အခန်း ၁၄၅
Vol. 10 Ch. 145
အပိုင်း (၁၄၅) ကြင်စဦးဇနီးမောင်နှံနှင့် သုံးရက်မြောက်နေ့၌ အိမ်ပြန်ခြင်း
နွေဦး၏နေရောင်ခြည်သည် ကြည်လင်သည့် ကောင်းကင်၌ ထင်းထွက်နေခဲ့သည်။ ညသန်းခေါင်ယံ မတိုင်ခင်အထိ သက်၀င်လှုပ်ရှားနေခဲ့သော အိမ်တော်သည် တိတ်ဆိတ် ငြိမ်သက်နေခဲ့၏။ အစေခံများသည်ပင် ကြုံတောင့်ကြုံခဲဖြင့် အရုဏ်တက်ချိန်အထိ အိပ်လိုက်ရသည်။ အစေခံတစ်ဦးနှစ်ဦးသာ မင်္ဂလာပွဲမှကျန်ရှိခဲ့သည့် အမှိုက်များကို သိမ်းဆည်းနေကြသည်။
ပင်မအခန်းထဲ၌ မည်သည့်လှုပ်ရှားမှုမှ မရှိသေး၍ ကြင်စဦးမောင်နှံအား နှောင့်ယှက်မိမည် စိုးသောကြောင့် လူတိုင်းသည် ခြေသံကို သာမန်နေ့များထက် သာယာစွာ လျှောက်လှမ်းရသည်။ ကြီးမားသည့်ခြံ၀န်းမှာ အနီရောင်များဖြင့် အလှဆင်ထားပြီး တိတ်ဆိတ်မှုအပြည့် ဖြစ်နေခဲ့သည်။ မနက်ခင်းရှိ သာယာသည့် ငှက်တို့၏ တေးဆိုသံသည်သာ ကြင်စဦးအခန်းသို့ ၀င်ရောက်ကာ ဇနီးမောင်နှံနှစ်ဦး၏ အိပ်မောကျမှုကို နှောင့်ယှက်ခဲ့လေသည်။
“ဟင်းးး….” ယိုရင်သည် သူမ၏လေးလံနေသော မျက်ခွံများကို ဖွင့်လှစ်လိုက်သည်။ သူမရောက်ရှိနေသော မရင်းနှီးသည့်နေရာနှင့် ခန္ဓာကိုယ်အောက်ပိုင်းရှိ အနည်းငယ် စူးအောင့်နေသော နာကျင်မှုကြောင့် ခဏတာ တွေဝေမိသွားသည်။ လွန်ခဲ့သည့်ညက အရိုင်းဆန်လှသော မှတ်ဉာဏ်များသည် သူမ၏ စိတ်ထဲသို့ ရေလှိုင်းသဖွယ် တသွင်သွင်စီး၀င်လာခဲ့သည်။ ပြင်ဆင်ထားခြင်းမရှိသည့် သဘာ၀ကျသည့် သူမ၏မျက်နှာလေးသည် နှင်းဆီရောင်သန်းနေခဲ့ကာ အကောင်းမွန်ဆုံး ပါးနီဖြင့် ခြယ်သထားဟန် လှပနေခဲ့သည်။ ငယ်ရွယ်သည့် အပျိုပေါက်လေး၏ ရှက်ရွံ့မှုမှာ သုံးစက္ကန့်အတွင်း ပျောက်ကွယ်ကာ သွက်လက်ပျော့ပျောင်းလာခဲ့သည်။
သူမ၏ဘေးရှိ အမျိုးသားမှာ မျက်လုံးမဖွင့်သေးသော်လည်း သူမ၏လှုပ်ရှားမှုများကို ရိပ်မိနေဟန် တူသည်။ သူ၏ ကြံ့ခိုင်သန်မာသော လက်များဖြင့် သွယ်လျလှပသော အမျိုးသမီး၏ခန္ဓာကိုယ်သို့ ပတ်ထားလိုက်ပြီး သူ၏လက်မောင်းအတွင်းရှိ အမျိုးသမီးငယ်၏ သွေးထွက်မတတ်နီရဲနေသည့် နားလေးကို နမ်းရှိုက်နေရင်း ကြမ်းရှသည့်အသံဖြင့် ဆိုလိုက်သည်။ “ကိုယ်တို့က အာရုံမတက်ခင်အထိ နားရသေးတာ မဟုတ်ဘူး။ မင်း မပင်ပန်းဘူးလား။ ခဏလောက်အိပ်ကြရအောင်”
