← Chapters

အခန်း ၁၃၆

Vol. 10 Ch. 136

အခန်း ၁၃၆

Vol. 10 Ch. 136

အပိုင်း (၁၃၆) ဟိုကျားဝမ်၏နွေဦးရာသီ

ဟိုတုန်းက ဟိုကျားဝမ်တောင်ပေါ်က ကျတ်တီးမြေကို အစီအစဥ်တကျ လုပ်ထားခဲ့သည်။ မြေများစုသည် စုမိသားစု၏သစ်တောမြေထဲတွင် ပါဝင်သည်။ ဉာဏ်ကောင်းသူများလည်း ရှိပြီး ငွေပေါသူများလည်း ရှိခဲ့သည်။ သူတို့သည် စုမိသားစုက ပန်းပင်နှင့် သစ်ပင်များကို စိုက်ခဲ့သည့်နည်းလမ်းအတိုင်း လိုက်လုပ်ခဲ့ကြသည်။ ထို့ကြောင့် ဟိုကျားဝမ်၏တောင်ကုန်းများသည် အရောင်အသွေးစုံလင်လာတော့သည်။ အဝေးကကြည့်လျှင် ကောင်းကင်ပေါ်တွင် တောက်ပနေသည့် ရောင်နီလို လှပနေလေသည်။

“ ကြာကန်ထဲက ကြာပင်တွေက ဒီနှစ် အရမ်းကိုကောင်းကောင်း ကြီးလာကြတယ်၊ အခုဆိုရင် အဖူးလေးတွေတောင် ဖူးလာပြီ၊ နဂါးလှေပွဲတော်မတိုင်ခင် ပွင့်မယ်လို့ ခန့်မှန်းထားတယ်”

ဟိုကျားဝမ်၏ ကြီးကြပ်သူက အကြီးဆုံးမမလေးနှင့် တောင်ခြေက ကြာကန်ဆီသို့ လိုက်လာခဲ့လေသည်။ တစ်ဖက်တွင်တော့ သူသည် အလွန်ဂရုတစိုက်ဖြင့် အစပျိုးကာ ပြောလိုက်၏။

“ ရေခဲတွေ အရည်ပျော်သွားပြီး သိပ်မကြာခင်တုန်းကတော့ ငါးသားလောင်းအသစ်တစ်သုတ်ကို ထည့်လိုက်သေးတယ်၊ သူတို့တွေ အခုဆိုရင် ကောင်းကောင်း ကြီးနေပြီ၊ တမြန်နေ့တုန်းကတောင် ကျွန်တော် ငါးနှစ်ကောင်လောက် သွားဖမ်းလိုက်သေးတယ်၊ ရေထဲမှာ နှစ်လထဲနဲ့ လက်နှစ်လုံးအရွယ် ရှိနေပြီ”

စုမိသားစု၏ကြာကန်ကို မနှစ်က နွေးဦးတွင် တူးဖော်ခဲ့သည်။ ထိုနေရာသည် အစောပိုင်းက စုမိသားစုတောင်ခြေက သစ်တောထဲတွင်ရှိသည့် ၁၀ဧကကျော်သည့် ရေဝပ်နေသည့်မြေများ ဖြစ်လေသည်။ စုမိသားစုက ဝယ်လိုက်ပြီးနောက်တွင် သူတုိ့သည် တစ်ဧကပတ်လည် ရေကန်များနှင့် ဆယ်ဧကခန့်အရွယ်အစားရှိသည့် ရေကန်ကြီးတစ်ခုကို တူးခဲ့ကြသည်။ နေကန်ကို ငါး ပုဇွန်မွေးမြူရန်နှင့် ကြာရိုးများ စိုက်ရန်အတွက်အသုံးပြုလိုက်ကြသည်။

မနှစ်က အရှုပ်အထွေးကာလ တစ်နှစ်ပြီးသွားသည့်နောက် သည်နှစ်နွေဦး အစပိုင်းရောက်သည်နှင့် အားလုံးအတည်တကျ ဖြစ်သွားခဲ့သည်။ ယိုကျင့်သည် ပြီးခဲ့သည့်နောက်ဆုံအခေါက် မြို့တော်သို့ သွားလိုက်ချိန်က သည် ကြာကန်ကြီးကို စီမံရန်အတွက် ကြာရိုးများ စိုက်ပျိုးတတ်ပြီး ငါးမွေးမြူတတ်သည့် လူတချို့ကို ရှာပေးရန် တာဝန်ခံဝူအား အထူးတာဝန်ပေးလိုက်တော့သည်။ အခုတော့ ကြာကန်ကို တာဝန်ယူဂရုစိုက်ပေးရန် စုစုပေါင်း လူဆယ့်သုံးယောက်နှင့် မိသားစု လေးခု ရှိသည်။

