← Chapters

အပိုင်း(၂၅၅)-အရှုံးပေါ်ခြင်း

Vol. 003 Ch. 255

အပိုင်း(၂၅၅)-အရှုံးပေါ်ခြင်း

Vol. 003 Ch. 255

နှစ်ရက်ထပ်စောင့်ပြီးနောက် ရှီမာယူယန်နှင့် ရှီမာယူလန်တို့ တစ်ချိန်တည်းထွက်လာသည်။ ရှီမာယူလင်းသည် နောက်ဆုံးနေ့မှထွက်လာသည်။

“ယူလင်း မင်းတို့သုံးယောက် ဘယ်လိုထွက်ရမလဲဆိုတာသိကြလား” ရှီမာယူယူ ကြမ်းပေါ်တွင်ထိုင်ပြီး ကြက်ကင်အား အရှက်မရှိစားနေလေသည်။

သူမဘေးရှိ ပုံနေသော ကြက်ရိုးများသည် ပြောင်းရှင်းနေလေသည်။

ရှီမာယူယန်နှင့် တခြာူးသူများသည် ကြက်ကင်ကို ကောက်ယူ၍ ကိုက်ဝါးလေသည်။ ရွှေရောင် ကြက်အရေခွံများသည် ကြည်ရသည်မှာ သားရည်ကျစရာပင်ဖြစ်သည်။

ရှီမာယူလင်း လျှောက်သွားကာ ရှီမာယူယန်၏ လက်ထဲမှ ကြက်ကင်အားလုပြီး သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူ ဝါးပြီးနောက် ပြောလေသည် “ဒီမှာ အထွက်ပေါက်မရှိဘူး”

“အထွက်ပေါက်မရှိဘူး ဟုတ်လား ဒါဆို ငါတို့ဘယ်လိုထွက်မလဲ”

“အချိန်ကျရင် သူ့ဘာသာ အပြင်ထုတ်ပေးလိမ့်မယ်”

ထုတ်ပေးမယ်…

“ကောင်းပြီလေ ဒါဆိုလည်း စောင့်ကြတာပေါ့” ရှီမာယူယူ သက်ပြင်းချလိုက်သည်။

သူမ အားသည် လျင်မြန်စွာတိုးလာကာ တောင်များဆီသို့သွားပြီး တိုက်ခိုက်ရန် ဝိညာဉ်သားရဲများ ရှာရန် လိုအပ်သည်။ သို့မဟုတ်လျှင် သူမအားသည် ပေါ့ပေါ့တန်တန်ဖြစ်ကာ သူမ အနာဂတ်တိုးတက်မှုအတွက် မကောင်းပေ။

ရှီမာယူယန် ရှီမာယူလင်းအား မကျေမနပ်ဖြင့်ကြည့်ကာ ညည်းညူလေသည် “ငါ့ကြက်ကင်လေး….”

“မင်း ထွက်လာတာကြာနေပြီ မင်းဘေးက ကြက်ရိုးတွေက တောင်ဖြစ်နေပြီ၊ လျော့စား ဝိတ်မတက်အောင်လို့” ရှီမာယူလင်းပြောလိုက်သည်။

“ယူယူ….” ရှီမာယူယန်သည် သူ့အားနောက်ထပ် ပေးစေလိုသည့်ပုံဖြင့် ရှီမာယူယူအားကြည့်လိုက် သည်။

ရှီမာယူယူသူ့အား ကြက်တစ်ကောင်ပစ်ပေးကာ ပြောလိုက်သည် “ကိုယ့်ဘာသာ ကင်လိုက်တော့”

ရှီမာယူယန် ကြက်အားကိုင်လိုက်သည်နှင့် သူ့မျက်လုံးချင်းဆုံမိသည့်အချိန်တွင် အဖြူရောင် အလင်းတန်းပေါ် လာပြီး သူတို့အားလုံးသည် တောင်မှပျောက်ကွယ်သွားလေသည်။

လမ်းကြားတွင် ရှီမာတိုင်နှင့် ရှီမာလင်းတို့သည် တခြားလူကြီးများနှင့်အတူ စိုးရိမ်စွာ စောင့်နေကြသည်။ ရုတ်တရက်ပင် အဖြူရောင်အလင်းတန်းပေါ်လာပြီး လူတစ်စုထွက်ကျလာသည်။

“အား…”

“ငါ ပိလို့သေတော့မှာပဲ”

“ငါ့ ခေါင်းပေါ်ဘယ်သူထိုင်ထားတာလဲ”

အားလုံးသည် လမ်းကြားထဲတွင် တသီကြီးပေါ်လာသည်။ သူတို့သာ ဝိညာဉ်သခင်များမဟုတ်ကြပါက သူတို့သည် ပိလို့သေတော့မည်။