ကြံ့ခိုင်သန်မာသော ယောက်ျားတစ်ဦး၏ အားမှာ သူမနှင့် အလွန်ပင်ကွာခြားသည်ဟု ယိုရင်ခံစားလိုက်ရသည်။ သူသည် သူမအား တင်းကျယ်စွာ ဖက်တွယ်ထားသည့်အတွက် သူမသည် ရှက်ရွံ့ကာ တွင်းတူးကာ ပုန်းပစ်ချင်မိသည်။ သူမသည် သူ၏ဖက်တွယ်ထားသောအနေအထားနှင့် မည်သို့ စိတ်အေးလက်အေးအိပ်နိုင်မည်နည်း။
“မနေ့ညက ပင်ပန်းနေပြီလို့ ဘယ်သူပြောတာလဲ။ အခုကိုယ်တို့ လုံလုံလောက်လောက်နားပြီးပြီဆိုတော့ ရှေ့ဆက်ကြမလား” တစ်ဖက်သူအား ခက်ထန်စွာ စနောက်ပြီးနောက် တစ်ဖက်မှ ပျော့ပျောင်းလာသည့်အခါ မိန်းမပျိုလေးကို ခုခံခွင့်မပေးဘဲ ဆက်လက် လှုပ်ရှားလေသည်။
“အား ကျွန်မ မဟုတ် ….” သူမပင် မတုံ့ပြန်နိုင်သေးခင် သူမသည် ထိုသူ၏ အနိုင်ကျင့်ခြင်းကို ထပ်မံခံစားလိုက်ရပြန်သည်။ သူမ၏ပေါင်တံများသည် လျှပ်စစ်ဖြင့် ရိုက်ထားသကဲ့သို့ တုန်ရီနေကြောင်း သူမခံစားမိသည်။ မိန်းမငယ်လေးမှာ လက်မြှောက်အရှုံးပေးရန်သာရှိတော့သည်။ အမျိုးသား၏ လှုပ်ရှားမှုအတိုင်းလိုက်ကာ အမျိုးသမီးငယ်လေးသည် လွန်ခဲ့သည့်ညက ခံစားခဲ့ရသော သိမ်မွေ့ကာ စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ကမ္ဘာထဲသို့ ကျရောက်သွားတော့သည်။
လီတုန်းနှင့် အဒေါ်စုန့်သည် အခန်းတံခါးအပြင်ဘက်၌ စောင့်ကြပ်ပေးနေကြကာ သူမတို့၏ နားရွက်များမှာ မနီရဲဘဲ မနေနိုင်တော့ချေ။ ထို့ကြောင့် နောက်ထပ် ခြေလှမ်းဆယ်လှမ်းအကွာအဝေး၌သာ စောင့်ကြပ်ရလေသည်။
အဒေါ်စုန့်သည် ခြံ၀င်းထဲရှိ အသီးများသီးနေပြီဖြစ်သော မက်မွန်ပင်ကို ကြည့်ရင်းပြုံးလိုက်သည်။ နွေဦးတောင် ရောက်ပြီပဲ။ ဘယ်လောက်အံ့ဩဖို့ကောင်းလိုက်လဲ။
…….
တတိယမြောက်နေ့၌ ယိုရင်သည် ချစ်စဖွယ် အမိန့်နာခံတတ်သည့် အမျိုးသမီးအနေဖြင့် ဟန်လီမှ သူမအား ရေချိုးသန့်စင်ရန်ထဖို့ မပြောခင်ပင် စောစီးစွာပြင်ဆင်နေခဲ့သည်။ “ဒီနေ့က အိမ်ကို ပြန်ရမဲ့နေ့ပဲ။ တကယ်လို့ ကျွန်မတို့သာ နောက်ကျရင် အိမ်ကလူကြီးတွေက ဘယ်လိုတွေးကြမလဲ”
သူမသည် ကြေးမုံပြင်၏ရှေ့၌ထိုင်ကာ ဆံထိုးနှစ်ချောင်းကို ကိုင်ရင်း သူမ၏ခေါင်းပေါ်၌ ယှဉ်ကြည့်နေခဲ့သည်။ ထို့နောက် ပြန်ချကာ အခြားဆံထိုးနှစ်ခုဖြင့် ထပ်စမ်းပြန်သည်။ “ရှင်က စနောက်နေသေးတယ်။ ပြီးကျ ကျွန်မတို့ ဘယ်လိုတောင် အရူးနဲ့တူနေမလဲ”
