← Chapters

အပိုင်း(၂၅၃)-တစ်သွေးတည်း တစ်သားတည်း

Vol. 003 Ch. 253

အပိုင်း(၂၅၃)-တစ်သွေးတည်း တစ်သားတည်း

Vol. 003 Ch. 253

ရှီမာယူယူ တောင်ရှေ့သို့လာလိုက်သည်။ ထိုတောင်သည် ကျန်တောင်နှစ်လုံးထက်စာလျှင် သေးသည်။ မျိုးနွယ်ဝင်အများစုသည် တခြားသောတောင်နှစ်လုံးကို ရွေးချယ်ကြပြီး ရှီမာယူလင်းနှင့် တခြားသူများသာ ထိုတောင်ကို ရွေးချယ်ကြသည်။

တောင်ခြေတွင် ကြီးမားသော ကျောက်တုံးကြီးရှိပြီး ထိုအပေါ်တွင် လက်ရာရှိနေသည်။ ထိုကျောက်တုံး ရှေ့တွင် များစွာသော ပရမ်းပတာဖြစ်နေသော ခြေရာများရှိနေသည်။ ထိုခြေရာများသည် အခုလေးတင်ပင် နင်းကာ ဝင်သွားသည့်ပုံစံဖြစ်သည်။

ရှီမာယူယူ တောင်ရှေ့တွင် လှည့်ပတ်နေကြည့်သော်လည်း သူမ ဝင်နိုင်မည့် နေရာကို ရှာမတွေ့ပေ။

“တကယ်ပဲ သွေးသားအရင်းမှ ဝင်လို့ရတာလား”

သူမ ကျောက်တုံးရှေ့သို့လာပြီး ထိုကျောက်တုံးအား ကြာရှည်အောင် စိုက်ကြည့်မိလိုက်သည်။ သို့သော် သူမ အရိပ်အမြွက်တစ်စုံတစ်ရာမှ မတွေ့ပေ။

“ဒါက သွေးသားကိုခွဲခြားထားတဲ့ အရာပဲ” သူမ ရေရွတ်လိုက်သည်။ သို့သော် သူမ ကျောက်တုံး ပေါ်လက်တင်ကာ “ဒါလည်းမှားပြီး အပြင်လူကို ခွင့်ပြုနိုင်တာပဲ အား…”

သူမလက်သည် တစ်စုံတစ်ရာကြောင့် စူးသွားသည်ကို ရှီမာယူယူခံစားလိုက်ရသည်။ ထိုလက်ရာထဲတွင် ဘာမှမရှိပဲ ချောမွတ်နေသည်ကို သူမ ရှင်းလင်းစွာမြင်ရသည်။ ဒါဆို ဘာက သူမ လက်ကိုစူးသွားစေတာလဲ။

သူမ လက်အား မ,လိုက်ရာ သူမအလယ်တွင် သေးငယ်သော အပေါက်တစ်ပေါက်အားမြင်လိုက်ပြီး သူမသွေးသည် လက်ရာအတွင်းသို့ ကျသွားလေသည်။

“ဒီဟာက တကယ်ထူးတန်းတာပဲ” သွေးများ တဖြည်းဖြည်း ကျောက်တုံးအတွင်း စိမ့်သွားသည်ကို ရှီမာယူယူ နားမလည်စွာကြည့်နေသည်။

ရုတ်တရက်ပင် လက်ရာအထဲမှ တောက်ပသော အလင်းတန်းထွက်ပေါ်လာသည်။ စူးရှလွန်းသဖြင့် သူမ မျက်စိအား မသိလိုက်ပဲ လက်နှစ်ဖက်ဖြင့် ပိတ်မိလိုက်သည်။

“ယူယူလား”

ရှီမာယူယူသည် ရှီမာယူယန်၏ အသံကိုကြားလိုက်ရာ မျက်စိဖွင့်လိုက်သည်။ သူမသည် ဂူရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ရှီမာယူလင်း၊ ရှီမာယူယန်၊ ရှီမာယူလန်၊ ရှီမာယူရှင်းနှင့် တခြားသော အစ်ကိုများသည် သူမအား ရှုပ်ထွေးစွာ စိုက်ကြည့်နေလေသည်။

“အာ… မင်းတို့အားလုံးဘာလို့ ဒီရောက်နေတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“အဲဒါ မင်းကိုမေးရမှာ၊ ဒီကိုရောက်အောင် ဘယ်လိုလုပ်လိုက်တာလဲ” ရှီမာယူယန် မေးခွန်းတည့် တည့် မေးလိုက်သည်။

“ငါ လက်ရာကို နည်းနည်းထိလိုက်တာ အဖြူရောင်အလင်းတန်းက ငါ့ကို ဒီခေါ်လာတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းမှာ ရှီမာမျိုးနွယ်ရဲ့ သွေးစီးဆင်းနေတာလား” ရှီမာယရှင်းသည် အံ့အားသင့်စွာ မေးလိုက်သည်။

