← Chapters

အခန်း ၁၃၁

Vol. 9 Ch. 131

အခန်း ၁၃၁

Vol. 9 Ch. 131

အပိုင်း (၁၃၁) သူရဲကောင်းလား သူရဲဘောကြောင်တဲ့သူလား

သူတို့၏သားမှာ ဆိုးဆိုးရွားရွား ရိုက်ခံထားရသည်ဖြစ်ရာ အမေဖြစ်သူကပင် သူ့ကိုမမှတ်မိနိုင်ခဲ့ချေ။ ဝေ့မိသားစုလင်မယားက ဝမ်းနည်းနာကျင်ရသော်လည်း စုမိသားစုကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။ သူတို့သည် လူလွှတ်ပြီး စုမိသားစုထံသို့ လက်ဆောင်များကို ရက်ရက်ရောရော ချက်ချင်းပို့ခိုင်းလိုက်သည်။ စုမိသားစုက သူတို့သားကို ကူညီကယ်တင်ပေးသည့်အတွက် ကျေးဇူးတင်သောအားဖြင့်ဟု ဆိုလေသည်။

“ ငါ့သားရယ် ဘယ်လိုရူးနေတဲ့ အရိုင်းအစိုင်းက မင်းကို ဒီပုံစံအထိဖြစ်အောင် ရိုက်နှက်ခဲ့တာလဲဟဲ့”

အမျိုးသမီးဝေ့တွင် သည်သားတစ်ယောက်သာ ရှိလေသည်။ သူမသည် သူကို ငယ်ငယ်လေးကတည်းက ရွှေပေါ်မြတင်ကာ ပြုစုစောင့်ရှောက်လာခဲ့ရသည်။ သူမသည် သူ့ကို လက်ချောင်းလေးနှင့်ပင် မရွယ်ရက်ခဲ့ပေ။ ထို့ကြောင့် သူက သည်အခြေအနေထိ အရိုက်ခံလိုက်ရမည်ဟု သူမက အဘယ်မှာ ထင်ထားခဲ့ပါမည်နည်း၊ သူမသည် အဘယ်မှာ ဝမ်းမနည်းဘဲ နေနိုင်ပါမည်နည်း။

“ ငါကတော့ သူပျက်စီးသွားတဲ့အထိ မင်းအလိုလိုက်ခဲ့လို့ပဲလို့ ထင်တယ်၊ သူက စာလည်း သေသေချာချာ မလေ့လာဘူး၊ ငါ့ အလုပ်ကို ဝင်မကူဘူး၊ ကြောင်တွေ ခွေးတွေနဲ့ ဆော့ဖို့လောက်ပဲ သိတယ်၊ တစ်ဖက်လူက သူ့ကို မသတ်တာကပဲ မညှာတာရာ ကျနေပြီ”

သခင်ကြီးဝေ့သည် သည်အလကားနေနေသည့် အကြီးဆုံးသားကို သဘောမကျဆုံးပင်။ အခုတော့ သည်လိုအရိုက်ခံရပြီး ပြန်ပို့ခံရသည်ကို တွေ့လိုက်ရသောအခါ သူ့ကို ပိုလို့ပင် မုန်းတီးသွားတော့သည်။

“ မင်းက အကြီးဆုံးသား ဖြစ်ရက်နဲ့ လုံးဝ အကြီးလို မနေဘူး၊ မင်းက မင်းညီတွေအတွက် ဥပမာတစ်ခု မဖြစ်တာပဲ ဟုတ်နေပြီ၊ သူသိတာက မိသားစု အရှက်ခွဲဖို့လောက်ပဲ သိတာ၊ မင်းကြောင့် ဒေါသထွက်ပြီး ငါသေတော့မှာ အနှေးနဲ့ အမြန်ပဲ”

“သခင်ကြီး တာ့လန်က ဒီလောက်အထိ အရိုက်ခံထားခဲ့ရတာ ၊ ရှင်က သူ့ကို အပြစ်တင်နေသေးတယ်”

