← Chapters

အခန်း ၁၂၇

Vol. 9 Ch. 127

အခန်း ၁၂၇

Vol. 9 Ch. 127

အပိုင်း (၁၂၇) သူတော်ကောင်းနှလုံးသား

သည်တစ်ကြိမ်တွင် သေဒဏ်မှ နယ်နှင်ဒဏ် ပြောင်းလဲခံလိုက်ရသူ ၁၇ယောက်ရှိလေသည်။ ရှောင်မိသားစုသည် ရုံးတော်တွင် အရာရှိတစ်ယောက်ဖြစ်သူ ဒုတိယသခင်ကြီးရှောင်မှ လွဲလျှင် ဘာနောက်ခံမှ မရှိချေ။ သည်ကိစ္စကို သိသူအများစုက ရှောင်မိသားစုတို့ညီအစ်ကိုမှာ ကံကောင်းသွားသည်ဟုသာ တွေးကြပြီး သည်လိုဖြစ်စေသည့် အကြောင်းအရင်းကို မခန့်မှန်းမိခဲ့ကြသည်။

“ သေလိုက်ပါတော့၊ သူတို့တွေကို မကြာခင်မှာပဲ ခေါင်းဖြတ်ခံရတော့မှာ သိသာနေတဲ့ဟာကို၊ မင်းကြီးက ဘာလို့ ရုတ်တရက် စိတ်ပြောင်းသွားတာလဲ”

ရွှီအိမ်၏ အစွန်းဘက်ရှိသည် သေးငယ်လှသည့် ခြံဝင်းလေးထဲတွင် ခွမ်း မြည်သံတစ်ခုနှင့်အတူ နောက်ထပ် အဖြူရောင် ကြွေလက်ဖက်ရည်ခွက်တစ်ခု ကွဲသွားတော့သည်။ လက်ဖက်ရည်ခွက်ကို ပစ်ခွဲလိုက်သူအတွက်တော့ သူမသည် လက်ဖက်ရည်ခွက် ၃-၄လုံး ဆက်တိုက်ခွဲပစ်ပြီးနောက်တွင် မီးလိုပူလောင်သလို ခံစားနေရဆဲဖြစ်ပြီး သလွန်ပေါ်တွင် ဒေါသထွက်ထွက်နှင့် ထိုင်ချလိုက်လေသည်။

ရွှီကျီထုန်းသည် ဝင်လာသည်နှင့်တစ်ပြိုင်နက် အမျက်ထွက်နေသည့် မိန်းမလှလေးကို တွေ့လိုက်ရတော့သည်။ သူ့မျက်နှာထားသည် အခိုက်တန့်အတွင်း အနည်းငယ် ထူးဆန်းလာလေသည်။ သူ့မျက်ခုံးများက မသိမသာကျုံ့နေရာ သူသည် သူမိန်းမကို သဘောမကျတော့သည့်နှယ်။ အခြွေအရံပိုင်သည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်နှင့် တစ်ဖန်လှမ်းကြည့်လိုက်ချိန်တွင် မမလေး၏ခင်ပွန်းဖြစ်သူ အမူအရာက ခါတိုင်းလိုပင် မပြောင်းလဲပဲ ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ထိုအခိုက်တွင် သူမသည် အမြင်မှားသွားသည်ဟုသာ တွေးလိုက်တော့သည်။ ဟုတ်တယ်လေ။ မမလေးက မမလေးရဲ့ခင်ပွန်းကို ချစ်မိသွားလို့ ရှောင်မိသားစုနဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ပြီး ရွှီမိသားစုနဲ့ လက်ထပ်ဖို့ သူမရဲ့အဆင့်အတန်းကို လက်လွှတ်ခဲ့တာပဲ။ မမလေးရဲ့ခင်ပွန်းက မမလေးကို ဘယ်လိုလုပ်ပြီး အထင်သေးနိုင်ပါ့မလဲ။ အခြွေအရံပိုင်သည် ထိုသို့ စဥ်းစားလိုက်ရင်း တိတ်တိတ်လေး နောက်ဆုတ်ကာ လူငယ်စုံတွဲတို့ လွတ်လွတ်လပ်လပ် စကားပြောနိုင်ရန် တံခါးငယ်လေးမှ ထွက်လာခဲ့လေသည်။

“ ကိုယ့်ဇနီးလေးကို ဘယ်သူက ဝမ်းနည်းအောင် လုပ်လိုက်တာလဲ၊ ယောကျ်ား သူတို့ကို တစ်ချက်နှစ်ချက်လောက် ပညာသွားပြလိုက်မယ်”

