အခန်း ၁၂၄
Vol. 9 Ch. 124
အပိုင်း (၁၂၄) သူရဲကောင်းက မိန်းမလေးကိုကယ်ခြင်း
လမ်းနှင့် မျက်နှာချင်းဆိုင်က နှစ်ထပ်စားသောက်ဆိုင်တစ်ခုတွင် ဇကာကွက်ပြတင်းပေါက်တစ်ခုသည် တစ်ဝက်ခန့် ပွင့်နေ၏။ အဝါခြောက်ရောင် လက်ကျဥ်းအင်္ကျီကို အဖြူရောင် စကပ်အကွဲနှင့် တွဲဝတ်ထားသည့် မိန်းကလေးတစ်ယောက်သည် ခပ်သင်းသင်း ဆူးနှင်းဆီနံ့လက်ဖက်ရည် ခွက်တစ်ခုကို ကိုင်ထားပြီး ဖြည်းညင်းစွာ သောက်နေလေသည်။ မျက်နှာချင်းဆိုင်လမ်းပေါ်က ဇာတ်လမ်းက အံ့ဩစရာကောင်းလှသည့် ပြဇာတ်တစ်ခု ဖြစ်နေသည့်နှယ်။
“ မမလေး ဒီသူဌေးချန်းက အကူအညီပေးလိမ့်မယ်ဆိုတာ ဘယ်လိုသိတာလဲ၊ သူသာ မကယ်လိုက်ရင် မမလေးရဲ့အစီအစဥ်လည်း ပျက်သွားတော့မှာမလား”
အကြီးဆုံးမမလေးဘေးတွင်ရပ်နေသည့် ချိုးဖန်က နတ်ဘုရားတစ်ပါးက မြေပြင်ပေါ်သို့ ဆင်းသက်သည်ကို တွေ့လိုက်ရသည့်နှယ် အလွန်ကြည်ညိုပြီး သံသယကင်းစွာ အကြီးဆုံးမမလေးကို ကြည့်လိုက်လေသည်။
ယိုကျင့်က လက်ထဲက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အပြင်ဘက်က မပြီးဆုံးသေးသည့် ပြဇာတ်ကို ဆက်ကြည့်နေလိုက်သည်။ ရယ်သံခပ်သဲ့သဲ့ဖြင့် သူမက ပြန်ဖြေလိုက်၏။
“ မပျက်ပါဘူး၊ သူဌေးချန်က ဒီအတိုင်း ခန့်မှန်းချက်တွေထဲက တစ်ခုပါလေ၊ သူ ဝင်မပါဘူးဆိုရင်တောင် သူအရိုက်ခံရတာကို မြင်ရတာနဲ့တင် ပျော်နေပြီ”
သူမ၏လက်ရှိ အင်အားနှင့်ဆိုလျှင် လော့ဟယ်တွင် ဝမ်ညန်ကဲ့သို့ အခြေအမြစ်မရှိ မိသားစုမရှိ မိတ်ဆွေမရှိသည့် ဇာတ်ကောင်လေးတစ်ခုကို ပျောက်ကွယ်သွားအောင် ပြုလုပ်ဖို့ရန် မခက်ခဲချေ။ သူမသည် သည်ကိစ္စကို ချက်ချင်းဖြေရှင်းလိုက်ဖို့ရာ ပြန်စဥ်းစားမိလိုက်လေသည်။ ထို့ကြောင့် သူမက သည်နည်းလမ်း သုံးဖို့ စိတ်ကူးရလာခဲ့တော့သည်။
ချိုးဖန်သည် သူမ၏ မမလေးအစီအစဥ်ကို လုံးဝမရိပ်မိချေ။ ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောလိုက်သည့် စကားကို ကြားလိုက်ရတော့ သူမသည် မတတ်သာတော့ဘဲ သူမ မမလေး၏မှော်ဆန်လှသည့် ဦးနှောက်ကို နားလည်မှုအသစ်တစ်ခု တိုးသွားတော့သည်။
“ ဘာပဲဖြစ်ဖြစ်နော် မမလေးမှာ အမြဲတမ်း နည်းလမ်းတစ်ခုတော့ ရှိတယ်”