နွေရာသီတွင် လေနွေးနွေးက နေရောင်အောက်တွက် တစ်လက်လက်တောက်ပနေသည့် ရေကန်းမျာကို ဖြတ်သန်းတိုက်ခတ်သွားသည်။ ရေကန်များသည် ဟိုကျားဝမ်၏မြစ်နှင့်အပြိုင် ၂တန်းစီကာ ညီညီညာညာ ရှိနေလေသည်။ အကြီးကန်ကို ကြာရိုးစိုက်ရန်အပြင် ငါးကြင်းဖြူ ၊ ငါးကြင်းနီနှင့် ငါးသိုင်းများကို မွေးမြူရန် သုံးသည်။ ကျန်သည့် နှစ်ကန်ကိုတော့ မြစ်ပုဇွန်များ မွေးမြူရန် ရည်ရွယ်ထားလေသည်။

ကျန်နှစ်ကန်သည် ရေကန်ငယ်၏ရေဝင်ပေါက်ရှိရာတွင် တည်ရှိသည်။ ရေအရည်အသွေးက အကောင်းဆုံးဖြစ်ပြီး စျေးကြီးသည့် တရုတ်ငါးများကို မွေးမြူရန်အတွက် သုံးလိုက်သည်။ နွေးဦးသည် တရုတ်ငါးများကို ဖမ်းရမည့်အချိန်ကာလပင်။ ယိုကျင့်နှင့် တခြားလူများက အဝေးရှိတောင်စောင်းတွင် ရောက်နေပြီး တရုတ်ငါးကန်ထဲတွင် အလုပ်များနေကြသည့် လူတစ်စုကို ကြည့်နေကြသည်။

“အကြီးဆုံးမမလေး”

ယိုကျင့် ရောက်လာချိန်၌ ကြာရိုးကန်ဘက်ကတွင် တရုတ်ငါးများကို ဆွဲတင်နေကြသည်။ ယောကျ်ား ၇ယောက် ၈ယောက်ရှိသည့် လူတစ်စုသည် ရေထဲတွင် တဝက်လောက်နစ်နေပြီး ငါးဖမ်းပိုက်ကြီးများကို ဆွဲတင်နေကြသည်။ ကုန်းပေါ်က မိန်းမများက ငါးများကို သစ်သားစည်ပိုင်းကြီးထဲသို့ ထည့်ရင်း အလုပ်များနေကြသည်။ အားလုံးသည် အလွန်အလုပ်များနေကြသဖြင့် သူတို့၏ ခြေထောက်များမှာ အနားပင်မရချေ။ သို့တိုင် သူတို့သည် ညီညီညွှတ်ညွှတ်နှင့် လုပ်နိုင်စွမ်းရှိကြလေသည်။

ယောက်ျားများထဲက ကြာကန်ကို တာဝန်ယူထားသည့် ကျောက်မျိုးနွယ်အမည်ရှိ ယောက်ျားတစ်ယောက်သည် အကြီးဆုံးမမလေး ရောက်လာသည်ကို သတိထားမိသွားသည်။ သူသည် ဝမ်းသာအားရ သူမကို နှုတ်ဆက်လိုက်လေသည်. ကျန်လူများကလည်း သူတို့အလုပ်ကို ချထားလိုက်ပြီး အကြီးဆုံးမမလေးကို နှုတ်ဆက်လိုက်ကြ၏။

“ အားလုံးပဲ ပင်ပန်းသွားကြပြီ၊ ကြီးကြပ်သူဟို နောက်နှစ်ရက်အတွင်း အားလုံးစားလို့ရအောင် ကြက်တွေနည်းနည်းလောက် သ-တ်ပေးဖို့အဒေါ်ဟယ် ကို သတိတရပြောလိုက်ပါအုံးနော်၊ ဒီအလုပ်များတဲ့ ရက်ပြီးသွားလို့ အလုပ်တွေ ပါးလာရင် အားလုံးကို နှစ်ရက်စီ အလှည့်ကျ နားလို့ရအောင် စီစဥ်ပေးလိုက်ပါ”

ယိုကျင့်သည် အမြဲလိုလို သဘောကောင်းသည့် သူဌေးတစ်ယောက်ဖြစ်လေသည်။ နောက်ဆုံး ဒါက အလွန်ပင်ပန်းသည့် အလုပ်ဖြစ်သည်။ မြင်းကို ပိုပြီးမြန်မြန်ပြေးစေချင်လျှင် မြင်းကို အစားကောင်းကောင်း ကျွေးဖို့လိုပေသည်။