ယခင်က လက်ကိုင်ရုံနှင့်ပင် ရှက်တတ်သည့် သစ်ငုတ်တိုမှာ ဇောက်ထိုးမိုးမျှော်ဖြစ်ကာ လူကို ကပ်တတ်မှန်း သူမမသိခဲ့ပေ။ လွန်ခဲ့သည့် သုံးရက်လုံး၌ သူမသည် နားရှက်စရာများဖြင့် စနောက်ခံခဲ့ရသည်။ သူမ၏ခါးပေါ်၌ ကပ်တွယ်နေသေးသည့်လက်ကို ညင်သာစွာ ဖယ်ရှားလိုက်သည်။
“မစနဲ့တော့။ တစ်ယောက်ယောက်၀င်လာလိမ့်မယ်”
ဇနီးဖြစ်သူ၏ ရှက်ရွံ့ကာ တက်ကြွနေသော ပုံရိပ်သည် ဟန်လီ၏ကိုယ်ထဲ၌ အပူစီးချောင်းတစ်ခုကို အရှိန်တိုးတက်လာစေသည်။ သူသည် ယိုရင်အားလွှတ်ပေးလိုက်ကာ ဘာမှမဖြစ်ခဲ့သည့်အတိုင်း အ၀တ်လဲရန် ကန့်လန့်ကာနောက်သို့ သွားလေသည်။
အပြင်ရှိ လီတုန်းနှင့် အစေခံနှစ်ဦးမှာ ရေနှင့်လက်ကိုင်ပဝါများ ကိုင်ဆောင်ထားကာ အပြင်ရှိ လီတုန်းနှင့် အစေခံနှစ်ဦးမှာ ရေနှင့်လက်ကိုင်ပဝါများ ကိုင်ဆောင်ထားကာ အခန်းထဲ၌ မည်သည့် လှုပ်ရှားမှုမျှ မကြားသဖြင့် တံခါးကို အကြိမ်အနည်းငယ် ခေါက်လိုက်သည်။ သခင်မ၏ဖြေကြားမှုကို ကြားမှသာ တံခါးဖွင့် ၀င်ရောက်ခဲ့ကြသည်။ “အစေခံတွေက သခင်မလေးကို ဆေးကြောပေးပါလိမ့်မယ်”
သူမသည် အနီရောသည့် စကတ်တစ်ထည်ကို ပြောင်းလဲ၀တ်ဆင်လိုက်ပြီး အဖြူရောင် ယုန်မွေးအနွေးထည်ကို အပေါ်မှ ထပ်၀တ်လိုက်သည်။ ထိုသို့၀တ်ဆင်ခြင်းဖြင့် သူမအပြင်သွားလျှင်ပင် လေအေးမိမည်ကို စိုးရိမ်စရာမလိုအပ်ချေ။
လီတုန်းသည် သခင်ဖြစ်သူ၏နောက်၌ရပ်နေကာ ယိုရင်၏ မှင်ကဲ့သို့ နက်မှောင်သည့် ဆံကေသာကို သေသပ်စွာထုံးဖွဲ့ရင်း ပြောလေသည်။ “သခင်မလေးရဲ့ဆံပင်က အခုတလော အရမ်းသန်လာတာပဲ”
သူမသည် စကားပြောနေသော်လည်း လက်၏အရှိန်မှာ ရပ်တန့်သွားခြင်းမရှိပေ။ ခဏလေးအတွင်း၌ပင် သူမသည် တိမ်လွှာဆံထုံးတစ်ခုကို သေသပ်စွာ ထုံးဖွဲ့ပြီးပြီဖြစ်သည်။ ထို့နောက်ဆံထုံးပေါ်တွင် အနီရောင်နှင့်ရွှေရောစပ်ထားသော ဆံထိုးနှစ်ခုကို ထပ်ဆင့်ထိုးထားလိုက်သည်။ ထိုဆံထိုးနှစ်ခု၌ ကျောက်စိမ်းနှင့် နီလာကျောက်များကို တွဲလောင်းချထားလေသည်။ သေးငယ်သည့် အနီရောင် ကျောက်နားကပ်တစ်စုံကို နား၌ ပန်ဆင်ကာ လက်တွင် ပတ္တမြားလက်ကောက်ကို ဆင်ယင်ထားသည်။ ယိုရင်၏ပုံစံမှာ တက်ကြွကာ ဖျတ်လတ်သည့် အမျိုးသမီးငယ်သဏ္ဌာန်ပေါ်လေသည်။
