အခန်း (၁၁၂၉-၁၁၃၀)
Vol. 95 Ch. 1129-1130
အခန်း ၁၁၂၉ -
မာနကြီးသော အမျိုးသမီး။
“ မြောက်ပိုင်းအမှောင်ဒေသရဲ့ ယွီချန်က တာအိုစုကို ဂါရဝပြုဖို့ ရောက်လာပါတယ်။ ”
အရှေ့ဘက်ရွှမ်တောင်ထိပ်တွင် ယွီချန်၏အသံသည် ပဲ့တင်ထပ်သွားလေသည်။ ချက်ချင်းပင် လူအုပ်ကြီးမှာ စုဝေးလာ၏။
“ ယွီချန်က အထီးကျန်နေရာကနေ ထွက်လာပြီး စုရီကိုစိန်ခေါ်နေပြီ ... မြန်မြန် သွားကြည့်ရအောင်။ ”
“ ဟမ့် ငါထင်ထားတဲ့အတိုင်းပဲ စုရီ ဘယ်လောက်ပဲ သန်မာနေပါစေ ယွီချန်က နောက်မဆုတ်ဘူး။ ”
“ ဒီတိုက်ပွဲဟာ ပထမတိုက်ပွဲကွင်းမှာ မကြုံစဖူး ကြုံတွေ့ခွင့်ရမဲ့ တိုက်ပွဲပဲ။ ”
ဆွေးနွေးမှုများကြား လူအများ၏ မျက်နှာအမူအရာသည် မျှော်လင့်ချက်များနှင့် ချက်ချင်းပြည့်နှက်လာ၏။
ချင်စုရှင်းနှင့် ရန်ချန်ချင်းတို့သည်လည်း ရောက်ရှိလာသည်။ ထိုမျှစွာသော လူအုပ်ကြီး၏ အကြည့်များအောက်တွင် ယွီချန်သည် တည်ငြိမ်စွာဖြင့် စောင့်ဆိုင်းနေခဲ့၏။
များမကြာခင် အရှေ့ဘက် တောင်ထိပ်တွင် လီကျုံးနှင့် ချင်ရှစ် ထွက်ပေါ်လာပြီး၊
“ တာအိုစုက အခု တံခါးပိတ် ကျင့်ကြံနေပါတယ်။ ”
-ဟု တုန့်ပြန်တော့သည်။
ထိုစကားကြောင့် လူတိုင်း စိတ်ပျက်လက်ပျက်ဖြစ်ကုန်၏။ သူတို့အားလုံး မျှော်လင့်ချက်ဖြင့် ရောက်ရှိလာကြခြင်း ဖြစ်လေသည်။
“ ဟမ့် ... ငါ့အစ်ကိုကြီး ဒီနေ့မှ ကျင့်ကြံရာကနေထွက်လာတယ် ... ဒီစုရီက တံခါးပိတ်ကျင့်ကြံသွားပြီလား ... ဒါက တိုက်ဆိုင်မှုလား။ ”
ဝမ်ရှုကျိမှ သံသယနှင့် လှောင်ပြောင် မေးမြန်းလိုက်၏။ ချင်းရှစ်က ခေါင်းရမ်းလျက်၊
“ မင်း မှားနေပြီ ... ၊ တာအိုစုက ဆယ်ရက်လောက်ကတည်းက ကျင့်ကြံဖို့ တံခါးပိတ်သွားတာပါ။ ”
-ဟု ဖြေရှင်းသည်။
“ တာအိုစုက ဘယ်အချိန် ထွက်လာမယ်လို့ ပြောခဲ့လဲ။ ”
ယွီချန်မှ မေးမြန်း၏။
“ ငါမသိဘူး ... ဒါပေမယ့် မင်းက သူနဲ့ယှဉ်ပြိုင်ဖို့ တောင်းဆိုလာရင် စောင့်ပါလို့ ပြောထားခဲ့တယ်။ ”
ထိုစကားကြောင့် ယွီချန်က ခဏမျှ စဉ်းစားပြီး ဒုံရွှမ်တောင်ထိပ်သို့ မော့ကြည့်ကာ၊
“ ကောင်းပြီ ... တာအိုစု၊ ငါ မင်းကို ဧည့်ခန်းမမှာ စောင့်နေမယ်။ ”
-ဟု ပြောကြားလိုက်၏။
ထို့နောက် တောင်ထိပ်ပေါ်ရှိ ဇရပ်တစ်ဆောင်သို့ လျှောက်လှမ်းသွားပြီး ခြေချင်းချိတ်ထိုင်ချလိုက်သည်။
လူအုပ်ကြီးသည် အကြည့်ချင်း ဖလှယ်လိုက်၏။ ယနေ့တွင် ကြီးကျယ်သော တိုက်ပွဲတစ်ခု ဖြစ်ပွားလာလိမ့်မည်ဟု မူလက ထင်ခဲ့ကြသည်။