အမျိုးသမီးဝေ့၏ မျက်နှာအရောင်အဝါသည် ထိုမြေခွေးမက မွေးလာသည့် သားနှစ်ယောက်အကြောင်း ထုတ်ပြောလိုက်ချိန်တွင် ပို၍အကျည်းတန်လာတော့သည်။ အဲဒီမြေခွေးမက ဘယ်လိုပြုမူရမယ်ဆိုတာ သိထားပြီး သခင်ကြီးက အဲဒီအောက်တန်းစားတွေကို စာလေ့လာနိုင်အောင် လုပ်ပေးခဲ့တာလေ။ ဘာလေ့လာစရာရှိလဲ။ ဆောင်ကြာမြိုင်က အပျော်မယ်က မွေးတဲ့ကလေးတွေက ဘယ်လောက်ပဲ စာလေ့လာလေ့လာ အောက်တန်းစားပဲ ဖြစ်နေမှာပဲ။ သူတို့တွေ ဇာမဏီငှက်တစ်ကောင် ဖြစ်ပါ့မလား။

“ အောက်တန်းစားကမွေးကတဲ့ ကလေးက အောက်တန်းစားပဲပေါ့၊ သူတို့တွေက ဘယ်လိုလုပ်ပြီး ကျွန်မရဲ့တာ့လန်နဲ့ ယှဥ်လို့ရမှာလဲ”

“ ဘာမှမသိတဲ့ နုံအလိုက်တဲ့မိန်းမ ၊ ဒါဆိုလည်း သူ့ကိုသာ ဆက်ပြီး ဖျက်ဆီးနေလိုက်၊ သူ ဒီနေ့ ကယ်တင်ခံရတာတောင် ကံကောင်းလို့၊ တစ်နေ့နေ့ သူ အသေရိုက်ခံရတဲ့အထိစောင့်နေလိုက်၊ ဒါမှ မင်း ပျော်မှာလေ”

သခင်ကြီးဝေ့သည် သည်နုံအလှသည့်မိန်းမကြောင့် အလွန်ဒေါသ ဖြစ်ရလေရာ အတွင်းအင်္ဂါများပင် ဒဏ်ရာရတော့မည့်နှယ်။ ထို့ကြောင့် သူသည် သည်အတိုင်း လျှောက်ကာ ထွက်သွားလိုက်ပြီး သည်ပြဿနာကို စိတ်ထဲက ထုတ်လိုက်တော့သည်။

သနားစဖွယ် ဝေ့တာ့လန်မှာ မိန်းမလှလေးကို ကယ်တင်ပေးသည့် သူရဲကောင်းတစ်ယောက် ဖြစ်ချင်ရုံသာ။ သူသည် သူ့ငါးစာကို စားပြီးသွားသည့် ကြက်တစ်ကောင်ကို ခိုးဝှက်ရန်ပင် ဘယ်တော့မှ မကျရှုံးချင်ခဲ့ပေ။ သို့သော် စုမိသားစု ကျားမလေး၏ အရိုးကျိုးသည်အထိ အရိုက်ခံလိုက်ရသည့် အဖြစ်မှန်ကိုလည်း သူ့မိဘများအား မပြောပြရဲချေ။ အမှန်တရား သိပြီးနောက် သူ့အဖေက သူ့ကို ပိုပြီး အထင်သေးသွားမည်ကို စိုးသဖြင့် သူ့မှာ သည်အသီးခါးခါးကို ကိုယ်တိုင်သာ မျိုချလိုက်ရတော့သည်။

***

စုကျားယန့် စားသောက်ဆိုင်ထဲတွင် ယိုကျူးတစ်ယောက်ကတော့ စိတ်ချမ်းသာနေကာ ဝင်လာသည်နှင့် မကြီး၏ လက်မောင်းကို ချိတ်ထားပြီး မလွှတ်တော့ချေ။ သူမသည် သူမ၏ ‘မဟာအောင်မြင်မှုများ’အကြောင်းကို တတွတ်တွတ် ပြောနေတော့သည်။

“ မကြီး မကြီး မတွေ့လိုက်ရလို့နော်၊ အဲဒီဝေ့တာ့လန်ဆိုတာလေ အရမ်းကို ပိန်ညောင်နေတာ၊ တစ်ချက်ကြည့်လိုက်တာနဲ့ သူ့ကိုယ်ပေါ်မှာ အသားမရှိတာ သိပါတယ်ဆို၊ ပြီးတော့ သူကလေ မိန်းမလှလေးကို ကယ်ချင်တဲ့ သူရဲကောင်းတစ်ယောက် လုပ်ချင်သေးတာ၊ ညီမလေးမျက်လုံးထဲမှာတော့ သူရဲဘောကြောင်တဲ့ကောင်နဲ့ ပိုတယ်၊ သူ့ကို အသာလေးပဲ ထိုးလိုက်တာကို သူက မြေကြီးပေါ် လဲကျသွားပြီး အော်ဟစ်နေတာတဲ့၊ တကယ့်ကို အသုံးမကျတဲ့ဟာကြီးပါ”