ဟိုကျားဝမ်တွင် အခုတော့ တောင်ခြေနှင့် ကြာကန်ဘေးတွင် အစိမ်းရောင် အုတ်နှင့်ကြွေပြားဖြင့် ဆောက်ထားသည့် အိမ်းတန်းလျား နှစ်ခုရှိသည်။ ထိုနေရာတွင် စုမိသားစုကို သူတို့၏ခန္ဓာကိုယ်များ ရောင်းခဲ့သည့် အစေခံများနှင့် နှစ်ရှည်လုပ်သားများ နေထိုင်ကြသည်။

အဒေါ်ဟယ်သည် ဟိုကျားဝမ်ရွာတွင် နေသည့် ကလေးသုံးယောက်နှင့် မုဆိုးမတစ်ယောက်ဖြစ်သည်။ စုမိသားစုက သည်နေရာတွင် အခြေချကတည်းက သူမသည် ဟိုကျားဝမ်က စုမိသားစု၏ အလုပ်သမားများအတွက် အစားအသောက်ကို တစ်နေ့သုံးနပ် ချက်ပေးလာခဲ့သည်။ သူမကို တစ်နေ့ သုံးနပ်ကျွေးသည့်အပြင် တစ်လလျှင် လျန်၃စလည်း ရသည်။ ဒါသည် လယ်လုပ်ရသည်ထက် ပိုလွယ်ကူကာ ငွေရှာရပိုလွယ်လေသည်။

စုမိသားစု၏ အလုပ်သမားများအတွက် အစားအသောက်သည် ကျေးရွာက သာမန်လူများ၏ အစားအသောက်ထက် အများကြီး ပိုကောင်းည်။ နှစ်ရက်တစ်ခါ အသားစားရသည်။ သူဌေးလက်အောက်ငယ်သားများကို ကိုယ်ချင်းစာပြီး သူတို့ကို အားလပ်ရက်ပေးကာ အစားအသောက်များ ထပ်ကျွေးမည်ဟု ကြားလိုက်ရချိန်၌ သူတို့၏ပါးများသည် နားရွက်တက်ချိတ်တော့မတတ် ပြုံးရယ်သွားကြတော့သည်။

“ ကျေးဇူးတင်ပါတယ် အကြီးဆုံးမမလေး”

အင်းတက်သွားပြီး သူတို့၏လက်များသည် ပိုပြီး တက်ကြွလာတော့သည်။ အကြီးဆုံးမမလေးနှင့် စကားပြောပြီးနောက် လူတိုင်း လက်လှုပ်ရှားမှုမျာသည် ပိုပြီး မြန်ဆန်လာတော့သည်။ အချိန်တိုအတွင်းတွင် တရုတ်ငါးစည်ပိုင်းကြီးတစ်ခု ထပ်ပြည့်သွားတော့သည်။ ကုန်းပေါ်က မြည်းလှည်းပေါ်တွင် စည်ပိုင်းတစ်ခုကို တင်ထားပြီးဖြစ်သည်။ သည်စည်ပိုင်းပြည့်သွားသည်နှင့် တစ်ပြိုင်နက် လှည်းသမားက မြည်းကို ကြာပွတ်ဖြင့် ခိုင်းစေကာ မြို့သို့ သွားလိုက်တော့သည်။

စုမိသားစု၏ကန်များသည် မနှစ်ကတည်းက အမြတ်ရရှိခဲ့ပြီး လော့ဟယ်ရှိ စားသောက်ဆိုင် ကြီးငယ်များက စုမိသားစုမှ ငါးတချို့ကို သွင်းပေးရန် ရွေးချယ်ခဲ့ကြသည်။ နောက်ဆုံး လော့ဟယ်တွင် စုမိသားစုတစ်ခု ငါးနှင့် ကြာရိုးများကို ပမာဏအများအပြား မွေးမြူ စိုက်ပျိုးခဲ့ပြီး နှစ်မျိုးလုံးက အရည်အသွေးရော အရေအတွက်ပါ အာမခံချက်ရှိလေသည်။

ယိုကျင့်သည် မူလစုကျားရှန်းဆိုင်ဘေးက ဆိုင်ငယ်လေးတစ်ခုကို ဝယ်ယူခဲ့ပြီး အခုတော့ လျိုမိသားစု၏ ကုန်စုံဆိုင် ဖွင့်ထားကာ လျိုမိသားစုကို ဦးစီးခိုင်းလိုက်သည်။ ဒါသည် စုမိသားစု၏ အနာဂတ်တွင် ရလာမည့် တောင်ပေါ်က ပစ္စည်းများအတွက် လက်ကားပေးရန် ထားရှိမည့်နေရာတစ်ခု ဖြစ်လာအောင် ရည်ရွယ်ထားခြင်းပင်။

