အပိုင်း(၂၅၆)-ရိုးရှင်းသော ပါရမီရှင်
Vol. 003 Ch. 256
ရှီမာယူယူ တတွတ်တွတ်ပြောနေသည်ကို ကြားသောအခါ ရှီမာယူရှင်းနှင့် တခြားသူများသည် ခေါင်းငုံ့ကာ ရယ်တော့သည်။
ရှီမာတိုင်သည် အလွန်ရှားပါးသော ပေါင်းစပ်ခြင်းစာအုပ်ကိုယူပြီး အံ့သြလွန်း၍ စကားပင်မပြောနိုင်ပေ။
“ဘယ်လိုလဲ တကယ်ဈေးပေါတယ်လို့ မခံစားရဘူးလား” ရှီမာယူယူသည် ရှီမာတိုင်၏ အမူအရာကိုကြည့်ပြီး ပြောလေသည် “အဘိုး ကျွန်တော့်ကို လျော်ကြေးပေးရမယ်”
“ကောင်းပြီ” ဒီတစ်ကြိမ်တွင် ရှီမာတိုင်လျင်မြန်စွာဖြေသည်။
“မျိုးနွယ်ခေါင်းဆောင် ဒါဘာလဲ” ရှီမာလင်းသည် ရှီမာတိုင် လွယ်ကူနေသည်ကိုကြည့်ပြီးနောက် သူ့လက်ထဲရှိ ဝိညာဉ်ကျမ်းကို အလွန်သိချင်သွားသည်။
“မင်းတို့အားလုံး သတိရရမှာက စာချုပ်သားရဲတွေရဲ့အရည်အချင်းရဖို့အတွက် ဘိုးဘွားပိုင်တံခါးတွေကို ဝင်ခွင့်ရတဲ့သူကို ရေးထားတဲ့ မှတ်တမ်းရှိတာဆိုတာပဲ” ရှီမာတိုင်ပြောလိုက်သည်။
“အဲဒါဖြစ်နိုင်လား” ရှီမာလင်း၏ မျက်နှာသည် အလွန်အမင်းအံ့သြသွားသည်။
အဲလိုဆိုရင် ရှီမာမျိုးနွယ်က ရှီမာယူယူကို သေချာပေါက်ကျေးဇူးတင်ရမှာပဲ။
“ဘိုးဘိုးတတို့ရဲ့ဘိုးဘွားတွေက ဘိုးဘိုးတို့ကိုအဲအရည်အချင်းမသင်စေချင်ဘူးနဲ့တူတယ်”
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ ဒီစာအုပ်ကိုရဖို့ လိုအပ်ချက်တွေက မဖြစ်နိုင်တဲ့ဟာတွေ၊ ကျွန်တော် ဖြည့် ဆည်းလိုက်လို့သာ ဒါကိုရလာတာ” ရှီမာယူယူ ပြောလိုက်သည် “ဘိုးဘိုးတို့ရဲ့ ဘိုးဘေးတွေ က နောက်လာနောင်သားတွေကို သင်စေချင်တယ်ဆိုရင် အဲနေရာမှာ ရှိမနေရဘူး”
“ယူယူ၊ မင်းပြောတော့ အစမ်းသပ်မခံရဘူးဆို” ရှီမာယူရှင်း ပြောလိုက်သည်။
“ဟုတ်တယ် အရှေ့ပိုင်းမှာ ဘာစမ်းသပ်တာမှ မရှိခဲ့ဘူး၊ ဒါပေမယ့် ဒီစာအုပ်ထားထားတဲ့နေရာက တကယ်ကို ခက်တဲ့ ဆုံလည်ထဲမှာပဲ… အဲဆုံလည်ကိုသာ မဖွင့်နိုင်ရင် ဒီစာအုပ်ကို ရမှာတောင်မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါဆိုရင် အဲဒီဆုံလည်ကို ဖွင့်ဖို့ ဘယ်လိုမျိုးတွေလုပ်ခဲ့ရတာလဲ” ရှီမာယူယန် မေးလိုက်သည်။
“ဘယ်လိုအခြေအနေမျိုးမဆို ဘယ်သူပဲ ဝင်ဝင် အဲဒါကို ဖွင့်နိုင်တဲ့သူရှိမှာမဟုတ်ဘူး၊ ခက်တော့ မခက်ဘူး အဲအခွင့်အရေးမရှိတာပဲရှိမယ်”
“ဘယ်လိုအခြေအနေလဲ၊ အစ်ကိုလင်းတောင် မလုပ်နိုင်ဘူးလား” ရှီမာယူလန် မေးလိုက်သည်။
ရှီမာယူလင်းသည်လည်း သံသယမျက်လုံးများဖြင့် သိချင်စိတ်ဖြင့် ရှီမာယူယူအားကြည့်လိုက်သည်။