ယိုကျင့်မှာ အလုပ်မလုပ်နိုင်တော့သည်အထိ တွယ်ကပ်ခံနေရသဖြင့် စုကျားယန့် တာဝန်ခံအား အပြင်သို့ ပြန်လွှတ်လိုက်တော့သည်။ သူမသည် တတိယညီမလေး၏ဇာတ်လမ်းကို နားထောင်ပေးရန် အချိန်ပေးဖို့သာ သာတတ်နိုင်တော့သည်။

‘” ဒီတော့ နင်က သူ့ကို အသေအလဲရိုက်ပြီး ပြန်ပို့ပေးလိုက်တယ်ပေါ့”

ဒီယိုကျူးတစ်ယောက်ကတော့ ပိုပိုပြီး စည်းကမ်းမဲ့လာပြီ။ သူ့နောက်က အစောင့်တွေကို ခေါ်သွားပြီးတော့တောင် ဝေ့တာ့လန်ကို သွားရှင်းလိုက်သေးတယ်။

“ ဝေ့တာ့လန်က နောက်ပိုင်း နင့်ကို ကလဲ့စားပြန်လာချေမှာ မကြောက်ဘူးလား”

ယိုကျူးက နှုတ်ခမ်းကို စူထားလိုက်လေသည်။ အဲဒီသူရဲဘောကြောင်တဲ့ကောင်က သူမကို ကလဲ့စား လာချေရဲမယ်လို့ မယုံပေါင်။

“ဘာကြောက်စရာရှိလို့လဲ၊ သူလာရဲရင် လာကြည့်လေ သူ့ကို နောက်ထပ်ကောင်းကောင်း ပညာပေးပစ်မယ်”

သူမက သူမ၏လက်သီးသေးသေးလေးကိုပင် ဝေ့ယမ်းပြလိုက်သေးသည်။ မသိမသာကြွားလုံးများဖြင့် သူမက ကြေညာလိုက်သေးသည်။

“ ညီမလေးရဲ့လက်သီးက သက်သတ်လွတ်သမား မဟုတ်ဘူးဆိုတာ သိသွားစေရမယ်”

“ ထားတော့၊ ဒီတစ်ခါတော့ ဒီကိစ္စကို ဒီအတိုင်းထားလိုက်ကြမယ်၊ အစကတည်းက ဝေ့တာ့လန်က လိမ်ဆင်လုပ်ပြီး အရင်မှားခဲ့တာဆိုတော့၊ သူ့ကို ပညာပေးတာက မှန်ပါတယ်”

ယိုကျင့်က သက်ပြင်းချလိုက်လေသည်။ မိသားစုထဲက ညီအစ်မတွေ အများကြီးထဲမှာမှ ယိုကျူးက ဒေါသအကြီးဆုံး။ သူမက တစ်စက်ကလေးမှ အရှုံးခံချင်တာမဟုတ်ဘူး။ သူမကို စောင့်ကြည့်နေတာပဲ ကောင်းပါတယ်။ အနည်းဆုံးက သူမစကားကို နားထောင်သေးတယ်လေ။ ဒါပေမဲ့ သူမက ယိုကျူးဘေးမှာ ရှိမနေဘူးဆိုရင် ဘယ်လိုကြောက်စရာကောင်းတာတွေ ဖြစ်လာမလဲ မသိဘူး။ ဖြူဆွတ်ဆွတ်သွယ်လျလျ လက်ညှိုးလေးက ယိုကျူး၏ နဖူးကို ကွယ်နေသည့် ဆံမြိတ်လေးကို တို့လိုက်ကာ ပြောလိုက်လေသည်။

“ ဒါပေမဲ့ နင်နော် ပြန်သွားပြီး သက်တော်စောင့်ခေါင်းဆောင်ဆီမှာ အပြစ်သွားခံယူရမယ်၊ တစ်လလုံးလုံး နေ့တိုင်း နာရီဝက် မြင်းထိုင် ပိုထိုင်ရမယ်”

“ ဟာ မကြီး”

ယိုကျူးမှာ သူမ၏ပထမပိုင်းလေးကြောင့် ပျော်မည်ကြံရုံရှိသေး မကြီးပြောလိုက်သည့် ဒုတိယပိုင်းကြောင့် အလန့်တကြား ဖြစ်သွားတော့သည်။ သူမသည် မကြီး၏လက်မောင်းကို ကလေးတစ်ယောက်ကို တွဲခိုနေလိုက်ပြီး