အခြွေအရံပိုင်သည် အပြင်ဘက်တွင် ရပ်စောင့်နေပြီး မမလေး၏ခင်ပွန်းက မမလေးကို ချိုချိုသာသာ ချော့မော့နေသံကို ကြားလိုက်ရလေသည်။ မမလေးက ထပ်ပြီး ဒေါသမထွက်တော့သလိုပဲ။ အခြွေအရံပိုင်း၏နှုတ်ခမ်းထောင့်တွင် ကျေးဇူးတင်ပြုံးတစ်ခု ပေါ်လာခဲ့လေသည်။ သူမ ပြောပါတယ်။ မမလေးရဲ့ ခင်ပွန်းက မမလေးကို ဘယ်လိုဖြစ်ပြီး မုန်းနိုင်မှာလဲလို့။

***

မြို့တော်၏ မြောက်ပိုင်း ဆယ်လီအကွာက စခန်းတစ်ခု။

သည်နေ့သည် နယ်နှင်ဒဏ်ပေးခံထားရသည့် အကျဥ်းသားများကို မြောက်ပိုင်းရှင်းကျန်းသို့ ပို့ရမည့်နေ့ဖြစ်လေသည်။ အမျိုးသမီးယွီ၊ အမျိုးသမီးကျောက်နှင့် တခြားသူများသည် အဝတ်အစား၊ ဖိနပ်၊ ခြေအိတ်၊ အစားအစာနှင့် တခြားအသုံးဆောင်ပစ္စည်းများကို အစောကြီးကတည်းက ပြင်ဆင်ထားခဲ့ပြီး အင်္ကျီတစ်ထည်ချင်းစီတိုင်း၏ အတွင်းဖက်တွင် အရေးပေါ်သုံးရန် ငွေစတချို့ကို ထည့်ချုပ်ထားပေးလေသည်။

စုံတွဲနှစ်တွဲကို စကားပြောဖို့ရာ အချိန်ပေးချင်သဖြင့် ယိုကျင့်က ချိုးဖန်အား အဖွဲ့ကို ဦးဆောင်လာသည့် တာဝန်ခံထောင်ကြပ်ကို လျန်ငွေ ၅၀ ပေးခိုင်းလိုက်လေသည်။ မြှောက်လုံးအနည်းငယ် ပြောလိုက်ပြီးနောက်တွင် သူမက လူကြီးနှစ်ယောက်ကို နည်းနည်းပါးပါး စောင့်ရှောက်ပေးရန် တောင်းဆိုလိုက်လေသည်။

ထောင်ကြပ်က ပိုက်ဆံကို လှုပ်ကြည့်လိုက်ပြီး ကျေနပ်သွားသည့် အပြုံးတစ်ခု ထုတ်ပြလိုက်သည်။

“ စိတ်မပူပါနဲ့၊ မင်းတို့က ဘယ်လိုပြုမူရမလဲ သိတာမလို့ ငါတို့ကလည်း ဘယ်လို လုပ်ရမယ်ဆိုတာ သိပြီးသားပါ”

နှယ်နင်ဒဏ်ပေးခံရသူများကို ပို့ဆောင်ခြင်းက အခက်ခဲဆုံးအလုပ်များထဲက တစ်ခုဖြစ်လေသည်။ မိသားစုဝင်တစ်ခုက သူတို့ကို လေးစားသမှုနှင့် ငွေတချို့ ပေးကြသော်လည်း တစ်ချီထဲနှင့် လျန်ငွေ ၁၂စလောက် သုံးသည့် မိသားစုကတော့ များများစားစား မရှိချေ။ သူသည် စည်းရှိသူတစ်ယောက် ဖြစ်လေသည်။ သူတို့သည် ငွေပေးပြီး ကပ်ဘေးကို ရှောင်လွှဲချင်သည်ဖြစ်ရာ သူသည်လည်း အလိုလို လိုက်လျောပေးရလိမ့်မည်။

ရှောင်ဟိုင်ရူတို့ ညီအစ်ကိုသည် ကျောပေါ်တွင် လေးလံသည့်အထုပ်ကြီးကို သယ်လာခဲ့သည်။ သုံးလှမ်းတစ်ခါတိုင်း လှည့်ကြည့်နေရင်းက သူတို့သည် မြောက်ပိုင်းသွား ဖြည်းညင်းစွာသွားနေသည့် နှယ်နင်ဒဏ် ပေးခံရသည့်အဖွဲ့နောက် လိုက်သွားကြလေသည်။ သူတို့သည် မြောက်ဘက်ရှိ တောင်ကုန်းလေးတစ်ခုကို ဖြတ်သွားပြီး အမျိုးသမီးယွီတို့ကို မမြင်ရတော့မှ သူတို့သည် နောက်သို့ ပြန်လှည့်မကြည့်တော့ဘဲ နှယ်နင်ဒဏ်ပေးခဲ့ရသည့် မရင်းနှီးသည့်လမ်းပေါ်က အဖွဲ့နောက် လိုက်သွားတော့သည်။