သက်ကြီးဝါကြီးပုဂ္ဂိုလ်သည် ထိုအဖွဲ့အားကြည့်လိုက်ပြီး အံ့သြစွာပြောလေသည် “ငါတို့် ဒီနှစ်လူ တစ်ယောက်မှ မဆုံးရှုံးဘူး”

“အာ..ဟုတ်သားပဲ” ဒုတိယပုဂ္ဂိုလ်သည်လည်း စစ်ဆေးလိုက်သည်။

“ဘယ်သူ့မှ မဆုံးရှုံးတဲ့အပြင် အများစုက အဆင့် နှစ်ဆင့် သုံးဆင့်တက်လာကြသေးတယ်” ရှီမာလင်း ပြောလိုက်သည်။

“ဒီနှစ်က လွယ်လွန်းမနေဘူးလား” ရှီမာတိုင်နှင့် ရှီမာလင်းတို့်သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဒီနှစ် အခြေအနေများသည် ပုံမှန်မဟုတ်ပေ။

“သေစမ်း ငါတို့တကယ် အပစ်ခံရတာပဲ၊ ငါ့တင်ပါး အာ….” ရှီမာယူယူ ကျိန်ဆဲလိုက်သည်။

“ယူယူ မင်းငါ့မျက်နှာပေါ်ထိုင်ထားတယ်” အောက်မှ မျက်နှာအထိုင်ခံထားရသော သူသည် အစပိုင်းတွင် ငေါက်ရန် လုပ်ထားသော်လည်း ရှီမာယူယူ၏ အသံကြားသည်နှင့် လေသံပြောင်းသွားသည်။

ရှီမာယူယူ ညင်သာစွာရပ်ကာ သူမ ထိုင်ထားသောသူ၏ မျက်နှာကိုကြည့်လိုက်သည်။ သူသည် မြေပေါ်တွင် ပြားမတတ်ပင်။

“အဟွတ်အဟွတ် တောင်းပန်ပါတယ်” ယူယူသည် ထိုလူအားဆွဲထူပြီး တောင်းပန်လိုက်သ်ည။

“ကိစ္စမရှိဘူး ကိစ္စမရှိဘူး”

“ကောင်းပြီ သေချမတ်တတ်ရပ်ကြ” သက်ကြီးဝါကြီးပုဂ္ဂိုလ် ကျယ်လောင်စွာ ကြေညာလိုက်သည်။

အားလုံးသည် လျင်မြန်စွာ ရပ်လိုက်ကြကာ သတိဆွဲလိုက်ကြသည်။

“မင်းတို့ဝင်သွားတာနဲ့ အန္တရာယ်တွေ မတွေ့ဘူးလား” တတိယသက်ကြီးဝါကြီးပုဂ္ဂိုလ်သည် အားလုံး ထိခိုက်ခြင်းမရှိသည်ကိုမြင်သည်နှင့် မေးလိုက်သည်။

“မတွေ့ပါဘူး” အားလုံး ပြန်ဖြေလိုက်သည်။

“အဲဒီမှာ အံ့ဖွယ်သားရဲတွေအများကြီးရှိတယ်၊ မင်းတို့ သူတို့နဲ့မတွေ့ခဲ့ဘူးလား”

“ကျွန်တော်တို့ တွေ့ခဲ့ပါတယ်”

“ဒါဆိုဘာလို့ အန္တရာယ်မတွေ့ခဲ့ဘူးလို့ ပြောရတာလဲ” တတိယသက်ကြီးဝါကြီးပုဂ္ဂိုလ်သည် သူ၏ မှုတ်ဆိတ်ကို မှုတ်လိုက်လေသည်။

“အန္တရာယ်တော့ တကယ်မဖြစ်ခဲ့တာပါ၊ အဲဒီအံ့ဖွယ်သားရဲတွေကို အကုန်လုံးကျွန်တော်တို့ ယူပြီး တစ်ယောက်မှ ထိခိုက်မှုမရှိခဲ့ပါဘူး” တစ်စုံတစ်ယောက်က ပြန်ပြောလေသည်။

“မင်းတို့ယူလာတယ်ဟုတ်လား”

“ဟုတ်ပါတယ် သူတို့အကုန်လုံးကို ကျွန်တော်တို့ ခေါ်ထုတ်လာပါတယ်၊ အထဲမှာ အံ့ဖွယ်သားရဲတစ်ကောင်မှ မရှိတော့ပါဘူး” ရှီမာယူယန် ပြောလိုက်သည်။

ရှီမာတိုင် မျက်မှောင်ကြုတ်လိုက်ကာ “မင်းတို့ အံ့ဖွယ်သားရဲတွေအကုန်ထုတ်လာတယ် ဟုတ်လား”

“ဟုတ်ပါတယ် အဘိုး ညီအစ်ကိုတို့ ကိုယ်အကောင်ကိုယ်ထုတ်ပြီး လူကြီးတွေကြည့်ရအောင် ပြလိုက်ပါ”

