← Chapters

အခန်း ၁၄၀

Vol. 10 Ch. 140

အခန်း ၁၄၀

Vol. 10 Ch. 140

အပိုင်း (၁၄၀)

သခင်မချင်ဖက်တွင်တော့ အစောပိုင်းက စုမိသားစု၏ ဒုက္ခများသည့်ကိစ္စကို တွန်းထုတ်ခဲ့သည်အတွက် ကိုယ့်ဟာကိုယ် အနည်ငယ် ကျေနပ်သလို ခံစားခဲ့မိသည်။ မျှော်လင့်မထားဘဲ သူမသည် မြန်မြန်ကြီး အရှက်ခွဲခံလိုက်ရပြန်သည်။ လူသိနည်းသည့် စုမိသားစုက ကျောင်းအုပ်နေရာအတွက် သခင်မကြီးလျိုကို အမှန်ပင် ဖိတ်ကြားခဲ့သည်။

တရားသူကြီးချင်က ထိုအကြောင်းကို သိလိုက်ရပြီးနောက်တွင်တော့ လက်နှေးပြီး လျိုမိသားစုကို အကျိုးအမြတ် ရသွားစေသည့်အတွက် သူမကို အပြစ်တင်လိုစိတ် အနည်းငယ် ဖြစ်နေတော့သည်။

“ အခုဆိုရင် လော့ဟယ်မြို့မှာ အာရ်ယာ အမျိုးသမီးကျောင်းတော်ကို ဘယ်သူက မသိလို့လဲ၊ အာရ်ယာ အမျိုးသမီးကျောင်းရဲ့ ကျောင်းအုပ်က လျိုမိသားစုက သခင်မကြီးလျိုဆိုက မသိတဲ့သူ ဘယ်သူရှိလြ၊ အခုတော့ လျိုမိသားစုက လော့ဟယ်မြို့မှာ နာမည်ကိုကြီးလို့”

သခင်မကြီးချင်သည် သူမ၏အိမ်ဦးနတ်ကြီးကို ရှင်းမပြတတ်သည့် အပြစ်မကင်းစိတ်နှင့် လှမ်းကြည့်လိုက်လေသည်။ သူမသည် စုမိသားစုက ကျောင်းအုပ်လုပ်ပေးရန် ပထမဆုံး လာဖိတ်ခဲ့ပြီး သူမက အလွန်စွန့်စားရာကျသည်ဟု ထင်သဖြင့် ငြင်းခဲ့လိုက်မိကြောင်းကိုပင် မပြောပြရဲခဲ့ချေ။ နှုတ်ခမ်းများ အနည်းငယ် ခြောက်သွေ့လာသည့် သခင်မကြီးချင်က လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံသောက်လိုက်တော့သည်။ သူမသည် ထိုအချိန်လေးတွင် ဘာပြန်ပြောရမည်မသိ ဖြစ်သွားတော့သည်။

“ထားလိုက်ပါတော့ ငါတို့တွေ ကျောင်းအုပ်ရာထူးကို လက်လွှတ်လိုက်ရပြီဆိုတော့ လက်ထောက်ကျောင်းအုပ် နေရာတော့ရှိမှာပဲ၊ ငါ မှတ်မိပါသေးတယ် ဒီနှစ် နွေဦးတုန်းက စုမိသားစုကလေးမ မင်းဆီ လာသေးတယ်မလား၊ စဥ်းစားကြည့်လိုက်တော့ သူ မင်းကို မျက်နှာသာတော့ပေးမှာပဲ”

အရာရှိချင်၏ ဘာသဘောမှ မပါသည့်မှတ်ချက်က သခင်မချင်ကို ပိုပြီး မလုံမလဲ ဖြစ်သွားစေတော့သည်။ ပြီးခဲ့သည့် နွေဦးက စုမိသားစုကလေးမသည် သူမကို လာရှာခဲ့သေးသည်။ သူမကို ကျောင်းအုပ်လုပ်ပေးရန် လာတောင်းဆိုခြင်းပင်။

မိန်းမဖြစ်သူက အချိန်တော်တော်ကြာသည်အထိ ပြန်ဖြေမလာသည်ကို မြင်လိုက်ရသဖြင့် အရာရှိချင်က အနည်းငယ် မကျေမနပ်ဖြစ်သွားတော့သည်။

“ ရှင် မင်းဘာတွေ စဥ်းစားနေတာလဲ”

“သခင်ကြီးပြောတာ မှန်ပါတယ်၊ စုမိသားစု ကလေမးနဲ့ ကျွန်မတို့ မတွေ့ဖြစ်တာ တော်တော်ကြာနေပြီမလို့ပါ ရုတ်တရက်ကြီး....”