“ အခု မင်းရဲ့ အဖေနဲ့ ဦးလေးက အသက်အန္တရာယ်ကင်းသွားပြီ၊ သခင်လေးရှောင် စိတ်ချနိုင်ပြီမလား”

အပြင်ဘက် ဆယ်လီအကွာက စခန်းတွင် မျက်နှာဖုံးတပ်ဆင်ထားသည့် အမျိုးသားနှစ်ယောက်သည် သိပ်သည်းသည့် သစ်တောထဲတွင် ရပ်နေလေသည်. သစ်ပင်များ၏ အရိပ်များကို ကျော်ကာ သူတို့သည် စခန်းမှ မပြန်ကြသေးသည့် အမျိူးသမီးယွီတို့အဖွဲ့ကို စောင့်ကြည့်နေလေသည်။ အမျိုးသားများထဲက အပြာရောင်အဝတ်အစားနှင့် တစ်ယောက်က သူ့အသံကို အနည်းငယ် မြင့်ကာ ပြောလိုက်၏။

“ စစ်သားတွေထဲမှာ ဝမ်ရယ်ရဲ့ လူတွေထဲက နှစ်ယောက်ပါတယ်၊ သူတို့တွေက ရှောင်သခင်ကြီးနှစ်ယောက်ကို ကာကွယ်ပေးပါလိမ့်မယ်”

သူတို့၏ ဝမ်ရယ်အကြောင်း ပြောလိုက်သည်နှင့် အပြာရောင် အဝတ်အစားနှင့် လူသည် အလွန် ဂုဏ်ယူသွားဟန်တူလေသည်. ကျောပြင်ကို မတ်လိုက်ပြီး သူက ပြောလိုက်၏။

“ ကျွန်တော်တို့ဝမ်ရယ်က ကတိတည်တဲ့သူပါ၊ သူက သခင်လေးရှောင်ကို သခင်ကြီးနှစ်ယောက်ကို အသက်ရှင်လျက် ရှိစေရမယ်လို့ ကတိပေးထားပြီးဆိုကတည်း သူက ကတိတည်ပြီးသားပဲ၊ သခင်လေးရှောင် မသိလို့နော်၊ ကျွန်တော်တို့ရဲ့ဝမ်ရယ်က ဗျူဟာတစ်ခုကို ချထားပြီးပြီ၊ သူက....”

“ဝမ်ရယ်က အရမ်း ကြင်နာတတ်ပြီး အရမ်း မြင့်မြတ်တဲ့သူပါ၊ သခင်လေးရှောင်က နောက်ငါးနှစ်အတွင်း ဝမ်ရယ်ကိုပဲ သစ္စာစောင့်သိပါမယ်လို့ ကျိန်ဆိုထားတာကို မမေ့ပါဘူး”

ကျန်တစ်ယောက်မှာ လွန်ခဲ့သည့် တစ်လကျောက်က ရုတ်တရက်နာမကျန်းဖြစ်ကာ ဆုံးပါးသွားသည့် ရှောင်လင်ယွီမှ မဟုတ်လျှင် မည်သူဖြစ်ပါအုံးမည်နည်း။

အလွန်တည်တည်ငြိမ်ငြိမ်ဖြင့် ချီးမွှမ်းစကားပြောနေသည့် လူကို နှုတ်ဖွင့်ကာ စကားဖြတ်ပြောလိုက်လေသည်။ မျက်နှာဖုံးအောက်က သူ့မျက်လုံးများသည် လှုပ်ရှားနေသည့်သစ်ပင်၏ အရိပ်ကိုကျော်ကာ ရွှေဝါရောင်ဘေးကွဲဂါဝန်လေးနှင့် မိန်းကလေးနောက် လိုက်ပါသွားလေသည်။ သူသည် ဆေးစွဲနေသလို အချိန်တော်တော်ကြာသည်အထိ ပြန်လှည့်ကြည့်ရန် ငြင်းဆန်နေခဲ့မိသည်။ တဖက်က မိန်းကလေးက သူပုန်းခိုနေသည့်နေရာဖက်သို့ မရည်ရွယ်ဘဲ ကြည့်လိုက်ချိန်မှ အလန့်တကြားဖြင့် သူ့အကြည့်ကို ရုပ်သိမ်းလိုက်တော့သည်။ တစ်ဖက်လူက သူ့ကို မမြင်နိုင်သော်လည်း သူကတော့ မလုံမလဲ ဖြစ်သွားလေသည်။