မမျှော်လင့်ဘဲ၊ စုရီသည် တံခါးပိတ်ကျင့်ကြံမှုစတင်ခဲ့၏။ သူတို့ဆန္ဒများ မပြည့်ဝသည်မှာ နှမျောစရာပေပင်။
“ စုမျိုးရိုးနာမည် ... အဲဒီလူယုတ်မာနဲ့ တိုက်ခိုက်ချင်တာ ဘယ်သူလဲ။ ”
ထိုစဉ် ရုတ်တရက် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သဖြင့် လူတိုင်း လှည့်ကြည့်လိုက်ကြ၏။
ပိန်ပိန်ပါးပါးနှင့် ကြေးဝါမျက်နှာဖုံး တပ်ထားသော အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမက လေထဲမှ ဆင်းသက်ကာ လျှောက်လှမ်း လာချေပြီ။
ယွီချန်တစ်ယောက် မျက်လုံးများ အနည်းငယ် မှေးစင်းသွားပြီး တစ်ဖက်လူသည် သာမန်မဟုတ်ကြောင်း ခံစားမိလိုက်၏။
“ မင်းက ပြဿနာရှာနေတာပဲ ။ ”
အမျိုးသမီးက ယွီချန်ကိုမြင်ပြီး ခေါင်း ခါယမ်းလိုက်၏။ ထို့နောက်၊
“ သူ့နဲ့တိုက်ခိုက်မယ့် စိတ်ကူးကို မင်းစွန့်လွှတ်လိုက်ဖို့ ငါ အကြံပေးချင်တယ်။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကုန်သည်။ သူတို့သည် ဤအမျိုးသမီးကို မသိချေ။ သို့တိုင်သူမသည် ယွီချန်ကိုပင် ထွက်သွားရန်အမိန့်ပေးနေ၏။
“ မင်း ဘာလို့ ဒီလိုပြောရတာလဲ။ ”
ယုချန်က ထိုင်ရာမှ မထသေးဘဲ ပြန်လည်မေးမြန်းသည်။ အမျိုးသမီးသည် ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေ၏။
“ ဘာလို့လဲဆိုတော့ မင်း သေချာပေါက် ရှုံးနိမ့်မှာမို့ပဲ။ ”
သို့သော် ယွီချန်မှဂရုမစိုက်ဘဲ ပြုံးလိုက်တော့၏။ နောက်ထပ် စကားထပ်မဆိုတော့ချေ။ ဝမ်ရှုကျိက မကျေနပ်နိုင်သေးဘဲ၊
“ အမျိုးသမီး ... မင်းရဲ့စကားတွေက လွန်တယ်လို့ မထင်ဘူးလား။ ”
-ဟု တုန့်ပြန်မေးမြန်းလိုက်သည်။
“ လွန်တယ်လား ... ငါက အမြင်ကို ပြောနေတာ မင်းယုံသင့်တယ်။ ”
အမျိုးသမီးက အလျော့ပေးရန် ဆန္ဒမရှိချေ။ ထို့ကြောင့် ဝမ်ရှုကျိသည် ဒေါသထွက်လာခဲ့ပြီး စိန်ခေါ်လိုက်တော့၏။
“ ဒါဆို ... မင်း ငါနဲ့ တိုက်ခိုက်ရဲလား။ ”
“ အဲ့ဒီလောက် မလိုပါဘူး။ ”
အမျိုးသမီးက ပြုံးလျက်ပြောပြီး လေထဲ လက်ဖဝါးဖြင့် ဖိချလိုက်သည်။ ကြီးမားလှသော လက်ဝါးကြီးတစ်ဖက် ချက်ချင်းဖြစ်ပေါ်လာ၏။ ယင်းသည် မြန်ဆန်ခြင်းမရှိဘဲ ဝမ်ရှုကျိအတွက် တုံ့ပြန်ရန် အချိန်အလုံအလောက်ရှိချေသည်။
သို့သော် ဝမ်ရှုကျိ အမြင်၌မူ လုံး ဝအကူအညီမဲ့သွား၏။ ရှောင်တိမ်းရန်နည်းလမ်း မရှိဘဲ အမူအရာ သိသိသာသာ ပြောင်းသွားပြီး အစွမ်းကုန် ပြန်တိုက်ခိုက်လိုက်ရသည်။
“ ချိုးဖြတ်စမ်း ... ။ ”
ဤသည်မှာ ရထားလုံးတစ်စင်းကို ရပ်တန့်ရန် ကြိုးစားနေသော ပိုးကောင်ငယ် တစ်ကောင်လိုပင်။