ရှီမာယူယူ သက်ပြင်းချကာ ပြောလိုက်သည် “အဲဒီ ဆုံလည်မှာ အရောင်ငါးရောင်ရှိတယ်၊ အရောင်တိုင်းမှာ ဝိညာဉ်ချီကို ကိုယ်စားပြုတာတွေလိုတယ်၊ တစ်ယောက်ပဲဝင်ခွင့်ပြုပြီး တခြားသူတွေ ဝင်လို့မရဘူးဆိုတော့ ဘာဖြစ်နိုင်မှာလဲ”
“ရွှတ် မင်းက ဘက်စုံဝိညာဉ်သခင်လား” ရှီမာယူယူ ဆိုလိုသည်ကိုနားလည်သော ရှီမာယူယန် အော်လိုက်သည်။
“ငါအဲလိုမပြောပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမယ့် အဲလိုပြောကြေးဆိုရင် မျိုးနွယ်ခေါင်းဆောင် ကျွန်တော့်ကို လျော်ကြေးပေးရပါမယ်”
သူမသည် ဘက်စုံဝိညာဉ်သခင်ဖြစ်သည်ကိုသိလိုက်သည်နှင့် ရှီမာတိုင်သည်လည်း အံ့သြသွားကာ ပြောလိုက်သည် “ဟုတ်တယ် မင်းလျော်ကြေးအနေနဲ့ ဘာလိုချင်လဲ”
“ခေါင်းဆောင်ကို ကျွန်တော်က ပစ္စည်းကောင်းကောင်းလေးပေးတာဆိုတော့ လျော်ကြေးကလည်း ကောင်းရပါမယ်” ရှီမာယူယူ ပြောလိုက်သည် “ခေါင်းဆောင်ရဲ့ အိမ်တော်ရဲ့ စာကြည့်ခန်းမှာ ဝိညာဉ်ကျမ်း တွေအများကြီးရှိတယ်လို့ ကြားပါတယ်၊ ဒါပေမယ့် ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဘူးလို့လည်း ကြားပါတယ်”
“မင်းကို စိတ်ကြိုက်ဝင်ခွင့်ပေးပါတယ်” ရှီမာတိုင် ပြောလိုက်သည်။
“ကျွန်တော် အဲဒါကိုတောင်းတာမဟုတ်ပါဘူး” ရှီမာယူယူ လက်ဝေ့ကာ ပြောလိုက်သည် “ခေါင်းဆောင်တို့က ကျွန်တော့် အစ်ကိုတွေကို ၃နှစ်တောင်ပိတ်လှောင်ထားတာဆိုတော့ ဝိညာဉ်ကျမ်း ကောင်းကောင်းကို မလေ့ကျင့်ခဲ့ရဘူး၊ သူတို့ကို ကြိုက်တဲ့ ဝိညာဉ်ကျမ်းကိုရွေးခွင့်ပြုပါ”
အားလုံး အံ့သြသွားလေသည်။ သူမ အစ်ကိုများလေ့လာရန် အခွင့်အရေးတောင်းပေးမည်ကို ဘယ်သူမှ ထင်မထားကြပေ။
သူမ အစ်ကိုများအတွက်ဆိုလျှင် သူမသည် ကြိုးစားအားထုတ်ခဲ့သည်။
“မင်းက ငါတို့်မျိုးနွယ်ဝင်ပဲ၊ သူတို့က စာကြည့်ခန်းကိုဝင်ပြီး ဝိညာဉ်ကျမ်းကိုရွေးလို့ရတာ သဘာဝပဲလေ” ရှီမာတိုင် ပြောလိုက်သည် “ဝိညာဉ်ကျမ်းအကြောင်းပြောရင်းနဲ့ စကားမဆပ် ဒေါသမီးတောက်စာအုပ်က မင်းတို့ ဆီမှာပဲလား”
“မဟုတ်ဘူး၊ ကျွန်တော်ပြန်လာတော့ အဘိုးကိုပြန်ပေးလိုက်ပါပြီ” ရှီမာယူယူ ပြောလိုက်သည် “ပြောလို့ ပြီးရင်တော့ ကျွန်တော်တို့အရင်ပြန်လိုက်ပါဦးမယ်၊ သြော်ဟုတ်သားပဲ ကျွန်တော်က ကျွန်တော့် အကြောင်း အတင်းပြောတာမကြိုက်ပါဘူး၊ အတင်းပြောတာကို ပြန်ကြားရရင်တော့ ကျွန်တော် ဒေါသထွက်ရ ပါမယ်”
သူမပြောပြီးသည်နှင့် အားလုံးအား အရိုအသေပေးကာ ထွက်သွားလေသည်။
