← Chapters

အပိုင်း(၂၅၄)-မိုရှား၏ ဓားရှည်

Vol. 003 Ch. 254

အပိုင်း(၂၅၄)-မိုရှား၏ ဓားရှည်

Vol. 003 Ch. 254

မိုရှားထွက်လာသည်ကို မြင်သည်နင့် ရှီမာယူယူ သံသယဝင်သွားသည်။

ဝိညာဉ်စေတီအဖြစ် အောင်မြင်စွာပြုပြင်ပြီးသည့်နောက်တွင် သူပေါ်လာခဲသည်။

“မိုရှား မင်းအပြင်ကိုဘာထွက်လုပ်တာလဲ”

မိုရှား သူမအားပြန်မဖြေပေ။ သူ ဓားရှည်ဓားရိုးကိုပင် တည့်တည့်စိုက်ကြည့်နေလေသည်။ သူရုတ်တရက် သူ့လက်အား အစိုင်အခဲအသွင်ပြောင်းကာ လက်ဖဝါးထဲသို့ ဓားရှည်ဓားရိုးကို ဆွဲလိုက်သည်။

“ဂရုစိုက်….”

သူမ စကားလုံးများမျိုချလိုက်ရသဖြင့် ပြီးအောင်တောင်မပြောလိုက်ရပေ။ အကြောင်းမှာ မိုရှား လက်ထဲတွင် ဓားရှည်ရောက်သွားပြီဖြစ်သောကြောင့်ဖြစ်သည်။ ကြောက်မက်ဖွယ်ရွှီသည် အခုတော ငြိမ်သက် သွားပြီဖြစ်သည်။

“ဒီဓားရှည်ဓားရိုးက မင်းဟာလား” ရှီမာယူယူ မေးရုံအပြင်မတတ်နိုင်ပေ။

မိုရှား သူမအားပြန်မဖြေပဲ ဓားရှည်ကိုသာ ကိုင်ကြည့်နေသည်။ သူ၏ နူးညံ့သော အထိမှာ သူမအား အနည်းငယ် လှုပ်ရှားသွားစေသည်။

“ဒါ သူ့အရင်ဘဝက ဝိညာဉ်လက်နက်ဖြစ်မယ်” ရှီမာယူယူ တိတ်တိတ်လေး စဉ်းစားမိသည်။

ထို့နောက်တွင် မိုရှား သေတ္တာဘက်လှည့်ကာ အထဲရှိဝိညာဉ်ကျမ်းစာအုပ်အားယူကာ လှန်ကြည့် လေသည်။ ထို့နောက်တွင် သေတ္တအားယူကာ ဓားရှည်ဓားရိုးအားထည့်ပြီး ပြောလိုက်သည် “သေချာသိမ်းထား၊ မင်း အင်အားမကြီးသေးခင်မှာ ဒီအကြောင်းကို ဘယ်သူမှ မသိစေနဲ့၊ ဘယ်သူမှနော်”

ရှီမာယူယူ သေတ္တာအားယူပြီး မိုရှားအားကြည့်ကာ ပြောလိုက်သည် “ငါအပြင်မှာရှိတုန်းက ဒါက ငါ့ကိုခေါ်တာမဟုတ်ဘူး၊ မင်း ဒီပစ္စည်းကို အာရုံခံမိလို့ ဟုတ်တယ်မလား”

“မင်းက အဲလောက် မတုံးဘူးပဲ” မိုရှားလက်သည် ပြန်လည်ကြည်လင်သွားကာ ပြောလိုက်သည် “ဒီဝိညာဉ်လက်နက်က ငါအရင်ဘဝက သုံးခဲ့တာပဲ၊ တိုက်ပွဲမှာကျိုးသွားပြီးမှ ဒီလိုနှစ်ပေါင်း အများကြီးကြာမှ ပြန်တွေ့မယ်လို့ထင်မထားဘူး”

ရှီမာယူယူ သေတ္တာထဲရှိ ဓားရှည်အားကြည့်လိုက်သည်။ နှစ်ပေါင်းများစွာကြာသော်လည်း ဓားရိုးမှာ ကြောက်မက်ဖွယ်ရွှီများ ထူထပ်နေသေးသည်။ မကျိုးခင် အကောင်းတိုင်းရှိတုန်းကဆိုရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ ဝိညာဉ်လက်နက်ဖြစ်မလဲ။

“ဒါက ရှီမာမျိုးနွယ်ရဲ့ ဘိုးဘွားပိုင်နယ်မြေမဟုတ်လား၊ မင်းက နတ်ဆိုးမျိုးနွယ်က မင်းရဲ့ ဝိညာဉ်လက်နက်က ဘာလို့ဒီမှာရှိနေတာလဲ” ရှီမာယူယူ နားမလည်ပေ။