သခင်မချင်သည် သတိဝင်လာတော့သည်။ သူမ၏မျက်နှာကို အောက်ချပြီး စုမိသားစုကလေးမထံတွင် တောင်းဆိုရမည်ကို စဥ်းကြည့်လိုက်ပြီး သူမသည် အနည်းငယ် ကသိကအောက်ဖြစ်သွားတော့သည်။ တခြားလူတွေကပဲ အမြဲတမ်း သူမကို ဦးစားပေးခဲ့ရတာလေ။ ဒါပေမဲ့ အခုတော့ သူမက တစ်ယောက်ယောက်ကို အရင်သွားတောင်းဆိုရမယ်ဆိုတော့ သူမရဲ့မျက်နှာ ဘယ်နား သွားထားရတော့မှာလဲ။

“ရှင်မ မင်းယောက်ျားအတွက် ဒီကိစ္စကို ကျေးဇူးပြုပြီး စဥ်းစားပေးပါအုံး၊ အခုဆိုရင် ငါတို့တွေ လျိုမိသားစုဆီမှာ ကျောင်းအုပ်ရာထူး လက်လွှတ်ခဲ့ရပြီ၊ လျိုမိသားစုက နာမည်ကြီးလာပြီ၊ နောက်ဆိုရင် ငါ လော့ဟယ်မြို့မှာ ဘယ်လိုခြေကုပ်ယူထားရတော့မှာလဲ”

လျိုကျစ်ချွမ်း၏ ဝင့်ကြွားနေသည့်မျက်နှာကို စဥ်းစားမိလိုက်ပြီး အရာရှိချင်သည် အသက်ပင် မရှူနိုင်လောက်အောင် ဖြစ်သွားတော့သည်။ လျိူကျစ်ချွမ်းမှာ တော်တတ်တဲ့ ညီလေးနဲ့ ညီမလေး ရှိတာ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့တွေက အဆင့်ချင်း အတူတူပဲလေ။ ဒါနဲ့များ လျိုကျစ်ချွမ်းက နေရာတိုင်း သူ့ကို လိုက်ဖိနှိပ်နေရတာလဲ။

သခင်မချင်သည် သူမမိသားစု သခင်ကြီးနှင့် လျိုမိသားစုတို့မှာ ကြိတ်ပြိုင်ဆိုင်နေကြကြောင်း သိထားသည်။ သူမ၏မျက်နှာက အရေးကြီးသည်ဆိုသော် သခင်ကြီးမျက်နှာရဖို့လောက်တော့ အရေးမကြီးပေ။ ထို့ကြောင့် သူမက ခေါင်းညိတ်ပြလိုက်ပြီး ချီတုံချတုံဖြင့် သဘောတူလိုက်ရတော့သည်။

သူမ၏ အထိန်းတော်မှာ စကားဝင်မပြောရဲပေ။ ဒီအသုံးမဝင်တဲ့စစ်တုရင်ရုပ်ကို ဘယ်လိုရွှေ့ရမလဲဆိုတာ တစ်ယောက်ယောက်က ပြောပြပေးကြပါလား။

***

ယိုကျင့်သည် ဟိုကျားဝမ်သို့ မိသားစုမှ ကလေးများကို လမ်းလျှောက်ရန် ခေါ်လာစဥ် သခင်မချင်၏ စာကို လက်ခံရရှိခဲ့လေသည်။

“ ငါ့ကို ဂန္ဓမာပန်းကြည့်ဖို့ ဖိတ်တာတဲ့လား”

ယိုကျင့်က စာပေါ်မှ လှပသည့်လက်ရေးကို ကြည့်ရင်း အနည်းငယ် တွေဝေသွားသည်။ သခင်မချင်က သူမဖိတ်တာကို ငြင်းလိုက်ပြီးကတည်း အချင်းချင်း မတွေ့ဖြစ်တော့ နှစ်ဝက်လောက်ရှိသွားပြီပဲ။ သူမက ဘာလို့များ ရုတ်တရက်ကြီး စာပို့ဖို့ စိတ်ကူးရသွားတာလဲ။

ဧည့်ခန်းထဲတွင် ထိုင်နေသည့် ယွဲ့ဝမ်ရှန့်က ထိုအကြောင်းကို ကြားလိုက်ပြီးနောက် ထိုနေ့က သူ့အခန်းဖော်များ အတင်းပြောနေသည့်စကားကို ပြန်သတိရသွားတော့သည်။ ထို့ကြောင့် သူက ထုတ်ပြောလိုက်၏။

