← Chapters

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း (၂၆၇) ဘိုးဘေးသင်္ချိုင်းဂူကို တူးဖော်ခန်း။ ဖုတ်ကောင်၏ အဖိုးတန်ရတနာများကို သိမ်းပိုက်ခြင်း။

လောကဓာတ်ကြီးသည် တဖြည်းဖြည်း ကတိအတိုင်း ပြန်လည်တည်ငြိမ်သွား၏။ အုံ့မှိုင်းနေသော တိမ်မည်းကြီးများ ကွဲလွင့်ပျောက်ကွယ်သွားကာ ဒေါသတကြီး ထကြွနေသော ဧရာမ လှိုင်းလုံးကြီးများလည်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီးနောက်၊ နေ၊ လနှင့် ကြယ်တာရာတို့သည် မူလလမ်းကြောင်းအတိုင်း ကောင်းကင်ယံ၌ ပြန်လည် တောက်ပလာသည်။

ပိုင်ချူးရန်သည် စုရှန်ရွှယ်၏ သွယ်လျသောခါးလေးကို ဖက်တွယ်လျက် နတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ဧရာမ ခန္ဓာကိုယ်ကြီးရှိရာသို့ ခေါ်ဆောင်လာပြီးနောက် သူမကို ညင်သာစွာ လွှတ်ပေးသည်။

"မြန်မြန်လုပ်လေ။"

ကျီရှန်းသည် ပိုင်ချူးရန်၏ ခါးပေါ်မှရှိသော သူ့ ဦးခေါင်းခွံကို စိုးရိမ်တကြီး ခါရမ်းလျက် အလျင်စလို တိုက်တွန်း၏။ "ဒီခန္ဓာကိုယ်ကြီးက အရမ်းကို အဖိုးတန်တာ။ အဲဒါကို လက်နက်အဖြစ် သန့်စင်လိုက်။ အဲ့တာဆို လောကမှာ ပြိုင်ဘက်ကင်းတဲ့ မှော်လက်နက်တစ်ခု ဖြစ်လာမှာ အသေအချာပဲကွ။"

ထိုစကားကို ကြားသောအခါ ပိုင်ချူးရန်သည် စစ်မှန်သော ချီစွမ်းအင်ကို နှိုးဆွရန် လက်များကို အလျင်အမြန် လှုပ်ရှားပြီး ပင်လယ်ပြင်ထက်၌ ရွှေရောင်သွေးများ ယိုစိမ့်ကာ လွင့်မျောနေသော ခေါင်းများကို လှမ်းယူလေသည်။

ဤမှော်လက်နက်များသည် ပိုင်ချူးရန်ကိုယ်တိုင်အတွက် အသုံးမဝင်လှသော်ငြား စုရှန်ရွှယ်အတွက်မူ အလွန်တရာ အသုံးဝင်လှသည်။

သူမသည် အသက်အန္တရာယ်ကိုပင် ပဓာနမထားဘဲ သူနှင့်အတူ နတ်ဆိုးနယ်မြေသို့ လိုက်ပါလာကာ း နတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ဂူဗိမာန်ကို ရှာဖွေပေးခဲ့သည် မဟုတ်ပါလား။

ထို့အပြင် ဤခန္ဓာကိုယ်ကြီး၏ ဧရာမ အရွယ်အစားအရ သန့်စင်ပြီးပါက မှော်လက်နက်တစ်ခု၊ နှစ်ခုထက်မက ရရှိနိုင်မည်မှာ အသေအချာပင်။

အချိန်တန်လျှင် ထိုအရာအားလုံးကို ပြန်လည်သယ်ဆောင်သွားကာ ယုံကြည်ရသူများထံ လွှဲပြောင်းပေးနိုင်မည်။ ဤသည်မှာ ကျိုကျိုး နယ်မြေဆယ်ခုရှိ ကျင့်ကြံခြင်းကမ္ဘာအတွက် များစွာသော အင်အားဖြည့်တင်းမှုတစ်ရပ်ပင် ဖြစ်လာနိုင်၏။