“ငါ နတ်ဆိုးလောကမှာ ကျသွားတယ်လို့ မပြောခဲ့ပါဘူး” မိုရှားပြောလေသည် “တစ်ယောက်ယောက်က တိုက်ပွဲမှာ ရခဲ့ပြီး ဒီရောက်လာတာဖြစ်မယ်”

မိုရှားအသံသည် နာကျင်သည့်အသံဖြစ်သည်။ သူပြောပြီးနောက်တွင် လက်ကောက်ထဲသို့ ပြန်သွားလေသည်။

ရှီမာယူယူ သေတ္တာအား ဝိညာဉ်လေးကို ပေးကာ သေချာသိမ်းထားရန် ပြောလေသည်။ ထိုအကြောင်း အား လျှို့ဝှက်ထားရန် ပြောပြီးနောက် မြေပေါ်ရှိစာအုပ်အား ကောက်လိုက်သည်။

“ပေါင်းစပ်ခြင်း၊ ဒါဘာစာအုပ်ပါလိမ့်”

ရှီမာယူယူ စာအုပ်ဖွင့်ကာ ဖတ်ကြည့်သည်။ အရှေ့ပိုင်းရှိ နိဒါန်းအားဖတ်ပြီးနောက်တွင် သူမ စာအုပ်အား နှစ်ခါလောက် နမ်းမိမလောက်ပင် ပျော်သွားသည်။

“ဘယ်လောက် တန်ဖိုးရှိလိုက်တဲ့စာအုပ်လဲ၊ ဒီမှာ နှစ်အများကြီးရှိနေတာပဲ နှမြောဖို့ကောင်းလိုက်တာ” ရှီမာယူယူ အားရပါးရပြုံးကာ ပြောလိုက်သည် “ဒါပေမယ့် အဲလိုမဟုတ်ရင်လည်း ငါဒါကို ရမှာမဟုတ်ဘူး”

“ပေါင်းစပ်ခြင်း” ထိုသည်မှာ အမည်မဟုတ်ပေ။ သခင်သည် သူနှင့် သူ၏ စာချုပ်သားရဲကို ခန္ဓာကိုယ် တစ်သားတည်းဖြစ်အောင် ပြုလုပ်ခြင်းဖြစ်သည်။ ထို့နောက်တွင် သူသည် သူ၏ ဝိညာဉ်သားရဲ၏ အရည်အချင်းများကို ကိုယ်ပိုင်ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခြင်းဖြစ်သည်။

နည်းလမ်းမှာ ရိုးရှင်းသည်။ ရှီမာယူယူ အခွင့်အရေးကို အမိအရဆုပ်ကိုင်သည်။ သူမ ရာဟွောင်ကိုခေါ်ကာ လျှို့ဝှက်စကားရပ်တချို့ကိုရွတ်ဆိုလိုက်ရာ ရာဟွောင်သည် အဖြူရောင်အလင်းတန်း အသွင်ပြောင်းကာ သူမ ခန္ဓာကိုယ်အတွင်း ဆွဲသွားခြင်းခံရလေသည်။ သူမ လက်သည် ရာဟွောင်၏ လက်သည်း အသွင် ပြောင်းလေသည်။

သူမ နံရံဘေးရှိကျောက်တုံးအား သာသာလေးထိုးကြည့်သည်၊ သို့သော် ထိုကျောက်တုံးသည် အစိပ်စိပ်အမွှာမွှာ ဖြစ်သွားလေသည်။

“အားကောင်းလိုက်တာ” ရှီမာယူယူ ပင့်သက်ရှိုက်လိုက်သည်။ ရာဟွောင်၏ သံမဏိလက်သည်းသည် သူ၏ အကောင်းဆုံး အစိတ်အပိုင်းဖြစ်သည်။ အခု သူမနှင့်ပေါင်းစပ်လိုက်သောအခါ သူမတွင် ထိုစွမ်းအား ရှိနေ ခြင်းဖြစ်သည်။

“ကွာလိုက်တော့” ရှီမာယူယူ ပေါ့ပေါ့ပါးပါးပြောလိုက်သည်နှင့် ရာဟွောင်သည် သူမ ခန္ဓာကိုယ်မှ ထွက်သွားလေသည်။

“ဒါတကယ်အသုံးဝင်တာပဲ” ရှီမာယူယူ သူမလက်အား ကျေနပ်စွာကြည့်လိုက်သည်။ ထို့နောက်တွင် သူမ ငှက်လေးအားခေါ်ကာ ပေါင်းစပ်နည်းအသုံးပြုပြီးနောက်တွင် ငှက်လေးသည် အဖြူရောင်အလင်းတန်း အဖြစ် ပြောင်းသွားကာ သူမ ခန္ဓာကိုယ်ထဲ ဝင်သွားလေသည်။