“ ဧကန္တ အာရ်ယာ အမျိုးသမီးကျောင်းတော် ကြောင့်များလား”

ယွဲ့ဝမ်ရှန့်သည် နွေဦးစာမေးပွဲတွင် အဆင့် ၃၇ နှင့် အောင်မြင်ခဲ့ပြီး လတ်တလောတွင် လော့ဟယ်မြို့က ဖူကျောင်းတော်တွင် ထုန်ရှန့်တစ်ယောက်အဖြစ် စာလေ့လာနေသည်။

“ နင် ဘာလို့ အဲလိုပြောနိုင်တာလဲ”

ယွဲ့ဝမ်ရှန့်၏ စကားကို ကြားလိုက်သည်တွင် ယိုကျင့်သည် အနည်းငယ်သိချင်စိတ်ဖြစ်လာတော့သည်။ ဒီမောင်ဝမ်းကွဲလေးက သူ့အသက်အရွယ်လေးနဲ့ ရင့်ကျက်နေပြီပဲ။ သူက ဘယ်လိုလုပ်ပြီး အတင်းစကားတွေကို သိနေသေးတာတဲ့လဲ။ ပြီးတော့ အာရ်ယာ အမျိုးသမီးကျောင်းတော်ကြောင့်ဆိုပဲ။ ပိုပြီးတော့တောင် စိတ်ဝင်စားသွားမိပြီ။

ယွဲ့ဝမ်ရှန့်သည် သည်အစွမ်းအထက်ဆုံး ဝမ်းကွဲအစ်မကြီး၏ စိတ်ဝင်တစားအကြည့်ကို ခံစားမိလိုက်၏။ သူသည် မနေသာတော့ဘဲ အနည်းငယ်ရှက်သွားတော့သည်.။ ခြောက်ခြောက်ကပ်ကပ်ဖြင့် ချောင်းဆိုးလိုက်ပြီး သူက ပြန်ဖြေလိုက်လေသည်။

“ အဲနေ့က ကျောင်းမှာ ကျွန်တော့်အတန်းဖော်တွေ ပြောနေတာ ကြားခဲ့တာ၊ အရာရှိလျိုနဲ့ အရာရှိချင်တို့ ညစာစားပွဲ တက်ကြတယ်တဲ့၊ အာရ်ယာအမျိုးသမီးကျောင်း အကြောင်းပြောကြတော့ အားလုံးက ဖြောင့်မတ်မှန်ကန်ခြင်းတရားကို နားလည်တဲ့ အမျိုးသမီး ကျုံးကျူးကောတစ်ယောက်ဆိုပြီး သခင်မကြီးလျိုကို ချီးမွှမ်းကြတယ်တဲ့၊ ပြီးတော့ လျိုမိသားစုက စာပေပညာရှင်မိသားစုတစ်ခု ပြီးတော့ သူတို့တွေ မွေးထုတ်ထားတဲ့သမီးတွေအားလုံးကလည်း လိမ္မာကြတယ်ဆိုပြီး ချီကျူးနေကြတာ”

“ အဲလိုကိစ္စလည်း ရှိသေးသလား”

ယိုကျင့်သည် စကားပြောရင်း ရှက်နေသည့် ဝမ်းကွဲမောင်လေးကို ကြည့်လိုက်လေသည်။ သူမသည် မရယ်ဘဲ မနေနိုင်တော့ချေ။ သည်ကလေးက တော်တော်ရှက်နေလေသည်။ သူမက ပြောလိုက်၏။

“ ဒါဆို သခင်မချင်က ဒီကိစ္စကြောင့် ငါ့ဆီလာတာဆိုရင် ဧကန္တ သူ ကျောင်းအုပ် ဖြစ်ချင်လို့များလား”

သည်အကြောင်းအရင်းကို စဥ်းစားလိုက်ပြီးမှ ယိုကျင့်မှာ အမှန်ပင် ရယ်ချင်သွားတော့သည်။ သူမ သူ့ကို အရင်ဆုံးသွားဖိတ်တုန်းကတော့ သူက ဆက်တိုက်ငြင်းနေခဲ့ပြီးတော့။ အခု အာရ်ယာ အမျိုးသမီးကျောင်းတော် တည်ထောင်ပြီးမှ သူက အကျိုးအမြတ်မျှချင်နေတာပဲ။ ကောင်းတဲ့ကိစ္စတိုင်းဆို တကယ်ပါချင်နေတော့တာပါလား။