စခန်းထဲတွင် ယိုကျင့်သည် တစ်ယောက်ယောက်က သူ့ကို စိုက်ကြည့်နေသလို သိသိသာသာ အာရုံခံမိလိုက်၏။ သို့သော် သူမသည် ထိုဖက်သို့ ကြည့်လိုက်သောအခါ ဆောင်းဦးလေထဲတွင် ယိမ်းနွဲ့နေသည့် အစိမ်းရောင်ထင်းရှူးပင်များကိုသာ ရှိနေသည်။ သူမ အတွေးလွန်နေတာဖြစ်မည်ဟု စဥ်းစားလိုက်ပြီး ထိုပြင်းပြသည့်အကြည့်ကို ဆက်မရှာလိုက်တော့ပေ။

မိခင်ဖြစ်သူအဖွဲ့ ထွက်ခွာသွားသည်ကို စောင့်ကြည့်လိုက်ပြီးနောက် ရှောင်လင်ယွီက စိတ်အေးသွားကာ သက်ပြင်းတစ်ချက် ချလိုက်တော့သည်။

“ ပြန်ကြရအောင်”

ရှောင်ဟိုင်ရူတို့ညီအစ်ကိုသည် နှယ်နင်ဒဏ်ပေးခံလိုက်ရသည်။ မြို့တော်တွင် ရှောင်မိသားစုကို ထိန်းသိမ်းထားစရာ ဘာတစ်ခုမှ မကျန်တော့ချေ။ ယိုကျင့်က တာဝန်ခံဝူကို စုကျားချာအား စီမံပေးရန် တာဝန်ပေးခဲ့လိုက်သည်။ ထို့ကြောင့် နောက်တစ်နေ့တွင် ယိုကျင့်၊ အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်အပါအဝင် လူခြောက်ယောက်အဖွဲ့သည် လော့ဟယ်မြို့သို့ ပြန်လာခဲ့တော့သည်။

သည်တစ်ကြိမ်တွင်လည်း သူတို့သည် ရေလမ်းကို ရွေးခဲ့ကြလေသည်။ သို့သော် လေနှင့် ရေစီးကြောင်းက သူတို့ကို ဆန့်ကျင်နေ၏။ ပြီးခဲ့သည့်တစ်ခေါက်ကထက် အများကြီး ပိုနှေးကွေးနေတော့သည်။ ရေလမ်း မအေးခဲခင် ၁၀လပိုင်း ၃ရက်မြောက်နေ့တွင် သူတို့သည် နောက်ဆုံးတော့ လော့ဟယ်သို့ အလောတကြီး ပြန်ရောက်လာခဲ့ကြတော့သည်။

ယိုကျင့် ခရီးထွက်သွားပြီး နှစ်လအတွင်းတွင် စုမိသားစုအတွင်း၌ အရာအားလုံးက အဆင်ပြေနေခဲ့လေသည်။ အပြင်ဘက်တွင် တတိယသခင်ကြီးဟွမ် ရှိပြီး အိမ်တွင်တော့ တစ်ဘဝလုံးနီးပါး ရှောင်မိသားစုကို တာဝန်ယူလာခဲ့သည့် အမျိုးသမီးစုန့် ရှိသည်။ ယိုကျင့် ခရီးမထွက်ခင်ကထက် အများကြီး စနစ်တကျရှိနေလေသည်။

“ အကြီးအကဲတစ်ယောက်ရှိတာ ရတနာတစ်ပါး ရှိတာနဲ့ အတူတူပဲလို့ လူတွေပြောကြတာလည်း မဆန်းပါဘူး၊ အခုတော့ ကြည့်ရတာ ကျွန်မ တကယ်ပဲ ရတနာတစ်ပါး ရထားတာပဲရှင့်” ယိုကျင့် ရွှင်လန်းတက်ကြွစွာဖြင့် အမျိုးသမီးစုန့်၏ အောက်ဘက်တွင် ထိုင်ကာ သူမနှင့် စကားပြောနေလိုက်လေသည်။

အမျိုးသမီးစုန့်က စာပို့သမားထံမှတစ်ဆင့် ယိုကျင့်က အရေးတကြီး ပြန်ပို့လာသည့် စာကို လက်ခံရရှိခဲ့သည်။ သူမ၏ကလေးများနှင့် မြေးများအားလုံး အသက်ရှင်ခဲ့သည့်အကြောင်းကို သိထားပြီးဖြစ်သည်။ ရှောင်လင်ယွီ၏ ရုတ်တရက် သေဆုံးမှုကို သခင်မကြီးအား ဖုံးကွယ်ထားရန်မှာ ယိုကျင့်၏စိတ်ကူးဖြစ်သည်။ အခုဆိုလျှင် သခင်မကြီးက အသက်အရွယ် ကြီးရင့်လာပြီဖြစ်ရာ သူမ၏ မြေးအကြီးဆုံး ဆုံးပါးသွားသည့်သတင်းကို ကြားလျှင် အလွန်စိတ်ဆင်းရဲသွားပေလိမ့်မည်။ သခင်မကြီး၏ ကျန်းမာရေးအတွက် အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်တို့က သဘောတူလိုက်ကြသည်။

