← Chapters

အခန်း ၁၂၅

Vol. 9 Ch. 125

အခန်း ၁၂၅

Vol. 9 Ch. 125

အပိုင်း (၁၂၅) အဆုံးသတ်

ဝမ်ညန်ဘက်တွင်တော့ ချန်မိသားစု၏ အိမ်တံခါးသို့ ဝင်ရောက်လာပြီးနောက် သူမသည် ကိုယ်လုပ်တော်တစ်ယောက် ဖြစ်သော်လည်း ချန်မိသားစုတွင် တခြားကိုယ်လုပ်တော်များ တစ်ယောက်မှ မရှိကြောင်း သိလိုက်ရလေသည်။ အိမ်၏သခင်မပင် မရှိချေ။ ခဏအတွင်း သူမသည် တစိမ့်စိမ်း တွေးရင်း ပီတိဖြာသွားတော့သည်။ သူမသည် ပိုးနှင့် ဖဲသား အဝတ်အစား အထပ်ထပ်ဖြစ်နေသည့် ယွဲ့ဝမ်ပေါင်ကို ဖက်ထားလိုက်၏။

“ သားရေ အဟား အမေတို့ သားအမိတော့ အသက်ရှင်ပြီ၊ အမေတို့တွေ ဘဝကောင်းကောင်းတစ်ခုမှ နေနိုင်သွားပြီ”

ချန်မိသားစု၏ အစေခံများက သူမ၏နောက်ကွယ်တွင် သနားပြီး ကိုယ်စားချင်းစာသည့် အကြည့်ဖြင့် ကြည့်နေကြသည်ကိုတော့ သူမ သတိမထားခဲ့မိချေ။ ထိုအောက်တန်းစားများက သူမကို မနာလိုဖြစ်နေသည်ဟုသာ မှတ်ယူထားလေသည်။

ချန်မိသားစု၏ အိမ်သို့ဝင်လာပြီး ရက်အနည်းငယ်ကြာတော့မှ ဝမ်ညန်မှာ သူမ မှားသွားမှန်း သဘောပေါက်သွားတော့သည်။ အမှားကြီး မှားသွားလေပြီ။

“ အမလေး သခင်ကြီး ကျေးဇူးပြုပြီး ကျွန်မကို ချမ်းသာပေးပါရှင်”

အနီရောင်ရွှန်းစိုနေသည့် မှန်ဇာအင်္ကျီစမှာ ကြာပွတ်တစ်ခုကြောင့် အစောကြီးကတည်းက အပိုင်းပိုင်း ပြဲသွားလေသည်။ အနီရင့်ရင့်သွေးများက စို့ထွက်လာပြီး မှန်ဇာအင်္ကျီစ၏ မူလအရောင်နှင့် ရောနှောသွားတော့သည်။ မျက်ရည်စီးကြောင်းနှစ်ခုကလည်း ဖူးပွင့်နေသည့်မျက်နှာပေါ်တွင် စီးကျလို့ပင်။ အင်မတန် ဝမ်းနည်းကာ ဆွဲဆောင်မှုရှိသည့် ရုပ်အသွင်က စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် နီမြန်းနေပြီးဖြစ်သည့် သူဌေးချန်၏မျက်လုံးထဲ ဝင်လာပြီး သူ့ကို ပိုလို့ပင် စိတ်ရှားလာစေတော့သည်။ သူသည် လက်ထဲက ကြာပွတ်ကို ဝေ့ယမ်းလိုက်ပြီး ထိုကြာပွတ်က သွေးများ ဖုံးလွှမ်းနေသည့် ဒဏ်ရာများ ဖုံးအုပ်ထားသည့် ဝမ်ညန်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။ ထို့နောက်တွင် နောက်ထပ် စူးရှသည့်အော်သံတစ်ခု ထွက်ပေါ်လာတော့သည်။

“ အားးး”

“မိန်းမလှလေး ကျယ်ကျယ်အော်စမ်းပါ၊ ဟား ဟား ဟား ဟား “

သူဌေးချန်၏ စိတ်လှုပ်ရှားနေသည့် အသွင်ပြင်သည် ဝမ်ညန်၏ မြင်ကွင်းထဲတွင် ပြည့်နေပြီး သူမ၏စိတ်နှလုံးထဲတွင် နက်ရှိုင်းသည့် ချောက်ချားမှုကြီးတစ်ခု ဖြစ်သွားတော့သည်။ သူမ၏ခြေထောက်များ အားလုံးက သူဌေးချန်၏ ထိန်းချုပ်မှု လွတ်မြောက်ရန် ကြိုးစားနေတော့သည်။

“ ကျွန်မကို လွှတ်၊ အမလေး “

...