"လာ... ဖန်တီးရမယ့် နည်းလမ်းကို ငါ သင်ပေးမယ်။ မင်းဘာသာမင်း စိတ်ကူးရှိသလို ဖန်တီးလို့ရတယ်။"

ပိုင်ချူးရန်နှင့် အချိန်အတန်ကြာ အတူနေထိုင်ပြီးနောက်တွင် ကျီရှန်းသည်လည်း သူ၏စရိုက်ကို ကျွမ်းဝင်နေပြီဖြစ်ရာ ပိုင်ချူးရန်အား မှော်မန္တန်ကျင့်စဉ်တစ်ခုကို အလျင်အမြန် ရွတ်ဆိုပြသည်။

ဤကျင့်စဉ်မှာလည်း မြေကမ္ဘာအင်မော်တယ်ခေတ်မှ ဆင်းသက်လာခြင်းပင်။ ထိုအရာအား သက်ရှိပစ္စည်းများကို အသုံးပြုကာ အဆင့်မြင့်အင်မော်တယ် ရတနာများ ထုဆစ်ဖန်တီးရာတွင် အဓိက အသုံးပြုလေ့ရှိသည်။ သေချာသည့်အရာမှာ စစ်မှန်သော ချီစွမ်းအင် သို့မဟုတ် အင်မော်တယ် စွမ်းအင်ဖြင့်သာ အသက်သွင်းနိုင်၏။

သို့ရာတွင် ကျီရှန်း ရွေးချယ်ပေးသော မှော်မန္တန်မှာ ပြုပြင်ပြောင်းလဲရန် ပိုမို လွယ်ကူလှသည်။ ပိုင်ချူးရန်သည် အတန်ကြာ စမ်းသပ်လေ့လာပြီးနောက် မှော်မန္တန်၏ အာနိသင် လက်ကွက်မန္တန်များကို တက်ကျွမ်းသွားသည်။

ပိုင်ချူးရန် ခေတ္တမျှ တွေးပြီးနောက် သူ့ သိုလှောင်ရေးအိတ်ထဲမှ ပန်းချီကားလိပ်တစ်ခုကို ဖြန့်ချလာ၏။ ထိုအရာသည် ဝက်ဝံဖြူဘုရင်က သူ့အား ထောင်ချောက်ဆင်ရန် ကြိုးစားခဲ့သော မှင်ရည်ဖြန်းပန်းချီကားပင်။

ဤကဲ့သို့သော အသက်အန္တရာယ် ပေးနိုင်သည့် လက်နက်မျိုးကို ဝက်ဝံဖြူဘုရင်၏ လက်ထဲတွင် ဆက်လက်ထားရှိရန် သူ ခွင့်ပြုမည်မဟုတ်ပေ။ ထို့ကြောင့် သူ့ကို အနိုင်ယူပြီးနောက် ပိုင်ချူးရန်သည် ထိုပန်းချီကားလိပ်ကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ကျီရှန်း၏ အကဲခတ် စစ်ဆေးမှုမှတစ်ဆင့် မှင်ရည်ဖြန်း ပန်းချီကားအတွင်းရှိ အင်မော်တယ်ရတနာ၏ ဖွဲ့စည်းပုံကို ပိုင်ချူးရန် အသေးစိတ် သိရှိခဲ့သည်။ ထိုရတနာမှ ရရှိခဲ့သော အစီအရင်ဖွဲ့စည်းပုံအချို့ကို ဤလက်နက်ဖန်တီးခြင်း လုပ်ငန်းစဉ်၏ စိတ်ကူးထဲသို့ ထည့်သွင်းနိုင်၏။

စိတ်ကူးအကြံဉာဏ်များ တဖြည်းဖြည်း ပီပြင်လာပြီးနောက်တွင်မူ ပိုင်ချူးရန်သည် မီးတံဆိပ်တုံးကို တပ်ဆင်ကာ မှော်လက်နက်များကို စတင်သန့်စင်သည်။