ဝေဖေချက်များ ရှိနေသော်လည်း သူမသည် ချိန်းဆိုမှုကို တက်ရောက်ရအုံးပေမည်။

သခင်မချင်၏ ရည်ရွယ်ချက်ကလည်း ယိုကျင့်နှင့် ယွဲ့ဝမ်ရှန့် ခန့်မှန်းထားသည့်အတိုင်း အာရ်ယာအမျိုးသမီးကျောင်းတော်တွင် နေရာတစ်ခု ရဖို့ပင်။ တစ်ဖက်လူသည် အကျိုးအမြတ် ရလို၍မဟုတ်ဘဲ ကျော်ကြားမှုသာ လိုအပ်လေသည်။ ယိုကျင့်မှာ အလိုက်သင့်မနေတတ်သူ မဟုတ်ချေ။ ကြက်ဥနှင့် ကျောက်တုံးကို ပေါက်ရမည့်အဖြစ်လို သခင်မချင်ကို ငြင်းဆိုလိမ့်မည် မဟုတ်သည်က အသေအချာပင်။ သူမသည် သခင်မချင်၏အလိုအတိုင်း ကြီးကြပ်ရေးနေရာတစ်ခုကို စီစဥ်ပေးလိုက်တော့သည်။

ကြီးကြပ်သူသည် အဓိကပွဲတော်များတွင် ပွဲတော်ကာလအတွင်း ကျောင်းကို ကိုယ်စားပြုရန်သာ တက်ရောက်ရန် လိုအပ်သည်။ ဒါသည် အထက်တန်းစား မိသားစုများက အမျိုးသမီးများကြားတွင် ထင်ပေါ်ချင်သော သခင်မချင်၏ အလိုကို ကျေနပ်စေသလို သူမအတွက်လည်း ကျောင်းကိစ္စများအား အထူးအာရုံစိုက်နေရန် မလိုတော့ချေ။ ပြဿနာမကြိုက်တတ်သည့် သခင်မချင်အတွက်တော့ ပြီးပြည့်စုံလေသည်။

အမှန်ပင်။ သခင်မချင် တိုးလာခြင်းက အာရ်ယာ အမျိုးသမီးကျောင်းတော်၏ ဂုဏ်သတင်းကို ပိုမွှေးလာစေတော့သည်။ တစ်နှစ်တွင် စုစုပေါင်းဝင်ခွင့်ကို တစ်ကြိမ်သာ ပြုလုပ်မည်ဟု ကြေညာထားကာ ယခုမှ ဆောင်းဦးသာ ရှိသေးသော်လည်း လူချမ်းသာအများစုက အာရ်ယာ အမျိုးသမီးကျောင်းတော်တွင် သူတို့သမီးများ စာလေ့လာနိုင်ရန် အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်ကို လာရှာသူများပင် ရှိနေကြသည်။

အာရ်ယာအမျိုးသမီးကျောင်းတော်၏ အဆင့်သည် လော့ဟယ်တွင် နံပါတ်တစ် အမျိုးသမီးကျောင်းတော်အဖြစ် တည်မြဲလာလေသည်။ နောက်ပိုင်းတွင် တချို့လူများက အမျိုးသမီးကျောင်းတစ်ခု ဖွင့်ချင်လျှင်တောင် သူတို့ထဲ ဘယ်သူမှ အာရ်ယာအမျိုးသမီးကျောင်းထက် သာလွန်နိုင်မည် မဟုတ်ပေ။

***

လက်ရှိတွင် စုမိသားစုတွင် အလုပ်သမားများကို အလုပ်တစ်ခုစီ တာဝန်ပေးထားလေသည်။ အခုတော့ အပြင်ဘက်တွင် တတိယသခင်ကြီးဟွမ်တစ်ယောက်တည်း မဟုတ်တော့ချေ။ စုမိသားစုကလည်း ကြီးကြပ်ရေးမှူးအသစ်တစ်ယောက်ကို ခေါ်ယူခဲ့သည်။ အိုက်ချန်းဟုခေါ်သည့် ချောမောပြီး ခပ်ဝဝ သက်လတ်ပိုင်း ယောကျ်ားတစ်ယောက်က စုကျားယန့်ကို တာဝန်ယူထားသည်။ အိုက်ချန်းမှာ အရည်အချင်းရှိသူ ဖြစ်၏။ သူ့ကွပ်ကဲမှုအောက်တွင် စုကျားယန့်သည်လည်း တိုးတက်လာလေသည်။ ယိုကျင့်သည် လုံးဝအားလပ်သွားပြီးဟု မှတ်ယူလို့ရကာ ယိုရင်အတွက် လက်ဖွဲ့များကို စတင်ပြင်ဆင်လိုက်လေသည်။