“ဒါကြီးက အရမ်းအရောင်တောက်လွန်း….” အစ်မအကြီးဆုံးဖြစ်သူ၏ အရောင်အဝါလွှမ်းမိုးမှုကြောင့် ကျန်သည့်ညီမအငယ်များသည် အရောင်ဖျော့ကာ တည်ငြိမ်သည့် အ၀တ်အစားများကို ၀တ်ဆင်လေ့ရှိကြသည်။ မှန်ထဲရှိ အနီရောင်များပြည့်နှက်နေသည့် မိမိကိုယ်ကိုကြည့်ရင်း ယိုရင်သည် ထိုပုံစံနှင့် နေသားမကျသေးပေ။
ရေချိုးသန့်စင်ကာ အ၀တ်အစားလဲပြီးသည့် ဟန်လီသည် သူမ၏စကားကို ကြားသောကြောင့် ထွက်လာခဲ့သည်။ သူ၏မျက်၀န်းအိမ်သည် အနည်းငယ်ကျယ်လာကာ အချိန်အတော်ကြာ ငေးကြည့်ပြီးနောက် အပြုံးလေးဖြင့် ချီးမွှမ်းစကားဆိုလေသည်။ “ဒီပုံစံနဲ့ သိပ်လှပါတယ်”
သခင်ဖြစ်သူ၏ အနောက်၌ရပ်နေသော လီတုန်းသည် ကြင်စဦးမောင်နှံ၏ ချိုမြိန်လှသော အချစ်လေထုကြားထဲ၌ ညပ်မိနေကာ သူမ၏ခေါင်းကို ငုံ့ချလိုက်မိသည်။ ငါထွက်သွားသင့်လား။
မနက်စာစားပြီးနောက် ငယ်ရွယ်သည့် ဇနီးမောင်နှံသည် ဝူလီချောင်ရွာသို့ လှည်းတစီးဖြင့် သွားရောက်ကြသည်။ အိမ်ပြန်လက်ဆောင်များသည် လွန်ခဲ့သည့် ရက်များကတည်းကပင် ပြင်ဆင်ပြီးပြီ ဖြစ်သည်။ သခင်ဖြစ်သူထွက်သွားကြသည်နှင့် ကျန်သည့် အစေခံများသည် ဦးလေကော၏ မှာကြားချက်အတိုင်း ပစ္စည်းများကို ထုပ်ပိုးကြလေသည်။ အစောင့်နှစ်ယောက်ကိုသာ ထားရှိခဲ့ပြီးနောက် ကျန်သည့်သူများသည် ဝူလီချောင်ရှိ အိမ်အသစ်သို့ သွားရောက်ကြလေသည်။
စုမိသားစု၏ဘက်တွင် အမျိုးသမီးစုသည် မနက်ခင်း စောစီးစွာထကာ အကြီးတစ်ယောက်အနေနှင့် အခမ်းအနားပြုလုပ်ရန် ပြင်ဆင်နေခဲ့သည်။ သူမ၏ကလေးများအားလုံးသည် အကြီးဆုံးသမီးဖြစ်သူမှ ပျိုးထောင်လာခဲ့သည် ဖြစ်သော်လည်း ထိုသမီးများထဲမှ အိမ်ထောင်ကျပြီးသူ ရှိပြီဖြစ်၍ သူမ၏ စိုးရိမ်ပူပန်မှုမှာ အနည်းငယ်လျော့ကျသွားခဲ့သည်။ သို့သော်လည်း သမီးဖြစ်သူ၏ဘေးတွင် သူမ မရှိခိုက် သူမ၏ကလေးသည် အေးခဲအဆာလွန်ခြင်း သို့မဟုတ် တခုခုလွဲမှားမည်ကို ကြောက်ရွံ့မိသည်။ ထိုသို့စဉ်းစားမိသည်နှင့် သူမ၏ အမေအိုကြီးနှလုံးသားမှာ ကွဲကြေလုမတတ်ပင်ဖြစ်ရသည်။
“အမေ စိတ်လေး နည်းနည်းလျော့ပါဦး” ယိုကျင့်၏ တဖွဖွပြောသံနှင့် ချော့မြူမှုတို့ကြောင့် အမျိုးသမီးစုသည် ထိုင်ခုံ၌ ထိုင်လိုက်ရသည်။ “ယိုကျင့်က လက်ထပ်ပြီး အိမ်ရဲ့ဘေးမှာပဲနေမှာပါ။ သူက ညစာလည်း ဒီပြန်လာစားမှာပဲလေ။ အမေက အစိုးရိမ်လွန်နေတာပါ”