သခင်နှင့် အစေခံတို့သည် ဘာမှဆက်မပြောကြတော့ဘဲ ဖန်တရာတေနေပြီး ရှေးကျလှသည့် သူရဲကောင်းက မိန်းမလှကို ကယ်နေသည့်မြင်ကွင်းကို ဆက်စောင့်ကြည့်နေလိုက်ကြတော့သည်။
“ ရှင် ရှင် ရှင်ဘယ်သူလဲ”
လောင်ဝူလင်း၏မိန်းမသည် မျက်နှာပြောင်လှသော်လည်း အမြင်မရှိသူတော့ မဟုတ်ချေ။ သူမရှေ့က လူသည် လူချမ်းသာတစ်ယောက်မှန်း သိသာလေသည်။ သူမသည် သူ့ကို အပြစ်ပြုမိလျှင် ရလဒ်ကောင်း ရှိလာမည် မဟုတ်ပေ။
သူဌေးချန်းက လောင်ဝူလင်း၏မိန်းမကို ကြည့်လိုက်ပြီး ဘာမှ မပြောချေ။ သူက ရှေ့တိုးသွားပြီး အင်မတန် ယောင်ကိုင်းနေသည့် ဝမ်ညန်ကို တွဲထူလိုက်ကာ ညင်ညင်သာသာဖြင့် မေးလိုက်လေသည်။
“ အမျိုးသမီးလေး အဆင်ပြေရဲ့လား”
သူသည် သူမ၏အဝတ်အစားများက မြေကြီးပေါ်တွင် ဖိချေခံထားရသဖြင့် ပေကျံနေသည်ကို မမှုသလို သူမကို လက်မောင်းကနေ တွဲထူလိုက်ချိန်၌ ယောက်ျား မိန်းမကြားက ထားရမည့်အကွာအဝေးကိုလည်း ဂရုမစိုက်ချေ။ လူချမ်းသာများ၏ နူးညံ့သည့်အသံသည် ကြည့်ရှုနေသူ မိန်းမများ၏စိတ်ကို တခြားလူယောက်ျားအား မြှူဆွယ်ခဲ့သည့် သည်မြေခွေးမအား အားကျကာ မနာလို ဖြစ်သွားစေတော့သည်။
“မြေခွေးမ ဖြစ်နေတာလည်း မဆန်းပါဘူး၊ ဒီလောက်အထိ ရိုက်ခံထားရတာတောင်မှ ယောက်ျားတစ်ယောက်ကို မြှူဆွယ်ဖို့ မမေးဘူး”
ထိုစကားကို မည်သူက စပြောလိုက်မှန်း မသိချေ။ ထိုအသားအရေ ညိုညစ်နေသည့်မိန်းမများသည် တစ်ယောက်ပြီးတစ်ယောက် တီးတိုး ပြန်ပြောနေကြတော့သည်။
“ ဟုတ်ပါ့ဟယ် တကယ့်မြေခွေးမပဲ”
“အပုပ်မ အဲဒီဖိနပ်စုတ်ကြီးကို လူဘယ်နှစ်ယောက်တောင် စီးပြီးပြီလဲ ဘယ်သူက သိမှာလဲ”
“ အသက်ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်ကြီးကို ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်မ အခု အခြေအနေက ခက်ခဲနေလို့ပါ၊ ကျေးဇူးရှင်ကြီးဆို ဆွဲချဖို့ မရည်ရွယ်ပါဘူး၊ ကျေးဇူးရှင်ကြီး ကျေးဇူးပြုပြီး မြန်မြန် သွားပါတော့နော်”
ဝမ်ညန်သည် ချိနဲ့စွာဖြင့် သူဌေးချန်း၏လက်မောင်းကို တွဲထားလေသည်။ မျက်ရည်ဝဲနေသည့် တဖျတ်ဖျတ်မျက်လုံးအစုံက ငိုကြွေး ညည်းညူနေသည့်နှယ် သူ့ကို ကြည့်နေ၏။ ထောက်ထားညှာတာတတ်သည့် ပန်းလေး၏ နာဝင်ချိုလှသည့် တီးတိုးသံက သူဌေးချန်းကို အသည်းတယားယား ဖြစ်စေရန် လုံလောက်လေသည်။ သူသည် သူ့အရိုးများထဲတွင် သူမကို ညှစ်ပစ်ချင်စိတ် ပေါက်သွားတော့သည်။ သူသည် ဒီလိုနူးညံ့လှသည့်မိန်းမတစ်ယောက်ကို သည်ရူးနေသည့်မိန်းမများက အနိုင်ကျင့်နေသည်ကို အဘယ်သို့ ခွင့်ပြုရက်ပါမည်နည်း။
