← Chapters

အပိုင်း(၂၅၈)-ယူယူ မင်းက မိခင်ပဲ

Vol. 003 Ch. 258

အပိုင်း(၂၅၈)-ယူယူ မင်းက မိခင်ပဲ

Vol. 003 Ch. 258

ရှီမာယူမင်နှင့် တခြားသူများသည် ဆွံ့အသွားကြသည်။

ဟာစွန်သည် သူ့သူငယ်ချင်းထားခဲ့သော ဥကို စောင့်ရှောက်နေသည်မှာ အားလုံးအသိပင်။ သို့သော် သူ့မိန်းမအသစ်ဟု သမုတ်ခံရသည်။ ထိုအကြောင်းသာ သူကြားပါက ဘယ်လိုတုန့်ပြန်မှာပါလိမ့်။

“ဟုတ်သားပဲ အဘိုး၊ အစ်ကိုတို့ ကျွန်တော်သွားတော့မယ်” ရှီမာယူယူသည် အားလုံးအား လက်ပြပြီး အိမ်မှ ထွက်သွားတော့သည်။

သူမသည် ခေါင်းဆောင်အိမ်သွားရာ ရှီမာတိုင် အားလပ်နေသည်ကိုတွေ့လိုက်ရသည်။

“မင်းထွက်သွားချင်လို့လား” ရှီမာတိုင်သည် သူမ ပြောသည်ကိုမစောင့်ပဲ မေးလိုက်သည်။

ရှီမာယူယူ အံ့သြစွာဖြင့် မျက်တောင်ခတ်ကာ မေးလိုက်သည် “အဘိုးဘယ်လိုသိလဲ”

ရှီမာတိုင် ပြုံးကာ “မင်းနဲ့လိုက်လာတဲ့ ကလေးက တောင်နေကြတ်တိုင်းပြည်က အရင်ဘုရင်ရဲ့ သားပဲ၊ အခုတော့ အဲလိုသတင်းထွက်လာတော့ မင်းတို့ သွားပြီးပွဲလုပ်မှာ အသေချာပဲလေ”

ရှီမာတိုင် ထိုအကြောင်းအား သိနေမည်ဟု ရှီမာယူယူထင်မထားပေ။ သူမ ပြောလိုက်သည် “မြေခွေးအိုကတော့ မြေခွေးအိုပါပဲ လျှို့ဝှက်ထားလို့မရဘူး၊ အဘိုးသိနေမှာတော့ အများကြီးပြောစရာမလိုပါဘူး”

“မင်း ဂရုစိုက်ဖို့မမေ့ပါနဲ့ ပြီးတော့ အချိန်ကျရင် တွေ့ဆုံပွဲကို တက်ဖို့ရော မမေ့နဲ့” ရှီမာတိုင် ပြောလိုက်သည်။

“ကျွန်တော် သိပါတယ်” ရှီမာယူယူပြောလိုက်သည် “အခု ကျွန်တော် ဟာစွန်ကို သွားရှာပါတော့မယ်”

“သွားသွား” ရှီမာတိုင် လက်ဝေ့ပြလိုက်သည်။

ရှီမာယူယူထွက်သွားချိန်တွင် သူမသည် အန်ယန်မြို့တော်အပြင်ရှိ တောင်သို့သွားသည်။ သူမ ဂူသို့လာကာ ဟိန်းသံလေးအားခေါ်ပြီး ပေါင်းစပ်ပြီးနောက် ဂူအတွင်းသို့ဝင်လေသည်။

ဂူအထဲတွင် ဟာစွန်သည် တစ်စုံတစ်ယောက်ဝင်လာသည်ကို အာရုံခံမိသည်။ သူ မျက်လုံးဖွင့်ကာ ကြည့်ပြီးနောက် ပြန်ပိတ်လိုက်သည်။

သူ့ရှေ့တွင် ကျောက်စားပွဲရှိနေကာ သွေးကြောများဖုံးအုပ်နေသော ဥတစ်လုံးတင်ထားသည်။ အနီးကပ်ကြည့်လျှင် သွေးကြောများသည် ရွှေရောင်သန်းနေသည်ကို မြင်တွေ့ရသည်။

ရှီမာယူယူသည် အသီးစားရင်း ဝင်လာသည်။ သူမသည် ဟာစွန်အားကြည့်ပြီး ပြောလိုက်သည် “ဟာစွန် ငါမင်းရဲ့ မိန်းမအသစ်ကိုလာကြည့်တာ”