လက်ရှိတွင် လျိုမိသားဟုသည် ခေါက်ဆွဲဆိုင်လေးကို ပိတ်လိုက်ပြီးဖြစ်သည်။ အဘိုးကြီးလျို၊ သူ့မိန်းမ၊ သူ့တူနှင့် မိန်းမ၏မောင်လေးတို့သည် ဆိုင်နှစ်ခုကို လည်ပတ်ရန် တာဝန်ယူထားသည်။ မရေမတွက်နိုင်သည့် ဝယ်ယူသူများက ကြက်သား၊ ဘဲ ၊ အသီးအရွက်နှင့် သစ်သီးဝလံများကို လာဝယ်ကြသည်။ အကြီးစားအရောင်းအဝယ်တစ်ခု ဖြစ်သည်က ပြောရန်ပင်မလိုချေ။

ယိုကျင့်သည် ယိုဟယ်ကို ကူညီပေးချင်သဖြင့် ဆိုင်၏အမြတ်ကို ကိုးပုံ တစ်ပုံခွဲလိုက်သည်။ လအစပိုင်းတွင် အရင်လ၏အမြတ်များကို လတိုင်း၏အစပိုင်းတွင် လျိုမိသားစုကို ပေးခဲ့သည်။ တစ်လ၏ ဆယ်ရာခိုင်နှုန်းကပင် အနည်းဆုံး ၂၃လျန် ရလေသည်။ နဂါးလှေပွဲတော်နှင့် ဆောင်းဦးပွဲတော်လို အရေးကြီးသည့် ပွဲတော်ရှိသည့် လများတွင် အမြတ်ခွဲဝေမှုက လျန် ၄၀ , ၅၀ အထိရလေသည်။

ထို့ကြောင့် လျိုမိသားစု၏ဘဝသည် အခုတော့ ကောင်းသည်ထက် ပိုကောင်းလာတော့သည်။ အမျိုးသမီးလျိုသည် နေ့တိုင်း ပျားတစ်ကောင်လို အလုပ်များသော်လည်း အားအင်အပြည့်ဖြစ်နေသည်။ လျိုမိသားစု၏ တတိယမျိုးဆက် မြေးလေးကို မွေးပေးခဲ့သည့် ချွေးမလေး ယိုဟယ်ကိုတော့ သူမသည် သမီးအရင်းလေးကို ဆက်ဆံသည်။ အမှန်တွင်တော့ သမီးအရင်းထက်ပင် ပိုသေးသည်။ နောက်ဆုံး သူမက လက်ထပ်ပြီး မိသားစုထဲ ဝင်လာသောကြောင့်သာ သူတို့မိသားစု၏ဘဝသည် သိသိသာသာ တိုးတက်လာခြင်း ဖြစ်တော့သည်။ ယောက္ခမများက ကြင်နာကြသည်။ ယောက်ျားကလည်း သူမကို ချစ်ခင်မြတ်နိုးသည်။ ယောက်မလေးနှစ်ယောက်ကလည်း လိမ္မာပြီး သိမ်မွေ့ကြသည်။ တစ်နှစ်အရွယ် သားလေးကတော့ ကျန်းမာပြီး ချစ်ဖို့ကောင်းသည်။ သူသည် အလွန်ချစ်မွှေးရှိလေသည်။ ထိုအခြင်းအရာထက် ယိုဟယ်၏ မူလစိတ်နေစိတ်ထားသည် သဘောထားကြီးပြီး ယဥ်ကျေးသည်။ လျိုမိသားစုသည် အတွင်းရော အပြင်မှာပါ ညီညွှတ်ကြသည်ဟု ဆိုနိုင်လေသည်။ နေ့ရက်များသည် ပိုမကောင်းလာဘဲ ဘယ်မှာရှိပါမည်နည်း။

မြည်းလှည်းကို မောင်းလာပြီး မြို့ထဲသို့ တရုတ်ငါးများကို ဆွဲလာသူက အမျိုးသမီးလျို၏ မောင်အရင်းဖြစ်သည်။ သူသည် သူ့အစ်မအကြိးဆုံး မိသားစုနှင့်အတူ အလုပ်စလုပ်ကတည်းက လစာအဖြစ် လတိုင်း အနည်းဆုံး လျန်၂စရလေသည်။ ပိုရသည့်အချိန်တွင်တော့ လျန်၄စအထိရသည်။

မနှစ်က ချင်တကျူးသည် အကြီးဆုံးအစ်မနှင့် အလုပ်လုပ်ရာတွင် နှစ်ဝက်လောက်ရောက်တော့ လျန် ၃၀စ နီးပါးရခဲ့သည်။ ချင်တကျူးသည် ပွင့်လင်းသူဖြစ်သည်။ သည်နှစ် နွေဦးရောက်သည်နှင့် သူသည် မနှစ်က ရှာခဲ့သည့် ငွေအားလုံးကို ထုတ်ကာ အပြာရောင်အုတ်နှင့် လှပသည့် အိမ်ကြီးတစ်လုံးကို ပြန်ပြင်ဆောက်ခဲ့သည်။ အခုတော့ ချင်ကျားရွာတွင် ချင်တကျူးဟု ပြောလိုက်လျှင် အားမကျသူ မရှိပေ။