ထို့နောက်တွင်တော့ ဝမ်ညန်ကို သူဌေးချန်းက တင်းတင်းကြပ်ကြပ် ဖက်ထားသည်ကို တွေ့လိုက်ရတော့သည်။ သူမသည် သူဌေးချန်းနောက် ဖြည်းဖြည်းလေး လိုက်သွားပြီး စင်ပေါ်မှ ထွက်ခွာသွားလေတော့သည်။ သူ့ကိုယ်ပိုင်အစေခံနှစ်ယောက်က ဆက်ပြီး ပြဿနာရှာချင်နေသေးသည့် လောင်ဝူလင်း၏မိန်းမနှင့် စာရင်းရှင်းရန် နောက်တွင် နေခဲ့လေသည်။ သူရဲကောင်းက မိန်းမလှလေးကို ကယ်ခြင်း ပထမအပိုင်းသည် နောက်ဆုံးတော့ ပြီးဆုံးသွားတော့သည်။
လောင်ဝူလင်းမှာတော့ သူ့မိန်းမက သူတိတ်တိတ်ပုန်း ပန်းကလေးအား လမ်းပေါ်တွင် ရိုက်နှက်နေသည်ဟု ကြားလိုက်ရလေသည်။ တစ်ချိန်ထဲတွင် သူက ထိုနေရာကို အမောတကော ပြေးလာချိန် ပုံမှန်ဆိုလျှင် သူ့လက်မောင်းထဲတွင် တိုးဝေ့နေတတ်သည့် ထိုပန်းကလေးက တခြားသူ ရင်ခွင်ထဲရောက်နေသည်ကို ခံစားလိုက်ရတော့သည်။ သူ့စိတ်ထဲတွင် စိတ်ဆင်းရဲမှုများ တိုးလာလေတော့ည်။
လောင်ဝူလင်း၏မိန်းမက သူ့ကို တွေ့လိုက်ချိန်တွင်တော့ သူမသည် ဆာလောင်နေသည့် ကျားတစ်ကောင်က သိုးငယ်လေးတစ်ကောင်ကို ခုန်အုပ်လိုက်သည့်နှယ် သူ့အပေါ်သို့ ခုန်တက်လိုက်တော့သည်။ သူမသည် သူ့လည်ပင်းအနားကို ဆွဲရင်း အော်ဟစ်ငိုကြွေးနေတော့သည်။
“ လောင်ဝူလင်း အသိတရားမရှိတဲ့ အသည်နှလုံးမဲ့သူကြီး၊ ဒီမိန်းမက ရှင်နဲ့ ဒီနေ့အထိ သေအတူရှင်မကွာ နေလာတာလေ၊ ကျွန်မမှာ ရှင်တို့လင်းမိသားစုအတွက် ကလေးလည်းမွေးပေးရသေး၊ ရှင့်အိမ်က မသေနိုင်သေးတဲ့ဟာတွေကိုလည်း ပြုစုရသေး၊ ရှင်နဲ့အတူတူ နှစ်တွေအကြာကြီး သည်းခံရလာခဲ့ရတာ၊ ရှင်က ကျွန်မနောက်ကွယ်မှာ တကယ်ပဲ မြေခွေးမတစ်ယောက်ကို တွေ့နေတာကိုး”
ဝမ်ညန်ကို ဆုံးရှုံးလိုက်ရသည့် လောင်ဝူလင်းသည် ဝမ်းနည်းကြေကွဲနေတော့သည်။ အခုတော့ နှာရည်မျက်ရည်များနှင့် ဖွံ့ထွားလှသည့် မိန်းမကြီးတစ်ယောက်၏ ဆွဲခေါ်သွားသည်ကို ခံလိုက်ရတော့ သူ၏ ယောက်ျားအတ္တမာနက ပျောက်ဆုံးသွားသလို ခံစားလိုက်ရတော့သည်။ သူသည် သူ့မိန်းမကို တွန်းထုတ်လိုက်ပြီးနောက် ခပ်ပြင်းပြင်း ပါးရိုက်ပစ်လိုက်တော့သည်။