နောက်တစ်နေ့ မနက်စောစော မနက်ခင်းနေရောင်ခြည်က မှိန်ဖျဖျရှိနေလျက်။ မနက်ခင်း၏ နေပြောက်က လူများကို ရှက်သွေးဖြာသွားစေသည့် အနံ့တစ်ခု ဖုံးလွှမ်းနေသည့် အခန်းထဲသို့ ဖြာကျနေလေသည်။ သူဌေးချန်းက ဗီဒိုရှေ့တွင် ရပ်ကာ လက်များကို ဆန့်ထားပြီး အခြွေအရံများက အဝတ်အစား လဲပေးနေသည်ကို ခံယူနေ၏။ တက်ကြွလန်းဆန်းနေသည့် အသွင်ဖြင့် ထွက်သွားတော့သည်။ ပင်မဆောင်၏ အတွင်းခန်းရှိ ထွင်းထားသည့် သစ်သားခုတင်ပေါ်တွင် လဲလျောင်းနေသူကတော့ နေသည် ကောင်းကင်သို့ မြင့်တက်လာသော်လည်း မနိုးလာသေးချေ။ ကိုယ်လုံးတီးနှင့် ပေါ်နေသည့် အသားအရေပေါ်တွင် ဆိုးရွားလွန်းသည့် အနီရောင်အကွက်များနှင့် ဖုံးလွှမ်းနေပြီး ထိုအကွက်များပေါ်က သွေးများက ခဲနေတော့သည်။ အတန်ငယ် ကြောက်စရာကောင်းလှသည့် မြင်ကွင်းတစ်ခုပင်။

စုမိသားစု၏ ပထမအကြိမ်ကွေ့ဟွားပန်းများ ခူးပြီးချိန်တွင်တော့ တတိယသခင်ကြီးဟွမ်က ဝမ်ညန် ဆုံးပါးသွားသည့်သတင်းကို ယူလာပေးခဲ့သည်။

“ သူ တမြန်နေ့ညက ဆုံးသွားပြီ၊ ချန်မိသားစုရဲ့ အစေခံတွေက သူ့ကို မြို့ပြင်က စုပေါင်းသင်္ချိုင်းတစ်ခုမှာ သွားပစ်ခဲ့တယ်”

“ ဒီအဖြစ်အပျက်က ကျွန်မတို့ကို ဆင်ခြင်စရာ သင်ခန်းစာပေးလိုက်တာပဲ, ကိုယ့်ဟာ မဟုတ်ရင် လက်မလှမ်းနဲ့ မဟုတ်ရင် အသက်ပါ ဆုံးရှုံးရလိမ့်မယ်တဲ့”

သည်သတင်းကို ကြားလိုက်ချိန်တွင် ယိုကျင့်က အလွန်အကျွံ မတုံ့ပြန်ခဲ့ပေ။ သူမသည် လုံးဝမထင်မရှား ပုရွက်ဆိတ်တစ်ကောင်ကို ဖိချေသတ်လိုက်သလိုပင်။

သူမက အလွန် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်ကိုမြင်လိုက်ရသည်တွင် တတိယသခင်ကြီးဟွမ်သည် မနေနိုင်တော့ဘဲ အနည်းငယ် တုန်လှုပ်သွားတော့သည်။ ကလေးမလေးက အခုဆိုရင် ပိုပိုပြီး အင်အားကြီးလာပြီပဲ။ သူသည် စုံစမ်းထားခဲ့သည့် သတင်းကို ပြန်စဥ်းစားလိုက်မိတော့သည်။ အလောင်းကောင်က အညိုအမည်းကွက်တွေ ဖုံးလို့တဲ့။ ဘယ်တစ်နေရာမှာ အကောင်းတိုင်း မကျန်ဘူးတဲ့။ ယိုကျင့်သည် သူမကို ရှင်းပစ်ဖို့ရာ သူမနှလုံးသားကို မာကျောနေအောင် လုပ်ထားခဲ့မှန်း နားလည်လိုက်လေသည်။ နှစ်ယောက်ကြားတွင် ဘယ်လိုရန်ငြိုးရန်စများ ရှိမှန်း သူ မသိသော်လည်း လူတစ်ယောက်ကို အလွန်မှ သနားစရာကောင်းအောင် သေဆုံးစေခဲ့သောကြောင့် နက်ရှိုင်းသည့်အမုန်းတရားတစ်ခု ဖြစ်ရမည်။