ဟာစွန်သည် မျက်လုံးဖွင့်ရမည်ကို ပျင်းလှသဖြင့် သူမအား အရေးမစိုက်ပေ။

ထိုဥထဲတွင် ငှက်မလေးရှိနေသည်ကို သူမသိပြီးသည့်နောက်တွင် သူမသည် သူ့မိန်းမဟု အဆက်မပြတ်ပြောခဲ့သည်။ သူသည် အခုဆိုလျှင် ခံနိုင်ရည်ရှိနေပြီ။

ရှီမာယူယူသည် ပါးစပ်ထဲတွင် အသီးထည့်ထားကာ ဥအား နှစ်ပတ်ပတ်ကြည့်နေလေသည်။ ထို့နောက်တွင် သူမသည် ရွှေမြွေအသီးတစ်ဝက်နှင့်အတူ ဆေးဖက်ဝင်နှစ်မျိုးအား မီးမြိုက်ပြီး မီးထဲသို့ ထည့်လိုက်လေသည်။

အခုတော့ သူမသည် ဆေးဖော်ရန် မီးတိုက်ရိုက်သုံးရမည့်နည်းကို သိနေပြီ။ သူမသည် အချိန်တိုင်းတွင် ဆေးဖိုကို အသုံးမပြုတော့ပေ။

သူမ ဆေးဖော်ပြီးသည့်အခါ မီးတောက်အားသိမ်းပြီး အဆီအနှစ်များကို ဥအပေါ်တွင် ထားလိုက်သည်။ သူသည် လျင်မြန်စွာပင် စုပ်ယူသွားလေသည်။

သူမ ဆေးဖော်သည့်အချိန်မှစ၍ ဟာစွန် မျက်လုံးဖွင့်နေပြီဖြစ်သည်။ သူမ ပါးစပ်တွင်အသီး ကိုက်လျက်နှင့် ဆေးဖော်နေသည်ကိုကြည့်ပြီး အားရပါးရပြုံးလိုက်သည်။

ရှီမာယူယူသည် ဝိညာဉ်သစ်သီးထုတ်ပြီး ကိုက်ကာ ပြောလိုက်သည် “ဟာစွန် မင်းရဲ့မိန်းမက ဒီနှစ်ကို ငါ့ဆီက အရည်အသွေးကောင်းတာတွေအများကြီးစားထားပြီးပြီ၊ ဘယ်တော့လောက် အခွံထဲကထွက်လာမလဲ”

“သူမ ထွက်လာချင်တဲ့အချိန်ကို ထွက်လာမှာပေါ့” ဟာစွန် ပြောလိုက်သည် “မင်းဒီနေ့ ဘာလို့ လာတာလဲ”

“တစ်ခုခုဖြစ်လာတယ်” ရှီမာယူယူ ပြောလိုက်သည်။

သူမ ဖြစ်ပျက်သမျှကို ရှင်းပြကာ လုံခြုံရန်အတွက် သူမတို့နှင့်အတူ တောင်နေကြတ်တိုင်းပြည်သို့ လိုက်ရန် ဖိတ်ကြားချင်သည်ဟု ပြောလိုက်သည်။

ဟာစွန်ကြားပြီးနောက် ခဏတာမျှ တည်ငြိမ်သွားသည်။ ထို့နောက် သူပြန်ဖြေသည် “ငါတို့် သဘက်ခါ သွားကြမယ်”

“ဘာလို့လဲ” ရှီမာယူယူသည် မေးပြီးနောက် ဥအား မျက်လုံးပြူးများဖြင့် ကြည့်ကာ ပြောလိုက်သည် “မင်းမိန်းမက ထွက်လာတော့မှာလား”

ဟာစွန် သူမအားစိုက်ကြည့်ပြီး မျက်လုံးမှိတ်ကာ လျစ်လျူရှုလိုက်သည်။

ရှီမာယူယူသည်လည်း ဂရုမစိုက်ပေ။ သူမနှင့် ဟိန်းသံလေး နှစ်ယောက်လုံးသည် ဥအား စိုက်ကြည့်နေသည်။

“ယူယူ မင်းသူ့ကို စားစရာထပ်ပေးလိုက်ရင် မွေးလာမလား မသိနိုင်ဘူး” ဟိန်းသံလေး ပြောလိုက်သည်။

“ဒါပေမယ့် အခုကို အရည်အသွေးကောင်းတာတွေ စုပ်ယူသွားတယ်လေ” ရှီမာယူယူ ပြောလိုက်သည်။

“မင်း နီရဲပျားရည်ကျွေးကြည့်ရင်ရော” ဟိန်းသံလေး ပြောလိုက်သည်။

“လုပ်လို့ရတယ်၊ အဲလိုဆိုရင် ထပ်ဖြည့်လိုက်ရုံပေါ့” ရှီမာယူယူ ခေါင်းညိတ်ပြီးနောက် ပျားရည်ပုလင်းထုတ်လိုက်သည်။ သူမသည် အဖုံးဖွင့်ကာ ဥအပေါ်သို့ အစက်ချလိုက်သည်။