အမှန်ပင်။ ဖုံးကွယ်ထားလိုက်သဖြင့် အမျိုးသမီးစုန့်၏ စိတ်အင်အားတို့သည် သတင်းကောင်း ကြားလိုက်ရပြီးချိန်၌ တစ်နေ့တစ်ခြား တိုးတက်လာခဲ့လေသည်။ သူမသည် အကြီးအကဲတစ်ယောက်လို မနေတော့ချေ။ သူမသည် အမျိုးသမီးစုနှင့် သားအမိလို ဖြစ်လာရုံမက စုမိသားစု၏ မိန်းကလေးများနှင့်လည်း အလွန်ရင်းနှီးလာခဲ့သည်။ သူတို့သည် မိသားစုတစ်ခုလို ရှိရင်းစွဲအတိုင်း ရင်းနှီးလာကြလေသည်။

“ သိတဲ့သူတွေကတော့ မင်းက မြို့တော်ကိုသွားခဲ့တယ်ပေါ့လေ၊ မသိတဲ့သူတွေတော့ မင်းက ပျားရည်အိုးထဲ ကျသွားပြီး နှစ်လလောက် စိမ်နေခဲ့ပြီး အပြောချိုချိုလေးတွေနဲ့ ပြန်လာတယ် ထင်နေကြအုံးမယ်”

ကလေးများ ပြန်လာသည်ကို တွေ့လိုက်ရသဖြင့် အမျိုးသမီးစုန့်သည် ပျော်ရွှင်မှုဖြင့် အလိုလို ပြည့်နှက်နေတော့သည်။ သူမသည် ရွှင်ရွှင်လန်းလန်း ပြုံးကာ ယိုကျင့်တို့အဖွဲ့ကို ဆွဲထားပြီး အချိန်တော်တော်ကြာအောင် ပျော်ပျော်ပါးပါး စကားပြောလိုက်ကြ၏။ လူကြီးအင်အား ကုန်သွားသည်အထိ သုံးလိုက်ရသဖြင့် သူမ၏ အခန်းဆီသို့ ပြန်သွားသောကြောင့် အမျိုးသမီးယွီနှင့် အမျိုးသမီးစုန့်တို့သည် နှစ်လလောက် ခွဲခွာပြီး ပြန်လည်ဆုံးစည်းကြသည့် စုမိသားစုကို အချိန်ပေးရန် သူတို့၏အခန်းအသီးသီးသို့ ပြန်သွားကြတော့သည်။

“ မကြီးက ညီမလေးရယ်၊ ယိုပေါင်နဲ့ ရှောင်ချီတို့ရဲ့ မွေးနေ့နဲ့ လွဲသွားတယ်၊ မကြီး ဘာလုပ်ပေးသင့်လဲ ပြောကြည့်”

ယိုကျင့်ဘေးတွင် ထိုင်ရင်း ယိုကျူးက သူမ၏လက်များကို ဆန့်လိုက်ကာ ယိုကျင့်အား ထက်သန်စွာ ကြည့်နေလေသည်။ ထို နောက်တီးနောက်တောက် အမူအရာက ကျန်ညီအစ်မများကို တခစ်ခစ် ရယ်သွားစေတော့သည်။ ယိုပေါင်နှင့် ရှောင်ချီတို့ကလည်း ဝိုင်းလာကြပြီး လက်ဖြန့်ကာ လက်ဆောင်တောင်းကြတော့သည်။

“ဟုတ်တယ်နော် ၊ မကြီးက ညီမလေးတို့ရဲ့မွေးနေ့မှာ မရှိခဲ့ဘူး၊ သမီးတို့လည်း မွေးနေ့လက်ဆောင်တစ်ခုတော့ မရလို့မဖြစ်ဘူးနော်”

“ အင်းပါ အင်းပါ၊ နင်တို့အားလုံး ရစေရမယ်”

ယိုကျင့်က ပြုံးကာ ညီအစ်မသုံးယောက်၏ လက်ကို ပုတ်လိုက်လေသည်. ထို့နောက် သူမက ရှောင်ချီကို ချီလိုက်ပြီး