သူ ပထမဦးဆုံး ဖန်တီးသန့်စင်ခဲ့သောအရာမှာ နတ်ဆိုးဧကရာဇ်ဘိုးဘေး၏ နဂါးအကြောတစ်ခုနှင့် နဂါးခေါင်းနှစ်လုံးကို ရယူကာ ပြုလုပ်ထားသော နဂါးခေါင်း နွေဦးမိုးစောင်းတစ်လက်ပင်။ ဤသည်မှာ စုရှန်ရွှယ်အတွက် အထူးရည်ရွယ်၍ ဖန်တီးသန့်စင်ပေးသော မှော်လက်နက်တစ်ခု ဖြစ်လေသည်။

စုရှန်ရွှယ်၏ ယခင် နတ်ဆိုးစောင်းမှာလည်း အရည်အသွေးမြင့် မှော်လက်နက်တစ်ခု ဖြစ်သော်ငြား အင်မော်တယ်ဧကရာဇ်အဆင့်ရှိ ကနဦးနတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ခန္ဓာကိုယ်မှ ဖန်တီးထားသော ဤရတနာနှင့် ယှဉ်လိုက်ပါက သိသိသာသာ နိမ့်ကျ၏။

ပိုင်ချူးရန်၏ စိတ်ကူးအရ ဤနဂါးခေါင်းစောင်းကို ဖန်တီးပြီးစီးသွားပါက စောင်းကြိုးများကို ညင်သာစွာ ခတ်လိုက်ရုံမျှဖြင့် မိုးကြိုးနှင့် မီးတောက်များကို ဆင့်ခေါ်နိုင်မည်ဖြစ်သည်။ ထိုအရာကို အသုံးပြု၍ အသံလှိုင်းစွမ်းအားကို နှိုးဆွနိုင်ပြီး အသံလှိုင်းအတွင်း၌ နဂါးဟိန်းဟောက်သံများပါ ရောယှက်နေမည်ဖြစ်ရာ အဖျက်စွမ်းအားမှာ အလွန်တရာ အံ့မခန်း ဖြစ်ပေလိမ့်မည်။

နဂါးခေါင်းစောင်း ဖန်တီးခြင်းမှာ အလျင်အမြန်ပင် ပြီးစီးသွား၏။ ပိုင်ချူးရန်သည် စုရှန်ရွှယ်အား စမ်းသပ်တီးခတ်ခိုင်းကြည့်ရာ စွမ်းအားမှာ မျှော်လင့်ထားသည့်အတိုင်း အတိအကျပင် ဖြစ်နေသည်။

ဆင့်ခေါ်လာသော ကောင်းကင်မိုးကြိုးသည် ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ မိုင်အနည်းငယ် အကွာအဝေးမှ လှိုင်းလုံးကြီးများကိုပင် ဖြတ်တောက်ချေမှုန်းနိုင်စွမ်း ရှိလေ၏။ ထိုအရာသည် နတ်ဆိုးဧကရာဇ်၏ ဒေါသတကြီး ဟိန်းဟောက်သံကဲ့သို့ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ပိုင်ချူးရန်သည် နဂါးဂျိုများကို အသုံးပြု၍ သူမအတွက် ကိုယ်ပိုင် ရွှေဆံထိုးတစ်ခုကိုလည်း ဖန်တီးပေး၏။ စုရှန်ရွှယ်သည် ဤလက်ဆောင်များကို ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီးနောက် ပိုင်ချူးရန်အတွက် သန့်စင်ပြီးသား ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ကူညီပင့်မပေးသည်။

မည်သို့ပင်ဆိုစေကာမူ သူမ၏ ခြေရင်း၌ လဲလျောင်းနေသော ဤရုပ်အလောင်းမှာ သူမ၏ စစ်မှန်သော ဘိုးဘေးပင်။ ယခု စုရှန်ရွှယ် လုပ်နေသောအရာမှာ ပြင်ပလူကို ကူညီ၍ ဘိုးဘေးအား လှည့်စားကာ ဘိုးဘေး၏ ခန္ဓာကိုယ်ကို အသုံးပြု၍ လက်နက်ဖန်တီးခြင်းဖြစ်၏။

သို့သော် ဤသို့လုပ်ရက်မှာ နတ်ဆိုးကျင့်ကြံသူတစ်ဦး လုပ်သင့်သည့် လုပ်ရပ်မျိုးဟု ထင်မှတ်ရသည်။

All Chapters