နောက်တစ်ခဏတွင် ဝမ်ရှုကျိ၏ ခန္ဓာကိုယ်သည် ဖိနှိပ်ခံထားရပြီး လုံးဝ လှုပ်၍ မရတော့ချေ။
ကံကောင်းထောက်မစွာဖြင့် လက်ဖဝါးကြီးသည် သူမ ဦးခေါင်းပေါ်တွင် ရပ်တန့်သွား၏။ ထိုအကွာအဝေးအောက်တွင် ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး အလွန် ကြောက်ရွံ့ထိတ်လန့်လာသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် သွားတော့၏။ ထိုလက်ဝါးသည်သာ ထိမှန်သော် သေချာပေါက် ပျက်စီးရပေမည်။ လူတိုင်း အံ့အားသင့်သွားကုန်ပြီး အမျိုးသမီးအပေါ် အကြည့်များ ပြောင်းလဲသွားခဲ့၏။
ရန်ချန်ချင်းနှင့် ချင်စုရှင်းတို့ နှစ်ယောက်သည်ပင် တိတ်တဆိတ် အံ့အားသင့် သွားကြတော့သည်။
ပထမတိုက်ပွဲကွင်းတွင် ဤမျှအစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး မည်သည့် အချိန်မှ ပေါ်ထွက်လာသနည်း။
“ မင်းလိုလူမျိုးက သေမျိုးတွေကြားမှာ ထူးချွန်တယ်လို့ ယူဆခံရနိုင်ပေမယ့် ငါ့အမြင်မှာ ဒီလောက်ပါပဲ။ ”
အမျိုးသမီးက ပေါ့ပေါ့တန်တန် မှတ်ချက်ပေးလိုက်သည်။ သူမ ပြောကြားနေစဉ် ဝမ်ရှုကျိခေါင်းပေါ်တွင် ဖိထားသော လက်ဖဝါး ပျောက်ကွယ်သွားတော့၏။
“ ဒါဆို မင်း ငါနဲ့ တိုက်မလား။ ”
ယွီချန်က ရုတ်ချည်းမေးမြန်းလိုက်သည်။ ဤစကားသည် လူတိုင်း၏အာရုံကို ဆွဲဆောင် သွားတော့၏။
ဝမ်ရှုကျိရှုံးနိမ့်မှုကြောင့် ယွီချန်သည် ဒေါသထွက်နေပုံရသည်။ သို့တိုင် အမျိုးသမီးက ဂရုမစိုက်ဘဲ၊
“ မင်းလည်း မယုံကြည်နိုင်သေးဘူးလား။ ”
-ဟု မေးမြန်းလိုက်၏။ ယွီချန်မှ စကားမဆိုတော့ဘဲ ထရပ်ကာ အမျိုးသမီးရှေ့သို့ လျှောက်လှမ်းသွားပြီး၊
“ ကျေးဇူးပြုပြီး ငါ့ကို ဉာဏ်အလင်းပေးပါ။ ”
-ဟု တိုက်ရိုက် စိန်ခေါ်လိုက်သည်။
စုရီနှင့် ယွီချန်တို့၏ တိုက်ပွဲအစား လျှို့ဝှက်ဆန်းကြယ်သော ဤအမျိုးသမီးတစ်ဦး ရောက်ရှိလာခြင်းဖြင့် ယွီချန်၏အာရုံသည် ဦးတည်ချက်ကို ပြောင်းလဲသွား၏။
“ တာအိုချင်း၊ အဲဒီအမျိုးသမီးရဲ့ဇာစ်မြစ်ကို မင်းသိမြင်နိုင်လား။ ”
အဝေးမှ ရပ်ကြည့်နေသော ရန်ချန်ချင်းက မေးလိုက်သည်။
“ မသိဘူး ... ။ ”
ချင်စုရှင်းမှ ခေါင်းခါလိုက်၏။ သူတို့ကဲ့သို့ ခေါင်းဆောင်နှစ်ဦးသည်ပင် ဤမျှသန်မာသော အမျိုးသမီးတစ်ဦးကို တစ်ကြိမ်မျှ မမြင်ဖူး သည်မှာ မယုံနိုင်စရာပေပင်။
ဝမ်ရှုကျိသည် သာမန်လူတစ်ယောက် မဟုတ်သော်လည်း လက်ဖဝါးတစ်ချက်ကိုပင် ခံယူနိုင်ခြင်းမရှိသည်မှာ မည်မျှကြောက်စရာ ကောင်းကြောင်း သက်သေပြနေ၏။