ထိုအကြောင်းကို စဥ်းစားမိပြီး ချင်တယုံက မိမိကိုယ်ကို ပိုပြီး အားရကျေနပ်လာကာ အလုပ်ကို ပိုကြီးကြိုးစားတော့သည်။ စည်းချက်မညီတဲ့ တေးသွားလေးကို ညည်းရင်း မြည်းလှည်းကို ဂရုတစိုက် မောင်းလာခဲ့လေသည်။ သည်စည်ပိုင်းကြီးနှစ်ခုသည် စျေးကြီးပေးရသည့် တရုတ်ငါးများဖြစ်သည်။ သူမသည် ဘာအထိအခိုက်မှ ဖြစ်စေလို မဖြစ်ပေ။ ရောင်းလို့ မရခဲ့လျှင် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားလိမ့်မည်။

ချင်တယုံက မြည်းလှည်းကို မောင်းထွက်သွားပြီးနောက် ဟိုကျားဝမ်သည် ကုန်ပစ္စည်း သယ်ပို့ပေးရန် တာဝန်ကျသည့် စုမိသားစု၏လှည်းသမားက စောင့်ဆိုင်းနေဆဲပင်။ သည်နေ့ သူသည် လော့ဟယ်ရှိ ကျွီရန် လျို့အိမ်သို့ တရုတ်ငါး အကောင်၅၀ပို့ပေးရမည်ဖြစ်သည်။ မနက်ကျလျှင် လင်မိသားစု၏ သခင်ကြီး အသက်၆၀ပြည့်မွေးနေ့သို့ ပို့ပေးရမည်။ လင်မိသားစုသည် စားသောက်ပွဲကြီးတစ်ခုကို ကျင်းပလိမ့်မည်။ လွန်ခဲ့သည့်သုံးရင် သူတို့သည် စုမိသားစုသို့ ရောက်လာပြီး တစ်ပိဿာခွဲ အလေးချိန်ရှိသည့် တရုတ်ငါး အကောင်၅၀ကို မှာထားခဲ့သည်။

လျိုမိသားစုဆိုင်သည် အမြဲတမ်းအမှာစားနှင့် နေစဥ်လက်လီ ပစ္စည်းများ ပို့ပေးရန်သာ တာဝန်ယူထားသည်။ သည်လို ပုတ်ပြတ်အမှာများကို ဟိုကျားဝမ်က အချိန်ပြည့်လှည်းသမားက အိမ်တိုင်ရာရောက် ပို့ပေးရသည်။ ဒါသည် လူချမ်းသာမိသားစုများ၏ ဝယ်ယူသူများကို အများကြီး သက်သာစေသည်။

ထို့ကြောင့် လော့ဟယ်မြို့က လူချမ်းသာမိသားစုများသည် စားသောက်ပွဲတစ်ခု ကျင်းပရန်အတွင် လိုအပ်သည့် မည်သည့်ပါဝင်ပစ္စည်းကိုမဆို လိုချင်လျှင် သူတို့အများစုက စုမိသားစုကို အရင်ဆုံး စဥ်းစားမိကြသည်။ နောက်ဆုံး ဒါသည် အဆင်ပြေလှပေသည်။

“ ဒါက ဒီနွေဦး တရုတ်ငါးကန်ရဲ့ နောက်ဆုံးကန်ပဲ၊ နောက်တစ်ကြိမ် ကန်ကို ပြန်ဖွင့်တဲ့အခါကျရင်တော့ သူ့ဘေးက ပုဇွန်ကန်ကို ဆောင်းဦးလောက်မှာ ဖွင့်ဖြစ်မယ်”

ကြီးကြပ်သူဟိုက အကြီးဆုံးမမလေးနောက်မှ လိုက်ကာ အားလုံးကို အသေးစိတ်ပြောပြလိုက်သည်။ စုမိသားစု၏လပ်ငန်းသည် တဖြည်းဖြည်း ကြီးသည်ထက် ကြီးလာတော့သည်။ အကြီးဆုံးမမလေး၏ အချိန်ဇယားကလည်း ပိုပြီး များသည်ထက် များလာတော့သည်။ အခုတော့ သူမသည် ဟိုကျားဝမ်သို့ ဆယ်ရက်တစ်ခါ ဆယ့်လေးရက်တစ်ခါ လောက်သာ လာတော့သည်။ သူသည် ကောင်းကောင်းလုပ်ဆောင်ရမည်က သဘာဝပင်။