ဝမ်ညန်ဆုံးသွားပြီးနောက် ရက်ပိုင်းမျှသာ ကောင်းစားခဲ့သည့် ယွဲ့ဝမ်ပေါင်သည် ချိန်မိသားစုမှ နှင်ထုတ်ခံလိုက်ရတော့သည်။ သူသည် အမေ ဆုံးရှုံးခဲ့ရသည့် လေးနှစ်သား ကလေးတစ်ယောက်သာ ရှိသေးသည်။ တစ်ယောက်တည်း လမ်းဘေးတွင် ထိုင်ကာ ဘာလုပ်ရမည်မသ်ပေ။ တုတ်ထိုးသကြားလုံးလေးများအတွက် လူကုန်ကူးသူတစ်ယောက်၏ ပြန်ပေးဆွဲခံရတော့မည့်ဆဲဆဲ ဘယ်ကပေါ်လာမှန်း မသိသည့် ဓားရှည်များ ဆောင်ထားသည့် အစောင့်နှစ်ယောက်က လူကုန်ကူးသူကို မောင်းထုတ်ပေးခဲ့သည်။ ထို့နောက် သူတို့သည် သူ့ကို လက်ပေါ်တွင် ချီသွားကာ လော့ဟယ်ပြည်နယ်မှ ထွက်သွားပြီး တောင်ဘက်သို့ နှစ်ရက်ကြာအောင် ခရီးဆက်ခဲ့လေသည်။ သူတို့သည် လယ်သမားမိသားစုတစ်ခုကို ကလေးအား ပေးခဲ့ပြီးနောက် အစောင့်နှစ်ယောက်က ထွက်ခွာသွားတော့သည်။

“ သူ နေစရာအတည်တကျ ဖြစ်သွားရင် ဟုတ်ပါပြီ၊ ကျွန်မနဲ့ အာဃာတတရားတွေ ရှိခဲ့တဲ့သူက သူမိဘတွေလေ၊ ကလေးက အပြစ်ကင်းပါတယ်၊ ကျွန်မက ဘာလို့ အလုပ်ရှုပ်ခံပြီး သူတို့အားလုံးကို သ-တ်ပစ်ရမှာလဲ”

ယိုကျင့်က သက်ပြင်းရှည်တစ်ခုကို မှုတ်ထုတ်လိုက်၏။ ယွဲ့တာ့ဖူလင်မယားနဲ့ တခြားလူတွေက ပျောက်နေတယ်။ ယွဲ့ချန်ရှို့ကတော့ သူမနဲ့ ဘာမှမဆိုင်ဘူး။ ယွဲ့ချန်လုနဲ့ ဝမ်ညန်ကိုတော့ ရှင်းပစ်ပြီးပြီ။ သူနဲ့ ယွဲ့မိသားစုကြား အမုန်းတရားက အဆုံးသတ်သွားပြီလို့ စဥ်းစားလို့ရသွားပြီ။

“ မိန်းကလေး နောက်ပိုင်းကျရင် ကလေးက မင်းကို ကလဲ့စား ပြန်လာချေမှာ မစိုးရိမ်ဘူးလား”

သူမက အားလုံးကို သ-တ်ပစ်လိမ့်မည်ဟု တွေးထားခဲ့သည့် တတိယသခင်ကြီးဟွမ်သည် မိန်းကလေးက ထိုမိန်းမ၏သားကို တခြားနေရာက လယ်သမားတစ်ယောက်၏ သားအဖြစ် မွေးစားဖို့ ပို့လိုက်မည်ဟု အမှန်ပင် မျှော်လင့်မထားခဲ့ချေ။ ထို့အပြင် သူမသည် လျော်ကြေးအတွက် ထိုမိသားစုကို လျန်၂၀ ပေးခဲ့သေးသည်။ သူ့စိတ်ထဲတွင် မတင်မကျ ဖြစ်နေတော့သည်။ အစောပိုင်းက မိန်းကလေးသည် ငယ်ငယ်လေးနှင့် အလွန်မှ ရက်စက်သည်ဟု ခံစားခဲ့မိသည်။ သို့သော် အခုတော့ မိန်းကလေးက ထိုမိန်းမကိုသာ လက်စားချေခဲ့လေသည်။ အမှန်ပင် သူ့ကို အနည်းငယ် လေးစားစိတ်များ ဖြစ်သွားစေတော့သည်။

“ လေးနှစ်အရွယ် ကလေးတစ်ယောက်ပဲလေ၊ နှစ်နှစ်လောက်နေရင် သူ မှတ်မိတော့မှာ မဟုတ်ပါဘူး၊ ဒီတော့ စိုးရိမ်စရာ ဘာမှမရှိပါဘူး”