ယိုရင်သည် နွေဦးတုန်းက အသက် ၁၅နှစ်ပြည့်သွားပြီဖြစ်၏။ အခုတော့ ဆောင်းဦးရောက်လာပြီ။ သူမနှင့် ဟန်လီတို့၏ လက်ထပ်ပွဲကို နောက်နှစ် ၅လပိုင်း ၁၈ရက်နေ့ဟု သတ်မှတ်ထားသည်။

ဟန်လီတွင် အဖေရော အမေပါ မရှိတော့သည့်အတွက် သူတို့နှစ်ယောက်သည် လက်ထပ်ပြီးလျှင် စုအိမ်တွင် ဆက်နေလိမ့်မည်။ သို့သော်ငြား လူငယ်စုံတွဲကို လွတ်လပ်ခွင့်ပေးရန်အလို့ငှာ ယိုကျင့်က မိသားစုနှင့် တိုင်ပင်ပြီးနောက်တွင် လက်ရှိစုမိသားစုအိမ်၏ ဘယ်ဖက်ခြမ်းတွင် သုံးခန်းတွဲ အိမ်အသစ်တစ်လုံး ဆောက်ရန်ဆုံးဖြတ်လိုက်သည်။ သုံးခန်းတွဲအိမ်လေးသည် လူငယ်စုံတွဲ၏ အနာဂတ် အိမ်လေး ဖြစ်လေသည်။

အမျိုးသမီးဟန်သည် သူမိသားစုက အိမ်အသစ်တစ်လုံး ဆောက်မည်ကို သိထားပြီး သူမကိုယ်တိုင်လည်း စိတ်ကူးတချို့ရှိထားသည်။ ပြီးခဲ့သည့် နှစ်ဝက်အတွင်း သူမ ဖွင့်ထားသည့် အလှကုန်ပစ္စည်းဆိုင်က ငွေတချို့ရှာနိုင်ခဲ့သည်။ ထို့ကြောင့် သူမသည် စုမိသားစုအိမ်၏ ညာဘက်ခြမ်းတွင် မြေ၂ဧကလောက် ဝယ်ခဲ့သည်။ တစ်ယောက်ပြီးတစ်ယောက် ဆောက်လုပ်ရေးကို စတင်လိုက်ကြတော့သည်။

လက်ရှိကာလ ဝူလီချောင်မြစ်အနောက်ဘက်ခြမ်းသည် လွန်ခဲ့သည့် ၅နှစ်က စုမိသားစု ပြောင်းလာခါစလို ခြောက်ကပ်မနေတော့ချေ။ အကြောင်းမှာ ကီလိုမီတာ အနည်းငယ်ဝေးသည့် နေရာတွင် ရေကြောင်းပို့ဆောင်ရေး ဆိပ်ကမ်းတစ်ခု ရှိလာသောကြောင့်ပင်။ ထို့ကြောင့် မြစ်အရှေ့ဘက်ကမ်းတွင် နေကြသည့် မိသားစုများက တဖြည်းဖြည်းနှင့် မြစ်အနောက်ဘက်ကမ်းရှိ တရားဝင်လမ်းကြီး၏ တစ်ဖက်တစ်ချက်သို့ ပြောင်းရွှေ့လာခဲ့ကြသည်။ မြစ်အနောက်ဘက်ခြမ်းတွင် စုမိသားစုအိမ်အပြင် အိမ်အသစ်ဆောက်ထားသည့် မိသားစု ၄-၅ခု ရှိသည်။ ထို့ကြောင့် တော်တော်စည်ကားလာလေသည်။

“ ကျွန်မ အမေ့ဆီက ကြားလိုက်တယ် ညီမလေးရှောင်နင်ရဲ့ လက်ထပ်ပွဲကို သတ်မှတ်ပြီးပြီဆို၊ ဘယ်မိသားစုကများလဲ မသိဘူးနော်”

စုအိမ်၏ တံခါးအပြင်ဘက်တွင် ခွေးကြီးတချို့နှင့် လမ်းလျှောက်ထွက်လာသည့် ယိုကျင့်သည် ဆိုင်မှပြန်လာသည့် ကျောက်ချွန်းဟွားနှင့် မမျှော်လင့်ဘဲ ဆုံခဲ့သည်။ သူတို့နှစ်ယောက်သည် မြစ်ဘေးတွင် ရပ်ကာ စကားပြောလိုက်ကြသည်။