ယိုကျင့်က နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။ ငါးဖမ်းနေသည်ကို ကြည့်လိုက်ပြီးနောက် သူမသည် ကြာရိုးစိုက်ပျိုးခြင်းကို စစ်ဆေးရန် ကြာကန်ကို တာဝန်ယူထားသည့် ဦးလေးကြီးကျန်းဘက်လှည့်ကာ စကားပြောလိုက်လေသည်။ ထို့နောက် သူမသည် အဒေါ်ဟယ်က သူမအတွက်လုပ်ပေးထားသည့် ဟင်းတချို့ကို စားလိုက်၏။ ပေါ့ပေါ့ပါးပါးနေ့လည်စာ စားပြီးနောက် ဟိုကျားဝမ်တွင် စုမိသားစုအတွက် အထူးသီးသန့်လုပ်ထားသည့် အခန်းထဲတွင်တစ်ရေးအိပ်လိုက်ကာ နေ့ခင်း ပူပြင်းလှသည့် နေရောင်ကို ရှောင်နေလိုက်သည်။ ညနေခင်းတွင်တော့ သူမသည် လယ်ကွင်းဘက်ဆီသွားပြီး စပါးအခြေအနေကို သွားကြည့်လိုက်သည်။ သူမသည် နေက အနောက်ဘက်ဝင်ရိုးစွန်းသို့ မဝင်မချင်း အိမ်မပြန်ချေ။

***

စုမိသားစုအိမ်တွင် နေကြသည့် ရှောင်မိသားစု၏ အမျိုးသမီးမိသားစုဝင်များ ဘက်တွင်တော့ အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်တို့သည် သူတို့မိသားစုဝင် လေးယောက်က အလကားနေ အလကားစားသောက် နေရသည့်အတွက် အမြဲတမ်းလိုလို အနည်းငယ် မလုံမလဲ ဖြစ်နေရလေသည်။ အရင်က သူတို့တွင် ငွေမရှိ စုမိသားစုကို ကျေးဇူးပြန်ဆပ်ရန် အရည်အချင်းလည်း မရှိသည့်အတွက်ကြောင့် ဘာမှမတတ်နိုင်အောင် ဖြစ်ခဲ့ရသည်။

ရှောင်လင်ဖုန်းက နှစ်သစ်ကူးကာလအတွင်း လော့ဟယ်သို့ တိတ်တဆိတ်ပြန်လာခဲ့ချိန်က သူသည် မပြန်ခင် သူနှင့်အတူ ယူလာသည့် ငွေစာရွက် လျန်၅၀၀၀ကို အမျိုးသမီးယွီအား ပေးခဲ့သည်။ အမျိုးသမီးယွီတွင် ငွေရှိလာသည်နှင့် လင်ညီအစ်နှစ်ယောက်တို့သည် တဖန် စိတ်အား တက်ကြွလာတော့သည်။ စုကျားယန့်ဖွင့်ရန် ကူညီပေးခဲ့ပြီးနောက်ပိုင်း အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်တို့သည် နေ့တိုင်း အားလပ်ချိန်၌ လျှို့လျှို့ဝှက်ဝှက် တိုင်ပင်လာကြလေသည်။ မကြာခဏဆိုသလို မြည်းလှည်းတစ်စီးဖြင့် လော့ဟယ်မြို့သို့ ကိုယ်တိုင်သွားတတ်ကြသည်။

အစပိုင်းတွင်တော့ ယိုကျင့်က သူတို့နှစ်ယောက်သည် ပျင်းရိငြီးငွေ့နေသည်ဟု ထင်မိခဲ့သည်။ သူတို့လမ်းလျှောက်ထွက်ချင်လျှင် လမ်းလျှောက်ထွက်ကြသည်က ကောင်းသည်ပဲဟု တွေးထားခဲ့သည်။ တစ်လကျော်လောက် အလုပ်များကြီးနောက် သူတို့က သူမကို လာရှာလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။

“ အဒေါ်တို့ရယ် ကျေးဇူးပြုပြီး ဖြည်းဖြည်းပြောပါ အဒေါ်တို့က ကျောင်းတစ်ကျောင်း ဖွင့်ချင်တယ်လို့ ပြောလိုက်တာလား”

ယိုကျင့်သည် သူမနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်တို့ကို မယုံနိုင်အောင် ကြည့်နေမိတော့သည်။

“ အဒေါ်တို့နှစ်ယောက် ရုတ်တရက်ကြီး ဒီလိုစိတ်ကူး ဘာကြောင့် ပေါ်လာတာလဲ”