စုရီသည် တစ်ချက်တည်းဖြင့် ပထမတိုက်ပွဲကွင်းရှိ လူတိုင်းကို ခေါင်းမမော့နိုင် လောက်အောင် အစွမ်းပြထားသည်။
ယခု ထိုကဲ့သို့ ကြောက်စရာကောင်းသော အမည်မဲ့အမျိုးသမီးတစ်ဦး ထပ်မံထွက်ပေါ်လာ နေချေပြီ။
“ ကောင်းပြီ ... မင်းရဲ့လှုပ်ရှားမှုကို ပြုလုပ်ဖို့အတွက် အခွင့်အရေး သုံးကြိမ်ပေးမယ် ဒါမှ မင်းရဲ့ရှုံးနိမ့်မှုကိုယုံကြည်သွားမှာ။ ”
အမျိုးသမီးက ပြောကြားလိုက်၏။ ထိုစကားကြားသောအခါ လူတိုင်း မယုံကြည်နိုင် လောက်အောင် ဖြစ်သွားသည်။
“ မာနကြီးတယ်။ ”
ယွီချန်၏ မျက်နှာအမူအရာသည် ရှားရှားပါးပါး လေးနက်သော အမူအရာတစ်ခု ပြသလာ၏။ တစ်ချိန်တည်းမှာပင် သူ၏ တိုက်ပွဲဝင်ဆန္ဒများသည်လည်း ချက်ချင်း ပေါက်ကွဲလာတော့သည်။
***
အခန်း ၁၁၃၀ -
မြင့်မားသော တောင်တန်းများ ... ။
မရေမတွက်နိုင်သော မျက်လုံးများသည် ယွီချန်နှင့် အမျိုးသမီးထံ ကျရောက်နေချေပြီ။ ယွီချန်မှ တည်ငြိမ်စွာဖြင့်၊
“ ငါ့ကို အလျှော့ပေးစရာမလိုဘူး ငါကရှုံးနိမ့်မှုကိုပဲ ရှာနေတာ။"
-ဟု ပြောကြားလိုက်သည်။ သူ့ရောင်ဝါသည်ရိုးရှင်းပြီး သန့်စင်၏။ သို့သော် သူ့စကားသံဆုံးသည်နှင့် မိုးပြာအလင်းများ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး မိုးတိမ်များကို အရပ်လေးမျက်နှာသို့ ကွဲကြေသွားစေသည်။
ကောင်းကင်နှင့် မြေကြီး တုန်လှုပ်သွားပြီး အလင်းရောင်များပင် ပျောက်ကွယ်သွားခဲ့သည်။ ဤအချိန်တွင် သူ့ရောင်ဝါမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အကန့်အသတ်မဲ့ လာခဲ့ချေသည်။
“ အင်မော်တယ်ချီရောင်ဝါ။ ”
ချင်စုရှင်းတစ်ယောက် သက်ပြင်းချလိုက်ပြီး သူမသည် ယွီချန်ထက် ခြေတစ်လှမ်းနောက်ကျ နေကြောင်း သဘောပေါက်လိုက်သည်။
“ အဲဒီအမျိုးသမီးက ... ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ငါ တွေးနေမိပါတယ်။ ”
ရန်ချန်ချင်းသည်လည်း သတိထားမိပြီး ရေရွတ်လိုက်သည်။
“ ငါ အလျှော့ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ... ဒါက ငါ့ကိစ္စပဲ မင်းငါ့ကို လှုပ်ရှားလာနိုင်အောင် လုပ်နိုင်ရင်တော့ မင်းဆန္ဒပြည့်ဝမယ်။ ”
အမျိုးသမီးက ပေါ့ပေါ့တန်တန် ပြောကြားလိုက်သည်။ ယွီချန်မှ နောက်ထပ် စကားမဖြုန်းတီးတော့ဘဲ တိုက်ရိုက်ပင် တိုက်ခိုက်လိုက်တော့၏။
သူ့လက်ချောင်းများမှ တံဆိပ်တစ်ခု ထွက်ပေါ်လာပြီး တောက်ပသော အပြာရောင် ကြာပန်းများ ကျဆင်းလာသည်။