ယိုကျင့်သည် ယွဲ့ချန်လုနှင့် ဝမ်ညန်ကို အရိုးထိအောင် မုန်းတီးသော်လည်း သူမနှင့် ယွဲ့ဝမ်ပေါင်ကြားက ဆက်ဆံရေးတွင် အမုန်းတရားမရှိခဲ့ချေ။ သူမသည် ယွဲ့ဝမ်ပေါင်ကို အမှန်ပင် ဖယ်ရှားပစ်ခဲ့လျှင် သူမသည် လိပ်ပြာလုံလိမ့်မည် မဟုတ်ပေ။

“ ဒီကိစ္စကို ဒီလိုပဲ ထားလိုက်ပါပြီ”

အခုတော့ ပါဝင်ပက်သက်သူများနှင့် ပတ်သက်ပြီး သူမ၏စိတ်ကို ဆုံးဖြတ်ခဲ့ပြီးဖြစ်သဖြင့် တတိယသခင်ကြီးဟွမ်သည်လည်း ဘာမှ ဆက်ပြောစရာမရှိတော့ပေ။ မြို့တော်က သတင်းကို သတိရလိုက်ပြီးမှ သူက မေးလိုက်လေသည်။

“ မိန်းကလေး မြို့တော်ကို သွားမလို့လား”

တတိယသခင်ကြီးဟွမ်သည် ရှောင်မိသားစု၏ အမျိုးသမီးမိသားစုဝင်အားလုံးကို ယိုကျင့်က ကယ်တင်ပေးခဲ့မှန်း သိထားပြီး မြို့တော်ကိုလည်း အာရုံစိုက်နေမှန်း သိထားလေသည်။ အခုတော့ ဆောင်းတွင်းရောက်လာပြီး ဆောင်းကုန် ကွပ်မျက်ခြင်းကို မကြာခင် လုပ်ဆောင်တော့မည်ထင်သည်။

သည်ကိစ္စကို စဥ်းစားမိလိုက်တော့ ယိုကျင့်သည် အနည်းငယ် စိတ်အားငယ်မိသလို ခံစားလိုက်ရတော့သည်။ သူမသည် ပေါ့ပေါ့ပါးပါး သက်ပြင်းချလိုက်ပြီး ပြန်ဖြေလိုက်၏။

“ ကျွန်မ နောက်သုံးရက်နေရင် ခရီးထွက်မယ်၊ ဒီခရီးက တစ်လကျော်လောက် ကြာလိမ့်မယ်၊ အဲအချိန်ကျရင်တော့ လော့ဟယ်က လုပ်ငန်းတွေအတွက် တတိယသခင်ကြီးကိုပဲ ဒုက္ခပေးရတော့မှာပါ”

ဖြစ်ရမဲ့ အကြောင်းအရာတွေကိုက ဖြစ်လာမှာပဲလေ။ သူမသည် သည်ရက်များတွင် လူက လော့ဟယ်မြို့တွင်ရှိနေပြီး တာဝန်ခံဝူက မြို့တော်တွင် လှုပ်ရှားပေးနေလေသည်။ မဖြစ်စလောက် ပြောင်းလဲမှုမျိုး ရှိလာလျှင်တောင် သူတို့သည် သူ့ကို ကယ်တင်ဖို့ ကြိုးစားရလိမ့်မည်။ သို့သော် အခုတော့ ဆောင်းဦးရောက်နေပြီး အခုထိလည်း ဘာအဖြေမှ ထွက်မလာသေးချေ။ သူမသည် နောက်ဆုံးတော့ အကောင်းဆုံးသာ လုပ်ပေးနိုင်တော့သည်။ အနည်းဆုံးတော့ တစ်ယောက်ယောက်က သူ့ခန္ဓာကိုယ်ကို သွားကောက်ပေးပြီး သူ့ကို မြေမြှုပ်ပေးရမှာပေါ့။

အလေးအနက် တွေးလိုက်ပြီး တတိယသခင်ကြီးက ခေါင်းညိတ်ပြလိုက်၏။

“ မိန်းကလေး စိတ်မပူပါနဲ့၊ လော့ဟယ်မှာ ကျွန်တော်ရှိနေတာပဲ၊ မိန်းကလေးပြန်လာတဲ့ အချိန်ကျရင် အားလုံးက အဆင်ပြေနေပါလိမ့်မယ်”