“ ညီမလေးမှ မမှားတာကို၊ ညီမလေးက သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ပြန်ပေးခဲ့တာလေ၊ ဘာလို့ ညီမလေးကို အပြစ်ပေးတာလဲလို့၊ မကြီးလို့~~~”

ယိုကျင့်မှာ ဆွဲလှုပ်ခံနေသည်ကို မနေနိုင်တော့ပေ။ ထို့ကြောင့် သူမက မြန်မြန် ယိုကျူးကို မြန်မြန်တားလိုက်ကာ ပြောလိုက်လေသည်။

“ ကလေးလို လာလုပ်မနေနဲ့၊ နင် ဆက်ပြီး တွယ်ကပ်နေရင် တစ်နာရီဖြစ်သွားမယ်နော်”

ဒီကလေးမက အခုဆိုရင် တဖြည်းဖြည်းနဲ့ ဉာဏ်များလာပြီ။ သူ့စိတ်ထားကို သေချာ မထိန်းကျောင်းပေးရင် နောက်ပိုင်း ပိုပိုပြီး စည်းမဲ့ကမ်းမဲ့ ဖြစ်လာတော့မယ်။

မကြီး၏ တုံ့ပြန်ပုံကို မြင်လိုက်ရသဖြင့် ယိုကျူးသည် သည်ကပ်ဘေးမှ မလွတ်မြောက်နိုင်တော့မှန်း သိလိုက်တော့သည်။ သူမ၏နှုတ်ခမ်းလေးက ပိုပြီးစူထွက်လာလေသည်။ စိတ်ထဲတွင်တော့ ထိုသောက်ကျိုးနဲ ဝေ့တာ့လန်၏ခေါင်းကို နောက်တစ်ကြိမ် ခေါက်ပစ်လိုက်တော့သည်။ သနားစရာကောင်းလိုက်တဲ့ ဝေ့တာ့လန်။ သူ့အရိုးတွေကို ကုဖို့ လတော်တော်ကြာအောင် အချိန်ယူလိုက်ရတော့မှာပဲ။ ထိုအချိန်ကတည်းက သူသည် လမ်းပေါ်ထွက်တိုင်း အကြောင်းမရှိဘဲ မကြာခဏဆိုသလို အပြင်းအထန်အရိုက်ခံရတော့သည်။ သို့သော် သည်ကိစ္စအားလုံးက အနာဂတ်တွင် ဖြစ်လာမည့်ကိစ္စများပင်။

ပစ္စုပ္ပန်တွင်တော့ အချိန်စက်ဝန်းက နွေဦး၏ ၃လပိုင်းသို့ ဝင်လာခဲ့ချေပြီ။ ၃လပိုင်း ၆ရက်နေ့သည် ယိုရင်၏ ၁၅နှစ်ပြည့်မွေးနေ့ ဖြစ်သည်။ ထို့ကြောင့် နောက်ထပ်စည်ကားသည့် မြင်ကွင်းတစ်ခု ရှိနေသည်မှာ သဘာဝပင်။ ချာရှန်းမှ အထူးတလည်ပြန်သည့် ဟန်လီက အစောကြီးကတည်းက လက်ဆောင်အဖြစ် ပြင်ဆင်ထားသည့် အဖြူရောင်ကျောက်စိမ်းဆံထိုးကို ယိုရင်အား ပေးလိုက်လေသည်။ ယိုရင် အရွယ်ရောက်လာပြီးနောက်တွင် အမျိုးသမီးစုက သူတို့နှစ်ယောက်၏ လက်ထပ်ပွဲကို ထပ်ပြောလေသည်။

“ ယိုရင်က အရွယ်ရောက်လာပြီ၊ မင်္ဂလာပွဲ ပြင်ဆင်ရမဲ့ အချိန်ပဲ ဟုတ်တယ်မလား”

ဟန်လီသည် ပြီးခဲ့သည့် နှစ်နှစ်က ချာရှန်းတွင် အလုပ်များနေခဲ့သည်။ နှစ်နှစ်လောက် စိတ်ကို ထိန်းကျောင်းလာပြီးနောက်တွင် ဟန်လီ၏ စိတ်နေစိတ်ထားတို့သည် ပိုပြီး တည်ငြိမ်လာခဲ့သည်။ အမျိုးသမီးစုက သူ့ကို ပိုပိုပြီး သဘောကျလာမှာ ထုတ်ပြောရန်ပင် မလိုချေ။