“ ရှောင်ချီက ပိုလေးလာပြီးတော့၊ ပြီးတော့ အရပ်လည်း ပိုရှည်လာတယ်နော် ဟုတ်လား၊ ကြည့်ရတော ရှောင်ချီက မကြီးအိမ်မှာ မရှိတုန်း အရမ်းလိမ်မာတယ်ထင်တယ် ဟုတ်လား”

“အွန်း”

မကြီး၏ လက်ပေါ်တွင် ချီခံထားရသည့် ရှောင်ချီသည် အားတက်သရာ ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြန်ဖြေလိုက်လေသည်။

“ ရှောင်ချီက အရမ်းလိမ်မာပါတယ်၊ နေ့တိုင်း နေ့တိုင်း အစ်မလေးယောက်နဲ့အတူတူ စာရေး စာဖတ်ပါတယ်နော်၊ ထမင်းစားတိုင်းလည်း အကုန်စားပါတယ်”

သူမသည် သည်နှစ်တွင် ခြောက်နှစ် ပြည့်သွားပြီဖြစ်သည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ကောင်းကောင်း စောင့်ရှောက်ခံလာရသဖြင့် သူမ၏မျက်နှာသေးသေးလေးက အခုတော့ ဝိုင်းစက်ပြည့်ဖောင်းကာ သူမ၏ ရွှန်းလဲ့နေသည့် မျက်လုံးအဝိုင်းတစ်စုံမှာ ကြည်လင်တောက်ပသည့် နွေဦးနှစ်ခုနှယ် ချောမွတ်ကာ ကျောက်စိမ်း ကြွေရုပ်လေးနှင့်တူသည့် မျက်နှာသေးသေးထဲတွင် နစ်မြုပ်နေလေသည်။ အမှန်ပင် ချစ်စရာအရုပ်မလေးတစ်ရုပ်နှယ်။

“ ရှောင်ချီက အရမ်းလိမ်မာတာပဲ”

ယိုကျင့်က မျက်လှည့်တစ်ခုနှယ် တစ်နေရာမှာ အဖြူရောင်ယုန်လေးတစ်ကောင်ပုံစံ ထွင်းထားသည့် ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်လာကာ ရှောင်ချီ၏လည်ပင်းတွင် ဆွဲပေးလိုက်၏။

“ ဒီယုန်လေးကို ကြည့်ပါအုံး၊ ကြိုက်ရဲ့လား”

“ ကြိုက်တယ်”

ရှောင်ချီက ခေါင်းကို ငုံ့ကာ သူမ၏ လက်ဖဝါးတစ်ဝက်စာ အရွယ်အစားရှိသည့် အဖြူရောင် ယုန်ကျောက်စိမ်းဆွဲပြားကို သေသေချာချာ ကြည့်လိုက်လေသည်။ သူမ သဘောကျလေသည်။ သူမသည် ယုန်နှစ်ဖွားတစ်ယောက် ဖြစ်သည်။ မကြီးက သူမကို သည်လိုလှပသည့် ယုန်လေးတစ်ကောင် ပေးခဲ့သည်။ သူမ ကြိုက်မည်မှာ ပြောရန်ပင် မလိုပေ။

ရှောင်ချီတင်မကဘဲ စုမိသားစုက မိန်းကလေးများအားလုံး လက်ဆောင်တစ်ခုစီ ရကြပြီး သူတို့အားလုံးက သဘောကျကြသည်။ ယိုကျင့်က ချိုးဖန်ထံမှာ သေတ္တာကို ယူလိုက်ပြီး စုခမ်းကို လှမ်းပေးလိုက်၏။

“ခမ်းအာ မကြီး နင့်အတွက် ဘာပြင်ဆင်လာပေးလဲဆိုတာ မသိချင်ဘူးလား”

စုခမ်းက အပျော်လွန်နေသည့် အစ်မများကို အထင်သေးသည့်အကြည့်တစ်ခုဖြင့် ကြည့်လိုက်ပြီး မပွင့်တပွင့် ပြောလိုက်လေသည်။

“ ကျွန်တော်က ယောက်ျားတစ်ယောက်လေ၊ ကျွန်တော် ဒီလိုပစ္စည်းတွေ မလိုပါဘူး”

ဆရာက ပြောတယ်လေ။ ဒီပုတီးလုံးတွေနဲ့ ကျောက်စိမ်းတွေက မိန်းမတွေအတွက်ပဲတဲ့။ သူက ခံ့ညားတဲ့ ယောကျ်ားတစ်ယောက်ပဲ သူက ဒါဆိုကို ဘယ်နားသွားသုံးဖို့ လိုရမှာလဲ။

