ပြောလိုက်သည်။

“တကယ်အဲကောင်တွေပဲ သူတို့က ဘယ်လိုလုပ် လူသားတွေနဲ့အတူရှိနေတာလဲ”

“မင်းက ငါ့မေးတယ် ငါလည်း ဘယ်လိုသိမလဲ”

“သူတို့ စာချုပ်ချုပ်ပြီးသွားပြီနဲ့တူတယ်”

“တကယ်ပဲ အဲလိုပဲ ငါတို့ကို ရိုက်ဖို့ သူတို့က လူသားတွေကို ကူညီမှာလား”

“မင်းတို့စဉ်းစားဖို့အချိန်လုံလုံလောက်လောက်ပေးမယ်၊ မင်းတို့ အညံ့ခံမလား ဒါမှမဟုတ် အရိုက်ခံပြီးမှ အညံ့ခံမလား” ထိုလူငယ်မှ ထပ်ပြောလေသည်။

အညံ့ခံပြီး လူသားတွေကို ခစားရမယ်ဟုတ်လား။ မဖြစ်နိုင်တာ။

သည်လိုနှင့် အချိန်တစ်ခုကြာပြီးနောက်တွင် လူငယ်ခေါင်းဆောင် လက်ဝေံလိုက်ရာ အံ့ဖွယ်သားရဲအုပ်စုသည် သူတို့အား တိုက်ခိုက်တော့သည်။ ထိုအံ့ဖွယ်သားရဲများ ဒူးထောက်သည်အထိ ရိုက်နှက်ကြလေသည်။

ရှီမာယူယူ လျှောက်သွားကာ အံ့ဖွယ်သားရဲဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ပြောလိုက်သည် “မင်းကို အညံ့ခံဖို့ ပြောသားပဲ ခေါင်းမာပြီး အရိုက်ခံတာကိုး၊ ရလဒ်ကတော့ အတူတူပဲမလား၊ ကျိုးကျိုးနွံနွံပဲ ငါ ထိန်းကျောင်းတာကိုခံလိုက်တော့”

သူမ ပြောပြီးသည်နှင့် သူ့နဖူးပေးသို့ လက်တင်ကာ စတင်ထိန်းကျောင်းတော့သည်။

ရှီမာယူယူ အံ့ဖွယ်သားရဲများကို ထိန်းကျောင်းနိုင်သည်ကို ရှီမာမျိုးနွယ်ဝင်များတွေ့သောအခါ မျက်လုံးပြူး များဖြင့်ကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်နေလေသည်။ သူတို့ တုန့်ပြန်မှုအား ရှီမာယူယန် မြင်သောအခါ ကျေနပ်စွာ ခေါင်းညိတ်လေသည်။ မှင်တက်သွားသူမှာ သူတစ်ယောက်တည်းပင် မဟုတ်ပေ။

“သွားရအောင် ဒီအချိန်မှာ ငါတို့ အံ့ဖွယ်သားရဲတွေ ထပ်ရှာကြမယ်၊ အဲဒီမျိုးနွယ်ဝင်တွေလာရင် သူတို့ စာချုပ်ချုပ်လို့ရအောင်လို့” ရှီမာယူလင်း ပြောလေသည်။

“သခင် အံ့ဖွယ်သားရဲတွေ ဘယ်မှာရှိတယ်ဆိုတာ ကျွန်တော်သိတယ်” လင်းတငှက်သည် အရှက်မရှိစွာပင် အမွေအနှစ်နယ်မြေရှိ အံ့ဖွယ်သားရဲအားလုံးကို ဖော်ထုတ်တော့သည်။

သူပြောပြီးသည်နှင့် အားလုံးသည် ဆွံ့အသွားတော့သည်။ ထိုနေရာတွင် အံ့ဖွယ်သားရဲများ အများအပြားရှသည်။ သူတို့ရောက်လာချိန်တွင် ပျက်စီးနေခြင်းမှာ မထူးဆန်းတော့ပေ။

အံ့ဖွယ်သားရဲများ တစ်ရာနီးပါးရှိသည်။ ထိုအင်အားသည် ဆိုဖီယာတောင်တန်းနှင့် ညီမျှသည်။

“အံ့ဖွယ်သားရဲတွေ ထွက်မလာရင် အထဲဝင်လာတဲ့လူမှန်သမျှ ချေမှုန်းခံရလိမ့်မယ်” ရှီမာယူရှင်း ထပ်ပြောလိုက်သည်။

ရှီမာယူယန် နှုတ်ခမ်းတွန့်ကာ ပြုံးပြီးပြောလိုက်သည် “ဒါဆိုလည်းကောင်းတာပဲ ငါတို့ သူတို့အကုန်လုံးကို စာချုပ်ချုပ်ပြီး အပြင်ကိုခေါ်သွားမယ်၊ ငါတို့ သူတို့ကို စာချုပ်မချုပ်ရင် သူတို့လည်း ထွက်လို့မရဘူး၊ သူတို့တစ်ဘဝလုံး ဒီအမွေနယ်မြေသေးသေးလေးမှာပဲ ကုန်ဆုံးသွားလိမ့်မယ်၊ သွားရအောင် ငါတို့ အကုန်ခေါ်သွားမယ်”

“ကောင်းတာပေ့ါ” ရှီမာမျိုးနွယ်ဝင်များသည် တက်ကြွကာ ထိုနေရာအားရှင်းလင်းရန် ရှီမာယူယန် နောက်သို့ လိုက်သွားလေသည်။