ထိုကြာပန်းများအတွင်းတွင် မရေမတွက်နိုင်သော ဓားစွမ်းအင်များ ပွက်ပွက်ဆူနေပြီး အလွန်အန္တရာယ်များသည့် ခံစားချက်များ ပေးစွမ်း၏။
“ ဟမ့် ... ဒီလိုဓားနည်းစနစ်က အစွမ်းထက်ပေမယ့် တောက်ပပြီး လက်တွေ့ မကျဘူး ... မင်းရဲ့စစ်မှန်တဲ့ကျွမ်းကျင်မှုကိုပြပါ ငါမင်းကို ငုံ့မကြည့်ရစေနဲ့။ ”
သို့သော် အမျိုးသမီးသည် မလှုပ်မယှက်ရပ်နေပြီး ထိုဓားစွမ်းအင်များကို တားဆီးသွားလေသည်။
“ ကောင်းပြီ ... ။ ”
ယွီချန်တစ်ယောက် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် တိုက်ပွဲဝင်ဆန္ဒများပေါက်ကွဲ ထွက်လာ၏။
သူသည် ဓားအိမ်အတွင်းမှ ဆွဲထုတ်ထားသော နတ်ဓားတစ်လက်ကဲ့သို့ ထက်ရှမှုသည် ကောင်းကင်ပေါ် ထိုးဖောက် ဝင်ရောက်သွားချေသည်။
ပရိသတ်အားလုံးသည် သူတို့၏ မျက်လုံးများတွင် စူးရှသောနာကျင်မှုခံစားရပြီး နှလုံးသားများ တုန်လှုပ်ကုန်၏။
“ သွား ... ။ ”
လက်မောင်းများ တုန်ခါလျက် လက်ချောင်းများကိုဓားကဲ့သို့ ရွေ့လျားစေကာ ကိုးပေရှည်သော ဓားအလင်းတစ်လက် ထုတ်လွှတ်လိုက်သည်။
ထိုဓားအလင်းအတွင်း အဆုံးမဲ့ နဂါးငွေ့တန်းကြီး လှည့်ပတ်နေပြီး စွမ်းအားများ ဖြာထွက်နေ၏။ ကြောက်မက်ဖွယ်ပေပင်။
အဝေးမှကြည့်ခဲ့သော် နတ်ဘုရား တစ်ပါးသည် နဂါးငွေ့တန်းကို ဓားတစ်လက် အဖြစ် ကိုင်ဆောင်ကာ မြေကြီးပေါ်သို့ ခုတ်ထစ်နေသကဲ့သို့ ထင်ရစေ၏။
သို့သော် အမျိုးသမီးသည် မျက်တောင်ပင်မခတ်ဘဲ လက်ကိုဆန့်ထုတ်ပြီး ဖမ်းယူလိုက်လေသည်။
“ ဝုန်း ... ။ ”
ကိုးပေရှည်သော ဓားအလင်းသည် မြွေကြီးတစ်ကောင်ကဲ့သို့ သူမ၏လက်ထဲတွင် ခိုင်မြဲစွာ တွန့်လိမ်ရုန်းကန်နေတော့၏။
“ ဒါက ... ။ ”
တိုက်ပွဲကွင်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး အံ့အားသင့်ကုန်၏။ အမျိုးသမီးက၊
“ ဒီဓားချက်က စိတ်ဝင်စားစရာ ကောင်းပေမယ့် ကံမကောင်းစွာနဲ့ပဲ ... ငါ့ကို တုန်လှုပ်စေဖို့ မလုံလောက်သေးဘူး။ ”
-ဟု ထပ်မံ မှတ်ချက်ပေးလိုက်သည်။
စကားဆုံးသည်နှင့် ကိုးပေရှည်သော ဓားအလင်းသည် သူမ၏လက်ဖဝါးထဲတွင် အရိပ်အယောင် မရှိဘဲ ပျောက်ကွယ်သွား၏။
တစ်ချိန်တည်းမှာပင် အဝေးတွင် ယွီချန်၏ မျက်နှာအမူအရာသည် မကြုံစဖူးတည်ကြည်ပြီး လေးနက်လာချေပြီ။ သူသည် စကားတစ်ခွန်းမျှ မပြောခဲ့ဘဲ ရှေ့သို့ လှမ်းတက်လိုက်၏။
ခြေလှမ်းတိုင်းရောင်ဝါများ သိသိသာသာ မြင့်တက်လာပြီး ကောင်းကင်နှင့် မြေကြီးကြား ပြင်းစွာတုန်ခါသွားလေသည်။
လေဟာနယ်အတွင်း ကြောက်စရာ ကောင်းသော ဓားရည်ရွယ်ချက်တစ်ခု စုစည်း လာ၏။