“ ယိုရင်က ၁၅နှစ်ပဲ ရှိသေးတာ၊ အရမ်းငယ်မနေဘူးလား”

ယိုကျင့်က အမျိုးသမီးစု၏ ဘေးတွင် ထိုင်နေသည်။ သူမ၏ လည်တိုင်ကို မသိမသာလှုပ်ရှားလိုက်၏။ သူမသည် လေ့ကျင့်ခန်း မလုပ်ရသည်မှ အလွန်ကြာသွားပြီဖြစ်လေသည်။ တစ်နေကုန် အလုပ်များနေသဖြင့် လေ့ကျင့်ခန်းမလုပ်နိုင်ခဲ့ပေ။

အမျိုးသမီးစုကတော့ ထိုသို့ မတွေးချေ။ သူမက ပြန်ပြောလိုက်သည်။

“ ဝူလီချောင်က မိန်းကလေးကို ကြည့်လိုက်ပါအုံး၊ ဘယ်တစ်ယောက်က အသက် ၁၅ - ၁၆ မှာ အိမ်ထောင်မပြုကြလို့လဲ၊ ယိုရင်က အဆင်ပြေပါတယ်၊ သမီးပဲ၊ သမီးက မကြာခင် ၁၆နှစ်ပြည့်တော့မယ် ၊ အခုထိ မင်္ဂလာဆောင်ဖို့ မလုပ်ချင်သေးဘူးလေ၊ တကယ်ကြီး ဆံပင် ပယ်ပြီး သီလရှင် လုပ်မလို့တော့ မဟုတ်ဘူးမလား”

အမျိုးသမီးစုသည် အကြီးဆုံးသမီးဖြစ်သူ၏ မင်္ဂလာပွဲအကြောင်း စဥ်းစားမိလျှင် ခေါင်းစကိုက်လာတော့သည်။ ထို့အပြင် အကြီးဆုံးသမီးက အလွတ်လပ်ဆုံးသူတစ်ယောက် ဖြစ်နေပြန်သည်။ သမီးဖြစ်သူက ဘာမှမလုပ်ချင်လျှင် သူမကလည်း ဘာမှမတတ်ပေ။

“ သမီးတို့တွေ ယိုရင်ကိစ္စ ပြောနေတာလေ၊ ဘယ်လိုဖြစ်ပြီး သမီးအကြောင်း ဖြစ်သွားတာလဲ”

ယိုကျင့်သည် အမျိုးသမီးစု၏ ရုတ်တရက် ခေါင်းစဥ်အပြောင်းအလဲတွင် အနည်းငယ် သီးသွားတော့သည်။ သူမက လက်ဖက်ရည်ပန်းကန်ကို မြန်မြန်ကောက်ကိုင်ကာ သောက်လိုက်ပြီး သည်ခေါင်းစဥ်ကို အမျိုးသမီးစုနှင့် မဆွေးနွေးချင်ခဲ့ပေ။

သီးသွားသဖြင့် နီရဲသွားသည့် သမီးဖြစ်သူ၏မျက်နှာကို တွေ့လိုက်ရသည်တွင် အမျိုးသမီးစုမှာ စိတ်ထဲတွင် သက်ပြင်းချကာ မေးလိုက်တော့သည်။

“ယိုကျင့် အမေ့ကို အမှန်အတိုင်း ပြောစမ်း၊ သမီးအခုထိ သခင်လေးရှောင်ကို လက်မလွှတ်နိုင်သေးဘူးပေါ့ ဟုတ်လား”

“ အဟွတ် ဟွတ် ဟွတ် ဟွတ်.....” အစောပိုင်းက ကူကယ်ကာမဲ့ခဲ့သည်ဆိုလျှင် ယိုကျင့်သည် အခုတော့ သူမ၏မျက်နှာကို ပြရန် ရှက်ရွံ့သွားတော့သည်။

အမျိုးသမီးစုသည် သမီးဖြစ်သူက သည်လောက် ထင်ရှားသည့်တုံ့ပြန်မှုမျိုး ဖြစ်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူမ၏ကျောကို အသာအယာ လှမ်းပုတ်ပေးရင်း ဝမ်းနည်းစွာ ဆက်ပြောလိုက်တော့သည်။