တတိယသခင်ကြီးသည် သံယောဇဥ်ဟောင်းကို တန်ဖိုးထားတတ်သူ တစ်ယောက်ဖြစ်လေသည်။ သို့မဟုတ်လျှင် သူကို ခေါ်ချင်သည့် လူအများကြီးထဲကမှ စုမိသားစုကို ရွေးချယ်လိမ့်မည်မဟုတ်ပေ။ တစ်ချက်က စုမိသားစုသည် သူ့မျှော်လင်ချက်များကို ကျေနပ်စေကြောင်း သက်သေပြနေခဲ့သည်။ သူတို့သည် ဆက်ဆံရေးနှင့် ဖြောင့်မတ်မှုကို တန်ဖိုးထားသည့် မိသားစုတစ်ခု အမှန်ပင် ဖြစ်တော့သည်။ မိသားစု၏ အိမ်ထောင်ဦးစီးက မိန်းကလေးတစ်ယောက် ဖြစ်သော်လည်း သူမသည် စိတ်နေစိတ်ထား၊ အမြင်နှင့် မိတ်ဖွဲ့ရာတွင် သွေးဆူလွယ်သည့် ယောက်ျားတစ်ယောက်ထက် မနိမ့်ချေ။

***

အခုတော့ လော့ဟယ်က အရာအားလုံးသည် နေသားတကျ ရှိနေပြီး ယိုကျင့် ခဏလောက် မရှိလည်း ပြဿနာ မဟုတ်တော့ပေ။ သို့သော် သူမ ခရီးမထွက်ခင် ပြဿနာတစ်ခု ပေါ်ပေါက်လာတော့သည်။

“ အဒေါ်လည်း သွားမယ်” မျက်လုံးများ နီရဲနေသည့် အမျိုးသမီးယွီနှင့် အမျိုသမီးကျောက်တို့သည် ယိုကျင့်ကို အပြင်ထွက်ခွင့်မပေးဘဲ အခန်းတံခါးကို ပိတ်ထားကြလေသည်။

ယိုကျင့်က ကြိတ်ငိုနေခဲ့ကြသည့် အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်တို့ကို အခန်းထဲ ခေါ်ဝင်လိုက်ပြီး အနည်းငယ် ခေါင်းကိုက်သွားတော့သ်ည။

“ သခင်မနှစ်ယောက် ၊ ကျွန်မက .....”

သူမသည် သူတို့နှစ်ယောက်ကို ချော့မော့ဖို့ရာ ဆင်ခြေတစ်ခုကို ပေးချင်ခဲ့လေသည်။ နောက်ဆုံး လော့ဟယ်မှာ မြို့တော်သို့ သွားရန် အလွန်ဝေးသည့် ခရီးတစ်ခု ဖြစ်နေသည်။ သူတို့နှစ်ယောက်သည် အခုမှ အနည်းငယ် သက်သာလာခါစသာ ရှိသေးသည်။ နောက်ထပ် အလှည့်အပြောင်းတစ်ခုကို ထပ်ကြုံခဲ့ကြလျှင် ခံနိုင်ရည် ရှိကြလိမ့်မည် မဟုတ်တော့ပေ။

“ ဆောင်းကုန် ကွပ်မျက်တာကို သွားစောင့်ဖို့ သမီးမြို့တော်ကို သွားမယ်ဆိုတာ အဒေါ်တို့ သိတယ်၊ အခုတောင် ဆောင်းလယ်ပွဲတော် ပြီးသွားပြီလေ” သည်အခြေအနေထိ ရောက်လာချိန်တွင်တော့ ဆို့နင့်နေသည့် အမျိုးသမီးယွီသည် မျက်နှာလွဲထားလိုက်တော့သည်။ သူမသည် ယိုကျင့်က သူမ၏မျက်လုံးထောင့်များထဲက မျက်ရည်များကို တွေ့သွားမည် စိုးရိမ်နေခဲ့သည်။ ဆောင်းလယ်ပွဲတော် ပြီးသွားလျှင် ဆောင်းအကုန်တွက် ကွပ်မျက်ခြင်းကို မကြာခင် လုပ်ဆောင်ကြလိမ့်မည်။

အမျိုးသမီးကျောက်သည် အမျိုးသမီးယွီထက် အားနည်းနေသော်လည်း သူမက သွားဖို့အရေး အတင်းပြောဆိုနေလေသည်။ လူကြီးနှစ်ယောက်၏ တောင်းဆိုမှုနှင့် ရင်ဆိုင်နေသည့် ယိုကျင့်မှာ ခေါင်းသာ ပိုကိုက်လာတော့သည်။

နောက်ဆုံးတွင် သူမသည် မတတ်သာတော့ဘဲ အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်တို့ကို မြို့တော်သို့ ခေါ်သွားလိုက်ရတော့သည်။ ရှောင်လင်းရူက လော့ဟယ်တွင် အမျိုးသမီးစုန့်အား အဖော်လုပ်ရင်း နေခဲ့လိုက်သည်။

