← Chapters

အခန်း (၁၁၃၇-၁၁၃၈)

Vol. 95 Ch. 1137-1138

အခန်း (၁၁၃၇-၁၁၃၈)

Vol. 95 Ch. 1137-1138

အခန်း ၁၁၃၇ -

ကျင်းပြည်နယ်၏ နတ်ဆိုးများ ရောက်ရှိလာခြင်း။

စာပေသမားခမျာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့်ဖြစ်လာပြီး နဖူးတွင်ချွေးများရွှဲလျက် မျက်နှာဖြူဖျော့သွား၏။ ဤလူငယ်သည် ထိုမျှ ယုတ်မာလိမ့်မည်ဟု မထင်ထားချေ။

“ ဟူဟိုင်း ... ဒါအမှန်လား။ ”

လျိုယွင်ကျင်း၏အကြည့်များက စာပေသမားထံ ကျရောက်သွားသည်။ ယင်းမှာ ဓားတစ်လက်လို ထက်မြက်နေ၏။

“ မဟုတ်ဘူး ... မဟုတ်ဘူး ... ငါဘယ်တုန်းကမှ မပြောခဲ့ပါဘူး သခင်လျူ၊ ဒီလိုအဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ပါနဲ့။ ”

“ ဟားဟားဟား ... ဒါဆို မင်းငါ့ကို လျှို့ဝှက်ဆက်သွယ်ခဲ့သမျှ ကျောက်စိမ်းပြားထဲ မှတ်တမ်းတင်ထားတယ် ... အခု ငါထုတ်ပြီး လူတိုင်းကြားအောင် ပြန်ပြနိုင်တယ်။ ”

စုရီမှ အော်ဟစ် ရယ်မောလျက် အင်္ကျီလက်ထဲက ကျောက်စိမ်းပြားတစ်ချပ်ကို ထုတ်ယူပြလိုက်သည်။ စာပေသမားခမျာ ဒေါသတကြီးနှင့်၊

“ ငါမင်းကိုကူညီဖို့ ကြိုးစားနေတာ ... ဒါပေမယ့် မင်းလိုမကောင်းဆိုးရွားလေးက ဒီလို သစ္စာဖောက်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ ”

-ဟု အော်ဟစ်လိုက်တော့၏။ စုရီက သူ့ကိုလျစ်လျူရှုလျက် လျူယွမ်ကျင်းထံပါးသို့ ကြည့်နေခဲ့လေသည်။

“ ဝှစ် ... ။ ”

လျူယွမ်ကျင်းတစ်ယောက် မျက်နှာ မည်းမှောင်သွားပြီး သူ့ပုံရိပ်သည်နေရာကနေ ပျောက်ကွယ်သွားကာ နောက်တစ်ခဏ အတွင်း စာပေသမားဘေးတွင် ပြန်ပေါ်လာ၏။

ညာလက်က တစ်ဖက်လူ၏ လည်ပင်းထံ ဆွဲကိုင်လိုက်သည်။ သို့သော် မအောင်မြင်ချေ။ စာပေသမားသည် မီးခိုးငွေ့များအဖြစ် ပြောင်းလဲ ရှောင်တိမ်းသွား၏။

သူ ပြန်ပေါ်လာချိန်တွင် လျူယွမ်ကျင်းနှင့် ပေတစ်ရာမျှဝေးကွာလှသော အရပ်တွင်ဖြစ်ပြီး မျက်နှာတပြင်လုံး အေးစက်တင်းမာနေကာ၊

“ အဘိုးကြီး၊ မင်း ငါ့ရဲ့အစီအစဉ်ကို ဖျက်ဆီးလိုက်တာပဲ ... ဒီအတွက် တစ်နေ့မှာ မင်းရဲ့မျိုးနွယ်စုဆီ ကပ်ဘေးကြီးတစ်ခု ကျရောက်လာလိမ့်မယ်။ ”

-ဟု အော်ဟစ်လိုက်လေသည်။ ပရိသတ်များအားလုံး အံ့အားသင့်ပြီး တိတ်ဆိတ် သွားကြ၏။

ဤစာပေသမားသည် လျူယွမ်ကျင်း၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ရုံသာမက သူ့ကို တိုက်ရိုက်ခြိမ်းခြောက်နေချေပြီ။

“ မင်းလည်း အတူတူပဲ။ ”

စာပေသမားက စုရီကို ဆက်၍ ပြောကြားလိုက်သည်။

“ မကြာခင်မှာ မင်းက ငါ့လက်ထဲ ရောက်လာရလိမ့်မယ်။ ”

စကားဆုံးသည်နှင့် ရုတ်ချည်း ပျောက်ကွယ်သွားတော့၏။ လူတိုင်းသည် မမျှော်လင့်ထားသော အဖြစ်အပျက်ကြောင့် အံ့အားသင့်ကုန်သည်။

“ မြူမိုးတိမ်ယန္တရား တံပိုး။ ”

စုရီက နာမည်တစ်ခုကို ရေရွတ်လိုက်တော့၏။ ထိုစာပေသမားသည် သာမန်အင်အားစုတစ်ခုမှ မဟုတ်ချေ။

မြူမိုးတိမ်ယန္တရား အင်မော်တယ် စံအိမ်တော်မှ ဖြစ်ချေသည်။ ဓမ္မအဆုံးခေတ် မတိုင်မီ အင်မော်တယ်ဘုရင်အဖြစ် ရောက်ရှိ ထားခဲ့သော ဧရာမ အင်အားစုတစ်ခုပေပင်။

“ ထိုက်ချင်းဂိုဏ်းကို မကြောက်ဘူးလို့ ကြွားဝါဝံ့တာ အံ့သြစရာမရှိတော့ပါဘူး သူ့မှာ တကယ်ပဲ ယုံကြည်မှုအပြည့်ရှိတယ် ဒါပေမယ့် ဘာလို့ သူ့ကိုခေါ်သွားချင်နေရတာလဲ။ ”