လက်ထပ်ရန်ကိစ္စ ဆွေးနွေးချိန်၌ ဟန်လီသည် မိသားစုမခွဲဘဲ အတူနေထိုင်ရန် ကြံရွယ်ထားကြောင်း ပြောပြခဲ့သည်။ အမျိုးသမီးစုသည် လူအများကြီးနှင့်စုနေရသည်ကို နေသားကျနေပြီဖြစ်၍ ထိုကိစ္စကို သဘောမတူရန် အကြောင်းပြချက်မရှိပေ။ မိသားစုနှစ်ခုပေါင်းကာ တစ်ခုအနေနှင့် နေထိုင်လျှင် ပို၍ကောင်းပေလိမ့်မည်။
သူမ၏အိမ်ရှိကလေးများသည် နှုတ်ခမ်းကိုအုပ်ကာ လှောင်ရယ်နေသည့်အတွက် အမျိုးသမီးစုသည် ရှက်ပြုံးလေးပြုံးမိသွားသည်။ “အမေ တအားများပိုသွားလား”
“အမေ စိတ်မပူပါနဲ့။ ခဏနေ အာ့ကျဲ(ဒုတိယအစ်မ)တို့လည်း ရောက်တော့မှာပါ။ အမေက အဲ့လောက်ကြီး ယဉ်ကျေးလွန်းနေရင် အစ်မက သူ့ကို အပြင်လူလို့တွေးတယ် ထင်သွားမှာပေါ့” ယိုကျူးသည် မိခင်ဖြစ်သူထံသို့ လျှောက်လာကာ လက်လေးအား အသာအယာဆုပ်ကိုင်လိုက်သည်။
“အာ့ကျဲက အပြင်လူလည်းမဟုတ်ဘဲနဲ့ အမေက ဘာလို့ အဲ့လို ထူးထူးဆန်းဆန်းပြုမူနေရတာလဲ”
“နင်က ပေါက်ကရတွေ တအားပြောတာပဲ” အမျိုးသမီးစုသည် သမီးဖြစ်သူ၏ခေါင်းကို အမြန်ခေါက်လိုက်သည်။ သို့သော်လည်း သူမသည် သမီးများ၏ စကားကိုနားထောင်ကာ စိတ်အေးအေးနှင့် ကြင်စဦးဇနီးမောင်နှံ့ အိမ်ပြန်လာမည်ကို စောင့်မျှော်နေခဲ့သည်။
မိခင်ဖြစ်သူ၏ထိုပုံစံကို မြင်သည့်အခါ ကလေးငယ်များသည် ပို၍ပင် ရယ်စရာကောင်းသည်ဟု ထင်လာကြသည်။ ထို့ကြောင့် နှုတ်လမ်းကိုအုပ်ကာ တခစ်ခစ်ရယ်နေကြတော့သည်။ ယိုရင်ပြန်လာသည့်အလါ ညီမငယ်များ၏ ရယ်သံလွင်လွင်ကြောင့် သူမပါ အတူပြုံးမိသွားသည်။
“ဘာတွေအဲ့လောက်ပျော်နေကြတာလဲ”
“အာ့ကျဲ” ယိုရင်ပြန်လာသည်ကိုမြင်သည်နှင့် ရှောင်ပါးသည် ယိုရင်ဆီသို့ ပြေးကာ ဖက်တွယ်လိုက်သည်။ ထို့နောက် သူမ၏လက်ဖောင်းဖောင်းလေးများကို ဟန်လီ၏ရှေ့၌ ဖြန့်လိုက်လေသည်။ “ခဲအို စာအိတ်နီ”
ရှောင်ပါး၏ အပြုအမူကြောင့် ယိုရင်၏မျက်နှာမှာ တစ်ဖန်ပြန်လည်နီရဲလာတော့သည်။ “ရှောင်ပါး မင်းလေးက ဆိုးသွမ်းလာတာပဲ”
ဟန်လီသည် တိတ်ဆိတ်နေတတ်သော်လည်း ယနေ့တွင် သူ့မျက်နှာ၌ အပြုံးတစ်ခုတည်ရှိနေလေသည်။ သူသည် ပြင်ဆင်ထားသည့် စာအိတ်နီကို ရိုးရှင်းစွာထုတ်လိုက်ကာ ပေးလေသည်။ “စာအိတ်နီ”
ဟန်လီသည် ရှောင်ပါးအတွက်တင် မဟုတ်ဘဲ ယိုရင်ထက် ငယ်သည့် ကလေးများအားလုံးအတွက် ပြင်ဆင်လာခဲ့သည်။ အမျိုးသမီးစုနှင့် ယိုကျင့်သည် အကြီးဖြစ်သည့်အတွက် သူတို့ကို ဂါရ၀ပြုကာ အကြီးများမှ အငယ်အား စာအိတ်နီပေးရမည်ဖြစ်သည်။