အထိတ်တလန့်ဖြစ်သွားရခြင်းအတွက် သူမကို အပြစ်ဆိုလို့မရပေ။ သူမ၏အထင်က အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက် နှစ်ယောက်လုံးသည် အိမ်ထောင်မှုတွင် တော်ကြသည်ဟူ၍ပင်။ သို့သော်ငြား သည်အမျိုးသမီးနှစ်ယောက်လုံးသည် အိမ်ပြင်မထွက်ကြသူများ မဟုတ်ပါလား။ အဘယ်ကြောင့်များ သူတို့သည် ရုတ်တရက်အပြင်ထွက်ပြီး စီးပွားရေးလုပ်ချင်သွားကြပါသနည်း။ ထို့အြင် အမျိုးသမီးများအတွက် ကျောင်းဖွင့်မည့် အံ့ဩဖွယ်စိတ်ကူးတစ်ခု ဖြစ်နေသည်မဟုတ်ပါလား။

သူမ၏ အံ့အားသင့်နေသည့်အမူအရာကို မြင်လိုက်ရသဖြင့် အမျိုးသမီးယွီက သူမ၏နှုတ်ခမ်းကို ကွယ်လိုက်ကာ တဟင်းဟင်း ရယ်မောလိုက်ပြီး

“ အမျိုးသမီးတွေအတွက် ကျောင်းက မြို့တော်မှာတော့ မထူးခြားပါဘူး၊ မြို့တော်က ချမ်းသာတဲ့မိသားစုက လက်မထပ်ရသေးတဲ့ မိန်းကလေးအများစုက အမျိုးသမီးကျောင်းမှာ ပညာလေ့လာချင်ကြတယ်လေ၊ စာပေသင်ကြားတာအပြင် လူ့အသိုင်းအဝိုင်း ချဲ့ထွင်ဖို့ရယ် အနာဂတ်မှာ သမက်လောင်းကို ပိုပြီးကောင်းအောင် ရွေးချယ်နိုင်ဖို့ရယ် လည်းပါတာပေါ့၊ သမီးအစ်မ လင်းရူလိုလေ၊ အရင်က သူက သူတို့ကျောင်းမှာ ပထမအဆင့်နဲ့ အောင်ခဲ့တာ”

“ အမျိုးသမီးတွေအတွက် လိုအပ်ချက်ကာ အမျိုးသားတွေ ယှဥ်လို့မရဘူး၊ မိသားစုတိုင်းက အမျိုးသမီးဆရာတစ်ယောက်ကို ငှားရမ်းဖို့ မတတ်နိုင်ဘူးလေ၊ အဒေါ်တို့သာ အမျိုးသမီးကျောင်းတစ်ကျောင်း တည်ထောင်လိုက်ရင် လော့ဟယ်မြို့ရဲ့ လူချမ်းသာ အသိုင်းအဝိုင်းမှာ စုမိသားစုရဲ့ ဂုဏ်သိက္ခာလည်း တိုးတက်လာမဲ့အပြင် ချမ်းသာမှုအရင်းအမြစ်လည်း တိုးလာလိမ့်မယ်၊ သမီးကရော အဲလိုမထင်ဘူးလား”

အစကတည်းက သည်စိတ်ကူးကို အမျိုးသမီးကျောက်က စိတ်ကူးခဲ့သည်ဖြစ်ရာ ထိုကြောင့်ပင် သူမက လက်တွေ့ကျကျ ရှင်းပြနိုင်လေသည်။

အမှန်တွင်တော့ ယိုကျင့် သည်စိတ်ကူးကို အစကတည်းက မငြင်းပေ။ လူကြီးနှစ်ယောက်၏ အပြန်အလှန် ရှင်းလင်းချက်ကို နားထောင်လိုက်ပြီးနောက် သူမသည် သူတို့နှစ်ယောက် လုပ်ငန်းစမည့်ကိစ္စကို အားပေးလိုက်တော့သည်။

“ အဒေါ်တို့က စိတ်ထဲမှာ ဆုံးဖြတ်ပြီးပြီဆိုတော့ ကျွန်မကို ဘာလုပ်ပေးစေချင်တာလဲ”

အမှန်တွင်တော့ သူမသည်လည်း တစ်ကိုယ်ကောင်းဆန်ခဲ့လေသည်။ ရှောင်မိသားစုက အနည်းငယ် မာနကြီးမှန်း သူမ သိထားသည်။ သူတို့သည် အိမ်တွင် အလကားနေ အလကားစားနေရလျှင် အပေါ်ယံတွင် ထုတ်မပြောသော်လည်း သူတို့၏စိတ်ထဲတွင်တော့ သာယာလိမ့်မည် မဟုတ်ပေ။ လူကြီးနှစ်ယောက်ကို တစ်ခုခု လုပ်ခွင့်ပြုထားပြီး အာရုံလွဲထားသည့်က ပိုကောင်းပေမည်။