“ သူက ဟူဟိုင် မဟုတ်ဘူး။ ”

လျူယွမ်ကျင်းက ရုတ်တရက် ပြောကြားလိုက်သည်။ ထို့နောက် လမ်းများထံ ဝေ့ကြည့်ကာ၊

“ ဟူဟိုင်မှာ ဒီလိုနည်းစနစ်မျိုးမရှိဘူး ငါတို့ကြားမှာ သူလျှိုတစ်ယောက် စိမ့်ဝင်နေပြီ ထင်တယ် သူဘယ်သူလဲ မင်းတို့သိလား။ ”

-ဟု ပြောကြားလိုက်တော့၏။

ထိုက်ချင်းဂိုဏ်း၏ အမိန့်ကို နာခံနေသောလမ်းပြများ၏ မျက်နှာသည် ချက်ချင်းပျက်ယွင်းကုန်သည်။ သူတို့သည် ထိုလူကို မသိနိုင်ချေ။

“ သူက အခြားလူ မဟုတ်ဘူး ... မြူမိုးတိမ်ယန္တရား အင်မော်တယ်စံအိမ်ကပဲ။ ”

စုရီမှ ပေါ့ပေါ့တန်တန် ပြောပြလိုက်သည်။

“ မိုးတိမ်ယန္တရား အင်မော်တယ်စံအိမ်။ ”

ထိုအမည်ကြောင့် လျူယွမ်ကျင်းနှင့် အဖွဲ့သည် မျက်နှာအမူအရာများ မည်းမှောင် ကုန်တော့၏။ ဓမ္မအဆုံးခေတ်၌ ပြင်းထန်သည့် ထိုးနှက်ချက်ခံရပြီးနောက်တွင်ပင် တစ်ဖက် အင်အားစုသည် ဧရာမဖြစ်နေဆဲပေပင်။

“ သူ့ရဲ့မူလကို မင်းမြင်ပြီးပြီလား။ ”

လျူယွမ်ကျင်း မှ အံ့အားသင့်စွာ မေးမြန်းလိုက်သည်။ သူတို့အားလုံးသည်ပင် ဟူဟိုင်အယောင်ဆောင်သူ၏ နောက်ခံကို မမြင်နိုင်ကြချေ။

ယခုမှ အင်မော်တယ်မြေသို့ ရောက်ရှိလာသော သေမျိုးတစ်ယောက်သည် ယင်းကို မြင်နိုင်ချေ၏။ စုရီမှ ခေါင်းကို အနည်းငယ်ခါရမ်းလိုက်သည်။

“ သူ ဘယ်သူလဲဆိုတာ ငါ မသိဘူး ... မြူမိုးတိမ်ယန္တရား လွတ်မြောက်အဆောင်ကို အသုံးပြုခဲ့လို့ပါ ... ။ ”

ဤတစ်ကြိမ်တွင် လူအုပ်ကြီး၏ အမူအရာသည် ပို၍ထူးဆန်းလာလေသည်။ လျူယွမ်ကျင်းခမျာ ကျောရိုးတစ်လျှောက် အေးစက်သောခံစားချက်ဝင်လာ၏။

သူသည် ဗလာနယ်ပယ် စစ်မှန်သော အင်မော်တယ် တစ်ပါးဖြစ်သော်လည်း စုရီကို မမြင်နိုင်ခဲ့ချေ။ စုရီသည် သူ့ကိုတစ်ချက်ကြည့် သည်နှင့် မြင်နိုင်ကြောင်း ခံစားလာရသည်။

ထို့ကြောင့် တစ်ဖက်လူသည် သူထင်ထားတာထက် များစွာထူးခြားကြောင်း နားလည်လာသည်။

( ထိုက်ချင်းဂိုဏ်းနဲ့ အဲဒီအစွမ်းထက်တဲ့ အင်အားစုတွေက ဒီနေ့ဒီကိုလာချင်နေတာဟာ သူ့ကိုများ ရှာနေတာလား။ )

လျူယွမ်ကျင်းမှ အံ့အားသင့်စွာ တွေးတောနေမိခဲ့သည်။ လက်ဖဝါးတစ်ချက် တည်းနှင့် သူ့ဂိုဏ်းမှ အမည်ခံ အင်မော်တယ် တစ်ရာကျော်ကို နှိမ်နင်းလိုက်၏။

ဤသို့မမျှော်လင့်ထားသော အဖြစ်အပျက်များနှင့် ပုံမှန်မဟုတ်လွန်းသည့် အခြေအနေများအရ သေချာပေါက် တစ်စုံတစ်ဦး ဖြစ်နိုင်ပေမည်။

“ ခရစ် ... ။ ”

ရုတ်တရက် အဝေးတွင် ကောင်းကင်ကြီးအောက်ရှိ အာကာပြင်သည် မှန်ကဲ့သို့ ကွဲအက်သွားလေသည်။

တစ်ဆက်တည်းမှာပင် တောင်တစ်လုံး အရွယ်အစားရှိသော သွေးပင့်ကူတစ်ကောင်က ချွန်ထက်သော ခြေလက်(၈)ချောင်းဖြင့် လေဟာနယ်ကို ဆုပ်ဖြဲကာ ထွက်ပေါ်လာ၏။

ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါသည် ကောင်းကင်နှင့် မြေကြီးကြားပျံ့နှံ့လာသည်။

ထိုပင့်ကူ၏ကျောပေါ်တွင် အဖြူရောင် အရိုးများဖြင့် ပြုလုပ်ထားသော ပလ္လင်တစ်လုံး ရှိနေပြီး ပလ္လင်ပေါ်တွင် ဆံပင်ဖြူနေသည့် အဘိုးအိုတစ်ဦး ထိုင်နေ၏။