“ အပေါက်ဆိုးတဲ့မိန်းမ ငါ မင်းကို သည်းမခံနိုင်တော့ဘူး ဒီနေ့ ငါမင်းနဲ့ ကွာရှင်းပြီ”
လောင်ဝူလင်း၏မိန်းမသည် ထိုစကားကို ကြားလိုက်သည်နှင့်ချက်ချင်း စက္ကူကျားတစ်ကောင် ဖြစ်သွားကာ အားအင်များ ကုန်ခမ်းသွားတော့သည်။ ကြောင်အမ်းအမ်းနှင့် မြေကြီးပေါ်တွင်ထိုင်ချရင်း စတင် ငိုကြွေးလေတော့သည်။
“ လောင်ဝူလင်း ရှင် ကျွန်မကို ဒီလိုဆက်ဆံရဲတယ်ပေါ့လေ၊ ကျွန်မမှာ ဒီမိသားစုအတွက် ဆယ်နှစ်ကျော်လုံးလုံး အများကြီး လုပ်ပေးလာခဲ့ရတာ ၊ ရှင်ကတော့ လူထောင်ပေါင်းများစွာ စီးထားတဲ့ မြေခွေးမတစ်ကောင်ကြောင့် ဒီနေ့ကျွန်မကို ကွာရှင်းတော့မယ်ပေါ့လေ”
လမ်းထောင့်တွင် ဝမ်ညန်၏ ပုံရိပ်ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ယိုကျင့်သည် လင်မယားနှစ်ယောက်၏ သရုပ်ပျက်လောက်အောင် ဖြစ်နေပုံကို ဆက်မကြည့်တော့ဘဲ တစ်ဖက်သို့ လှည့်လိုက်လေသည်။ သူမသည် သူမ၏မျက်လုံးများကို မှိတ်ထားလိုက်၏။ သူမသည် နောက်ထပ်ပြဇာတ်ကောင်းတစ်ခုကို စောင့်စားနေလိုက်တော့သည်။
***
“ ကျွန်မ အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင် ကျွန်မ ဘယ်လိုမှ ဆပ်လို့ကုန်တော့မှာ မဟုတ်ပါဘူး”
ဆေးခန်းထဲတွင် ဆေးစည်းပြီးနောက် မျက်ရည်လည်နေသည့် ဝမ်ညန်က ဘေးတွင် ထိုင်နေသည့် သူဌေးချန်းကို ကျေးဇူးတင်စကား ဆိုလိုက်၏။
“ ကျွန်မနာမည်က ပျက်စီးပြီးသားပါ၊ ကျေးဇူးရှင်ကြီးကို ဆွဲမချနိုင်ပါဘူး၊ ကျေးဇူးရှင်ကြီးရဲ့ ဂုဏ်သိက္ခာ စွန်းထင်းရရင် ကျွန်မ အပြစ်ပါပဲ”
သူဌေးချန်းသည် မကြာခဏဆိုသလို လှစ်ခနဲ ပေါ်လာတတသည့် သူမ၏နူးညံ့သည့်ခါးကို ကြည့်ရင်း သူ့အမူအရာက ရီဝေလာတော့သည်။ ဝမ်ညန်ကိုကြည့်ရင်း သူက နှစ်သိမ့်ပေးလိုက်လေသည်။
“ ရပါတယ်လေ အမျိုးသမီးလေးက ဘယ်မှာနေတာလဲ၊ ကျွန်တော် မင်းကို ပြန်ပို့ပေးပါရစေ၊ မဟုတ်ရင် မင်းမိသားစုက စိတ်ပူနေတော့မယ်”
“ သိပ်မကြာခင်ကပဲ ကျွန်မရဲ့အိမ်ဦးနတ်က ဆုံးပါးသွားပြီး မုဆိုးမနဲ့ လူမမယ်လေး ကျွန်မတို့ကို ချန်ရစ်ခဲ့တာ၊ ကျွန်မက သားတစ်ယောက်ကို တစ်ယောက်ထဲ မွေးနေရတာပါ၊ ငွေလေး နည်းနည်းလျှော့သုံးချင်လို့ စျေးသည်ကို စကားနည်းနည်းပြောကြည့်တာ မမျှော်လင့်ဘဲ သူ့မိန်းမက ကျွန်မကို အထင်လွဲသွားတယ်လေ၊ အခုတော့ ကျွန်မရဲ့နာမည်ကလည်း ရစရာ မရှိတော့ပါဘူး၊ ဒီလောကမှာ ဘယ်လိုမျက်နှာနဲ့ ကျွန်မဆက်နေနိုင်တော့မှာလဲ”