ယိုကျင့်က မငြင်းဆန်သည်ကို တွေ့လိုက်ရသဖြင့် အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်နှစ်ယောက်လုံးက ဝမ်းသာအားရ ပြုံးလိုက်ကြတော့သည်။

“ လိမ္မာလိုက်တဲ့ကလေး သမီးက အဒေါ်တို့ကို သေချာပေါက် အားပေးမယ်ဆို သိနေတယ်”

သူတို့သည် ယိုကျင့်အား လာရှာချိန်၌ တောင်းဆိုစရာတစ်ခု အမှန်ပင် ရှိနေသည်။ အမျိုးသမီးစုက ပြုံးလိုက်ပြီးနောက် မျက်နှာတွင် အနည်းငယ်ရှက်ရွံ့နေဟန်ဖြင့် ပြောလိုက်၏။

“ အခုက သမီးရဲ့ အဒေါ်ကျောက်နဲ့ အဒေါ်တို့နှစ်ယောက်လုံးက တရားဝင်ကျွန်တွေလေ၊ ကျောင်း ဖွင့်မယ်ဆိုရင် အဒေါ်တို့ထဲက ဘယ်သူမှ ကျောင်းအုပ်လုပ်ဖို့ မသင့်တော်လှဘူး၊ အဒေါ်တို့က သမီးပဲ စဥ်းစားမိတယ်....”

အမျိုးသမီးစုသည် သည်စိတ်ကူးက အနည်းငယ် မသင့်တော်လှမှန်း သိလေသည်။ နောက်ဆုံး ယိုကျင့်သည် ငယ်ရွယ်သေးသည်။ သူမအတွက် ကျောင်းအုပ်တစ်ယောက်လုပ်ဖို့က မသင်တော့လှပေ။ သို့သော် သူတို့ထက်တော့ ပိုကောင်းသေးသည်မဟုတ်ပါလား။

အမျိုးသမီးစု၏ စကားကိုကြားလိုက်ပြီးနောက် ယိုကျင့်၏မျက်နှာအမူအရာက မသိမသာ ပြောင်းသွားတော့သည်။ ဟုတ်သားပဲ။ အဒေါ်နှစ်ယောက်က အခုလောလောဆယ် တရားဝင်ကျွန်တွေပဲ။ တစ်ယောက်ယောက်သာ တမင် အစဆွဲထုတ်ခဲ့ရင် ပြဿနာကြီးတစ်ခု ဖြစ်လာလိမ့်မယ်။

သူမသည် ထိုသို့ တွေးမိလိုက်သော်လည်း မကြာလိုက်ပေ။ သူမ၏အမူအရာက မူလအတိုင်း ပြန်ဖြစ်သွားတော့သည်။ သူမက သွားများပေါ်သည်အထိ ပြုံးလိုက်ပြီး

“ကျွန်မက ငယ်ပါသေးတယ်၊ ကျွန်မသာ ကျောင်းအုပ်ဆိုရင် ဘယ်သူမှ လက်ခံနိုင်မှာမဟုတ်ဘူး၊ ကျွန်မမှာ ကျောင်းအုပ်လုပ်ပေးနိုင်မဲ့ သူတစ်ယောက်ရှိတယ်၊ သူ ကျွန်မကိုတော့ မငြင်းလောက်ပါဘူး၊ အဒေါ်တို့က စိတ်အေးအေးနဲ့ ကျန်တာကို သွားပြီး ပြင်ဆင်လိုက်ကြပါ၊ လိုအပ်တဲ့ငွေအားလုံးကို ဘုံရံပုံငွေထဲက ထုတ်လိုက်လို့ရတဘ်၊ ကျွန်မ ကျောင်းအုပ်တစ်ယောက်ကို သေချာပေါက် ရအောင်ရှာပေးပါ့မယ်”

အဲဒီလူက ငွေလည်း မရှားဘူး။ ဒါပေမဲ့ တကယ်လို့ အမျိုးသမီးကျောင်းသာ ပြီးစီးသွားရင် သူမရဲ့ နာမည်ကလည်း ပိုပြီး ကြီးမြင့်လာလိမ့်မယ်။ သူမ ဒါကို ငြင်းမှာ မဟုတ်လောက်ပါဘူး။

ယိုကျင့်က အလွန်ယုံကြည်မှုရှိနေသည်ကို မြင်လိုက်ရသဖြင့် အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်တို့သည် သူမကို ယုံကြည်ထားလိုက်တော့သည်။ သူတို့သည် အမျိုးသမီးကျောင်းအတွက် လိုအပ်သည့် ဝန်ထမ်းများ၊ ပစ္စည်းများနှင့် ကျောင်းခန်းမများကို လွတ်လွတ်လပ်လပ် ပြင်ဆိုင်လိုက်ကြလေတော့သည်။

…

All Chapters