တစ်လနီးပါးကြာပြီးနောက် ရှီမာမျိုးနွယ်ဝင်များသည် အံ့ဖွယ်သားရဲများစုဆောင်းပြီး ရှီမာယူယူက ထိန်းကျောင်း၊ စာချုပ်ချုပ်ပြီး အဆင့်တက်ကြလေသည်။

သူတို့အတွက်တော့ ထိုလသည် အိမ်မက်လိုပင်။ ထိုဘဝသည် အရင်က မကြုံဘူးသော မယုံနိုင်လောက်အောင်ပင် ဖြစ်သည်။

နောက်ဆုံးတွင် ရှီမာယူယူသည် အံ့ဖွယ်သားရဲ အကောင် ၉၀ ထိန်းကျောင်းပြီးလေသည်။ အစောပိုင်းမှ ငှက်ကြီး ၈ကောင်ကို ထည့်ပေါင်းလိုက်လျှင် စုစုပေါင်း ၉၈ကောင်ဖြစ်သည်။

အထဲသို့အတူဝင်လာကြသော လူငယ်များသည် သူတို့နောက်သို့ တစ်သီတစ်တန်းကြီးလိုက်ကြလေသည်။ သူမသည် ထိန်းကျောင်းခြင်းတာဝန်ယူပြီး ဆွေမျိုးသားချင်းများကို ခွဲဝေပေးခြင်းကိုတော့ ရှီမာယူလင်းက လုပ်ဆောင်သည်။

နောက်ဆုံး အံ့ဖွယ်သားရဲကို ထိန်းကျောင်းပြီးချိန်တွင်တော့ သူမ အဆင့်တက်ရန် အဆင့်သင့်ဖြစ်နေသည်ကို ရှီမာယူယူခံစားလိုက်ရသည်။ သူမ ရောက်လာသည့်အချိန်မှစ၍ အဆင့်တစ်ဆင့်တက်ခြင်းကို စဉ်းစားလိုက်ပါက သူမ ဝိညာဉ်စွမ်းအား အားလုံးသည် သူမကိုယ်တွင်း ပျံ့နှံ့ကာ သူမ မဖြိုခွဲနိုင်ပေ။

“အံ့ဖွယ်သားရဲမရသေးတဲ့သူတွေ စိုးရိမ်စရာမလိုဘူး၊ ငါတို့် ဒီအထဲက အံ့ဖွယ်သားရဲတွေအများကြီးရထားတော့ ငါတို့်ထွက်သွားရင်လည်း အပြင်က အံ့ဖွယ်သားရဲတွေဖမ်းပြီး ယူယူက မင်းတို့စာချုပ်ချုပ်ဖို့အတွက် ထိန်းကျောင်းပေးလိမ့်မယ်၊ မဟုတ်ရင် မင်းတို့ သူတော်စင်သားရဲကိုလည်း စာချုပ်ချုပ်နိုင်တာပဲ” ရှီမာယူယန် ကျန်သောသူများကို ပြောလိုက်သည်။

“သခင်လေး ကျွန်တော်တို့ မစိုးရိမ်ပါဘူး၊ အပြင်က အံ့ဖွယ်သားရဲတွေ ဖမ်းမိတဲ့အထိ ကျွန်တော်တို့ စောင့်ပါမယ်” အံ့ဖွယ်သားရဲနှင့် စာချုပ်မချုပ်ရသော သူကပြောလေသည်။

“ကောင်းပြီ ငါတို့် တစ်လအချိန်ကျန်သေးတယ်၊ အားလုံး ကိုယ့်အမွေကိုယ်ရှာကြတော့” ရှီမာယူယန် သူ့လက်အား ဝေ့လိုက်သည်နှင့် အားလုံး လူစုခွဲသွားကြတော့သည်။ အားလုံးအတူတကွရှိနေလျှင် သူတို့ အဖိုးတန်သည့်အရာကို ရှာတွေ့ရန် မဖြစ်နိုင်ပေ။

ရှီမာယူယူ ရှီမာယူမင်နှင့် တခြားသူများကို ကြည့်ပြီးပြောလိုက်သည် “အစ်ကိုတို့လည်း သွားနားလိုက်ကြတော့လေ”

“ကောင်းပြီ အပြင်မှာတွေ့ကြမယ်” ရှီမာယူယူနှင့် တခြားသူများလည်း ထွက်သွားကြသည်။

ရှီမာယူယူတစ်ယောက်တည်းပင် မြစ်ဘေးတွင် ကျန်ခဲ့သည်။ သူမသည် မြစ်ဘေးရှိ တောင်ကြီး သုံးလုံးကို ကြည့်နေသည်။ ထိုတောင်များသည် မျိုးနွယ်၏ အမွေဖြစ်သည်ဟု ရှီမာယူလင်းပြောသည်။ ဝင်ရန် သွေးသားဖြစ်ဖို့လိုသည်။ အခုတော့ အားလုံးသည် တတိယတောင်သို့ ဝင်သွားကြသည်။

“အဲမှာ တကယ်ကောင်းတဲ့ပစ္စည်းတွေရှိနေတယ်ဆိုတာ စိတ်ကသိနေတယ်၊ ငါဝင်လို့မရတာ နှမြောစရာပဲ”

ရုတ်တရက်ပင် တောင်အလယ်ရှိ တစ်စုံတစ်ရာသည် သူမအား လက်ယက်ခေါ်သည်ဟု ခံစားလိုက်ရပြီး သူမသည် ထိုနေရာသို့ လျှောက်နိုင်စွမ်းမရှိပေ။

All Chapters