ကျောက်ချွန်းဟွားသည် အရင်ကလို နေ့တိုင်း မိုးထဲနေထဲတွင် လယ်မစိုက်တော့ချေ။ သူမသည် ပိုပြီး အသားအရေ လှလာပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်ကထက် အများကြီးငယ်သွားသလို ထင်ရသည်။ သူမက ပြုံးရင်း ပြန်ဖြေလိုက်၏။

“ တင်းချန်းအနောက်ဘက်က ကျန့်ကျားရွာသူကြီးရဲ့ ဒုတိယသားလေ၊ လက်ထပ်ပွဲရက်ကို ၁၂လပိုင်း ၂၀လို့ သတ်မှတ်ထားတယ်၊ ယိုကျင့် သမီး သေချာပေါက်လာရမယ်နော်”

ကျောက်ချွန်းဟွားသည် ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။ အကြောင်းမှာ သူမ သမီးဖြစ်သူ၏ လက်ထပ်ပွဲကို အလွန်ကျေနပ်မိသောကြောင့်ဟု ယူဆရပေမည်။

“ ကျွန်မက ညီမလေးရှောင်နင် ကြီးလာတာကို မြင်ခဲ့တဲ့သူပါနော်၊ အဒေါ်က ကျွန်မကို မဖိတ်ဘူးဆိုရင်တောင် ညီမလေးအတွက် လက်ဖွဲ့ပေးကို သတိတရထည့်ပေးအုံးမှာ”

ယိုကျင့်က ကျောက်ချွန်းဟွား၏ဖိတ်ကြားချက်ကို ပြုံးကာ လက်ခံလိုက်သည်။ ထို့နောက် သူမသည် ကျောက်ချွန်းဟွားအား သူမ၏မြေးမလေး အခြေအနေကို သတင်းပေးလိုက်သည်။

“ ရှောင်နီနီ အခုတလောနေမကောင်းဘူးလို့ ကြားတယ် အိမ်မှာ အာဟာရဖြစ်မဲ့ ဟာတွေတချို့ရှိတယ် ခဏနေကြရင် အဒေါ့်ဆီ ပို့ပေးလိုက်မယ်နော်”

လျန်ဟွားအာသည် သည်နှစ်နွေဦးအကုန်တွင် ပိန်ပိန်သေးသေး သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့သည်။ လျန်ဟွားအာ၏ ကိုယ်ဝန်ဆောင်စဥ် စိုးရိမ်မှုလွန်ကဲခြင်းကြောင့် ရှောင်နီနီသည် အာဟာရ မပြည့်ဘဲ မွေးလာခဲ့သည်။ လက်ရှိတွင် သူမသည် ၆လသားအရွယ် ရောက်နေပြီး မကြာခဏဆိုသလို အမြဲတမ်း နေမကောင်းဖြစ်နေတတ်သည်။

သူမ၏ တစ်ဦးတည်းသောမြေးမလေးအကြောင်းကို ပြောလိုက်လျှင် ကျောက်ချွန်းဟွား၏ စောစောက အပြုံးသည် မျက်နှာပေါ်မှ မှေးမှိန်သွားတော့သည်။ သက်ပြင်းချရင်း သူမက ပြန်ဖြေလိုက်၏။

“ ငါလည်း အတင်းပြောချင်လို့မဟုတ်ပါဘူးဟယ်၊ ငါ့ချွေးမက အမြဲတမ်း အတွေးလွန်နေလို့ပါ၊ ပြောစမ်းပါအုံး ဘယ်မိန်းမက ကိုယ်မွေးလာတဲ့ကလေးကို မချစ်ကြလို့လဲ၊ ငါတို့မိသားစုအားလုံး အပျော်လွန်နေကြတာ သူတစ်ယောက်ပဲ မပျော်မရွှင်နဲ့လေ၊ ယိုကျင့်ရယ် သမီးမသိလို့နော် ငါတို့ ရှောင်နီနီက အခုမှ ၅လသားလေးပဲ ရှိသေးတာ သူ့မှာ နို့မစို့ရရှာဘူး၊ လျန်ဟွားအာ ဘာတွေတွေးနေမှန်း လုံးဝကို မသိတော့ပါဘူးဟယ်”

ယိုကျင့်သည် သူမ၏စကားများကို ပြန်မဖြေလိုက်ချေ။ နောက်ဆုံး ဒါသည် တစ်ဦးတစ်ယောက်၏ မိသားစုအရေးကိစ္စ ဖြစ်လေသည်။ သူမလို အပြင်လူတစ်ယောက်အနေဖြင့် ကြားဝင်ရန် သင့်တော်ပါမည်နည်း။ သူမက သည်အတိုင်း ပြုံးလိုက်ပြီးနောက် ပြောလိုက်တော့သည်။