ထိုကဲ့သို့ ပြုလုပ်နေသည်ကို ဟာစွန် စောင့်ကြည့်နေခဲ့သည်။ ထိုသည်မှာ ငှက်ဥအတွက် အကျိုးရှိသည်။ သို့သော် ထိုသည်မှာ ဥမှစောစော ပေါက်လာမည်ဟု သူ မခံစားမိပေ။

နေ့တစ်ဝက်ကြာသောအခါ သူရုတ်တရက် အသံကြားလိုက်ရသည်။ အသံများ တိုးညင်းလွန်း သော်လည်း သူ့နားအား ဖောက်ထွင်းနိုင်သည်။

“အာ..ထွက်လာပြီ ထွက်လာပြီ” ရှီမာယူယူသည် ဟိန်းသံလေးအားဖက်ပြီး ဥအရှေ့တွင် အော်နေလေသည်။

“တကယ်ပဲ ယူယူရေ သူမက ငါတို့်ကို မှတ်မိပါ့မလား” ဟိန်းသံလေး ပြောလိုက်သည်။

“မှတ်မိပါ့မလား” ရှီမာယူယူသည် မသေချာစွာ ပြောလိုက်သည် “တစ်ချို့ငှက်မျိုးတွေက ရှုပ်ထွေး တယ်လို့ လူတွေအမြဲပြောကြတယ်မလား”

“သြော် သူငါတို့ကို မှတ်မိနိုင်တာပဲ” ဟိန်းသံလေး ပြောလိုက်သည်။

“ခွပ်…”

ဥသည် နောက်ထပ် စတင်အက်ကွဲလာသည်နှင့် ဟာစွန် လျှောက်လာသည်။ သူတို့သုံးယောက်သည် ဥအားစိုက်ကြည့်နေကြသည်။

“ခွပ်..ခွပ်..”

ကွဲအက်သည့်အရှိန်မှာ မြန်လာကာ ငှက်ခေါင်းသည် အခွံမှ လျင်မြန်စွာထွက်လာသည်။ သူမသည် ရှီမာယူယူနှင့် ဟာစွန်အားကြည့်ပြီး သူတို့နှစ်ယောက်အားပြောလိုက်သည့်စကားမှာ မှင်တက်သွားစေသည်။

သူမ ပြောသည်မှာ “ဖေဖေ၊ မေမေ….”

“ဟား ဟား ဟား” ဟိန်းသံလေးသည် သူ့ဗိုက်လေးအား ဖိအား ဟားတိုက်ရယ်လေသည်။ သူသည် ရှီမာယူယူအား လက်ညိုးထိုးကာ ပြောလိုက်သည် “ယူယူ မင်းကအမေတဲ့”

ရှီမာယူယူသည် ဟိန်းသံလေးအား ဆွဲဆိတ်လိုက်သောကြောင့် သူမရယ်နိုင်တော့ပေ။

“အမေလား မေမေ” ငှက်လေးသည် ရှီမာယူယူအား သိချင်စိတ်ဖြင့်ကြည့်ပြီးနောက် လျင်မြန်စွာပင် ထပ်ပြောလေသည် “မေမေ မေမေ”

ရှီမာယူယူ၏ မျက်နှာမှာ ပုပ်သိုးသွား၍ အော်လေသည် “ငါက မင်းမေမေ မဟုတ်ဘူး၊ ငါက ငှက်မကြီးမဟုတ်ဘူး”

သို့သော် ငှက်လေးသည် ဂရုမစိုက်ပေ။ သူမသည် အခွံပေါ်တွင် ခေါင်းတင်ကာ ရှီမာယူယူအား မျက်လုံးဝိုင်းများဖြင့် စိုက်ကြည့်ကာ သူမအား မေမေဟု ခေါ်နေလေသည်။

ဟိန်းသံလေးသည် သည်းမခံနိုင်တော့ပဲ ရယ်မောတော့သည်။ သူသည် ဟာစွန်အား လက်ညိုးထိုးကာ မေးလိုကသည် “ဒါဘယ်သူလဲ”

“ဖေဖေ” ငှက်လေး ပြန်ဖြေလိုက်သည်။

“ရွှတ် ဒါက မင်းရဲ့မင်္ဂလာပွဲလား” ဟိန်းသံလေးသည် ရယ်မောကာ ကျောက်စားပွဲတွင် လူးလှိမ့် နေလေသည်။

