← Chapters

အခန်း ၂၆၃

Vol. 27 Ch. 263

အခန်း ၂၆၃

Vol. 27 Ch. 263

အခန်း (၂၆၃) ပထမဆုံး နတ်ဆိုးဧကရာဇ်ဘိုးဘေး ဖုတ်ကောင်ကြီး

"ဘာဖြစ်သွားတာလဲ။"

စုရှန်ရွှယ်သည် ယိမ်းယိုင်သွားသော သူမ ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းလိုက်ရင်း အံ့သြတကြီး ရေရွတ်လာ၏။

"ကျွန်မတို့ ဘာထောင်ချောက်ယန္တရားကိုမှ မထိမိပါဘူး။"

"ငါတို့ ယန္တရားကို နှိုးဆွလိုက်တာ မဟုတ်ဘူး။ တစ်ယောက်ယောက်က အရင်ရောက်နေခဲ့တာ။"

ပိုင်ချိုးရန်၏ နတ်အာရုံစွမ်းအားသည် မျက်နှာချင်းဆိုင်ရှိ မြေအောက်နန်းတော်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံးကို တံမြက်လှည်းသည့်ပမာ အသေးစိတ် ရှာဖွေလိုက်ရာ ပြဿနာရှာသူကို အလျင်အမြန်ပင် ရှာဖွေတွေ့ရှိသွားလေသည်။

နတ်ဆိုးမျိုးနွယ်မှ ဇီးကွက်ဘုရင်နှင့် လင်းယုန်ဘုရင်တို့သည် အကြောင်းတစ်ခုခုကြောင့် သူတို့၏ တပ်သားတစ်စုနှင့်အတူ မြေအောက်နန်းတော် အောက်ခြေမှ ထိတ်လန့်တကြား ထွက်ပြေးလာကြသည်။ သူတို့ အနောက်ဘက် အမှောင်ထုထဲတွင်မူ ဧရာမ သတ္တဝါကြီးတစ်ကောင်က ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးနေ၏။

"ဟင်။ တစ်ယောက်ယောက်က အရင်ရောက်နေတာကို နင့်ရဲ့ နတ်ဘုရားအာရုံစွမ်းအားနဲ့တောင် သတိမထားမိလိုက်ဘူးလား။"

စုရှန်ရွှယ်က အံ့အားသင့်စွာ မေးသည်။

"ဒါက ဘာဆန်းလို့လဲ။"

ကျီရှန်းက ပြန်အော်ပြောသည်။

"မင်းတို့နှစ်ယောက် လာတုန်းက ကြည်နူးနေကြတဲ့ပုံအရဆိုရင် လှေတစ်စင်းက မင်းတို့ဘေးနားကနေ ဖြတ်သွားနေရင်တောင် သတိထားမိမှာ မဟုတ်ဘူး"

ထိုစကားကြောင့် စုရှန်ရွှယ်၏ မျက်နှာလေး နီရဲသွားပြီး ပိုင်ချိုးရန်ကမူ ခပ်တိုးတိုးပြော၏။ "အဲဒီအကောင်က ဘာကြီးလဲ။ နဂါးလား။"

သူ၏ နတ်အာရုံ ဖြန့်ကြက်ကြည့်ရှုမှုထဲတွင် ရွှေရောင်ရင့်ရင့် နဂါးကြီးတစ်ကောင်ကဲ့သို့ အလွန်တရာ ကြီးမားလှသော နတ်ဆိုးကြီးတစ်ကောင်သည် မြေအောက်နန်းတော်၏ အနိမ့်ဆုံးနေရာလွတ်မှနေ၍ ခြေလက်အင်္ဂါများကို ဆန့်ထုတ်ကာ ဇီကွက်ဘုရင်နှင့် အခြားသူများနောက်သို့ လိုက်လံဖမ်းဆီးနေ၏။

ထိုအကောင်ကြီး အမြန်နှုန်းမှာ အလွန်တရာ လျင်မြန်လှပြီး ပါးစပ်ကြီးကို ဟကာ စက္ကန့်အနည်းငယ်ကြာတိုင်း အုပ်စုထဲမှ နတ်ဆိုးတစ်ကောင်ကို ကိုက်မျိုပစ်လေသည်။ ဇီးကွက်ဘုရင်နှင့် လင်းယုန်ဘုရင်တို့၏ အမြန်နှုန်းမှာ ဤနတ်ဆိုးကြီးနှင့် နှိုင်းယှဉ်ပါက လုံးဝ ယှဉ်မရနိုင်ကြောင်း ပိုင်ချိုးရန် မြင်တွေ့လိုက်ရ၏။ သူတို့နှစ်ဦး ယခုအချိန်အထိ အသက်ရှင်နေနိုင်ခြင်းမှာ သူတို့ ခေါ်ဆောင်လာသော တပ်သားများထက် ပို၍ မြန်မြန်ပြေးနိုင်သောကြောင့်သာလျှင် ဖြစ်ပေသည်။

တပ်သားများကို စဉ်ဆက်မပြတ် အသေခံ စွန့်ပစ်ခြင်းဖြင့် မြေအောက်နန်းတော်၏ အပေါ်ဆုံးအထပ်သို့ ရောက်အောင် ပြေးလာနိုင်ခဲ့ခြင်းပင်။ ဤတစ်ကြိမ်တွင်မူ ပိုင်ချိုးရန်သာမက စုရှန်ရွှယ်ပါ မြေအောက်နန်းတော်၏ ဝင်ပေါက်မှ သွေးပျက်မတတ် ပြေးထွက်လာသော ဇီကွက်ဘုရင်နှင့် လင်းယုန်ဘုရင်တို့ကို မျက်မြင်ကိုယ်တွေ့ မြင်ရသည်။