“ အဘွားဆိုတော့လည်း အဒေါ်ကတော့ ကပိုပြီး ကြိုးစားရမှာပဲနော်၊ ကျွန်မ ခဏနေကျရင် ဖြည့်စွက်စာတွေကို လူလွှတ်ပြီး ပို့ခိုင်းလိုက်ပါမယ်၊ အဒေါ် အသုံးလိုမလား ကြည့်ကြည့်လိုက်ပါနော်”

ကျောက်ချွန်းဟွားသည် သိတတ်ပြီး တွေးပေးတတ်လွန်းသော လှပသည့်ယိုကျင့်ကို ကြည့်လိုက်ပြီးနောက် မကြာခဏဆိုသလို စိတ်ဆိုး စိတ်ကောက်နေတတ်သည့် ချွေးမဖြစ်သူကို စဥ်းစားမိသွားတော့သည်။ သူမသည် မနေနိုင်တော့ဘဲ သက်ပြင်းချမိပြန်သည်။ ကံပေါ့လေ။

နှစ်ယောက်သားသည် ၁၅မိနစ်လောက် စကားပြောလိုက်ကြပြီးနောက် လမ်းခွဲလိုက်ကြတော့သည်။ သည်ကိစ္စကို မည်သူကမှ စိတ်ထဲတွင် မထားခဲ့ကြချေ။ သိပ်မဝေးလှသည့် လယ်ကွင်းထဲတွင် လူရိပ်တစ်ခုက မြေနိမ့်ပိုင်းတစ်ခု၌ ကိုယ်ကိုကုန်းက စကားလုံးတိုင်းကို နားထောင်နေသည်ကိုလည်း ဘယ်သူမှ သတိမထားမိကြပေ။

ယိုကျင့်သည် အိမ်ပြန်ရောက်ချိန်၌ အဒေါ်စုန့်အား မဖွင့်ရသေးသည့် ပုံမှန် အရည်အသွေးငှက်သိုက်များနှင့် ဂျင်စင်း၂ဥကို ဟယ်အိမ်သို့ ပို့ခိုင်းလိုက်လေသည်။

အဒေါ်စုန့်ကို ပြန်ပို့လိုက်ပြီးနောက် ကျောက်ချွန်းဟွားသည် ပင်မခန်းမသို့ ပြန်လာပြီး ဘူးကို ဖွင့်ကြည့်လိုက်သည်။ သူမသည် အံ့ဩသွားတော့သည်။

“ ဒါ ငှက် , ငှက်သိုက်တွေမလား”

သူမက ပုံမှန် အာဟာရဖြည့်ဆေးပစ္စည်းတွေလို့ ထင်ထားတာလေ။ ငှက်သိုက် ၄ ပန်းကန်စာအပြင် ဂျင်စင်းရိုင်း ၂ခုတောင် ပါမယ်လို့ မျှော်လင့်မထားမိဘူး။ အမျိုးသမီးကျောက်သည် ငှက်သိုက်စစ်စစ်ကို တစ်ခါမှ မမြင်ဖူးသော်လည်း လူများက မကြာခဏ ပြောကြသည်ကိုတော့ ကြားဖူးလေသည်။ မည်မျှအဖိုးတန်မှန်း သူမ သိသည်။

“ဘာငှက်သိုက်လဲ”

ခုတင်ပေါ်တွင် ဆေးတံသောက်ရင်း ထိုင်နေသည့် ဟယ်ဟောက်က သူ့မိန်းမ အထစ်ထစ် အငေါ့ငေါ့နှင့် ပြောလိုက်သည်ကို ကြားလိုက်ရတော့ သိချင်စိတ်ဖြင့် မေးလိုက်၏။

ကျောက်ချွန်းဟွားသည် ငေးကြောင်ကြောင်ဖြင့် ဘူးကို ကြည့်နေဆဲဖြစ်ပြီး သတိပြန်မဝင်လာသေးချေ။ အချိန်အနည်းငယ်ကြာမှ သူမက သည်နေ့ယိုကျင့်နှင့် တွေ့ခဲ့သည့်အကြောင်းကို အကျဥ်းချုပ် ပြောပြလိုက်၏။

“ ကျွန်မက သာမာန် အာဟာရဖြည့်ပေးတဲ့ ဆေးတွေလို့ပဲ ထင်ထားခဲ့တာ၊ ဒီကလေးက ဒီလောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ပေးလာလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး၊ မဖြစ်သေးပါဘူး၊ ကျွန်မ စုမိသားစုကို ပြန်သွားပေးလိုက်တာပဲ ကောင်းပါတယ်”