ဝမ်ညန်သည် စကားပြောလေလေ ပိုပြီးစိတ်လှုပ်ရှားလေလေ ဖြစ်လာတော့သည်။ နောက်ဆုံးတွင် ဆေးခန်းက လုပ်ထားပေးသည့် ခုတင်ပေါ်သို့ လဲချလိုက်ကာ တရှုံ့ရှုံ့ငိုလေတော့သည်။ အစောပိုင်းက လှစ်ခနဲပေါ်နေသည့် ခါးသည် အခုတော့ လုံးဝပေါ်သွားပြီး သူဌေးချန်း၏မျက်လုံးထဲသို့ ဝင်လာတော့သည်။
သူဌေးချန်းသည် ပန်းများနှင့် အတွေ့အကြုံများစွာ ရှိလေပြီးလေသည်။ သူသည် သည်အခြေအနေကို နားမလည်ဘဲ အဘယ်မှာ ရှိပါမည်နည်း။ ရမ္မက်ပြင်းထန်နေသည့်လက်တစ်ဖက်က သူမ၏ခါးပေါ်သို့ ရောက်လာတော့သည်။ ဂရုတစိုက် ချိန်ဆရင်း သူက သိမ်သိမ်မွေ့မွေ့ ပြန်ပြောလိုက်၏။
“ အမျိုးသမီးလေးရယ် ဒါကို စိတ်ထဲ ထားဖို့မလိုပါဘူး၊ ကျွန်တော်က မားမားမတ်မတ် ရပ်တည်ပေးနိုင်ပါတယ်၊ ပြီးတော့ အဲဒီလျှာရှည်ပြီး အတင်းပြောတတ်တဲ့မိန်းမတွေကိုလည်း ကျွန်တော်က မကြောက်ပါဘူး”
ဝမ်ညန်သည် သူ့ကို ကျောပေးထားသော်လည်း ထိုယောက်ျားထံက အနွေးဓာတ်ကို ခံစားမိနိုင်လေသည်။ သူမ၏နှလုံးသားက မွှန်ထူသွားပြီး သူမ၏နှုတ်ခမ်းကလည်း မဲ့ပြုံးတစ်ခု ပေါ်လာတော့သည်။ ဒါကမှ ယောက်ျားပဲ။ လောင်ဝူလင်းက ပိန်လိုက်တာမှ အသားတောင် မရှိဘူး။ သူသာ သူမကို နည်းနည်းလောက် ထောက်ပံ့ပေးနေတာ မဟုတ်ရင် ဒီလိုလူမျိုးနဲ့ အဆက်အဆံ မလုပ်ချင်ခဲ့ပါဘူးနော်။ ကြည့်လိုက်တာနဲ့ ဒီလူက အကောင်းစားအဝတ်အစားတွေ ဝတ်ထားမှန်း သိနေရမယ်လေ။ သူ့ခါးပေါ်မှာ ကျောက်စိမ်းဆွဲပြားနှစ်ခု ချိတ်ထားတယ်၊ ဒါက လူချမ်းသာတစ်ယောက်ဆိုတာ ပြနေတာပဲ။ သူ့ကို တွယ်ကပ်ထားတာက လောင်ဝူလင်းထက် အများကြီးသာတယ်။ ပြီးတော့ သူမက စုမိသားစုရဲ့ ပိုင်ဆိုင်မှုကို သိမ်းယူချင်တယ်ဆိုရင် တစ်ယောက်ထဲ လုပ်လို့ မဖြစ်နိုင်ဘူးလေ။ သူမရဲ့ ရှေ့ကလူက ကောင်းမွန်တဲ့ရွေးချယ်မှု တစ်ခု ဖြစ်လိမ့်မယ်။
ထိုနေ့ကစပြီး ယောက်ျားက ချစ်မြတ်နိုးကာ မိန်းမက လိုလားသဖြင့် နှစ်ယောက်သည် အဆက်အသွယ် ရှိလာတော့သည်။ သူဌေးချန်းနှင့် ဝမ်ညန်တို့သည် အမှန်တကယ် ချိတ်မိသွားကြတော့သည်။