“ သူတို့တွေ မကြာခင် ထူစီရင်စုပြည်နယ်ကို ရောက်တော့မှာပေါ့ ဟုတ်တယ်မလား”

အမျိုးသမီးစုန့်က လက်ထဲတွင် ရေနွေးကရားအိုးတစ်လုံးကို ကိုင်ကာ ပြတင်းပေါက်ဘေးက ညောင်စောင်းပေါ်တွင် ထိုင်ရင်း အပြင်ဘက်က အုံ့မှိုင်းနေသည့် ရာသီဥတုကို ကြည့်နေလေသည်။ သူမက တစ်ယောက်ထဲ အားအင်မဲ့ကာ စကားပြောလိုက်လေသည်။ ထူစီရင်စုပြည်နယ်သည် လော့ဟယ်မြို့မှာ မြို့တော်သို့ သွားရန် တစ်ခုတည်းသောလမ်းဖြစ်သည်။ ယိုကျင့်နှင့် သူမ၏အဖွဲ့က လမ်းပေါ်တွင် ခုနှစ်ရက် အချိန်ပေးခဲ့ရသည်။ သည်အချိန်တွင်တော့ သူတို့သည် ထူမြို့သို့ ဝင်ရောက်သွားခဲ့လေသည်။

ယိုကျင့်နှင့် ကျန်လူများက သည်အကြောင်းကို အမျိုးသမီးစုန့်အား ဖုံးကွယ်မထားခဲ့ချေ။ သူတို့သည် ချွေးမနှစ်ယောက် အတူတူ ခရီးထွက်ချင်ရသည့် အကြောင်းအရင်းအတွက် ဘာဆင်ခြေမှ ရှာမရနိုင်ခဲ့ချေ။ သူတို့မှာ မတတ်သာတော့ဘဲ အမှန်အတိုင်း ပြောပြလိုက်ရတော့သည်။ အမျိုးသမီးစုန့်က သူမသည် အိုမင်းနေပြီဖြစ်ရာ သူမကို ခေါ်သွားဖို့ အတင်းပြောလျှင် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လိမ့်မည်ကို သိလိုက်လေသည်။ ထို့ကြောင့် သူမက ချွေးမနှစ်ယောက်ကို အမှာစကား နည်းနည်းပါးပါးသာ ပြောလိုက်တော့သည်။ စိတ်ထဲက ဝမ်းနည်းမှုကို မျိုသိပ်ထားလိုက်ပြီး သူမသည် လော့ဟယ်မြို့တွင် နေခဲ့ကာ သူတို့၏ဇာတိမြို့သို့ သူမ၏ကျန်သည့်ကလေးများနှင့် မြေးလေးများကို ခေါ်ပြန်အလာကို စောင့်ဆိုင်းနေလိုက်တော့သည်။

“အဘွား ဆေးသောက်လိုက်ပါအုံး”

ရှောင်လင်းရူက အငွေ့တထောင်းထောင်း ထနေသည့် ဆေးပန်းကန်တစ်လုံးနှင့် ဝင်အလာ သူမအဘွားဖြစ်သူ၏ တဝက်လောက်တွဲကျနေသည့် မျက်နှာပေါ်က ပဲစေ့အရွယ်မျက်ရည်တစ်စက် တွဲခိုနေသည်ကို သတိထားမိလိုက်လေသည်။ သူမ၏နှလုံးသားမှာ နာကျင်သွားတော့သည်။ သို့သော် အပေါ်ယံတွင်တော့ သူမက မမြင်လိုက်သလို ဟန်ဆောင်လိုက်ပြီး အမျိုးသမီးစုန့်ထံသို့ ဆေးကို ရိုရိုသေသေ ယူလာပေးလိုက်လေသည်။

ယိုကျင့်သည် ရှောင်မိသားစုသည် စုအိမ်သို့ ပြောင်းရွှေ့လာကတည်းက သူတို့အတွက် အစေခံ လုံလုံလောက်လောက် စီစဥ်ပေးခဲ့သော်လည်း ရှောင်မိသားစုက စုမိသားစုအပေါ် ကျေးဇူးကြွေး အလွန်များနေပြီဟု ခံစားရသဖြင့် သူတို့၏ကိုယ်ပိုင်နေစဥ်ဘဝအတွက် ကိုယ်တိုင် လုပ်ဆောင်ရန် ပြောဆိုခဲ့လေသည်။ အကြီးအကဲကို အလုပ်အကျွေးပြုပေးရန် အစေခံတစ်ယောက်သာ ထားရှိခဲ့သည်။ အစေခံကို အမျိုးသမီးစုက တခြားအလုပ်လုပ်ရန် အပြင်သို့ လွှတ်လိုက်လေသည်။ ထို့ကြောင့် ရှောင်လင်းရူ ရုတ်တရက် ဝင်လာချိန်တွင် သူမအဘွားဖြစ်သူ ငိုနေသည့်မြင်ကွင်းကို တွေ့လိုက်ရခြင်းပင်။