“ဒီကောင်ကတော့ ငါ့ကိုခြိမ်းခြောက်ရဲတယ်” ရှီမာတိုင်သည် ဒေါသထွက်သွားသည်။ သို့သော် ဒေါသများသည် ကြာရှည်မခံသည်ကို သူ့မျက်လုံးများမှ တစ်ဆင့် အားလုံးတွေ့လိုက်ကြသည်။
“ယူယူက တကယ်နိမ့်ချနေတတ်တာပဲ၊ သူ့အကြောင်း ငါတို့ပြောလို့ကတော့ သူတကယ်စိတ်ဆိုး လိမ့်မယ်” ရှီမာယူရှင်း ပြောလိုက်သည်။
“သန်မာပေမယ့် မာန်မတက်ဘူး၊ ရင့်ကျက်ပြီး တည်ငြိမ်တယ်၊ သူ့ရှေ့ရေးကတော့ ဖြောင့်ဖြူးနေတာပဲ” သက်ကြီးဝါကြီးပုဂ္ဂိုလ် သက်ပြင်းချလိုက်သည်။
“ငါတို့မျိုးနွယ်မှာ အဲလိုအရည်အချင်းရှိတဲ့သူ ရှိနေတာ တခြားအင်အားကြီးတွေသိလို့ကတော့ သူတို့က သူ့ကို သေချာပေါက် အမြစ်ဖြုတ်ဖို့ ကြိုးစားကြမှာပဲ” ဒုတိယ ပုဂ္ဂိုလ်ပြောလေသည်။
“ဒီနေ့ဖြစ်ပျက်တာတွေကို ဘယ်သူမှ ဘာမှမပြောကြနဲ့ ပြီးတော့ သူ့စွမ်းရည်တွေကို လျှို့ဝှက်ထားဖို့ အားလုံးကို နှုတ်ပိတ်ထားလိုက်၊ ဒါမှမဟုတ်ရင် မိသားစုစည်းကမ်းအတိုင်း အရေးယူရလိမ့်မယ်” ရှီမာတိုင် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ မျိုးနွယ်ခေါင်းဆောင်”
သည်လိုနှင့် ရှီမာယူယူသည် ရှီမာအိမ်တော်မှ ပြဿနာကိုဖြေရှင်းပြီးလေသည်။ သတင်းတစိုးတစိမျှ အပြင်သို့ မထွက်ပေ။ အပြင်တွင်လည်း သတင်းအနည်းငယ်မျှ မသိကြပေ။
သူမ ရလဒ်အားတွေ့သည်နှင့် ရှီမာယူယူအလွန်ကျေနပ်လေသည်။ သူမသည် အံ့ဖွယ်သားရဲများကို ထိန်းကျောင်းနိုင်သည်ကို မျိုးနွယ်မှလူများသိကြသော်လည်း ဘယ်သူမှ ထုတ်ဖော်မပြောပေ။ ထိုနေ့က ခန်းမကြီးတွင်ပြောခဲ့သည်များသည် လျှို့ဝှက်ချက်အဖြစ်သာတည်ရှိနေလေသည်။ ထို့ကြောင့်ပင် ရှီမာယူလင်း နှင့် တခြားသူများအပြင် ကျန်သောရှီမာမျိုးနွယ်ဝင်များသည် သူမသည် ဘက်စုံသခင်ဖြစ်ကြောင်းကို မသိကြပေ။
“ဘုန်း”
သူမသည် ခြင်္သေ့တစ်ကောင်နှင့် တိုက်ပွဲဝင်နေသည်။ ပြိုင်ဘက်မှာ အံ့ဖွယ်သားရဲအဖြစ် အဆင့် တိုးထားသူဖြစ်သည်။ သို့သော် သူမနှင့် တန်းတူတိုက်နိုင်သည်။
ထိုကဲ့သို့အခြေအနေမျိုးတွင် သူမ ပညာကုန်မသုံးပေ။
“အာ… ငါထပ်ပြီမတိုက်ချင်တော့ဘူး၊ မလုပ်ချင်တော့ဘူး” ခြင်္သေ့ကြီးသည် ရှီမာယူယူထံ အရိုက်ခံရ၍ အမွေးများ ကျွတ်ထွက်သောကြောင့် ကျယ်လောင်စွာအော်လေသည်။
“ခြင်္သေ့ကြီး ငါတို့ ဒီနေ့သိပ်တောင်မတိုက်လိုက်ရဘူး၊ ဘာလို့ အရှုံးပေးလိုက်တာလဲ” ရှီမာယူယူသည် ထိုခြင်္သေ့ကြီးအား ခုန်အုပ်ပြီး သူ့နားရွက်အားဆွဲကာ ပြောလိုက်သည်။
“မင်းရဲ့တိုက်ခိုက်နိုင်စွမ်းက အရမ်းသန်တယ်၊ ငါ့အမွေးတွေ မင်းကြောင့် အကုန်ကျွန်တော့ မယ်” ခြင်္သေ့ကြီး ပြောလိုက်သည်။