ယိုကျင့်သည် မောင်ဖြစ်သူ၏ စာအုပ်ကြီးဆန်ဆန် အပြုအမူကြောင့် ရယ်ချင်သွားတော့သည်။ သူမက သူ့ခေါင်းလေးကို အားနည်းနည်းဖြင့် ခေါက်လိုက်ပြီး ပြန်ပြောလိုက်၏။

“ မကြီးက နင့်အတွက် ဘာယူလာပေးတာလဲဆိုတာကို အရင်းကြည့်ပါအုံးလား၊ မကြီးကဖြင့် မြို့တော်ကနေ တစ်လမ်းလုံး လက်ဆောင်သယ်လာခဲ့ရတာ ၊ ခမ်းအာက မကြီးကို အထင်သေးနေတာလား”

စုခမ်းသည် မကြီး၏ စိတ်မကောင်းဖြစ်နေသည့် ပုံစံကို လှမ်းကြည့်လိုက်ပြီးနောက် မကြီးလက်ထဲတွင် ကိုင်ထားသည့် လက်ဆောင်ကို ကြည့်လိုက်လေသည်။ တော်တော်လှသည်ဟု ထင်ရသည်။ သူသည် အနည်းငယ် စိတ်မလှုပ်ရှားပဲ မနေနိုင်ဖြစ်သွားတော့သ်ည။ သူ့နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားလိုက်ပြီးမှ သူက ပြောလိုက်လေသည်။

“ ကောင်းပြီလေ၊ ဒီတစ်ခါတော့ ကျွန်တော် လက်ခံလိုက်ပါ့မယ်၊ မကြီးကို ကျေးဇူးတင်ပါတယ်”

ထိုသို့ပြောလိုက်ပြီးနောက် သူ့စိတ်အတွင်းက လောကြီးနေသည့်ခံစားချက်ကို ဖိနှိပ်ထားလိုက်ပြီး လက်လှုပ်ရှားမှုကို တမင်နှေးလိုက်ကာ သေတ္တာကို ဖွင့်လိုက်တော့သည်။ ထို့နောက် သူက အံ့ဩဝမ်းသာဟန်ဖြင့် မကြီးကို မော့ကြည့်လိုက်တော့သည်။

“ ကျေးဇူးတင်ပါတယ် မကြီး”

သူ ဟိုးအရင်ကတည်းက လိုချင်နေတဲ့ဟာလေ။

ယိုကျင့်က သူ့ခေါင်းလေးကို သပ်ပေးလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။ စိတ်ထဲတွင်တော့ သူမသည် ဆရာချန်းနှင့် စကားပြောရန် မှတ်ထားလိုက်တော့သည်။ ခမ်းအာက အခုမှ လေးနှစ်ပဲ ရှိသေးတယ်။ သူအခုလေးတင် လုပ်သွားတဲ့ အပြုအမူတွေက အရမ်း စာအုပ်ကြီးဆန်နေတယ်။ လေးနှစ်ပဲ ရှိသေးတာ သူက အဘိုးအိုလေးတစ်ယောက် ဖြစ်လာပြီလေ။ နောက်ဆိုရင် ဘယ်လိုများနေမလဲ မသိဘူး။

မကြီး ပြန်ရောက်လာသောအခါ စုအိမ်သည် တစ်နေ့လုံး သက်ဝင်လှုပ်ရှားနေလေသည်။ ညစာစားပြီးနောက်မှ အမျိုးသမီးစုမှ သမီးဖြစ်သူနှင့် စကားပြောဖို့ အချိန်ရတော့သည်။

“ ယိုကျင့် အမေ့ရဲ့စိတ်ကူးကလေ အရမ်းရိုးရှင်းနေတယ်လို့ ထင်လား”

အမျိုးသမီးစုက သူမ၏စိတ်ကူးများကို ယိုကျင့်အား အကျဥ်းချုပ်ပြောပြလိုက်၏။ သူမ၏ ကျောက်စိမ်းရောင်မျက်နှာက မသိမသာ နီရဲနေသည်။ သူမ၏မျက်လုံးအစုံက သမီးဖြစ်ကို အားတက်သရော စိုက်ကြည့်ရင်း သူမ၏ စိတ်ကူးကို စောင့်မျှော်နေလေသည်။

ယိုကျင့်သည် အမျိုးသမီးစုက ကိုယ်တိုင် စားသောက်ဆိုင်တစ်ခု ဖွင့်မည့် စိတ်ကူးရလာမည်ဟု မျှော်လင့်မထားခဲ့ချေ။ အမျိုးသမီးစု၏ စိတ်ကူသည် အကောင်အထည် မဖော်ရသေးသော်လည်း ယိုကျင့်အနေဖြင့် သူမက ပြောင်းလဲဖို့ ကြိုးစားလိုသည့် ဆန္ဒရှိသဖြင့် ကောင်းမွန်သည့် အစပျိုးခြင်းတစ်ခုဟု ထင်လေသည်။ အမျိုးသမီးစုကို ကြည့်လိုက်ပြီး သူမက လေးလေးနက်နက် ခေါင်းညိတ်ပြကာ ပြောလိုက်၏။