“ ခဏလေး ခဏလေး မင်းက လက်တောင်ခံထားပြီးပြီဦ ပြန်ပေးမယ်ဆိုရင် ဘာအဓိပ္ပာယ် ဖြစ်သွားမှာလဲ”

ဟယ်ဟောက်က သူမကို မြန်မြန် တားလိုက်၏။

“ ယိုကျင့်က ပို့လာပြီးပြီဆိုတော့ ဒါက သူ့စေတနာလေ၊ ယူထားလိုက်၊ မင်းနဲ့ ကလေးတွေ အာဟာရဖြစ်ဖို့ ချက်ကျွေးလိုက်တာလည်း စိတ်ကူးကောင်းတစ်ခုပါပဲ”

အိမ်ဦးနတ်ကြီးက ထိုသို့ပြောလိုက်သည်ကို မြင်လိုက်ရသဖြင့် ကျောက်ချွန်းဟွားက ပစ္စည်းများကို ယူထားလိုက်တော့သည်။

“ ဟုတ်ပါပြီ ကျွန်မ မနက်ဖြန် လျန်ဟွားအာအတွက် တစ်အိုးလောက် ချက်ပေးလိုက်မယ်”

အမျီးသမီးကျောက်သည် သည်အတွေးလွန်လွန်းသည့် ချွေးမကို သဘောမကျသော်လည်း ပစ္စည်းကောင်းကောင်းလေးများ ရလျှင် သူမကို သတိရတတ်သေးသည်။ နောက်ဆုံး သူမလို မြို့သူမိန်းကလေးက သူမ၏မိသားစုထဲသို့ လက်ထပ်လာပြီး သူတို့မိသားစုအတွက် မြေးမလေးတစ်ယောက် မွေးပေးခဲ့လေသည်။

နောက်တစ်နေ့ မနက်စောစောတွင် အမျိုးသမီးကျောက်က စုမိသားစုဆီသွားပြီး စုမိသားစု၏ စားဖိုမှူးထံတွင် ငှက်သိုက်ချက်နည်းကို သွားမေးခဲ့သည်။ နေ့လယ်ခင်းတွင် ငှက်သိုက်တစ်ပန်ကန်း ချက်ပေးပြီးနောက် သူမသည် ချွေးမနှင့် သမီးကို တစ်ဝက်စီခွဲပေးလိုက်၏။ သူမကိုယ်တိုင်အတွက်တော့ အရသာရှိရုံလောက်သာ ရေနည်းနည်းနှင့် ထပ်ရောလိုက်လေသည်။

လျန်ဟွားအာ ဖက်တွင်တော့ မနေ့က စုမိသားစုမှလူများက ပစ္စည်းထည်းထားသည့်ဘူးကြီးတစ်ခု ယူလာသည်ကို မြင်ခဲ့ပြီး သည်နေ့တွင် သူမသည် ငှက်သိုက်ပန်းကန်သေးတစ်ဝက်ကို သောက်နိုင်ခဲ့သည်။ သူမသည် ပိုပြီး စိတ်နာလာတော့သည်။

“ပစ္စည်းကောင်းတွေ ရထားတဲ့အချိန်ကျတော့ ကိုယ့်အတွက်ကိုယ်ပဲ သိမ်းထားပြီး ဒီငှက်သိုက်ပန်းလုံးတစ်ဝက်ပဲ ကျွေးတယ်၊ ငါ့ကို သူတောင်းစားလို့ ဆက်ဆံနေကြတာလား”

ပြောပြီးသည်နှင့် သူမသည် ပန်းကန်လုံးကို စားပွဲပေါ် ဆောင့်ချလိုက်လေသည်။ ဒုန်းခနဲမြည်သံကြောင့် ခုတင်ပေါ်တွင် အိပ်နေသည့် ရှောင်နီနီမှာ လန့်ဖျပ်ကာ အော်ငိုတော့သည်။

ကလေးငိုသံကြောင့် စိတ်ရှုပ်သွားပြီး သူမ၏စိတ်အခြေအနေက ပိုဆိုးလာတောသည်။ သူမသည် လပ်ထက်ပြီး ဟယ်မိသားစုထဲသို့ ဝင်လာသည့် တစ်နှစ်ကျော်အတွင်း ခံစားခဲ့ရသည့် နစ်နာမှုတို့ကို စဥ်းစားလိုက်ပြီး သူမသည် တစ်ခဏလေးပင် သည်းမခံနိုင်တော့ဘဲ ခုတင်ပေါ်တွင်မှီကာ စတင် ငိုကြွေးလေတော့သည်။

…

All Chapters