“ ယွီချန်က အကုန်ပေးဖို့ ပြင်နေပြီ၊ ငါဆိုရင်လည်း ဒီလိုပဲလုပ်မိမယ် အမျိုးသမီးက အရမ်းကြောက်စရာ ကောင်းလွန်းတယ်...။ ”
ရန်ချန်ချင်းမှ မှတ်ချက်ပေးသည်။
“ ဒီတစ်ကြိမ်တိုက်ခိုက်မှုသာ အဲဒီအမျိုးသမီးကို လှုပ်အောင်မလုပ်နိုင်ရင် ယွီချန်ရှုံးဖို့များတယ်။ ”
ချင်စုရှင်းသည်လည်း အမူအရာ လေးနက်လာသည်။ ထိုအချိန်တွင် ယွီချန်သည် အမျိုးသမီးနှင့် ပေကိုးဆယ်သာ ဝေးတော့၏။
သူ့ ပတ်ဝန်းကျင်၌ စုစည်းထားသော ရောင်ဝါသည် မယုံကြည်နိုင်လောက်အောင် မြင့်တက်လာနေသည်။
မိုးပြာရောင် ဓားရည်ရွယ်ချက်များသည် ယန်ဇီမြစ်ကဲ့သို့လှုပ်ရှားလာစဉ် လေထဲခုတ်ထစ် ပစ်လိုက်တော့၏။
သူနားလည်ထားသမျှ နက်နဲသော လျှို့ဝှက်ချက်များသည် ထိုဓားအတွင်း ပြည့်နှက် နေချေသည်။
ဤတစ်ကြိမ်တွင် အမျိုးသမီးသည် မျက်လုံးများထဲတွင် အံ့အားသင့်မှုပေါ်လာပြီး ချက်ချင်းလက်သီးကို လှံအဖြစ်အသုံးပြု၏။
“ ဘုန်း ... ။ ”
ကျယ်လောင်သော ပေါက်ကွဲမှုများ ပဲ့တင်ထပ်သွားသည်။ လေဟာနယ် ပြိုကျသွား ပြီးနောက် ပြင်းထန်သော အဖျက်စွမ်းအားများ ပြန့်ကားလာချေ၏။
ပေါက်ကွဲမှုသည် စူးရှလါန်းသဖြင့် လူအများစုသည် မျက်လုံးများမှိတ်ကျသွားကာ ဖြစ်စဉ်ကိုမမြင်လိုက်ရချေ။
ရန်ချန်ချင်း၊ ချင်စုရှင်းနှင့် ဝမ်ရှုကျိတို့ကဲ့သို့ လူအနည်းငယ်သည်သာ ထိုလက်သီးအောက်၌ ယွီချန်၏ဓား ကွဲသွားသည်ကို မြင်နိုင်ခဲ့၏။
ရလာဘ်အနေဖြင့် အမျိုးသမီး၏ ခန္ဓာကိုယ်သည် တုန်ခါနေပြီး ဝတ်ရုံစများမှာ ကြမ်းတမ်းစွာ တဖျပ်ဖျပ်ခတ်နေသည်။
သို့သော် သူမသည် တစ်လက်မမျှပင် နောက်မဆုတ်ဘဲ ဖျက်ဆီး၍ မရနိုင်သော နတ်တောင်ကြီးတစ်လုံးလို ခိုင်မြဲစွာ ရပ်တည်နေ၏။
ရန်ချန်ချင်းနှင့် တခြားသူများမှာ အံ့အားသင့်သွားသည်။ ကမ္ဘာတုန်ဟည်းသည့် ဓားချက်သည် ဤနည်းဖြင့် ပျက်ပြယ် သွားစေသည်လော။
ယွီချန်သည်လည်း မယုံကြည်နိုင်စွာ အံ့အားသင့်သွား၏။ ပျောက်ကွယ်သွားသော တုန်ခါမှုလှိုင်းများ ငြိမ်သက်သွားသည်နှင့် အမျိုးသမီးအသံက ထွက်ပေါ်လာသည်။
“ ဒီဓားချက်က ... တကယ့်ကို အထင်ကြီးစရာ ကောင်းတယ် အစောပိုင်း အဆင့် အင်မော်တယ်တွေကို ကိုင်တွယ် ဖြေရှင်းဖို့ လုံလောက်ပါတယ်။ ”
ထိုအကဲဖြတ်မှုသည် ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွားကာ ရုတ်ရုတ်သဲသဲဖြစ်သွား၏။ သို့မှသာလူတိုင်းသည် ယွီချန်၏ဓားချက်သည် အမျိုးသမီးကို ရွေ့လျားအောင် မလုပ်နိုင် သေးကြောင်း သိရှိလိုက်ကြသည်။