“သမီးမပြောရင်တောင် သခင်လေးရှောင်အပေါ် ထားတဲ့ သမီးရဲ့စိတ်ကို အမေသိပါတယ်၊ ဒါပေမဲ့ အခု သခင်လေးရှောင်က မရှိတော့ဘူးလေ၊ သမီး ဒီစိတ်ကို ကျန်တဲ့တစ်ဘဝလုံး သိမ်းထားလိုက်မရဘူးလေ ဟုတ်တယ်မလား”

“သခင်လေးရှောင်က တကယ်ရှားရှားပါးပါး လိမ္မာတဲ့ကလေးတစ်ယောက်ပါ။ သူ့အမေဆိုတာကလည်း အိမ်ရဲ့ကြင်နာတတ်တဲ့ သခင်မတစ်ယောက်။ အခု သခင်လေးရှောင်က ဆုံးပါးသွားပြီလေ။ သမီးဖြစ်သူက ၁၆နှစ်ပဲ ရှိသေးတယ်။ သူ ဒီခံစားချက်ကို သိမ်းထားပြီး ကျန်တဲ့တစ်ဘဝလုံးကို တစ်ယောက်ထဲ နေလို့မရဘူးလေ ဟုတ်တယ်မလား”

‘အမေ ဒီကိစ္စကြောင့် မဟုတ်ပါဘူး”

ယိုကျင့်သည် အမျိုးသမီးစုမှာ သူမနှင့် အချစ်ရေးကိစ္စကို ဆွေးနွေးဖို့ရာ ဘယ်တုန်းက အလွန်ပွင့်လင်းသွားမှန်း မသိလိုက်ပေ။ အခုပဲ ရှောင်လင်ယွီအကြောင်း ပြောလိုက်တယ်။ သူက မိန်းကလေးတွေရဲ့ ပထမဆုံးအချစ်မှာ အချစ်ဦးတစ်ယောက်နဲ့ တူတယ်လေ။ သူတို့တွေ လွဲသွားပြီဆိုမှတော့ ရှိပါစေတော့ပေါ့။ သူမ၏ညပိုင်း အိပ်မက်တွေထဲမှာ သူမရဲ့ပါးကို လာထိတဲ့အချိန်က သူ့လက်ရဲ့ အပူချိန်ကို သတိရနေအုံးမဲ့ အချိန်တွေကတော့ ရှိမှာပါပဲ။ ဒါပေမဲ့ အခုတော့ လူနဲ့ ဝိညာဉ်ဆိုတာ မတူညီတော့တဲ့ ခရီးတစ်ခု ဖြစ်သွားပြီလေ။ သူမကလည်း လူသားနဲ့ ဝိညာဉ်ကြားက ဆက်ဆံရေးတစ်ခုကို အဆင့်တိုးလို့ မဖြစ်နိုင်ဘူးမလား။

ယိုကျင့်သည် သူမ၏စိတ်ထဲတွင် အတွေးများစွာ ရှိနေသော်လည်း ကိစ္စအားလုံးကို အမျိုးသမီးစုနှင့် မိသားစုကို မပြောပြခဲ့ချေ။ သူမက သည်အတိုင်းသာ ပြောလိုက်တော့သည်။

“ အမေ ခံစားချက်ဆိုတဲ့ အရာမျိုးတွေက အတင်းလုပ်လို့မရဘူးလေ၊ နောက်ပိုင်း သမီးသဘောကျတဲ့ လူကို တွေ့ရင် အမေ့ကို သေချာပေါက်ပြောပြပါ့မယ်” အမျိုးသမီးစုအား အလွန်အလျင်စလို မလုပ်ရန် သွယ်ဝိုက်ပြောလိုက်ခြင်းပင်။

အမျိုးသမီးစုက သမီးဖြစ်သူ၏ စကားကို နားလည်မှုလွဲသွားပြီး သူမသည် ခံစားချက်ဟောင်းတစ်ခုတွင် ပိတ်မိနေကာ ကိုယ်တိုင် မလွတ်မြောက်နိုင်ပါလားဟု တွေးလိုက်လေတော့သည်။ သို့သော် သူမက ဆက်မပြောချင်တော့သည့်ဟန်ကို တွေ့လိုက်ရသဖြင့် သူမက အသာအယာ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