အဖိုးအိုမှ အနက်ရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး မျက်လုံးများမှာ မြစိမ်းရောင် ဖြစ်ချေသည်။ ထိုင်နေရုံဖြစ်သော်လည်း သူ၏ အရှိန်အဝါသည် လူတိုင်းအပေါ် ထူးခြားစွာ စိတ်အနှောင့်အယှက် ဖြစ်စေ၏။

“ ဟမ့် ... တကယ်ပဲ ဒီတစ်ကြိမ်တော့ ကောင်းကင်လမ်းက ကျင်းကျိုးတိုက်ကြီးမှာ ပေါ်လာတာပဲ။ ”

အနက်ရောင်ဝတ်ရုံ ဝတ်ထားသော အဘိုးကြီးက မြစိမ်းရောင်မျက်လုံးများဖြင့် စိုက်ကြည့်လာသည်။

အကြည့်ခံရသည့် လူအများသည် ကျောရိုးများတစ်လျှောက် အေးစက်လာခဲ့ပြီး မျက်နှာအရောင်ပြောင်းသွား၏။

လျူယွမ်ကျင်းက တစ်စုံတစ်ခု မှားယွင်းနေသည်ကို သဘောပေါက်လိုက်ကာ မျက်မှောင်ကြုတ်သွားလေသည်။

သူသည် ထိုက်ချင်းဂိုဏ်းမှ သတင်းကို ရရှိထားသဖြင့် မမျှော်လင့်ဘဲ တစ်စုံတစ်ဦးသည် စောလျင်စွာ ရောက်ရှိလာကြောင်း နားလည် လိုက်တော့၏။

ဤသည်မှာ ကျင်ကျိုးဒေသတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော အဆိပ်သခင် တစ်ပါးဖြစ်လေသည်။

“ အဆိပ်ငါးပါးတောင်တန်းသခင် ... ကျင်ကျိုးအင်မော်တယ်နန်းတော်ကို ငါ့ဂိုဏ်းက ကြာမြင့်စွာတည်းက သိမ်းပိုက်ထားပြီးပါပြီး ... ဒါကလည်း ထိုက်ချင်းဂိုဏ်းရဲ့ အမိန့်အရမို့ ဝင်ရောက်မစွက်ဖက်ပါနဲ့။ ”

လျူယွမ်ကျင်းမှ လေးနက်စွာ သတိပေးလိုက်သည်။ သူ့ဂိုဏ်းသားများသည် ထိုအဆိပ်တောင်ငါးလုံးသခင်ဟူသော အမည် နာမကြောင့် ကြောက်ရွံ့မှုအမူအယာများ ပြသလာကြ၏။

ကျင်ကျိုးဒေသတွင် အလွန် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးအင်အားစု တစ်ခုရှိနေပြီး ထိပ်တန်းနတ်ဆိုးများထဲတွင် အဆိပ်တောင်ငါးလုံးသခင်လည်း ပါဝင်၏။

“ ထိုက်ချင်းဂိုဏ်းက တကယ်ပဲ အလွန်အစွမ်းထက်ပါတယ် ဒါပေမယ့် ငါလည်း ဒီလူတွေကို အမိန့်အရလာခေါ်ရတာပါ။ ”

အဆိပ်တောင်ငါးလုံးသခင်သည် သွေးပင့်ကူပေါ်တွင်ထိုင်နေပြီး သူ့အသံမှာ လေးကန်အေးစက်နေချေပြီ။

“ မင်းအတွက် ဘာကောင်းလဲဆိုတာ သိနိုင်ရင် သူတို့ကိုလွှတ်ပေးပါ ... မဟုတ်ရင် မင်းရဲ့ဂိုဏ်းကလူတွေ သေချာပေါက် သေကြရလိမ့်မယ်။ ”

လျူယွမ်ကျင်းနှင့် အခြားသူများ၏ မျက်နှာမျာ ချက်ချင်းမည်းမှောင်သွားတော့၏။ ထို့ကြောင့် လူတိုင်းအချင်းချင်း ပြန်ကြည့် နေခဲ့ကြစဉ်၊

“ အဆိပ်ဖားအိုကြီး ... ဒီနေရာမှာ မင်းရဲ့အမိန့်တွေကိုပေးနေရမယ့် အချိန်အခါမျိုး မဟုတ်ဘူး သူတို့ကိုခေါ်သွားချင်ရင်တော့ ... ငါ့သဘောတူညီချက် လိုပါသေးတယ် ဟား ဟား ဟား ... ။ ”

ရုတ်တရက် ပေါ့ပါးသော ရယ်မောသံ တစ်သံထွက်ပေါ်လာ၏။ များမကြာမီ အဝေးမှ အလင်းရောင်များ ထွက်ပေါ်လာသည်။

ကြက်သွေးရောင်ဝတ်ရုံ ဆင်မြင်းလျက် ကျောက်စိမ်းရောင်ဓားရှည်ကို လွယ်ထားသော လူတစ်ယောက်ဖြစ်၏။ အနက်ရောင်ဆံပင်များ လွတ်လပ်စွာစီးဆင်းနေပြီး ခန္ဓာကိုယ်ပေါ်တွင် မီးနဂါးများဖြင့် ရစ်ပတ်ထားသည်။

“ နတ်ဆိုးအိုကြီးလျန်တူ မင်းလည်းဒီမှာရှိနေမယ်လို့ ငါမထင်ထားဘူး။ ”

အဆိပ်ငါးပါး တောင်တန်းသခင်မှ မျက်မှောင်ကြုတ်လိုက်၏။ လျူယွမ်ကျင်းနှင့် အခြားသူများ၏ နှလုံးသားများ လေးလံလာကာ အရောင်ပြောင်းသွားလေသည်။

ဤသည်မှာ ကျင်းကျိုးတွင် တန်ခိုးကြီးမားသော ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပြီး နတ်ဆိုးကျင့်ကြံသူများမှ အင်မော်တယ် လျိုယွင်တူးဟု ရိုသေလေးစားကြ၏။