“မင်းကိုငါပေးတဲ့ဆေးစားရင် ပြန်မသက်သာလာဘူးလား” ရှီမာယူယူ ပြောလိုက်သည် “ဒီလိုအခွင့်အရေးမျိုး ဘယ်သူရမှာလဲ”
“အဲဒါလည်း မလိုချင်ဘူး” ခြင်္သေ့ကြီးသည် သူမနှင့် မတိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်။
“မဖြစ်သေးဘူး၊ ငါအခုထိ ငါနဲ့ပြိုင်မယ့် ပြိုင်ဘက်မတွေ့သေးဘူး၊ မင်းငါနဲ့ တိုက်ရမယ်”
“နတ်ဆိုးလေးရေ ငါ့ကိုလွှတ်ပေးပါ” ခြင်္သေ့ကြီးသည် အော်လိုက်သည် “ဒီတောင်မှာ ဝိညာဉ်သားရဲတွေ အများကြီးရှိတာ၊ ငါ့ကို ဘာလို့ရွေးလိုက်တာလဲ”
“င့ါရွေးချယ်ပိုင်ခွင့်ပဲလေ” ရှီမာယူယူသည် ခြင်္သေ့ကြီး၏ ခေါင်းအားရိုက်လိုက်သည် “တောင်မှာရှိတာ တွေက အားနည်းလွန်းပြီး ငယ်လွန်းတယ်၊ ငါက ငါ့တိုက်ပွဲအင်အားတိုးတက်ချင်တာ၊ အဲဒါကြောင့် မင်းလိုမျိုးနဲ့ ငါတိုက်ရမယ်”
ခြင်္သေ့ကြီးသည် မြေပေါ်တွင်လှဲကာ ပြောလိုက်သည် “မဟုတ်ဘူး၊ ငါဂရုမစိုက်ဘူး၊ ငါမင်းနဲ့ မတိုက်ချင်တော့ဘူး”
“မင်း…” ရှီမာယူယူ ဒေါသထွက်သွားသည်။ ဒီခြင်္သေ့က တကယ်သရဲဘောကြောင်တာပဲ။
အခုဆိုလျှင် ဘိုးဘွားပိုင်မြေမှ ပြန်လာသည်မှာ တစ်လခွဲရှိပြီဖြစ်သည်။ ထိုတစ်လခွဲအတွင်းတွင် သူမသည် အားပိုသန်လာရန် တောင်တွင် ဝိညာဉ်သားရဲများကို ရှာဖွေခဲ့သည်။
သူမသည် အစောပိုင်းကရထားသော ဝိညာဉ်စွမ်းအင်များကို ထိန်းချုပ်နိုင်ပြီဖြစ်၍ ထိုရက်ပိုင်းတွင် အဆင့်တက်ရန် ပြင်ဆင်ထားသည်။ သို့သော် သူမနှင့် ပြိုင်တိုက်ခိုက်သော ခြင်္သေ့သည် သူမနှင့် မတိုက်နိုင်တော့ဘူးဟု ပြောမည်ဟု ထင်မထားပေ။
“သူက မတိုက်ချင်မှတော့ ငါတို့တိုက်ကြမလား” ရှီမာလင်း ပေါ်လာကာ ရှီမာယူယူအား ပြောလေသည်။
ရှီမာယူယူ တောင်ထိပ်အားကြည့်လိုက်သည်။ ရှီမာလင်းသည် သူမအား ထိုနေရာမှ စောင့်ကြည့်နေလေသည်။
“ဘိုးဘိုးလင်း”
“လွန်ခဲ့တဲ့ ၃နှစ်က ငါတို့်စိတ်သန်မာမှုကို ပြိုင်ခဲ့တယ်၊ ဒီနေ့ထပ်မပြိုင်ချင်ဘူးလား” ရှီမာလင်း ပျံဆင်းလာကာ ရှီမာယူယူအားကြည့်ပြီး ပြောလိုက်သည်။
“ကောင်းပါပြီ” ရှီမာယူယူ စိတ်လှုပ်ရှားစွာ သဘောတူလိုက်သည်။
သူမ ဘိုးဘွားပိုင်နယ်မြေမှ ပြန်လာပြီးချိန်မှစ၍ သူမသည် ယှဉ်ပြိုင်ရန် ရှီမာလင်းအား သွားရှာခဲ့သည်။ လွန်ခဲ့သည့် ၃နှစ်က သူမသည် သူ၏ ချုပ်တည်းမှုကို မဆန့်ကျင်နိုင်ခဲ့ပေ။ သူမသည် လွန်ခဲ့သည့် သုံးနှစ်ကအတိုင်း သူနှင့် သုံးချီမတိုက်နိုင်လား တိုက်နိုင်မလားကို တကယ်သိချင်ခဲ့သည်။