ရှီမာယူယန် အမိန့်ပေးလိုက်သည်နှင့် ပိုင်ဆိုင်ထားသော အံ့ဖွယ်သားရဲများအားလုံး ထုတ်ကြလေသည်။

“အံ့ဖွယ်သားရဲတွေများလှချည်လား” သက်ကြီးပုဂ္ဂိုလ်သည် များစွာသော အံ့ဖွယ်သားရဲများမြင်သည်နှင့် အံ့သြသွားလေသည်။

“မင်းတို့အားလုံး ဘယ်လိုလုပ် အဲဒီအံ့ဖွယ်သားရဲတွေနဲ့ စာချုပ်ချုပ်နိုင်တာလဲ” ဒုတိယသက်ကြီး ပုဂ္ဂိုလ် မေးလိုက်သည်။

“အားလုံး အတူတူဖမ်းပြီး ယူယူက ကျွန်တော်တို့အတွက် ထိန်းကျောင်းပေးပါတယ်၊ ပြီးတော့ ကျွန်တော်တို့ စာချုပ်ချုပ်လိုက်တာပါ” နောက်လိုက်တစ်ယောက်က ပြောလိုက်သည်။

“ကောင်းတယ် ကောင်းတယ် ကောင်းတယ်” ရှီမာတိုင်သည် ကောင်းတယ် ဆိုသည့်စကားကို သုံးကြိမ် ပြောလေသည်။ သူ့စကားလုံးများတွင် ပျော်ရွှင်သည့် သဘောပါဝင်နေသည်။ “အစက အဲမှာ အံ့ဖွယ်သားရဲတွေများလွန်းတော့ အန္တရာယ်ဖြစ်မှာစိုးလို့ ဘိုးဘွားနယ်မြေကို ဖွင့်ဖို့ကို စဉ်းစားနေသေးတယ်၊ မင်းတို့ ဒီပြဿနာကို ဖြေရှင်းပြီးသားဖြစ်မယ်လို့ မထင်ထားဘူး၊ မဆိုးဘူး”

“မျိုးနွယ်ခေါင်းဆောင် အကုန်လုံးပြန်ရောက်လာပြီဆိုတော့ ကျွန်တော်တို့ ပြန်ရောက်မှ မေးချင်တာမေးရအောင်လေ” ရှီမာလင်း ပြောလိုက်သည်။

“ကောင်းပြီ”

အိမ်ပြန်မည့် ဖြတ်လမ်းတည်ဆောက်မှုသည် ပြင်ဆင်ပြီးသားဖြစ်သည်၊ သူတို့သည် လျင်မြန်စွာပင် ခေါင်းဆောင်၏ အိမ်သို့ ရောက်သွားလေသည်။

သူတို့ပြန်ရောက်ချိန်တွင် ရှီမာယူယူသည် ရှီမာယူမင်နှင့် တခြားသူများကို ရှာတွေ့ကာ သူတို့ဆီသို့ လျှောက်သွားခဲ့သည်။

“အစ်ကို အဆင့်ထပ်တက်ခဲ့သေးလား” သူမ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “အစ်ကိုရဲ့ အားက မြန်မြန်တိုးလာတာပဲ”

“ငါလည်း အဲလိုခံစားမိတယ်၊ အဲဒါကြောင့်ပဲ နောက်ရက်နည်းနည်းကြာရင် လေ့ကျင့်ဖို့ တစ်လ နှစ်လလောက်တော့ ထွက်သွားမလို့” ရှီမာယူမင် ပြောလိုက်သည်။

“သူတို့ မကြာခင်ကို ထွက်သွားပြီး အံ့ဖွယ်သားရဲတွေဖမ်းလိမ့်မယ်လို့ ထင်တယ်၊ အဲအချိန်ကျရင် သူတို့်နောက်လိုက်ပြီး တိုက်ခိုက်ရင် အစ်ကိုရဲ့အားတွေလည်း တက်လာမှာပါ” ရှီမာယူယူ ပြောလိုက်သည်။

“အဲဒါလည်း မဆိုးဘူး၊ ငါတို့ဘာသာထွက်သွားရင် အန္တရာယ်တွေ့ရနိုင်တယ်၊ မျိုးနွယ်ဝင်တွေနဲ့ သွားတာ ပိုကောင်းမယ်” ရှီမာယူရန် ပြောလိုက်သည်။

“ညီလေး ၅ မင်းကရော” ရှီမာယူလီ မေးလိုက်သည်။

“ကျွန်တော်ကတော့ မသွားတော့ဘူး၊ ပြိုင်တိုက်ခိုက်ဖို့ ဝိညာဉ်သားရဲနည်းနည်းလောက်ပဲ ရှာတော့မယ်” ရှီမာယူယူ ခေါင်းရမ်းလိုက်သည်။