လျိုယွင်တူးက သက်ပြင်းချကာ၊

“ မဟုတ်ဘူး၊ ဒီတစ်ကြိမ်တော့ ငါတစ်ယောက်တည်း လာတာ မဟုတ်ဘူး။ တခြားတာအိုမိတ်ဆွေတွေလည်း အများကြီး လာနေကြပြီ ... ။ ”

တစ်နည်းအားဖြင့် စုရီတို့အဖွဲ့ကို ခေါ်ဆောင်ခြင်းသည် အရည်အချင်းပေါ်၌သာ အားကိုးနိုင်ပေတော့မည်။

“ နောက်ထပ် လူတွေလာဦးကြဦးမှာလား။ ”

ထိုစကားကိုကြားချိန်တွင် လျူယွမ်ကျင်း တစ်ယောက် မျက်နှာအမူအရာမှာ အလွန်ပင် လေးနက်လာတော့၏။

အခြေအနေသည် သူတို့အတွက် ကြီးစွာသောဆိုးရွားမှုထံသို့ ဦးတည်နေကြောင်း မြင်သာချေပြီ။

ယွီချန်၊ ချင်စုရှင်း၊ ရန်ချန်ချင်းနှင့် အခြားသူများသည် အံ့သြမှင်သပ်စွာ နားမလည် နိုင်ကြတော့ချေ။ မည်သည့် အရူးမဆို လက်ရှိ၌ အန္တရာယ်ရှိသော အခြေအနေကို မြင်နိုင်ချေ၏။

“ တာအိုစု ၊ အခြေအနေတွေက ပိုဆိုးလာနေပြီ။ ”

ချင်းရှစ်က စုရီအနားတိုးကပ်ကာ တိုးတိုးလေးပြောကြားလိုက်သည်။

“ မကြောက်နဲ့ ... ဒီမုန်တိုင်းက ဘယ်လောက်တောင် ကြီးထွားနိုင်မလဲဆိုတာ ငါတို့စောင့်ကြည့်ကြရအောင်။ ”

စုရီက လက်နှစ်ဖက်ကို ကျောနောက်တွင်ထားပြီး မျက်နှာအမူအရာမှာ ရေကဲ့သို့ တည်ငြိမ်နေ၏။

ခဏအတွင်းမှာပင် လူငါးယောက် ထပ်မံရောက်ရှိလာ၏။ အမျိုးသား သုံးယောက် နှင့် အမျိုးသမီးနှစ်ယောက်ပေပင်။

တစ်ယောက်ချင်းစီသည် သိပ်သည်းလွန်းသော ရောင်ဝါစွမ်းအားများ ထုတ်လွှတ်ထား၏။

ထိုငါးယောက်ကိုမြင်ချိန်တွင် လျူယွင်ကျင်းကဲ့သို့ အင်မော်တယ် တစ်ပါးပင် ရေခဲဂူထဲပြုတ်ကျသွားသလို ကျောရိုးအနှံ့ အေးစက်လာခဲ့သည်။

ဤငါးယောက်စလုံးသည် ကျင်းပြည်နယ်အတွင်းမှ နတ်ဆိုးများဖြစ်ချေပြီ။ အဆိပ်ငါးပါးတောင်တန်းသခင်နှင့် ယှဉ်နိုင်သော နတ်ဆိုးသုံးပါးပါဝင်၏။

၎င်းတို့မှာ ကြက်သွေးရောင်ရေမိစ္ဆာ၊ ခရမ်းရောင်သွေးမိစ္ဆာနဲ့ မိုးပြာရောင် မီးမိစ္ဆာ အမျိုးသမီးတို့ပေပင်။

ကျန်နှစ်ယောက်အတွက်မူ ကျင်းပြည်နယ်ပထမတန်းစား ဂိုဏ်းကြီးများမှ အဆင့်မြင့်အကြီးအကဲများ ဖြစ်ကြသော တင်းဟန်ချွယ်နှင့် ကျိုးပူကွေ့တို့ဖြစ်၏။

သူတို့ထဲတွင် တင်းဟန်ချွယ်သည် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အသန်မာဆုံး ကျင့်ကြံမှုကိုပိုင်ဆိုင်ထားသည်။ သူတော်စင် အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းမျှသာ လိုပေတော့၏။

***

အခန်း ၁၁၃၈ -

ဧကရာဇ်ရဲ့ အိမ်ပြန်ခရီးအတွက် ကြိုဆိုပါတယ်။

လေထုသည် ချက်ချင်းဖိနှိပ်ချုပ်ချယ်မှုများ ပြည့်နှက်လာသည်။ အဆိပ်ငါးပါး တောင်တန်း သခင်နှင့် နတ်ဆိုး အင်မော်တယ် ခုနစ်ပါးက လေထုအလယ်ပျံဝဲလျက် ရပ်တန့်နေ၏။

သူတို့အားလုံးသည် ကျင်းပြည်နယ်တွင် တန်ခိုးကြီးမားသူများဖြစ်ပြီး သြဇာလွှမ်းမိုးမှုကို ကောင်းစွာ ဖြန့်ကျက်ထားနိုင်၏။

ထို့ကြောင့် လျူယွင်ကျင်းမျက်နှာသည် ပျက်ယွင်းနေပြီး လေးနက်သောအသွင်မျိုးပြသ လာလေသည်။

ယွီချန်နှင့် ချင်စုရှင်းတို့အဖွဲ့သည် ပထမဆုံးအကြိမ် ရောက်ရှိလာသည့်နေ့တွင် ယခုကဲ့သို့ ကြုံတွေ့နေရသည့်အပေါ် စိုးရိမ် ပူပန်မှုများ ပြည့်နှက်နေခဲ့၏။

စုရီတစ်ယောက်တည်းသာလျှင် သက်တောင့်သက်သာရှိနေပြီး ဝိုင်ပုလင်းကို ထုတ်ကာ သောက်နေတော့သည်။