ထိုအချိန်တွင် သူမနောက်ကျောတွင် အတောင်ပံတစ်စုံပေါ်လာသည်။ သူမ အတောင်ပံများအား ထိန်းချုပ်ရန် စိတ်နှစ်လိုက်သည့်အချိန်တွင် ကျောက်တုံးအခန်းထဲရှိဖုန်များသည် လေထဲတွင် ဝဲသွားသည်။

“ဟား ဟား ငါအပြင်ရောက်ရင် ငါပျံနိုင်မလားဆိုတာ ကြည့်ရမယ်” ရှီမာယူယူ ပြုံးကာ ငှက်လေးအား လွှတ်လိုက်သည်။

“ပျော်စရာကောင်းလိုက်တာ၊ ငါနဲ့ပေါင်းလိုက်တဲ့ဟာက ငါ့လိုဖြစ်သွားတယ်” ငှက်လေးသည် သူမ ဝုန်းဒိုင်းကြဲ ဆော့ကစားနေသည်ကိုကြည့်နေသည်။

“ကောင်းပြီ ပေါင်းစပ်ခြင်း”

ဟိန်းသံလေးနှင့် ရှီမာယူယူပေါင်းစပ်လိုက်သောအခါ ထူးထူးခြားခြားပြောင်းလဲခြင်းမရှိသည်ကို တွေ့လိုက်ရသည်။ သူမတွင် အတောင်ပံများပေါက်မလာသလို အားများလည်း ထူးထူးခြားခြားတိုးမလာပေ။

“ဟိန်းသံလေး မင်းမှာ ဘာထူးခြားတဲ့အရည်အချင်းတွေများရှိလဲ” ရှီမာယူယူမေးလိုက်သည်။

အချိန်တစ်ခုကြာပြီးနောက် ဟိန်းသံလေးအသံထွက်လာကာ ပြောလိုက်သည် “အင်း…စားတာကရော အရည်အချင်းထဲပါလား”

ရှီမာယူယူ မျက်နှာမည်းသွားကာ ပေါင်းစပ်ခြင်းဖြေပြီး သူ့အား ရင်ခွင်ထဲတွင် ဖက်ပြီး ညှစ်လိုက်သည်။

“မင်းအသုံးမဝင်တာ ငါသိတယ်၊ မင်းက စားဖို့ပဲသိတယ်၊ အဲဒါက အရည်အချင်းဟုတ်လား လို့ မေးလည်း မေးရဲသေးတယ်နော်”

“အား အား သားရဲသတ်သမားပဲ” ဟိန်းသံလေး အော်လိုက်သည်။

သူဘယ်လောက်ပင် အော်ပါစေ ရှီမာယူယူ ဂရုမစိုက်ပေ။ သူမသည် သူ၏ အဖြူရောင်အမွေးများကို ဖွပြီး လွှတ်ပေးလိုက်လေသည်။

“သခင်၊ သခင်နဲ့ဟိန်းသံလေးနဲ့ ပေါင်းစပ်တာက ဘာမှထူးမလာဘူးလို့တော့ ကျွန်တော်မထင်ဘူး” ဟိန်းသံထောင်ချီသည် ရှီမာယူယူ ဟိန်းသံလေးအား လွှတ်သည့်အချိန်ထိစောင့်ပြီးမှ ပြောလေသည်။

“ဒါပေမယ့် ငါ့ခန္ဓာကိုယ်မှ ပြောင်းသွားတာမရှိဘူးလေ” ရှီမာယူယူ ပြောလေသည်။

“ဟိန်းသံလေးက အတားအဆီးတွေကို ဖြတ်လို့ရတယ်၊ သူနဲ့ပေါင်းစပ်လိုက်ရင် အဲအရည်အချင်းတော့ရမယ်လို့ ထင်တယ်” ဟိန်းသံထောင်ချီပြောလိုက်လေသည်။

ရှီမာယူယူ စဉ်းစားကြည့်သည်။ ထိုအရည်အချင်းသည်လည်း အရေးပါဆုံးဖြစ်သည်။

“ဟုတ်တယ်၊ အခုတော့အပြင်သွားရအောင် တခြားတံခါးတွေမှာ ဘာရှိလဲကြည့်ရအောင်” ရှီမာယူယူ တခြားသော စာချုပ်သားရဲများကို ဝိညာဉ်စေတီထဲထည့်ပြီး ကျောက်တုံးအခန်းမှ ထွက်လာလေသည်။