ရှီမာယူယူသည် လက်ချောင်းထုတ်ကာ ငှက်လေး၏ ခေါင်းအားပုတ်ကာ ပြောလိုက်သည် “အဲဒါ မင်းယောက်ျားပဲ မင်းက သူ့မိန်းမ နားလည်လား”

ငှက်လေးသည် ဟာစွန်အား နားမလည်စွာကြည့်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည် “ယောကျ်ား ယောက်ျား”

“ဒါမှပေါ့” ရှီမာယူယူ ပြုံးလိုက်သည်။ သို့သော် သမသည် ငှက်လေးပြောသော စကားမှ လွတ်မြောက်နိုင်ခြင်း မရှိသေးပေ။

“ယောကျ်ား….. မေမေ…..”

“ရွှတ် ဟားဟားဟား” ဟိန်းသံလေးသည် ဝါးလုံးကွဲရယ်တော့သည်။ ဒီငှက်လေးက အရမ်းချစ်စရာ ကောင်းတာပဲ။

ဟာစွန်သည်ပင်လျှင် မအောင့်နိုင်တော့ပေ။ အကယ်၍ သူက ခင်ပွန်း၊ သူမက အမေဆိုပါက သူမက သူရဲ့ ယောက္ခမလား…

“သက်တန့်လေး၊ ငါက မင်းရဲ့ဦးလေး.. မင်းအဖေရဲ့သူငယ်ချင်း” သူသည် လက်ဆန့်ထုတ်ကာ ငှက်လေး၏ နဖူးအား ပုတ်ကာ သူမ တွေဝေနေမှုအား ကူညီပေးလိုက်သည်။

ငှက်လေး၏ အကြည့်သည် သူမ ရှုပ်ထွေးနေမှုကို နားလည်သည့်သဘော ပြနေသည်။ သူမသည်လည်း အမျိုးများအကြားတွင် ကွာခြားမှုရှိသည်ကို နားလည်လိုက်သည်။

“ဦးလေး ကျွန်မကိုစောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” သူမသည် ဟာစွန်အား ကျေးဇူးတင်စွာ ကြည့်ပြီး ရှီမာယူယူအား ကြည့်လိုက်သည်။ ထို့နောက် သူမ ခေါ်လိုက်သည် “မေမေ”

“ငါက မင်းအမေမဟုတ်ပါဘူးဆိုမှ မသိသေးဘူးလား” ရှီမာယူယူ ပြောလိုက်သည်။

“ဒါပေမယ့် ကျွန်မ မေမေ့ကိုကြိုက်တယ် ကျွန်မ ဥထဲမှာရှိကတည်းက မှတ်မိတယ်၊ မေမေက အမြဲတမ်း ကောင်းတာတွေကျွေးတယ်” ငှက်လေးပြောလိုက်သည်။

“မင်းငါ့ကို အစ်မလို့ခေါ်ပါ” ရှီမာယူယူပြောပြီးနောက် အမှန်ပြင်ကာ “မဟုတ်သေးဘူး၊ မင်းက ဟာစွန်ကို ဦးလေးလို့ခေါ်ပြီး ငါ့ကို အစ်မလို့ခေါ်ရင် သူက ငါ့ထက်ရာထူးကြီးနေတယ်၊ မင်း သူ့ကို ဒီအတိုင်း အစ်ကိုကြီးလို့ပဲခေါ်လိုက်”

ဟာစွန်၏ မျက်နှာသည် မှောင်မိုက်သွားကာ အေးစက်စွာပြောလေသည် “ငါက သူ့အဖေနဲ့ရွယ်တူလေ၊ ငါက မင်းထက်နှစ်ပေါင်း တစ်ထောင်လောက်ကြီးတယ်”

“အိုနေတဲ့သတ္တဝါကြီးပဲ” ရှီမာယူယူသည် တိုးညင်းစွာ ရေရွတ်လိုက်သည်။

နောက်ဆုံးတွင် သက်တန့်လေးသည် အစ်မနှင့် ဦးလေးအဖြစ်ခေါ်ရန်သာ သတ်မှတ်လိုက်သည်။

သက်တန့်လေး ဥအခွံများကိုစားနေသည်ကို ရှီမာယူယူကြည့်ကာ ရုတ်တရက် တစ်စုံတစ်ခုအား သတိရသွားသည် “ဝိညာဉ်သားရဲတွေက သူတော်စင်အဆင့်မရောက်မချင်း စကားမပြောဘူးမလား၊ သူမက မွေးကတည်းက သူတော်စင်အဆင့်လား”

All Chapters