“ မင်းကို လှုပ်အောင်မလုပ်နိုင်မှတော့ ဒီဓားချက်က အရေးမကြီးတော့ပါဘူး။ ”
ယွီချန်မှ ခေါင်းခါလိုက်သည်။ သူ့မျက်နှာအမူအရာ၌ စိတ်ပျက်အားငယ်ခြင်း မရှိဘဲ ယင်းအစား ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်များ တောက်ပလာ၏။
“ ငါ ရှုံးနိမ့်သွားအောင် ကူညီပေးဖို့ နှိမ့်ချစွာ တောင်းဆိုပါတယ်။ ”
အမျိုးသမီးက ပြုံးပြီး၊
“ မင်းရဲ့စိတ်ခွန်အားကို ကောင်းကောင်း လေ့ကျင့်ထားတာပဲ မင်းမှာကြီးကျယ်မြင့်မြတ်မှု အတွက် ကံကြမ္မာရှိတယ်။ ”
-ဟု ပြောကြားလိုက်၏။
ထို့နောက် သူမ၏ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွားသည်။ နောက်တစ်ခဏတွင် ကြည်လင်သော လက်သီးတစ်ချက်သည် ယွီချန် ခေါင်းအထက်၌ ပေါ်လာ၏။
“ ဝုန်း ... ။ ”
နှလုံးရပ်မတတ် ပြင်းထန်သော ထိတွေ့မှုနှင့်အတူ ယွီချန်တစ်ယောက် လွင့်စင် သွားတော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး သေမင်းတမန် တိတ်ဆိတ်သွားပြီး မရေမတွက်နိုင်သောလူများ မယုံကြည်နိုင်စွာ ပြန်ကြည့်လာကြသည်။
ယွီချန်၏ဆံပင်များသည် ဖရိုဖရဲဖြင့် ပခုံးပေါ်တွင် လက်သီးရာအပေါက်ကြီးတစ်ခု ဖြစ်ပေါ်လျက် သွေးများထွက်လာ၏။
သို့တိုင် ချက်ချင်း ထရပ်ကာ မျက်နှာအမူအရာသည် လုံးဝ ရှုပ်ထွေးနေသည်။ လက်သီးတစ်ချက်၌ သူရှုံးနိမ့်သွား၏။
“ ငါဘယ်သူလဲဆိုတာ မင်းသိခွင့်ရရင် ဒီနေ့ငါ့လက်နဲ့အနိုင်ယူခံရတာ ဘယ်လောက် ဂုဏ်ယူစရာ ကောင်းလဲဆိုတာ မင်း နားလည် လာလိမ့်မယ်။ ”
ထို့နောက် အမျိုးသမီးက လှည့်ထွက်ရန် ပြင်လိုက်သည်။ ဝမ်ရှုကျိမှ အသက်ပြင်းပြင်းရှူ လိုက်ပြီး၊
“ မင်း အရင်ကပြောခဲ့တယ် ... ငါ့အစ်ကိုကြီးယွီချန်က စုရီနဲ့မယှဉ်နိုင်ဘူးဆိုတာ မင်း ... စုရီကို အနိုင်ယူနိုင်ခဲ့လို့လား။ ”
-ဟု ရုတ်တရက် မေးလိုက်သည်။
ထိုမေးခွန်းကြောင့် အမျိုးသမီးသည် ခြေလှမ်းများတုန့်ဆိုင်းကာ အနှောင့်အယှက် ဖြစ်မှုများ ပြသလာ၏။
“ ဟားဟားဟား ... သူက ဘယ်လိုလုပ်ပြီး တာအိုစုကို အနိုင်ယူနိုင်မှာလဲ ... တကယ်တော့ သူက တာအိုစုထံမှာ ရှုံးနိမ့်သွားတဲ့ အမျိုးသမီး တစ်ယောက်ပါ။ ”
ရုတ်တရက် လူအုပ်ကြားမှ အားချိုင်၏ အသံက ထွက်ပေါ်လာချေပြီ။ အမျိုးသမီးခမျာ မျက်နှာမည်းမှောင်သွားပြီး ရှက်ရွံ့သွားသလို အမူအရာပြသလာ၏။
ထို့နောက် အားချိုင်ဘေးသို့ ခုန်လွှားကာ သူမလက်ကိုဆွဲပြီး ပြေးထွက်သွားတော့သည်။ လူတိုင်း စကားမပြောနိုင်ဘဲ ကျန်ရစ်ခဲ့၏။