“ တာအိုစု ... ဒီအကျပ်အတည်းကို ကျော်လွှားနိုင်မယ့် နည်းလမ်းရှိလား။ ”

ရုတ်တရက် ချင်စုရှင်းက သူမအသံကို ပို့လွှတ်ဆက်သွယ်လာ၏။ စုရီက အံ့အားသင့် သွားပြီး ချင်စုရှင်းထံလှည့်ကြည့်ကာ၊

“ အင်း ... ။ ”

-ဟု ဖြေကြားလိုက်သည်။

ထိုသို့ တည်ငြိမ်နေသော စုရီကို ကြည့်ရှုပြီးနောက် ချင်စုရှင်းတစ်ယောက် မျှော်လင့်ချက်များ ရရှိသွားသည်။

“ တာအိုစု ... ဒါဆို မင်း ငါတို့ကို ကူညီနိုင်မလား။ ”

“ အဆင်ပြေပါတယ်။ ”

မြောက်ပိုင်းနှင်းဒေသ၏ ခေါင်းဆောင် တစ်ယောက်အနေဖြင့် ချင်စုရှင်းသည် အလွန် မာနကြီးပြီး ခပ်ခွာခွာနေတတ်၏။

ဤသို့ အကူအညီတောင်းခြင်းအရ သူမသည်ပင် လက်ရှိအခြေအနေ၌ အကူအညီမဲ့ နေကြောင်း ပြသနေသည်။

တစ်ဖက်တွင် စုရီသည် သနား ကြင်နာမှုကြောင့် မဟုတ်ဘဲ ငါတို့ဟူသော သူမ၏အသုံးအနှုန်းကြောင့် ကူညီပေးရန် သဘောတူခဲ့ခြင်းဖြစ်၏။

“ ကျေးဇူးတင်ပါတယ် တာအိုစု။ ”

ချင်စုရှင်းက သက်ပြင်းချလျက်၊

“ ဒီနေ့ ဘာပဲဖြစ်ဖြစ် ငါချင်စုရှင်းက တာအိုစုရဲ့ ကြီးမားတဲ့ကြင်နာမှုကို ထာဝရ သတိရနေမှာပါ။ ”

-ဟု ကတိပေးတော့၏။ စုရီက ခေါင်းကို အနည်းငယ်ခါယမ်းပြီး၊

“ မင်းငါ့ကို တကယ်ကျေးဇူးတင်ရင် ငါ့ရဲ့သဘောထားကို တခြားသူတွေဆီပြောပြပြီး ဆူပူမှုတွေမလုပ်ဘဲ ဘေးကနေစောင့်ကြည့်ဖို့ ပြောထားပါ နောင်မှ ငါ မင်းတို့ကို ခေါ်သွားပေးမယ်။ ”

-ဟု သတိပေးလိုက်သည်။

“ နားလည်ပါပြီ ... ။ ”

ချင်စုရှင်းက တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူလိုက်သည်။ များမကြာခင်မှာပင် ယွီချန်၊ ရန်ချန်ချင်းနှင့် အခြားသူများသည် ကျေးဇူးတင်စွာဖြင့် စုရီထံလှည့်ကြည့်လာ၏။

“ ငါတို့ ဒီထက်ပိုပြီး မစောင့်နိုင်တော့ဘူး။ ”

ရုတ်တရက် သွေးနီရောင်ပင့်ကူပေါ်တွင် ထိုင်နေသော အဆိပ်ငါးပါးတောင်တန်းသခင်က ထရပ်ကာ ပြောကြားလိုက်သည်။ ထို့နောက် သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များ ပြည့်နှက်လာပြီး၊

“ ငါတို့ ... ဒီထက်ပိုပြီး စောင့်နေရင် နောက်ကျကုန်လိမ့်မယ် အဲဒီလူတွေ တကယ် ရောက်လာတဲ့အချိန် အသားစားဖို့မပြောနဲ့ ဟင်းချိုတစ်ငုံတောင် မရနိုင်ဘူး။ ”

-ဟု သတိပေးလိုက်သည်။

သူ့အသံသည် လူတိုင်း၏နားထဲ ပဲ့တင်ထပ်သွား၏။ အစိမ်းရောင်ဓားပျံတစ်လက် ပေါ်တွင် ရပ်နေသော ကြက်သွေးရောင်ရေမိစ္ဆာ လျန်တူးရှန်က၊

“ မင်းပြောနေတာက ငါစိုးရိမ်နေတာနဲ့ အတူတူပါပဲ ငါ့အမြင်အရတော့ ငါတို့အားလုံးက ပူးပေါင်းဆောင်ရွက်တာ အကောင်းဆုံးပဲ။ ”

-ဟု အကြံပြုလိုက်သည်။ ထို့နောက် တင်းဟန်ချွယ်ထံ လှည့်ကြည့်လိုက်တော့၏။

“ မင်းရော ... ဘယ်လိုထင်လဲ တာအိုမိတ်ဆွေ။ ”

သူတို့ထဲတွင် ဤအမျိုးသမီး တင်းဟန်ချွယ်သည် အမြင့်ဆုံးကျင့်ကြံမှုနှင့် ကြောက်စရာအကောင်းဆုံး ခွန်အားမျိုး ပိုင်ဆိုင်ထားသည်။

ထို့ကြောင့် ချက်ချင်းပင် အခြားသူများ၏ အကြည့်များသည် သူ့ထံကျရောက်သွားခဲ့သည်။ အမျိုးသမီးသည် အနက်ရောင်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး ဆံပင်များမှာ နှင်းအလား ဖြူဖွေးနေ၏။ စိတ်နေစိတ်ထားသည် အေးစက်ကာ မောက်မာချေပြီ။

“ ငါ သဘောတူတယ်။ ”