ရှီမာယူယူ ခေါင်းရမ်းကာ ပြောလိုက်သည် “မဖြစ်နိုင်ဘူး ဟုတ်တယ်မလား၊ ငါ့အဖေအရင်းက အဘိုးကို အပ်ထားတာလို့ အဘိုးပြောတယ်..ဘယ်လိုလုပ် ရှီမာမျိုးနွယ်ဖြစ်မှာလဲ”

“ဒါဆို မင်းဘယ်လို အထဲဝင်လာတာလဲ” ရှီမာယူရှင်း သူမအား မယုံနိုင်ကာ ပြောလိုက်သည် “ရှီမာမျိုးနွယ်ရဲ့ သွေးသားဖြစ်မှ အဲဒါကို ဖွင့်လို့ရမှာ”

“အဲဒါ ပျက်စီးနေတာလည်း ဖြစ်နိုင်တာပဲ၊ ကျောက်တုံးက ဟုတ်တယ်မဟုတ်ဘူးကို ဘယ်လိုသိမှာလဲ” ရှီမာယူယူ ထိုအတိုင်းသာ ရှင်းပြနိုင်သည်။

“အရင်တုန်းကတော့ အပြင်ကလူက အထဲကိုဝင်နိုင်ခဲ့တယ်၊ ဒါပေမယ့် ဒီတတိယတောင်ကို မဝင်နိုင်ခဲ့ဘူး” ရှီမာယူလင်း ပြောလိုက်သည်။ သူဆိုလိုသည်မှာ ကျောက်တုံးတွင် ပြဿနာမရှိဟု…

ရှီမာယူယန် ရှီမာယူယူအားကြည့်ပြီးပြောလိုက်သည် “မင်းက ငါတို့်ရှီမာမျိုးနွယ်ဖြစ်နေတာလည်း ဖြစ်နိုင်တယ်”

“ရှီမာမျိုးနွယ်ရဲ့ သွေးသားမဟုတ်ဘူး….” ရှီမာယူလင်း စဉ်းစားနေရာမှ မျိုးနွယ်ဆင်းသက်သည့် မှတ်တမ်းကြည့်ရှုချိန်တွင် ရှီမာမျိုးနွယ်သည် မြင့်မြတ်သည့်လောကမှ ဆင်းသက်လာသည့်ပုံဖြစ်သည်ဟု ရှီမာလင်းပြောသော စကားများကို ကြားယောင်လာသည်။

သူ ရှီမာယူယူအားကြည့်ပြီး ပြောလိုက်သည် “အဲဒါလည်း တကယ်ဖြစ်နိုင်တယ်”

“ဘာကလဲ” ရှီမာယူယူ မေးလိုက်သည်။

“မင်းက မြင့်မြတ်တဲ့လောကက ရှီမာမျိုးနွယ်ဖြစ်နိုင်တယ်၊ ငါတို့် ဘိုးဘေးတွေကတော့ အောက်လောက က ဆင်းသက်လာတာ၊ အဲဒါကြောင့် မင်းသွေးသားကို နတ်ဘုရားကျောက်တုံးက မှတ်မိတာဖြစ်မယ်” ရှီမာယူလင်း သူ့အတွေးအား အသံထွက်ပြောလိုက်သည်။

“အာ… အဲဒါ တိုက်ဆိုင်လွန်းမနေဘူးလား” ရှီမာယူယူသည် ရှီမာယူလင်းအား မယုံကြည်စွာ ကြည့်လိုက်သည်။ သူမ အဖေသည်လည်း ရှီမာမျိုးနွယ်နာမည် ရှိနေတာလား။

“ငါတို့လည်း မြင့်မြတ်တဲ့လောကကပဲ….” ရှီမာယူယန် ဖြေးညင်းစွာပြောလေသည် “အဲဒါ တကယ်ဖြစ်နိုင်တာကို ဘယ်သူသိမလဲ”

“ဟုတ်ဟုတ် မဟုတ်ဟုတ် ယူယူ ဒီရောက်လာမှတော့ တံခါးရွေးလိုက်ကြအောင်” ရှီမာယူလန် ပြောလိုက်သည်။

“တံခါးရွေးမယ်ဟုတ်လား” ရှီမာယူယူ ဂူအားကြည့်လိုက်ရာ ဂူဖြစ်ကြောင်းကို သိလိုက်သည်။ အရွယ်အစားမှာ ဘောလုံးကွင်းလောက်ကာ အဖြူရောင်အလင်းတန်းများ တောက်ပသော တံခါးများစွာရှိသည်။ အဖြူရောင်အလင်းတန်းများသည် သူတို့၏ မြင်ကွင်းများနှင့် စိတ်အင်အားများကို ကန့်သတ်ထားသဖြင့် အထဲတွင် ရှိသည့်အရာများကို မမြင်နိုင်ပေ။