“ လိမ္မာလိုက်တဲ့ကလေး အခုလို ပင်ပင်ပန်းပန်း ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်ကွယ်”

အမျိုးသမီးစုန့်က ရှောင်လင်းရူဆီက ဆေးကို ယူလိုက်ပြီး အခုတော့ အသားမာအလွှာတစ်ခု တက်နေသည့် မူလက နို့နှစ်ရောင် လက်များကို ဆုပ်ကိုင်လိုက်ပြီး ဝမ်းနည်းစိတ်ဖြင့် သိမ်မွေ့နူးညံ့ကာ သိတတ်လိမ္မာသည့် မြေးမလေး၏လက်ကို ပုတ်ပေးလိုက်လေသည်။

ရှောင်လင်းရူက အမျိုးသမီးစုန့်၏ခြေထောက်များကိုခြုံပေးရန် စောင်တစ်ထည်ယူလာပေးကာ ထောင့်များတွင် ဂရုတစိုက် ထိုးထည့်ပေးလိုက်လေသည်။ မျက်နှာပေါ်တွင် သိမ်မွေ့သည့် အပြုံးတစ်ခုဖြင့် သူမက ပြောလိုက်၏။

“ အဘွားကို သိတတ်လုပ်ကျွေးရမှာက သမီးရဲ့တာဝန်ပဲလေ၊ ဘယ်လိုဖြစ်ပြီး ကြိုးစားတယ်လို့ ပြောလို့ရမှာလဲ”

သူမ၏တစ်ဦးတည်းသော မြေးမလေးက အလွန် သိတတ်လိမ်မာသည်ကို တွေ့လိုက်ရသဖြင့် အမျိုးသမီးစုန့်မှာ ပိုပြီး စိတ်ဆင်းရဲရတော့သည်။ ဒီလိုထူးချွန်တဲ့ မြေးမလေးက သူမရဲ့မိသားစု ဒုက္ခရောက်နေတဲ့အချိန်မှ သူမ ဂရုတစိုက် ရွေးချယ်ပေးခဲ့တဲ့ ခင်ပွန်းသည်မိသားစုရဲ့ ကွာရှင်းခံလိုက်ရတယ်လို့ကွယ်။ ဒီအကြောင်းကို တွေးမိလိုက်တော့ သူမရဲ့မြေးမလေးနဲ့ လက်ထပ်ပေးဖို့ ဒီလိုမိသားစုမျိုးကို သူမကိုယ်တိုင် ရွေးချယ်ပေးခဲ့မိတာကို အရမ်း စိတ်ပျက်မိတယ်။

အမှန်တွင်တော့ ရှောင်လင်းရူကို အမြင်ကျယ်သူတစ်ယောက်ဟု ဆိုနိုင်လေသည်။ သူမသည် အခုတော့ တရားဝင် ကျေးကျွန်တစ်ယောက် ဖြစ်လာခဲ့သည်။ သို့သော် သူမသည် စုအိမ်သို့ ဝင်လာကတည်းက သူမကိုယ်ပိုင်နေ့စဥ်ဘဝကို ကိုယ်တိုင် တာဝန်ယူခဲ့သည်။ ထိုသို့ဆိုသော်လည်း စုမိသားစု၏ အစေခံများက လျှော်ဖွတ်၊ ချက်ပြုတ်ပြီး တံမြက်လှည်းပေးခဲ့သည်။ အရင်ကနှင့် မတူသည့် တစ်ခုတည်းသော ကွာခြားချက်မှာ သူမကို ခစားရန် အစေခံလေးယောက် မရှိတော့ခြင်းပင်။ ဒါသည် ကျေးကျွန်အဖြစ် ဝယ်ယူခြင်းခံခဲ့ရသည့် တခြားသူများထက် အဆပေါင်းများစွာ သာလွန်လေသည်။