“ အမေ အများကြီးမတွေးနဲ့၊ အမေ့မှာ ဒီလိုစိတ်ကူးရှိနေသ၍ သမီးတို့တွေ စမ်းကြည့်လို့ရတယ်၊ နောက်ဆုံး အမေက အရင်မင်းဆက်ရဲ့ တော်ဝင်စားတော်ကဲရဲ့ လေးဆက်မြောက်မျိုးဆက်လေ”

“ ဒီကလေးကတော့ ၊ အမေက အချက်လေးတွေကိုပဲ လေ့လာခဲ့ရတာပါ၊ ဘယ့်နှယ် မျိုးဆက်တွေ ဘာတွေ ပြောနိုင်ရတာလဲ”

အမျိုးသမီးစုသည် သမီးဖြစ်သူ၏စကားကြောင့် ပျာယာခတ်သွားတော့သည်။ သို့သော် သမီးဖြစ်သူက သူမကို အားပေးနေသည်ကို သိလိုက်ရသဖြင့် အမျိုးသမီးစုသည် စိတ်ထဲတွင် ရှက်ရွံ့မိသလို ဝမ်းသာသွားတော့သည်။ သူမက သမီးဖြစ်သူကို မျက်စောင်းဖြင့် ပြုံးပြလိုက်တော့သည်။

“ ယိုပေါင်က သမီးရဲ့ဒေါ်လေးနဲ့ အပြင်မှာ အလုပ်များနေပြီး ဘာမှမလုပ်ဘဲ အိမ်မှာ ကျန်နေတာ အမေတစ်ယောက်ထဲ ဖြစ်နေတော့ အမေလည်း စိတ်က မနေသာဘူး”

ယိုကျင့်သည် အမျိုးသမီးစုက သည်လိုတွေးလိမ့်မည်ဟု လုံးဝ မသိခဲ့ချေ။ သူမ ပြောလိုက်သည့် စကားကိုကြားလိုက်ရပြီးနောက် ယိုကျင့်သည် အမျိုးသမီးစုကို ဂရုမစိုက်မိသလောက် ဖြစ်ခဲ့မှန်း သိလိုက်ရတော့သည်။ ထို့နောက် သူမက ထိုင်ခုံနေရာ ပြောင်းကာ အမျိုးသမီးစုဘေးတွင် ထိုင်ချလိုက်၏။ သူမ၏ခေါင်လေးကို အမျိုးသမီးစု၏ပခုံးပေါ်တွင် မှီထားလိုက်ပြီး လေသံဖြင့် ပြောလိုက်လေသည်။

“ အမေက ဘာမှမလုပ်ဘဲ ဒီအတိုင်းနေနေတာ မဟုတ်ပါဘူး၊ သမီးတို့တွေအားလုံးကို အမေပဲ စောင့်ရှောက်လာခဲ့တာမလား၊ အမေက အိမ်မှာ ဒီလောက်များတဲ့ ကိစ္စတွေကို ကိုင်တွေနေရတာမလား”

သမီးဖြစ်သူ၏ အတည်ပြုချက်ကို ကြားလိုက်ရသဖြင့် အမျိုးသမီးစု၏နှုတ်ခမ်းထောင့်တွင် သိမ်မွေ့သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။

“ ကံကောင်းလို့ အမေ့မှာ သမီးရှိနေတယ်လေ”

ကံကောင်းလို့ ဒီလို သိတတ်လိမ်မာပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ အကြီးဆုံးသမီးလေးကို ရထားခဲ့တာ။ သမီးသာ မရှိရင် သူမ ယွဲ့အိမ်မှာ သေသွားတာ ကြာနေလောက်ပြီ။ ဘယ်လိုလုပ်ပြီး ဒီနေ့လို လွတ်လပ်ပေါ့ပါးတဲ့ဘဝမျိုး ရလာနိုင်မှာလဲ။ အမျိုးသမီးစုသည် သည်အကြောင်းကို စဥ်းစားမိချိန်တိုင်း သူမအား သည်လိုစောင့်ရှောက်မှုနှင့် လိမ္မာသိတတ်သည့် သမီးများကို ပေးခဲ့သည့် မိုးနတ်မင်းကို ကျေးဇူးတင်လို့မဆုံးနိုင် ဖြစ်ရလေတော့သည်။

…

All Chapters