“တံခါးအနောက်တွေမှာ အမွေတွေရှိတယ်၊ အရင်ကတော့ ဒီမှာ အံ့ဖွယ်သားရဲတွေရှိတယ်၊ အဲဒါကြောင့် တချို့ကိုပဲ ဝင်လို့ရတာ၊ ယူယူ တံခါးရွေးပြီး ဝင်လိုက်ပါလား”

“မင်းတို့အားလုံးရွေးလိုက်ပါ၊ ငါဝင်သင့်တဲ့အပေါက်ကို သေချာအောင် စစ်ဆေးချင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

အမှန်တကယ်တော့ ထိုနေရာတွင် သူမအား ဆွဲခေါ်နေသည့် တစ်စုံတစ်ရာရှိသည်ကို သူမ ခံစားမိသည်။ သို့သော် ထိုနေရာတွင် လူများနေသဖြင့် ပိုခံစားမိရန် ရှေ့တစ်လှမ်းမတိုးချင်ပေ။

ရှီမာယူလင်းနှင့် တခြားသူများသည် ရွေးချယ်ပြီးသဖြင့် ခေါင်းညိတ်ကာ ရွေးထားပြီးသော တံခါးများဆီသို့ ဝင်သွားကြလေသည်။

အခုတော့ သူမတစ်ယောက်တည်းသာ ဂူတွင်ကျန်ခဲ့သည်။ သူမ တံခါးရှေ့လာပြီး မျက်စိမှိတ်ကာ အာရုံခံမိရန် ကြိုးစားလိုက်သည်။ သူမ ဆယ်ခုမျှသော တံခါးများကို ဖြတ်သွားဖြတ်လာလုပ်ပြီးနောက်တွင် သူမ ဝင်ချင်သည့်တံခါးအား ဆုံးဖြတ်လိုက်သည်။

“အထဲမှာဘယ်လိုဖြစ်မလဲသိချင်တယ်၊ ဝင်သွားပြီးကြည့်ရင် သိမှာပဲ”

ပြောပြီးနောက်တွင် သူမသည် အဖြူရောင်အလင်းရှိရာလျှောက်လာပြီး သူမ ပုံရိပ်သည် အလင်းတန်းထဲတွင် ပျောက်ကွယ်သွားလေသည်။

မမျှော်လင့်စွာပင် တံခါးအနောက်တွင် ဘာမှရှိမနေပေ။ ရှည်လျားသော လျှောက်လမ်း တစ်ခုသာရှိ သည်။ သူမ ဆက်လျှောက်လာရာ သိပ်မကြာမီတွင် ကျောက်တုံးအိမ်တစ်အိမ်သို့ ရောက် လေသည်။ ကျောက်တုံးအိမ်၏ နံရံများကြားတွင် အရောင်ငါးရောင်ဆုံလည်တစ်ခု နစ်မြုပ်နေသည်။ သို့သော် တခြား ဘာမှမရှိတော့ပေ။

“အဲဒီဆုံလည်စားပွဲက အမွေများဖြစ်မလား”

ရှီမာယူယူလှည့်ပတ်ကြည့်ရှုသော်လည်း သံသယဝင်စရာ တခြားဘာမှမရှိပေ။ သူမ ဆုံလည်အား လာပြီး ကြည့်ပြီးရင်းကြည့်သည်။

“ဒီဆုံလည်က ဘယ်လိုသုံးလို့ရတာလဲ”

သူမ လက်ဆန့်ကာ ဆုံလည်အားလှည့်ကြည့်သည်၊ သို့သော် လုံးဝလှုပ်သွားခြင်းမရှိပေ။

“ဘာကပြဿနာလဲဆိုတာ ငါလည်းမသိတော့ဘူး၊ ဒီအရောင်ငါးရောင်က ဝိညာဉ်ချီတွေရဲ့ အရောင်တွေနဲ့တူနေတယ်၊ ငါ ဝိညာဉ်ချီထည့်လိုက်မှ တုန့်ပြန်လာမှာလား”

ထိုအတွေးသည် ဖြစ်နိုင်ချေရှိ၍ သူမ မီးတောက်ဝိညာဉ်ချီအား အနီရောင်အပိုင်းသို့ထည့်လိုက်သည်။ ဝိညာဉ်ချီ ဆုံလည်သို့ဝင်သွားသည်နှင့် ထိုအနီရောင်အပိုင်းသည် လင်းလာသည်။

“ဒီလိုပဲဖြစ်ရမယ်”