တံတားကို မြင်ရပြီးနောက် ထိုနတ်ဆိုးဘုရင်နှစ်ပါး၏ မျက်နှာပေါ်တွင် လွတ်မြောက်ပြီဟူသော ဝမ်းမြောက်ဝမ်းသာ အရိပ်အယောင်များ ပေါ်လာခဲ့သော်ငြား တံတားပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် တံတားအောက်ရှိ အမှောင်ထုထဲမှ ဧရာမ နဂါးကြီးတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာ၏။ နဂါးကြီးသည် ရက်စက်စွာ ကိုက်ချလာကာသူတို့နှစ်ဦးအား တံတားပေါ်တွင်ပင် ဗိုက်ထဲသို့ မျိုချပစ်လိုက်သည်။

ရွှေရောင်ရင့်ရင့် နဂါးကြီးသည် နတ်ဆိုးဘုရင်နှစ်ပါးကို မျိုချပြီးနောက် ဧရာမ ဦးခေါင်းကြီးကို ဖြည်းညင်းစွာ မော့လာကာ အေးစက်ပြီး ကရုဏာကင်းမဲ့လှသော မျက်လုံးကြီးများဖြင့် တံတားအဆုံးတွင် ရပ်နေသော ပိုင်ချိုးရန်နှင့် စုရှန်ရွှယ်တို့အား စူးရဲစွာ စိုက်ကြည့်လေသည်။

ချက်ချင်းဆိုသလိုပင် မြေကြီးနှင့် ကျောက်တုံးကြီးများ ပြိုကျသံများနှင့်အတူ အောက်ခြေမဲ့ ချောက်ကမ်းပါးထဲမှ နောက်ထပ် နဂါးခေါင်းများ တစ်လုံးပြီးတစ်လုံး ထွက်လာပြီး တံတားထိပ်ရှိ လူနှစ်ဦးအား ဆာလောင်မွတ်သိပ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လာကြ၏။

သူတို့သည် မြေအောက်နန်းတော်ပေါ်တွင် ခန္ဓာကိုယ်ကို ရစ်ပတ်ထားကြသည်။ ဤအခေါင်းပေါက်ရှိ ကျောက်နံရံတစ်လျှောက် တွယ်တက်လာပြီး ပိုင်ချိုးရန် ရေတွက်ကြည့်သောအခါ နဂါးခေါင်း စုစုပေါင်း ကိုးခေါင်းတိတိ ရှိလေသည်။

အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခုက ကျဆင်းလာပြီး သွေးမျိုးဆက် ဖိနှိပ်မှုကြောင့် စုရှန်ရွှယ်၏ အသက်ရှူနှုန်းလည်း မူမမှန်ဖြစ်လာ၏။ သူမသည် နေရာတွင်ပင် အေးခဲသွားပြီး တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာသည်။ ထိုအရာကို မြင်သောအခါ ပိုင်ချိုးရန်သည် သူမရှေ့မှ ကာကွယ်ပေးပြီး သူမအပေါ် ကျရောက်နေသော ဖိအားများကို ခွဲဝေယူလေ၏။

"ဒါက ဘယ်လို နတ်ဆိုးမျိုးလဲ။" ပိုင်ချိုးရန်က မေးသည်။

"ဒါက ခေါင်းကိုးလုံးပါတဲ့ ဘိုးဘေးနဂါးကြီးလေ။ ကနဦး‌ ဧကရာဇ်ဘိုးဘေးဟ"

ကျီရှန်း လေသံမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေလေသည်။

"သတိထားနော် ဘိုးဘေးပိုင်။ သူက မသေခင်မှာ လျှို့ဝှက်ကျင့်စဉ်တစ်ခုကို သုံးပြီး သူ့ခန္ဓာကိုယ်ကို ဖုတ်ကောင်ပုံစံမျိုးဖြစ်အောင် ဖန်တီးခဲ့တာ။ မသေခင်က သူ့ရဲ့ အစွမ်းအစ အားလုံးနီးပါးကို ထိန်းသိမ်းထားနိုင်တယ်။ ပြီးတော့ သူက အခု တော်တော်လေး ဆာလောင်မွတ်သိပ်နေတာ။"

"သူက ဘယ်လောက်တောင် အစွမ်းထက်လဲ။"

"အရမ်း အစွမ်းထက်တာပေါ့ကွ။"

ကျီရှန်းက ပြန်ဖြေ၏။

"အင်မော်တယ်ဧကရာဇ် တစ်ပါးရဲ့ စွမ်းအားက ဘယ်လောက်ရှိမယ်လို့ မင်း ထင်လဲ။"

ပိုင်ချိုးရန်သည် စကားတစ်ခွန်းမျှ ထပ်မပြောတော့ပေ။ ကျီရှန်းကဲ့သို့ပင် သူသည်လည်း အင်မော်တယ်အဆင့်ထက် ကျော်လွန်သော အဆင့်များအကြောင်းကို မသိပေ။ သို့သော် ဤအဆင့်၏ အမည်ကို ကြားရုံမျှဖြင့်ပင် မည်သည့် အင်မော်တယ်မဆို အလွယ်တကူ ရောက်ရှိနိုင်သော အဆင့်မျိုး မဟုတ်ကြောင်းကို နားလည်နိုင်သည်။

All Chapters