အခုတော့ သူမသည် ဝဝလင်လင် စားသောက်နိုင်ပြီး နွေးနွေးထွေးထွေး ဝတ်စားနိုင်လေသည်။ ဆောင်းလယ်ပွဲတောင် ပြီးသွားနောက်တွင် စုမိသားစုက ချုပ်ပေးခဲ့သည့် ဆောင်းတွင်းအဝတ်အစားများက သူမ၏ခန္ဓာကိုယ်ပေါ်တွင် ရောက်နှင့်နေလေသည်။ အနီရောင်ဆီးသီးပုံစံ ဘရိုကိတ်သားနှင့် နှစ်ထပ်ထိုးသည့် ပန်းထိုးလက်ရာက သူမ အရင်က ဝတ်ဆင်ခဲ့သည့် လျိုကွမ်းဘရိုကိတ်နှင့် ဖေးယွင့်ဘရိုကိတ်များလောက် မကောင်းသော်လည်း စုမိသားစု၏ မိန်းကလေးများဝတ်သည့် အမျိုးအစားနှင့် အတူတူပင်။ စုမိသားစု၏ ယိုကျင့်မှာ အငယ်ဆုံး စုခမ်းအထိ သူတို့အားလုံးသည် သူမကို အထူးဧည့်သည်တစ်ယောက်ကို ဆက်ဆံကြသည်။ ဘာများ အတွန့်တက်စရာရှိပါအုံးမည်နည်း။

ယိုကျင့် ခရီးထွက်သွားပြီးနောက်တွင်လည်း အမျိုးသမီးစုက ရှောင်မိသားစုဝင်အားလုံးကို လုံးဝ မတရား မဆက်ဆံခဲ့ချေ။ သခင်က သူတို့ကို အလွန်အရေးပေးသဖြင့် အောက်ကလူများကလည်း သူတို့ကို လုံးဝပေါ့ပေါ့ပျက်ပျက် လျစ်လျူရှုမထားရဲခဲ့ချေ။

အမျိုးသမီးဟန်အနေဖြင့် သူမသည် တတိယသခင်ကြီးဟွမ်ထံတွင် အများအပြား သင်ယူခဲ့ရလေသည်။ အခုတော့ သူမသည် ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင် ဖွင့်ရန် ပြင်ဆင်နေ၏။ မိသားစုက လူတိုင်းသည် အလုပ်များနေကြတော့သည်။ ယွိလန်ပင် နေ့လယ်ခင်းတိုင်း စုမိသားစု၏ မိန်းကလေးများကို ချင်တီးခတ်ပုံကို သင်ကြားပေးရင်း အလုပ်များနေခဲ့သည်။ အမျိုးသမီးစုတစ်ယောက်သာ အချိန်အများစုက အားလပ်နေတော့သည်။ အချိန်တော်တော်သွားပြီးနောက်တွင် အမျိုးသမီးစုက တစ်ခုခုလုပ်ရန် စတင် စဥ်းစားလာတော့သည်။

“ သခင်မက ဘာလုပ်ချင်တာလဲ”

အမျိုးသမီးစု၏ ရှည်လျားသည့် ညည်းညူစကားကို နားထောင်လိုက်ပြီးနောက် ယွိလန်က သူမ၏ စိတ်ထဲတွင် အနည်းငယ် စိတ်သက်သာရာရသွားတော့သည်။ သူမသည် အကြီးဆုံးမိန်းကလေး၏ ပူပန်သောကကို သိထားလေသည်။ သခင်မသည် သဘောကောင်းကာ ကြင်နာတတ်သော်လည်း အလွန်မှ စိတ်ပျော့ကာ၊ သနားလွယ်ပြီး ရိုးရှင်းသည့် စိတ်ထားရှိလေသည်။ သူမသာ မိန်းမငယ်လေးတစ်ယောက် ဖြစ်ခဲ့လျှင် ဆိုးသည့်အချက် မဟုတ်ပေ။ သို့သော် အိမ်၏ သခင်မတစ်ယောက်အနေဖြင့် သူမသည် လုံးဝပင် အရည်အချင်းမပြည့်မီပေ....။

အမျိုးသမီးစုသည် သည်လိုမေးခွန်းကို ပြန်ပေးခံလိုက်ရချိန်တွင်တော့ သူမမှာ မည်သို့ ပြန်ပြောရမည်မသိ ဖြစ်သွားတော့သည်။ သူမက အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်၏။

“ ကျွန်မ ကျွန်မလည်း မသိပါဘူး”

ထိုသို့ ပြောလိုက်ပြီးနောက် သူမက ရှက်စိတ်ဖြင့် ခေါင်းငုံ့ထားလိုက်တော့သည်။ သူမက တကယ့်အသုံးမကျတာပဲ။ ကိုယ်ဘာလုပ်ချင်လဲဆိုတာကိုတောင် မသိဘူးတဲ့လေ။

…

All Chapters