သို့သော် သူမ အပြင်ရောက်သောအခါ တခြားတံခါးများသည် ကန့်သတ်ထားသည်ကို တွေ့လိုက်ရသည်။ လူတစ်ယောက်သည် တစ်ခန်းကိုသာ ဝင်ခွင့်ရှိသည်။ သူမသည် တစ်ခန်းကိုဝင်ပြီးသည်ဖြစ် ၍ တခြားအခန်းများကို ဝင်ခွင့်မရှိတော့ပေ။

“ဒီကနေ အပြင်ကိုဘယ်လိုထွက်ရမလဲ” သူမ ဂူကိုကြည့်ရာ ထွက်သွားရမည့် နေရာကိုမတွေ့ပေ။ သူမ ထိုင်ပြီး ရှီမာယူလင်းနှင့် တခြားသူများကို စောင့်နေရုံအပြင်မရှိပေ။

သူမ ၂၂ရက်အထိစောင့်သည်။ သူမသည် ၅ရက် ၆ရက်နှင့် ရလာသည်ကိုတွေးမိသည်နှင့် တခြားသူများလည်း ရလောက်ပြီဟု ထင်သည်။

ပထမဆုံးထွက်လာသူမှာ ရှီမာယူရှင်းဖြစ်သည်။ ရှီမာယူယူ အပြင်တွင်ထိုင်နေသည်ကို တွေ့သည်နှင့် မေးလိုက်သည် “ယူယူ မင်းမဝင်ဘူးလား”

“ငါဝင်ပြီးပြီ၊ ဒါပေမယ့် စောစောထွက်လာပြီး မင်းတို့အားလုံးကို စောင့်နေတာ၊ ဒါပေမယ့် မင်းတို့ ထွက်ကိုမလာဘူး၊ ထပ်ပြီးစောင့်ရရင်တော့ ငါရူးတော့မယ်” ရှီမာယူယူသည် မကျေနပ်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။

“မင်းအကြာကြီးစောင့်လိုက်ရလား”

ရှီမာယူယူခေါင်းညိတ်ကာ လက်ချိုးရေတွက်ကြည့်လေသည် “ရက် ၂၀လောက်တောင်ရှိပြီ၊ ဟူး.. မင်းတို့အားလုံး အမွေကောင်းကောင်းရခဲ့ကြလား၊ မင်းတို့ တကယ်ကြာတာပဲ”

“အဲလောက်လည်းမဟုတ်ပါဘူး” ရှီမာယူရှင်း ပြန်ဖြေသည် “ငါ ဆယ်ရက်လောက်ကြာတယ်ထင်နေတာ လတစ်ဝက်လောက်မှ အမွေရတာပဲ သြော်ဟုတ်သားပဲ မင်းဘယ်လိုလုပ် ဒီလောက်မြန်မြန်ထွက်လာတာလဲ”

ရှီမာယူယူ မျက်တောင်ခတ်ကာ ရှုပ်ထွေးစွာမေးလိုက်သည် “မင်းတို့ အစစ်ခံရသေးလား”

“မင်းရော မစစ်ခံရဘူးလား” ရှီမာယူရှင်း သူမအား အံ့သြစွာမေးလေသည်။

ရှီမာယူယူ ခေါင်းရမ်းကာ ပြောလိုက်သည် “ငါဝင်သွားတော့ လမ်းရှည်ကြီးတစ်ခုကို မြင်လိုက်တယ်၊ ဘာမှမရှိဘူး၊ ပြီးတော့ တစ်လျှောက်လုံးအေးအေးဆေးဆေးပဲ ဘာစစ်ဆေးခံရတာမှမရှိဘူး”

“ဒါဆို မင်းအမွေရခဲ့လား”

“အဲလိုပဲဆိုပါတော့” ရှီမာယူယူ ပြောလိုက်သည်။

“ဘုရား မင်းကကံကောင်းလိုက်တာ၊ စစ်ဆေးတာကိုတောင်မှ မခံရဘူး” ရှီမာယူရှင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဒီလူကတော့ သန်မာပြီး သူ့ကံကလည်းကောင်းလိမ့်မယ်လို့ ဘယ်သူသိမလဲ။ သူတို့သည် အမွေများကို ခက်ခက်ခဲခဲရခဲ့သည်။ သို့သော် ဒီလူကတော့ ကံကောင်းသည်။ ပြီးသည်နှင့် လျှောက်ဘာခဲ့ရုံပင်။

ရှီမာယူယူလို ကံကောင်းဖို့ သူတကယ်ဆုတောင်းသည်။

All Chapters