ရှီမာယူယူ ချက်ချင်းပင် တခြားဝိညာဉ်ချီ အမျိုးအစားလေးမျိုးကို စုစည်းလိုက်ရာ တခြားအပိုင်းများသည် လည်း လင်းလာသည်။

“ခွမ်း”

အရောင်အားလုံးလင်းလာသည်နှင့် အရောင်ငါးရောင်ဆုံလည်သည် လည်လာသည်။ စက်ဝိုင်းသုံးခု လည်လာ၍ သုံးခုသည် နာရီလက်တံပြောင်းပြန်လည်လေသည်။ ထို့နောက်တွင် ဆုံလည်သည် နှစ်ပိုင်းကွဲကာ ပွင့်သွားသေလည်။ နံရံတွင်အပေါက်ပေါ်လာကာ ထိုအပေါက်ထဲတွင် သေတ္တာတစ်လုံးရှိလေသည်။

“ဒီလိုဆိုရင် အဲဒီအနီရောင်ငါးရောင်က ဝိညာဉ်ချီအမျိုးအစားငါးခုကို ကိုယ်စားပြုတာပဲ၊ ပြီးတော့ ဒီဆုံလည်က ပွင့်ဖို့ဆိုရင် ဝိညာဉ်ချီငါးခုလုံးကို တစ်ပြိုင်နက်ထည့်ရမှာပဲ၊ ဒီပစ္စည်းကို အရင်ကဘယ်သူမှ မရဖူးလောက်ဘူး၊ ဒီမှာ တခြားဟာတွေရှိဦးမလားမသိဘူး”

သူမ ရှေ့တိုးကာ သေတ္တာအားယူလိုက်သည်။ သူမ ဖွင့်လိုက်သည်နှင့် အထဲမှ ကြောက်မက်ဖွယ် ရွှီထိုးထွက်လာသည်။

“ဝုန်း”

သူမ သေတ္တာဖွင့်လိုက်သည်နှင့် အန္တရာယ်အငွေ့အသက်ကို ခံစားမိပြီး သူမခေါင်းသည် မသိလိုက်ဘာသာ ရှောင်မိပြီးဖြစ်သည်။ ထိုကြောက်မက်ဖွယ်ရွှီသည် သူမ ညာဖက်မျက်နှာအားဖြတ်သွားပြီး သူမ နောက်ရှိနံရံတွင် အပေါက်ဖြစ်သွားသည့်အသံကို ကြားလိုက်ရသည်။

ရှီမာယူယူ လှည့်ကာ နံရံရှိအပေါက်ကိုကြည့်လိုက်သည်။ သူမ ကပ်သီလေးရှောင်လိုက်သည်ကပင် ဝမ်းသာစရာပင်ဖြစ်သည်။ သို့မဟုတ်လျှင် သူမခေါင်းနှင့် ခန္ဓာကိုယ်သည် တခြားစီဖြစ်နေလိမ့်မည်။

“ဒီဟာ နှစ်ပေါင်းတစ်ထောင်လောက်ကြာမှ တိုက်ခိုက်ရတာဖြစ်မယ်”

သူမ သေတ္တာအား ဂရုတစိုက်ဖွင့်ရာ ကျိုးနေသော ဓားရှည်ဓားရိုးကိုတွေ့လိုက်ရသည်။ ဓားရိုးသည် ဓားရှည်တွင် သုံးလက်မလောက် နေရာယူထားသည်။ ထိုဓားရှည်သည် ကျိုးနေသော ဝိညာဉ်လက်နက်ဖြစ်သည်။ ထို့အပြင် ထိုဝိညာဉ်လက်နက်တွင် ဝိညာဉ်ချီများ ထူထပ်နေဆဲဖြစ်သည်။

ထိုဝိညာဉ်လက်နက်အောက်တွင် စာအုပ်တစ်အုပ်ရှိနေသည်။ စာအုပ်မှာ ထူသည်။

“ခုဧက သေလောက်တဲ့ရွှီက ဒီဓားရှည်ကထွက်လာတာလား၊ ဒီဝိညာဉ်လက်နက်က ဘယ်သူ့ဟာလဲ” ရှီမာယူယူ လက်ဆန့်ကာ ထိုဓားရှည်ဓားရိုးကို ယူလိုက်သည်။ သူမ ကိုင်လိုက်သည်နှင့် အရိုးထဲထိ ကြက်သီးထသွားသည်။

“မင်းသာ ငါနဲ့စာချုပ်မချုပ်ထားလို့ကတော့ မင်းကတော့ မီးလုံးဖြစ်နေလောက်ပြီ” မိုရှား၏ အသံထွက်လာကာ သူ့ပုံရိပ်သည် လက်ကောက်ထဲမှထွက်လာကာ သေတ္တာဘေးတွင် ပေါ်လာသည်။

All Chapters