ငယ်ရွယ်သည့် စုံတွဲလေးသည် ဒူးထောက်ချလိုက်သည်။ မိခင်ဖြစ်သူကို ရေနွေးကြမ်း ဆက်သလိုက်သည်။ “အမေ ရေနွေးကြမ်းသောက်ပါ”
အမျိုးသမီးစုသည် သားမက်ဖြစ်သူ၏ ရေနွေးကြမ်းခွက်ကို လက်ခံသည့်အနေနှင့် တစ်ငုံ သောက်လိုက်သည်။ ထို့နောက် သမီးဖြစ်သူ၏ ရေနွေးကြမ်းခွက်ကို ယူကာ တစ်ငုံထပ်သောက်သည်။ “မင်းတို့က အခုတစ်မိသားစုတည်းဖြစ်သွားပြီး။ ခင်ပွန်းနဲ့ဇနီးသည် အချင်းချင်း ပွင့်ပွင့်လင်းလင်းတိုင်ပင် ပြောဆိုကြ။ မင်းတို့အချင်းချင်းသာ မြတ်နိုးနေသရွေ့ ပြင်ပရန်က အပရိကပဲ”
“ဟုတ်ကဲ့ သမီး(သားမက်)က အမေ့ရဲ့သင်ကြားမှုကို လိုက်နာပါ့မယ်”
ရေနွေးကြမ်းဆက်သပြီးချိန်၌ ယိုဟယ်-လျိုကျိုးထင်တို့ စုံတွဲသည် နှစ်နှစ်မျှရှိတော့မည့် လျန်းယုလေးနှင့်အတူရောက်ရှိလာခဲ့သည်။
၀မ်ရှန်းသည် ဖူကျောင်းတော်သို့ ၀င်ရောက်ပြီးသည်နှင့် ယောက်ဖဖြစ်သူလျိုနှင့် ပိုမိုရင်းနှီးလာခဲ့သည်။ ယနေ့၌ သူ၏ယောက်ဖဖြစ်သူလာမည်ကို ကြားသည်နှင့် ထိုလူကို အပြင်ခေါ်ထုတ်ကာ ဆရာချန်ဆီ၌ တစ်ခုခု မေးမြန်းရန် သွားမည်ဖြစ်ကြောင်း ပြောလေသည်။
“၀မ်ရှန်းက တကယ်ကို ကြိုးစားတာပဲ။ သူကနောက်ကျ အောင်မြင်ဦးမှာပါ” ပင်မခန်းထဲ၌ စကားပြောရန် အခေါ်ခံလိုက်ရသော သခင်မစုန့်သည် အပြုံးလေးဖြင့် ထွက်သွားသည့် လူငယ်နှစ်ဦးကို ကြည့်နေမိသည်။ အကယ်၍ လင်းယွီနှင့်လင်ဖုန်းသာရှိပါက သူမ၏ စိတ်လည်း သက်သာရာရနိုင်သည်။
ထိုထဲ၌ ထိုင်နေသော အမျိုးသမီးဟန်သည် သူမ၏သားအား ချီးကျူးနေသည်ကို ကြားသောကြောင့် မျက်လုံးများ ကွေးသည်အထိ ပြုံးမိသွားသည်။ “သခင်မကြီးရယ် အဲ့လောက်မမြှောက်ပါနဲ့။ ကျွန်မကတော့ သူ့အတွက် စိုးရိမ်နေရတုန်း။ သူက အခုဆို တစ်ဆယ့်ခြောက်နှစ်ရှိတော့မယ် အိမ်ထောင်ပြုဖို့ အခြေမတည်ရသေးဘူး။ ဘယ်လောက်ပဲ စာတွေနဲ့ အလုပ်များတယ်ပြောပြော သူ့အတွက် အ၀တ်၀တ်ပေး စားဖို့ပြင်ပေးဖို့ လူတစ်ယောက်တော့လိုမှာပဲလေ”
“ကလေးက ငယ်သေးတယ်။ နင်က အဘွားထပ်ဖြစ်ချင်သေးတာလား။ လိမ္မာလိုက်တဲ့ လျန်းယုလေး။ သွား မင်းအဘွားကို သွားချော့လိုက်ဦး” သခင်မစုန့်၏ဘေးရှိ အမျိုးသမီးစု၏မျက်နှာရှိ အပြုံးမှာ တစ်စက္ကန့်မျှ ပျောက်ကွယ်သွားခြင်းမရှိပေ။