လတ်တလောတွင် ဝမ်ညန်သည် တော်တော်အဆင်ပြေပြေ ရှိလှသည်ဟု ဆိုရမည်။ ချစ်သူအသစ်နှင့် လူချမ်းသာတစ်ယောက် ပိုင်ဆိုင်ထားရာ သူမနှင့် သူမ၏သားတို့သည် မြို့အနောက်ဘက် ကောကျားလမ်းကြားရှိ ခြံအသစ်တစ်ခုကို ငှားရမ်းနေထိုင်လေသည်။ ခြံက မကြီးလှသော်လည်း အပြင်က ကျိုးပဲ့နေသည့်တဲအိမ်လေးထက်တော့ အများကြီးကောင်းလေသည်။ သူဌေးချန်းက သူမကို ပြုစုပေးရန် လျှော်ဖွတ်ပေးရန်နှင့် ချက်ပြုတ်ပေးရန် အစေခံတစ်ယောက် ငှားပေးထားသည်ကတော့ ပြောရန်ပင် မလိုချေ။
“ အဝတ်တွေ မြန်မြန်လျှော်ဟဲ့၊ ပြီးရင် စားစရာယူလာခဲ့အုံး”
ပင်မဆောင်ထဲတွင် ထိုင်ရင်း ဝမ်ညန်သည် အလွန်ဝင့်ကြွားကာ ပိုးသားနှင့် ကြာပန်းထိုးထားသည့် အဝတ်အစားအသစ်ကို ဝတ်ဆင်ထားလေသည်။ အစေခံဖန်းမှာ အမိန့်များကြားတွင် လုံးချာလိုက်နေတော့သည်။ အလုပ်များလွန်းသဖြင့် ချွေးပျံနေသည့် အစေခံဖန်းကို မြင်လိုက်ရတော့ သူမသည် စိတ်ချမ်းသာသွားလေသည်။ အစေခံဖန်း၏ လက်နှင့် ခြေများက နည်းနည်းလောက် နှေးကွေးသွားလျှင် သူမက ရိုက်နှက် ဆဲဆိုတော့သည်။
“ နင် မစားမသောက်ရလို့လား ဘာလဲ၊ ဒီလောက် ကြမ်းတမ်းပြီး နမော်နမဲ့နဲ့ ခြေလက်တွေနဲ့၊ သတိထား၊ ငါနင့်ကို ရှင်းထုတ်ပစ်မိမယ်”
အစေခံဖန်းသည် သူမ၏ကြာပွတ်နှင့် ရိုက်ခံထားရသည့်လက်မောင်းကို ဖုံးထားလိုက်လေသည်။ ခေါင်းငုံ့ကာ ဟုတ်ကဲ့ တစ်လုံးသာ ပြောရတော့သည်။ သူမ၏လက်များက တစ်ချက်လေးမှ မနားရဲချေ။ သူမသည် သည်ကြွားလုံးများနှင့် သခင်၏ဆူပူမှုကို အကြိမ် ၈၀၀ မက ခံခဲ့ရပြီးဖြစ်လေသည်။
“အငယ်နှောင်းလို့ မသိမှာစိုးလို့လား၊ သူမကို ဆက်ဆံလိုက်ပုံများ အရှက်မရှိ သိက္ခာမရှိတဲ့ ဟာမပဲ”
ဝမ်ညန်သည် သူမ၏နောက်ကွယ်တွင် အစေခံက သူမကို မည်မျှဆဲရေးနေမည်ကိုတော့ သိလိမ့်မည် မဟုတ်ပေ။ အခုမှ သူမမှာ ပျော်နိုင်တော့တာလေ။ သူမဘဝမှာ ဘယ်တုန်းကမှ ကောင်းကောင်းနေခဲ့ရတာ မဟုတ်ဘူး။ သူမ အပျိုရံဖြစ်တုန်း သခင့်အိပ်ရာပေါ် တက်ခဲ့တုန်းကတောင် တစ်ရက်လေးတောင် မပျော်လိုက်ရဘဲ အဲဒီကျားလို မိန်းမရဲ့ အိမ်ကနေ မောင်းထုတ်ခံလိုက်ရတာ။ နောက်ပိုင်း ယွဲ့ချန်လုနောက် လိုက်သွားတုန်းက တခြားလူတွေရဲ့ အပေါ်ကလူ ဖြစ်လာတဲ့အထိ သည်းခံနိုင်မယ်လို့ ထင်ခဲ့တာပေါ့။ မမျှော်လင့်ဘဲ ယွဲ့ချန်လုက လော့ဟယ်မှာ နေစရာရှာရင်း ပျောက်သွားခဲ့တယ်။ လောင်ဝူလင်းကတော့ ဝမ်ညန်က သူနဲ့ အဲလောက်ကြီး ပတ်သက်ချင်ခဲ့တာ မဟုတ်ဘူးရယ်။