“ ရှိပါစေတော့လေ၊ အခု သမီးလည်း အရွယ်ရောက်နေပြီ၊ သမီးမှာလည်း ကိုယ်ပိုင်စိတ်ကူးရှိမှာပေါ့၊ အမေက သမီးတို့ကို အများကြီး ထိန်းချုပ်လို့မရပါဘူး၊ အမေက သမီး အဆင်ပြေပြေနေနိုင်ဖို့ပဲ မျှော်လင့်တာပါ”

***

စုကျားယန့်၏ စီးပွားရေးသည် တိုးပွားလျက်ပင်။ အမျိုးသမီးဟန်နှင့် ယိုပေါင်တို့ စခဲ့သည့် ဟင်းခတ်အမွှေးအကြိုင်နှင့် အလှကုန်ပစ္စည်းဆိုင်ကိုလည်း ချောချောမောမော ဖွင့်နိုင်ခဲ့သည်။

ယွဲ့ဝမ်ရှန့်တို့ ညီအစ်ကိုက စုမိသားစုတွင် နေထိုင်နေကြဆဲ။ နေ့တိုင်း သူတို့သည် ဆရာကြီးချန်းနှင့်အတူ စာလေ့လာကြပြီး လက်ရေးလေ့ကျင့်လာကြကာ တစ်နှစ်အတွင်း အများကြီး တိုးတက်လာကြသည်။

“ ဒီနေ့ ဆရာက ပြောတယ် ကျွန်တော်တို့တွေ ဒီနှစ်စာမေးပွဲကို အစမ်းဝင်ဖြေကြည့်လိုက်ရပြီတဲ့”

ညနေစာ ထမင်းဝိုင်းတွင် ယွဲ့ဝမ်ရှန့်က သည်အကြောင်းကို အမျိုးသမီးဟန်ကို ရှက်ကိုးရှက်ကန်းနှင့် ပြောပြလိုက်သည်။ လက်များကို နောက်သို့ပို့ထားပြီး သူ့ခေါင်းက အနည်းငယ် အောက်ငုံ့ထားကာ အမျိုးသမီးဟန်အား ရို့ရို့ကလေး မော့ကြည့်နေလေသည်။

သားဖြစ်သူ၏ စကားကို နားထောင်လိုက်ပြီးနောက် အမျိုးသမီးဟန်က အံ့ဩတကြီး မော့ကြည့်လိုက်၏။ သူမ၏မျက်လုံးများက အနည်းငယ် လင်းလက်နေတော့သည်။

“ တကယ်လား”

အမျိုးသမီးဟန်သည် သူမသား၏ အကျင့်ကို သိလေသည်။ ပြီးခဲ့သည့်နှစ်များအတွင်း ဒုတိယမိသားစုအိမ်တွင် နေလာခဲ့သည်မှာ အရာအားလုံးက အဆင်ပြေသော်လည်း အကြီးဆုံးသားက အဓိကဒေါက်တိုင် ဖြစ်လေသည်။ သူသည် ဒုတိယမိသားစု၏ စောင့်ရှောက်ပေးခြင်းအတွက် ကျေးဇူးတင်ရသော်လည်း တခြားလူ၏အိမ်တွင် သည်လို အလကားနေ အလကားမစားလိုပေ။ ထို့ကြောင့်လည်း အကြီးဆုံးသားက စာကို တစိုက်မတ်မတ်လေ့လာခဲ့သည်။ သည်နှစ်တွင် သူသည် စာမေးပွဲ ဝင်ဖြေနိုင်လိမ့်မည်ဟု လုံးဝ စိတ်မကူးကြည့်ခဲ့ဖူးချေ။ အကြီးဆုံးသားမှာ အစောပိုင်းအရွယ်က နှစ်အနည်းငယ်လောက် စာလေ့လာခဲ့ဖူးသော်လည်း သူသည် ကြားထဲတွင် တစ်နှစ်ကျော်လောက် ရပ်နားခဲ့ရသည်။ အကြီးဆုံးသားဖြစ်သူမှ မည်မျှခက်ခဲ ခဲ့ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

“ အမေ စိတ်မပူပါနဲ့နော်၊ အမေ့သားက တစ်ချီထဲနဲ့ ရာထူးတစ်ခု သေချာပေါက်ရယူပြီး အမေ့ကို ကျေးဇူးဆပ်ပ့ါမယ်”

ယွဲ့ဝမ်ရှန့်က လက်နှစ်ဖက်လုံးကို လက်သီးဆုပ်ထားလိုက်သည်။ အမျိုးသမီးဟန်၏ ထောက်ခံချက်ကို စိတ်အားထက်သန်စွာဖြင့် အမျိုးသမီးဟန်အား မျှော်လင့်တကြီး တည်ကြည်စွာဖြင့် မော့ကြည့်လိုက်လေသည်။