အာချိုင်း၏စကားများသည် သူတို့ကို ကြောက်စရာကောင်းသော ထိုးနှက်ချက်အဖြစ် ခံစားရစေသည်။ အချိန်အတော်ကြာပြီးနောက် တဖြည်းဖြည်း သတိပြန်ဝင်လာပြီး အာမေဋိတ် သံများ ထွက်ပေါ်လာ၏။
“ အဲဒီကြောက်စရာကောင်းတဲ့ ... အမျိုးသမီးက တကယ်ပဲ တာအိုစုထံမှာ ရှုံးနိမ့်ခဲ့တာလား။ ”
ဤသည်မှာ ယုံနိုင်ဖွယ် မရှိချေ။ မြောက်ပိုင်းအမှောင်ဒေသမှ ခေါင်းဆောင် ယွီချန်သည် ထိုအမျိုးသမီး၏ လက်ဖဝါး တစ်ချက်ကိုပင် မခံယူနိုင်ဖြစ်နေ၏။
တစ်ဖက်တွင် ထိုအမျိုးသမီးသည် စုရီထံ၌ရှုံးနိမ့်ထားသည်။ ဤအမှန်တရားသည် ရက်စက်လွန်းနေ၏။
တစ်ချိန်က သူ့ဓားချက်ကို ခံနိုင်သော် စိန်ခေါ်မှုအပေါ် လက်ခံမည်ဟု ဆိုခဲ့သော စုရီ စကားများသည် မာနကြီးလွန်းသည်ဟု ထင်ခဲ့မိသည်။
ယခုမူ မည်သူမဆို ထိုက်တန်သော မာနအဖြစ်ယုံကြည်ကုန်၏။ ဝမ်ရှုကျိခမျာ မျက်နှာဖြူဖျော့လျက်၊
“ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ … ။ ”
-ဟု ညည်းတွာလိုက်သည်။
ဤသည်မှာ ပြင်းထန်သော ထိုးနှက်ချက်တစ်ခုဖြစ်၏။ ရန်ချန်ချင်းမှလည်း အံ့အားသင့်သွားသည်။ ယခုအချိန်တွင် စုရီ၏ ဓားကို ထိုစဉ်က တားဆီးနိုင်စွမ်းမရှိခဲ့သည်မှာ ရှက်စရာမဟုတ်ကြောင်း နားလည်လိုက်၏။
“ ဒီစုရီက ဘယ်လောက်တောင် အစွမ်းထက်လဲ။ ”
ချင်စုရှင်းက ဒုံရွှမ်တောင်ထိပ်ကို မော့ကြည့်လိုက်၏။ ယနေ့တွင် တစ်ဖက်လူမှာ ထွက်ပေါ်လာခြင်းမရှိသော်လည်း ဂုဏ်သတင်း အရ အမြင့်ဆုံးသို့ ရောက်ရှိသွားချေပြီ။
ယွီချန်က တိတ်ဆိတ်နေခဲ့၏။
“ သူ ငါ့ကိုပြိုင်ဘက်အဖြစ် မမြင်ခဲ့တာ အံ့သြစရာတော့မဟုတ်ပါဘူး ဒါအထင်သေးတာ မဟုတ်ဘူး အလေးအနက် မထားခဲ့တာပဲ ... ။ ”
ထိုအတွေးက သူ့စိန်ခေါ်မှုသည် မည်မျှ ရယ်စရာကောင်းသည်ကို သဘောပေါက်လာပြီး ခါးသီးစွာ လှောင်ပြုံး ပြုံးလိုက်တော့၏။
ဤတစ်ကြိမ် ရှုံးနိမ့်မှုသည် သူ့အားနည်းချက်များကို မြင်နိုင်ချေပြီ။ သူတို့ နှစ်ဦးကြား ကွာဟချက်မှာ မြင့်မားလွန်း၏။ ယင်းသည် မဟာတာအိုလမ်းပေါ်ရှိ တိုက်ပွဲများ၏ အဓိပ္ပာယ်ပေပင်။
လမ်းသည် ရှည်လျားပြီး အနာဂါတ်မှာ အဆုံးမရှိချေ။ နောင်တစ်ကြိမ်တွင် အနိုင်ယူရန် အခွင့်အလမ်းရှာဖွေရပေမည်။
ထိုအတွေးဖြင့် မြောက်ဘက် အမှောင်တောင်ထိပ်ထံသို့ ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့သည်။
ယနေ့တိုက်ပွဲသည် သူ့ကို နက်ရှိုင်းစွာ ထိခိုက်စေခဲ့ပြီး သေချာစွာ ကိုင်တွယ်ဖြေရှင်းရန် အချိန်လိုအပ်နေ၏။ ယနေ့ဂုဏ်သိက္ခာထိခိုက်မှု အတွက်မူ ဂရုမစိုက်ချေ။
***