ပိုအရေးကြီးတာက သူဌေးချန်က အရမ်းကို သဘောကောင်းတယ်လေ။ သူမက ငိုယိုပြီး စုမိသားစုကို နေ့တစ်ဝက်လောက် ဒုက္ခပေးမှာ လျန်၂၀ပဲရတာ။ အဲဒီအကြောင်းကို စဥ်းစားလိုက်မိမှာ သူမ သူဌေးချန်းနဲ့ နေလာတာ လဝက်တောင် ရှိပြီပဲ။ သူက သူမအတွက် ခြံအသစ်တစ်ခု ငှားပေးပြီး အစေခံတစ်ယောက်လည်း ရှာထားပေးသေးတယ်လေ။
သူမသည် ထိုအကြောင်းစဥ်းစားလေလေ ဂုဏ်ယူမိလေလေ ဖြစ်နေတော့သည်။ ဝမ်ညန်သည် အခုတော့ ကိစ္စများက အဆိုးဆုံးကို ကျော်လွှားခဲ့ပြီးပြီဟု ခံစားမိလိုက်လေသည်။ ပင်မဆောင်တွင် ပျော်ရွှင်စွာ ထိုင်ရင်း ခြံအပြင်ဘက်တွင် ကစားနေသည့် သားဖြစ်သူကို ကြည့်လိုက်လေသည်။ ရွှင်မြူးနေသည့်စိတ်ကြောင့် သီချင်းပင် ညည်းမိလိုက်လေသည်။ ဘဝက တကယ် အံ့ဩဖို့ကောင်းလိုက်တာ။
သူဌေးချန်းဘက်တွင်တော့ သူ့အကြိုက်နဲ့ ကိုက်သည့် မိန်းမလှလေးတစ်ယောက် ရလိုက်ပြီးနောက် သူသည် သူမကို ချိုသာသည့် စကားလုံးများနှင့် နူးနပ်ကာ သူမကို လက်ဆောင်များလည်း ပေးမည်က ပြောရန်ပင် မလိုချေ။ ဘာပဲဖြစ်ဖြစ်လေ သူ့မှာ ငွေမှမရှာတာပဲ ဟုတ်တယ်မလား။ သူက သူမကို အိမ်ထဲ ခေါ်ဝင်လိုက်တာနဲ့..... ထိုအကြောင်းကို စဥ်းစားရင်း သူဌေးချန်း၏မျက်လုံးများသည် သွားရည်တမြားမြားနှင့် မျှော်လင့်ချက်အပြည့်ဖြစ်နေတော့သည်။
“ ဒီလောက်လှတဲ့မိန်းကလေး ဘယ်လောက်ထိ ခံမလဲ သိချင်လိုက်တာ”
ပူပြင်းလှသည့် ၇လပိုင်းတွင် ဝမ်ညန်သည် ပေါင်းမိုးအပြာရောင် ဝေါယာဥ်လေးတစ်ခုပေါ်တွင် ပျော်ရွှင်စွာ ထိုင်ရင်း မြို့အရှေ့ဘက်က ဆန်ကုန်သည် သူဌေးချန်း၏အိမ်တော်သို့ ဝင်သွားတော့သည်။
အကြီးဆုံးသမီး ပြန်လာကတည်းက မည်သူမှ ပြဿနာ လာမရှာကြတော့ပေ။ အမျိုးသမီးစုသည် လုံးဝ စိတ်အေးသွားတော့သည်။ အခုတော့ အိမ်တွင် သက်တူရွယ်တူ အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်တို့ ရှိလာရာ ပိုပြီး အသက်ဝင်လာတော့သည်။ ရှောင်မိသားစုသည် ထိပ်ဆုံးသို့ ရောက်နေစဥ်က အိမ်တွင် အစေခံ ရာချီရှိခဲ့သည်။ အိမ်၏သခင်မအနေဖြင့် အမျိုးသမီးယွီ၏ စိတ်ဓာတ်နှင့် နည်းလမ်းတို့က တခြားလူများထက် အများကြီး ပိုသန်မာလေသည်။ အမျိုးသမီးစုသည် သူမတွင် အရည်အချင်း ရှိမှန်း