အမျိုးသမီးဟန်၏ မျက်လုံးများသည် မသိမသာ နီရဲသွားတော့သည်။ သူမက သားဖြစ်သူ၏ပခုံးကို စိတ်အေးသွားဟန်ဖြင့် ပုတ်ပေးလိုက်ကာ ပြန်ဖြေလိုက်လေသည်။

“ ဝမ်ရှန့်က ရာထူးတစ်ခု သေချာပေါက်ရမယ်ဆိုတာ အမေ ယုံပါတယ်”

သတိမထားမိလိုက်ချိန်မှာပင် အကြီးဆုံးသားသည် သူမထက် ခေါင်းတစ်လုံးနီးပါး ကြီးထွားလာခဲ့သည်။ အမျိုးသမီးဟန်၏နှလုံးသားသည် ကျေးဇူးတင်စိတ်ဖြင့် တစ်ချိန်ထဲတွင် ခံစားချက်များ တက်လာတော့သည်။ ဟိုတုန်းက အဖြူရောင်ကျောက်စိမ်း ပေါက်စီလေးက အခုတော့ မိသားစုတစ်ခု တည်နိုင်တော့မယ် လူငယ်လေးတစ်ယောက်အဖြစ် ကြီးလာပြီပဲ။

လတ်တလော ပြဿနာများကို စဥ်းစားလိုက်ပြီး အမျိုးသမီးဟန်သည် ထိုကိစ္စကို ကိုယ်တိုင် ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တော့သည်။ ၃လ ပိုင်း အစ ရောက်နေပြီဖြစ်သည်။ ထုန်ရှန့်စာမေးပွဲသည် နောက်အကျဆုံး ၄လပိုင်းအထိ ကျင်းပသေးမည် မဟုတ်ပေ။ ဒီအရှုပ်ထုပ်က ဝမ်ရှန့် စာမေးပွဲဖြေချင်သည့် စိတ်ကို အနှောင့်အယှက် မဖြစ်စေသင့်ပေ။

ယွဲ့ဝမ်ရှန့်ညီအစ်ကို၏ အိမ်ထောင်စုစာရင်းကို မနှစ်က ပြန်လျှောက်ထားခဲ့သည်။ သူတို့၏ မျိုးရိုးနာမည်သည် ယွဲ့ဖြစ်နေသေးသော်လည်း သူတို့သည် အိမ်ထောင်ဦးစီးနေရာတွင် အမျိုးသမီးဟန်၏ အိမ်ထောင်စုဇယားအသစ်သို့ ဝင်ထားခဲ့ပြီးဖြစ်သည်။ ယိုကျင့်သည် အမျိုးသမီးဟန်နှင့် သူမ၏သားနှစ်ယောက်၏ မျိုးရိုးကို ပြောင်းပေးဖို့ရာ ရုံးတော်တွင် ငွေသုံးခဲ့ရသည်။ သူတို့သည် တင်းယွင်ရှိ ယွဲ့မျိုးနွယ်စုမှ လော့ဟယ်စီရင်စုပြည်နယ်ရှိ ယွဲ့မျိုးနွယ်စုသို့ ပြောင်းလဲခဲ့ကြသည်။ သူတို့သည် ယွဲ့မိသားစုနှင့် လုံးဝစည်းခြားလိုက်သည်ဟု ဆိုနိုင်လေသည်။

ယွဲ့ဝမ်ရှန့်က ထုန်ရှန့်စာမေးပွဲကို ဝင်ဖြေမည်ကြားလိုက်ရသဖြင့် သူကြီးဟယ်ဟောက်က ဘာမှမပြောဘဲ အိမ်ထောင်စုစာရွက်ကို ထုတ်ပေးလိုက်ပြီး သူ့အတွက် အာမခံပေးသူတစ်ယောက်ကို ရှာပေးလိုက်သည်။ စုမိသားစုက အာမခံစာကို ရုံးတော်သို့ လူလွှတ်ပြီး ချက်ချင်းပို့ခိုင်းလိုက်သည်။ စာမေးပွဲအတွက် လျှောက်လွှာမှာ နှစ်ရက်အတွင်း ဖြည့်ပေးရမည်ဖြစ်လေသည်။

…

All Chapters