လျန်းယုလေးသည် အသက်နှစ်နှစ်သာရှိသေးသော်လည်း စကားပြောကာ လမ်းလျှောက်တတ်နေပြီ ဖြစ်သည်။ အဘွားဖြစ်သူ၏ စကားကိုကြားသောအခါ သူမသည် လက်နှစ်ဖက်ကို ဖြန့်လိုက်ရင်း အမျိုးသမီးဟန်ဆီသို့ ခြေလှမ်းသေးသေးလေးမျဖြင့် လျှောက်သွားလေသည်။ “ဘွားဘွားကြီး ချီ~”
ထိုအရာက ပင်မအခန်းထဲရှိ လူတိုင်းကို အားရပါးရ ရယ်မောစေခဲ့သည်။
“အိုက်ရား အဘွားရဲ့ လိမ္မာလိုက်တဲ့မြေးလေး” အမျိုးသမီးဟန်သည် လျန်းယုလေးအား ပွေ့လိုက်ကာ တရှုံ့ရှုံ့နမ်းလိုက်သည်။ ထို့ေနာက် ရှက်ရွံ့စွာဖြင့် ပြုံးလိုက်ရင်း အမျိုးသမီးစုကို ကြည့်လိုက်သည်။
“အခုတလော အစ်မက လူတွေကို ပိုပိုစတတ်လာပြီ”
ပင်မခြံထဲ၌ ရယ်သံများထပ်မံထွက်ပေါ်လာလေသည်။ အပြင်ဘက်ရှိ အစေခံများသည် ရေနွေးကြမ်းများ၊ မုန့်များနှင့် ဟင်းပွဲများ သောက်စရာများကို ပြင်ဆင်ကာ အိမ်အသစ်အား သန့်ရှင်းရေးလုပ်နေကြသည်။ အတွင်းရောအပြင်ပါ လှုပ်ရှားအသက်၀င်လှသည်။ နှစ်သစ်ကူးထက်ပင်ပို၍ သက်၀င်လှုပ်ရှားနေကြသည်။
……….
ယိုရင်နှင့် လက်ထပ်ပြီးသည့်နောက်တွင် ဟန်လီသည်ယိုကျင့်နှင့်တိုင်ပင်ကာ ချားရှန်းရှိ ကိစ္စအရပ်ရပ်ကို လွှဲပြောင်းပေးရန် ဆုံးဖြတ်လိုက်သည်။ ယခုတွင် သူသည် ချားရှန်းသို့ တစ်ရာသီတွင် တစ်ခါသာ သွားရန် လိုအပ်ပြီး ကျန်သည့်အချိန်များတွင် လော့ဟယ်မြို့၌ ဆိုင်အသစ်ပြင်ရန် နေထိုင်လေသည်။။
ဟန်လီသည် စုမိသားစု၏ လက်ဖက်ခြောက်စီးပွားရေးနှင့် ရင်းနှီးကျွမ်း၀င်ပေသည်။ ထို့အပြင် လော့ဟယ်မြို့သည် ကြီးမားကျယ်ပြောလှကာ တောင်မှမြောက်သို့ ကူးသန်းသွားလာသည့် ကုန်သည်များလည်း များပြားပေသည်။ စုကျားမီသည် ပျားရည်နှင့် ရနံ့မွေးလက်ဖက်ခြောက်များကို ရောင်းချပေသည်။ သို့သော်လည်း ချရှန်း၌ လက်ဖက်အမျိုးအစားများစွာရှိလှသည်။ ဆွေးနွေးတိုင်ပင်ပြီးသည့်နောက်တွင် လော့ဟယ်မြို့၌ စုကျားချာဟူသော ဆိုင်အသစ်တစ်ခုကို ထပ်မံဖွင့်လှစ်ရန် ဆုံးဖြတ်လိုက်သည်။
“မင်းနဲ့ငါက တစ်မိသားစုတည်းဆိုပေမဲ့ စာရင်းကတော့ ရှင်းရှင်းလင်းလင်းတွက်ထားရမယ်”
ယိုကျင့်သည် စာရင်းစာအုပ်ကိုဖွင့်ကာ သူမ၏အတွေးများကို သူမနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဟန်လီကို ပြောပြခဲ့သည်။
“ပစ္စည်းတွေကတော့ စုမိသားစုက ထောက်ပံ့မယ်။ ရောင်းဈေးနဲ့ ၀ယ်လက်ကတော့ မင်းဘာသာမင်း ရှာရမယ်။ အဲတော့ ကုန်ကျစရိတ်တွေပါ တွက်လိုက်ရင် ၃:၇ရမယ်။ ဘယ်လိုလဲ”