အမျိုးသမီးက ခေါင်းညိတ်ပြလိုက်၏။ ချက်ချင်း လေထုမှာ ပို၍တင်းမာလာလေသည်။ တစ်ဖက်တွင် သူ့ကိုလျစ်လျူရှုကာ ညှိနှိုင်းမှု ပြုလုပ်နေသောကြောင့် လျူယွမ်ကျင်းက ဒေါသထွက်လာပြီး၊

“ လူတိုင်း ... ငါ့ရဲ့ မြူမိုးတိမ် အင်မော်တယ်ဂိုဏ်းကိုမရှိဖူးများ တကယ် ထင်နေကြတာလား။ ”

-ဟု အော်ဟစ်မေးမြန်းလိုက်၏။

အစောပိုင်းက အမည်ခံ အင်မော်တယ်အစောင့်(၁၀၀)သည် သူ့ဘေးသို့ ချက်ချင်း ရောက်ရှိလာကာ တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်ကြတော့သည်။

“ ထွက်သွားစမ်း ... ။ ”

သို့တိုင် တင်းဟန်ချွယ်သည် လျစ်လျူရှုလျက် မိုးကြိုးပစ်သကဲ့သို့ လှုပ်ရှားမှု တစ်ခုကို စတင်လိုက်တော့၏။

“ ကလန် ... ။ ”

“ ဝုန်း ... ။ ”

“ အဟွတ် ... အဟွတ် ... ။ ”

လေထုအလယ် ငွေရောင်ဓားအလင်း တစ်လက် ထွက်ပေါ်လာသည်။ လျူယွမ်ကျင်းမှ ချက်ချင်းပင် ခုခံကာကွယ်လိုက်သော်လည်း နောက်ပြန်လွင့်စဉ်လျက် သွေးချောင်းဆိုး သွားတော့၏။

ဓားတစ်ချက်နှင့် ဗလာနယ်ပယ် အင်မော်တယ်တစ်ပါး ပြင်းထန်စွာ ဒဏ်ရာရရှိ သွားပြီ ဖြစ်သည်။

“ မကောင်းတော့ဘူး ... အကြီးအကဲလျူကို ကာကွယ်ကြ ... ။ ”

မြူမိုးတိမ်အင်မော်တယ်ဂိုဏ်းမှ အမည်ခံ အင်မော်တယ်များ အားလုံးထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။

သူတို့တွင် အရေအတွက်အရ များစွာ သာလွန်နေသော်လည်း အမည်ခံ အင်မော်တယ် များသာဖြစ်သည်။ မျှော်လင့်ချက် အနိုင်ရရန် အခွင့်အရေး နည်းပါးချေပြီ။

အဆိပ်ငါးပါးတောင်တန်းသခင်နှင့် အဖွဲ့သည် ထိုမြင်ကွင်းကြောင့် လှောင်ပြုံးဖြင့် အရပ်လေးမျက်နှာခွဲလျက် ချက်ချင်း တိုက်ခိုက်လာတော့သည်။

လျူယွင်ကျင်းတစ်ယောက် အကူအညီမဲ့သွား၏။ အခြေအနေအရ သူ့တွင် လုပ်ဆောင်နိုင်စရာ မရှိတော့ချေ။

ဗလာနယ်ပယ် အင်မော်တယ်များနှင့် အထွတ်အထိပ် ဗလာနယ်ပယ် အင်မော်တယ် တစ်ယောက်ရှေ့တွင် စဉ်းတုံးပေါ်မှ ငါးတစ်ကောင်အလားပေပင်။

ယွီချန်၊ ချင်စုရှင်း၊ ရန်ချန်ချင်းနှင့် အခြားသူများသည် ကျောရိုးတစ်လျှောက် အေးစက်မှုကို ခံစားလိုက်ရ၏။

“ ကလန် ... ။ ”

ရုတ်တရက် ဓားမြည်သံတစ်သံ ထွက်ပေါ်လာပြီး အဆိပ်ငါးပါးတောင်တန်း သခင်နှင့်အဖွဲ့သည် လေထုအလယ် စိတ်ဝိညာဉ် ထုနှက်ခံရသည့်အလား အေးခဲကုန်၏။

တစ်ချိန်တည်းမှာပင် အင်မော်တယ် ရေကန်အစပ်တွင် ထိုင်နေသောအမျိုးသားသည် သူ့လက်ထဲရှိ ဝိုင်လက်ကျန်ကို မော့သောက်ကာ မတ်တပ်ထရပ်လာသည်။

ပိန်ချုံးနေသော သူ့ခန္ဓာကိုယ်ပေါ်တွင် ဟောင်းနွမ်းနေသည့် မီးခိုးရောင်ဝတ်ရုံကြီးကို ဝတ်ဆင်ထားပြီး ဆံပင်နှင့်မုတ်ဆိတ်များ တဖျပ်ဖျပ်လွင့်မျောနေတော့၏။

ညာဘက်လက်ရှိ အနက်ရောင်ဓားထံမှ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒတစ်ခု တိုးထွက်နေသည်။

ဓားကိုယ်ထည်သည် သွေးသွယ် မည်းနက်နေကာ ကြက်သွေးရောင်အလင်းများ မှိန်ဖျော့စွာ တဖျပ်ဖျပ်ခတ်နေ၏။ ထိုဓားကို အဝေးမှကြည့်ရုံဖြင့် လူတိုင်း၏ရင်ထဲတွင် နာကျင်မှုများ ခံစားလိုက်ရသည်။

“ ဒါ ... ။ ”

လျူယွမ်ကျင်း၊ လောင်ယွမ်ကျောက်နှင့် အခြားသူများမှာ အံ့အားသင့်သွားကြတော့၏။ တစ်ဖက်လူသည် အင်မော်တယ် အသွင်ပြောင်း ရေကန်ကို စောင့်ကြပ်နေသူအဖြစ်သာ သူတို့ ထင်မှားခဲ့ပြီး လျစ်လျူရှုထားမိ၏။