တောင်တွင် ၂နှစ်ကျော်မျှ ဖြတ်သန်းပြီးနောက် ထိုဘဝသို့ ပြန်သွားရန် စိတ်ကူးမရှိပေ။

သူတို့ စကားပြောစဉ်တွင် ရှီမာတိုင်သည် တခြားသူများနှင့် စကားပြောဆိုပြီးစီးသွားလေသည်။ သို့သော် သူသည် ရှီမာယူယူနှင့် ရှီမာယူလင်းတို့ကို နေခဲ့ခိုင်းလေသည်။

ရှီမာယူယူသည် ခန်းမကြီးဆီသို့ သူတို့နောက်သို့လိုက်ကာ ထိုင်ရန်ရှာပြီး ထိုင်လိုက်လေသည်။

“ယူလင်း မင်းပြောတာအမှန်ပဲလား” ရှီမာတိုင် မေးလိုက်သည်။

“ဟုတ်ပါတယ်” ရှီမာယူလင်း ပြောလိုက်သည် “ယူယူမှာ ရှီမာမျိုးနွယ်ရဲ့ သွေးရှိနေပါတယ်”

“ယူယူ မင်းအဲတံခါးကိုဖြတ်ပြီး ဝင်ခဲ့လား” ရှီမာလင်း မေးလိုက်သည်။

“ဝင်ခဲ့ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒီတောင်ရဲ့အပြင်မှာ ကျောက်တုံးရှိတယ်၊ အဲဒါက ယုံရလား မယုံရလားတော့မသိဘူး”

“အဲဒီကျောက်တုံးက သေချာပေါက်ယုံရပါတယ်၊ ငါတို့ ဘိုးဘေးတွေဆီကနေ လက်ဆင့်ကမ်းလာတာ” ရှီမာတိုင် ပြောလိုက်သည် “ဒါဆို မင်းက ငါတို့်ရှီမာမျိုးနွယ်က လူမှန်တယ်ပေါ့”

ရှီမာယူယူ မျက်လုံးလှန်ကာ စားပွဲတွင် ဆွံ့အစွာ လဲနေလိုက်သည်။

အဲဒီမြေခွေးအိုကြီးကတော့လေ၊ သူမသာ သူနဲ့စကားဆက်ပြောနေရင် သေချာပေါက် လည်ထွက်တော့ မယ်။

“ယူလန် မင်းရဲ့သွေးသားက မရပ်မနားခံစားနေရတယ်မလား၊ အဲဒါက ဝိညာဉ်သားရဲသွေးသားက နိုးလာဖို့ အတွက် ခြေတစ်လှမ်းပိုနီးလာတာမလား” ရှီမာတိုင် ပြောလိုက်သည်။

“ဟုတ်ပါတယ် မျိုးနွယ်ခေါင်းဆောင်” ရှီမာယူလန် ပြုံးကာ ပြောလိုက်သည် “ဒီတစ်ခါတော စိတ်လှုပ်ရှားစရာကောင်းတဲ့ သွေးသားကို ရှာတွေ့ခဲ့ပါတယ်၊ ကျွန်မ အဆီအနှစ်တွေကို စုပ်ယူပြီးတာနဲ့ သွေးသားက ပိုပြီးနိုးထလာခဲ့ပါတယ်”

ရှီမာတိုင် ခေါင်းညိတ်ကာ ပြောလိုက်သည် “မင်းရဲ့ ကျင့်ကြံတာက အမြဲတမ်းကောင်းနေတာပဲ၊ အခု မင်းရဲ့ သွေးသားက နိုးထဖို့အတွက် ခြေတစ်လှမ်းနီးလာပြီ မင်းသေချာကျင့်ကြံတော့၊ နောက်ကျရင် ပိုပြီးဖြစ်လာမှာပါ”

“ဟုတ်ကဲ့ပါ မျိုးနွယ်ခေါင်းဆောင်” ရှီမာယူလန် ပြန်ဖြေလိုက်သည်။

ရှီမာတိုင်သည် အမွေများအကြောင်းကို မေးလေသည်။ နောက်ဆုံးတွင် ရှီမာယူယူ ဘာရခဲ့သည်ကို မေးရာ သူမသည် သူမစာအုပ်ဖြစ်သည့် ပေါင်းစပ်ခြင်းစာအုပ်ကို မပျော်ရွှင်စွာပင် ထုတ်လိုက်သည်။ သူမ နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည် “မင်းတို့အကုန်လုံးက အားတွေတိုးကြတယ်၊ ငါကတော့ ငါက အားလုံးကို သင်ပေးရမယ့်ဟာပဲ ရလာတယ်၊ ဟူး ငါအရှုံးပေါ်တယ်”

All Chapters