“၅:၅”ဟန်လီသည် ယိုကျင့်၏ပြောပြချက်ကို ငြင်းပယ်ရန် မရှိပါချေ။ သူသည် စုမိသားစု၏ ဝေစုကို နှစ်ဆယ်ရာခိုင်နှုန်း တိုးပေးလိုက်ရုံသာဖြစ်သည်။ စုကျားချာဆိုင်ဖြစ်စေ လက်ဖက်ရွက်များဖြစ်စေ အကုန်သည် စုမိသားစုမှ ပြင်ဆင်ထားခြင်းဖြစ်သည်။ ယိုကျင့်သည် ထိုအရာကို ယိုရင်အတွက် ပြုလုပ်ပေးမှန်း သူသိသော်လည်း သူသည် ထိုမျှအကျိုးအမြတ်ယူချင်စိတ်မရှိပေ။
ယိုကျင့်သည် ဟန်လီအား အံ့ဩမှုဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူမည် ခေါင်းငုံ့ကာ စာရင်းစာအုပ်ကို ဖွင့်လိုက်သည်။ “ကောင်းပြီ။ အစပိုင်းမှာ ဘာလိုလို ဦးလေးစုန့်ကို ပြောလိုက်။ လုပ်သားရော ငွေကောက အကုန်ပြင်ဆင်ပြီးသားပဲ”
ဟန်လီ၏ လုပ်ဆောင်မှုမှာ မြန်ဆန်လှသည်။ နှစ်ပတ်အတွင်း၌ပင် ဆိုင်အသစ်ကို ပြင်ဆင်ပြီးစီးလေသည်။ ဧပြီလ၏ သုံးရက်မြောက်နေ့တွင် ယိုကျူးနှင့် ယိုပေါင်၏ ဆယ့်ငါးနှစ်မြောက် မွေးနေ့ရှိပြီး ဧပြီလရှစ်ရက်မြောက်နေ့တွင် ယိုကျင့်၏ တစ်ဆယ့်ခုနှစ်ပြည့်မွေးနေ့ ဖြစ်သည်။ စုကျားချာဆိုင်အသစ်သည် ဧပြီလတစ်ဆယ့်သုံးရက်နေ့၌ ချောမွေ့စွာ ဖွင့်လှစ်ပြီးစီးခဲ့သည်။
စုမိသားစုရှိ လက်ဖက်ခြောက်များကို ဟန်လီရောင်းချသည့်ဈေးနှုန်းမှာ ငွေတစ်တုံးလျှင် တစ်ကျင်းမှ စတင်ကာ တစ်ကျင်းလျှင် ငါးရာလျန်အထိ အမြင့်ဆုံးဈေးဖြစ်သည်။ ဆိုင်ရှိ လူအများမြင်သာသည့်နေရာ၌ လက်ဖက်ခြောက်အမျိုးအစားပေါင်း သုံးဆယ့်တစ်မျိုး၏ အမည်ကို ချိတ်ဆွဲထားခဲ့သည်။
သာ့ဖန်ရှိ လူအများစုသည် ရေနွေးကြမ်းသောက်ရသည်ကို နှစ်သက်မက်မောကျသည်။ ကျေးလက်နေ တောသူတောင်သားများလည်း အပါအ၀င်ဖြစ်သည်။ အရေးကြီးသည့် ပွဲတော်ကဏ္ဍများတွင် အိမ်သို့ လာရောက်သည့် ဧည့်သည်များအား ရေနွေးကြမ်းဖြင့် ဧည့်ခံရပေသည်။ စုကျားချာရှိ လက်ဖက်ခြောက်များသည် ဈေးချိုသာသည့်အပြင် အရည်အသွေးမှာ အခြားသော ဆိုင်များထက်သာလွန်ပေသည်။ ထို့အပြင် လက်ဖက်ခြောက်များသည် အနည်းငယ် ဆိုရုံဖြင့် ရေနွေးကြမ်းတစ်အိုး ပြုလုပ်၍ ရပေသည်။ ထိုအရာမှာ ငွေမရှိသော်လည်း မျက်နှာရချင်သည့် သူများအတွက် အလွန်ပင် တွက်ချေကိုက်ပေသည်။ ထို့ကြောင့်ပင် စဖွင့်သည့်အချိန်မှစတင်ကာ စီးပွားရေး ဆက်လက်တိုးတက်လျက်ရှိခြင်းဖြစ်သည်။
…