ယခုမူ ထိုအဘိုးကြီးသည် ဗလာနယ်ပယ် အင်မော်တယ်ခုနစ်ပါးကို ဓားသံတစ်ချက်ဖြင့်ပင် ရပ်တန့်အောင် ခြိမ်းခြောက်နိုင်နေသည်။

အဆိပ်ငါးပါးတောင်တန်းသခင်က မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းလှည့်ကြည့် လိုက်လေသည်။ တစ်ဆက်တည်းမှာပင် အံ့သြမှုနှင့် သံသယများ ခံစားလာရ၏။

ဤအဘိုးအိုထံမှ ထွက်ပေါ်လာသော ဓားရည်ရွယ်ချက်သည် အလွန်ထက်ရှပြီးလွှမ်းမိုး နိုင်လွန်း၏။

သတ်ဖြတ်မှုနှင့် သွေးထွက်သံယို ခံစားချက်များရရှိစေသည်။ သူ့ကဲ့သို့ပင် အခြား လူများသည်လည်း မသက်မသာဖြစ်လာကာ နှလုံးသားများ တဒုတ်ဒုတ်ခုန်လာ၏။

ထို့ကြောင့် လျူယွင်ကျင်းထံ ပျံသန်းဝင်ရောက်နေခြင်းကို ရပ်တန့်လိုက်ကာ၊

“ မိတ်ဆွေ ... မင်းဘယ်သူလဲလို့ မေးလို့ရမလား။ ”

-ဟု စူးစမ်းလိုက်ကြသည်။

တင်းဟန်ချွယ်သည်လည်း အဝေးမှနေပြီး မျက်မှောင်ကြုတ်ကာ ကြည့်နေခဲ့၏။ အဘိုးအိုမှ လူတိုင်းကိုလျစ်လျူရှုကာ လေထဲလှမ်းတက် လာလေသည်။

သူ့ထံမှ ကြောက်မက်ဖွယ် ရောင်ဝါများ တိုးထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကြား မိုးတိမ်များ အရောင်ပြောင်းသွားတော့၏။

“ ဒီအဘိုးအိုက ဘယ်လိုလုပ် ... ဒီလောက်တောင် ကြောက်မက်ဖွယ်ကောင်းတဲ့ ရောင်ဝါမျိုး ရှိနေရတာလဲ။ ”

အဆိပ်ငါးပါးတောင်တန်းသခင်က အံ့အားသင့်စွာဖြင့် သတိထားလာ၏။ သူ့ဘေးမှ နတ်ဆိုးအိုကြီးလျန်တူက အလွန်ပြတ်သားစွာ ချက်ချင်းလှည့်ပြေးတော့သည်။

“ ဝှစ် ... ။ ”

သို့သော် အဘိုးအိုသည် ယင်းကို ကြိုတင်သိမြင်ထားသကဲ့သို့ သူ့ဓားဖြင့် လှမ်း၍ ပိုင်းချလိုက်၏။

ကြမ်းတမ်းပြီး လွှမ်းမိုးနိုင်လွန်းသော သွေးနီရောင်ဓားတစ်လက် ပြေးထွက်သွား တော့သည်။

“ ခရစ် ... ။ ”

ပေထောင်ပေါင်းများစွာ အကွာတွင် လေဟာနယ်ကွဲအက်သွားပြီး နတ်ဆိုးအိုကြီး လျန်တူတစ်ယောက် ထိတ်လန့်တကြား ပြန်လည်ထွက်ပေါ်လာ၏။

“ ငါ့ကို ကယ်ပါ ... ။ ”

သို့သော် ကြမ်းတမ်းပြီး လွှမ်းမိုးလွန်းသော သွေးနီရောင်ဓားအလင်းအောက်၌ သူ့ခန္ဓာကိုယ် အပိုင်းပိုင်းကွဲလျက် စိတ်ဝိညာဉ် ပြိုကျ ပျောက်ကွယ်သွားတော့သည်။

“ ခရစ် ... ။ ”

သူစီးနင်းထားသော အစိမ်းရောင် ဓားရှည်သည်ပင် ကျိုးကျေလွင့်ပြယ်သွားခဲ့၏။ ဗလာနယ်ပယ် အင်မော်တယ် နတ်ဆိုးအိုကြီး တစ်ကောင်ကို မျက်စိတမှိတ်အတွင်း သတ်ဖြတ်လိုက်ခြင်းပေပင်။

အဆိပ်ငါးပါး တောင်တန်းသခင်၊ တင်းဟန်ချွယ်နှင့် ကျန်သူများမှာ အံ့အားသင့် သွားလေသည်။ ဤလူအိုကြီးသည် သူတော်စင် အင်မော်တယ် ဖြစ်နိုင်သည်လော။

အဘိုးကြီးက စကားတစ်ခွန်းမျှမဆိုဘဲ လေထဲလျှောက်လှမ်းလျက် သူတို့ထံပါးသို့ ချဉ်းကပ်လာလေသည်။

အရှိန်အဝါသည် အလွန်ကြောက်စရာ ကောင်းလွန်းသဖြင့် လူတိုင်း အသက်ရှူကြပ် ကုန်တော့၏။

ထိုကဲ့သို့သော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရသောအခါ တင်းဟန်ချွယ်သည်ပင် လက်ဦးမှုရယူရန် ကြိုးစားလိုက်ရသည်။

“ သတ် ... ။ ”

အမိန့်ပေးသံနှင့်အတူ ငွေရောင် ဓားရှည်တစ်လက် ချက်ချင်းပျံသန်းထွက်ပေါ် လာလေသည်။ ၎င်းထံမှ အဖြူရောင်မြူများ ထုတ်လွှတ်လာ၏။

သို့သော် အဘိုးကြီးသည် ၎င်းကို တစ်ချက်မျှပင်မကြည့်ဘဲ ဓားဖြင့်ထောင့်ဖြတ် ခုတ်ပိုင်းချလိုက်သည်။

“ ကလန် ... ။ ”