သိသဖြင့် နေ့တိုင်း သူမကို လာရှာကာ စကားစမြည်ပြောတတ်လေသည်။ သူမသည် အမျိုးသမီးယွီကို အိမ်မှုကိစ္စများ ကူညီစီမံပေးရန် တောင်းဆိုခဲ့သည်။ အမျိုးသမီးကျောက်ကတော့ သူမသည် ပညာရှင်မိသားစုမှ မွေးဖွားလာပြီး မြို့တော်၏ လူခံတစ်ယောက် ဖြစ်လေသည်။ သူမသည် ယွိလန်နှင့် တူညီသည့်အချက်များရှိသဖြင့် သူတို့နှစ်ယောက်က အားသည့်အချိန်တိုင်း စစ်တုရင် ကစားတတ်ကြသည်။ ဘဝသည် အလွန် ပျော်စရာကောင်းလေတော့သည်။
“ သူ ထပ်လာတော့မှာ မဟုတ်ဘူးဆိုတာ ဘာကိုပြောတာလဲ”
အမျိုးသမီးစုနှင့် အမျိုးသမီးယွီတို့သည် ဆောင်းတွင်းအတွက် အဝတ်အစားများကို လဲပေးရန် စီစဥ်နေကြလေသည်။ သမီးဖြစ်သူ၏ စကားကို ကြားလိုက်ရတော့ သူတို့သည် သံသယမဝင်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။
“ သူ လော့ဟယ်ကနေ ထွက်သွားပြီလား”
ယိုကျင့်က သွားများပေါ်သည်အထိ ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး ပြန်ဖြေလိုက်၏။
“ သမီး သူ့အတွက် လက်ထပ်ပွဲကောင်းတစ်ခု အောင်သွယ်ပေးလိုက်တယ်၊ သူက ချစ်တဲ့သူနဲ့ လက်ထပ်သွားပြီး ဘရိုကိတ်နဲ့ ကျောက်စိမ်း အဆင်တန်ဆာတွေ ဖြစ်သွားပြီ၊ ဘယ်လိုလုပ်ပြီး သမီးတို့ရဲ့ ငွေနည်းနည်းလေးကို ဘယ်လွမ်းပါအုံးတော့မလဲ”
သူမ၏ ဒုက္ခကို ဆေးဆိုးနေပုံကို မြင်လိုက်ရသည့် အမျိုးသမီးယွီက သူမကို စ,နောက်လိုက်လေတော့သည်။
“ ဒါဆိုရင်တော့ သူ လက်ဆောင်တွေ ယူလာပြီး သမီးကို ကျေးဇူးတင်စကားလာ ပြောသင့်နေပြီမလား”
အမျိုးသမီးယွီသည် ယိုကျင့်နှင့် ခင်မင်လာလေလေ သည်ကလေးမကို ချစ်လာလေလေ ဖြစ်နေတော့သည်။ သူမသည် ကိစ္စများကို ကိုင်တွယ်ရာတွင် ပြတ်သားလေသည်။ ကျေးဇူးတရားနှင့် ရန်ငြိုးရှိလျှင် ပြန်ပေးရလိမ့်မည်။ ရန်ငြိုး တစ်ခုဆိုလျှင်တောင် သူမသည် သတိရနေရုံသာမက သိမ်းထားလိမ့်မည် မဟုတ်ပေ။
အမျိုးသမီးယွီ၏ ကြည်လင်သည့် အပြုံးနှင့် ဘာမှ မသိဖြစ်နေသည့် သူမ၏အမေကို ကြည့်ရင်း ယိုကျင့်သည် သူမ၏အမေဖြစ်သူက အမျိုးသမီးယွီထံတွင် သင်ယူစရာအများအပြား ရှိနေသေးမှန်း ခံစားလိုက်ရတော့သည်။ အနည်းဆုံးတော့ သူမသည် လောကကြီးနှင့် ရင်ဆိုင်ရန် သင်ယူရလိမ့်မည်။ ဆုံးဖြတ်ချက်ပြတ်သားမှုကို သင်ယူခြင်းကလည်း ကောင်းကျိုးတစ်ခုပင်။
…