ငွေရောင်ဓားရှည်ကြီးခမျာ ချက်ချင်း ကွဲအက်သွားပြီး အဝေးမှထိန်းချုပ်နေသော တင်းဟန်ချွယ်သည်ပင် နဖူးမှ အောက်သို့ ထက်ခြမ်းကွဲသွားတော့၏။

လေထုအတွင်း သွေးစက်များ ပက်ကျဲသွားသည်။ ဗလာနယ်ပယ် ပြီးပြည့်စုံမှု ရောက်ရှိထားသော အင်မော်တယ်တစ်ပါးသည် ဓားတစ်ချက်ကိုပင် မခံယူနိုင်ချေ။

ကြီးစိုးပြီး ရက်စက်လွန်းသော ဓားချက်များဖြစ်ချေ၏။ ထိုမြင်ကွင်းကြောင့် မည်သူမဆို သွေးပျက်မိပေမည်။

“ မြန်မြန် ... ။ ”

အဆိပ်ငါးပါး တောင်တန်းသခင်သည် ချက်ချင်းထွက်ပြေးတော့၏။ မည်သူသည်ဤသို့ သွေးဆာနေသော ဘီလူးတစ်ကောင်လက်တွင် အဓိပ္ပါယ်မဲ့ အသက်ပေးနိုင်မည်နည်း။

သူတို့အားလုံးသည် အင်မော်တယ်မြေ၌ ထိပ်တန်းအဆင့်တည်ရှိမှုများပေပင်။ ယခုကဲ့သို့ မည်မသိတစ်စုံတစ်ဦး၏ အကြောင်းပြချက်မရှိ သက်ဖြတ်ခြင်းကို မခံလိုချေ။

သူတို့ ထွက်ပြေးသောအခါ လမ်းဘေးခွေးများအလား ကြောက်လန့်တကြား နိုင်ချေပြီ။

ထိုမြင်ကွင်းကြောင့် အဘိုးကြီးက လေထုအလယ်ရပ်တန့်သွားကာ သူ့လက်ကို အလျားလိုက် ပိုင်းချလိုက်သည်။

“ ရွှပ် ... ။ ”

သွေးလွှမ်းသော စစ်မြေပြင်ကြီးတစ်ခု ပြေးထွက်သွားသကဲ့သို့ ကြောက်မက်ဖွယ်ရာ ဓားအလင်းတစ်လက် လွင့်ဝဲသွား၏။

“ ကျီး ... ။ ”

နတ်တောင်ကြီးတစ်လုံးအလား ကြီးမားလွန်းလှသော အနီရောင်ပင့်ကူကြီးသည် ကျယ်လောင်စွာအော်ဟစ်လျက် ခန္ဓာကိုယ်မှာ သွေးမိုးရွာသလို ချက်ချင်းပြန့်ကျဲသွားသည်။

ထိုပင့်ကူကြီးပေါ်တွင် ရပ်နေခဲ့သော အဆိပ်ငါးပါးတောင်တန်းသခင်ခမျာ ပေါက်ကွဲမှု အတွင်း ရောပါသွားချေပြီ။

အခြားတစ်ဖက်တွင်လည်း ဗလာနယ်ပယ်အင်မော်တယ် လေးပါးတို့သည် ကြောက်မက်ဖွယ်ရာ သေဆုံးမှုများဖြင့် အဆုံးသတ်သွားခဲ့သည်။

ကြီးစိုးပြီး ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးအင်မော်တယ်များခမျာ စက္ကူတစ်ချပ် ကဲ့သို့ ပျော့ပျောင်းနေခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း အံ့အားသင့် သွားကြတော့၏။ အထူးသဖြင့် လမ်းပြများ ဖြစ်ကြသော လောင်ယွမ်ကျောက်တို့ပေပင်။

သူတို့အားလုံးသည် ထိုက်ချင်းဂိုဏ်း အမိန့်ကြောင့် ကျင်းပြည်နယ်သို့ ရောက်ရှိကာ လမ်းညွှန်များအဖြစ် တာဝန်ထမ်းဆောင် နေကြခြင်းဖြစ်၏။

ဤအဘိုးအိုသည် ထိုက်ချင်းဂိုဏ်း၏ အမိန့်ကိုနာခံပြီး အင်မော်တယ်အသွင်ပြောင်း ရေကန်အပေါ်ကာကွယ်ရန် တာဝန်ပေးအပ်ခြင်း ခံထားရသည့် အစောင့်အဖြစ်သာ သိရှိထား၏။

သို့သော် ယခုမူ ဤအစောင့်နှင့်တူသော အဘိုးအိုသည် ကြောက်စရာကောင်းလွန်းသည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေချေပြီ။

“ ဝှစ် ... ။ ”

ထိုစဉ်လေဟာနယ်အတွင်း ရပ်နေသောအဘိုးအိုသည် ဓားရှည်ကိုပြန်လည် သိမ်းဆည်းကာ စုရီရှေ့ ဆယ်ပေအကွာသို့ ရုတ်ချည်းရောက်ရှိလာတော့၏။

ထို့နောက် လူတိုင်းအံ့အားသင့်နေသော အကြည့်များအောက်တွင် သူကပြတ်သားစွာဖြင့် ဒူးထောက်ချလိုက်သည်။

ကြီးစိုးပြီး နတ်ဘုရားကဲ့သို့ ခမ်းနားလွန်းသောရောင်ဝါကို ရုတ်သိမ်းလျက် ချက်ချင်းခေါင်းငုံ့ချလိုက်ကာ၊

“ ငါ့အဖေရဲ့ အမိန့်အရ ... ဒီဂျူနီယာချီဖူဖန်းက အင်မော်တယ်ဘုရင်ရဲ့ အိမ်ပြန်ခရီးအတွက် ကြိုဆိုပါတယ်။ ”

-ဟု နှုတ်ဆက်လာတော့သည်။

***

All Chapters